[တပည့်လက်ခံမှု့အောင်မြင်ပါတယ်။ ဆုလဒ်၊ တပည့်တစ်ဦးရရှိပါတယ်။]
[ကျင့်ကြံခြင်းနည်းစနစ်: ကမ္ဘာဦးကြယ်ကျင့်စဥ်]
[ထိပ်တန်းအဆင့် သူတော်စင်လက်နက်: ကြယ်ကြွေနတ်ဘုရားပုဆိန်]
[ဆေးလုံးဖော်စပ်ခြင်းနည်းစနစ်: နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံး]
[နိဗ္ဗာန်နဆေးလုံးအတွက် လိုအပ်သည့် ကုန်ကြမ်းများ]
[တပည့်ထိန်းကျောင်းလေ့ကျင့်ရေး မစ်ရှင်က အသက်ဝင်လာပါပြီ။ ပြစ်မှတ်: ရှစ်ရှန်း။]
[SSS အဆင့်ထိရောက်အောင် လေ့ကျင့်သင်ကြားပေးပါ။ တစ်ချိန်ထဲမှာဘဲ စွမ်းရည်ကို ဧကရာဇ်အဆင့်ရောက်တဲ့အထိ ရောက်ရပါမယ်။ ထိုအချိန်မှ ဆုလဒ်အများအပြားရရှိပါမယ်]
ဆုလဒ်ဆောင်များရရှိပြီးနောက် လုချန်ရှန်းက ကမ္ဘာဦးကြယ်ကျင့်စဥ်နှင့် ကြွယ်ကြွေနတ်ဘုရားပုဆိန်ကို ရှစ်ရှန်းထံသို့ပေးလိုက်သည်။
မူလက ရှစ်ရှန်းက ငြင်းဆန်နေသော်လည်း လုချန်ရှန်းက လက်ထဲအတင်းထိုးထည့်မှ ရှစ်ရှန်းပါးစပ်ပိတ်သွား၏။
သူ့ဆရာသခင်ကို နောက်အနာဂတ်တွင် အဆတစ်ထောင်မကပြန်ပေးဆပ်ရန် ရှစ်ရှန်း၏စိတ်နှလုံးထဲတွင် ဆုံးဖြတ်ချက်ချလိုက်တော့သည်။
သူတို့ သုံးဦးက စံအိမ်တော်ဆီဆို့ ပြန်လာခဲ့သည်။
ဟုန်ရင်နှင့် နင်းချန်ရှင်းက သူ့ကိုကြိုဆိုကြသည်။
ဟုန်ရှင်က လုချန်ရှန်းနောက်ရှိ ရှစ်ရှန်းကိုမြင်သော် ပြုံး၍ ပြောလိုက်သည်။ “ဒါက ကျွန်မတို့ရဲ့ ဆရာတူမောင်လေးမဟုတ်လား”
ရှစ်ရှန်းက အလျှင်အမြန်ပင် လေးလေးစားစားဖြင့်ပြန်ဖြေသည်။ “မင်္ဂလာပါ။ ဆရာတူအကို၊ ဆရာတူအမ”
နင်းချန်ရှင်းက လက်ရမ်းပြ၍ ပြုံးပြလိုက်သည်။ ‘စံအိမ်တော်မှာက စည်းမျဥ်းစည်းကမ်းများများစားစားမရှိဘူး။ ငါတို့က မိသားစုတွေဘဲလေ။ ဒါကြောင့် ပေါ့ပေါ့ပါးပါးဘဲနေ”
ရှစ်ရှန်းက နွေးထွေးစွာပြုံးပြီး ခေါင်းညိမ့်ပြသည်။
လုချန်ရှန်းက သူတို့ကို ကြားဖြတ်ပြောလိုက်သည်။
သူက စိတ်မရှည်သည့်ဟန်ဖြင့် “မြန်မြန် ထမင်းပွဲပြင်တော့ ငါဗိုက်ဆာနေပြီ။ စားကြရအောင်”
အားလုံးပြုံးကာ ကျောက်စားပွဲပေါ်တွင်ထိုင်ကာ စားရန်ပြငိတော့သည်။
ယဲ့ချိုးပိုင်က ပြုံ၍ပြောသည်။ “ဆရာတူညီမလေး ညီမလေးရဲ့ စွပ်ပြုတ်က တနေ့ထက်တနေ့ပိုပိုကောင်းလာတယ်”
ချီးကျုးစကားကိုကြားသော် ဟန်ရင်က မပျော်တော့ပေ။ ထိုစကား ယဲ့ချိုးပိုင်ကို စိုက်ကြည့်၍ ပြောလိုက်သည်။ “အချိန်ကျလာရင်တော့ ဆရာတူအစ်ကိုကို့ ညီမ သင်ပေးမယ်လေ”
ယဲ့ချိုးပိုင်: “…”
မုဝမ်အာက နှုတ်ခမ်းစူကာ ဘာမှတော့မပြောပေ။
ဟုန်ရင်က မုဝမ်အာ၏ အတွေးကိုနားလည်သည်။ သူမက ငါးဟင်းတစ်ဖတ်ဖဲ့ကာ သူမကိုထည့်ပေးပြီး ပြုံး၍ “ညီမလေးဝမ်၊ ဘာဖြစ်လို့လဲ”
မုဝမ်အာက နှုတ်ခမ်းစူ၍ ပြောလိုက်သည်။ “ဦးလေး တပည့်တစ်ယောက်ထပ်ခေါ်လာပြန်ပြီလား၊ ဘာလို့ ကျွန်မကို မခေါ်တာလဲ”
လုချန်းရှန်က ပြုံး၍ ပြောသည် “စားစရာရှိတာအရင်စားပါဦး။ လောလောဆယ်အချိန်မကျသေးလို့ပါ”
အမှန်တိုင်းဆိုရလျှင် လုချန်းရှန်က မုဝမ်အာ ကြိုးစားသည်ကိုမြင်နေရ၏။
ယဲ့ချိုးပိုင်နှင်အခြားသူများ ကျင့်ကြံနေချိန်တွင် မုဝမ်အာက ဆေးလုံးများသန့်စင်နေသည်။
ယဲ့ချိုးပိုင်တို့ နားနေချိန်တွင် မုဝမ်အာက လုချန်ရှန်၏ အဂ္ဂိရတ်အကျဥ်းချုပ်ကို ဖတ်နေလေသည်။
သူမက အလွန့်လွန်အလုပ်ကြိုးစားသည်ဟုဆိုရမည်။
သူမ၏ အဂ္ဂိရတ်စွမ်းရည်က မဆိုးပေ။
တခါတရံ ဆေးလုံးဖော်စပ်နည်းအမြောက်အများကိုပင် စဥ်းစားနိုင်သည်။
လုချန်ရှန်းပင် ၎င်းကိုထင်မထားခဲ့ပေ။
ထိုနည်းလမ်းများက အလွန်အသုံးဝင်သည်။
ပြောရလျှင် မုဝမ်အာက ဆေးလုံးခန်းမတွင် နာမည်ကျော်ကြား၏။
တခါတလေတွင် ဆေးလုံးခန်းမ၏ အကြီးအကဲပင် သူမထံလာ၍ အကြံအဉာဏ်လာမလှယ်တက်၏။
မုဝမ်အာ၏ အဂ္ဂိရတ်အသိက ဆေးလုံးခန်းမအကြီးအကဲထက်ပင် ကျော်လွန်နေသည်။
သူမက အဂ္ဂိရတ်ဆရာတစ်ယောက်၏ အထောက်အထားမရှိသေးပေ။ မဟုတ်လျှင် သူမအဆင့်က အကြီးအကဲထက်ပင် ကျော်တက်သွားလိမ့်မည်။
ယဲ့ချိုးပိုင်က သူမကို နှစ်သိမ့်ကာ “ညီမဝမ်၊ သိပ်ပြီးစိုးရိမ်မနေပါနဲ့၊ ဆရာမှာ ဒီလိုလုပ်ရတဲ့ အကြောင်းပြချက်ရှိပါတယ်”
မုဝမ်အာက ခေါင်းညိမ့်ကာ၊ သူမ၏ အလိုမကျမှု့များကို မေ့သွားပြီး အစားဘက်သို့အာရုံရောက်သွားတော့သည်။
လုချန်ရှန်း ပြုံး၍ ပြောလိုက်သည်။ “ဟေး ငါ့အတွက်ချန်ဦးဟ”
“မချန်ဘူး”
“ဟေး ဟေး လာမလုနဲ့။ မဝသေးရင် ထပ်လုပ်ပေးမယ်”
ရှစ်ရှန်းက အေးအေးဆေးဆေးစားနေသည်။ သူက ဖြစ်ပျက်နေသည်များကိုကြည့်ရင်း မနေနိုင်ဘဲ ရယ်မောမိတော့သည်။
အမှန်ပြောရလျှင် စံအိမ်တော်သည် အလွန်အလေးအနက်ရှိသည်ဟုထင်ခဲ့သည်။
မထင်မှတ်ထားစရာပင် ဤအခြေအနေကို သူအရမ်းသဘောကျသည်။
အိမ်ပြန်ရောက်နေသလိုပင်။
ညစာစားပြီးနောက် လုချန်ရှန်းက ရှစ်ရှန်းကို ဘယ်လိုလေ့ကျင့်ပေးရမည်ကို တွေးတောနေသည်။
သူ့ပါရမီနှင့်စွမ်းရည်ကို စနစ်၏ စံနှုန်းအတိုင်းရောက်နိုင်အောင်လုပ်ပေးရပေမည်။
ပါရမီက မွေးရာပါမှန်း လူတိုင်းသိကြသည်။
နေ့ချင်းညချင်ကျင့်ကြံ၍မရပေ။
ပင်ကိုယ်စွမ်းရည်က ပါရမီထက်တိုးတက်ရန်လွယ်ကူသော်လည်း စနစ်ပေးထားသည့် စံနှုန်းက ဧကရာဇ်ပင်ကိုယ်စွမ်းရည်ထိဖြစ်သည်။
၎င်းကလည်း လွယ်ကူနေခြင်းမဟုတ်ပေ။
လုချန်ရှန်းက နိဗ္ဗာန်နတည်ဆောက်ရေးဆေးလုံးကို သတိရမိလိုက်သည်။
ထိုဆေးအစွမ်းက အလွန်ရိုးရှင်းသည်။
၎င်းက လူတစ်ဦး၏ အခြေခံကို ထိုက်သင့်သလောက်ကောင်းမွန်အောင်ပြုလုပ်ပေးနိုင်သည်။
ထိုဆေးလုံးက လုချန်ရှန်းသန့်စင်ခဲ့သည့် ဆေးလုံးများထက် ပိုမိုသည်။
စနစ်က ၎င်း၏ ကုန်ကြမ်းများကိုပေးထားပြီးသားဖြစ်သည်။
လုချန်ရှန်းက တခဏစဥ်းစားပြီးနောက် စတင်သန့်စင်လိုက်သည်။
တချိန်တည်းမှာ မုဝမ်အာအား ဆေးသန့်စင်နေသည်ကို ကြည့်ရှုစေသည်။
သူက ထိုကလေးမကို တပည့်အဖြစ်မလက်ခံထားသော်လည်း မုဝမ်အာ၏ ကြိုးစားအားထုတ်မှု့ကို အသိမှတ်ပြုသောကြောင့် ထိုကလေးမကို စောင့်ရှောက်ရန်ဆန္ဒရှိခဲ့သည်။
ထို့ပြင် မုဝမ်အာ၏ အဂ္ဂိရတ်အသိက သူနှင့်တန်းတူရှိလေသည်။
လုချန်ရှန်းက ကုန်ကြမ်းများကိုထုတ်ယူပြီး ဆေးပြင်းဖိုထဲသို့ ပြစ်ထည့်လိုက်သည်။ မီးတောက်မီးလျှံများက တောက်ပလာပြီး သူစတင်ဖော်စပ်တော့သည်။
အခြားတစ်ဖက်တွင်တော့ မုဝမ်အာသည် လုချန်ရှန်း၏ ဆေးလုံးသန့်စင်သည့်အဆင့်များကို သေချာစွာလိုက်ကြည့်နေသည်။
သူက အလွန်တော်သော အဂ္ဂိရတ်ဆရာဖြစ်ကာ သူက မုဝမ်အာကို အသေးစိတ်သင်ပေးခြင်းမရှိသော်လည်း သူမက သူဆီမှ ဂရုတစိုက်လိုက်ကြည့်ခြင်းဖြင့် အကျိုးများစွာရခဲ့သည်။
ဆေးဂုဏ်သတ္တိများကိုဖယ်ထုတ်ရာတွင် လုချန်ရှန်းအတွက် မခက်ခဲပေ။
ခက်ခဲသည့်အပိုင်းက ဆေးဂုဏ်သတ္တိများကိုပေါင်းစည်းသည့်အချိန်တွင် အမှားမလုပ်မိစေရန်ဖြစ်သည်။
အမှားတစ်ခုခုပေါ်လာခဲ့ပါက ဆေးမီးဖိုသည် ပေါက်ကွဲထွက်သွားနိုင်သည်။
မည်သို့ပင်ဖြစ်စေ အဂ္ဂိရတ်ပညာနှင့်ဆိုလျှင် ၎င်းကို စိတ်ပူစရာလိုတော့ပေ။
နေ့တစ်ဝက်ကြာပြီးနောက် အဂ္ဂိရတ်အခန်းတွင် စွမ်းအားပြင်းသည့် ထူးခြားသော အရှိုန်အဝါတစ်ခုပေါ်ထွက်လာခဲ့သည်။
ဆေးလုံးပုံစံပင် စတင်၍ပေါ်လာပြီဖြစ်သည်။
လုချန်ရှန်းက မိုးမခင်ပင်ဘေးရှိ ငှက်ကလေးကို အော်ပြောလိုက်သည်။ “ငါ့ကို နိဗ္ဗာန်နမီးတောက်ခဏငှားဦး”
ထိုသို့ကြားသော် ငှက်ကလေးက မငြင်း။ ၎င်းက လုချန်ရှန်းတစ်ယောက် အရေးကြီးနေမှန်းသိသည်။
အတောင်များကိုခတ်လိုက်သောအခါ ကောင်းကင်ဘုံမီးငှက်ပုံရိပ်က ငှက်ကလေး၏နောက်တွင်ပေါ်လာသည်။
ကောင်းကင်ဘုံမီးငှက်ပုံရိပ်က နိဗ္ဗာန်နမီးတောက်ကို ထုတ်ပေး၏။
နိဗ္ဗာန်နမီးတောက်၏တောက်လောင်မှု့အောက်တွင်
လေထုက အက်ကွဲသွားသလိုဖြစ်သွားသည်။
ထို့နောက် နိဗ္ဗာန်နမီးတောက်က အဂ္ဂိရတ်အခန်းတွင်းသို့ဝင်ရောက်သွား၏။
လုချန်ရှန်းက နိဗ္ဗာန်နမီးတောက်ကို ဆေးမီးဖိုအတွင်းသို့ ပေါင်းထည့်လိုက်သည်။
ထိုမီးတောက်ကို သူက ဆေးလုံးပုံပေါ်စေရန် အသုံးပြုခဲ့သည်။
နိဗ္ဗာန်နတည်ဆောက်ရေးဆေးလုံး။
နိဗ္ဗာန်နအတွက် သူက ငှက်ကလေး၏ နိဗ္ဗာန်နမီးတောက်ကို အသုံးပြုပြီး ဆေးလုံးသန့်စင်ခဲ့သည်။
၎င်းက ပိုအစွမ်းထက်သွားမည်လား။
ယင်းက ဆေးအညွန်းထဲတွင် မပါခဲ့ပေ။
လုချန်ရှန်းက မိမိဘာသာစမ်းသပ်လုပ်ဆောင်လိုက်ခြင်းဖြစ်သည်။
မအောင်မြင်ပါက လုချန်ရှန်းသည် ဆေးလုံး၏ ဂုဏ်သတ္တိများကို မူလအခြေအနေတိုင်းထိန်းသိမ်းနိုင်ကာ ကုန်ကြမ်းပစ္စည်းများကို မဖြုန်းတီးဘဲ ထိန်းထားနိုင်မည်ဟု ယုံကြည်၏။
၎င်းက ဆေးမီးဖိုကို ပေါက်ကွဲစေနိူင်သည်။
ထို့နောက်တွင် လုချန်ရှန်းက မှန်ကန်ကြောင်း သက်သေပြခဲ့သည်။
အမွှေးတိုင်တစ်တိုင်စာထွန်းချိနိကြာပြီးနောက် မီးတောက်အရှိုန်အဝါက တောက်လောင်လာသည်။
မီးတောက်ထဲတွင် ဆေးလုံးပုံသဏ္ဍန်ပေါ်လာသည်။
မုဝမ်အာက စွမ်းအားပြင်းသည့် အရှိုန်အဝါကိုခံစားမိပြီး သူမမျက်လုံးတွင် အံ့သြမှု့များပေါ်လာသည်။
၎င်းဆေးလုံးက လုချန်ရှန်း သန့်စင်လိုက်သော ဆေးလုံးပင်။
သူမဘဝတစ်လျှောက်လုံး မြင်ဖူးသမျှဆေးလုံးထဲတွင် အဆင့်အမြင့်ဆုံးဆေးလုံးဖြစ်သည်။
ရေခဲဝိဉာည်ဆေးလုံးထက်ပင် အဆပေါင်းများစွာ ကျော်လွန်နေသည်။
ထို့နောက် လုချန်ရှန်းက ဆေးမီးဖိုကို လက်ဖြင့်ရိုင်ချလိုက်လိုက်သောအခါ ဆေးလုံးထွက်ပေါ်လာသည်။
နိဗ္ဗာန်နမီးတောက်၏ အမှီးက ဝှေ့ရမ်းကာ လုချန်ရှန်းကို တိုက်ခိုက်လိုက်သည်။
၎င်းက အလွန်လွှမ်းမိုးနိူင်သည်။
လုချန်ရှန်းက နှာမှုတ်လိုက်ကာ “ငါမင်းကို ဖန်တီးခဲ့တာကိုတောင်မှ ရန်လုပ်ချင်သေးတယ်ပေါ့”
သူက လေထဲတွင် လက်ဝါးဖျန့်ကာ လက်သီးဆုပ်ချလိုက်သည်။
ချက်ချင်း နိဗ္ဗန်နတည်ဆောက်ခြင်းဆေးလုံးပတ်လည်ရှိလေထုက ဖိနှိပ်ခံလိုက်ရသည်။
၎င်းက နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးကို ပိတ်လှောင်ထားလိုက်သည်။
ဘယ်လိုပင် သူဖောက်ထွက်ရန်ကြိုးစားပါစေ မလွတ်မြောက်နိုင်တော့ပေ။
နောက်ဆုံးတော့ နိဗ္ဗာန်နတည်ဆောက်ခြင်းဆေးလုံးက အရှုံးပေးလိုက်လေသည်။
လုချန်ရှန်းက ၎င်းကို အထူးသေတ္တာတစ်ခုထဲတွင် ထည့်သိမ်းလိုက်၏။
ထိုသေတ္တာလေးတွင် ပိတ်လှောင်အစီအရင်အသေးစားတစ်ခုပါဝင်သည်။
အဆုံးမှာတော့ ထိုအဆင့် ဆေးလုံးတစ်ခုကို သန့်စင်ကျောက်စိမ်းပုလင်းတစ်လုံးအနေနှင့် ထိန်းသိမ်းထားနိုင်မည်မဟုတ်ပေ။
မုဝမ်အာက ဆေးလုံးသန့်စင်မှု့ဖြစ်စဥ်များကိူ အစဆုံးမြင်လိုက်ရသည်။ သူမက အနားသို့လျှောက်လာကာ စတင်၍ တွေးတောတော့သည်။
ဤတစ်ချိန်တွင် သူမ အတော်ကို အသိပညာတိုးပွားသွား၏။
လုချန်ရှန်းက ရှစ်ရှန်းသောက်သုံးနိုင်ရန် ဆေးလုံးကို ပေးလိုက်သည်။