ဝင်ခွင့်စင်မြင့်တွင် ရှစ်ရှန်းက လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။
ပါရမီနှင့် ကိုယ်ကာယက အားနည်းသော်လည်း သူ၏ စိတ်စွမ်းအားကိုကာ နောက်ဆုံးထိ ရပ်တည်နိူင်ခဲ့သည်။
ယဲ့ချိုးပိုင်က ရှစ်ရှန်းကို လေးစားသော အကြည့်များဖြင့်ကြည့်နေလေသည်။
စစ်ဘုရင် ဓားပိုင်နက်အတွင်းတွင် စိတ်စွမ်းအားကိုသာမှီခိုပြီး နောက်ဆုံးအချိန်ထိနေနိုင်ခဲ့၏။
၎င်းက ချီးကျူးစရာပင်။
ယဲ့ချိုးပိုင်က ရှစ်ရှန်းအနီးသို့လျှောက်လာပြီး ပခုံးကို ပုတ်လိုက်ကာ အပြုံးဖြင့် “စိတ်မပူပါနဲ့။ ငါ ဆရာ့ကိုပြောပေးပါမယ်။ ဒါပေမယ့် ဆရာက တပည့်လက်ခံတာ ရှားတော့ မင်းစိတ်ကိုပြင်ဆင်ထားမှရမယ်”
ရှစ်ရှနန်းက ရိုးသားစွာ ပြုံးကာ ခေါင်းကုတ်၍ “ရပါတယ်။ ကျွန်တော်လဲ အကြီးအကဲလုက ကျွန်တော့်ပါရမီစွမ်းရည်ကို သဘောကျမယ်လို့လဲ သိပ်မထင်ပါဘူး”
သူ လျို့ဝှက်တာအိုကျောင်းတော်ကိုလာရောက်ရသည့်အကြောင်းက သာမာန်ကျင့်ကြံခြင်းလမ်းစဥ်ကို လျှောက်လှမ်းနိုင်ရန်သာဖြစ်၏။
ထိုမတိုင်ခင်က သူ့ကို သင်ပေးမည့်ဆရာမရှိသလို ရင်းမြစ်များလဲမရှိပေ။
ဤအခြေအနေသို့ရောက် ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားလာရခြင်းသာဖြစ်သည်။
အကြီးအကဲများက ရှစ်ရှန်း၏ ပါရမီစွမ်းရည်မကောင်းသည်ကိုမြင်သော် မည်သူကမှစိတ်မဝင်စားတော့ပေ။
ယဲ့ချိုးပိုင်က ပြုံးကာပြောသည်။ “ရတယ်။ တကယ်လို့ ဆရာက မင်းကိုလက်မခံရင်တောင် ခေါင်းဆောင်ချင်က လက်ရင်းတပည့်အနေနဲ့လက်ခံလိမ့်မယ်။ မင်းဒီမှာနေပြီး ကျင့်ကြံလို့ရတယ်”
ရှစ်ရှန်းက ပြုံး၍ ခေါင်းညိမ့်လေသည်။ ခေါင်းဆောင်ချင်၏ တပည့်အနေနဲ့ခေါ်ယူခံရခြင်းက မျှော်လင့်ထားတာထက်ကို ကျော်လွန်နေပြီဖြစ်သည်။ သူက အလွန်ကျေနပ်နေသည်။
လူတိုင်းက ရှစ်ရှန်းကို အားကျစွာကြည့်နေကြသည်။
စံအိမ်တော်၏ အကြီးဆုံးတပည့်၏ အသိအမှတ်ပြုခြင်းကိုခံရခြင်းက စံအိမ်တော်သို့ သူမဝင်ရောက်လျှင်ပင် သူ၏အနာဂတ်ကတောက်ပနေပေပြီ။
တစ်ခုသိရမည်က ယဲ့ချိုးပိုင်၏ စွမ်းရည်က သိသာထင်ရှားနေလေသည်။
သူက အခြားသူများမလုပ်ဝံ့သောအရာများကို ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့၏။
နောက်အနာဂတ်တွင် လမ်းခုလတ်၌ သူမဆုံးပါးခဲ့လျှင် ထိုသူက ဤကုန်းမြေကြီး၏အထွတ်အထပ်သို့တက်လှမ်းနိူင်မည်ဖြစ်သည်။
လူတစ်ယောက်က တာအိုကိုရယူနိုင်သောအခါတွင် ကြက်များ ခွေးများကိုပင် ကောင်းကင်ဘုံသို့တက်လှမ်းနိုင်အောင်ပင် မွေးမြူနိုင်သည်။
ယဲ့ချိုးပိုင်း၏ သတိပြုမှု့ကိုရရှိပြီးနောက် ရှစ်ရှန်းအနာဂတ်သည် သိပ်ဆိုးတော့မည်မဟုတ်ပေ။
ထိုအချိန်တွင်၊ အဖြူဝတ်ယောက်ျားတစ်ဦးက ကျောင်းသားစုဆောင်းရေးရင်ပြင်သို့ ရောက်ချလာသည်။
လူတိုင်းက ထိုသူကိုလှမ်းကြည့်လိုက်ကြကာ ထိတ်လန့်သွားကြသည်။
ဒီလူကဘယ်သူလဲ။
သူတို့က ထိုလူ၏ အရှိုန်အဝါကို လုံးဝအာရုံမခံမိပေ။
ယဲ့ချိုးပိုင်းပြောလိုက်သည့်စကားကြောင့် လူတိုင်းက ထပ်မံရှော့ရသွားပြန်သည်။
“ဆရာ၊ ဘာလို့ဒီကိုရောက်လာတာလဲ”
ထိုသူက လုချန်ရှန်းပင်။
လူတိုင်းသည် ထိုအဖြူဝတ်လူ၏ သရုပ်မှန်ကိုသိလိုက်ပြီးနောက် အားလုံး၏မျက်လုံးများတွင် လေးစားအားကျမှု့များပေါ်လာသည်။
ထိုသူက စံအိမ်တော်၏ အရှင်သခင် လုချန်ရှန်းဖြစ်သည်။
သူက မကောင်းဆိုးဝါးသဖွယ်တပည့်များဖြစ်ကြသော ယဲ့ချိုးပိုင်၊ ဟုန်ရင်နှင့် နင်းချန်ရှင်းလိုလူများကို ပျိုးထောင်ခဲ့သူဖြစ်၏။
အကြီးအကဲများပင်လျှင် မှင်သက်နေကြသည်။
ဒီကောင်လေးက ဘာလို့ထွက်လာရတာလဲ။
ချင်းထျန်းနျန်က လုချန်ရှန်းဘေးသို့လာရပ်ကာ အပြုံးဖြင့်ပြောလိုက်လေသည်။ “အစီအရင်ကို တိုးတက်အောင် လုပ်ပြီးသွားပြီလား”
လုချန်ရှန်းက ချင်းထျန်းနျန်နှင့် ယဲ့ချိုးပိုင်ကို လစ်လျှုရှုလိုက်သည်။
ထိုအစား သူက အော်မေးလိုက်သည်။ “ဘယ်သူက ရှစ်ရှန်းလဲ။ ဒီမှာရှိနေသေးလား”
လုချန်ရှန်း၏ စကားကြားသော် လူတိုင်းသည် မှင်သက်သွားကြပြန်သည်။
သူက ရှစ်ရှန်းကိုလာရှာတာလား။ ဒါပေမယ့် သူက ရှစ်ရှန်းအကြောင်းဘယ်လိုသိသွားတာလဲ။ ဒီလို ကြီးမြတ်သူတစ်ယောက်က ရှစ်ရှန်းကို ဘာလို့ရှာနေတာလဲ။
ရှစ်ရှန်းက ၎င်းကိုကြားတော့ သူလည်းဘဲ ကြောင်အသွားသည်။ သူက အလျှင်အမြန်ထရပ်ကာ “အကြီးအကဲလု ကျွန်တော် ဒီမှာပါ”
လုချန်ရှန်းက အသံလာရာသို့ကြည့်လိုက်သည်။ လူကို အကဲခတ်လိုက်ပြီးနောက် လမ်းလျှောက်သွားကာ ပြောလိုက်သည်။ “မင်းငါ့တပည့်ဖြစ်ချင်လား”
ကျောင်းဝင်ခွင့်ရင်ပြင်တွင် တိတ်ဆိတ်မှု့က ကြီးစိုးသွားသည်။
လူတိုင်းမျက်နှာတွင် ထိတ်လန့်မှု့က အထင်းသားပင်။
ဘာဖြစ်တယ်။
အကြီးအကဲလုက ဘာပြောလိုက်တယ်။
ရှစ်ရှန်းကို တပည့်အဖြစ်လက်ခံမယ်တဲ့လား။
ချန်မင်ကျိ့ကလည်း ရှစ်ရှန်းကို ရှုပ်ထွေးသည့်အကြည့်နဲ့ကြည့်နေသည်။
သို့သော်လည်း သူက ခါးသက်သက်ပြုံး၍ မနာလိုသည့်အကြည့်ဖြင့်သာကြည့်နေရသည်။
ရှစ်ရှန်းက အမှန်တကယ်ပင် လုချန်းရှန်၏ အသိအမှတ်ပြုမှု့ကိုရလိုက်သည်။
သူက ရှစ်ရှန်းကို တပည့်အဖြစ်လက်ခံချင်နေသည်။
ချင်းထျန်းနျန်က အတန်ငယ်စိတ်ဓာတ်ကျသွားသည်။ သူက ပြောလိုက်၏။ “ငါပြောမယ် ကောင်စုတ်လေး။ ငါနေရာကိုဆက်ခဲမဲ့ တပည့်ကိုရှာရတာလွယ်တယ်ထင်နေလား။ ဒါတောင် မင်းက ကြားဖြတ်လုချင်သေးတယ်။”
ဟွမ်းယွမ်:”???”
ခေါင်းဆောင်ချင်း၏ တစ်ဦးတည်းသော တပည့်အနေနှင့် ဟွမ်းယွမ်ကရှိနေသည်မှာ သာမန်ပင်။
သူ့ဆရာ၏ စကားကိုကြားလိုက်ရသောအခါ သူကြောင်အသွားသည်။
သူ့ဘဝကိုသူမေးခွန်းပြန်ထုတ်မိသည်။
အမွေဆက်ခံဖို့တပည့်ရှာရတာမလွယ်ဘူး။ ဒါဆို ငါကဘာလဲ။ ငါထွက်သွားသင့်ပြီလား။
လုချန်းရှန်က ပြုံး၍ပြောလိုက်သည်။ “ဦးလေးချင်ကလည်း ကျွန်တော့်အတွက်လဲ တပည့်ရှာရတာမလွယ်ပါဘူးဗျာ။ သူ့ကို ကျွန်တော်ခေါ်သွားလို့ရမလား”
ချင်းထျန်းနျန်က အကူညီမဲ့သည့်ဟန်ဖြင့် ပြောလိုက်လေသည်။ “မင်းသူ့ကို တပည့်အဖြစ်လက်ခံချင်တယ်ဆိုထဲက အကောင်းဆုံးဘဲဖြစ်မှာပါ”
“မင်းက ငပျင်းဆိုပေမဲ့ ဆရာကောင်းတစ်ယောက်ဆိုတာကတော့ ငြင်းမရဘူး”
လုချန်ရှန်းက ပြော၏။ “ဦးလေးကလည်း ဆရာကောင်းဆိုတဲ့စကားကို တမင်ထည့်မပြောလဲရပါတယ်”
“ငါပြောတာမှားလို့လား”
ယဲ့ချိုးပိုင်က သူတို့၏စကားကိုကြားသော် သဘောကျသွားသည်။
လုချန်းရှန်၏ခွန်အားက ပြောပြ၍မရအောင်နက်ရှိုင်းနေသော်လည်း ခေါင်းဆောင်ချင်းရှေ့တွင်မူ အငယ်တစ်ယောက်လိုပြုမူလေသည်။
၎င်းကသာမန်သာဖြစ်သည်။
လုချန်းရှန် ဤလောကသို့ ပထမဆုံးအကြိမ်ရောက်လာစဥ်က ထိုလူနှစ်ယောက်သည် သူ့ကို ကောင်းကောင်းမွန်မွန်ဆက်ဆံခဲ့သည်။
ပထမတစ်ဦးက စံအိမ်တော်က လူအိုကြီးတဖြစ်လဲ စံအိမ်တော်၏ ခေါင်းဆောင်ဟောင်းဖြစ်သည်။
ယခုအချိန်တွင် ထိုလူအိုကြီးဘယ်ရောက်နေမှန်း မသိသလို ဘာမှလည်း ပြောမသွားခဲ့ပေ။ ဒုတိယတစ်ဦးက ခေါင်းဆောင်ချင်းဖြစ်လေသည်။
လူအိုကြီးထွက်ခွာသွားပြီးနောက် ခေါင်းဆောင်ချင်းက သူ့ကိုစောင့်ရှောက်ထားခဲ့သည်။
အကြီးအကဲများက စံအိမ်တော်ကို ကျောင်းတော်၏အရင်းအမြစ်များကို ပြုန်းတီးစေသည်ဟုဆိုကာ ဖျက်သိမ်းရန်တောင်းဆိုခဲ့ကြသည်။
ချင်းထျန်းနျန်၏ သဘောမတူကြောင်း ဖိအားပေးမှု့ကြောင့်သာ ၎င်းကိစ္စကို အကောင်အထည်မဖော်ခဲ့ကြခြင်းဖြစ်သည်။
ဘေးရှိ ရှစ်ရှန်းသည်လည်း မှင်သက်သွား၏။
သူက မိမိကိုယ်ကိုလက်ညိုးထိုး၍ မယုံကြည်နိုင်သောလေသံဖြင့်ပြောလိုက်၏။
“ဒီ… ဒီ… အကြီးအကဲလုက… ကျွန်တာ့်ကိုပြောနေတာလား”
ယဲ့ချိုးပိုင်က တောက်ပစွာပြုံး၍ ရှစ်ရှန်းပုခုံးကိုပုတ်ပြီး “မင်းကိုပြောနေတာဘဲ။ မင်းက ဆရာရဲ့တပည့်ဖြစ်လာတော့မှာကွ၊ ငါ့ဆရာတူညီလေးရေ”
ယဲ့ချိုးပိုင်က အပျော်လွန်နေသည်။ ရှစ်ရှန်း၏ ရိုးသားသောပုံကိုကြည့်၍ နောက်ဆုံးတော့ သူ့ကိုယ်စား ချက်ပြုတ်ပေးမဲ့သူတစ်ယောက်ပေါ်လာလေပြီ။
မဟူရာက နာခံမှု့ရှိသော်လည်း အကြိမ်အနည်းငယ်သင်ပြပေးပြီးနောက် ယဲ့ချိုးပိုင်က လက်လျှော့လိုက်လေသည်။
ထိုအမဲရောင်အရာသည် လုချန်ရှန်းက သခွားသီးချဉ်ထည့်ထားသော ပုလင်းအဟောင်းကြီးကဲ့သို့ဖြစ်နေသည်ဟုပြောခဲ့သည်။
ဟုတ်သည်။ သူတို့က လုံးဝ နားမလည်သော်လည်း ၎င်းက ချီးကျူးနေခြင်းလုံးဝမဟုတ်ပေ။
လုချန်ရှန်းက ပြုံး၍ခေါင်းညိမ့်ပြသည်။ “မင်းကိုပြောနေတာ မင်းလက်ခံဖို့ဆန္ဒရှိရဲ့လား”
လုချန်ရှန်း၏ အတည်ပြုချက်ကိုကြားပြီးနောက် ရှစ်ရှန်းက ကပြာကယာခေါင်းညိမ့်ပြလိုက်သည်။
သူက အရိုးသားဆုံးပြုံးကာ အမှန်တိုင်းဖြေလိုက်သည်။
“ကျွန်တော် ဆန္ဒရှိပါတယ်”
ထို့နောက် သူက မြေပြင်တွင်ဒူးထောက်၍ အရိုအသေပေးလိုက်လေသည်။ “ဆရာ ကျွန်တော့်ရဲ့ အရိုအသေပေးမှု့ကို လက်ခံပေးပါ”
လုချန်ရှန်းက အပြုံးနှင့်ခေါင်းညိမ့်ကာပြော၏။
အခြားသူမျက ရှစ်ရှန်းကို မနာလိုစွာကြည့်နေကြသည်။
ယခုအချိန်မှစ၍ ရှစ်ရှန်းဘဝက လုံးဝပြောင်းလဲသွားတော့ပေမည်။
သူပါရမီစွမ်းရည်က မလုံလောက်သော်လည်း စံအိမ်တော်သခင်၏လက်အောက်တွင်မူ သူက ပိုးအိမ်ကိုဖောက်ထွက်လာသော လိပ်ပြာတစ်ကောင်အဖြစ်အသွင်ပြောင်းသွားနိုင်လေသည်။
စံအိမ်တော်သခင်၏ တပည့်လေးယောက်စလုံးက အလွန်ထူးချွန်ကြပြီး ကိုယ့်ထက်အဆင့်မြင့်သူများကိုပါ ယှဥ်တိုက်နိုင်သော ကြောက်မက်ဖွယ်ကောင်းသူများဖြစ်ကြသည်။
လုချန်းရှန်က ခေါင်းညိမ့်ကာပြောလေသည်။ “ကဲ့ ငါနဲ့ စံအိမ်တော်ကိုလိုက်ခဲ့တော့”
ထို့နောက် ရှစ်ရှန်းနှင့် ယဲ့ချိုးပိုင််အား အချိန်မဆွဲဘဲ စံအိမ်တော်သို့ ပြန်ခေါ်လာခဲ့တော့သည်။
မြန်မြန်မပြန်လျှင် စွပ်ပြုတ် အေးနေရော့တော့မည်။
ချင်းထျန်းနျန်က ခေါင်းခါကာ အကူညီမဲ့စွာ လုချန်းရှန်ထွက်သွားသည်ကို ကြည့်နေတော့သည်။
ထို့နောက် ဝင်ခွင့်ရင်ပြင်ရှိ လူများကိုကြည့်ကာ “မင်းတို့မြင်တဲ့အတိုင်းဘဲ ခန်းမလေးခုကိုရွေးပြီး အကြီးအကဲတွေရဲ့ တပည့်ဖြစ်လို့ရတယ်”
“မဖြစ်ချင်ဘူးဆိုရင် မင်းတို့ထွက်သွားလို့ရတယ်”
ထိုသို့ပြောပြီးနောက် အချို့ မာနကြီးသောလူများက ထွက်ခွာကြသည်။
သူတို့ရည်ရွယ်ချက်က စံအိမ်တော်သို့ ဝင်ရောက်နိုင်ရန်သာဖြစ်သည်။
သို့သော် ချန်းမင်ကျိ့က ထွက်ခွာမသွားပေ။
သူ စံအိမ်တော်သို့မဝင်နိုင်လျှင်ပင် စံအိမ်တော်နှင့်အဆက်အသွယ်ရှိခြင်းက အကျိုးကျေးဇူးများစွာကို ရနိုင်လိမ့်မည်ပင်။