အစီအရင်အသေးစားသုံးခုကို ပေါင်းစည်းခြင်းက မရဏကိုးလောက အစီအရင်မှ တိုက်ခိုက်မှု့ကို တားဆီးပေးနိုင်သည်။
ဘာဖြစ်သွားတာလဲ။
လုချန်ရှန်း အချိန်အတန်ကြာအောင် တွေးတောနေမိသည်။
သူက စိတ်ကိုအတန်ကြာတဲ့အထိ အလုပ်ပေးလိုက်သည်။
နောက်ဆုံးတော့ သူအဖြေကိုရှာတွေ့သွားခဲ့သည်။
သူက အစီအရင်သုံးခု၏ နေရာကိုပြောင်းလိုက်သည်။
သဟဇာတဖြစ်စေရန် မရဏလောကိုးလောက အစီအရင်၏ အမြူတေကို ဖုံးကွယ်မထားတော့ပေ။
ထို့သို့မတိုင်ခင် လုချန်ရှန်းက အစီအရင်သုံးခုကို ပြင်ဆင်ပြီး မရဏကိုးလောက အစီအရင်အထဲသို့ ထည့်သွင်းလိုက်သည်။
ပင်ကိုအရည်အချင်းဖြစ်စေ တိုက်ခိုက်ခြင်းဖြစ်စေ ထိုအစီအရင် သုံးခုက မရဏကိုးလောာကအစီအရင်နှင့် ဆန့်ကျင်မှု့မရှိပေ။
ထို့ကြောင့် ပြဿနာက အစီအရင်တွင်မရှိဘဲ လုချန်ရှန်းက အခြားနည်းလမ်းများကို စတင်စဉ်းစားတော့သည်။
သူက စိတ်ထဲတွင်အကြိမ်ကြိမ်တွေးတောကာ အဖြေရှာနေတော့သည်။
ထိုအဖြေသာ အမြင့်ဆုံး အောင်မြင်မည့် အခွင့်ရေးသာဖြစ်တော့သည်။
သို့သော်လည်း သူ အရင်ဆုံး စမ်းသပ်ကြည့်ရဦးမည်။
သူပြောသည့်အတိုင်း သူလုပ်ခဲ့သည်။
လုချန်ရှန်းက အစီအရင်သုံးခုကို တစစီဖြုတ်သိမ်းလိုက်သည်။
သူက တည်နေရာကို ရှာဖွေပြီး ပြန်လည်တည်ဆောက်လိုက်သည်။
အစီအရင်သုံးခု၏အမှတ်များကို မရဏကိုးလောကအစီအရင်မှ ဖယ်ထုတ်လိုက်သည်။
ထို့သို့လုပ်ပြီးနောက် သူက မိုးမခပင်ကြီးရှိရာသို့လှမ်းကြည့်လိုက်သည်။
မိုးမခပင်ကြီးက လုချန်ရှန်းဆိုလိုသည်ကိုနားလည်သည်။ ၎င်းက မိုးမခရွက်ရုပ်သေးကို ထပ်မံဆင့်ခေါ်လိုက်ပြန်သည်။
ဒီတစ်ကြိမ်မှာ အောင်မြင်အုံးမှာလား။
ခက်ခဲ၏။
၎င်းက အလွန်ခက်ခဲ၏။
မရဏကိုးလောကအစီအရင်၏ အစအဆင့်သည် လွန်စွာမှ ခက်ခဲပေသည်။
တိုးတက်မှု့ကိုမြင်ပြီးနောက် သူက ထိုအစီအရင်ကို ပို၍ကောင်းမွန်လာအောင်ပြုလုပ်ချင်သည်။
ထိုခက်ခဲမှု့က တစ်နှင့်တစ်ပေါင်းနှစ်လောက်မလွယ်။
အဆတစ်ထောင် သို့ အဆတစ်သောင်းခန့်လောက်ခက်ခဲမည်။
လုချန်ရှန်းက များများစားစားမတွေးပေ။
မိုးမခပင်အသင့်ဖြစ်နေသည်ကိုမြင်သော် သူက အစီအရင်ကို အသက်သွင်းလိုက်လေသည်။
ပထမဆုံးအနေနှင့် အစကလိုပင် နေရာလပ်များကိုချုံ့လိုက်ပြီး ဘေးပတ်လည်ရှိ မိုးမခရွက်ရုပ်သေးကို ချိတ်ပိတ်လိုက်၏။
ထို့နောက် ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီအရင်ကို မိုးမခရွက်ရုပ်သေး ခန္ဓာကိုယ်တွင် ပတ်လိုက်၏။
သူ့အတွက်ပြေးစရာမြေမရှိပေ။
ထို့နောက်ချက်ချင်းပင် ကမ္ဘာသစ်ပင်နဂါးထောင်ချောက်အစီအရင်ဘေးရှိ စိတ်ဝိဉာဏ်ချီများကို ကုန်ခမ်းသွားစေပြီး မိုးမခရွက်ရုပ်သေးခန္ဓာကိုယ်ရှိ လှည့်ပတ်နေသော စိတ်ဝိဉာဏ်ချီများကို ပိတ်ဆို့ထားလိုက်လေသည်။
၎င်းက သူ့အား အစီအရင်မှ ချိုးဖြတ်ထွက်မပြေးသွားနိုင်အောင် တားဆီးပေးထားသည်။
အစီအရင်သုံးခုကို ချိတ်ပိတ်ခြင်းပြီးဆုံးသွားပြီးနောက် မရဏကိုးလောက အစီအရင်က စွမ်းအားများစတင်စုဆောင်းလာသည်။ အဖျက်အဆီးအရှိုန်အဝါများက လေထုထဲပြည့်နှက်လာသည်။
လေထုထဲတွင် အက်ကွဲကြောင်းများပေါ်ပေါက်လာပြီး အထဲတွင် စိတ်ဝိဉာဏ်တွင်းနက်များပေါ်လာသည်။
အရှိုန်အဝါဖြင့်ပင်ထိုမျှကြောက်မက်ဖွယ်ကောင်းနေသည်။ တိုက်ခိုက်မှု့သာလုံးဝထုတ်လုပ်လိုက်ပါက ဖြစ်ပေါ်လာမည်စွမ်းအားသည် စိတ်ကူဖြင့်ပင်မှန်းစ၍ ရမည်မဟုတ်ပေ။
လုချန်ရှန်းက ထိုမြင်ကွင်းကို အနီးကပ်ကြည့်နေလေသည်။
ထိုအချိန် ဤအဆင့်တွင် အမှားတစ်စုံတစ်ရာဖြစ်ပေါ်ခဲ့ပါက မရဏကိုးလောကအစီအရင်က တိုက်ခိုက်မှု့ကို ထုတ်ဖော်တော့မည်မဟုတ်ပေ။
ဤတစ်ကြိမ်တွင်အောင်မြင်မည်လော။
စံအိမ်တော်ရှိလူအားလုံးက အစီအရင်ရှိရာသို့ လှမ်းကြည့်နေကြသည်။
သူတို့၏မျက်နှာတွင် မျော်လင့်နေသည့်အမူအရာများဖြင့်ပြည့်နက်နေသည်။
၎င်းက ခက်ခဲည်မှန်သော်လည်း လုချန်ရှန်း အောင်မြင်နိုသည်ဟု ယုံကြည်နေကြသည်။
ထို့ပြင် လုချန်ရှန်းသည် မပိုင်လျှင် ခြင်ပင်ရိုက်တက်သူမဟုတ်၊ သူလုပ်သမျှလဲ အောင်မြင်၏။
ထိုအချိန်တွင် မရဏကိုးလောက အစီအရင်က အဖျက်အဆီးအရှိုန်အဝါများကို အောင်မြင်စွာ ထုတ်လွှတ်နေလေသည်။
ထိုကာလတွင် သုဿန်တစပြင်လို တိတ်ဆိတ်နေလေသည်။
ယန်စွမ်းအားနှင့် ယင်စွမ်းအားတို့က စတသ်၍ တစ်ဖက်နှင့်တစ်ဖက် ဆန့်ကျင့်လာနေသည်။
ထိုဖြစ်စဉ်တွင် ဖရိုဖရဲအရိုန်အဝါတို့က ထွက်ပေါ်လာသည်။
ထို ဖရိုဖရဲအရှိုန်အဝါက ဖော်ပြ၍ပင်မတက်စွမ်းနိုင်ပေ။
၎င်းကြောင့် ဟုန်ရင်နှင့် အခြားသူများကို သတိချပ်သွားစေသည်။
သူမက ထိုသို့စွမ်းအားမျိုးနှင့် ထိပ်တိုက်ရင်မဆိုင်နိုင်လောက်ချေ။
သူတို့က ချက်ချင်းပင် ပြာပုံဘဝသို့ရောက်သွားနိုင်သည်။
ငှက်ကလေးလည်း အလေးအနက်ဖြစ်နေသည်။
ပြုပြင်ထားသော မရဏကိုးလောက အစီအရင်က လုံးဝပေါက်ကွဲထွက်လာသည်ကို သူမ ပထမဆုံးမြင်ဖူးခြင်းပင်။
ထိုစွမ်းအားက ကြောက်မက်ဖွယ်ကောင်းလွန်း၏။
လုချန်ရှန်း၏ အစီအရင် အသိက အလွန်နက်ရှိုင်းနေလေပြီ။
ဤအခိုက်အတန့်တွင် ဖရိုဖရဲအရှိုန်အဝါက အဖျက်အဆီးအလင်းတန်းပြစ်ချက်အဖြစ်ပြောင်းလဲသွားပြီး အဆောက်အဦသစ်ပင်တွင်ပိတ်မိနေသော မိုးမခရွက်ရုပ်သေးထံသို့ ဝင်ရောက်သွာ၏။
အဖျက်အဆီးအလင်းတန်းဖြတ်သန်းသွားသည့်အခါ လေထုက ဟင်းလင်းပြင်တခုဖြစ်သွားသည်။
တွင်းနက်များက တစ်ခုပြီးတစ်ခုပေါ်ပေါက်လာကာ စိတ်ဝိဉာဏ်မုန်တိုင်းများက အဆုံးမရှိ တဟူးဟူး တိုက်ခတ်လာတော့သည်။
သို့သော်လည်း ထိုတွင်းနက်များက အဖျက်အဆီးအလင်းတန်းနှင့် ထိတွေ့လိုက်သောအခါတွင် အပြီးတိုင်ပျောက်ကွယ်သွားတော့သည်။
စိတ်ဝိဉာဏ်မုန်တိုင်းများသည်ပင် ၎င်းကိုမထိနိုင်ချေ။
တစ်ချိန်တည်းမှာပင် စံအိမ်တော် အထက်ကောင်းကင်ရှိ နေအလင်းရောင်ပင်လျှင် အဖျက်အဆီးအလင်းတန်း၏ ဝါးမျိုခြင်းကိုခံလိုက်ရပုံပင်။
ထိုအခိုက်တန့်တွင် စံအိမ်တော်ရှိ ကောင်းကင်သည် ညအဖြစ်ကိုပြောင်းလဲသွားတော့သည်။
အားလုံး၏ ထိတ်လန့်နေသော အကြည့်အောက်တွင် အဖျက်အဆီးအလင်းတန်းသည် မိုးမခရွက်ရုပ်သေးကို ဖြတ်သန်းသွားတော့သည်။
အလင်းတန်းအတွင်းတွင် အဖျက်အဆီးက ပျောက်ကွယ်သွားတော့သည်။
အလင်းတန်းသည် လုံးဝနှေးကွေးမသွားဘဲ မိုးမခပင်ထုတ်လွတ်ထားသော အစီအရင်ဆီသို့ တိုးဝင်သွားသည်။
ထိုအခိုက်တွင် မိုးမခပင်၏ အကိုင်းအခတ်များက တဖျက်ဖျက်ရမ်းခါနေသည်။
၎င်းက အစိမ်းရောင် ရောင်ခြည်စက်ဝန်းတစ်ခုကို ထုတ်လွှတ်လိုက်သည်။
တစ်ခုပြီး တစ်ခုထုတ်လွှတ်ပြီးနောက် ၎င်းတို့က အစီအရင်နှင့်ပေါင်းစည်းသွားသည်။
ယင်းက အစီအရင်၏ ခုခံမှု့ကို အားဖြည့်ပေးနေသည်။
မိုးမခပင်သည်လည်း အဖျက်ဆီးအလင်းတန်း၏ ထိုးဖောက်ခြင်းခံရမည်ကို ကြောက်လန့်နေသည်။
၎င်းတို့သာ အပြင်လောကတွင်ကျရောက်သွားမည်ဆိုပါက ထိုဒေသသည် အစိတ်စိတ်အမွှာမွာဖြစ်သွားပေလိမ့်မည်။
ဝုန်း။
အဖျက်ဆီးအလင်းတန်းက ကာကွယ်ရေးအရံတားနှင့်ဝင်တိုက်မိသွားသည်။
ကာကွယ်ရေးအကာအရံက အနည်းငယ် လှိုင်းထသွားသော်လည်း အဆုံးတွင်တော့ ခုခံထားနိုင်သေးသည်။
သို့ပေမဲ့ မိုးမခပင်ကြီးသည် အနည်းငယ် အံ့သြနေသေးသည်။
လုချန်ရှန်းက အစီအရင်တည်ဆောက်ရာတွင် အလွန်တော်လွန်းသည်။
ပြုပြင်ပြောင်းလဲမှု့နှစ်ခုက မရဏကိုးလောကအစီအရင်ကို အနည်းငယ်အားကောင်းသွားစေသည်။
၎င်းကိုမြင်သော် လုချန်ရှန်းက ပြုံးလိုက်၏။
“နောက်ဆုံးတော့ အောင်မြင်သွားပြီဘဲ”
“ဒီလောက်ဆိုရလောက်ပြီ။ ဒီငတုံးတွေလာတိုက်ရင်တောင် လောလောဆယ်တော့ စိတ်ပူစရာမလိုတော့ဘူး”
လောလောဆယ်တော့…
လုချန်ရှန်း၏ စကားလုံးများကို ကြားလိုက်ရသောအခါ
မိုးမခပင်ကြီး:”…”
ငှက်ကလေး:”…”
ဟုန်ရင်:”…”
မုဝမ်အာ:”…”
နင်းချန်ရှင်း:”…”
မဟူရာ၏ မျက်လုံးများက အသက်မဲ့နေဆဲဖြစ်သည်။ သူက အတွေးနက်နေကာ လောကကြီးနှင့် အဆက်သွယ်ပျက်နေသည်။
လုချန်ရှန်း၏ စကားများက သူတို့ကို နားမလည်နိုင်ဖြစ်ခဲ့၏။
သူက တော်တော်အံ့သြစရာကောင်း၏။
ထို့ပြင် ၎င်းက ယာယီသာဖြစ်သေးသည်။
ရန်သူက နယ်ပယ်တစ်ခုလုံးစာ စွမ်းအားကိုသယ်လာလျှင်ပင် အစီအရင်မှ ပြစ်ချက်တစ်ခုကိုပင် ခံနိုင်ရည်ခြင်းရှိမည်မဟုတ်ချေ။
‘ဟေး’
ဘယ်လိုတောင် သတိထားနေရတာလဲ။
ဟုန်ရင်ကမနေနိုင်တော့၍ စောဒကတက်လိုက်သည်။
လုချန်ရှန်းက မြေပြင်ပေါ်ခုန်ဆင်း၍ ဟုန်ရင်အား အပြုံးဖြင့်ပြောလိုက်လေသည်။ “တပည့်လေ၊ ဒီရက်တွေမှာ ငါအလုပ်အရမ်းများနေခဲ့တာ။ အခု ဗိုက်ဆာလာပြီ။ မြန်မြန် ထမင်းသွားချက်ပြီး စွပ်ပြုတ်တစ်ခွက်လုပ်လာခဲ့”
ဟုန်ရင်:”…”
သို့သော်လည်း သူမက ရွေးချယ်စရာမရှိဘဲ မီးဖိုချောင်သို့ဝင်သွားတော့သည်။
ရုတ်တရက် လုချန်ရှန်းစိတ်ထဲသို့ စာတိုတစ်စောင်ဝင်လာသည်။
[အထူးကျောင်းသား စုဆောင်းရေးမစ်ရှစ် အသက်ဝင်လာပါပြီ။]
[လက်ခံသူ၊ ကျေးဇူးပြုပြီး တောင်ဘက်ဒေသရဲ့ လျို့ဝှက်တာအိုကျောင်းတော်ကိုသွားပြီးတော့ ကျောင်းသားစုဆောင်းရေးရင်ပြင်မှာ တပည့်လက်ခံပေးပါ။]
[အမည်: ရှစ်ရှန်း]
[စွမ်းရည်: D အဆင့်]
[အထုံပါရမီ: မရှိ]
ထိုအသံကို သူမကြားရသည်မှာ အလွန်ကြာညောင်းလှပြီဖြစ်သည်။
ဒါပေမဲ့ D အဆင့်၊ အထုံပါရမီမရှိဘူး။
ဘာကြီးလဲဟ။
စနစ်ကြောင်နေတာလား။
သူတပည့်လက်ခံသည့်အခါတိုင်းတွင် SSS အဆင့်စွမ်းရည်ရှိသူများသာရ၏။
ယဲ့ချိုးပိုင်ဖြစ်စေ၊ ဟုန်ရင်ဖြစ်စေ သူတို့၏ အထုံပါရမီက ‘ဧကရာဇ်ဖြစ်ရန် အထုံပါရမီရှင်’ များသာဖြစ်လေသည်။
သို့သော်လည်း ယခုအခါတွင်မူ။
စနစ်က လုချန်ရှန်း၏ အတွေးများကို ခန့်မှန်းနေနိုင်သယောင်ပင်။
ထို့ကြောင့် ၎င်းကရှင်းပြ၏။ “ဒါက အထူးတပည့်စုဆောင်းရေးမစ်ရှင်ပါ။ ဒီလူရဲ့ စွမ်းရည်နဲ့ အထုံပါရမီက မကောင်းပေမဲ့လည်း တိုးတက်မှု့အလားအလားအများကြီးရှိပါတယ်”
“သူ့ကို တပည့်အဖြစ်ခေါ်ယူပြီး စွမ်းရည်ကို SSS အဆင့်ထိမြှင့်တင်နိုင်ပြီးတော့ အထုံပါရမီကို ဧကရာဇ်အဖြစ်လေ့ကျင့်ပေးနိုင်မယ်ဆိုရင် သင်က ဆုလဒ်ရက်ရက်ရောရောရရှိပါမယ်”
ထိုစကားကိုကြားသော် လုချန်ရှန်းမျက်လုံးများတောက်ပလာသည်။
ဆုလဒ်ရက်ရက်ရောရောပေးမယ်ဟုတ်လား။
ထို့ကြောင့် လုချန်ရှန်းက ကျောင်းသားစုဆောင်းရေးရင်ပြင်သို့ သွားလိုက်၏။
ထိုအချိန် ဟုန်ရင်က စွပ်ပြုတ်တစ်ခွက်ကိုင်၍ထွက်လာလေသည်။ လုချန်ရှန်း၏ နောက်ကျောကိုလှမ်းမြင်လိုက်သောအခါ မနေနိုင်ဘဲ လှမ်းအော်မေးလိုက်တော့သည်။ “ဆရာ စွမ်ပြုတ်ရပြီနော်”
လုချန်ရှန်းက လက်ရမ်းပြကာ ပြောလိုက်သည်၊ “ပြန်လာမှသောက်တော့မယ်။ မင်းတို့အတွက် ဆရာတူမောင်လေးတစ်ယောက်သွားရှာဦးမယ်”
ဆရာတူမောင်လေး????