Switch Mode

အခန်း (၂၀၁)

ဓားပိုင်နက် ခန္ဓာသန့်စင်ခြင်း

ရှစ်ရှန်းဆိုသည့်နာမည်ကို မည်သူမှမကြားဖူးကြပေ။

လျို့ဝှက်တာအိုကျောင်းတော်သို့လာရောက်ကြသည့်လူများမှာ ကျင့်ကြံခြင်းလောက၏ ထင်ရှားကျော်ကြားသောသူများသာဖြစ်ကြသည်။

ဥပမာဆိုရသော် ဇွဲကောင်းသည့် ရှစ်ရှန်းလိုလူမျိုးပင်။

အလယ်ပိုင်းဒေသရှိ မိသားစုကြီးတစ်ခုမှ ပါရမီရှင်တစ်ဦးလဲရှိလေသည်။

ထိုသူက ချန်မင်ကျိ့ပင်။

ချန်မင်ကျိ့သည်လည်း အလယ်ပိုင်းဒေသရှိ ကျော်ကြားသော ပါရမီရှင်တစ်ဦးဖြစ်၏။

သူက ငယ်ငယ်ရွယ်ရွယ်နှင့် ချန်းယွမ်နယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်။

သူ့နယ်ပယ်ထက်မြင့်သည့်သူများကိုပင် တိုက်ခိုက်နိုင်စွမ်းရှိလေသည်။

သို့သော် ရှစ်ရှန်းကိုမူ မည်သူမှမသိပေ။

ထိုလေလွင့်ကျင့်ကြံသူကို လုံးဝသိသူမရှိသလိုဖြစ်နေသည်။ ထိုအကြောင်းကို မည်သူကမှ အံ့သြနေခြင်းမရှိချေ။

ဤလောကတွင် ပုန်းကွယ်နေသော ကျွမ်းကျင်သူများစွာရှိလေသည်။

ထိုင်နေသော တပည့်များကြားထဲတွင် ပင်ရှိကောင်းရှိနေလိမ့်မည်။

ရှစ်ရှန်းက ခရမ်းရောင်ဘုံဗိမာန်နယ်ပယ် အစောပိုင်းအဆင့်တွင်ရှိနေသည်ကို မသိသည်မှာ သာမန်သာဖြစ်သည်။

သူ့ပြင်ပခွန်အားက လွန်စွာအားနည်းလှ၏။

မည်သည့်အကြောင့်ကြောင့် သူက စွမ်းအားကြီးမားသည့် တပည့်ဖြစ်နိုင်မည်နည်း။

ထိုသူက လေလွင့်ကျင့်ကြံသူတစ်ဦးသာဖြစ်၏။

သာမန်ပါရမီနှင့် လေလွင့်ကျင့်ကြံသူတစ်ဦးအနေဖြင့်စာလျှင် သူ၏စိတ်စွမ်းအားက လက်ရှိလူတိုင်းထက် သန်မာလေသည်။

ထိုဓားဘိုးဘေးနယ်ပယ် ဓားပိုင်နက်အောက်တွင် ယခုထက်ထိ တောင့်ခံထားနိုင်လေသည်။

ရှစ်ရှန်းမျက်နှာက ဖြူဖျော့နေ၏။

သူ့ခန္ဓာကိုယ်က ဘေးဘယ်ညာသို့ယိမ်းထိုးနေကာ အချိန်မရွေး သတိလစ်လဲကျတော့မည် အခြေအနေတွင်ရှိနေသည်။

သို့ရာတွင် လူတိုင်းက ရှစ်ရှန်းလဲကျတော့မည်ဟု ထင်နေချိန်တွင် သူက နေရာတွင်ပင် ကြံကြံခိုင်ရပ်နေလေသည်။

၎င်းက ရေခဲပြင်တွင် အေးစက်စက်လေကြမ်းများကို တောင့်ခံကာ ထီးထီးကြီးပေါက်နေသော ထင်းရှုးပင်သဖွယ်ရှိနေ၏။

ချန်းမင်ကျိ့သည်လည်း ရှစ်ရှန်းကိုသတိထားမိသွာသည်။

သူ့ခန္ဓာကိုယ်မှ စိတ်ဝိဉာည်ချီများက ကုန်ခန်းလုနီးပါဖြစ်နေသော်လည်း ဓားဘိုးဘေးအဆင့်တိုက်ခိုက်မှု့အောက်တွင် သူက ရပ်တည်နိုင်သေးသည်။

သူက သူ၏ စိတ်စွမ်းအားကိုသာ အားထားနေရ၏။

ချန်းမင်ကျိ့က ခန္ဓာကိုယ်တစ်ခုလုံးလေးလံလာသည်ကို ခံစားနေရပြီဖြစ်ကာ အသိစိတ်သည်လည်း တဖြေးဖြေးကွယ်ပျောက်လုဖြစ်လာသည်။

သို့သော်လည်း ရှစ်ရှန်းက လုံးဝ လဲမကျသေးသည်ကိုမြင်သော် အံကြိတ်၍ ဆက်လက်တောင့်ခံကာနေလေသည်။

သူက အလယ်ပိုင်းဒေသရှိ မိသားစုကြီးမှလာသော ပါရမီရှင်ဖြစ်၏။

သူ့နာမည်က အလယ်ပိုင်းဒေသတစ်ခုလုံးကို အံ့သြသွားစေရမည်။

သူ့ထက် ခန္ဓာကိုယ်ရော နယ်ပယ်အဆင့်ပါနိမ့်ကျသည့်နာမည်မရှိသော လေ့လွင့်ကျင့်ကြံသူတစ်ယောက်၏ လောင်းရိပ်အောက်တွင် မည်သို့နေနိုင်ရမည်နည်း။

သူ့ဂုဏ်သိက္ခာကျဆင်းမည်ကို ကြောက်သောကြောင့်မဟုတ်၊ ၎င်းက ကျင့်ကြံသူတစ်ဦး၏ ဂုဏ်သိက္ခာကြောင့်သာဖြစ်သည်။

သိုင်းကျင့်ကြံသူများက ကောင်းကင်နှင့် မြေကြီး
ဖြင့် ယှဥ်ပြိုင်ကြရသူများဖြစ်သည်။

၎င်းက သူ၏ ဂိုဏ်သိက္ခာကြောင့်ပင်။

ထိုသို့အားထုတ်မှု့မရှိလျှင် ထိပ်ဆုံးသို့မည်သို့ရောက်အောင်တက်နိုင်မည်နည်း။

ထိုသို့တွေးပြီးနောက် ချန်းမင်ကျိ့က အံကြိတ်ကာ သည်းခံနေလိုက်၏။

သွားဖုံးပင်ပေါက်လုမတက်ဖြစ်ကာ နှုတ်ခမ်းတွင်ပင် သွေးနီရောင်စီးကြောင်းတစ်ခုဖြစ်လာသည်။

ယဲ့ချိုးပိုင်က ထိုမြင်ကွင်းကို စိတ်ဝင်စားဖွယ်ကြည့်နေသည်။

ဒီချန်းမင်ကျိ့က မဆိုးဘူးဘဲ။

ပါရမီနှင့် ခွန်အားက လူငယ်မျိုးဆက်တွင် အကောင်းဆုံးထဲက အကောင်းဆုံးဖြစ်လေသည်။

သို့သော်လည်း သူထက် ပို၍ပင်စိတ်ဝင်စားစရာရှိသေးသည်။

၎င်းက ရှစ်ရှန်းပင်။

သူ့နယ်ပယ်က နိမ့်ကျကာ ပြင်ပကြံခိုင်မှု့သည်လည်း မကောင်း။

သို့ပေမဲ့ ယခုထက်ထိတိုင် တောင့်ခံထားနိုင်သေးသည်။

ထိုစိတ်စွမ်းအားက ယဲ့ချိုးပိုင်အား အံအားသင့်စေခဲ့သည်။

“ကျုပ်တို့ ခက်ခဲမှု့အဆင့်ကို တိုးလိုက်ရင်ကောင်းမယ်”

ယဲ့ချိုးပိုင်က ပြုံး၍ လက်ညိုးထိုးလိုက်ကာ ပြောလိုက်သည်။

စစ်ဘုရင်ဓါးအရှိုန်အဝါက ဓားပိုင်နက်အတွင်းသို့ ဝင်ရောက်လာ၏။

ထိုဓားအရှိုန်အဝါပူးပေါင်းမှု့နှင့်အတူ ဓားအရှိုန်အဝါနှစ်ခုက လျှင်မြန်သောအရှိုန်ဖြင့် ဓားပိုင်နက်အတွင်းတွင် မြင့်တက်လာခဲ့သည်။

အလယ်ဗဟိုရှိ ရှစ်ရှန်းနှင့် ချန်းမင်ကျိ့တို့နှစ်ဦး ဓားအရှိုန်အဝါများက ဝန်းရံထား၏။

၎င်းကို မြင်သော် အားလုံး၏ အမူအရာများက အနည်းငယ်ပြောင်းလဲသွားတော့သည်။

ယခင်ကတည်းက ဓားပိုင်နက်ရှိ ဓားအရှိုန်အဝါက ခုခံရန်ပင် ခက်ခဲနေသည်။

ယခု ပြင်းအားကို ထပ်မံ၍ မြှင့်လိုက်ပြန်သည်။

ရှစ်ရှန်းနှင့် သူ့ပြိုင်ဘက်သည် ဒဏ်ရာပလပွနှင့်ပင်။ စိတ်စွမ်းအင်အမျှင်တန်းလေးအနည်းငယ်နှင့် မည်သို့တောင့်ခံထားနိူင်မည်နည်း။

ချင်းထျန်းနျန်က အနည်းငယ်မျက်မှောင်ကြုတ်၍ ယဲ့ချိုးပိုင်အားကြည့်လိုက်၏။ “ချိုးပိုင် ဒါက နည်းနည်းမများဘူးလား”

ထိုစကားကြားသော် ယဲ့ချိုးပိုင်က ခေါင်းခါ၍ပြောသည်။ “ဓားအရှိုန်အဝါက သူတို့ရဲ့ခန္ဓာကိုယ်တွေကို တိုက်ခိုက်နေတာမှန်ပေမဲ့လည်း တချိန်တည်းမှာဘဲ သူတို့ခန္ဓာကိုယ်တွေကို သန့်စင်ပေးနေတာ”

“သူတို့တောင့်ခံနိုင်ရင် သူတို့ခန္ဓာကိုယ်တွေက ပိုပြီး သန်မာလာလိမ့်မယ်”

ချင်းထျန်းနျန်က ထိုစကားကိုကြားသော် ပြုံး၍ ပြောသည်။ “မင်းကြည့်ရတာ ရှစ်ရှန်းကို အများကြီးတွေးထားပုံဘဲ”

ရှစ်ရှန်းကို စောင့်ကြည့်နေတယ်ဟုတ်လား။

ယဲ့ချိုးပိုင်က ပြုံးကာ မည်သည်မှမပြောပေ။

ရှင်းလင်းစွာပင် ချင်းထျန်းနျန်က ယဲ့ချိုးပိုင်၏ ရည်ရွယ်ချက်ကို ခန့်မှန်းမိလေသည်။

ရှစ်ရှန်းကိုယ်ကာယာက အလွန်အားနည်းပြီး မသန်စင်မှု့များဖြင့် ပြည့်နက်နေလေသည်။

သူ့သွေးကြောများသည် ကျဉ်းမြောင်းကာ ပြည့်ကျပ်ညှပ်နေ၏။

ထို့ကြောင့် စိတ်ဝိဉာဏ်ချီက ပုံမှန်မလည်ပတ်နိုင်တော့ပေ။

ထိုသို့ဖြင့် အချိန်ကြာလာသည်နှင့်အမျှ အဆင့်ချိုးဖြတ်ရန်နှောင့်နှေးလာသည်။

ပိုအရေးကြီးသည်က အချိန်နှင့်အမျှ ၎င်းကြောင့် အတွင်းဒဏ်ထိလာနိုင်သည်။

ယဲ့ချိုးပိုင်၏ ခန္ဓာကိုယ်သန့်စင်ခြင်းလုပ်ရပ်က ရှစ်ရှန်းကို ရည်ရွယ်လေသည်။

ဓားပိုင်နက်အတွင်းတွင် ဓားအရှိုန်အဝါမုန်တိုင်းက မြင့်သထက်မြင့်လာလေချေပြီ။

ချန်းမင်ကျိ့ အမူအရာက ပြင်းပြင်းထန်ထန်ပြောင်းလဲသွား၏။

ဘေးနားရှိ မုန်တိုင်းကို ကြည့်ကာ အလယ်နားသို့ တဖြေးဖြေးတိုးလာလိုက်သည်။

ချန်မင်ကျိ့က နောက်ပြန်ဆုတ်ချင်နေသည်။

၎င်းက အကန့်အသတ်ကိုရောက်နေပြီဖြစ်သော သူ၏စိတ်အခြေအနေ အပြောင်းအလဲကြောင့်လဲဖြစ်၏။

၎င်းက ကုလားအုတ်ကျောပြင်ကို ကျိုးစေသည့် နောက်ဆုံးကောက်ရိုးမျှင်သဖွယ်ဖြစ်နေသည်။

ချန်မင်ကျိက သွေးတလုတ်အန်လိုက်ကာ လွင့်ထွက်သွားတော့သည်။

သူက ဓားပိုင်နက်၏ အပြင်ဘက်သို့ကျရောက်သွားကာ ပြိုင်ပွဲမှ ထွက်လိုက်ရပြီဖြစ်သည်။

နောက်ဆုံးကျန်ရစ်သူမှာ ရှစ်ရှန်းတစ်ဦးတည်းသာဖြစ်တော့သည်။

လူတိုင်းက ရှစ်ရှန်းကို ကြည့်လိုက်ကြသည်။

ဓားအရှိုန်အဝါမုန်တိုင်းက အဆက်မပြတ်သူ့ထံဝင်ရောက်လာ၏။

သူ့ခန္ဓာကိုယ်သို့ ဓားအရှိုန်အဝါအမျှင်တန်းတစ်ခုက တိုက်ခိုက်လိုက်သည်။

ရှစ်ရှန်းကမူ ခေါင်းမာနေဆဲဖြစ်ကာ နောက်ဆုတ်မည့်ပုံမပေါ်ပေ။

၎င်းက လူတိုင်းကို ရှော့ရသွားစေသည်။

တဖြေးဖြေး အထင်သေးသည့်အကြည့်များကနေ လေးစားသည့် အကြည့်များသို့ပြောင်းလဲသွားကြသည်။

မှန်ပေသည်၊ လေးစားခြင်းပင်။

ရှစ်ရှန်း၏ မဆုတ်မနစ်ကြိုးစားမှု့ကြောင့် ကျင့်ကြံသူများစွာ၏ လေးစားမှု့ကိုရခဲ့သည်။

လျို့ဝှက်တာအိုကျောင်းတော်၏ အကြီးအကဲနှင့် ချင်းထျန်းနျန်အပါအဝင်ဖြစ်သည်။

အကြီးအကဲက ခေါင်းညိမ့်ကာ ပြော၏။ “သူက ပါရမီသိပ်မပါပေမဲ့ ကျင့်ကြံခြင်းမှာ အထုံပါလာတယ်”

“ဟုတ်တယ်၊ စံအိမ်တော်သာ လက်မခံခဲ့ရင် ကျုပ်သူ့ကို တပည့်အဖြစ်လက်ခံပြီး ကျုပ်နေရာကိုဆက်ခံခိုင်းမယ်”

ချင်းထျန်းနျန်က ပြုံးပြီးပြောသည်။ “အကြီးအကဲ ကျွန်တော်လဲ ဒီကလေးကို စိတ်ဝင်စားတယ်။ စံအိမ်တော်ကို မဝင်နိုင်ဘူးဆို ကျွန်တော် သူ့ကို သီးသန့်လေ့ကျင့်ပေးမှာ။ ပြီးရင်တော့ အဓိက ကျောင်းတော်ကို ပို့ပေးလိုက်မယ်”

အကြီးအကဲများက ထိုစကားကြားသော် ခေါင်းညိမ့်လိုက်ကြသည်။

၎င်းက အကောင်းဆုံးနည်းလမ်းပင်။

ထိုသို့ စိတ်စွမ်းအားနှင့်ဆိုလျှင် ကျင့်ကြံခြင်းလမ်းကြောင်းက ချောမွေ့နေမှာအမှန်ဖြစ်သည်။

ပါရမီစွမ်းအားက လူတစ်ဦး၏ အနိမ့်ဆုံးကန့်သတ်ချက်ကို အဆုံးဖြတ်ပေး၏။

ဤအခြေအနေတွင်တော့ စိတ်စွမ်းအားက လူတစ်ဦး၏ အမြင့်ဆုံးကန့်သတ်ချက်ကို ဆုံးဖြတ်ပေးလေသည်။

လူတစ်ယောက်က ပါရမီရှင်ဖြစ်သော်လည်း စိတ်စွမ်းအားက လုံလောက်စွာ မသန်မာသောကြောင့် အစွမ်းထက်ဆုံးအခြေအနေကို ဘယ်တော့မှ ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ယဲ့ချိုးပိုင်က ဓားပိုင်နက်အတွင်းရှိ ရှစ်ရှန်းကို တိတ်တဆိတ်ကြည့်နေပြီး ဘာတစ်ခွန်းမှတော့မပြောပေ။

စက္ကန့်များကုန်လွန်နေ၏။

ဓားပိုင်နက်အတွင်းတွင် ရှစ်ရှန်းတောင့်ခံနေလေလေ အနက်ရောင်မသန့်စင်မှု့များက သူ့ခန္ဓာကိုယ်အတွင်းမှ ထွက်ပေါ်လာလေဖြစ်နေသည်။

ထိုဓားအရှိုန်အဝါများက ရှစ်ရှန်းကိုယ်ကာယကို ထုဆစ်ပေးနေလေသည်။

နှစ်နာရီကြာသော်။

ရှစ်ရှန်းက ရပ်နေသေးသည်။ သို့သော် သူ့ခန္ဓာကိုယ်က ယိမ်းထိုးနေ၏။

နောက်ထပ် အချိန်များကုန်ဆုံးသွားသည်။

ရှစ်ရှန်း မျက်လုံးများကို ပိတ်လိုက် ဖွင့်လိုက်လုပ်နေသည်။

ထိုအချိန်တွင်၊ ယဲ့ချိုးပိုင်က သူ၏ဓားပိုင်နက်ကို ရုတ်သိမ်းရမည့်အချိန်ဖြစ်ကြောင်း ခံစားလိုက်ရသည်။

ရှစ်ရှန်းခန္ဓာကိုယ်က ရုတ်တရက်ပေါ့ပါးသွား၏။ သို့သော်လည်း သူက လဲမကျသွားပေ။ ထိုအစား စင်မြင့်ထက်ရှိ ယဲ့ချိုးပိုင်အား လှမ်းကြည့်လိုက်သည်။

ရုတ်တရက် သူက လက်သီးဆုပ်အရိုအသေပေး၍ ပြောလိုက်၏။ “ကျေးဇူးတင်ပါတယ် သံတမန်ကြီး”

ရှစ်ရှန်းက အခွင့်ရေးသည် ယဲ့ချိုးပိုင်က ပေးထားခြင်းကို သိလေသည်။

ယဲ့ချိုးပိုင်က ပြုံ၍ ပြောသည်။ “မင်း မဆိုးဘူးဘဲ။ ငါ့ဆရာနဲ့ မင်းကို မိတ်ဆက်ပေးမယ် ဒါပေမဲ့ မင်းကို ဆရာက လက်ခံမယ် လက်မခံဘူးဆိုတာကိုတော့ ငါမသိဘူး”

ရှစ်ရှန်းက ပြုံး၍ ခေါင်းညိမ့်ပြ၏။

အားလုံးက မနာလိုဖြစ်နေကြသော်လည်း ဘာမှလုပ်၍မရ။

ရှစ်ရှန်းက ထိုအခွင့်အရေးအတွက် ကိုယ်တိုင်တိုက်ကာ ရယူခဲ့သည်။

ထို့နောက်ချင်းထျန်းနျန်ပင် ထွက်လာ၍ အပြုံးဖြင့်ပြောလိုက်သည်။ “ရှစ်ရှန်း၊ စံအိမ်တော်က မင်းကိုလက်မခံရင် မင်းကို ကိုယ်ပိုင်တပည့်အဖြစ်လက်ခံပြီး သင်ပြပေးမယ်”

ရှစ်ရှန်းက အလျှင်အမြန်ပင် ဦးညွတ်ကာ ကျေးဇူးတင်လိုက်လေသည်။

အခြားတစ်ဖက်တွင်တော့ လုချန်ရှန်းက အဖြေကိုရှာတွေ့သွားပြီဖြစ်သည်။ သူက ဒုတိယအကြိမ်ထပ်မံ စမ်းသပ်ရန်ပြင်နေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset