အပိုင်း(၆၆၉)

ရှီနဲ့ရှန့်ထိုဆိုတာ ဘာလဲ…

နှစ်ယောက်လုံးက နောက်ကို လွင့်စဉ်ခြင်းက တိုက်ပွဲအား ခေတ္တာခဏ ရပ်တန့်စေသည်။ ဂူတုံးလျိုကား ဒဏ်ရာရကာ ပိုင်လွေလီကား နောက်ကို ဆုတ်သွားရသည်။

ပိုင်လွေလီက အလွန်အမင်း အသာစီး ရထားသည်မှာ သေချာ၏။ သို့သော်လည်း ဂူတုံးလျိုကား အံ့အားသင့်ဖွယ် ကောင်းအောင် ပိုင်လွေလီ၏ အလုံးစုံသော ဖန်ဆင်းခြင်း စွမ်းအင်ကို ရင်ဆိုင်နိုင်သည်။ ထိုသို့လုပ်နိုင်သူက နောက်တစ်ယောက် ရှိမည်မဟုတ်ပေ။

“စိတ်မကောင်းစရာပဲ…” ဂူတုံးလျိုကို ကြည့်ကာ လူအများအပြားက သက်ပြင်းချကြသည်။ ဤသို့သောသူက သူ့မျိုးဆက်တွင် အကောင်းဆုံးများထဲတွင် ပါ၏။ သူက မြေရိုင်းပြည်နယ်၌ နှစ်ကြိမ်မျှသာ ပေါ်လာခဲ့သော်လည်း သည်တိုက်ပွဲတစ်ခုက သူ့အား မြေရိုင်းပြည်နယ် တစ်ခုလုံးကို ကျော်ကြားစေတော့မည် ဖြစ်သည်။

ပိုင်လွေလီက ဂူတုံးလျိုကို တည်ငြိမ်စွာ ကြည့်သည်။ သူက လက်ဆန့်တန်းလိုက်ကာ ဖျက်ဆီးခြင်း မျက်လုံးကို တစ်ဖန် ထုတ်လွှတ်လိုက်သည်။ အားကောင်းသော စိတ်နယ်ပယ်တွင် ခရမ်းရောင် လျှပ်စီးတန်းများ ဖြစ်ပေါ်လာကာပြီး ကောင်းကင်တွင် လှပစွာ လင်းလက်ကြသည်။ အလင်းတန်းများက ရှေးဟောင်း သ​င်္ကေတများ ဖြစ်သွားကာ ဂူတုံးလျို၏ ပတ်ပတ်လည်ကို မြန်ဆန်စွာ ပိတ်ဆို့သွားကြ၏။ ထို့နောက် အရပ်မျက်နှာရှစ်ခုမှ ပုံရိပ်ရှစ်ခု ပေါ်လာကာ အပေါ်စီးမှနေ၍ ချုပ်နှောင်ခြင်း အစီအရင်ကို ထိန်းချုပ်သည်။

အစီအရင်၏အလယ်တွင် ပိတ်ဆို့ခြင်း ခံရသည့်တိုင် ဂူတုံးလျိုကား တည်ငြိမ်စွာပင် သူ၏ စိတ်စွမ်းအားများကို ထုတ်သည်။ ထိုအခိုက်တွင် သူက ပတ်ဝန်းကျင်မှ မရေမတွက်နိုင်သော အန္တရာယ်များကို ခံစားရကာ ဓားသွားများစွာက သူ့အား လာရောက် ဖြတ်တောက်သည့်အလား ထင်မှတ်လာရသည်။ အံ့အားသင့်ဖွယ် ကောင်းအောင်ပင် သူ၏အနီးမှ အရာများကို သူက ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။

“ဒါက ဘယ်လို ချုပ်နှောင်ခြင်း နည်းစနစ်မျိုးလဲ…” လူအများအပြားက ထိုမျှ ကြောက်မက်ဖွယ် ကောင်းသော ပိတ်ဆို့ခြင်းပညာကို မကြားဖူး မမြင်ဖူးကြပေ။

“အရာခပ်သိမ်း ဖန်ဆင်းခြင်းဖြင့် ချုပ်နှောင်ခြင်း…” သည်ပညာကား အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းအားကို အခြေခံ၍ ထပ်မံ ဆင့်ပွားထားသော ပညာဖြစ်သည်။

သည်တိုက်ပွဲကား အဆုံးသတ်ပြီ ဖြစ်သည်။

ဂူတုံးလျို၏ စိတ်စွမ်းအားက ပိတ်ဆို့ခံရသည်တွင် သူကား အလွန်သေးငယ်သော လေဟာနယ် တစ်ခုအတွင်း၌သာ လှုပ်ရှားနိုင်စွမ်း ရှိတော့သည်။ သူ့ဘေးတွင် စစ်နတ်ဘုရား ကိုးပါးက ရစ်ပတ်ကာကွယ်ထားကာ ပိတ်ဆို့ထားသော နယ်ပယ်ကို ထွင်းဖောက်ရန် ကြိုးစားနေကြသည်။

ထိုအခိုက်တွင် ဂူတုံးလျို၏ရှေ့၌ အလွန် အားကောင်းသော ရွှေရောင်နတ်ဘုရား ပုံရိပ်တစ်ခုပေါ်လာသည်။

“သူ့ရဲ့ အရာခပ်သိမ်း ဖန်ဆင်းခြင်း စွမ်းရည်က နတ်ဘုရား ကိုယ်ပွားတွေကို ဆင့်ခေါ်နိုင်စွမ်း ရှိပုံရတယ်…” လူအများအပြားက ပိုင်လွေလီကို ကြည့်ကာ မှတ်ချက်ချကြသည်။

ဆင့်ခေါ်ခံရသော နတ်ဘုရားက ပုဆိန်ရှည်ကို ကိုင်ကာ ကောင်းကင်နှင့် မြေပြင်အကြားမှ လောကစွမ်းအင်၏ အထောက်အပံ့ကို ယူသည်။ ထို့နောက်တွင် ကောင်းကင်၌ အလွန်လှပကာ ကြောက်မက်ဖွယ် ကောင်းသော ပုဆိန်ခုတ်ချက်တစ်ခု ဖြစ်ပေါ်လာတော့၏။

အားလုံးက စိတ်လှုပ်ရှားရသည်။ သည်ပုဆိန်ခုတ်ချက်၏ ဖျက်ဆီးအားက အလွန် ကြီးမားဟန်ရကာ ရှီအဆင့်၏ အမြင့်ဆုံး စွမ်းရည်ခန့်တွင် ရှိနေသည်။ သူကား အမှန်ပင် ရှန့်ထိုဖြစ်ရန် အလားအလာရှိကာ မြေရိုင်းပြည်နယ်၏ အနာဂတ်ခေါင်းဆောင်ပင်။

မဆုံးနိုင်သော အလင်းတန်းများက ဂူတုံးလျိုထံကို ကျဆင်းလာပြီး သူ၏စစ်နတ်ဘုရား ကိုးပါးကို ထိသော်လည်း ထိုအရာများ ပျက်စီးသည်အထိ မစွမ်းဆောင် နိုင်သေးပေ။ သို့သော် နောက်မှ လိုက်ပါလာသည်ကား အလွန် အားကောင်းသော ပုဆိန်ခုတ်ချက် ဖြစ်၏။

ဘုန်း…

လေထုက ပေါက်ကွဲကာ အလင်းရောင်များက ဟိုမှ သည်မှ ပြန့်ကျဲကြသည်။ ဂူတုံးလျို၏အနီးမှ ရှေးဟောင်း သင်္ကေတများ ပြိုပျက်ကြကာ သူ၏ခုခံမှု အရံအတားက ပျက်စီးလုနီးပါး ဖြစ်လာသည်။ သို့သော်လည်း ဂူတုံးလျို၏မျက်လုံးမှ ကြောက်မက်ဖွယ် ကောင်းသော အလင်းတန်းများ ဖြာထွက်လာသည်။ သူ၏စိတ်စွမ်းအားကို အဆုံးစွန်ထိ မြှင့်တင်လိုက်ခြင်းက အရံအတားကို တဖန်ပြန်လည် တည်ငြိမ် စေနိုင်သည့်တိုင် သူ့ပါးစပ်မှလည်း သွေးများ ဆက်တိုက် စီးကျလာစေ၏။

“ဒီမှာ အဆုံးသတ်ပြီ ထင်တယ်…” လူအများအပြားက တိုက်ပွဲအခြေအနေကို သုံးသပ်ကြသည်။ ဂူတုံးလျို၏အခြေအနေက သိပ်မကောင်းပေ။

“အစ်ကို၃…” ရီဖူရှင်း၏ ခန္ဓာကိုယ်က အနည်းငယ် တုန်ယင်သွားသည်။ သူ့အစ်ကို၏ အလွန်ကောင်းမွန်သော ပါရမီဖြင့်ပင် သူကား မြေရိုင်းပြည်နယ်၏ နံပါတ်တစ်ပါရမီရှင်ကို ယှဉ်ပြိုင်ရန် ခက်ခဲနေဆဲ ဖြစ်သည်။

“ပုရွက်ဆိတ်က သစ်ပင်ကြီးကို ကိုင်လှုပ်ဖို့ ကြိုးစားတာ ရယ်စရာ မကောင်းဘူးလား…” ပိုင်စီက တိုက်ပွဲကို ကြည့်ကာ လှောင်ပြောင် ပြောဆိုသည်။

ရီဖူရှင်းက တော်ဝင်ကျဲနန်းတော်မှ ထုတ်ပယ်ခံရပြီးဖြစ်ရာ သူကလည်း လက်ရှိ အခြေအနေတွင် ရီဖူရှင်းအပေါ် လက်စားခြေရန်မှအပ တခြား အတွေးမရှိပေ။ အကယ်၍ ရီဖူရှင်းသာ အနေအထိုင် မတတ်ပါက ယခု ဂူတုံးလျိုနှင့်အတူ လိုက်ပါ သေဆုံးရမည် သေချာ၏။

ပြင်းထန်သော အလင်းတန်းများက ဂူတုံးလျိုထံကို ဆက်လက် တိုးဝင်လာကြကာ သူ၏ အရံအတားကို ဖြတ်ကျော် လာနေပြီဖြစ်သည်။ သို့သော်လည်း ဂူတုံးလျိုကား ကြံ့ကြံ့ခံနေဆဲ ဖြစ်ပြီး သူ၏ပါးစပ်မှလည်း သွေးများ ဆက်တိုက် စီးကျလာနေသည်။

ရွှီယီ၊လျိုဖန်းနှင့် တခြားလူများက လက်သီးကို တင်းတင်း ဆုပ်ထားကြသည်။ သို့သော်လည်း သူတို့ မည်သို့မှ မတတ်နိုင်ကြပေ။ သူတို့တွင် ဤတိုက်ပွဲကို ဝင်စွက်ဖက်ရန် စွမ်းရည်မရှိပေ။ ပိုဆိုးသည်ကား ဤနေရာတွင် အလွန် စွမ်းအားကြီးသော ပုဂ္ဂိုလ်ကြီးများ ရှိနေခြင်းပင်။ သူတို့က သည်တိုက်ပွဲကို ဝင်ရောက် စွက်ဖက်ခြင်းကို လက်ခံကြမည် မဟုတ်ပေ။

“တော်လောက်ပြီ…” ကျူးကော့မင်းယွီက အေးစက်စွာ ပြောသည်။ သူမက လေထဲကို ပျံတက်သွားသော်လည်း မြို့စားပိုင်ဂူက သူမကို အေးစက်စွာ ကြည့်သည်။ သူ့မျက်လုံးထံမှ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားက ချက်ချင်းပင် ကျူးကော့မင်းယွီအား လေထဲတွင် တောင့်တင်း သွားစေသည်။ တန်ခိုးအဆင့် ကွာဟခြင်းက သူမအား မည်သို့မှ ခုခံနိုင်စွမ်း မပေးပေ။

“မင်းက တိမ်ဖြူမြို့ရဲ့ အနာဂတ် သတို့သမီးပဲ… ကိုယ့်နေရာကိုယ်သိ…” မြို့စားပိုင်ဂူက အေးစက်စွာ ပြောသည်။ ကျူးကော့မိသားစု၏ ရတနာကြောင့်သာ မဟုတ်လျှင် သူ၏သားပိုင်လွေလီက သူမနှင့် ထိုက်တန်သည်ဟုပင် သူက ယူဆသည် မဟုတ်ပေ။ သူကား ကောင်းကင်မြေရိုင်း အဆင့်၄တွင်ရှိကာ သူ၏သားက ကောင်းကင်မြေရိုင်း အဆင့်၁၀ဖြစ်သည်။ မြေရိုင်းပြည်နယ် တစ်ခုလုံးတွင် တိမ်ဖြူမြို့၏ဂုဏ်ပုဒ်ကို ယဉ်နိုင်သူဟူ၍ တော်ဝင်ကျဲနန်းတော် တစ်ခုတည်းသာ ရှိပေသည်။

ကျူးကော့မင်းယွီက မြို့စားပိုင်ဂူကို အေးစက်စွာ ကြည့်ပြီး တိုက်ပွဲကို ကြည့်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် နီရဲလာသည်။ သူက ဤနေရာကို ရောက်လာသရွေ့ အရာအားလုံး အဆင်ပြေမည်ဟု သူမ ယုံကြည်ဖူးသည်။ သို့သော်လည်း တကယ်တမ်းတွင် သူမက ဘာကိုမှ ပြောင်းလဲနိုင်စွမ်း မရှိပေ။

ဂူတုံးလျိုက အဘယ်ကြောင့် စာပို့လိုက်သည်ကို ယခု သူမက နားလည်လိုက်သည်။ ဂူတုံးလျိုက သူမထံကို မလာလိုသည် မဟုတ်ဘဲ တစ်ဖက်လူက ပြန်လည် တုံ့ပြန်မည်ကို နားလည်၍သာ ဖြစ်သည်။

ကျူးကော့မင်းယွီက ကျူးကော့ချန်းဖန်ကို ကြည့်သည်။ သည်တိုက်ပွဲကို တားဆီးနိုင်သော တစ်ဦးတည်းသောသူကား သူမ၏အဖေ ဖြစ်သည်။

ကျူးကော့ချန်းဖန်က ကျူးကော့မင်းယွီ၏ မျက်လုံးကို မြင်ကာ သူမ၏သဘောကို နားလည်လိုက်သည်။ သူ၏ သမီးအကြောင်းကို သူက ကောင်းကောင်း သိပေသည်။ အကယ်၍ ဂူတုံးလျိုသာ တစ်ခုခုဖြစ်ပါက သူမ၏ချုပ်တည်းထားမှုများ အာလုံး ပွင့်ထက် သွားမည်ဖြစ်သည်။ သူ၏သမီးက အလွန်တည်ငြိမ်ကာ ပျော့ညံ့ဟန် ရသော်လည်း သူမက မည်မျှ ခေါင်းမာ ပြတ်သားသည်ကိုလည်း သိသည်။

ပိုင်လွေလီက ဂူတုံးလျိုကို ကြည့်ကာ မေးသည်… “မင်းက ဘာမှ မပြောချင်ဘူးလား…”

ဂူတုံးလျိုက ပိုင်လွေလီကို ကြည့်ကာ မျက်လုံးကို မှိတ်လိုက်ပြီး အလင်းတန်းများအား သူ၏ခန္ဓာကိုယ်ကို ထွင်းဖောက် ဖျက်ဆီးခွင့် ပေးလိုက်တော့သည်။

ပိုင်လွေလီက သူ့အား ဘာပြောစေလိုသနည်း။ မိမိရွေးချယ်သည်က မှန်ကန်သည်ဟု ယူဆလျှင် မည်သို့ဖြစ်နေပါစေ ဆက်လျှောက်ရမည် မဟုတ်ပေဘူးလား…။ သူက ဘာပြောရမည်နည်း။

ထိုအခိုက်တွင် ဂူတုံးလျိုက အကြောင်းအရာ များစွာကို တွေးမိသည်။ ထိုအထဲတွင် ကော့တေးတွင်ရှိစဉ် အဘိုးအို တစ်ယောက်က တစ်နေရာတွင် ထိုင်နေပြီး သူက အဘိုးအို၏နောက်မှ ရပ်လျက်မေးသည်… “ဆရာ… ရှီဆိုတာ ဘာလဲ…”

“မင်းရဲ့ တန်ခိုးအဆင့်၊ မင်းရဲ့စိတ်၊ မင်းရဲ့အမူအကျင့်…” အဘိုးအိုက ပြန်ဖြေသည်။

“ရှီဖြစ်ဖို့ ဘာလုပ်ရမလဲ…” သူက ထပ်မေးသည်။

“လွတ်လပ်တဲ့စိတ်ကို ထိန်းထား… လောကကြီးက မင်းအတွက် လမ်းဖွင့်ပေးလိမ့်မယ်… မင်းရဲ့ လမ်းကို ဆက်လျှောက်ရင် မင်းက ရှီဘယ်လို ဖြစ်ရမယ်ဆိုတာ သိလာလိမ့်မယ်…”

“ရှီရဲ့ အထက်မှာ ဘာရှိလဲ…”

“ရှန့်ထို…”

“ရှန့်ထိုဆိုတာ ဘာလဲ…”

“ငါနားလည်သလောက် ဒါက အချုပ်အနှောင်တွေက လွတ်မြောက်တာပဲ…” အဘိုးအိုက ပြောသည်။

“တကယ်တမ်း ဘယ်လိုပုံစံလဲ…” သူက ထပ်မေးသည်။

“မင်းက ဘာတွေ တွေးနေတာလဲ… ငါက တန်ခိုးမကျင့်ဘူး… ကောင်လေး… မင်းဘာသာ ဆင်ခြင် စဉ်းစားပါလား…”

“ဒါပေမဲ့ ကျွန်တော်က လုပ်နိုင်ပါ့မလား…”

“မင်းရဲ့ စိတ်နှလုံးထဲမှာ လောကတစ်ခုလုံး ရှိနေရင် မင်းရဲ့စိတ်က လွတ်လပ်မှုကို လိုလားနေရင်… မင်းမလုပ်နိုင်တာ ဘာမှ မရှိဘူး… မင်းက ငါ့ပြောတာကို သံသယ ဖြစ်နေတာလား” အဘိုးအိုက ဒေါသတကြီး ပြောသည်။

ဂူတုံးလျိုက ထိုအကြောင်းကို တွေးမိသည့် အခိုက်တွင်ပင် မြင့်မြတ်သော အရောင်အဝါတစ်ခု သူ၏စိတ်ထဲ စတင် ဖြစ်ပေါ်လာသည်။ မမြင်ရသော စွမ်းအားက သူ၏ခန္ဓာကိုယ်ကို စီးဆင်းလာကာ သူ၏ခန္ဓာကိုယ်နှင့်စိတ်က ပိုမို အားကောင်းလာနေသည်။

အရာခပ်သိမ်း ဖန်ဆင်းခြင်းဖြင့် ချုပ်နှောင်ခြင်းက သူ့အား ပိတ်ဆို့ထားဆဲ ဖြစ်သည်။ သို့သော်လည်း သူ၏ သက်စောင့်ဝိညာဉ်က ပိုမိုလင်းလက်လာကာ မြင့်မြတ်ရောင်ဝါများ ယှက်သန်းလာ၏။ အားလုံးက ဂူတုံးလျို၏ ခန္ဓာကိုယ်မှ အပြောင်းအလဲကို ထိတ်လန့်စွာ ကြည့်ကြသည်။ သူ၏နောက်မှ သက်စောင့်ဝိညာဉ်ကလည်း ဆင့်ကဲ ပြောင်းလဲလာကာ ပိုမို၍ ကြီးမြတ်မှုကို ပေးသည်။ မြင့်မြတ်ရောင်စဉ်က သူ၏ခန္ဓာကိုယ်ကို ပိုမို၍ လင်းလက်စေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset