အပိုင်း(၆၆၂)

အချစ်ဟုခေါ်သောအရာ

ရီဖူရှင်းနှင့် ကျူးကော့မင်းယွီတို့က ကျူးကော့ချန်းဖန် နေထိုင်ရာသို့ ရောက်လာကြသည်။ ကျူးကော့ချန်းဖန်က သူတို့ကို ကြည့်သည်။ ရီဖူရှင်းနှင့် ကျူးကော့မင်းယွီတို့က လက်ရှိ အခြေအနေကို ပြောင်းလဲရန် လာရောက် ကြိုးစားကြသည် များလား။

“ဒီက ထွက်သွားလိုက်…” ကျူးကော့မင်းယွီက လေပြင်းဆောင်မှ အစေခံများကို အမိန့်ပေးသည်။ ကျူးကော့ချန်းဖန်က ကျူးကော့မင်းယွီကို ကြည့်သည်တွင် ရီဖူရှင်းက ပြောသည်… “ဦးလေး.. ကျွန်တော်က ဦးလေးကို သံစဉ်တစ်ပုဒ် တီးပြချင်ပါတယ်…”

“အဲဒါ အူကီယိုသံစဉ်လား…” ကျူးကော့ချန်းဖန်က ရယ်မောသည်… “ငါက အဲဒီသံစဉ်ကို အခုတလော ကြားကြား နေရတယ်…ဒါက ဧကရာဇ်တစ်ပါးရဲ့ သံစဉ်ပဲ… အနုပညာရသသိက ထူးခြားလေးနက်တယ်…”

“ဒီတစ်ခေါက်က နည်းနည်း ထူးခြားတယ်…” ရီဖူရှင်းက ပြောသည်။

“အင်း… ဒါဆိုလည်း နားထောင်ရတာပေါ့…” ကျူးကော့ချန်းဖန်က စိတ်ဝင်စားဟန်ဖြင့် ပြောသည်။

“ဦးလေးက ဒီနေရာကို အရံအတား လုပ်ပေးလို့ရမလား…” ရီဖူရှင်းက တောင်းဆိုလိုက်သည်။ ကျူးကော့ချန်းဖန်က အနည်းငယ် နားမလည်ဟန် ရသော်လည်း သူက အိမ်တော် တစ်ခုလုံးကို အရံအတား ပြုလုပ်လိုက်သည်။

“ကျွန်တော် လုပ်ပြီးပြီ…” ကျူးကော့ချန်းဖန်က ရီဖူရှင်းဘက်ကို ကြည့်သည်။

“ကျေးဇူးတင်ပါတယ်… ဦးလေး…” ရီဖူရှင်းက ပြောကာ မြေပြင်တွင် ထိုင်လိုက်သည်။ ထို့နောက် သူ့ရှေ့တွင် ဝိညာဉ်ကု့ချင်း ပေါ်ထွက်လာသည်။

ကျူးကော့ချန်းဖန်နှင့် ကျူးကော့မင်းယွီတို့ ဘေးတွင် ထိုင်ကာ ရီဖူရှင်း တီးခတ်နေသည်ကို တိတ်ဆိတ်စွာ ကြည့်ကြသည်။ သံစဉ် ထွက်ပေါ်လာသည်နှင့်ပင် သူတို့က သံစဉ်ထဲကို နစ်မျောသွားသည်ဟု ခံစားလိုက်ကြရသည်။ လူငယ်နှစ်ယောက် အချုပ်အနှောင် ကင်းမဲ့စွာဖြင့် လောကကို အုပ်စိုးရန် ကြိုးစား အားထုတ်ခြင်းလည်း ဖြစ်သည်။ ကျူးကော့ချန်းဖန်က သံစဉ်ကို ကြားလျှင် စိတ်လှုပ်ရှား သွားသည်။ ဧကရာဇ်နှစ်ပါးက ငယ်စဉ်ကတည်းက ရင်းနှီးလာသည့် အကြောင်း၊ သူတို့က မည်သို့မည်ပုံ လောက၏ အကြီးအမှူးများ ဖြစ်လာသည့်အကြောင်း၊ သူတို့နှစ်ယောက်၏အကြား ပတ်သက်မှု အကြောင်းများနှင့် ဧကရာဇ်ရီချင်က လောက၏ တားမြစ်ပစ်ပင်မှု မည်သို့ ဖြစ်လာသည့် အကြောင်းများကို တွေးတောမိသည်။

သံစဉ်က ဆက်လက်ဖြစ်ပေါ်လျှင် ခံစားချက်များကလည်း ပိုမိုပြင်းထန် လာတတ်ပေသည်။ တီးလုံးများက မြင့်တက်လာလျှင် ငြိမ်သက် တိတ်ဆိတ်မှုက ပိုမိုကျယ်လောင်သော အသံနှင့်အတူ ပြင်းထန်သော စိတ်ခံစားချက်များကို ဖြစ်ပေါ်စေသည်။ ကျူးကော့ချန်းဖန်၏ စိတ်ထဲတွင် ထူးခြား ဆန်းကြယ်သော ပုံရိပ်တစ်ခု ဖြစ်လာသည်။ သူကလည်း မျက်လုံးကို မှိတ်ကာ သံစဉ်ကို နားထောင်သည်။ သူ၏ တန်ခိုးအဆင့်ဖြင့်ပင် အူကီယိုကို နားထောင်ခြင်းက အလွန်ကောင်းမွန်သော ခံစားချက်ကို ပေးသည်။

ကျူးကော့ချန်းဖန်က သံစဉ်၏ညှို့ငင်မှုအောက်တွင် နစ်မျောနေဟန်ရသည်။ အတန်ကြာလျှင် အင်ပါယာတစ်ပါး၏ စွမ်းအားများက သူ့ထံကို သံစဉ်နှင့်အတူ လာရောက် ရစ်သိုင်းလာသည်ဟု ခံစားရသည်။ ထိုအငွေ့အသက်ကား အလွန်ကြီးမြတ်ကာ ကောင်းကင်ဒေသ တစ်ခုလုံးက ဦးညွှတ်ရစေသော ဂုဏ်ရှိန်ဂုဏ်ဝါလည်း ဖြစ်သည်။

“မဟုတ်သေးဘူး…” ကျူးကော့ချန်းဖန်က မူမမှန်သော တစ်စုံတစ်ခုကို သတိထားမိဟန် ရသည်။ သံစဉ်၏စွမ်းအင်က အဘယ်ကြောင့် ဤမျှ အားကောင်းရသနည်း။

မျက်လုံးကို ဖွင့်ကြည့်သည်တွင် ကျူးကော့ချန်းဖန်က ကု့ချင်း တီးခတ်နေသော လူငယ်ကို မြင်သည်။ သူ၏ လက်ချောင်းများက ကု့ချင်း ကြိုးများပေးတွင် မြန်ဆန်စွာ လှုပ်ရှားနေကာ သူ၏ထူးခြား ဆန်းကြယ်သော ကိုယ်ရောင်ကိုယ်ဝါက အင်ပါယာ အငယ်စားတစ်ပါး၏ ဟန်ပင်နှင့် တူလှသည်။ ယခု သူတီးခတ်နေသော သံစဉ်က အနုပညာရသသိကိုသာ ထုတ်ဖော်သည် မဟုတ်ဘဲ အင်ပါယာတစ်ပါး ကိုယ်တိုင် ရောက်ရှိလာသည်နှင့်လည်း တူပေသည်။

ကျူးကော့ချန်းဖန်၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ဖြာထွက်လာသည်။ သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်တွင် သဘာဝစွမ်းအင်များ အားလုံးက သံစဉ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည်ကို မြင်လိုက်ရသည်။ သဘာဝစွမ်းအင်၏ အလင်းရောင်များက ရီဖူရှင်း ခန္ဓာကိုယ်ပေါ်ကို ကျဆင်းလာကာ သူ့အား တော်ဝင် မြင့်မြတ်စေသည်။ ရီဖူရှင်းက သံစဉ်ကို အေးချမ်းစွာ တီးခတ်နေခြင်း ဖြစ်သော်လည်း အနုပညာရသသိက ပိုမိုအားကောင်း လာနေသည်။ ယခု သူက အူကီယိုသံစဉ်၏ အနုပညာရသသိကို အမြင့်ဆုံးသို့အထိ ထုတ်ဖော်လိုဟန် ရနေသည်။ ကောင်းကင်ဒေသ၏ အကောင်းဆုံး သံစဉ်ဆယ်ပုဒ်ထဲတွင်ပါသော အူကီယိုက ယခု သူ၏ကြီးကျယ် ခမ်းနားမှုကို ထုတ်ကြွားတော့မည့်ဟန် မြင်နေရသည်။

ကျူးကော့မင်းယွီက ရီဖူရှင်းကို ပြုံးလျက်ကြည့်သည်။ သူမက အံ့အားသင့်ခြင်း မရှိပေ။

သံစဉ်၏ အနုပညာရသသိက ပိုမိုပြင်းထန် လာနေသည်။ ကျူးကော့ချန်းဖန်က ရီဖူရှင်းအား နှောင့်ယှက်ခြင်း မပြုပေ။ သူက တိတ်ဆိတ်စွာပင် ကြည့်နေသော်လည်း ရုတ်တရက် သူ့ထံကို အလွန်ကြီးမြတ်သော တစ်စုံတစ်ယောက်က ရောက်ရှိလာသောကြောင့် ဦးခိုက်ခစားလိုသော အာသီသတစ်ခု ဖြစ်ပေါ်လာသည်။

ထိုထူးဆန်းသော ခံစားချက်ရ​သည်တွင် ကျူးကော့ချန်းဖန်က ထိတ်လန့်သွားသည်။ ရီဖူရှင်းက အလွန်ပါရီမြင့်ကာ အရှေ့မြေရိုင်းဒေသမှ လာသည်ဟုသာ သူသိထားသည်။ သို့သော်လည်း ရီဖူရှင်း၏ နောက်ကြောင်းနှင့် ပတ်သက်၍ သူက အပြည့်အဝ သိနားလည်ခြင်း မရှိပေ။ ရီဖူရှင်းက မည်သို့ အင်ပါယာ တစ်ပါး၏ထူးခြားသော ကိုယ်ရောင်ကိုယ်ဝါများ ရှိနေရသနည်း။

နောက်ဆုံးတွင် သံစဉ်က ရပ်တန့်သွားသည်။ သို့သော် ကျူးကော့ချန်းဖန်၏ အတွေးများက ဟိုဟိုဒီဒီ ပြေးလွှားနေဆဲဖြစ်သည်။ သံစဉ်က သူ၏စိတ်ထဲတွင် ထင်ကျန်နေဆဲဖြစ်ကာ သူခံစားခဲ့ရသော အတွေ့အကြုံကိုလည်း မေ့၍ ရနိုင်မည် မထင်တော့ပေ။

“ဦးလေး… သံစဉ်ကို ဘယ်လိုမြင်လဲ…” ရီဖူရှင်းက ခေါင်းမော့ကာ ကျူးကော့ချန်းဖန်ကို မေးသည်။

ကျူးကော့ချန်းဖန်က လူငယ်လေးကို လေးနက်စွာ ကြည့်သည်။ ရီဖူရှင်းကား ပုံမှန်အားဖြင့် အလွန်တရာ ချောမောသူဖြစ်သည်။ သူ၏သန့်စင်သော မျက်လုံးများထဲတွင် သူ ဘာတွေးနေသည်ကို မည်သူကမှ ခန့်မှန်းရန် မလွယ်ကူပေ။

“ဒါက ပြည့်စုံတယ်…” ကျူးကော့ချန်းဖန်က ပြောသည်။

“အခုလို ချီးကျူးတာ ကျေးဇူးတင်ပါတယ် ဦးလေး…” ရီဖူရှင်းက ဆက်ပြောသည်… “ဒီသံစဉ်က အရှေ့မြေရိုင်းဒေသမှာ ရှိတဲ့ ကောင်းကင်တောင်က ကျွန်​တော် ရခဲ့တာပါ… ဧကရာဇ်နှစ်ပါးက သံစဉ်ကို အဲဒီမှာ ထူးခဲ့တယ်.. ကျွန်​တော်က ရရှိခဲ့တယ်…”

ကျူးကော့ချန်းဖန်က ခေါင်းညိတ်သည်။ သူက သည်အချက်ကို ယခင်ကတည်းက သိပေသည်။

“အရှင်ဒွန်ဟောင်က ရှီတန်ခိုးရှင်တွေကို အရှေ့မြေရိုင်းဒေသကို မဝင်ဖို့ တားမြစ်ထားတယ်… ဒါကြောင့် ဘယ်သူကမှ ကောင်းကင် တောင်ထိပ်ကို မတက်နိုင်သလို သံစဉ်ကိုလည်း မရယူနိုင်ကြဘူး… သံစဉ်က ကောင်းကင် တောင်ထိပ်က မြူနှင်းကမ္ဘာထဲမှာ ရှိနေခဲ့တယ်… ဒါကို ရဖို့အတွက် တစ်စုံတစ်ယောက်က မြူနှင်းကမ္ဘာနဲ့ ဆက်သွယ်နိုင်ဖို့ လိုတယ်…” ရီဖူရှင်းက ရှင်းပြသည်။ ကျူးကော့ချန်းဖန်က ငြိမ်သက်စွာ နားထောင်နေသည်။ ရီဖူရှင်းက ဧကရာဇ်နှစ်ပါး ချန်ထားခဲ့သော သံစဉ်နှင့်ပတ်သက်၍​ လျှို့ဝှက်ချက်တစ်ခုကို ထုတ်ဖော်တော့မည်ဟု သူထင်သည်။

“ကျွန်တော်က မြူနှင်းကမ္ဘာနဲ့ ဆက်သွယ်နိုင်ပြီးတော့ ကောင်းကင်တောင်နဲ့ တစ်သားတဲ့ ပေါင်းစပ်နိုင်ခဲ့တယ်… ဒီအတွက် ကျွန်တော့်ထက် တန်ခိုးအဆင့်မြင့်တဲ့ လူတွေကိုတောင်မှ သတ်နိုင်စွမ်း ရှိခဲ့တယ်…” ရီဖူရှင်းက ဆက်ပြောသည်.. “ကျွန်တော် ဘယ်ကလာလဲ​ ဦးလေး သိလား…”

“မင်းက အရှေ့မြေရိုင်းဒေသ ကော့တေးက လာတယ် ဆိုတာကိုပဲ ငါသိတယ်…” ကျူးကော့ချန်းဖန်က ဖြေသည်။

ရီဖူရှင်းက ပြောသည်… “ကျွန်တော်က အရှေ့မြေရိုင်းဒေသကို မလာခင်က အရမ်းဝေးလံပြီးတော့ ခေါင်တဲ့တစ်နေရာမှာ နေခဲ့တယ်…. ကျွန်တော့်ရဲ့ မွေးရပ်ဇာတိက ပင်လယ်ကျွန်းစုတွေရှိတဲ့ တစ်နေရာပဲ… ပြင်ပလောကကြီးနဲ့ အဆက်အသွယ် မရှိဘူး… ဒါပေမဲ့ အဲဒီနေရာမှာ လွန်ခဲ့တဲ့ ဆယ်နှစ်က ကြီးမားတဲ့ကိစ္စတစ်ခု ဖြစ်ခဲ့တယ်… ဦးလေးလည်း ဒီကိစ္စကို ကြားဖူးတယ်လို့ ထင်တယ်… အဲဒီမြို့မှာ ဧကရာဇ်ရီချင်ရဲ့ နောက်ဆုံး ရုပ်တုတစ်ခုကို တွေ့ခဲ့ကြရပြီး နှင်းလူဝံဧကရာဇ်က စောင့်ကြပ်နေခဲ့တယ်… နောက်ပိုင်း အရှင်ဒွန်ဟောင်ရဲ့လူတွေက အဲဒီနေရာကို ရောက်သွားပြီးတော့ ရုပ်တုကို ဖျက်ဆီးခဲ့ကြတယ်…”

ရီဖူရှင်းက ဖြည်းညင်းစွာ ဆက်ပြောသည်… “ဦးလေး.. ကျွန်တော်က ယန်ကျန်းနှင့် ရင်းနှီးတာကို သိလား.. သူအသုံးပြုတဲ့ နှင်တံပညာကို ကျွန်တော်က နှင်းလူဝံဧကရာဇ်ဆီမှာ သင်ယူခဲ့တာ…”

“မင်းက ဧကရာဇ်ရီချင်ရဲ့ မျိုးဆက်လား…” ကျူးကော့ချန်းဖန်၏ နှလုံးက ပြင်းစွာ တုန်ခါသွားသည်။ မြေရိုင်းပြည်နယ်တွင် ရှန့်ထိုမရှိသလို ရန်ဟောင်တန်ခိုးအဆင့်၏ မျိုးဆက်ကား ပိုမို၍ပင် မြင့်မားပေသေးသည်။

ယခု ရီဖူရှင်းက ဧကရာဇ်ရီချင်နှင့် ပတ်သက်သော လျှို့ဝှက်ချက်တစ်ခုကို ပြောပြနေသည်။ သို့သော် ရီဖူရှင်းက ခေါင်းယမ်းကာ ပြောသည်… “ကျွန်တော် ဘယ်သူလဲ ဆိုတာကို ကျွန်တော်လည်း မသိဘူး… ဒါပေမဲ့ သေချာတာ တစ်ခုတော့ရှိတယ်… ကျွန်တော်ပြောခဲ့သလိုပဲ ပိုင်လွေလီရဲ့ စွမ်းရည်တွေက ကျွန်တော့်ကို မယှဉ်နိုင်ဘူး… သူက ရှန့်ထိုအဆင့်ကို ရောက်မယ်၊ မရောက်မယ်က ပြဿနာမရှိဘူး… ကျွန်တော်ကတော့ သေချာပေါက် ရောက်လိမ့်မယ်…”

ကျူးကော့ချန်းဖန်က ရီဖူရှင်းကို ကြည့်သည်။ ယခု ရီဖူရှင်းပြောသော စကားကို သူအပြည့်အဝ ယုံကြည်ပေသည်။ အကယ်၍ ရီဖူရှင်းကသာ ဧကရာဇ်ရီချင်နှင့် ပတ်သက်ပါက ရှန့်ထိုအဆင့်ကား သူ့အတွက် ပြဿနာ မဟုတ်ပေ။ သူက တစ်နေ့နေ့တွင် သေချာပေါက် ထိုအဆင့်ကို ရောက်မည်ဖြစ်သည်။ သူပြောခဲ့သလိုပင် သူ၏စွမ်းရည်များကလည်း ပိုင်လွေလီထက် များစွာ မြင့်ပေသည်။

“မင်းက မင်းရဲ့အသက်ကို ငါ့အပေါ် ပုံပေးလိုက်တာနဲ့ တူတာပဲ… ဟုတ်တယ်မလား…” ကျူးကော့ချန်းဖန်က မေးသည်။ အကယ်၍ ရီဖူရှင်းကသာ ဧကရာဇ်ရီချင်နှင့် ပတ်သက်နေပါက ဤလျှို့ဝှက်ချက်က သူ၏ အသက်အန္တရာယ်နှင့်ပင် သက်ဆိုင်ပေသည်။ ယခု ကျူးကော့ချန်းဖန်က ရီဖူရှင်းအား ဖမ်းဆီးကာ အရှင်ဒွန်ဟောင်ထံကို ပို့ဆောင်ပါက သူက ကြီးစွာသော ဆုလာဘ်များကို ရရှိမည် သေချာ၏။

“ကျွန်တော်က ဦးလေးနဲ့ ရန်ငြိုးမှ မရှိတာ… ပြီးတော့ ဦးလေးက ဒီလက်ထပ်ပွဲကို ဘာလို့ သဘောတူခဲ့တာလဲ… ပထမ အကြောင်းပြချက်က ဦးလေးရဲ့ဆရာ ဆန္ဒရှိတဲ့ မြေရိုင်းပြည်နယ်မှာ ရှန့်ထိုပေါ်လာဖို့ပဲ မလား… ပြီးတော့ ကျူကော့မိသားစုက ရှန့်ထိုနဲ့ ပတ်သက်မှုရှိဖို့… အခု မြေရိုင်းပြည်နယ်မှာ ရှန့်ထိုပေါ်လာမှာ သေချာတော့ ဦးလေးရဲ့ဆရာ ဆန္ဒရှိတဲ့ ကိစ္စလည်း ပြီးမြောက်မယ်… အစ်မ၂နဲ့ကျွန်တော့်ရဲ့ ပတ်သက်မှုကလည်း ကျူးကော့မိသားစုကို စိတ်ကျေနပ်စေမှာပဲ…”

ရီဖူရှင်းက ထိုသို့ ပြောပြီးကာ ကျူးကော့ချန်းဖန်ကို လေးနက်စွာ ကြည့်သည်… “ယူချင်းရဲ့ စွမ်းရည်တွေကလည်း ပိုင်လွေလီထက် မြင့်တယ်…” ရီဖူရှင်းက ထပ်ပြောသည်… “ဦးလေး… ကျွန်တော် သွားပါဦးမယ်…” သူက ဦးညွှတ်ကာ နောက်လှည့် ထွက်ခွာသွားသည်။ ကျူးကော့ချန်းဖန်ကား အသိညာဉ် ဗဟုသုတ ကြွယ်ဝသူဖြစ်သည်။ သူက အကြောင်းအရာများစွာကို ကိုယ်တိုင် တွေးတော နိုင်ပေသည်။

ရီဖူရှင်းတွင်သာ ရွေးချယ်မှု ရှိမည်ဆိုပါက သည်လျှို့ဝှက်ချက်ကို ကျူးကော့ချန်းဖန်အား ပြောမည်မဟုတ်ပေ။ သို့သော်လည်း လက်ရှိအခြေအနေကို ကျူးကော့ချန်းဖန်ကသာ ပြောင်းလဲ နိုင်လောက်ပေသည်။ တော်ဝင်ကျဲနန်းတော်မှ နန်းတော်သခင်များကို ရီဖူရှင်းက ကောင်းကောင်း မသိပေ။ ထို့ကြောင့် ရီဖူရှင်းက မစွန့်စားရဲပေ။ မည်သို့ဆိုစေ သူ၏လျှို့ဝှက်ချက်ကို တစ်စုံတစ်ယောက်က ပိုသိပါက သူ့အတွက် အန္တရာယ် ပိုများပေသည်။

“အဖေ.. မောင်ငယ်လေးက သူ့အသက်ကို အဖေ့ဆီမှာ ပုံအပ်ထားခဲ့သလို သမီးအသက်ကလည်း အဖေ့လက်ထဲမှာပဲ…” ကျူးကော့မင်းယွီက ပြောကာ ထွက်သွားသည်။

ကျူးကော့ချန်းဖန်ကား တိတ်ဆိတ်နေသည်။ အမှန်တကယ်အားဖြင့် သူ၏စိတ်အား အလွန်အမင်း ရှုပ်ထွေးနေပေသည်။ မနက်ဖြန်ကား ပိုင်လွေလီနှင့် ကျူးကော့မင်းယွီတို့ စေ့စပ်ပွဲဖြစ်သည်။ သူမည်သို့ လုပ်ရမည်နည်း။

နံနက်ခင်း ရောက်လာပြီ ဖြစ်သည်။ နဂါးပတ်တောင်၏ မနီးမဝေးတောင်ထိပ် တစ်နေရာတွင် အဖြူရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်က အဝေးကို ကြည့်နေသည်။ သူ၏လက်ထဲတွင် စာတစ်စောင်ကို ကိုင်ထားကာ စာပေါ်တွင်ကား ထိတ်လန့်ဖွယ် သွေးနှင့် ရေးထားသော စာလုံးတစ်လုံး ရှိနေသည်။ သူကား ထိုစာကို ကိုင်ကာ သည်နေရာတွင် တစ်ညလုံး ရပ်နေခဲ့သည်။ သူ၏ဆရာက ပြောဖူးသည်မှာ လောကကြီးရှိ အရာခပ်သိမ်းတွင် ကျိုးကြောင်း ဆီလျော်မှုရှိသည်။ သို့သော် လက်ရှိတွင်ကား ထိုစကားလုံးက မှန်ကန်ခြင်း မရှိတော့ပေ။ အချစ်နှင့် ပတ်သက်လာသောအခါ ကျိုးကြောင်း ဆီလျော်မှု ဆိုသည်မှာ မရှိတော့ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset