Switch Mode

အခန်း (၁၈၆)

လုချန်ရှန်းကို မျက်စိကျနေတာလား

ထိုလူ့စကားကိုကြားသောအခါ ဟွမ်းထျန်းမင်လည်း သူ၏အလောင်းကောင်ချီစွမ်းအင်များကို ပြန်လည်ရုပ်သိမ်းလိုက်ရသည်။ ထို့နောက် နှာမှုတ်လျက် ဘာမှမပြောတော့ပေ။ ယပ်တောင်ကိုင်ထားသောလူကို သူကြောက်ရွံ့နေသည်မှာ ထင်ရှားလှသည်။

ဟွမ်းယီထုံကလည်း တရိုတသေပြောလာ၏။

“သံတမန်ကြီး”

နင်းချန်ရှင်းကို အံ့အားသင့်သွားစေသောအရာမှာ ဤတိုက်နယ်ကြီးပေါ်ရှိ အထွတ်အထိပ်အဆင့်ဖြစ်တည်မှုလည်းဖြစ်၊ အာကာသနတ်ဘုရားအဆင့်ပညာရှင်များလည်းဖြစ်သော ဗုဒ္ဓအကြီးအကဲနှစ်ပါးက ယပ်တောင်ကိုင်ထားသောထိုလူကို တစ်ဖန်ပြန်လက်အုပ်ချီ၍ တရိုတသေပြောလိုက်ခြင်းပင်။

“အော်မီတောဖော သံတမန်ကြီး”

နင်းချန်ရှင်းလည်း လှမ်းကြည့်လိုက်မိသည်။ သိသာနေသည့်အချက်မှာ သူတို့ကြားတွင် ယပ်တောင်ကိုင်ထားသောလူက အဓိကအချက်အချာဖြစ်နေပေသည်။

သူ့အား နေမဝင်အင်ပါယာနန်းတော်ဆီသို့ ဖိတ်ခေါ်သည့်ကိစ္စအပါအဝင် ဤကိစ္စအားလုံးကို ထိုလူကိုယ်တိုင်အကွက်ချပြီး ညွှန်ကြားထားခြင်းဖြစ်လေမလား။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက နင်းချန်ရှင်းအနားသို့ အံ့သြနေဟန်အမူအရာများဖြင့် လျှောက်လာလေသည်။

“အိုး… ကွန်ဖြူးရှပ်တာအိုကို ဒီလိုအဆင့်အထိရောက်အောင်ကျင့်ကြံနိုင်တာ သိပ်တော့မရိုးရှင်းဘူး”

“အရင်းအမြစ်ပိုကြွယ်ဝတဲ့ကမ္ဘာကိုသွားချင်လား”

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသား၏စကားကို ကြားသောအခါ အားလုံးအံ့သြထိတ်လန့်သွားကြသည်။

သူတို့ နင်းချန်ရှင်းကိုကြည့်လိုက်မိကြသည်။

ဒီကောင်လေးရဲ့အရည်အချင်းက သံတမန်တော်ကြီးကိုဆွဲဆောင်လိုက်နိုင်သလား။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက သူ့လက်ထဲရှိယပ်တောင်ကိုဖြန့်လျက် ပြောလိုက်လေသည်။

“ဒီလောကဘုံထဲမှာ ကွန်ဖြူးရှပ်တာအိုကို ဒီလိုအဆင့်အထိရောက်အောင်ကျင့်ကြံနိုင်ဖို့ လွယ်တာမဟုတ်ဘူး”

“အထက်ဘုံကိုရောက်ရင် မင်းရဲ့အဆင့်ကလည်း ပိုမိုကျယ်ပြန့်လာပြီး မင်းရဲ့ကွန်ဖြူးရှပ်တာအိုကလည်း ပိုပြီးမြင့်တက်လာလိမ့်မယ်”

“ဒီလိုဆိုရင်ရော.. မင်းငါနဲ့လိိုက်ခဲ့ပြီး ငါ့တပည့်ဖြစ်ချင်လား”

နင်းချန်ရှင်း၏အရည်အချင်းမှာ သံတမန်ကြီး၏ ပါရမီရှင်များအပေါ်ချစ်မြတ်နိုးသည့်စိတ်ကို လှုံ့ဆော်ပေးလိုက်နိုင်သည်။ သူက ထိုကောင်လေးကို တပည့်အဖြစ်လိုချင်နေပေသည်။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားမှာ အထက်ဘုံတွင် အလွန်အမင်းမြင့်မားလှသောရာထူးမျိုးရှိသူပင်။ သူသာ ထိုလူ့ဆီကအထောက်အပံ့ရလိုက်ပါက သူ့အနာဂတ်ကား လင်းလက်တောက်ပသွားလေပြီသာ။

ထိုအဖြစ်ကြောင့် ဟွမ်းယီထုံနှင့်အခြားလူများမှာ အလွန်အားကျမနာလိုဖြစ်သွားကြသည်။

သို့သော် နင်းချန်ရှင်း၏တုံ့ပြန်ပုံကတော့ အထင်နှင့်အမြင်တက်တက်စင်အောင်လွဲလေတော့သည်။ နင်းချန်ရှင်း၏ပုံစံမှာ ပျော်ရွှင်နေပုံမပေါက်ပေ။ အလွန်တည်ငြိမ်လျက်သာရှိ၏။

ထိုစကားကိုကြားသည့်တိုင် သူ့မျက်ဝန်းအစုံက လှိုင်းတံပိုးကင်းစင်နေသည့်ရေကန်အလား ငြိမ်သက်နေပေသည်။

ထို့ကြောင့် သူ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကို ထိုကိစ္စနှင့်ပတ်သက်ပြီးစိတ်မဝင်စားကြောင်းပြောလိုက်သည်။

သူ့နောက်လိုက်ပြီး သူ့တပည့်အဖြစ်ခံယူဖို့လည်း စိတ်ဝင်စားမှုမရှိ။

နင်းချန်ရှင်းအတွက်တော့ အထက်ဘုံ၊ ပိုမြင့်မားသောအဆင့်နှင့် ပိုမိုကောင်းမွန်သောကျင့်ကြံရေးအရင်းအမြစ်များဆိုသည်မှာ လုံးဝမဆွဲဆောင်နိုင်ချေ။

နင်းချန်ရှင်း၏စရိုက်ကိုအသာထားဦး။ ကျင့်ကြံရေးနှင့်ပတ်သက်လာပါက လူတစ်ယောက်ဟာ သူစိတ်နှလုံးနှင့်ကံကြမ္မာစေရာကို လိုက်နာရမည်သာ။

ပိုမြင့်မားသောအဆင့်အတွက်ကတော့လား။ သူ့အနေနှင့် သူ့ဆရာဆီကလေ့လာသင်ယူစရာအများကြီးကျန်သေးသည်ဟု ခံစားမိသည်။

ပိုကောင်းတဲ့ကျင့်ကြံရေးအရင်းအမြစ်များကတော့လား။

သူ့ဆရာက သူ့အား တာအိုသိုင်းကျမ်းနှင့် အခြားသင်ထောက်ကူများကိုပေးထားပြီးဖြစ်၏။

တာအိုသိုင်းကျမ်းတစ်ခုတည်းကိုကြည့်မည်ဆိုပါက ဤသည်မှာ ကျင့်စဉ်တစ်ခုအဖြစ်အသုံးပြုနိုင်သည့် ထူးကဲလှသောအရာတစ်ခုဖြစ်ပြီး အန္တိမလက်နက်တစ်ခုလည်းဖြစ်ကြောင်း သူသိသည်။

၎င်း၏အဆင့်ကား သေချာပေါက်မနိမ့်ပေ။ နင်းချန်ရှင်းနားလည်ထားတာထက် ပိုပြီးကျော်လွန်နေမည်မှာသေချာပေါက်ပင်။

ထို့ပြင် လုချန်ရှန်း၏ခွန်အားမှာ ဆန်းကြယ်နေဆဲပင်။

ထိုအကြောင်းနှင့်ပတ်သက်ပြီး နင်းချန်ရှင်းတွေးကြည့်လိုက်သည်။ ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားပြောနေသည့် အထက်ဘုံဆိုသည်မှာ သူ့ဆရာကိုယှဉ်နိုင်လိမ့်မည်မဟုတ်။

ထို့ပြင် နင်းချန်ရှင်းအဖို့ စံအိမ်တော်မှထွက်လာပြီး သူ့ဆရာကိုသစ္စာဖောက်ဖို့မဖြစ်နိုင်ပေ။ သို့ဖြစ်ရော နင်းချန်ရှင်းဘက်က မည်သည့်တုံ့ပြန်မှုမျိုးမှမရှိတာ သဘာဝကျသည်။

ခေါက်ယပ်တောင်ကိုင်ထားသောလူခမျာ အနည်းငယ်အံ့သြသွားလေသည်။ ဤကမ္ဘာမှာရှိကြသူတိုင်း အထက်ဘုံကိုတက်လှမ်းနိုင်ဖို့ အပတ်တကုတ်ကြိုးစားနေကြသည်ချည်းသာ။

သိုင်းပညာမထွန်းကားဘဒ ဝိညာဉ်ရေးရာချီစွမ်းအင်လည်းပါလွှာလှသော ဤကမ္ဘာကိုစွန့်ခွါရဖို့အတွက် စစ်ခင်းဆိုလည်းခင်းကြမည့်သူများပင်။ သို့သော် ရလဒ်ကတော့ ခန့်မှန်းကြည့်နိုင်လေသည်။

ဟွမ်းယီထုံက ကြားဝင်ပြောလာလေသည်။

“လူငယ်လေး.. အထက်ဘုံဆိုတာဘာမှန်းမင်းမသိဘူးထင်တယ်”

“အထက်ဘုံဆိုတာ ငါတို့ဘုံထက် အဆပေါင်းများစွာပိုအစွမ်းထက်တယ်ကွ”

မုတ်ဆိတ်ရှည်နှင့်အဘိုးကြီးက လက်အုပ်ချီလိုက်ပြီး အပြုံးလေးဖြင့်ပြောလာသည်။

“အကျိုးတော်ဆောင်နင်း… မင်းက အခုမှမနူးမနပ်လေးပဲရှိသေးတာကိုး”

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက တခစ်ခစ်ရယ်လိုက်လေသည်။

“ကောင်းပြီ။ မင်းရဲ့အရည်အချင်းကိုထည့်တွက်ပြီး အထက်ဘုံရဲ့အစွမ်းကဘယ်လိုရှိတယ်ဆိုတာ ငါပြပေးပါ့မယ်”

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက သူ့ကိုယ်သူယပ်ခတ်လိုက်ရင်း ပြော၏။

“လာ ငါ့ကိုတိုက်ခိုက်လှည့်”

ထိုကိစ္စနှင့်ပတ်သက်ပြီး နင်းချန်ရှင်းအနေနှင့်ငြင်းပယ်စရာမရှိပေ။ တစ်ဖက်လူဟာ ဤဖြစ်ရပ်များကိုသွေးထိုးလှုံ့ဆော်သူဖြစ်ပေလိမ့်မည်။

ထိုသို့တွေးရင်း သူ တာအိုသိုင်းကျမ်းကို ကိုင်ထားလိုက်သည်။ ထို့နောက် မန္တန်များရွတ်ဖတ်လေတော့သည်။

“တိုက်ခိုက်ရေးစစ်သည်ဆင်းသက်စေ”

တစ်ချိန်တည်းမှာပင် စကားငါးခွန်းကိုပါရွတ်လိုက်၏။

သူက ကောင်းကင်ဘုံစစ်သည်ကိုဆင့်ခေါ်ပြီး ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံဖြင် ထိူလူ့ကိုခုတ်ချလိုက်သည်။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားကလည်း အံ့သြသွားလေသည်။ သူက ပါးစပ်ဟ၍ပြောလာသည်။

“ဒီကွန်ဖြူးရှပ်တာအိုကျင့်စဉ်က တော်တော်ထူးဆန်းတာပဲ”

ဤသို့ဖြင့် လက်ထဲရှိယပ်တောင်ဖြင့် ယပ်တခတ်ခတ်လုပ်လိုက်သည်။

ညင်သာသောလေပြည်တစ်ခုက ကောင်းကင်ဘုံစစ်သည်ဆီသို့ တိုက်ခတ်သွားသည်။ ထိုအရာမှာ ထူးထူးဆန်းဆန်းမဟုတ်လှပေ။ လေပြည်ကား အလွန်အမင်းအားနည်းလှသည်။

သို့သော် နင်းချန်ရှင်းကတော့ မသိမသာမျက်မှောင်ကြုတ်လိုက်မိသည်။ ဤလေပြည်မှာ သိပ်မရိုးရှင်းလှကြောင်းခံစားလိုက်ရသည်။ အန္တရာယ်အငွေ့အသက်များကို ခံစားမိနေသည်။

နင်းချန်ရှင်း၏အလိုလိုသိစိတ်က မမှားပေ။

သူ ဂမ္ဘီရလှံတံဖြင့် ထိုလေပြည်ကိုတိုက်ခိုက်လိုက်ချိန်မှာ ထိုလေပြည်က အန္တရာယ်ကိုခံစားမိသွားသည့်ဖြူကောင်တစ်ကောင်အလား တုံ့ပြန်လာသည်။ ၎င်းမှာ သူ့ဆူးချွန်များကိုထုတ်၍ ရန်သူကိုတိုက်ခိုက်ပါတော့သည်။

လေပြည်နုနုလေးက စတင်သောင်းကျန်းလေတော့သည်။

၎င်းတို့မှာ ကောင်းကင်ထိတိုင်ဆန်တက်သွားတော့မည့် ဓားသွားထက်ထက်တို့အဖြစ် ပြောင်းလဲသွားချေသည်။

ကောင်းကင်ဘုံစစ်သည်ကလည်း လျှပ်တပြက်အတွင်း နောက်ပြန်ဆုတ်လိုက်ရသည်။ နင်းချန်ရှင်းလည်း အံတင်းတင်းကြိတ်၍ ခြေလှမ်းဆယ်လှမ်းမကနောက်ဆုတ်လိုက်ရသည်။

အလားတူပင် လေပြည်သည်လည်း ထိုအခိုက်အတန့်မှာပင် ပျောက်ကွယ်သွားရလေသည်။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက သူ့ကိုယ်သူယပ်ခတ်ရင်း ပြုံးနေမိသည်။

“ဘယ်လိုလဲ”

သို့သော်ငြား ထိုသို့ဆိုသည့်တိုင် ထိုလူခမျာ ထိတ်လန့်အံ့သြသွားရဆဲသာ။

တစ်ဖက်လူက ဤတိုက်ခိုက်မှုကို အမှန်တကယ်ခုခံနိုင်ခဲ့သည်။ ထိုတိုက်ကွက်မှာ သာမန်မျှသာဆိုသော်ငြား ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားမှာ အာကာသနတ်ဘုရားကနဦးအဆင့်ဖြစ်၏။

ထို့ပြင် သူဟာ ဤကမ္ဘာပေါ်ရှိ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်ပညာရှင်များထက် ပိုသန်မာသည်။ သူ့ဆန္ဒဘုံကလည်း ဤကမ္ဘာထက်များစွာသာလွန်ပေသည်။

ခွန်အားနှင့် ဆန္ဒအဆင့်ကိုယှဉ်လိုက်လျှင်ပင် သူက နင်းချန်ရှင်းထက်အပုံကြီးသာသည်။ ယခုလိုလုပ်နိုင်စွမ်းရှိရုံနှင့် တစ်ဖက်လူ၏အရည်အချင်းက သူထင်ထားသည်ထက် များစွာကျော်လွန်နေပြီဖြစ်၏။

ယခုလိုကမ္ဘာမျိုးမှာ ဤကဲ့သို့သောပုဂ္ဂိုလ်တစ်ဦးရှိသတဲ့လား။

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက ပြောလိုက်လေသည်။

“မင်းကမဆိုးဘူးပဲ။ မင်း ငါ့တပည့်ဖြစ်ချင်လား။ အချိန်ကျလာရင် ငါမင်းကိုအထက်ဘုံဆီခေါ်သွားပေးမယ်။ ငါ ဆရာ့ဆီကညွှန်ကြားချက်တောင်းပြီး အတွင်းစည်းတပည့်တစ်ယောက်ရဲ့အကျိုးခံစားခွင့်တွေခံစားရအောင် အရင်အမြစ်တွေလည်းတောင်းပေးမယ်။ ဘယ်လိုလဲ”

ထိုစကားကိုကြားသော် လူအပေါင်းမှာ ပို၍ပင်ထိတ်လန့်သွားရှာလေသည်။

နင်းချန်ရှင်းရဲ့အရည်အချင်းက သံတမန်တော်ကြီးကိုဒီလိုတောင်စည်းရုံးလိုက်နိုင်တာလား…

ခေါက်ယပ်တောင်ကိုင်ထားသောလူက ဆက်ပြော၏။

“ဒါပေမဲ့ သဘောတူညီချက်တစ်ခုတော့ရှိတယ်”

နင်းချန်ရှင်းက သူ့ကိုလှမ်းကြည့်လာလေသည်။

နောက်ဆုံးတော့ သူ့ကို ဒီနေရာဖိတ်ကြားရတဲ့ရည်ရွယ်ချက်ကိုပြောတော့မှာများလား။

“ငါ မင်းရဲ့ဆရာအကြောင်း တော်တော်လေးစိတ်ဝင်စားနေတာ။ ငါ့ကို သူနဲ့အေးအေးဆေးဆေးစကားပြောခွင့်ပေးမယ်ဆိုရင်ရော”

နင်းချန်ရှင်း အနည်းငယ်မှင်တက်သွားရချေသည်။ အမှန်အတိုင်းပြောရလျှင် သူ ဤကိစ္စကိုမမျှော်လင့်ထားမိပေ။

သူက လုချန်ရှန်းကိုမျက်စိကျနေသည်တဲ့လား။ ထို့ကြောင့် သူ့ကိုဤနေရာသို့ဖိတ်လိုက်ခြင်းလေလား။

သို့သော် သူ့ဆရာကိုမျက်စိကျနေခြင်းဆိုသည်မှာကား…

နင်းချန်ရှင်း ထိုသို့မမေးဘဲမနေနိုင်တော့ပေ။

“ခင်ဗျား… အသက်ရှင်ရတာပင်ပန်းနေပြီလား”

ခေါက်ယပ်တောင်ကိုင်ထားသောအမျိုးသားက အပြုံးလေးဖြင့်ပြောလာလေသည်။

“မင်းရဲ့ဆရာက သိပ်အစွမ်းထက်မှန်း ငါသိပါတယ်။ အဲ့ဒါကြောင့်လည်း မင်းကို ဒီကိုလာဖို့ဖိတ်လိုက်တာပေါ့”

ဤသို့ဖြင့် ယပ်တောင်ကိုင်ထားသောလူက လက်ညှိုးညွှန်လိုက်ချေသည်။ သူ့သိုလှောင်ရေးလက်စွပ်ထဲမှ အဆောင်တစ်ခုပျံထွက်လာသည်။ ထိုအဆောင်မှာ နင်းချန်ရှင်း၏ရင်ဘတ်ပေါ်တွင် ကပ်သွားပေသည်။

နင်းချန်ရှင်းလည်း အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။ ဤအဆောင်ကြောင့် သူ့ရင်ဘတ် တင်းကျပ်လာသလိုခံစားလိုက်ရသည်။

ယပ်တောင်ကိုင်ထားသောအမျိုးသားက ခပ်ပြုံးပြုံးစကားဆိုလာသည်။

“ဒီအဆောင်က ငါတို့အထက်ဘုံမှာ အစွမ်းထက်ဆုံးတားမြစ်အဆောင်ပဲ။ မင်းရဲ့ဆရာလည်း အဲ့ဒါကိုဖယ်နိုင်မှာမဟုတ်ဘူး”

“သေချာတာကတော့ ဒီကိစ္စတွေပြီးသွားရင် ငါ မင်းကိုအထက်ဘုံဆီခေါ်သွားပြီး ငါ့ဆရာကိုပြန်ဖယ်ရှားပေးခိုင်းမှာပါ”

နင်းချန်ရှင်း ပြုံးလိုက်မိသည်။

“ခင်ဗျားရဲ့အကြံ မအောင်မြင်လောက်ဘူး”

နင်းချန်ရှင်းအနေနှင့် သူ့ဆရာ၏ခွန်အားကို သေချာအတပ်မသိသော်ငြား တစ်ဖက်လူထင်နေသလိုတော့ ရိုးရှင်းနေမှာမဟုတ်တာ သေချာသည်။

Comment

Leave a Reply

Options

not work with dark mode
Reset