အပိုင်း(၆၅၁)

ခေတ်သစ်တစ်ခု

ရွှေရောင်နတ်ငှက်က ကြောက်မက်ဖွယ် စွမ်းအားများ စီးဆင်းနေကာ ကောင်းကင်ကို ဖြတ်သန်း စီးဆင်းသွားသည်။ ရီဖူရှင်းကို ကြောက်မက်ဖွယ် ကောင်းသော သဘာဝ စွမ်းအင်များ စီးဆင်းနေကာ သူ့အား ဖိနှိပ်ရန် မဖြစ်နိုင်ပေ။

ရီဖူရှင်း မည်မျှ အားကောင်းသည်ကို အားလုံးက ခံစားမိသည်။ သို့သော်လည်း စီမင်ဟန်ကျင့် ရှေ့ကို တက်လာသည်တွင် ခြေလှမ်း တစ်လှမ်းက ကောင်းကင်တွင် ရေခဲကမ္ဘာတစ်ခု ဖြစ်လာသည်။ နှင်းစက်များက ရေခဲချွန်တစ်ခုစီ ဖြစ်သွားကြသည်။ နှင်းစက်များက ဓားသွားများလို ထက်ရှကာ ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်ကို ငွေရောင် အလင်းတန်းများကဲ့သို့ ကျဆင်းလာကြသည်။

ရီဖူရှင်းက အတောင်ပံများကို ဖြန့်ကာ လေထုကို ခွင်းလျက် ရေခဲချွန်များနှင့် အဆက်မပြတ် ရင်ဆိုင်မိသည်။ သူက နှင်တင်ကို ဝှေ့ယမ်းသည်တွင် မရေမတွက်နိုင်သော ရေခဲချွန်များကို ပျက်စီးစေသည်။

စီမင်ဟန်ကျင့်က ရှေ့ကို တိုးလာသည်တွင် ပိုမို အားကောင်းသော ရေခဲအသိ ဖြစ်ပေါ်လာသည်။ ရီဖူရှင်းက လှုပ်ရှားရန်ပင် ပိုမို ခက်ခဲလာသည်ဟု ခံစားရသည်။ သို့သော် သူက နှင်တံကို ဆက်လက် လှုပ်ရှားဝှေ့ယမ်းသည်။ ဒုတိယရိုက်ချက် လေထုကို ဖြတ်သန်းသွားကာ စီမင်ဟန်ကျင့်ထံကို တိုးဝင်သွားသည်။ စီမင်ဟန်ကျင့်က ထိုရိုက်ချက်ကို မြင်ကာ ရေခဲ အရံအတားဖြင့် ခုခံသည်။ သူ၏လက်မှ ဓားက ရှေ့ကို တိုးဝင်လာကာ ဒုတိယရိုက်ချက်အား နှစ်ခြမ်း ဖြစ်သွားစေသည်။

ထိုအခိုက်တွင် ရီဖူရှင်း၏ ခန္ဓာကိုယ်က အလွန်အမင်း တောက်ပလာကာ တတိယရိုက်ချက်နှင့် စတုတ္ထရိုက်ချက်တို့ ထွက်ပေါ်လာသည်။ ရိုက်ချက်များက ကောင်းကင်နှင့် မြေပြင်ကို ပြိုကျပျက်စီး စေတော့မည်ကဲ့သို့ ထင်မှတ်ရသည်။ စီမင်ဟန်ကျင့်က အမှန်ပင် အလင်းတန်းများ အဖြစ် ပြောင်းလဲသွားကာ ရေခဲကမ္ဘာထဲ၌ ရိုက်ချက်ကို လှပစွာ ရှောင်တိမ်း သွားသည်။

သက်စောင့်ဝိညာဉ်အား ထုတ်ကာ စီမင်ဟန်ကျင့်က ရီဖူရှင်း၏အနီးကို ကပ်လာသည်။ တူညီစွာပင် နတ်ငှက် အတောင်ပံများကို ဖြန့်ကာ ရီဖူရှင်းကလည်း သူ့အနီးကို ကပ်လာသည်။ သူတို့ နှစ်ယောက်လုံးက မိမိတို့၏ စွမ်းရည်များကို ယုံကြည်ချက် ရှိကြသည်။

ရီဖူရှင်း၏ ပဉ္စမရိုက်ချက် ကျဆင်းလာသောအခါ စီမင်ဟန်ကျင့်၏ သက်စောင့်ဝိညာဉ်က ပုံရိပ်တစ်ခုကို ထုတ်ဖော်၏။ တစ်လောကလုံး ရေခဲကမ္ဘာအဖြစ် ပြောင်းလဲသွားကာ ရီဖူရှင်း၏ လှုပ်ရှားမှုတိုင်းကို သက်ရောက်စေသည်။ စီမင်ဟန်ကျင့်က ဆက်လက် ရှောင်တိမ်းခြင်း မရှိတော့ဘဲ ရီဖူရှင်း၏ ရိုက်ချက်ကို တိုက်ရိုက် ရင်ဆိုင်သည်။ ကောင်းကင်တစ်ခုလုံး ပြိုကျသည့်အလား တဝုန်းဝုန်း အသံများ ကြားရကာ ရေခဲလွှာများက အစိတ်အစိတ် အပိုင်းပိုင်း ဖြစ်ကြရသည်။ ရေခဲကမ္ဘာထဲတွင် စီမင်ဟန်ကျင့် ပျောက်ကွယ်သွားကာ အလင်းတန်းအသွင် ပြောင်းလဲသွားပြီး သူ၏ဓားက ရီဖူရှင်း၏ လည်ပင်းကို ဦးတည်ကာ ပျံသန်းသွားသည်။

ထိုအခိုက်တွင် ရီဖူရှင်းက လုံးဝ လှုပ်ရှား မရတော့သကဲ့သို့ ခံစားရသည်။ စီမင်ဟန်ကျင့်တွင် ရေခဲစွမ်းအင် ရှိရုံမက သူ၏ ပြောင်မြောက်သော ဓားပညာကလည်း လေကဲ့သို့ မြန်ဆန်သည်။ သူ၏ဓားက ထူးခြားသော စွမ်းရည် မရှိသော်လည်း တစ်ဖက်လူ၏ အားနည်းချက်ကို တိုက်ရိုက် တိုက်ခိုက်နိုင်စွမ်း ရှိသည်။ သည်၏ တိုက်ကွက်က တိုက်ပွဲကို အဆုံးအဖြတ် ပေးနိုင်စွမ်း ရှိသည်။ သူ၏ ရေခဲစွမ်းအင်နှင့် ပေါင်းပါက စီမင်ဟန်ကျင့်ကား အမှန်ပင် ပြိုင်ဘက် ကင်းနိုင်သည်။

စီမင်ဟန်ကျင့်၏ ရေခဲဓား သူ့ထံကို ရောက်လာသည်တွင် ရီဖူရှင်းက ခံစားချက် ကင်းမဲ့စွာ ပြောသည်… “ကောင်းကင်အေးခဲခြင်း…” မှော်ပညာ ထွက်ပေါ် လာသည်တွင် လေထုက ချက်ချင်း ရပ်တန့်သွားသည်။ စီမင်ဟန်ကျင့်က အလွန် အားကောင်းသော သီးသန့်နယ် တစ်ခုကို ရင်ဆိုင်ရသည်။ ထိုအထဲတွင် အလွန် အားကောင်းသော သိုင်းပညာအသိ ပါဝင်ကာ သူ၏လှုပ်ရှားမှုကို ကြီးစွာသော ဖိအားပေး၏။ သူက မရေမတွက်နိုင်သော ဓားအသိများကို ထုတ်ဖော်ကာ သီးသန့်နယ်အား ဖြတ်တောက်ရန် ကြိုးစားသည်။ သို့သော်လည်း ထိုအချိန်တွင်ပင် နတ်ငှက် အတောင်ပံက ရေခဲကမ္ဘာကို နှစ်ခြမ်းခွဲကာ ရီဖူရှင်း၏နှင်တံက ကျဆင်းလာသည်။

စီမင်ဟန်ကျင့်က ရီဖူရှင်း၏ကောင်းကင် အေးခဲ သီးသန့်နယ်မှ လွတ်မြောက်လာသည်။ သို့သော် ထိုအခိုက်တွင် ရေခဲကမ္ဘာက ရီဖူရှင်း၏နှင်တံကို တားဆီးခြင်း မရှိသည်ကို မြင်လိုက်ရကာ မျက်နှာက ပျက်ယွင်းသွားသည်။ ထိုရိုက်ချက်တွင် ရှီအသိ အငွေ့အသက်ကို အမှန်ပင် သူခံစားရသည်။ ထိုအခိုက်တွင် ရီဖူရှင်း၏ပညာက သူ၏ပညာနှင့် တန်းတူ အခြေအနေ တစ်ခုသို့ ရောက်ရှိနေပြီကို စီမင်ဟန်ကျင့် သိလိုက်သည်။

သူက ဓားကို ဆန့်တန်းသည်တွင် ဓားအလင်းတန်းများ ကောင်းကင်တစ်ခွင် ဖုံးလွှမ်းသွားသည်။ သို့သော်လည်း နှင်တံရိုက်ချက် အောက်တွင် အရာခပ်သိမ်းက ပြိုပျက် သွားရသည်။ ထိုအခိုက်တွင် စီမင်ဟန်ကျင့်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်ကို ကျဆင်းကာ ဘုန်းခနဲ မြည်သည်။ လူအများအပြားက တုန်လှုပ်စွာဖြင့် ထိုမြင်ကွင်းကို ကြည့်နေကြသည်။

စီမင်ဟန်ကျင့်နှင့် ရီဖူရှင်းတို့က ဝင်ခွင့်ပထမရသူများ ဖြစ်ကြသည်။ ရီဖူရှင်းက စီမင်ဟန်ကျင့်ထက် မျိုးဆက်တစ်ခု နောက်ကျ၏။ သို့သော်လည်း သူက စီမင်ဟန်ကျင့်ကို တိုက်ရိုက် ရင်ဆိုင်ကာ အနိုင်ယူခဲ့သည်။

ရီဖူရှင်းကား သံသယဝင်စရာ မလိုအောင် ပါရမီရှင် အဆင့်၁ဖြစ်သည်။ သူကား တတိယတန်းစား နိုဘယ်ဖြစ်လျှင်ပင် နိုဘယ်အဆင့်တွင် ပြိုင်ဘက်ကင်းသည်။

ယနေ့တိုက်ပွဲ အပြီးတွင် ရီဖူရှင်းအား မည်သူ မေးခွန်း ထုတ်ရဲတော့မည်နည်း။ သူ့အား ပြောဆို ဝေဖန်သူများက ယနေ့တိုက်ပွဲ အပြီးတွင် ပါးစပ်ပိတ် သွားကြပေရော့မည်။

တော်ဝင်ကျဲနန်းတော် တပည့်များ အတွက်မူကား ယနေ့က ခေတ်သစ်တစ်ခု၏ အစဖြစ်သည်။ မှန်သည်… ရီဖူရှင်း၏ခေတ် ဖြစ်သည်။

သူ့မတိုင်မီ ဟွာဖန်းကား သည်မျှ ထူးချွန်ခြင်း မရှိသေးပေ။ ရီဖူရှင်းနှင့် ယှဉ်မည်ဆိုပါက ပိုင်လွေလီ၏ ခေတ်ကိုသာ ပြရပေမည်။ ဤသို့ဆိုလျှင် ထိုနှစ်ယောက်တွင် မည်သူက ပိုမိုထူးချွန်သနည်း။ နောက်တွင် ရီဖူရှင်းက အမှန်ပင် ပိုင်လွေလီကို စိန်ခေါ်နိုင်လောက် ပေသည်။

အားလုံး၏ စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များကို ရနေကြသည်။ တော်ဝင်ကျဲ နန်းတော်က သူတို့၏ ရွှေရောင်မျိုးဆက်ကို စတင် ကြိုဆိုနေသည့်အလား ထင်မှတ်ရသည်။ ပိုင်လွေလီ၊ ဟွာဖန်း၊ ရီဖူရှင်းနှင့် ယူချင်းတို့ အားလုံးက အလွန်အမင်း ထူးချွန်ကြသည်။

ပိုင်စီ၊ ကျူးကော့ရှင်း၊ စီမင်ကုနှင့် တခြား တော်ဝင်ရှီနန်းဆောင်မှ လူများအားလုံး ဆွံ့အနေကြသည်။ တော်ဝင်ရှီနန်းတော်က တိုက်ပွဲတွင် လုံးဝရှုံးနိမ့်ခဲ့သည်က ပထမဆုံး အချိန်အခါဖြစ်သည်။ တိုက်ခိုက်ရေး ရှီနန်းဆောင်က လူငယ်မျိုးဆက်ကို ဦးဆောင်သည်ကလည်း သည်တစ်ခေါက် ပထမဦးဆုံး ဖြစ်သည်။

စီမင်ဟန်ကျင့်က ခက်ခဲစွာ ထရပ်ပြီး ရီဖူရှင်းကို ကြည့်သည်။ စီမင်ဟန်ကျင့်အတွက် မူကား သူက အလွန် ထူးချွန်သော်လည်း ပိုင်လွေလီနှင့် ရီဖူရှင်းတို့ကဲ့သို့ မဖြစ်လာခဲ့ပေ။ သူက ဝင်ခွင့်ပထမကို အလွန်ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရသလို ပါရမီရှင် အဆင့်၁ကို ရရှိရန်လည်း တိုက်ပွဲများစွာကို တိုက်ခိုက်ခဲ့ရသည်။ ထို့နောက် သူက ပါရမီရှင် အဆင့်၁ကို ရပြီး သိပ်မကြာမီတွင်ပင် ရီဖူရှင်းဖြင့် အစားထိုးခံခဲ့ရသည်။ သူက တတိယတန်းစား နိုဘယ်ဖြစ်သော ရီဖူရှင်းထံတွင် ရှုံးနိမ့်ခဲ့သည်။ နောက်တွင် သူက ရှီအဆင့်ကို တက်လှမ်းနိုင်သော အခါတွင်မှ သူက ရီဖူရှင်းကို စိန်ခေါ်ရန် အခွင့်အလမ်း ရှိလောက်ပေတော့မည်။

စီမင်ဟန်ကျင့်က ဘာမှ မပြောတော့ဘဲ​ နောက်လှည့်ကာ ထွက်သွားသည်။ ယနေ့တိုက်ပွဲ အပြီးတွင် အရာအားလုံးက ပြီးဆုံးသွားပြီကို သူ နားလည်သည်။

ပြီးသွားပြီ။ အားလုံးက တွေးလိုက်ကြသည်။ ပါရမီရှင် အဆင့်တိုက်ပွဲ၏ အရေးအကြီးဆုံး အဆုံးအဖြတ် တိုက်ပွဲက ပြီးဆုံးသွားပြီ ဖြစ်ကာ အားလုံးက ထွက်သွားသင့်ပြီ ဖြစ်သော်လည်း ထွက်မသွားလိုကြပေ။

“ရီဖူရှင်း…” တစ်ယောက်က လှမ်းခေါ်သည်။ ရီဖူရှင်းက နောက်လှည့်ကာ ထိုလူအား ကြည့်သည်။ သူကား ပါရမီရှင် အဆင့်၁၈ ဖြစ်ကာ ရီဖူရှင်းကို ကြည့်၍ မေးသည်… “ထိကန်းနဲ့ စီမင်ဟန်ကျင့်… ဘယ်သူ အားကောင်းလဲ…”

တော်ဝင်ကျဲ နန်းတော်ကား မြေရိုင်းပြည်နယ် တစ်ခုလုံး၏ အကောင်းဆုံး လေ့ကျင့်ရာ နယ်မြေဖြစ်သည်။ သို့သော် ထိကန်းနှင့် ဟောင်ကျူဂီတို့ကဲ့သို့ ခြွင်းချက်မဲ့ ပါရမီရှင်များလည်း ရှိပေသေးသည်။ အားလုံးက မည်သူ ပိုအားကောင်းသည်ကို သိလိုကြ၏။

“တိုက်ရိုက် ရင်ဆိုင်ရရင်… ထိကန်းက ပိုအားကောင်းတယ်…” ရီဖူရှင်းက ပြန်ပြောသည်။ သူက စီမင်ဟန်ကျင့်အား နှိမ့်ချပြောဆိုခြင်း မဟုတ်ပေ။ ထိကန်းက အမှန်ပင် အားကောင်းပေသည်။

လူအများအပြားက အံ့အားသင့်ကြသည်။ စီမင်ဟန်ကျင့်ကား ပါရမီရှင် အဆင့်၁ဖြစ်ခဲ့ဖူးရာ ဤသို့ဆိုပါက တော်ဝင်ကျဲနန်းတော်က ရီဖူရှင်းကြောင့် မဟုတ်လျှင် ထိကန်းထက် အားနည်း သွားသည်ဟု ဆိုလိုသည်။ သို့သော်လည်း ယခု ရီဖူရှင်းနှင့် ယူချင်းတို့ကို သူတို့ ပိုင်ဆိုင်၏။ နောက်တွင် သူက ဒုတိယတန်းစား၊ ပထမတန်းစား နိုဘယ်များသို့ အဆင့်တက် သွားလျှင် နိုဘယ်အဆင့်၌ မည်သူက သူ့ကို မေးခွန်း ထုတ်ရဲတော့မည်နည်း။ သူကား နိုဘယ်အဆင့် ပြိုင်ဘက်ကင်း ဖြစ်သည်။

လူအုပ်က စတင်၍ ပြန့်ကျဲသွားသည်။ ယနေ့မုန်တိုင်းက ရီဖူရှင်း၏ မောက်မာသော စကားကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သော်လည်း ရီဖူရှင်းက သူ့တွင် ထိုသို့ ပြောနိုင်သော စွမ်းရည်အား သက်သေ ပြသွားသည်။ ရီဖူရှင်းနှင့် ရင်းနှီးသူများမူကား ထွက်သွာခြင်း မရှိကြသေးပေ။ စုချွဲက ပြုံးလျက် ပြောသည်… “ငါတို့ အောင်ပွဲခံကြမလား…”

ရီဖူရှင်းက သူ့အား ရယ်မော၍ ပြောသည်… “ငါက အစကတည်းက ပါရမီရှင် အဆင့်၁ပဲ… အောင်ပွဲခံစရာ လိုလို့လား…”

“မင်းက အခု အဆင့်၁ပဲ… ဒါကြောင့် မင်းပြောသမျှ မှန်တယ်…” စုချွဲက ဟန်ဆောင် အပြုံးဖြင့် ပြောသည်။ ရီဖူရှင်း၏စကားက သူ့အား အမှန်ပင် ရိုက်နှက်လိုစိတ် ဖြစ်စေသည်။ သူကား အဆင့်တစ်ရသည်ကို စိတ်ဝင်စားဟန် မရပေ။

“ဒါပေမဲ့ ဒီခံစားချက်က တော်တော် လတ်ဆတ်တယ်…” ရီဖူရှင်းက နှာခေါင်းကို ပွတ်ကာ ပြောသည်။ တော်ဝင်ကျဲ နန်းတော်တွင် သူနှင့်ပတ်သက်၍ ဝေဖန်သံများ ပျောက်ကွယ် သွားတော့မည် ဖြစ်သည်။

“ငါတစ်ယောက်ယောက်ကို တကယ်ပဲ ရိုက်နှက်ချင်တယ်…” ကျွေ့ချိန်ချူက ပြောသည်။

“ဒါဆိုလည်း လုပ်လေ…” စုချွဲက ကျွေ့ချိန်ချူကို ပြောသည်။

“ငါက သူ့ကို မနိုင်ရင် ဘယ်လိုလုပ်မလဲ…” ကျွေ့ချိန်ချူက ပြန်ပြောသည်။

“ဒါဆိုလည်း သောက်ကြမယ်…”

ဟွာဂျီယူက ရီဖူရှင်း၏လက်ကို ဆွဲကိုင်သည်တွင် အချင်းချင်း ပြုံးမိကြသည်။ ရီဖူရှင်းက သုံးနှစ်ကာလ တစ်ခုဖြင့် မိမိကိုယ်ကို သက်သေပြခဲ့ပြီး ဖြစ်သည်။ သူကား လက်ရှိ နိုဘယ်အဆင့်တွင် ပြိုင်ဘက် ကင်းသည်။ မကြာမီ မြေရိုင်းပြည်နယ် တစ်ခုလုံးက သူ၏နာမည်ကို သိကြပေတော့မည်။

သူမကလည်း သူ့အတွက် ပျော်ရွှင်ရ၏။

***

မကြာမီ ပါရမီရှင် အဆင့်ဇယားရှေ့တွင် ရပ်ကာ လူအများအပြားက ဇယား အပြောင်းအလဲကို စောင့်နေကြသည်။ ထင်မှတ်ထားသည့် အတိုင်းပင် အကြီးအကဲ တစ်ယောက် ရောက်လာကာ အဆင့်ဇယားကို ပြင်ဆင်သည်။

ရီဖူရှင်း၏ ပထမနေရာကား ပြောင်းလဲခြင်း မရှိပေ။ သို့သော် ဒုတိယနေရာမှ လူကို မြင်သည်တွင် အားလုံးက ထိတ်လန့် သွားကြသည်။

ယူချင်းက ရီဖူရှင်း၏နောက်ကို ရောက်လာကာ ပါရမီရှင်အဆင့် ဒုတိယ ဖြစ်သွားသည်။

စီမင်ဟန်ကျင့်က ပထမနေရာမှ တတိယနေရာသို့ ကျဆင်းသွားသည်။

“ဟူး…” လူအများအပြားက သက်ပြင်းချကြသည်။ သည်ပါရမီရှင် နှစ်ယောက်က နန်းတော်ကို လွန်ခဲ့သော သုံးနှစ်ကာလကမှ ရောက်လာခဲ့ကြ သော်လည်း ပါရမီရှင်အဆင့်၁နှင့် အဆင့်၂ကို ရယူထားကြသည်။ ထိုအရာက အံ့ဖွယ်ပင်။

ယူချင်း၏ အဆင့် ထိုးတက်မှုကြောင့် လျန်ယွီချန်း၏ ပါရမီရှင်အဆင့်က တစ်ဖန်အောက်ကို ကျဆင်းသွားသည်ကို လူအများအပြားက ရိပ်မိလိုက်ခြင်းမရှိကြတော့ပေ။

***


Comment

Leave a Reply

Options

not work with dark mode
Reset