ထိုသို့ပြောကာ ရီဖူရှင်းက ရှေ့ကို ဝင့်ထည်စွာ လှမ်းလာသည်။ သူရွေ့လျားသည်တွင် ထောင်ကျန်းခန္ဓာကလည်း သူနှင့်အတူ ထိကန်းထံသို့ လိုက်ပါလာသည်။ မှော်စွမ်းအင် ထုတ်ဖော်မှုနှင့်အတူ လေဟာနယ်က အေးခဲသွားကာ ကြီးမားသော ဖိအားက ထိကန်းထံကို ကျဆင်းလာသည်။ သည်တစ်ခေါက် စွမ်းအားက ပထမတစ်ခေါက်ကထက် ပိုမို အားကောင်းသည်။ နတ်လူဝံက ရှေ့ကို လက်ဝါးဖြင့် လှမ်းရိုက်သည်။ ထိုလက်ဝါး ရိုက်ချက်၏ ခွန်အားက ကောင်းကင် တစ်ခုလုံးကိုပင် တုန်ခါစေကာ ထိကန်းထံသို့ တိုက်ရိုက် တိုးဝင်သွားသည်။
ထိကန်းကား ချပ်ဝတ်ကို ဝတ်ဆင်ထားဆဲ ဖြစ်သည်။ မီးငှက်က မီးလျှံများ တောက်ပ ဝင်းလက်စွာဖြင့် ပေါ်လာကာ ကောင်းကင်တစ်ခွင်ကို မြည်ဟည်းသွားအောင် အော်ဟစ်သည်။ သူ၏ထက်ရှသော လက်သည်းများက အရာခပ်သိမ်းကို အစိတ်စိတ် အပိုင်းပိုင်း ဖြစ်စေလျက် ရှေ့ကို တိုးလာသည်။
တိုက်ခိုက်မှုနှစ်ခု ရင်ဆိုင်မိသည်တွင် ထိကန်းကား နောက်ကို တစ်ဖန် ဆုတ်သွားရပြန်သည်။ သို့သော်လည်း ရီဖူရှင်း၏ ထောင်ကျန်းခန္ဓာကိုယ်၌ အက်ကွဲမှုများ စတင် ဖြစ်ပေါ်လာ၏။ တစ်ချိန်တည်းမှာပင် နတ်မီးငှက်၏ အလင်းတန်းများက နတ္ထိနယ်ကို စတင် လောင်ကျွမ်းလာကြသည်။ မော့ကြည့်လိုက်လျှင် ပုံရိပ်ယောင်များက ပိုမိုအားကောင်း လာသည်ဟု ရီဖူရှင်းက ခံစားရသည်။
‘ရှီအသိ…’ ရီဖူရှင်းက တွေးလိုက်သည်။ ထိကန်းကား ထိပ်သီးအဆင့် နိုဘယ်ဖြစ်ကာ ရှီအဆင့်ကို တက်လှမ်းရန် တစ်ဆင့်သာ လိုသေးသည်။ သူက ထိုအဆင့်၌ ရှီအသိကို မွေးဖွားထားနိုင်သည်မှာ အံ့အားသင့်စရာ မရှိပေ။
“သူက ပိုပြီး အားကောင်းလာတယ်…” မရေမတွက်နိုင်သော အကြည့်များက ထိကန်းထံကို ရောက်လာသည်။ သူက ကောင်းကင်တွင် နတ်ဘုရားတစ်ပါးလို ဝင့်ကြွားစွာ ရပ်နေသည်။ သူက နောက်ဆုံးတွင် သူ၏စွမ်းအားကုန်ကို ထုတ်သုံးတော့မည်လော…။ သို့ဆိုလျှင် တိုက်ပွဲက ပြီးဆုံးတော့မည်ဟု အားလုံးက တွေးလိုက်ကြသည်။ ရီဖူရှင်းအား လှမ်းကြည့်ကြရာတွင် သူက ရယ်မော၍ ပြောသည်…“ဒါတွေက မင်းတတ်နိုင်တာ အကုန်လား…”
ပရိသတ်များ အားလုံးက ရီဖူရှင်း၏လေသံမှ ယုံကြည်မှုကို အံ့အားသင့်ကြရသည်။ သူက ထိကန်းကို အနိုင်ယူနိုင်မည်ဟု ရီဖူရှင်းက အမှန်ယုံကြည် နေသလော။ အာခီမီ ကျောက်တိုင်နေရာ၌ သိုင်းပညာနယ်ပယ် တစ်ခုဖြစ်ပေါ်နေသည်။ ထိကန်း၏ခန္ဓာကိုယ်က နေမင်း အလင်းရောင်များဖြင့် လောင်ကျွမ်းနေသည်။ မီးငှက်က အော်ဟစ်သည်တွင် ရွှေရောင်အလင်းများက နေရာအနှံ့ကို ဖြန့်ကြက်၏။ မီးတောက်များက မီးတောက်ဖြူများထံသို့ ပျံ့နှံ့စိမ့်ဝင်လာသလို ရီဖူရှင်း၏ သိုင်းပညာ သီးသန့်နယ်ကိုလည်း လာရောက် လောင်ကျွမ်းနေသည်။
တိုက်ပွဲကွင်းပြင် တစ်ခုလုံးက မီးတောက်များဖြင့် ပြည့်နှက်နေသည်။ သည်ဖျက်ဆီးခြင်း နယ်ပယ်၌ မည်သည့်သက်ရှိကမှ အသက်မရှင်နိုင်ပေ။ အလင်းတန်းများက ထိကန်း၏နောက်ဘက် ရွှေရောင်သီးသန့် နယ်ထဲမှ ထွက်ပေါ်လာကြကာ သူ၏ခန္ဓာကိုယ်အား ချပ်ဝတ်တစ်ခုက ကာကွယ်ထားသည်။ ထိုချပ်ဝတ်က သိဒ္ဓိဝင်လက်နက် မဟုတ်ပေ။ အင်ပါယာမိသားစု၏ ဘိုးဘေးများက ချပ်ဝတ်လက်နက် ပညာရပ်ကို ဘေးဖယ်ကာ သိုင်းပညာကိုသာ ဆက်လက် လေ့လာခဲ့ကြသည်။ သို့သော်လည်း အင်ပါယာ မိသားစုက ချပ်ဝတ်ဝိညာဉ်ကို ပိုင်ဆိုင်ကြပေသည်။ ထိုအရာက သဘာဝ စွမ်းအင်များကို စုပ်ယူကာ သိဒ္ဓိဝင် လက်နက်များကို ဖန်တီးနိုင်၏။ ထို့ကြောင့် ထိကန်းက သက်စောင့်ဝိညာဉ်ကိုသာ အသုံးပြုခြင်းဖြစ်ကာ သိဒ္ဓိဝင်လက်နက်ကို အသုံးပြုသည်ဟု ပြော၍ မရပေ။ ရုတ်တရက် များစွာသော စစ်ရထားများ ဖြစ်ပေါ်လာသည်။ စစ်ရထားများက တိုက်ခိုက်ခြင်းမရှိပဲ ထိကန်း၏အနီးတွင်သာ ပေါလောမျောနေကြသည်။ သူတို့က စတင် တိုက်ခိုက်သည်နှင့် အရာခပ်သိမ်းက ပျက်စီးရပေတော့မည်။
စစ်မြေပြင်တွင် ထိကန်းက ထောင်ပေါင်းများစွာသော ရန်သူများကို တစ်ယောက်တည်း ရင်ဆိုင် အနိုင်ယူနိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူက တော်ဝင်ကျဲနန်းတော်မှ တပည့်များကို တစ်ခါမှ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။ ရီဖူရှင်းသာ မရောက်လာပါက သူက အမှန်ပင် တော်ဝင်ကျဲနန်းတော်မှ တပည့်များကို အနိုင်ယူနိုင်ပေလိမ့်မည်။ သို့သော် ယခု သူရင်ဆိုင်နေရသည်ကား မခန့်မှန်းနိုင်သော စွမ်းရည်များအား ပိုင်ဆိုင်ထားသူဖြစ်သည်။
ရီဖူရှင်းက ထိကန်း၏စွမ်းအားကို ခံစားမိသည်။ ရှီတန်ခိုးရှင် မဟုတ်သောသူက အစစ်အမှန် ရှီစွမ်းအားကို မထိန်းချုပ်နိုင်ပေ။ သူတို့က ရှီအသိကို ဆင်ခြင်နားလည် ထားသည့်တိုင် ကွာဟချက်ကား ကြီးမားပေသည်။ ထိကန်းက အာခီမီမြို့၏နံပါတ်၁ နိုဘယ်ဖြစ်သည့်တိုင် ရှီတန်ခိုးရှင် တစ်ယောက်ကို အနိုင်ယူရန် မဖြစ်နိုင်ပေ။
ရီဖူရှင်းက ကြယ်တာရာ အလင်းများ ရစ်ပတ်လျက် ရပ်နေသည်။ နတ်လူဝံကြီးက လက်ဆန့်တန်းကာ မဆုံးနိုင်သော သဘာဝ စွမ်းအင်များကို စုစည်းသည်။ သဘာဝ စွမ်းအင်များက သူ၏လက်ထဲတွင် ဧရာမကြယ်တာရာ နှင်တံအဖြစ် ပြောင်းလဲသွား၏။
ရီဖူရှင်းက သိုင်းပညာ၏ လက်ဟန်များကို လှုပ်ရှားကာ စတင်ရွေ့လျားသည်။ အလွန်အမင်း အားကောင်းသော အသိတစ်ခုက နတ်လူဝံ၏ ခန္ဓာကိုယ်ထဲကို စီးဝင်လာသည်။ သူ၏ခန္ဓာကိုယ်မှ သွေးကြောမငါးခု ပွင့်လာသည်။ ဧရာမနတ်လူဝံကြီးက အလင်းတန်းများ ဖြာထွက်လာကာ လက်မှ နှင်တံကို ဝှေ့ယမ်းသည်။ မဆုံးနိုင်သော သဘာဝ စွမ်းအင်များက သူနှင့် တစ်သားတည်း ဖြစ်သွား၏။ ကြီးမားသော အရှိန်အဟုန်ဖြင့် လူဝံကြီးက ပထမဆုံးသော ရိုက်ချက်ကို ထုတ်လိုက်သည်။
လေထု ပေါက်ကွဲသံနှင့်အတူ မီးတောက်များ အားလုံး ပျက်စီး ပြိုကွဲသွားသည်။ ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်ကား လူဝံဧကရာဇ်ကြီး ကိုယ်တိုင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ရီဖူရှင်းက တန်ခိုးအဆင့် မြင့်လေလေ သူ၏နားလည်မှု မြင့်လေလေ ဖြစ်ကာ ရိုက်ချက်တိုင်းကလည်း ပိုမိုအားကောင်း လာမြဲဖြစ်သည်။
ရီဖူရှင်းကား ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်ကို အသက် ဆယ့်ငါးနှစ်ကတည်းက လေ့ကျင့်လာခဲ့သူ ဖြစ်ကား သူ၏ အားအကောင်းဆုံးသော တိုက်ခိုက်ရေး ပညာလည်း ဖြစ်သည်။ သူက သိုင်းပညာအသိကို ရိုက်ချက်တွင် ပေါင်းစပ်သည်။ သူ၏ရိုက်ချက် ထွက်ပေါ်လာသည်တွင် သိုင်းပညာ အသိကလည်း ပေါက်ကွဲ ထွက်လာသည်။ သည်တိုက်ကွက်ကား ယခင်ကထက် ပိုမိုအားကောင်း လာ၏။
ဘုန်း… လေထုက တစ်ဖန် တုန်ခါသွားပြန်သည်။ ဧရာမ နတ်လူဝံကြီးက သူ၏နှင်တံကို ဝှေ့ယမ်းသည်တွင် စွမ်းအားများက ပိုမိုအားကောင်း သိပ်သည်းလာသည်။
တတိယ ရိုက်ချက်ပြီးတွင် ဟန်ချက်က ပိုမိုတည်ငြိမ်လာကာ ဆင့်ကဲ့အားလှိုင်းများက ခြောက်သွေ့ ပူပြင်းသော သိုင်းပညာ ပုံရိပ်ယောင်များအား ပျက်စီး ပြိုကွဲစေသည်။
“ကောင်းကင်ဘုံကိုးဆင့် ရိုက်ချက်ဆိုတာ ဒီလို ဖြစ်နေရမယ်…” ယန်ကျန်းက ခေါင်းမော့ကာ ရီဖူရှင်း၏ လှုပ်ရှားဟန်များကို အသေးစိတ် လိုက်လံ မှတ်သားနေသည်။
“သေစမ်း…” ထိကန်းက အေးစက်စွာ အော်ဟစ်သည်။ ရုတ်တရက် သူက စစ်ရထားကို ရှေ့သို့ ခုတ်မောင်းလာသည်။ ပတ်ဝန်းကျင် တစ်လျှောက်လုံးတွင်လည်း မီးလျှံမီးတောက်များ ဖြစ်ပေါ်လာကာ ရှိရှိသမျှသော အရာများကို လောင်ကျွမ်းသည်။
ထိုအခိုက်တွင်ပင် ကောင်းကင်ဘုံ ကိုးဆင့်ရိုက်ချက်၏ စတုတ္ထရိုက်ချက် ထွက်လာသည်။ နှင်တံဝှေ့ယမ်းမှု အောက်တွင် စစ်ရထားပုံရိပ်များ အားလုံး ပျက်စီး ပျောက်ကွယ် သွားရသည်။ သို့သော်လည်း ထိကန်းကား ရွှေမီးငှက်ချပ်ဝတ်၏ အကာအကွယ်ဖြင့်ပင် သူ၏စစ်ရထားကို မောင်းကာ ဆက်လက် တိုးဝင်လာသည်။ လူဝံကြီးက နှင်တံကို ဆက်လက် ဝှေ့ယမ်းသည်။ မဆုံးနိုင်သော သဘာဝစွမ်းအင်များ ဆင်းလာကာ ပဉ္စမရိုက်ချက်နှင့်အတူ ပေါင်းစပ် သွားကြသည်။
ထိကန်း၏ ခြေထောက်အောက်မှ စစ်ရထားက ရှေ့ကို တစ်ဟုန်ထိုး ပြေးဝင်လာကာ ရီဖူရှင်းအား လောင်ကျွမ်းရန် ကြိုးပမ်းသည်။ တစ်ချိန်တည်းမှာပင် ဧရာမမီးငှက်ကြီး တစ်ကောင်ပေါ်လာကာ ပဉ္စမရိုက်ချက်ကို ခုခံရန် ကြိုးစားသည်။
ကြီးမားသော ပေါက်ကွဲမှု တစ်ခုနှင့်အတူ မီးငှက်က အစိတ်စိတ် အပိုင်းအပိုင်း ဖြစ်သွားကာ စစ်ရထားလည်း ပြိုပျက်ရသည်။ တစ်ချိန်တည်းမှာပင် ထိကန်း၏ ခန္ဓာကိုယ်ကလည်း ဧရာမကြီးမားသော အသွင်းကို မြင်ကြရ၏။ မီးငှက်က သူ့ခန္ဓာကိုယ်ထဲကို ပျံသန်းသွားသည်တွင် နတ်ဘုရားတစ်ပါးအလား ထင်မှတ်ရသည်။ သူက ရီဖူရှင်းထံကို ပြေးဝင်သွားကာ ရှိရှိသမျှသော စွမ်းအားများဖြင့် ထိုးနှက်လိုက်သည်။ လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော ဖျက်ဆီးအားက ရီဖူရှင်း၏ သေကွင်းသေကွက်ကို ဝင်လာသည်။
တစ်ချိန်တည်းမှာပင် ရီဖူရှင်းကလည်း ဆဋ္ဌမရိုက်ချက်ကို ထုတ်လိုက်သည်။ မဆုံးနိုင်သော လှိုင်းလုံးများက ကနဦး ဆင်းသက်လာကာ ရှီအသိကို ဖိနှိပ်သည်။ လောက၏ စွမ်းအားများ အားလုံးက တစ်နေရာတည်းတွင် လာရောက် စုစည်းကာ ရီဖူရှင်း၏ ရိုက်ချက်နှင့် ပေါင်းဆုံသည်။ ဆဋ္ဌမရိုက်ချက်ကား ထိုနတ်ဘုရား အသွင်သဏ္ဌာန်ကို အမှန်ပင် နောက်ကို လွင့်စဉ် သွားစေ၏။
နတ်လူဝံကြီး၏ နှင်တံက စစ်နတ်ဘုရားနှင့် တွေ့ဆုံသည်။ ရီဖူရှင်းက သူ့ထံကို တိုးဝင်လာသော ကြောက်မက်ဖွယ် စွမ်းအားကိုလည်း ခံစားရ၏။ သူ၏လက်မှ နှင်တံက ပေါက်ကွဲကာ အစိတ်စိတ် အပိုင်းအပိုင်း အဖြစ် ပျောက်ကွယ် သွားသည်။ သို့သော်လည်း ထိကန်းလည်း ရုန့်ရင်းစွာ ရပ်တန့်လိုက်သည်။ သူက တစ်ချက် တုန်ယင်သွားကာ ထိုနေရာတွင်ပင် ရပ်နေသည်။ မကြာမီ ရီဖူရှင်း၏ဓမ္မနှင့် သက်စောင့်ဝိညာဉ်တို့ ပျောက်ကွယ် သွားကြ၏။ သူကလည်း ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသည်။
တိုက်ပွဲက ပြီးသွားပြီလော…။ ထိုအခိုက်တွင် မရေမတွက်နိုင်သော လူများက တိုက်ပွဲကို ကြည့်နေကြသည်။ မည်သူက အနိုင်ရသူ ဖြစ်သနည်း။
ရီဖူရှင်းနှင့် ထိကန်းတို့အနီးမှ သိုင်းပညာစွမ်းအားများ အားလုံး ပျောက်ကွယ်သွားကြပြီး ဖြစ်သည်။ သူတို့နှစ်ယောက်က တစ်ယောက်ကို တစ်ယောက်က တိတ်ဆိတ်စွာ ရပ်နေကြသည်။
အက်ကွဲသံများ စတင်ကြားလာ ကြရသည်။ ထိကန်း၏ ရွှေမီးငှက်ချပ်ဝပ်က အက်ကွဲသွားသည်။ ထို့နောက် အလင်းတန်းများ ဖြစ်ပေါ်လာကာ ချပ်ဝတ်လည်း ပျောက်ကွယ် သွားသည်။ သူ၏ကိုယ်ရောင် ကိုယ်ဝါလည်း အားနည်းသွားပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် စီးကျလာသည်။ ထိုအခိုက်တွင် ထိကန်းက သူ၏တစ်ကိုယ်လုံး အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်တော့မည်ကဲ့သို့ ခံစားရသည်။ နောက်ဆုံး ရိုက်ချက်က အလွန်အမင်း အားကောင်းလှသည်။
“ငါရှုံးသွားပြီ…” ထိကန်းက ဝန်ခံသည်။ ဖြစ်ပျက်ခဲ့သမျှကား အိပ်မက်ကဲ့သို့ပင်။ အာခီမီမြို့၏ အတော်ဆုံး ပါရမီရှင်ထိကန်းကား မိမိ၏စွမ်းရည်ကို ကောင်းကောင်းသိသူ ဖြစ်သည်။ သို့သော်လည်း သူကား တတိယတန်းစား နိုဘယ်တစ်ယောက်ကို အမှန်ပင် ရှုံးနိမ့်ခဲ့၏။
သူ၏ဝန်ခံစကားကို ကြားသည်တွင် အားလုံးက ထိတ်လန့်သွားကြသည်။ ထိကန်းက မည်သို့ ရှုံးနိမ့်ရသနည်း။ အာခီမီမြို့မှ လူများကား လုံးဝ မယုံကြည် နိုင်ကြသေးပေ။ တော်ဝင်ကျဲ နန်းတော်မှ ရီဖူရှင်းက ထိုမျှပင် အားကောင်းသလော။
“နောက်ဆုံး ပြီးသွားပြီလား…” တော်ဝင်ကျဲနန်းတော်မှ တပည့်များက ပြုံးကြသည်။ သည်တိုက်ပွဲက အချိန်များစွာ မကြာခဲ့သော်လည်း စိတ်နှလုံး တုန်လှုပ်ဖွယ်ရာ အခိုက်အတန့် တစ်ခုလည်း ဖြစ်သည်။ ထိကန်းကား အမှန်ပင် ပါရမီမြင့်သည်။ သို့သော် သူကား ကံမကောင်းစွာဖြင့် ရီဖူရှင်းနှင့် တွေ့ဆုံခဲ့ရ၏။
“မင်းက ငါ့ကို ဒီအထိ တိုက်ခိုက်နိုင်တာ တော်တော် အားကောင်းတယ်…” ရီဖူရှင်းက ပြောသည်။ သူကလည်း ထိကန်းကို အနိုင်ယူရန် ပညာများ ကုန်ဆုံးသွားပြီ ဖြစ်သည်။
ရီဖူရှင်း၏စကားကို ကြားသည်တွင် ထိကန်း၏မျက်နှာက ပြာနှမ်းသွား၏။ သည်စကားက လှောင်ပြောင်ခြင်းလား…။ သည်မတိုင်မှီ သူတို့နှစ်ဦးလုံးက ဝင်ကြွားခဲ့ကြသော်လည်း အနိုင်ရသူသာလျှင် အဆုံးသတ်၌ ရယ်မောနိုင်စွမ်းရှိ၏။ သူက ရှုံးနိမ့်ခဲ့မှတော့ ရီဖူရှင်းက မည်မျှ ဝင့်ကြွားပါစေ သူငြင်းပယ်၍ မရပေ။
***