Switch Mode

အခန်း (၁၇၈)

အောင်နိုင်ခြင်း

ဤသည်မှာ ယင်ဓာတ်အလောင်းကောင်အဘိုးကြီးသုံးနေကျနည်းလမ်းပင်တည်း။

ထိုနည်းလမ်းမှာ ကောင်းကင်ဘုံကိုပင်ရန်မူနိုင်သော နည်းလမ်းတစ်ခုဖြစ်သည့်အတွက် ရှေးယခင်ခေတ်များရှိ ဂိုဏ်းဂဏကြီးများနှင့် တော်ဝင်မိသားစုများအဖို့ ခေါင်းခဲချင်စရာအကြောက်တရားတစ်ခုဖြစ်ခဲ့သည်။

ဤလျှို့ဝှက်နည်းလမ်းမှာ သိုင်းပညာကျင့်ကြံသူတစ်ယောက်ကို အချိန်တိုအတွင်း ခွန်အားတိုးမြှင့်ပေးရုံသာမက အချိန်ကျလာလျှင်လည်း သူ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်နေသောတစ္ဆေက သူ့ခန္ဓာကိုယ်ထဲကိုကျူးကျော်ဝင်ရောက်လာပြီး သူ့စိတ်ဝိညာဉ်ကိုဝါးမျိုပစ်နိုင်လေသည်။

ထိုအချိန်ကျလျှင် ဝါးမျိုခံလိုက်ရသောလူက သက်ရှိအလောင်းကောင်အလား ဖြစ်သွားပေလိမ့်မည်။ ဤနည်းလမ်းဖြင့် အလောင်းကောင်များကိုဖန်တီးထားခြင်းဖြစ်သည်။

ဤလျှို့ဝှက်နည်းလမ်းကြောင့် ယင်ဓာတ်အလောင်းကောင်အဘိုးကြီး၏လက်အောက်ခံတို့မှာ အဆုံးမဲ့ခွန်အားများပိုင်ဆိုင်ထားကြသည်။

သူတို့ကို တိမ်လွှာဖီးနစ်အင်ပါယာကပင် ကြောက်ရွံ့ခဲ့ကြရသည်။

အဆုံးတွင်မူ သူတို့ဟာ အင်အားစုများစွာကိုစုစည်း၍ ယင်ဓာတ်အလောင်းကောင်အဘိုးကြီးနှင့် နောက်လိုက်အပေါင်းအပါများကိုဖျက်ဆီးချိတ်ပိတ်ခဲ့ကြသည်။

သံချပ်ကာဝတ်အမျိုးသားသုံးခဲ့သော လျှို့ဝှက်ကျင့်စဉ်သည် ယင်ဓာတ်အလောင်းကောင်အဘိုးကြီး၏လျှို့ဝှက်ကျင့်စဉ်ဖြစ်၏။

ထိုအချိန်မှာပင် ဟုန်ရင်၏အရှေ့ရှိအလောင်းကောင်ချီစွမ်းအင်တို့မှာ ကောင်းကင်ထက်သို့တစ်ဟုန်ထိုးတက်သွားချေသည်။

ကောင်းကင်ထက်၌ပြည့်နှက်နေသော အလောင်းကောင်အရှိန်အဝါများအကြားတွင် မရေမတွက်နိုင်သောသရဲတစ္ဆေများက ဟိန်းဟောက်နေပေသည်။ ပုံရိပ်ယောင်မျက်နှာကြီးမှာ အလွန်အမင်းကြမ်းတမ်းခက်ထန်လှသည်။ ၎င်းမှာ ဟိန်းဟောက်သံတစ်ခုကို အရပ်မျက်နှာအနှံ့နှံ့သို့ လွှတ်ထုတ်လိုက်သည်။

ကျင့်ကြံစဉ်နိမ့်ကြသောလူများမှာ နားများကိုအုပ်ထားလိုက်ကြပြီး နာကျင်နေသောအမူအရာများကို လှစ်ဟပြလာလေသည်။ တစ္ဆေငိုကြွေးသံများမှာလည်း သူတို့၏နားစည်ကိုထိုးဖောက်၍ သူတို့၏အသိဉာဏ်ပင်လယ်ထဲအထိ စီးဆင်းသွားသည်။

လူတိုင်း၏စိတ်ဝိညာဉ်မှာ လေပြင်းကြားက ဖယောင်းတိုင်မီးတောက်လေးနှယ် ယိမ်းထိုးနေချေသည်။ မြောက်ပိုင်းမဟာမိတ်အဖွဲ့ထဲရှိကျင့်ကြံသူများလည်း အနည်းနှင့်အများသက်ရောက်ခံနေရသည်။

ထိုအချိန်တွင် နေမဝင်အင်ပါယာ၏စစ်ကြောင်းသုံးခုကလည်း ပြန်လည်တိုက်ခိုက်ရန် အခွင့်ကောင်းကိုချောင်းမြောင်းနေပေသည်။

ထိုအခြင်းအရာကိုမြင်သော် ဟုန်ရင်ကလည်းတွန့်ဆုတ်မနေချေ။ သူ့ပတ်ပတ်လည်ရှိလူဝင်စားရေးစွမ်းအားများက ကောင်းကင်ထက်သို့ ဆန်တက်သွားသည်။

မီးတောက်မြွေများက လူဝင်စားရေးလှံတံကိုရစ်ပတ်ပစ်လိုက်သည်။ လူဝင်စားရေးစွမ်းအားနှင့်မီးတောက်ဆန္ဒများ၏ပေါင်းစပ်မှုက လေထုထဲတွင် အဖျက်ဓာတ်အရှိန်အဝါများကိုပေါ်ပေါက်လာစေသည်။

လူဝင်စားရေးလှံတံတစ်ဝိုက်ရှိလေထုမှာလည်း ဖရိုဖရဲဖြစ်သွားလေသည်။

လူဝင်စားရေးလှံတံကျင့်စဉ်ပင်တည်း။ ထိုကျင့်စဉ်ကို လုချန်ရှန်းပေးထားခြင်းဖြစ်၏။ သူ့အဆင့်ကိုငြား မသိနိုင်ပေ။

သို့သော် ဤလှံတံကျင့်စဉ်မှာ ယခင်က သူ(မ)ကျင့်ကြံခဲ့ဖူးသော လှံတံကျင့်စဉ်နှင့် အခြားကျင့်စဉ်များထက် ပိုအစွမ်းထက်ကြောင်းကိုတော့ သူ(မ)သိသည်။ ပထမဆုံးတိုက်ကွက်တစ်ခုတည်းကပင် သူ(မ)ကို ထိတ်လန့်စေခဲ့သည်။

၎င်းမှာ အလွန်အမင်းဆန်းကြယ်လှသည်။

ဤတိုက်ကွက်ကို ဟုန်ရင်နားလည်သဘောပေါက်သည်မှာ ကြာလှရှိချေပြီ။

ယခု ထိုတိုက်ကွက်ကို သူ(မ)ထုတ်သုံးလိုက်သောအခါ လူဝင်စားရေးစွမ်းအင်တန်းတစ်ခုက ဟုန်ရင်၏မျက်ခုံးနှစ်ဖက်ကြားနေရာမှ ဖြာထွက်လာပြီး ကောင်းကင်တစ်ခုလုံးဖုံးလွှမ်းသွားသည်။

ထို့နောက် ထိုအရာများသည် ကျယ်ပြောလှသောသမုဒ္ဒရာကြီးကဲ့သို့ လူဝင်စားရေးလှံတံကိုယ်ထည်ပေါ်သို့ စုစည်းသွားလေသည်။

ဟုန်ရင်ကလည်း သူ(မ)၏လှံတံကို လက်နှစ်ဖက်ဖြင့်ကိုင်မြှောက်၍ တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။ ထို့နောက် ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်သည်။

လူဝင်စားရေးစွမ်းအားများ တစ်ဖန်ထွက်ပေါ်လာပြန်လေသည်။ သံချပ်ကာဝတ်အမျိုးသားကလည်း ကြောက်မက်ဖွယ်ရာဟိန်းဟောက်သံကြီးတစ်ခုကို လွှတ်ထုတ်လာသည်။ အော်ဟစ်ဟိန်းဟောက်သံများကြားတွင် ယင်ဓာတ်ဝိညာဉ်ချီစွမ်းအင်များ ထွက်ပြူလာသည်။

ထို့နောက် အဆုံးမဲ့အလောင်းကောင်အရှိန်အဝါကိုသယ်ဆောင်ထားရင်း သံချပ်ကာဝတ်အမျိုးသားက လေဟာနယ်ထဲကို ရုတ်ခြည်းခြေချလိုက်သည်။

သူဟာ လှောင်အိမ်ထဲကလွတ်ထွက်လာသောသားရဲကောင်အလား ပြေးထွက်လာပြီး ဟုန်ရင့်ဆီကိုဦးတည်လာသည်။ ထို့နောက် လက်သီးမြှောက်လိုက်သည်မှာ လေထုကိုပင်ထိုးခွင်းလုမတတ်ပင်။

ဟုန်ရင်ကတော့ လုံးဝကြောက်ရွံ့မနေပေ။ သူ(မ)၏မျက်ဝန်းအစုံမှာ ဆုံးဖြတ်ချက်ခိုင်မာနေ၏။ အမူအရာကလည်း ပေါ့ပေါ့ပါးပါးသာ။

သူ(မ)၏လက်ထဲရှိ လူဝင်စားရေးလှံတံကို ရုတ်ခြည်းထိုးခွင်းလိုက်လေသည်။ လူဝင်စားရေးစွမ်းအင်များက ဝဲဂယက်ကြီးတစ်ခုအဖြစ်ပြောင်းလဲသွားပြီး သံချပ်ကာဝတ်အမျိုးသားကို တိုက်ချလိုက်သည်။

ဤသည်မှာ လူဝင်စားရေးလှံတံကျင့်စဉ်၏ပထမဆုံးတိုက်ကွက်ဖြစ်သည်။

ထိုအခိုက်အတန့်လေးမှာ မိုးကြိုးနှင့်လျှပ်စီးများက ကောင်းကင်ယံထက်တွင် ပေါင်းဆုံမိသွားကြသည်။ လူဝင်စားရေးစွမ်းအာများက ကောင်းကင်ယံ၌ ပြည့်နှက်သွားသည်။

၎င်းက ကြောက်မက်ဖွယ်ရာအလောင်းကောင်အရှိန်အဝါကြီးကို တိုက်ခိုက်ဟန်ပြင်လိုက်သည်။ ထို့နောက် ဘန်းခနဲမြည်သံနှင့်အတူ ဝင်တိုက်မိကြသည်။

အလောင်းကောင်အရှိန်အဝါများဖြင့်ရစ်ပတ်ထားသော သံချပ်ကာဝတ်အမျိုးသား၏လက်သီးဆုပ်ကြီးမှာ လူဝင်စားရေးစွမ်းအားကြောင့်ဖြစ်ပေါ်လာသော လှံတံဝဲဂယက်ကြီးကို ရုတ်ခြည်းထိုးချပစ်လိုက်သည်။

ထိုအချိန်မှာ အာကာသနတ်ဘုရားအလယ်အလတ်အဆင့်စွမ်းအားများ ထွက်ပေါ်လာပြီး အရှိန်အဝါများကလည်း အရပ်မျက်နှာအနှံ့သို့ ပြန့်ကြဲကုန်လေသည်။

လူပေါင်းမြောက်များစွာဟာ သူတို့လုပ်လက်စများကိုရပ်တန့်၍ ကောင်းကင်ထက်ရှိတိုက်ပွဲကို စိုးရိမ်တကြီးမော့ကြည့်လိုက်ကြသည်။

ဤတိုက်ခိုက်မှုမှာ သေရေးရှင်ရေးထိုးနှက်ချက်တစ်ခုဖြစ်သည်။ အခြားရွေးချယ်စရာဟူ၍ သံချပ်ကာဝတ်အမျိုးသားကို သတ်ပစ်ရန်သာဖြစ်သည်။သို့မဟုတ်ပါက ဟုန်ရင် အထိနာပြီးနောက်ဆုတ်ရပေလိမ့်မည်။

ဤသည်မှာ ယဲ့ချိုးပိုင်၊ နင်းချန်ရှင်းနှင့် ဟုန်ရင်တို့တွေးမထားခဲ့ဖူးသောဖြစ်ရပ်ပင်။ အကြောင်းမှာ ယခုလိုဖြစ်နိုင်ခြေက အလွန်နည်းနေသောကြောင့်ပင်။

ဟုန်ရင်က ရှေးခတ်အခါကဧကရီတစ်ပါးဖြစ်ပြီး နောက်ဆုံးသောဧကရီလည်းဖြစ်၏။ သူ(မ)၏အခြေံအုတ်မြစ်က ကြွယ်ဝပြီး အလွန်တရာအစွမ်းထက်လှသည်။

ယခုမူ သူ(မ) ကိုးကြိမ်မြောက်ပြန်လည်မွေးဖွားလာပြီဖြစ်ရာ သူ(မ)၏စွမ်းရည်အားလုံးကို ဤဘဝဤခန္ဓာထဲသို့ပေါင်းစည်းလိုက်ပြီဖြစ်၏။ ထို့နောက် လုချန်ရှန်သင်ပေးထားသော လူဝင်စားရေးလှံတံကျင့်စဉ်လည်းရှိနေသေးသည်။

ဤအဆင့်မြင့်နည်းဗျူဟာများဖြင့်ဆိုပါက သူ(မ) ဘယ်လိုလုပ်ရှုံးနိုင်မတဲ့လဲ။

သူ(မ)သာ အရှုံးဖြင့်တပ်ဆုတ်လိုက်ပါက ကောင်းကင်ဘုံလမ်းမထက်မှာ တစ်ဖန်ပြန်လည်တိုက်ခိုက်နိုင်စွမ်း ဘယ်ရှိတော့မလဲ။

ထင်ထားသည့်အတိုင်းပင် ကြောက်ရွံ့နေကြသော လူတိုင်း၏အကြည့်နှင့် ယဲ့ချိုးပိုင်နှင့်နင်းချန်ရှင်းတို့၏သာမန်ကာလျှံကာအမူအရာများအောက်တွင် လူဝင်စားရေးဝဲဂယက်ကြီးက ထိုးခွင်းပစ်လိုက်ချေသည်။

ထိုအချိန်တွင် ၎င်းမှာ သံချပ်ကာဝတ်အမျိုးသား၏လက်မောင်းကို ရေညှိခြောက်လေးများခြေမွှသလို အလွယ်တကူအမှုန့်ခြေပစ်လိုက်သည်။

တိုက်ခိုက်မှုကား ရပ်တန့်မသွားပေ။

သံချပ်ကာဝတ်အမျိုးသား၏ လက်ကျန်အသိစိတ်ထဲတွင် ထိတ်လန့်သွားလေဟန်အမူအရာပေါ်လာပြီးနောက် လူဝင်စားရေးဝဲဂယက်ကြီးက သူ့ကိုဝါးမျိုပစ်လိုက်သည်။ အော်ဟစ်သံများလည်း ညံစီသွား၏။

သံချပ်ကာဝတ်အမျိုးသား၏ခန္ဓာနှင့်စိတ်ဝိညာဉ်ကား ထာဝရပျောက်ကွယ်သွားလေပြီ။

ဤရိုက်ချက်တစ်ချက်တည်းဖြင့် သူ့ခွန်အားကို အာကာသနတ်ဘုရားအလယ်တန်းအဆင့်ကိုတိုးမြှင့်ပေးရန်အတွက် လျှို့ဝှက်ကျင့်စဉ်ကိုအသုံးပြုလိုက်သည်။

နေမဝင်အင်ပါယာ၏ အလယ်တန်းရှိစစ်တပ်၏တပ်မှူးမှာ သုတ်သင်ခံလိုက်ရလေပြီ။ သူကား လူဝင်စားဖို့လည်းမဖြစ်နိုင်တော့ချေ။

ဟုန်ရင်က လက်တစ်ဖက်တည်းဖြင့် လူဝင်စားရေးလှံတံကိုကိုင်စွဲ၍ လှံတံထိပ်ဖျားကို မြေပြင်ထက်သို့ညွှန်လိုက်သည်။ သူ(မ)က ဤမြင်ကွင်းကိ သာမန်ကာလျှံကာစိုက်ကြည့်နေပေသည်။

သူ(မ)မှာ ပြိုင်ဘက်ကင်းနတ်ဘုရားမအလားပင်။

သူ(မ)၏အမြင်မှာတော့ ဤရလဒ်ကမထူးဆန်းပေ။ ထို့နောက် ဤတိုက်ပွဲ၏အနိုင်ရမှုကြောင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့၏စိတ်ဓာတ်ခွန်အားမှာ လုံးဝမြင့်တက်လာလေတော့သည်။

လူတိုင်းက ခွန်အားကုန်ထုတ်သုံးလာကြပြီး နေမဝင်အင်ပါယာ၏စစ်တပ်ကြီးဆီသို့ မကြောက်မရွံ့ချီတက်သွားချေသည်။

အလယ်တန်းရှိစစ်တပ်ကြီးမှာ ထိပ်တန်းအဆင့်တိုက်ခိုက်ရေးခွန်အားကင်းမဲ့သွားသောကြောင့် ဟုန်ရင်နှင့် အခြားချန်းယွမ်အဆင့်ပညာရှင်များ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် တစ်ဖက်သတ်ချည်းအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံရတော့သည်။

သိပ်မကြာလိုက်ခင်မှာပင် နေမဝင်အင်ပါယာ၏အလယ်ပိုင်းစစ်ကြောင်းကြီးမှာ အလွန်လျင်မြန်လှသောအရှိန်ဖြင့် သုတ်သင်ခံလိုက်ရသည်။ ဟုန်ရင်တို့အဖွဲ့က ရန်သူ့တပ်တော်ကို ချေမှုန်းပြီးသွားလေပြီဖြစ်ရာ ဘယ်ဘက်နှင့်ညာဘက်ရှိစစ်ကြောင်းများကို ကူညီပေးနိုင်လေပြီ။

ထိုအချိန်မှာ နိုင်ပွဲက မြောက်ပိုင်းမဟာမိတ်အဖွဲ့ဘက်သို့ ယိမ်းယိုင်နေလေပြီဖြစ်၏။ လူတိုင်းမှာ ပူပင်ကြောင့်ကြမဲ့သောအပြုံးမျိုးဖြင့် ရန်သူ့တပ်တော်ဘက်ကိုချီတက်သွားကြသည်။

အောင်နိုင်ခြင်းကား လက်တစ်ကမ်းသာလိုတော့သည်။

လွန်ခဲ့သည့်ရက်အနည်းငယ်တုန်းက မရေမတွက်နိုင်အောင်များပြားသောဂိုဏ်းများက စိတ်ဓာတ်ကျနေရာမှ ပြန်လည်ထူထောင်ခဲ့ကြသည်။ ထို့နောက် စစ်ကြောင်းသုံးခုခွဲ၍တိုက်ခိုက်ခဲ့လေရာ ပထမစစ်ကြောင်းသည် ထိုးဖောက်ဝင်ရောက်ခံရဖို့ အချိန်နေ့တစ်ဝက်သာကြာလိုက်၏။

ထိုအချိန်တွင် သူတို့က ဒုတိယအကာအကွယ်စည်းဖြစ်သော မိုးပြာရောင်ကောင်းကင်တောင်တန်းများထဲတွင် ပုန်းအောင်းခဲ့ကြရသည်။

သူတို့ဟာ ကောင်းကင်ဘုံအမျက်ဒေါသချိုင့်ဝှမ်းကိုစောင့်ကြပ်ခဲ့ကြပြီး ရုံးချုပ်မှစစ်ကူလာမည့်အချိန်ကို စောင့်ဆိုင်းခဲ့ကြသည်။

ယခု သူတို့နိုင်တော့မည်ဖြစ်လေရာ မပျော်ဘဲနေနိုင်ပါ့မလား။

တစ်ဖက်တွင်မူ နင်းချန်ရှင်းနှင့်သံချပ်ကာဝတ်အမျိုးသားတိုက်ပွဲရှိနေလေသည်။

သူ့ပတ်ပတ်လည်တွင်ဖြစ်ပျက်နေသောအခြေအနေကို အာရုံခံစားမိလိုက်သောအခါ သံချပ်ကာဝတ်အမျိုးသားလည်း စိတ်မဖိစီးဘဲမနေနိုင်တော့ပေ။

ယခုလိုသာဆက်ဖြစ်နေပါက သူလည်း သေချာပေါက်ရှုံးနိမ့်ရပေတော့မည်။

သူ့အနေနှင့် အကးအညီပေးချင်ပါသော်ငြား ရွှေရောင်ကြေးခွံဂမ္ဘီရလှံတံကိုကိုင်စွဲထားသော ကောင်းကင်ဘုံစစ်သည်ကြီးထံမှ တားဆီးခံထားရသည်။

နင်းချန်ရှင်းက တာအိုသိုင်းကျမ်းကိုကိုင်ထား၍ ခပ်ဖျော့ဖျော့ပြုံးလိုက်သည်။

“အရင်ဆုံး ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်လိုက်ပါဦး”

ထို့နောက် သူဟာ စကားလုံးအချို့ကိုရွတ်ဆိုလေတော့သည်။

“ဖိနှိပ်စေ”

ဗိုလ်ချုပ်သံချပ်ကာဝတ်အမျိုးသားခမျာ အံတင်းတင်းကြိတ်၍ခုခံရလေတော့သည်။

ညာဘက်တွင်မူ ယဲ့ချိုးပိုင်က သံချပ်ကာဝတ်အမျိုးသား၏ ဓားသိုင်းတာအိုဘုံကိုဖိနှိပ်နှိမ်နင်းရန်အတွက် ဓားသွားပိုင်နက်နယ်မြေကိုသုံးနေချေသည်။

သံချပ်ကာဝတ်အမျိုးသားလည်း ဓားဆန္ဒမြစ်ပြင်ကြီးထံမှ လွတ်မြောက်အောင်မစွမ်းဆောင်နိုင်ပေ။ အလားတူပင် သူ ယဲ့ချိုးပိုင်ကိုလည်း ဘာမှမလုပ်နိုင်ချေ။

တစ်ဖက်လူဟာ ရေအလျဉ်ပြည့်လျှံရေးအထွတ်အထိပ်အဆင့်မျှသာရှိသေးသော်လည်း ယခုလိုခွန်အားမျိုးကို ပိုင်ဆိုင်ထားပြီဖြစ်၏။

ဒါ ဘယ်လိုမကောင်းဆိုးဝါးမျိုးလေလဲ။ လျှို့ဝှက်တာအိုကျောင်းတော်မှာ ဒီလိုပါရမီရှင်မျိုး ဘယ်တုန်းကပေါ်လာတာလဲ။

ကျန်ရစ်နေခဲ့သောတပ်မှူးနှစ်ယောက်မှာ စိတ်ဖိစီးနေရသော်ငြား လွတ်မြောက်ရန်လည်း မစွမ်းသာပေ။

ဤတိုက်ပွဲတွင် သူတို့ရှုံးနိမ့်သွားမည်ကို ကြောက်ရွံ့နေကြသည်။ လုံးဝရှုံးနိမ့်သွားလိမ့်မည်သာ။

ထိုအချိန်မှာ ကောင်းကင်ထက်ရှိတိမ်များ ကင်းစင်ပပျောက်သွားပေသည်။

ပြန့်ကျဲသွားသောတိမ်တိုက်များအကြားတွင် ရွှေရောင်ဗုဒ္ဓအလင်းတန်းတစ်ခုက ကမ္ဘာမြေပေါ်သို့ဖြန့်ကြက်လာသည်။

“အော်မီတော်ဖော ထပ်မသတ်ဖြတ်ကြပါနဲ့တော့”

Comment

Leave a Reply

Options

not work with dark mode
Reset