အပိုင်း (၆၀၈)

အစ်ကိုများ၏သတင်း

တိုက်ခိုက်ရေး ရှီနန်းဆောင်တွင် ရွှေရောင်ကျောက်စွန်း တစ်ခုအနီး၌ လူအနည်းငယ် ပေါ်လာသည်။ ရီဖူရှင်းကလည်း ထိုနေရာတွင် ရှိနေကာ အလွန်အမင်း လှပသော မိန်းမတစ်ဦးနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည်။ ထိုမိန်းမကား ထို့ကျန်းနန်းဆောင်မှ ဖီးနစ်ဖြစ်သည်။ သူမ၏ ဘေးတွင်ကား အဖြူရောင် မီးတောက်က သူမ၏တည်ရှိမှုကို ဖုံးကွယ်ထားသည်။ ထူးခြားသော စိတ်အသိနယ်ပယ် တစ်ခုက သူမထံ ကျဆင်းနေကာ သူမက လှုပ်ရှားနိုင်စွမ်း မရှိလောက်အောင်ပင် ထူးဆန်းသော ခံစားချက်ကို ရနေသည်။

“ရှီတန်ခိုးရှင် ထို့ကျန်းက တစ်ခါက ပြောဖူးတယ်… ငါတို့က လက်ရှိ တန်ခိုးအဆင့်ကို ရောက်လာတဲ့အခါ ပေါင်းစပ်စွမ်းအင်က နယ်ပယ်အသိဆီကနေ လာသင့်တယ်… အားလုံးက ကွဲပြားခြားနားတဲ့ စွမ်းအင် နားလည်မှုကို ရှိထားကြတော့ ဖန်တီးတဲ့ စွမ်းအင် နယ်ပယ်ကလည်း ကွဲပြားခြားနားမှာပဲ… ဒါကတော့ ကျုပ်နားလည်ထားတဲ့ စွမ်းအင်နယ်ပယ် အသိပဲ…” ရီဖူရှင်းက ဖီးနစ်ကို ပြောသည်။ ထို့နောက် သူ၏စွမ်းအင်ကို ပြန်ရုပ်သိမ်း လိုက်သည်။

“ကျေးဇူးတင်ပါတယ်…” ဖီးနစ်က ရီဖူရှင်းကို ခေါင်းညိတ်သည်။ ၂နစ်ကျော် ကာလအတွင်း၌ ရီဖူရှင်းက များစွာသော လျှို့ဝှက်ဘုံများသို့ ဝင်ရောက်ခဲ့သည်။ ထိုအကြောင်းကို သတိထားမိသူ အများအပြား ရှိကြ၏။ ထို့ကြောင့်လည်း  လူအများအပြားက ရီဖူရှင်းထံတွင် လာရောက်ကာ တန်ခိုးကျင့်ရာ၌ အကြံဉာဏ်များ လာတောင်းလေ့ ရှိကြသည်။ သို့သော်လည်း ဖီးနစ်က သူ့ထံ လာရောက်မည် ဟုတော့ ရီဖူရှင်းက မထင်မိခဲ့ပေ။ ဖီးနစ်၏ တန်ခိုးအဆင့်က သူ့ထက် မြင့်သည်။

“ပြဿနာ မရှိဘူး… ငါတို့က အချင်းချင်း ကူညီလို့ရတာပဲ…” ရီဖူရှင်းက ပြုံးသည်။ ထို့နောက် ဖီးနစ်က ရီဖူရှင်းကို နှုတ်ဆက်ကာ ပြန်သွားသည်။

“အစ်ကိုရီ… ခင်ဗျားက မိန်းကလေးတွေနဲ့ တော်တော် ကံကောင်းတာပဲ…” ထိုအခိုက်တွင် လူတစ်ယောက် ကောင်းကင်မှ ကျလာသည်။ သူကား ကျောင်းလီဖြစ်သည်။

“အဓိပ္ပာယ်မရှိတာ မပြောစမ်းနဲ့…” ရီဖူရှင်းက ရယ်မောသည်။

“အင်းပါ… ကျုပ်က အဓိပ္ပာယ် မရှိတာကို ပြောတာ…” ကျောင်းလီက ရယ်မော၍ မနီးမဝေးတွင် ထိုင်နေသော မိန်းမပျိုကို ကြည့်သည်။

မူကျိချူက ကျွန်းစုတစ်ထောင် တော်ဝင်မြေတွင် တစ်နှစ်ခန့် လေ့ကျင့်ပြီးနောက် ပင်မနန်းဆောင်သို့ ပြောင်းရွှေ့ လေ့ကျင့်ခွင့်ရခဲ့သည်။ ထိုစဉ်ကတည်းက မူကျိချူနှင့် ရီဖူရှင်းတို့ မကြာမကြာ တွေ့ကာ ကြယ်တာရာ ပညာရပ်များကို ဆွေးနွေးပြောဆို ကြလေ့ရှိသည်။

“သူတို့က မင်းလို ရည်ရွယ်ချက်နဲ့ပဲ ရောက်လာကြတာ…” ရီဖူရှင်းက ရှင်းပြသည်။ ၂ နှစ်ကျော်ကာလ အတွင်း၌ သူနှင့် ကျောင်းလီတို့ကလည်း ပိုမိုရင်းနှီး လာခဲ့ကြသည်။ ထို့နောက် ကျောင်းလီကလည်း တန်ခိုးကျင့်ရာတွင် သူမ ရှင်းလင်းသည်များကို မေးမြန်သည်။

ဘေးတွင် မူကျိချူက ရီဖူရှင်းနှင့် ကျောင်းလီကို တိတ်ဆိတ်စွာ ကြည့်သည်။ တော်ဝင်ကျဲနန်းတော်တွင် သုံးနှစ်ခန့် ကြာပြီးနောက် ကျိုက်ရှင်းအိမ်တော်မှ ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံကို လာရောက် ယူငင်သော လူငယ်လေးကား ယခု နန်းတော်အတွင်း တပည့်များ အကြားတွင် အလွန် နာမည် ကျော်ကြားသောသူ တစ်ယောက် ဖြစ်နေပြီ။ အနာဂတ်တွင် ပါရမီရှင် အဆင့်ဇယား၌ ရီဖူရှင်းက ပထမနေရာ ရယူမည်ဟု လူအများအပြားက သေချာပေါက် သတ်မှတ် ထားကြသည်။

“ဂျူနီယာညီလေး…” ချီကျီးက လှမ်းခေါ်ကာ ရီဖူရှင်းထံကို လျှောက်လာသည်။ ရီဖူရှင်းက သူ့ကို ကြည့်ကာ မေးသည်… “အစ်ကိုကြီး… ကိစ္စရှိလို့လား…”

“အခုက တော်ဝင်ကျဲ နန်းတော်ရဲ့ အကဲဖြတ် စစ်ဆေးခြင်း ကာလပဲ…” ချီကျီးက ပြောသည်… “အခု တော်ဝင်လမ်းက ထွက်လာတဲ့ ပါရမီရှင်တွေ တော်ဝင်လှေကား ခြေရင်းကို ရောက်နေကြပြီ… မင်းကို တစ်ယောက်က သတင်းစကား ပါးလိုက်တယ်…”

“ဘယ်သူလဲ…” ရီဖူရှင်းက မေးသည်။

“မင်းရဲ့ အစ်မကြီး…” ချီကျီးက ပြောသည်။ ရီဖူရှင်းက ပြုံးလိုက်ပြီးမှ မေးသည်…”အစ်မ၂က ကျွန်တော့်ကို ဘာပြောလဲ…”

“မနက်ဖြန် မင်းက သူမကို လာတွေ့စေချင်တယ်…” ချီကျီးက ပြောသည်။

ရီဖူရှင်းက ပြုံးလိုက်သည်။ သူ၏အစ်မနှစ်ကို မတွေ့ရသည်မှာ သုံးနှစ်ပင် ကြာနေပြီ။

နောက်တစ်နေ့ နံနက်တွင် စွမ်းအားမြင့် တန်ခိုးရှင်များနှင့် ပါရမီရှင် လူငယ်များ အားလုံးက တော်ဝင်ကျဲ နန်းတော်ရှေ့တွင် တိမ်များအလား စုစည်းနေကြသည်။ မြေရိုင်းပြည်နယ်မှ ပုဂ္ဂိုလ်ကြီးများလည်း ရောက်လာကြသည်။ နန်းတော်မှ အကြီးအကဲများကလည်း ဘေးမှ အဆောင်များနှင့် လှေကားထစ်များပေါ်တွင် နေရာယူ ထားကြသည်။

တော်ဝင်ကျဲ နန်းတော်၏ လှေကားထစ် ခြေရင်းတွင် ပိုမိုများပြားသော လူများကို တွေ့ရသည်။ ယနေ့ကား နောက်ဆုံး တိုက်ပွဲဖြစ်သည်။ တော်ဝင်ကိုးလမ်းမှ ပါရမီရှင်များက ယခု နန်းတော်ဝင်ခွင့် အတွက် တိုက်ခိုက်ရတော့မည် ဖြစ်သည်။

သည်နှစ်ကော မည်သူတို့က ထွန်းတောက် လာမည်နည်း။

မရေမတွက်နိုင်သော လူများက ပြောဆို ဆွေးနွေး နေကြသည်။ နာမည် အတော်များများက ရင်းနှီးနေကြပြီ ဖြစ်ကာ အနိုင်ရသူက မည်သူတို့ ဖြစ်မည်ကိုပင် ခန့်မှန်း ပြောဆိုနေကြသည်။

ယခင်အခေါက်က လူမသိ သူမသိ တစ်ယောက်ဖြစ်သော ရီဖူရှင်းက ပြိုင်ဘက်များ အားလုံးကို အလဲထိုးကာ ပထမနေရာကို ယူသွားပြီး ရှီတန်ခိုးရှင် ထောင်ကျန်း၏ လက်ရင်းတပည့် ဖြစ်လာခဲ့သည်။ ယခု ရီဖူရှင်း မည်သည့် အဆင့်ကို ရောက်နေပြီလဲ သူတို့အားလုံး စိတ်ဝင်စားကြသည်။ ထိုစဉ်က သူကား နဝမတန်းစား နိုဘယ်ဖြစ်သည်။ ယခု သူက အလယ်အလတ်တန်းစား နိုဘယ် ဖြစ်နေလောက်ပြီ။

လူအုပ်ထဲတွင် ကျောင်းအုပ်ချန်းတို့ ကြယ်မင်းကျောင်း အုပ်စုလည်း ရောက်နေကြသည်။ သူက ရီဖူရှင်း၏ လက်ရှိ အခြေအနေကို ကြည့်ရှုရန်နှင့် သူ၏ကျောင်းမှ တခြားတပည့်များ တော်ဝင်ကျဲ နန်းတော်သို့ ထပ်မံဝင်ခွင့်ရမလား လာရောက် ကြည့်ရှုခြင်း ဖြစ်သည်။

လောင်မူနှင့် ကုယွန်ချီတို့ကလည်း တော်ဝင်လမ်းကို ဝင်ရောက်ခဲ့ကြသည်။ လွန်ခဲ့သော သုံးနှစ်က ရီဖူရှင်း၏ အကူအညီဖြင့် သူတို့ ကျော်ဖြတ်ခဲ့ကြရသည်။ ယခု သူတို့က သတ္တမအတန်းအစား နိုဘယ်ဖြစ်နေပြီ ဖြစ်ရာ မိမိကိုယ်ကို အားကိုးနိုင်ကြပြီ ဖြစ်သည်။ သူတို့က တော်ဝင်လမ်းကို အတူတူ ဖြတ်ကျော် လာခဲ့ကြသည်။

“လောင်မူ… ယွန်ချီ… မင်းတို့ ဘယ်လောက် ယုံကြည်မှုရှိလဲ…” ကျောင်းအုပ်ချန်းက မေးသည်။ လောင်မူကား လောင်ရီထန်း၏ မျိုးဆက်ဖြစ်သည်။ သူ့အပေါ်​ ကျောင်းအုပ်ချန်းက မျှော်လင့်ချက် ကြီးမားပေသည်။ သည်ကာလတွင် လောင်မူကား လွန်စွာ ကြိုးစားခဲ့သလို များစွာလည်း တိုးတက်ခဲ့သည်။

“ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်…” လောင်မူက ပြောသည်။ သူက တိုက်ပွဲ ကွင်းပြင်ကြီးကို ကြည့်သည်။ လွန်ခဲ့သော သုံးနှစ်က ရီဖူရှင်း ပထမရသည်ကို သူ မြင်တွေ့ခဲ့သည်။ သူက ထိုသို့လုပ်နိုင်မည် မဟုတ်သော်လည်း အနည်းဆုံး သူ့အတွက် တွန်းအားတစ်ခုတော့ ဖြစ်ခဲ့သည်။

“အဘိုးချန်း… သမီးကို ဘာလို့ မမေးတာလဲ…” ကြည်လင် သာယာသော အသံတစ်သံကို ကြားကြရသည်။

ကျောင်းအုပ်ချန်းက လောင်မူ၏ဘေးမှ မိန်းကလေးအား ချစ်ခင်နှစ်လိုစွာဖြင့် ပြုံးလျက်မေးသည်… “မင်းရဲ့ တန်ခိုးအဆင့်နဲ့ ဝင်ပြိုင်မလို့လား…”

“အမေ… အဘိုးချန်းက သမီးကို မယုံဘူး…” မိန်းကလေးက သူမ၏ဘေးမှ မိန်းမကို ပြောသည်။

“အဘိုးချန်းက မှားလို့လား…” သခင်မလောင်က ပြုံးလျက် ပြောသည်။ ကောင်မလေးကား လောင်လင်းအာ ဖြစ်သည်။ သူမက အသက် ၁၈နှစ်ပြည့်ပြီဖြစ်ကာ ငယ်ရွယ်မှုပျိုမြစ်မှုများဖြင့် အလွန်လှပနေသည်။

“သမီးကိုဆို အားလုံးက အနိုင်ကျင့်ကြတာပဲ… အစ်ကိုဖူရှင်းပဲ ကောင်းတယ်…” လောင်လင်းအာက တောက်ပစွာ ပြုံးသည်… “အမေ… အစ်ကိုဖူရှင်းက လင်းအာကို မှတ်မိမယ် ထင်လားဟင်…”

“မမှတ်မိလောက်ဘူး ထင်တယ်…” သခင်မလောင်က ရယ်ရွှင်ဖွယ် အမူအရာဖြင့် ပြောသည်။

“ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…” လောင်လင်းအာက သခင်မလောင်ကို ပြောင်ပြသည်… “သမီးမယုံဘူး… သမီးက အရင်ထက်တောင်မှ ပိုပြီး လှလာတယ်… ပိုပြီးတော့တောင် မှတ်မိဦးမှာပဲ…”

“ဪ … အင်းပါ…” သခင်မလောင်က ခေါင်းယမ်းသည်။ သည်မိန်းကလေးကား များစွာ ပြုပြင်ရဦးမည်။

ကျူးကော့မင်းယွီ ကလည်း လှေကားထစ်ပေါ်သို့ ရောက်နေပြီး ဖြစ်သည်။ သူမကလည်း ယမန်နှစ်က နေရာတွင်ပင် ရပ်နေသည်။

သည်နှစ်တွင်လည်း ကျူးကော့မိသားစုတွင် ထူးခြား ထက်မြက်သော ပါရမီရှင်များက ဝင်ခွင့်စာမေးပွဲကို ပါဝင်ကြမည် ဖြစ်သည်။ သို့သော်လည်း ကျူးကော့မင်းယွီ လာရောက်ခြင်းက ရီဖူရှင်းနှင့် ဟွာဂျီယူကို တွေ့ဆုံရန် သတ်သတ်သာ ဖြစ်သည်။

“စီနီယာအစ်မ… ဂျူနီယာလေးက အခု ဘယ်အဆင့် ရောက်ပြီလို့ထင်လဲ…” ပေ့ထင်ရှင်းအာက ကျူးကော့မင်းယွီကို မေးသည်။

“သူ လာတဲ့အခါ မေးကြတာပေါ့…” ကျူးကော့မင်းယွီက ပြောသည်။

“စီနီယာအစ်မ၂…” အသံတစ်သံကို ကြားကြရသည်။ ကျူးကော့မင်းယွီက လှမ်းကြည့်သည်တွင် လူတစ်စု ပျံသန်းလာသည်ကို မြင်ရသည်။ သူတို့ကား ရီဖူရှင်းတို့အုပ်စု ဖြစ်သည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က လက်ချင်းတွဲ၍ ရောက်လာကြသည်။ သူတို့နောက်တွင် ယူချင်း။ ယိရှောင်ရှီနှင့် လို့လန်ရွှီတို့ကို မြင်ရသည်။

“ကြည့်ရတာ မင်းတို့က နန်းတော်မှာ ကောင်းကောင်း နေနေရတာပဲ…” ကျူးကော့မင်းယွီက သူတို့ကို ပြုံးလျက် ပြောသည်။ ရီဖူရှင်းနှင့် ဟွာဂျီယူတို့က အတော် ပျော်ရွှင်နေဟန် ရသည်။

“ကျွန်တော်က အဆင်ပြေပါတယ်… အစ်မနှစ်ကို အရမ်း သတိရတာက လွဲလို့ပေါ့…” ရီဖူရှင်းက ပြောသည်။

“ဟန်ဆောင်မနေပါနဲ့… ဂျီယူရှိတာတောင် မင်းက ငါ့ကို သတိရဦးမှာလား…” ကျူးကော့မင်းယွီက ပြောသည်… “သုံးနှစ်ကြာပြီ… မင်းငါ့ကို လာတွေ့လား…”

“စီနီယာအစ်မ… ကျွန်တော်က အစ်မနှစ်ကို ကာကွယ်ဖို့ ကြိုးစား လေ့ကျင့်နေတယ်…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။

“ဒါဆို မင်းရဲ့ လက်ရှိအဆင့်က ဘယ်လောက်လဲ… ငါ့ကို ကာကွယ်နိုင်ပြီလား…” ကျူးကော့မင်းယွီက ပြောသည်။

“စတုတ္ထတန်းစား နိုဘယ်… မကြာခင် အဆင့်မြင့်နိုဘယ် ဖြစ်တော့မယ်…” ရီဖူရှင်းက ပြောသည်။

“မဆိုးပါဘူး…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။ ထို့နောက် သူမက ဟွာဂျီယူကို မေးသည်… “ဂျီယူကရော…”

“စီနီယာအစ်မ… ကျွန်မက သူနဲ့ အတူတူပဲ…” ဟွာဂျီယူက ပြောသည်။

“ရှောင်ရှီ… ဘယ်မှာ ပုန်းနေတာလဲ… မင်းငါ့ကို မသိတော့ဘူးလား…” ကျူးကော့မင်းယွီက နောက်ဘက်တွင် ပုန်းနေသော ယိရှောင်ရှီကို မေးသည်… “မင်းအဆင့် ဘယ်လောက်လဲ…”

“အစ်မနှစ်… ကျွန်တော်က ဖူရှင်း ပြောတာကို စောင့်နေတာ… ကျွန်တော်က တတိယတန်းစား နိုဘယ်… ”

“ဂျူနီယာက မင်းကို မီလာပြီ… မင်းက ဘယ်လို လေ့ကျင့်နေတာလဲ…” ကျူးကော့မင်းယွီက ပြုံးလျက် ပြောသည်။

“စီနီယာအစ်မကလည်း … ဒါက ပါရမီနဲ့ဆိုင်တာ… ကျွန်တော် တကယ် ကြိုးစား လေ့ကျင့်တယ်… မယုံရင် ဂျူနီယာကို မေးပါလား…” ယိရှောင်ရှီက ရီဖူရှင်းကို အားကိုးတကြီး ကြည့်သည်။

“ဟုတ်တယ်… အစ်ကိုခုနစ်က တကယ်ပဲ ကြိုးစားတယ်…” ရီဖူရှင်းက ခေါင်းညိတ်သည်။ ထိုအခါမှ ယိရှောင်ရှီလည်း သက်ပြင်းချ နိုင်တော့သည်။

“အစ်ကိုနှစ်… အစ်ကိုသုံးရဲ့ သတင်းကို ကြားသေးလား…” ရီဖူရှင်းက မေးသည်။

“သေပြီ…” ကျူးကော့မင်းယွီ၏ အပြုံးက ပျောက်ကွယ် သွားသည်။ ရီဖူရှင်း မျက်လုံးပြူးသွားကာ ပေ့ထင်ရှင်းအာက ခေါင်းယမ်းပြသည်။

ရီဖူရှင်းက အမှန်ပင် မသက်မသာ ခံစားရသည်။ အစ်ကိုသုံးကား အမှန်ပင် သုံးနှစ်ခန့်အထိ လုံးဝ ပျောက်နေသည်။ သူက အရှေ့မြေရိုင်းဒေသမှ ထွက်သွားကတည်းက အစ်မနှစ်ကို မဆက်သွယ်သေးရာ ယခု ကျူးကော့မင်းယွီက သူ့အား မည်သို့ စိတ်မဆိုးဘဲ နေမည်နည်း။

“အစ်ကိုသုံးက ကျူးကော့မိသားစုဆီကို ဂုဏ်ရှိရှိနဲ့ ပြန်လာဖို့ ကြိုးစား လေ့ကျင့်နေတာ ဖြစ်ရမယ်… ပြင်ပမှာက အန္တရာယ်ကလည်း အရမ်းများတယ်…” ရီဖူရှင်းက တီးတိုး ပြောသည်တွင် ကျူးကော့မင်းယွီ၏ မျက်နှာက ပြောင်းလဲ သွားသည်။

ထင်မှတ်ထားသည့် အတိုင်း ကျူးကော့မင်းယွီ၏ အမူအရာက အနည်းငယ် ပျော့ပျောင်းသွားသည်။ သူမက တိုးညင်းစွာ ပြောသည်… “သူ့ကို စိတ်ထဲ​မထည့်နဲ့… ကောင်းကောင်း လေ့ကျင့်… ရွှီယီနဲ့ လျိုဖန်းလို မဖြစ်စေနဲ့…”

“အစ်ကိုလေးနဲ့ အစ်ကိုငါးက ဘာဖြစ်တာလဲ…” ရီဖူရှင်းက မေးသည်။

“သူတို့အကြောင်းကို မမေးနဲ့…” ကျူးကော့မင်းယွီက ပြောသည်။ ရီဖူရှင်းက ပိုမို၍​ပင် နားမလည် ဖြစ်လာသည်။ သူတို့က ဘာများ ဖြစ်နေကြသနည်း။

***


Comment

Leave a Reply

Options

not work with dark mode
Reset