အပိုင်း (၅၅၉)

ရီဝူချင်း ရှုံးနိမ့်ခြင်း

လူသားကမ္ဘာမှ သမီးတော် အိမ်ပြန်သွားရသည်ကို မြင်သည်တွင် လူအများအပြားက အံ့အားသင့်ကြရသည်။ သူမအား တော်ဝင်ကျဲနန်းတော်မှ အကြီးအကဲ တစ်ယောက်က ဖိတ်ခေါ်ခဲ့သော်လည်း သူမက ရှီတန်ခိုးရှင် ထိုကျန်း၏လက်အောက်တွင်သာ လေ့ကျင့်လိုခဲ့သည်။

“နောက်တစ်ပွဲ…” အသံတစ်သံ ထွက်လာသည်တွင် လှပသော မိန်းကလေး တစ်ယောက် ရှေ့ကို ထွက်လာသည်။ သူမကား ကောင်းကင်မှ ဆင်းသက်လာသော နတ်မိမယ်အလား လှပလွန်းရာ လူတိုင်းက ငေးမော ကြည့်ကြရသည်။

“ကျွန်မက လူသားကမ္ဘာက ချူရှမ်းကို စိန်ခေါ်ပါတယ်…” သူမ၏အသံက တည်ငြိမ်သည်။

ဟွာဂျီယူက လူသားကမ္ဘာမှ ချူရှမ်းကို စိန်ခေါ်သည်။

“သေစမ်း… သူမက ဒီလို လုပ်ဖို့ လိုလို့လား…” ရီဖူရှင်းက မသက်မသာ ပြုံးကာ မိန်းကလေးအား ကြည့်သည်။ သူ့အား မိန်းကလေး တစ်ယောက်က ကာကွယ် ပေးနေသည်ဟု သူခံစားနေရသည်။

မြေခွေးမက သူ့အတွက် လက်စားချေလိုဟန် ရနေသည်။

ချူရှမ်းက သူမအား ကြည့်သည်။ ပိုင်ရီနှင့် သူမတို့က ရီဖူရှင်းတို့အဖွဲ့ကို စိန်ခေါ်ရန် ရည်မှန်း ထားခဲ့ကြသည်။ သို့သော် ပိုင်ရီမူကား ကံမကောင်းခဲ့။ သူမကရော…။

ဟွာဂျီယူက သူမ၏ သက်စောင့်ဝိညာဉ်ကို ထုတ်လွှတ်သည်တွင် ရောင်စဉ်ခုနစ်သွယ် သရဖူက သူမ၏ခေါင်းထက်တွင် ပေါ်လာသည်။ ထူးဆန်းသော စွမ်းအားက ထိုနေရာ တစ်ခုလုံးကို ခြုံလွှမ်း သွားခဲ့သည်။ တစ်လောကလုံး၏ သဘာဝစွမ်းအင်များ အားလုံးက သူမ၏ထိန်းချုပ်မှု ပြင်ပအောက်ကို ရောက်သွားသည်ဟု ချူရှမ်းက ခံစားရသည်။

ကောင်းကင် စိတ်ဝိညာဉ် ပညာရှင်ကား မှော်ပညာရှင်များ၏ အကြီးအမှူး ဖြစ်သည်။ ထို့ကြောင့် ဟွာဂျီယူ၏ တန်ခိုးအဆင့်က ချူရှမ်းထက် နိမ့်ကျသော်လည်း သူမ၏ စွမ်းရည်များက ချူရှမ်းကို ထိန်းချုပ်နိုင်ခဲ့ရာ ချူရှမ်းလည်း ပြိုင်ပွဲမှ ထွက်ခွာ သွားခဲ့ရသည်။ လူသားကမ္ဘာကား ထိပ်သီး အင်အားစု တစ်ခုဖြစ်ကာ သူမနှင့် ပိုင်ရီက ထူးထူးခြားခြား စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။

ဟွာဂျီယူကလည်း နောက်တစ်ဆင့်ကို တက်ရောက်ခဲ့သည်။ သည်အဆင့်မျှဖြင့် အိမ်ပြန်ရတော့မည်ဟု ထင်မှတ်ထားသော စုံတွဲကား နောက်တစ်ဆင့် တက်ခဲ့သည်သာ။ ထို့အပြင် ရီဖူရှင်းတို့ အဖွဲ့တွင် ယန်ကျန်းနှင့် ယိရှောင်ရှီတို့လည်း ကျန်နေသေးသည်။

ကွင်းထဲကို နောက်တစ်ယောက် ဝင်လာသည်။ သူကား ထင်ရွယ်အိမ်တော်မှ ရွယ်ချွဲဖြစ်သည်။ သူက ဝတ်စုံစိမ်းကို ဝတ်ဆင်ထားကာ မာန်ဝင့်သော အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ရှိသည်။ သူက ရီဝူချင်းကို လှမ်းကြည့်ကာ ပြောသည်… “မင်းကလည်း ဓားပညာကို လေ့ကျင့်မှတော့ ငါမင်းကို စိန်ခေါ်တယ်…”

ရွယ်ချွဲက ရီဝူချင်းကို စိန်ခေါ်သည်။

ရီဖူရှင်းက အံ့အားသင့်သွားသည်။ ကြည့်ရသည်မှာ ရီဝူချင်းက ဤတစ်ဆင့်ကို ကျော်နိုင်တော့မည် မဟုတ်တော့ပေ။

ရွယ်ချွဲကား ရီဖူရှင်းအတွက်ပင် အန္တရာယ်ရှိသည်ဟု ခံစားရသည်။ ရွယ်ချွဲက ရီဝူချင်းအား ပြိုင်ဘက်အဖြစ် ရွေးခဲ့ခြင်းကိုလည်း ရီဖူရှင်းက နားမလည်ပေ။ သူက ရီဝူချင်းကို အနိုင်ရလျှင်ပင် တန်ခိုးအဆင့် နှစ်ဆင့်ကွာဟခြင်းက သိသာနေရာ ထူးထူးခြားခြား ဖြစ်စေသော စွမ်းဆောင်ရည် မဟုတ်ပေ။ သို့သော် ရွယ်ချွဲ၏အမြင်က ကွဲပြားပေသည်။ ယခု ရီဖူရှင်းတို့အဖွဲ့က လူအများဆုံး ဖြစ်နေရာ ရွယ်ချွဲအား စိတ်အနှောင့်အယှက် ဖြစ်စေသည်။ သူက ရီဝူချင်းကို ရွေးခဲ့ခြင်းမှာလည်း ကွင်းထဲတွင် ဓားသမားနှစ်ယောက်သာ ကျန်ရစ်သင့်သည်ဟု သူ ယူဆသောကြောင့် ဖြစ်သည်။ တစ်ယောက်က သူကိုယ်တိုင်ဖြစ်ပြီး နောက်တစ်ယောက်က ရီဝူချင်း ဖြစ်သည်။

ရီဝူချင်းက လေးနက်စွာ ကြည့်လျက် တိုက်ပွဲကွင်းပြင်ထဲကို လျှောက်လာသည်။ သည်တိုက်ပွဲက သူ့အတွက် ခက်ခဲသည်ကို သိသည်။ သို့သော်လည်း သူက အတတ်နိုင်ဆုံး ကြိုးစားရုံမှအပ တခြားနည်းလမ်း မရှိပေ။

ရွယ်ချွဲက သူ၏နောက်ကျောမှ ဓားကို ဆွဲထုတ်လိုက်သည်။ ထိုဓားက သာမန်ဓား တစ်လက်ဖြစ်ရာ သိဒ္ဓိဝင်လက်နက် မဟုတ်သဖြင့် အသုံးပြု၍ ရသည်။

“မင်း အရင်တိုက်ပါ… မဟုတ်ရင် မင်းက နောက်ထပ် အခွင့်အရေး ရမှာမဟုတ်ဘူး…” ရွယ်ချွဲက ပြောသည်။

ရီဝူချင်းက ရှေ့ကို တက်လိုက်လျှင် သူ၏ခန္ဓာကိုယ်မှ ဓားအရောင်အဝါများ ထွက်လာသည်။ ထောင်ပေါင်း များစွာသော ဓားများက လေထုထဲ ဖြစ်ပေါ်လာကာ ရီဝူချင်းနှင့်အတူ ရှေ့ကို ပျံသန်း သွားကြသည်။

ထိုနေရာ တစ်ခုလုံးက ဓာများဖြင့် ပြည့်နှက် သွားဟန်ရသည်။ ဓားတစ်လက်ချင်းစီက ကြောက်မက်ဖွယ် အားအင်ကို သယ်ဆောင်ကြကာ ရွယ်ချွဲထံကို တိုးဝင်သွားကြသည်။

ရွယ်ချွဲကလည်း ပြန်လှုပ်ရှား လိုက်သည်။ သူက ခံစစ်ကို ပြင်ဆင်ရမည့်အစား သူက မရေမတွက်နိုင်သော ဓားများအား မျက်နှာချင်းဆိုင်၍ ပျံသန်းသွားသည်။ ထင်းရွယ်ဓားကား တိုက်ခိုက်မှုတွင်သာ ဦးစားပေးသည်။ သူတို့၏ဓားက လူသတ်ရန်သာ ဖြစ်သည်။

မည်သူကမှ ဤနည်းဖြင် တိုက်ခိုက်ကြမည် မဟုတ်သော်လည်း ရွယ်ချွဲက လုပ်သည်။ သူ၏ခန္ဓာကိုယ်က လှုပ်ရှားဟန်များနှင့်အတူ ဓားများ လေထဲတွင် ပြိုးပြိုးပြက်ပြက် လင်းလက်သွားသည်။ စက္ကန့်ပိုင်းအတွင်း သူက ဓားချက်တစ်ရာခန့် ထုတ်လိုက်သည်ဟု ထင်မှတ်ကာ ရောက်လာသော ဓားချက်များကို ဖြတ်တောက် သွားသည်။

ရွယ်ချွဲက ဓားကို ဝှေ့ယမ်းကာ ရှေ့ကို တိုးဝင်သွားသည်။ သူ့လက်ထဲတွင် ဓားတစ်လက် ရှိနေသရွေ့ ဘယ်သူကမှ သူ့အနီးကို ကပ်နိုင်မည် မဟုတ်ပေ။

“တော်တော်မြန်တဲ့ ဓားချက်တွေပဲ…” လူအများအပြားက အံ့အားသင့် ကြရသည်။ ရွယ်ချွဲကား ဘယ်မှ ညာသို့ရွေ့လျားကာ ဓားချက်များကို တစ်ချက်ပြီး တစ်ချက် ထုတ်လျက် ရှေ့ကို တိုးဝင်သွားသည်။

ကြောက်မက်ဖွယ် ကောင်းသော ဓားချက်များက ရီဖူရှင်းညွှန်ရာသို့ လိုက်ပါ စီးဆင်းကြကာ သူ့မျက်လုံးများက အလွန်အမင်း လေးနက်နေသည်။ သူ၏ဓားများက ရွယ်ချွဲကို အန္တရာယ် မပေးနိုင်သည်ကို သူသိသည်။ ရီဝူချင်း၏ မျက်လုံးများက အရောင်တစ်ချက် လက်သွားကာ လေဟာနယ်ထဲတွင် နောက်ထပ် မရေမတွက်နိုင်သော ဓားများ ဖြစ်ပေါ်လာသည်။

ပုံရိပ်ယောင်ဓားများ…။ ရွယ်ချွဲ၏ခေါင်းထဲကို အတွေးတစ်ခု ဝင်လာသည်။ သူက ဘေးဘက်ကို ရွေ့လျားကာ ထောင့်ဖြတ် ဓားချက်တစ်ခု ထုတ်လိုက်သည်။ လှပသော အလင်းတန်းက သူ့ရှေ့မှ ပုံရိပ်ယောင်ဓားများကို ဖြတ်တောက်သွားကာ ရွယ်ချွဲက တခြားတစ်ဖက်မှ မြန်ဆန်စွာ တိုးဝင်သွားသည်။ ပိုမိုသော ပုံရိပ်ယောင်ဓားများ ရွယ်ချွဲထံသို့ ပြေးဝင် လာကြသည်။

ရွယ်ချွဲ၏မျက်လုံးများက တည်ကြည် သွားသည်။ သူက ပုံရိပ်ယောင်ဖြစ်စေ အစစ်အမှန်ဖြစ်စေ ထိုဓားချက်များကို ရှောင်တိမ်းခြင်း မရှိတော့ပေ။ သူက လက်ထဲမှ ဓားကို လှုပ်ခတ် လိုက်သည်နှင့် သူ့ခန္ဓာကိုယ်မှ ဓားအသိက ဓားအလင်းတန်း များစွာဖြစ်ပေါ်လာကာ သူ့ခန္ဓာကိုယ်အား လှည့်ပတ်သွားသည်။ ထို့နောက် ဓားအား လက်နှစ်ဖက်ဖြင့် ကိုင်ကာ အပေါ်မှ မိုး၍ ခုတ်ချလိုက်သည်တွင် အလွန် အားကောင်းသော ဓားအားလှိုင်း တစ်ခုက ရီဝူချင်းထံကို တိုးဝင်သွားသည်။

ရီဝူချင်း၏နဖူးမှ အရောင်တစ်ချက် လက်သွားကာ သူဖန်တီးသော ဓားများမှ ဖြစ်ပေါ်လာကာ အရောင်များက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ထောင်ပေါင်းများစွာသော ဓားများထဲတွင် သေးငယ်သော ငွေဓားတစ်လက် ပါဝင်နေသည်။ ငွေဓားငယ်လေးက ဓားမိုးစက်နှင့်အတူ အောက်ကို ဆင်းသက်လာသော အချိန်တွင် အမှန်တကယ်ပင် မရေမတွက်နိုင်သော ဓားများက ငွေဓားငယ်များနှင့် ပေါင်းစပ်ကာ အလွန်လှပပြီး ပြိုင်ဘက်ကင်းသော ဓားတစ်လက် ဖြစ်လာသည်။

အလင်းပေါက်ကွဲမှုကြီး တစ်ခုဖြစ်သွားကာ ဓားနှစ်လက်က လေထဲတွေ့ဆုံသည်။ သေးငယ်သော ငွေဓားထံမှ အလွန်အားကောင်းသော အလင်းတစ်ချက် ထွက်ပေါ်လာကာ ရွယ်ချွဲ၏နဖူးသို့ တိုးဝင်သွားသည်။

“မင်းက အတော်ရဲတယ်…” ရွယ်ချွဲ၏မျက်လုံးက အရောင်တစ်ချက် လက်သွားကာ အလွန်အမင်း အားကောင်းသော ဓားအသိတစ်ခုက ထိုငွေဓားငယ်ထံသို့ တိုးဝင်သွားသည်။ တစ်ပြိုင်နက်တည်းမှာပင် ထောင်ပေါင်းများစွာသော ဓားအသိက သူ၏ခန္ဓာကိုယ်အား ဖြတ်သန်းသွားသည်ဟု ရီဝူချင်းက ခံစားရကာ ရီဝူချင်းက နောက်ကို ဆုတ်လိုက်သည်။ ငွေဓားငယ်ကလည်း ရီဝူချင်းထံကို ပြန်လည် ပျံသန်းသွားကာ သူ၏နဖူးထဲကို တိုးဝင်သွားသည်။ ရွယ်ချွဲ၏ မရေမတွက်နိုင်သော ဓားအလင်းများက လေထဲတွင်ပင် ရပ်တန့်နေကာ ရီဝူချင်းအား ရစ်ပတ်ထားဆဲ ဖြစ်သည်။

ရွယ်ချွဲက လက်ဝှေ့ယမ်းကာ သူ၏ဓားများအား ပြန်ရုပ်သိမ်းလိုက်သည်။

“မင်းက သိပ်မဆိုးဘူး… ဒါပေမဲ့ ငါတို့က တကယ် တိုက်ခိုက်ရမယ်ဆိုရင် မင်းသေတာ ကြာပြီ…” ရွယ်ချွဲက ရီဝူချင်းကို ပြောကာ နောက်လှည့် ထွက်သွားသည်။

ရီဝူချင်းက ရွယ်ချွဲ၏စကားကို သံသယမဖြစ်ပေ။ သူ၏ တန်ခိုးအဆင့်ကား ရွယ်ချွဲ၏စွမ်းအား အစစ်အမှန်ကို ထုတ်ဖော်ရန်ပင် ဖိအားမပေးနိုင်ပေ။ သူတို့နှစ်ယောက်အကြား တန်ခိုးအဆင့်က အလွန် ကွာဟပေသည်။

မျက်လုံးပေါင်းများစွာက ရီဝူချင်းကို ကြည့်နေကြသည်။ သူကား အမှန်ပင် ထက်မြက်သည်ဟု ပြော၍ ရသည်။ ကံမကောင်းသည်က ရွယ်ချွဲက သူ့အား စိန်ခေါ်ခဲ့ခြင်းပင်။ သို့တိုင်အောင် တန်ခိုး အဆင့်နှစ်ဆင့် ကွာဟလျက်ကပင် သူက အကောင်းဆုံး တိုက်ခိုက်နိုင်ခဲ့သည်။

ရဝူချင်းက နောက်လှည့်ကာ ထွက်သွားသည်။ ရှုံးနိမ့်ခဲ့သည့်တိုင် သူက စိတ်မပျက်ပေ။ သူက မိမိ၏စွမ်းရည်ကို ယုံကြည်သည်။ ကန်ယီနိုင်ငံလို သေးငယ်သော နေရာမှ ဤနေရာသို့ အထိအောင် ရောက်လာခြင်းက သူ့အတွက် အလွန်ကြီးမားသော အောင်မြင်မှု တစ်ခုဖြစ်သည်။ သို့သော်လည်း ရီဝူချင်းက ဤမျှလောက်ဖြင့်တော့ ကျေနပ်ဦးမည် မဟုတ်ပေ။ သူက သူရှာဖွေနေသော ဓားလမ်းစဉ်အား ဆက်လက် လျှောက်လှမ်းဦးမည်။

“ရီဝူချင်း…” အသံတစ်သံကို ကြားရသည်။ ရီဝူချင်းက ရပ်လိုက်ကာ တော်ဝင်ကျဲ နန်းတော်ဘက်ကို ကြည့်သည်။

“မင်း ငါ့လက်အောက်မှာ လေ့ကျင့်မလား…” ထိုလူက မေးသည်။ အားလုံး၏နှလုံးသားက တုန်ခါသွားကြသည်။ ဓားမိစ္ဆာက ရီဝူချင်းကို ခေါ်ယူနေသည်။

“ကျွန်တော့်မှာ ဆရာရှိပါတယ်…” ရီဝူချင်းက ပြောသည်။

“သင်ကြားပို့ချသူတိုင်းက ဆရာပါပဲ… မင်းက ငါ့ကို ဆရာလို့ မခေါ်လည်း ရတယ်…” ဓားမိစ္ဆာက ပြောသည်။

ရီဝူချင်းက ဓားမိစ္ဆာဘက်ကို လှည့်ကာ အရိုအသေပေးသည်… “စီနီယာရဲ့ လက်အောက်မှာ လေ့ကျင့်ခွင့်ရတာ ဂုဏ်ယူပါတယ်…”

“ကောင်းပြီ…” ဓားမိစ္ဆာက ပြုံးလျက် ခေါင်းညိတ်သည်။ သတ္တမအတန်းအစား နိုဘယ်အား နဝမအတန်းအစား နိုဘယ်အဆင့်ဖြင့် သူတင်ကိုယ်တိုင် တိုက်ခိုက်နိုင်စွမ်း ရှိခြင်းက ရီဝူချင်း၏ စွမ်းရည်ကို သိသာစေသည်။ ထို့အပြင် ရွယ်ချွဲကား အကောင်းဆုံး ဓားသမားထဲတွင် ပါသည်။ မည်သို့ဆိုစေ ရီဝူချင်းကား ဓားခန္ဓာကိုယ်ကို တည်ဆောင်နိုင်စွမ်း ရှိသော သန့်စင်သော ဓားသမားတစ်ယောက် ဖြစ်သည်။

လူအများအပြားက ရီဝူချင်းကို အားကျစွာ ကြည့်ကြသည်။ သူရှုံးနိမ့်ခဲ့သော်လည်း တခြားလူများလို အရှက်တကွဲ မဟုတ်ပေ။ သူက ရှုံးနိမ့်ခဲ့သော်လည်း မရေမတွက်နိုင်သော ဓားသမားများ အိပ်မက်မက်ရသော အခွင့်အရေးကို ရသည်။

ထို့နောက်တွင် ဓားမိစ္ဆာက တပည့် နှစ်ယောက်ကို ခေါ်ယူခဲ့သည်။

ရီဖူရှင်းက ရီဝူချင်းအတွက် ပျော်ရွင်ရသည်။ ဓားမိစ္ဆာကား တော်ဝင်ကျဲ နန်းတော်၏ အရေးပါသော အကြီးအကဲ တစ်ယောက်ဖြစ်ကာ ကောင်းကင်မြေရိုင်း အဆင့်တွင် နာမည်ကျော် ဓားသမားဖြစ်သည်။ ရီဝူချင်းက သူ့လက်အောက်တွင် မလေ့ကျင့်လျှင် တခြား ပိုကောင်းသော နေရာ မရှိတော့ပေ။

ဓားကျေးရွာမှ လူများမူကား သိပ်ပျော်ရွှင်ဟန် မရပေ။ ကျွေ့ချိန်ချူနှင့် ရီဝူချင်းတို့က ဓားမိစ္ဆာ၏တပည့် ဖြစ်လာသော အချိန်တွင် ဓားကျေးရွာမှ ယန်နန်က လက်များ ချိုးခြင်း ခံရသည်။ သူတို့အားလုံးထဲတွင် ကွင်းထဲ၌ ယန်ချူ တစ်ယောက်သာ ကျန်ရစ်ပြီဖြစ်သည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset