ထိုသတင်းပျံ့နှံ့သွားသည်နှင့် အဓိကဂိုဏ်းဂဏများက တောင်ပိုင်းဒေသရှိ လျှို့ဝှက်တာအိုကျောင်းတော်ဆီသို့ လူများစေလွှတ်တော့သည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး သူတို့ ချက်ချင်းဆွေးနွေးကြလေသည်။
သို့သော် ဆွေးနွေးပြီးနောက်မှာ ဤစိတ်တန်ခိုးရှင်ဘုံက မရိုးရှင်းလှကြောင်း သူတို့သဘောပေါက်လိုက်သည်။
ထို့ကြောင့် အလယ်ပိုင်းဒေသရှိ အင်အားစုများနှင့် အခြားဒေသများမှာ ပထမအတားအဆီးကိုဖြတ်ကျော်ရန်အတွက် သူတို့၏ထိပ်တန်းပညာရှင်များကိုစေလွှတ်ရန် ဆုံးဖြတ်ခဲ့ကြသည်။
အမြတ်အစွန်းအတွက်ကမူ ဂိုဏ်းဂဏအသီးသီး၏ ကိုယ်ပိုင်အခွင့်အရေးများအပေါ်မူတည်လေသည်။
ချင်းထျန်းနျန်ကတော့ တောင်းဆိုမှုတစ်ခုသာရှိသည်။
သူ့အနေနှင့် ထိုလေဟာပြင်ကို အင်အားသုံး၍မဖြတ်ကျော်စေချင်ပေ။ မဟုတ်ပါက တောင်ပိုင်းဒေသတစ်ခုလုံး ပျက်ကိန်းဆိုက်ရပေလိမ့်မည်။ ဂိုဏ်းဂဏအသီးသီးကလည်း ထိုအချက်ကို သဘောတူကြသည်။
တစ်ဖက်တွင်မူ အနောက်ပိုင်းဒေသဗုဒ္ဓဂိုဏ်းတော်ရှိ ဗုဒ္ဓတောင်တန်းပေါ်တွင်…
တိမ်တိုက်များဆီသို့ မြင့်သွန်းနေလေသောနန်းတော်ထဲသို့ ဗုဒ္ဓတပည့်တော်တစ်ဦးက အစီအရင်ခံတင်ပြရန် ရောက်လာလေသည်။
“မင်း ဘာလို့အလန့်တကြားဖြစ်နေတာလဲ”
ဗုဒ္ဓခန်းမထဲတွင် ဗုဒ္ဓခြောက်ပါးက ရွှေရောင်ဗုဒ္ဓရုပ်တုရှေ့မှောက်၌ မျက်လုံးများကိုမှိတ်လျက် လက်အုပ်ချီကာ တင်ပျဉ်ခွေထိုင်နေလေသည်။
“ဗုဒ္ဓဂိုဏ်းတော်က သန့်ရှင်းစင်ကြယ်တယ်။ တစ်ခုခုဖြစ်လာတယ်ဆိုတိုင်း မင်း အထိတ်တလန့်နဲဲ့ ဗုဒ္ဓစိတ်အစဉ်ကိုနှောင့်ယှက်လို့မရဘူး”
ဗုဒ္ဓတပည့်တော်ကလည်း လက်အုပ်ချီလိုက်ပြီး တရိုတသေပြောလေသည်။
“ကျေးဇူးတင်ပါတယ် ကြီးမြတ်တဲ့မဟာဗုဒ္ဓ”
“ကဲ ဆိုစမျးပါဦး”
“လူတစ်ယောက်က ဗုဒ္ဓတောင်တန်းကိုကျုးကျော်ဝင်ရောက်လာပြီး ဗုဒ္ဓလှေကားထစ်တွေပေါ်မှာ ဒူးထောက်ဖို့ငြင်းဆန်နေပါတယ်။ သူက တောင်ပေါ်တက်ပြီး သူ့သံသယတွေကိုရှင်းလင်းချင်လို့ပါလို့ပြောနေပါတယ်”
ဗုဒ္ဓတစ်ပါးက ပေါ့ပေါ့ပါးပါးပြောလိုက်လေသည်။
“ဒူးထောက်ပြီး အရိုအသေမပြုဘူးဆိုရင် မင်းရဲ့နှလုံးသားက မစစ်မှန်သေးလို့ပဲ။ ဒီလိုဆိုရင် သူ့သံသယတွေကိုလည်းဖြေရှင်းနိုင်မှာမဟုတ်ဘူး။ သူ့ကို တောင်ပေါ်ကဆင်းခိုင်းလိုက်”
ဗုဒ္ဓတပည့်တော်က ပြောပြန်လေ၏။
“ဒါပေမဲ့ ကျွန်တော်တို့တပည့်တွေက သူ့ကို တောင်အောက်ဆင်းခိုင်းပြီးပါပြီ။ ဒါပေမဲ့ ဒီလူက လက်မခံဘူး။ အခု သူ့ကြောင့် ဗုဒ္ဓသာဝကတွေဒါဇင်နဲ့ချီပြီး ဒဏ်ရာရကုန်ပါပြီ”
“ပြီးတော့လည်း ဒီလူစကားပြောပုံက အရမ်းရိုင်းတယ်။ ကျွန်တော်တို့ဗုဒ္ဓဂိုဏ်းကိုလည်း သူတော်ကောင်းယောင်နေတယ်လို့ပြောပါသေးတယ်။ သူ့ကိုဆန့်ကျင်သူတွေကို ဖယ်ရှားပစ်လိုက်ပါပြီ”
“ဟင်”
ထိုစကားကိုကြားသော် ဗုဒ္ဓတစ်ပါးက မျက်လုံးဖွင့်လာပြီး ဗုဒ္ဓတောင်တန်းကို ငုံ့ကြည့်လိုက်လေသည်။
“ဒီလူ့ကိုနှိမ်နင်းဖို့ သာဝက၁၈ပါးကိုပြောလိုက်”
“သူက ဗုဒ္ဓကိုစော်ကားနေမှတော့ ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားပါစေတော့”
ထိုစကားကိုကြားသော် ဗုဒ္ဓတပည့်တော်က ဝမ်းမြောက်ဝမ်းသာဖြစ်သွားလေသည်။ သူ လက်အုပ်ချီလျက် ပြောလိုက်သည်။
“နားလည်ပါပြီ”
“လုပ်စရာရှိတာဆက်လုပ်တော့”
ဤသို့ဖြင့် ဗုဒ္ဓဂိုဏ်းတော်၏တပည့်လည်း ထွက်ခွာသွားလေတော့သည်။
ထိုအချိန်တွင် ရွှေရောင်ဗုဒ္ဒရုပ်တုကြီး၏ လက်နှစ်ဖက်ဆီမှ တံဆိပ်တစ်ခုထွက်ပေါ်လာပြီး သူ့ခန္ဓာကိုယ်ထက်တွင်လည်း မျက်စိကျိန်းဖွယ်ဗုဒ္ဓရောင်ခြည်တစ်ဖြာ တောက်ပနေချေသည်။ ထိုရုပ်တုက ပြုံးလိုက်၏။ သို့သော် ထိုအပြုံးမှာ မိစ္ဆာသဘာဝအရိပ်အယောင်တချို့ကိန်းအောင်းနေဟန်တူသည်။
ဗုဒ္ဓလှေကားထစ်များထက်တွင်…
နင်းချန်ရှင်းဟာ တာအိုသိုင်းကျမ်းကို လက်ထဲကိုင်ထား၍ လှေကားထစ်၇၈၀အထိ ရောက်လာလေပြီ။ သူ့နောက်တွင် ဒါဇင်နှင့်ချီသော ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ အရှိန်အဝါများမှေးမှိန်လျက် လဲကျနေပေသည်။
သိသာလှသည့်အချက်မှာ သူတို့က နင်းချန်ရှင်းကိုတားဆီးချင်ခဲ့သော်လည်း တိုက်ခိုက်ခံလိုက်ရပေသည်။ ရပ်တန့်၍မစွမ်းသာသောအဟုန်ဖြင့် သူ ရှေ့ဆက်တိုးလာခဲ့သည်။ သူ့နောက်ရှိ နင်းမင်နှင့်အခြားလူများမှာ ကြက်သေသေနေလေတော့သည်။
နင်းချန်ရှင်းက အလွန်အစွမ်းထက်လှပေသည်။ ရန်သူကိုရင်ဆိုင်ပြီးချိန်မှာ သူ့နှုတ်မှ စကားတစ်ခုမိန့်မြွက်လာချေသည်။
တိုက်ပွဲကား ဆုံးခန်းတိုင်သွားလေပြီ။
ဤနေရာကိုရောက်လာကြသော ဗုဒ္ဓဘာသာကျင့်ကြံသူများမှာ သူ့ကိုမယှဉ်နိုင်ကြချေ။ သို့သော် လှေကားထစ်ပေါင်း၈၀၀သို့ တက်တော့မည့်ဆဲဆဲမှာပင် သူ့ရှေ့၌ ဗုဒ္ဓဘာသာကျင့်ကြံသူ၁၈ယောက် ပေါ်လာလေသည်။
ဤဗုဒ္ဓဘာသာကျင့်ကြံသူ၁၈ဦးမှာ သစ်သားတုတ်တံများကိုင်ထားပြီး သူတို့၏အရှိန်အဝါမှာ အလွန်အားကောင်းလှပေသည်။
သူတို့အားလုံးက ချန်းယွမ်ကနအဆင့်သို့ ရောက်ထားပြီးဖြစ်၏။
နင်းမင်၏အမူအရာလည်းပြောင်းလဲသွားရပြီး တအံ့တသြပြောလိုက်လေသည်။
“ဗုဒ္ဓသာဝက၁၈ပါး”
သာဝက၁၈ပါး…
ဤသည်မှာ ဗုဒ္ဓဂိုဏ်းတော်၏ အလွန်အမင်းအစွမ်းထက်လှသောတိုက်ခိုက်ရေးခွန်အားတစ်ရပ်ဖြစ်သည်။
သူတို့ဟာ ချန်းယွမ်ကနဦးအဆင့်ကိုရောက်ထားရုံသာမက ပို၍ကြောက်မက်ဖွယ်ကောင်းသောအချက်မှာ သာဝက၁၈ပါးဟာ သာဝကအစီအရင်၁၈ပါးကို ဖန်ဆင်းနိုင်ပေသည်။
အစီအရင်တည်ဆောက်မှု ပြီးစီးသည်နှင့် ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်တစ်ယောက်ပင်လျှင် ၎င်းကို ယာယီမျှသာရှောင်ရှားနိုင်လေသည်။
ဤအစီအရင်၏စွမ်းအားမှာ အလွန်အမင်းအားကောင်းလှသည်။
“ဗုဒ္ဓဂိုဏ်းတော်က သာဝက၁၈ပါးကို တိုက်ရိုက်လွှတ်လိုက်လိမ့်မယ်လို့ ငါမထင်ထားဘူး”
“ကြည့်ရတာ သူက ဒီပညာရှင်လေးကို ဒီနေရာမှာပဲထိန်းသိမ်းထားဖို့ ဆုံးဖြတ်ထားပုံပဲ”
ထိုအချိန်တွင် နင်းမင်က သူ့မိသားစုပြောသောစကားများကို ပြန်အမှတ်ရလိုက်သည်။ ဗုဒ္ဓမြို့တော်ထဲသာမက အနောက်ပိုင်းဒေသထဲမှာပါ သူတို့ဟာ ဗုဒ္ဒဂိုဏ်းတော်၏မကောင်းကြောင်းကို မပြောရချေ။ သို့မဟုတ်ပါက မိသားစုလိုက် ဖျက်ဆီးခံရလိမ့်မည်သာ။
ဤစကားမှာ ဟာသတစ်ခုမဟုတ်ပေ။
တစ်ဖက်လူဟာ ဗုဒ္ဓကိုစေလွှတ်လိုက်ခြင်းမဟုတ်ပေ။ ဤသာဝက၁၈ပါးကတင် သူတို့မိသားစုကိုဖျက်ဆီးပစ်ဖို့ လုံလောက်နေလေပြီ။
သူတို့မိသားစုထဲရှိ အင်အားအကြီးဆုံးပုဂ္ဂိုလ်မှာ ချန်းယွမ်ကနဦးအဆင့်သာ ရှိသေးသည်။
တစ်ချက်ကြည့်ရုံမျှဖြင့် ဗုဒ္ဓဂိုဏ်းတော်၏ခွန်အားမှာ စင်စစ်ဆန်းကြယ်လှကြောင်း သိနိုင်ပေသည်။
ထိုအခိုက်အတန့်လေးမှာ နင်းချန်ရှင်း အပေါ်ကိုမော့ကြည့်လိုက်သည်။ သူ့လက်ထဲတွင် တာအိုသိုင်းကျမ်းကိုကိုင်စွဲထားပြီး ပြောလိုက်လေ၏။
“ခင်ဗျားတို့တွေက ကျုပ်ကိုတားဖို့ ဒီရောက်လာတာလား”
သာဝက၁၈ပါးက စကားများများစားစားမပြောချေ။
သူတို့က နင်းချန်ရှင်းကို ဝန်းရံထားလိုက်ကြသည်။ သူတို့အဖို့တောါ ဗုဒ္ဓဂိုဏ်းတော်ဆိုသည်မှာ မြင့်မြတ်နယ်မြေတစ်ခုဖြစ်သည်။
ဗုဒ္ဓဂိုဏ်းတော်ကိုအသရေဖျက်ခြင်းမှာ သက်ညှာမှုမရှိသတ်ဖြတ်ပစ်သင့်ပေသည်။
တခြားဘာမှထပ်ပြောနေစရာမလိုပေ။
ထိုအခြင်းအရာကိုမြင်သော် နင်းချန်ရှင်းကလည်း ဘာမှထပ်မပြောတော့ချေ။ သူဟာ တာအိုသိုင်းကျမ်းကိုဖွင့်လိုက်ပြီး ရန်သူပိုခုခံရန်ပြင်ဆင်လိုက်သည်။
တိုက်ပွဲကား စတင်ရန်စိုင်းပြင်နေလေပြီ။
ထိုအချိန်တွင် ရွှေရောင်အရိပ်အင်အား၁၈ခုက နင်းချန်ရှင်းကို တိုက်ခိုက်လေတော့သည်။
နင်းချန်ရှင်းကား အမူအရာလုံးဝမပြောင်းပေ။
သူပြောလိုက်၏။
“လာစေ”
အဆောင်တံဆိပ် ထွက်ပေါ်လာလေသည်။ ၎င်းက အရိပ်အင်အား၁၈ခုကို တိုက်ရိုက်ဖျက်ဆီးပစ်လိုက်သည်။ သာဝက၁၈ပါးကို ထိုအခြင်းအရာကိုမြင်လိုက်ရသည့်တိုင် အံ့သြမသွားချေ။
မည်သို့ပင်ဖြစ်စေ ဗုဒ္ဓဘာသာကျင့်ကြံသူအမြောက်အများကို အနိုင်ယူပြီး ဤနေရာကိုရောက်လာနိုင်ခဲ့သည်မှာ သာမန်တော့မဟုတ်ချေ။ ထို့နောက် သာဝက၁၈ပါးက အစီအရင်ကြီးတစ်ခုကို ဖန်ဆင်းလိုက်ပေသည်။
ထိုသာဝကများ၏အနောက်တွင် ပုံရိပ်ယောင်ကြီးတစ်ခု ပေါ်ပေါက်လာ၏။ ထိုပုံရိပ်ယောင်၏မျက်နှာမှာ သူတို့၏မျက်နှာများသာဖြစ်၏။ ထိုပုံရိပ်ယောင်ကြီးမှာ ရွှေရောင်တုတ်တံတစ်ခုကို ကိုင်ဆောင်ထားပေသည်။
သာဝက၁၈ပါး တိုက်ခိုက်သည်နှင့် ထိုပုံရိပ်ယောင်ကြီးကလည်း တစ်ချိန်တည်းမှာ နင်းချန်ရှင်းကိုခြေမွရန်ကြံလေတော့သည်။
ရွှေရောင်အလင်းတန်းတစ်ခုက နင်းချန်ရှင်း၏ခေါင်းအထက်ရှိ ကောင်းကင်ကြီးကို အချိန်တစ်ခဏမျှဖုံးလွှမ်းသွားလေသည်။
အလွန်အမင်းအစွမ်းထက်လှသော ဖိနှိပ်ရေးအရှိန်အဝါတစ်ခုက နင်းချန်ရှင်းကို နေရာမှာတင် ပွဲချင်းပြီးနှိမ်နင်းပစ်ချင်နေပေသည်။
ဤသည်မှာ ကမ္ဘာပေါ်ရှိမိစ္ဆာများကိုပင် နှိမ်နင်းနိုင်စွမ်းရှိသော သာဝက၁၈ပါးအစီအရင်ဖြစ်သည်။
၎င်းမှာ အလွန်အမင်းအစွမ်းထက်လှသည်။
နင်းချန်ရှင်းကမူ တုံ့ဆိုင်းမနေချေ။ တာအိုသိုင်းကျမ်းကိုကိုင်၍ တခြားစကားတစ်ခွန်းကို ရွတ်ဆိုလိုက်သည်။
“စစ်သည်တို့”
သင်္ကေတစာလုံးကိုးလုံးက ထပ်မံတိုက်ခိုက်လာပြန်လေသည်။
“စစ်သည်”ဟူသောစာလုံးမှာ ကောင်းကင်ဘုံပုံရိပ်ယောင်စစ်သည်အဖြစ်သို့ ပြောင်းလဲသွားပြီး သာဝကပုံရိပ်ယောင်၁၈ပါးကို တိုက်ခိုက်လေတော့သည်။
နင်းမင်နှင့်အခြားလူများ၏အမူအရာမှာ ပြောင်းလဲသွားလေသည်။
နင်းချန်ရှင်းဟာ နောက်ပြန်ဆုတ်မည့်အရိပ်အယောင်မရှိပေ။ သူဟာ သာဝက၁၈ပါးအစီအရင်ကို ထိပ်တိုက်ရင်ဆိုင်ချင်နေပေသည်။
ထိုတဒင်္ဂတွင် ကောင်းကင်ဘုံစစ်သည်များမှာ ပုံရိပ်ယောင်သာဝက၁၈ပါးနှင့် ဝင်တိုက်မိချေသည်။
နောက်ဆက်တွဲလှိုင်းလုံးကြီးမှာ ရုတ်ခြည်းမြင့်တက်လာပေသည်။
နင်းမင်နှင့်အခြားလူများမှာ ထိုနောက်ဆက်တွဲလှိုင်းလုံးကိုခုခံရန် သူတို့၏ဝိညာဉ်ရေးရာချီစွမ်းအင်ကို ထုတ်လွှတ်ရန်လိုလာပေသည်။
သန်မာမှုမလုံလောက်သူတချို့ကမူ နောက်ဆက်တွဲလှိုင်းလုံးဒဏ်ကို တိုက်ရိုက်ခံစားလိုက်ရပေသည်။ သူတို့်မျာ သွေးများအန်ထွက်လာပြီး နောက်ပြန်ဆုတ်သွားကြသည်။
ဤအဆင့်ရှိသောတိုက်ပွဲတစ်ခုဟာ သူတို့ကြားဖြတ်နှောင့်ယှက်၍မရနိုင်သောအရာပင်။
ပွဲကြည့်ပရိသတ်များပင် ခပ်ဝေးဝေးမှသာ ကြည့်နိုင်ကြတော့သည်။ ပတ်ပတ်လာ်ရှိသစ်ပင်များက ထိုအခိုက်အတန့်မှာ ဖျက်ဆီးခံလိုက်ရလေသည်။ ဖုန်မှုန့်များက နေရာအနှံ့ပြန့်ကြဲနေပြီး အရှိန်အဝါများလည်း ပေါက်ကွဲထွက်လာပေသည်။
လူတိုင်း၏ကြောက်ရွံ့ထိတ်လန့်နေသောအကြည့်များအောက်တွင် ကောင်းကင်ဘုံစစ်သည်များဟာ သာဝကပုံရိပ်ယောင်၁၈ပါး၏တင်းပုတ်ကြီးကို တွန်းလှန်ပစ်လိုက်ချေသည်။
သာဝက၁၈ပါးလည်း ထိုအဖြစ်ကိုမြင်သောအခါ လုံးဝအံ့သြသွားရလေသည်။ သူတို့လည်း သူတို့၏တင်းပုတ်ကို နောက်တစ်ကြိမ်လွှဲယမ်းတော့မည့်ဆဲဆဲမှာပင် နင်းချန်ရှင်းက နောက်ထပ်စကားတစ်ခွန်းကို ရွတ်ဆိုလိုက်၏။
“တိုက်ခိုက်စေ”
သူ့စကားလုံးများက ဥပဒေတစ်ရပ်နှယ်ဖြစ်လာချေသည်။
မိုးကြိုးထစ်ချုန်းလာလေသည်။
ထိုအချိန်မှာ “တိုက်ခိုက်ခြင်း”ဟူသောစာလုံးက ကောင်းကင်ဘုံစစ်သည်ပုံရိပ်ယောင်၏ခန္ဓာကိုယ်တွင် ကပ်သွားလေသည်။
ထို့နောက် ပုဆိန်လှံတံတစ်ခုက ကောင်းကင်ဘုံစစ်သည်၏လက်ထဲ၌ ပေါ်ပေါက်လာပေသည်။
သူ့အရှိန်အဝါသည်လည်း ပေါက်ကွဲထွက်လာပေသည်။
သာဝက၁၈ပါး၏အမူအရာကား ပြောင်းလဲသွားပြီး လက်တစ်ဖက်ဖြင့် လက်သင်္ကေတတစ်ခုကို ချက်ချင်းဖန်ဆင်းလိုက်၏။
ထို့နောက် သြရှရှအော်သံတစ်ခုနှင့်အတူ သူ့လက်ထဲရှိသစ်သားတုတ်တံကို အပြင်းအထန်လွှဲယမ်းလိုက်သည်။
ထိုအချိန်တွင် သာဝက၁၈ပါး၏အစီအရင်မှာ အဆုံးစွန်အထိ ဆန်တက်သွားလေတော့သည်။
ကောင်းကင်ဘုံစစ်သည်ကလည်း သူ့လက်ထဲရှိ ပုဆိန်လှံတံကို လွှဲယမ်းပစ်လိုက်သည်။
ထိုလှံတံဟာ သာဝကပ၁၈ပါး၏ပုံရိပ်ယောင်နှင့် ဝင်တိုက်မိချေသည်။
အုန်း!
ထိုအချိန်၌ ဗုဒ္ဓတောင်တန်းကြီးပင် ယမ်းခါသွားဟန်ပင်။ ဗုဒ္ဓမြို့တော်ထဲရှိလူတိုင်းဟာ ကောင်းကင်ထက်တွင်ပေါက်ကွဲသွားသော အရှိန်အဝါတစ်ခုကို ခံစားမိလိုက်ကြလေသည်။ သူတို့အားလုံး ဗုဒ္ဓတောင်တန်းရှိရာနေရာသို့ မော့ကြည့်လိုက်ကြသည်။
ဗုဒ္ဓတောင်တန်းကို ဘယ်သူက ကျူးကျော်ရဲတာလဲ….
လှေကားအုံပေါ်ရှိ လှေကားထစ်ပေါင်း၈၀၀၌…
နင်းမင်နှင့်အခြားလူများမှာ အထစ်၆၀၀ဆီသို့ နောက်ပြန်ဆုတ်လိုက်ပြီးဖြစ်၏။ သူတို့ရှေ့ရှိမြင်ကွင်းကို ကြည့်ရင်း မျက်ဝန်းထဲ၌ ထိတ်လန့်မှုအရိပ်အယောင်များ ပြည့်နှက်သွားလေသည်။
သူ့အထက်ရှိ သာဝက၁၈ပါး၏ပုံရိပ်ယောင်သည်ကား ပျောက်ကွယ်သွားပြီးဖြစ်ချေသည်။ အစီအရင်လည်း ဖျက်ဆီးခံလိုက်ရလေပြီ။
သာဝက၁၈ပါးလည်း လှေကားဘေးတွင် လဲကျသွားပေသည်။ သူတို့၏ဝိညာဉ်ရေးရာချီစွမ်းအင်မှာ ကုန်ခမ်းသွားပြီး သူတို့၏အရှိန်အဝါများကလည်း အလွန်အမင်းအားနည်းသွားရှာသည်။
သူတို့အားလုံး အပြင်းအထန်ဒဏ်ရာရသွားသည်မှာ သိသာလှပေသည်။
နင်းချန်ရှင်းကမူ ကျောကိုမတ်လျက် ရှေ့ကိုသာဆက်သွားနေချေတော့သည်။