Switch Mode

အခန်း (၁၁၂)

ကောင်းကင်အဆင့်ဆေးဝါး

ကောင်းကင်အဆင့်ဆေးဝါးအားလုံးက အတိဒုက္ခဆေးဝါး၏စစ်ကြောမှုကို တွေ့ကြုံခံစားကြည့်ရန် လိုအပ်ပေသည်။

ဤသည်မှာ လူတကာသိသောအချက်ပင်။

ပင်မဂိုဏ်းများနှင့် တော်ဝင်မိသားစုများထံသို့ အသံပို့လွှတ်မှုများပြုလုပ်ကြလေတော့သည်။

အဂ္ဂိရတ်ညီလာခံအတောအတွင်း၌ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဟာ အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်အတွင်း ကောင်းကင်အဆင့်ဆေးဝါးကို မွမ်းမံနိုင်ခဲ့သတဲ့။

“ဟမ် တကယ်လား”

“မြန်မြန်လေး.. သဘာဝရတနာတွေကိုယူခဲ့လိုက် အဂ္ဂိရတ်ဂိုဏ်းကိုသွားပြီး အဲ့ဒီလူကို စည်းရုံးသိမ်းသွင်းကြမယ်”

“မဖြစ်ဖြစ်တဲ့နည်းနဲ့”

လျှို့ဝှက်တာအိုပင်မကျောင်းတော်၌…

ခေါင်းဆောင်ယန်လည်း ထိုသတင်းကိုကြားပေသည်။

သူဟာ ခဏမျှမှင်တက်သွားပြီးမှ သက်ပြင်းချလိုက်ချေ၏။

“မဟာတိုက်ပွဲကြီးကတော့ စတော့မှာပဲ။ တချို့ပါရမီရှင်တွေက မိုးရွာပြီးတဲ့နောက်ပေါ်လာတဲ့မျှစ်စို့တွေလို ကိုယ်ထင်ပြလာပြီပေါ့”

“ဒါဆို ကျွန်တော်တို့ သူ့ကို အဖွဲ့ထဲဆွဲသွင်းကြမလား”

ခေါင်းဆောင်ယန်က ခေါင်းကိုခါယမ်း၍ပြောလိုက်သည်။

“ငါတို့တွေ သူနဲ့ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ရင်ရပြီ။ ဒီအဆင့်ရှိတဲ့အဂ္ဂိရတ်ပညာရှင်တွေက တခြားအင်အားစုတွေနဲ့ မပူးပေါင်းချင်တာ သဘာဝပဲ”

“အဲ့ဒါအပြင် ငါတို့လျှို့ဝှက်တာအိုကျောင်းတော်က ဂိုဏ်းတွေကြားကပြိုင်ပွဲတွေမှာ ဝင်မပါဘူး”

“အဲ့ဒါကြောင့် သူတို့ကိုအသာလွှတ်ထားလိုက်တာပေါ့…”

“နားလည်ပါပြီ”

လျှို့ဝှက်ဓားသွားဂိုဏ်းတွင်..

လျန်ဖန်းက ဂိုဏ်းခေါင်းဆောင်၏ခန်းမဆီသို့ အလောတကြီးသွားလေသည်။

“ဆရာ ကောင်းကင်အဆင့်ဆေးဝါးကိုမွမ်းမံနိုင်တဲ့အဂ္ဂိရတ်ပညာရှင်တစ်ယောက် အဂ္ဂိရတ်ညီလာခံမှာပေါ်လာတယ်တဲ့”

လင်းရူဖုန်းက တည်တည်ငြိမ်ငြိမ်ပင်ခေါင်းညိတ်ပြ၏။

“ငါသိပြီးပြီ”

လျန်ဖန်းကလည်း ဝမ်းသာအံ့သြသွားပြီး စိုးရိမ်တကြီးမေးလိုက်သည်။

“ကျွန်တော်တို့ သွားကြမလား”

လင်းရူဖုန်းက လျန်ဖန်းကို သာမန်ကာလျှံကာစိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါတို့က ဘာလို့သွားမှာလဲ”

“အာ.. သူ့ကို အဖွဲ့ထဲဆွဲသွင်းဖို့စည်းရုံးရမှာပေါ့”

ထိုကိစ္စတွင် လင်းရူဖုန်း၏အမြင်ကား ခေါင်းဆောင်ယန်နှင့်အတူတူပင်။

သူက ခေါင်းခါလျက်ပြော၏။

“သွားပြီး ကောင်းကောင်းသာလေ့ကျင့်နေစမ်းပါ”

လျန်ဖန်းခမျာ စိတ်ရှုပ်ထွေးနေဟန်ဖြင့် ခေါင်းကုတ်နေမိသည်။ သို့သော် သူက လင်းရူဖုန်း၏အစီအစဉ်ကိုနာခံနေဆဲဖြစ်ပြီး နောက်ပြန်လှည့်ကာ သိုင်းကျင့်ကြံရန်သွားလေတော့သည်။

ခဏအကြာ၌ အဘိုးအိုတစ်ယောက်က ဂိုဏ်းခေါင်းဆောင်၏ခန်းမဆီသို့ ရောက်ချလာသည်။

လင်းရူဖုန်းက ထိုအဘိုးအိုကိုကြည့်ပြီး တရိုတသေမတ်တတ်ထရပ်လိုက်သည်။

“ဆရာ”

လင်းရူဖုန်း၏ဆရာမှာ လျှို့ဝှက်ဓားသွားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဟောင်းဖြစ်ပြီး လက်ရှိတွင် အန္တိမအကြီးအကဲဖြစ်လေသည်။

အဘိုးအိုက ခေါင်းညိတ်ပြပြီး အဂ္ဂိရတ်ဂိုဏ်းရှိရာအရပ်ကို လှမ်းကြည့်လိုက်သည်။ သူက သက်ပြင်းချလျက်ပြောလာလေသည်။

“ရူဖုန်း မဟာတိုက်ပွဲခေတ်အခါက စတင်တော့မှာပဲ။ ဒီခေတ်ကြီးထဲမှာ ငါတို့လျှို့ဝှက်ဓားသွားဂိုဏ်း အသက်ရှင်ကျန်ရစ်နိုင်ဖို့အတွက် မင်း အပြည့်အဝပြင်ဆင်ထားရမယ်”

ထိုစကားကိုကြားသော် လင်းရူဖုန်းက တည်ငြိမ်သောအမူအရာဖြင့် တည်ငြိမ်စွာခေါင်းညိတ်လိုက်၏။

“တောင်ပိုင်းဒေသမှာ လျှို့ဝှက်နယ်မြေ တစ်ခုပေါ်လာပုံရတယ်။ အဲ့ဒါက မဟာတိုက်ပွဲခေတ်ကြီးစတင်တော့မဲ့ ရှေးပြေးနိမိတ်ပဲ။ အဲ့ဒီကိုလည်း လူတချို့စေလွှတ်ထားလိုက်”

“ဟုတ်ကဲ့ပါ ဆရာ”

တစ်ဖက်တွင်မူ အဂ္ဂိရတ်ဂိုဏ်း၏အဂ္ဂိရတ်ညီလာခံကို လူအုပ်ကြီးက ဝန်းရံထားလိုက်သည်။

သူတို့ထဲတွင် အဂ္ဂိရတ်ဂိုဏ်း၏တပည့်များလည်းပါသလို အကြီးအကဲတစ်သိုက်လည်းရှိ၏။

အမျိုးမျိုးသောဂိုဏ်းဂဏကြီးများမှ လူများကလည်း တစ်ယောက်ပြီးတစ်ယောက် အပြေးရောက်လာကြသည်။

လူတိုင်းဟာ ကောင်းကင်ထက်ကို အလန့်တကြားမော့ကြည့်ကြသည်။

ထိုအချိန်တွင် မိုးတိမ်မည်းများက ကောင်းကင်ကိုဖုံးအုပ်ပစ်လိုက်၏။

သိပ်သည်းလှသောမိုးတိမ်မည်းများကြားမှာတော့ မိုးကြိုးနဂါးများက တဖြည်းဖြည်းရုပ်လုံးပေါ်လာလေသည်။

ကောင်းကင်ဘုံ၏အပြစ်ဒဏ်တစ်ခု ဆင်းသက်လာတော့မည့်အလားပင်။

လုချန်ရှန်းကတော့ ဆေးဖော်စပ်ခြင်းပြီးရန် လက်တစ်ကမ်းအလို၌ဖြစ်၏။

ဆေးရနံ့က စတင်ထွက်ပေါ်လာလေသည်။

ထိုအခိုက်အတန့်လေးတွင် လုချန်ရှန်း မျက်မှောင်ကြုတ်လိုက်မိ၏။

အလင်းတန်းတစ်ခုက ဆေးကျိုအိုးထဲမှ ပျံ့လွင့်လာလေသည်။

၎င်းမှာ မိုးတိမ်မည်းများအောက်ရှိ လေထုအလယ်တွင်မျောလွင့်နေသည်။

သူက အတိဒုက္ခဆေးဝါးကိုရင်ဆိုင်ရန် ပြင်ဆင်ထားသလို လူတိုင်းကလည်း ထိုမြင်ကွင်းကိုစောင့်ကြည့်နေကြသည်။

မိုးတိမ်မည်းများထဲ၌ မိုးကြိုးနဂါးတစ်ကောင် ပေါက်ကွဲထွက်လာတော့မည်ဖြစ်၏။

ပေါက်ကွဲသံကြီးကို ကြားလိုက်ရချေပြီ။

အဖျက်ဓာတ်အရှိန်အဝါတစ်ခုက အဂ္ဂိရတ်ဂိုဏ်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွား၏။

အတိဒုက္ခဆေးဝါး၏သက်ရောက်မှုကို ရှောင်လွှဲရန်အတွက် လူတိုင်းဟာ အကာအကွယ်တံတိုင်းများကိုအသုံးပြုလိုက်ကြသည်။

လုချန်ရှန်းက ထိုမြင်ကွင်းကို တည်ငြိမ်စွာစောင့်ကြည့်နေသည်။

ထိုအချိန်တွင် အလင်းတန်းများက ဆေးလုံးပေါ်၌ စတင်စီးဆင်းစပြုလာ၏။

၎င်းမှာ အတိဒုက္ခဆေးဝါးကို ရန်သွားစနေသည့်အလားပင်။

မိုးတိမ်မည်းများထဲတွင် မိုးကြိုးမုန်တိုင်းများ လိပ်တက်လာချေသည်။

၎င်းမှာ ဆူနာမီတစ်ခုအလားပင်။

မိုးကြိုးနဂါး၏ဟိန်းဟောက်သံ!

၎င်းက ကမ္ဘာကြီးကိုဖျက်ဆီးချင်နေပေသည်။

ထိုအချိန်မှာ မိုးတိမ်မည်းများဟာ မိုးကြိုးနဂါး၏လှောင်အိမ်ကို ထပ်မထိန်းထားနိုင်တော့ဟန်ပင်။

မရေမတွက်နိုင်သောလျှပ်စီးလျှပ်ရောင်များက မိုးကြိုးနဂါးများအဖြစ် အသွင်ပြောင်းသွားပြီး ဆေးလုံးပေါ်ကို တသွင်သွင်စီးဆင်းလာလေသည်။

၎င်း၏အရှိန်အဝါမှာ ကြောက်မက်ဖွယ်ရာပင်။

စင်အောက်ရှိမဟာအကြီးအကဲမှာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ထိတ်လန့်သွားရသည်။

“ဒီလိုကြောက်ဖို့ကောင်းလွန်းတဲ့ အတိဒုက္ခဆေးဝါးအစွမ်း.. ဒါက သာမန်ကောင်းကင်အဆင့်ဆေးဝါးမဟုတ်ဘူး”

ထိုသို့ဆိုပါက ဤကောင်လေး၏အဂ္ဂိရတ်ပညာအစွမ်းမှာ သူတို့ဂိုဏ်းခေါင်းဆောင်ထက် ပိုသာလောက်ပေသည်။

လုချန်ရှန်းကမူ လုံးဝအံ့သြမသွားချေ။

မိုးကြိုးနဂါးကြီးကမူ ဟိန်းဟောက်လာ၏။

၎င်းက အလင်းတန်းတစ်ခုနှင့်အတူ ချာလပတ်လည်နေသည့်ဆေးကို အပြင်းအထန်ဝင်ဆောင့်ပစ်လိုက်သည်။

အုန်း!

ဆေးလုံးကို မိုးကြိုးနဂါးက ဖုံးအုပ်ပစ်လိုက်၏။

သို့သော် ဆေးဝါးက ထိုကိစ္စကြောင့် ပျက်စီးသွားခြင်းမရှိ။

ထိုအစား အလင်းတန်းတစ်ခုကိုပင် ထုတ်လွှတ်နေသေးသည်။

အတိဒုက္ခဆေးဝါး၏အစွမ်းမှာ ဆေးများကိုမွမ်းမံခြင်းဖြစ်၏။

အတိဒုက္ခဆေးဝါးကို အောင်မြင်အောင်ဖန်တီးနိုင်သရွေ့ အသွင်ပြောင်းခြင်းကို ပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်ပြီး ကောင်းကင်အဆင့်ဆေးဝါးတစ်ခုဖြစ်လာနိုင်လေသည်။

ဤသည်မှာ ကောင်းကင်ဘုံအဆင့်ဆေးဝါးတစ်မျိုးဖြစ်လာစေမည့် တစ်ခုတည်းသောနည်းလမ်းပင်။

လူတိုင်းဟာ ထိတ်လန့်နေသောမျက်ဝန်းအစုံဖြင့် ထိုမြင်ကွင်းကိုငေးကြည့်နေကြရှာ၏။

ကောင်းကင်အဆင့်ဆေးဝါးကို ဖော်စပ်နေသည့်မြင်ကွင်းမျိုးမှာ အလွန်အမင်းရှားလှပေသည်။

ပုံမှန်ဆိုလျှင် အသေးငယ်ဆုံးသောအမှားလေးတစ်ခုကပင် ဆေးဖော်စပ်ရေးကို ကျရှုံးသွားစေနိုင်သည့်အတွက် အပြင်လူများအနေနှင့် ကောင်းကင်ဘုံအဆင့်ဆေးဝါးမွမ်းမံနေချိန်တွင် အနား၌မနေကြရချေ။

ထိုအချိန်၌ မိုးကြိုးနဂါးများမှာ ထပ်မံစီးဆင်းလာပြန်လေ၏။

နောက်ဆုံးအချိန်အတွက် ရူးသွပ်သွားကြသည့်အလားပင်။

ပတ်ပတ်လည်ရှိလေထုသည်လည်း ဖရိုဖရဲဖြစ်နေရချေသည်။

ကျင့်ကြံစဉ်မမီသောတပည့်အချို့ခမျာ သက်ရောက်မှုများကိုပင် ခံစားနေရလေပြီ။

ကံကောင်းထောက်မစွာဖြင့် အကြီးအကဲများက မတ်တတ်ရပ်ပြီး အဖျက်ဓာတ်ကြီးသောနောက်ဆက်တွဲလှိုင်းလုံးကို သူတို့တပည့်များအတွက် ခုခံပေးထားကြသည်။

“တပည့်တွေအားလုံး မီတာတစ်ရာနောက်ပြန်ဆုတ်ကြ”

နောက်ဆက်တွဲလှိုင်းလုံးဆိုသည်မှာ သူတို့ခုခံနိုင်သောအရာမဟုတ်သည့်အတွက် တပည့်များကလည်း ခေါင်းညိတ်ပြီး နောက်ပြန်ဆုတ်သွားကြသည်။

မိုးတိမ်မည်းများအောက်တွင် မတ်တတ်ရပ်နေသောလုချန်ရှန်းကတော့ လုံးဝသက်ရောက်မှုမခံစားရချေ။

တကယ်တမ်းတွင် မိုးကြိုးတချို့ သူ့ပေါ်သို့သက်ဆင်းလာချိန်၌ သူက ကိုယ်ပျောက်အကာအရံတစ်ခုဖြင့် ခုခံလိုက်မည်သာဖြစ်၏။

သူ့ပုံစံကြည့်ရသည်မှာ လုံးဝဂရုမစိုက်လေဟန်ဖြင့် ပေါ့ပါးနေပေသည်။

ထိုအဖြစ်ကိုသတိပြုမိသောလူများမှာ ထိတ်လန့်ကြကုန်လေသည်။

ဤပုဂ္ဂိုလ်၏ခွန်အားမှာ မနိမ့်ကျလောက်ချေ။

အတိဒုက္ခဆေးဝါး၏စစ်ကြောမှုအောက်တွင် ဆေးလုံးမျက်နှာပြင်က ခုနစ်ရောင်ခြယ်အလင်းတန်းတစ်ခု တဖြည်းဖြည်းထုတ်လွှတ်လာချေသည်။

ဤသည်မှာ ကောင်းကင်အဆင့်ဆေးဝါး အောင်မြင်တော့မည်ဟူသောသင်္ကေတပင်။

မိုးတိမ်မည်းများအောက်ရှိ မိုးကြိုးနဂါးများကလည်း စီးဆင်းမှုရပ်တန့်သွားဟန်ပင်။

လေထုထဲရှိမိုးကြိုးများမှာ လုံးဝပျောက်ကွယ်သွား၏။

သို့သော် မည်သူမှစိတ်မအေးသွားကြပေ။

မိုးတိမ်မည်းများထဲတွင် ဧရာမအဖျက်ဓာတ်အရှိန်အဝါတစ်မျိုးက တစ်ဖန်စုစည်းလာပြန်ပေသည်။

ဤတစ်ကြိမ်၌ အရှိန်အဝါက မတိုင်မီကထက်ပင် ပိုမိုအားကောင်းလာလေသည်။

ဤသည်မှာ အတိဒုက္ခဆေးဝါး၏နောက်ဆုံးရိုက်ချက်ပင်ဖြစ်လေသည်။

ဤအဖြစ်မှာ မုန်တိုင်းမလာခင် လေပြည်သွေးနေသည်သာ။

ထို့ပြင် ဤတိုက်ခိုက်မှုက မတိုင်မီကထက် ပိုအစွမ်းထက်လာတော့မည်မှာ ကျိန်းသေပင်။

ဂိုဏ်းခေါင်းဆောင်ခန်းမထဲတွင် အဂ္ဂိရတ်ဂိုဏ်း၏ဂိုဏ်းခေါင်းဆောင်က ထိုမြင်ကွင်းကို မချိတင်ကဲဖြစ်နေလေဟန်အမူအရာဖြင့် မော့ကြည့်နေ၏။

ဤအတိဒုက္ခဆေးဝါးအဆင့်မျိုးမှာ သူဖော်စပ်ခဲ့ဖူးသော ကောင်းကင်အဆင့်ဆေးဝါးများထဲမှာပင် ပေါ်ပေါက်မလာဖူးချေ။

ဤပုဂ္ဂိုလ်၏အဂ္ဂိရတ်ကျင့်ကြံရေးဟာ သူ့ထက်သာလွန်နေခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။

“သူက ငါတို့အဂ္ဂိရတ်ဂိုဏ်းကလူမဟုတ်တာတော့ နှမြောစရာပဲ…”

မိုးတိမ်မည်းများထဲတွင် အဖျက်ဓာတ်အရှိန်အဝါက စုစည်းနေဆဲဖြစ်၏။

မိုးကြိုးလျှပ်စီးများ စုစည်းလိုက်ချေပြီ။

၎င်းက အလင်းတန်းထောက်တိုင်ကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီး ကမ္ဘာမြေကြီးကိုဖျက်ဆီးပစ်ချင်သည့်အလား ကျယ်လောင်လှသောပြိုလဲသံကြီးနှင့်အတူ လဲကျသွားလေသည်။

ထိုမြင်ကွင်းကိုကြည့်ရင်း အဂ္ဂိရတ်ဂိုဏ်းအကြီးအကဲများ၏အမူအရာများ ပြောင်းလဲသွား၏။ သူတို့ဟာ သူတို့၏ခုခံရေးအကာအရံများကို တစ်ခုပြီးတစ်ခုမြှောက်တင်လိုက်ကြသည်။

“အဂ္ဂိရတ်ဂိုဏ်းရဲ့တပည့်တွေအားလုံးပဲ ပေတစ်ထောင်အကွာကို နောက်ပြန်ဆုတ်ကြ”

မဟာအကြီးအကဲက ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက် ကောင်းကင်ထက်သို့ဆန်တက်ကာ အရံအတားတစ်ခုကို စီရင်လေတော့သည်။

ပွဲကြည့်သူများအကြား၌ ဦးလေးလီ၏အမူအရာကလည်း တည်ငြိမ်နေပေသည်။ သူက မုဝမ်အာ၏အရှေ့တွင် မတ်တတ်ရပ်ကာ လက်နှစ်ဖက်ကိုဖြန့်ကားထား၏။

မုဝမ်အာကတော့ လုချန်ရှန်းကို လေးစားသောအကြည့်တို့ဖြင့်ကြည့်နေရင်း ထိုမြင်ကွင်းကို စူးစူးစမ်းစမ်းစောင့်ကြည့်နေပေသည်။

အလင်းထောက်တိုင်ကြီး၏အောက်တွင် လုချန်ရှန်းက လက်ကိုဝှေ့ယမ်းလိုက်လေရာ ပြိုလဲသွားသောအလင်းထောက်တိုင်ကြီးမှာ ကိုယ်ပျောက်အကာအရံတစ်ခုကြောင့် ဖယ်ထုတ်ခံလိုက်ရသည်။

ထိုအရာက သူ့ကိုဒဏ်ရာရအောင်လုပ်ဖို့မှာ လုံးဝမဖြစ်နိုင်ပေ။

အဖျက်ဓာတ်အရှိန်အဝါမှာ လေထုထဲတွင် အကြီးအကျယ်ဗြောင်းဆန်သွားစေခဲ့သည်။

ထိုအချိန်လေးတွင် လေထုကြီးကား ကွဲအက်တော့မည့်လက္ခဏာများပြသလာဟန်ပင်။

အသက်ရှိုက်ငင်သံဒါဇင်ချီခန့်ကြာသော်…

အလင်းထောက်တိုင်ကြီးမှာ တဖြည်းဖြည်းပျောက်ကွယ်သွား၏။

အတွင်းဘက်ရှိဆေးဝါးများကလည်း မပျက်စီးသွားပေ။

ထိုဆေးများက ခုနစ်ရောင်ခြယ်အလင်းတန်းတစ်ခုကို ထုတ်လွှတ်နေလေသည်။

ဆေးရနံ့ဟာ ဤအခိုက်အတန့်လေးမှာ အဂ္ဂိရတ်ဂိုဏ်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားချေသည်။

ထိုအချိန်မှာပင် လူတိုင်း သဘောပေါက်သွားကြကုန်၏။

ဤဆေးလုံးမှာ အတိဒုက္ခဆေးဝါး၏စစ်ကြောမှုကို တွေ့ကြုံဖြတ်သန်းလာခဲ့ပြီဖြစ်ပြီး ကောင်းကင်အဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့လေပြီ။

Comment

Leave a Reply

Options

not work with dark mode
Reset