Switch Mode

အခန်း (၁၁၁)

အတိဒုက္ခဆေးဝါး

အမွှေးတိုင်တစ်တိုင်ထွန်းသာခန့်အချိန်အတွင်း သူ ဘာလုပ်နိုင်လေမလဲ။

သူတို့အားလုံး လုချန်ရှန်း၏အဂ္ဂိရတ်အရှိန်အကြောင်း ကြားသိထားပြီးသားပင်။

သို့သော် အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်ကား စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးကိုသာဖော်စပ်နိုင်တော့မည်မဟုတ်လား။

စိတ်တန်ခိုးရှင်အဆင့်ဆေးဝါးဆိုပါက သူ ထိပ်ဆုံးသုံးနေရာကိုပင် ဝင်ရောက်နိုင်တော့မည်မဟုတ်။

ပွဲကြည့်သူနေရာတွင်…

“အိုး အဲ့ဒါ လုချန်ရှန်းလား။ ကံဆိုးချင်တော့ သူ့မှာ အချိန်မရှိတော့ဘူးပဲ”

“ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ကိုယ်ပိုင်ဆေးဖော်စပ်နည်းကိုတောင် ဖန်တီးပြီး အဆင့်မြှင့်နိုင်တဲ့အဂ္ဂိရတ်ပညာရှင်တစ်ယောက်က နယ်နယ်ရရမှမဟုတ်တာ”

“အချိန်ကျလာရင် ငါတို့ သူ့ကိုစည်းရုံးသိမ်းသွင်းဖို့ ကြိုးစားရမယ်”

“ဒါပေမဲ့ ဒီကလေးက အဂ္ဂိရတ်ညီလာခံကိုတောင်ရောက်မလာဘူး။ သူက နည်းနည်းတော့မောက်မာပုံရတယ် ဟုတ်တယ်မလား”

“ဘယ်အဂ္ဂိရတ်ပညာရှင်က မမောက်မာလို့လဲ။ ဆုလာဘ်တွေက သူ့ကိုဆွဲဆောင်နိုင်သရွေ့ သူ ငါတို့ဆီရောက်လာမှာပဲ”

အကယ်၍ အငြင်းခံခဲ့ရပါလျှင် ကမ်းလှမ်းသောပမာဏက လုံလောက်မှုမရှိသဖြင့် သူ့ကို မဆွဲဆောင်နိုင်ခြင်းသာဖြစ်ပေလိမ့်မည်။

ဤမျှသာဖြစ်၏။

မုဝမ်အာ၏ပုံစံကလည်း စိတ်ပူနေပုံပင်။

“အမွှေးတိုင်တစ်တိုင်ထွန်းစာပဲကျန်တော့တယ်။ ဦးလေး အချိန်မီပြီးပါ့မလား”

လုချန်ရှန်းအဖို့ စဉ်းစားတွေးတောနေရန် အချိန်မရှိချေ။

ဦးလေးလီကတော့ ခေါင်းကို အသာအယာခါယမ်းလိုက်၏။ လုချန်ရှန်းနိုင်လိမ့်မည်ဟု သူမထင်ထားသည်မှာ သိသာလှသည်။

တစ်ဖက်တွင်မူ ဟူချင်းက လုံးဝစိုးရိမ်နေဟန်မတူ။

လျှို့ဝှက်တာအိုကျောင်းတော်တွင် သရုပ်ပြခဲ့သည့်ဆေးဝါးများကို သူဖော်စပ်ခဲ့စဉ်က ထိုဆေးများအားလုံးဟာ သူတို့ထက်သာလွန်သည်ချည်းသာ။

အရှိန်အတွက်ကတော့လား။

လုချန်ရှန်းက အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်မျှအတွင်း လုပ်နိုင်လေသည်။

အကဲဖြတ်ဒိုင်များရှိရာနေရာတွင် မဟာအကြီးအကဲမှာ သင်္ကာမကင်းဖြစ်နေလေသည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်အတွင်း သူ အဆင့်မြင့်ဆေးဝါးကို အမှန်တကယ်ဖော်စပ်နိုင်ပါ့မလား။

ထို့ပြင် ဂိုဏ်းခေါင်းဆောင်ကပင် သတိထားနေရသည်တဲ့..

လုချန်ရှန်းက ဘာများထူးခြားနေလေသလဲ။

ကျုံးလီ၊ ရှဲ့ယွမ်ရန်နှင့် အခြားလူများလည်း လုချန်ရှန်းကိုကြည့်နေကြသည်။

ဤမျှအချိန်တိုလေးအတွင်း သူ ဘာများလုပ်နိုင်လေမလဲ။

သူတို့နှစ်ယောက်သားက ခေါင်းမခါဘဲမနေနိုင်ချေ။

သူတို့၏စိတ်ထဲတွင်မူ လုချန်ရှန်းကိုကြောက်နေစရာမလိုဟုတွေးနေပေသည်။

၎င်းက သူတို့၏အဆင့်သတ်မှတ်ချက်များကို မယိမ်းယိုင်စေနိုင်ပေ။

ထိုအချိန်တွင် လုချန်ရှန်းက ဟူချင်းထံမှအသံပို့လွှတ်မှုကြောင့် ဤတစ်ချီအတွက်လိုအပ်ချက်များကို သိလိုက်ရသည်။

ကန့်သတ်ချက်ဟူ၍မရှိပေ။ သူ့စိတ်ကြိုက် ဆေးဝါးမွမ်းမံဖော်စပ်နိုင်၏။

အရည်အသွေးမြင့်နေသရွေ့ အဆင်ပြေသည်။

ဒါက လွယ်လွန်းမနေဘူးလား…

လုချန်ရှန်းဟာ များများစားစားတွေးမနေပါဘဲ သူ့သိုလှောင်ရေးလက်စွပ်ထဲက ပစ္စည်းများကိုထုတ်လိုက်သည်။

ထိုပစ္စည်းများကို ဆေးကျိုအိုးထဲသို့ပစ်ထည့်ပြီး စတင်မွမ်းမံလေတော့သည်။

၎င်းတို့ကို အတူတကွမွမ်းမံနေဆဲပင်။

မီးလျှံများက ဆေးကျိုးအိုတစ်ဝိုက် တောက်လောင်လာသည်။

အပူချိန်သည်ကား ပတ်ပတ်လည်ရှိလေထုကိုပင် ပူနွေးသွားစေသည်။

လူတိုင်း၏အကြည့်အောက်တွင် လုချန်ရှန်းကတော့ အလွန်တည်ငြိမ်နေဟန်ပင်။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်တဲ့လား… လုံလောက်တာပေါ့…

အမွှေးတိုင်တစ်ဝက်စာမျှ လောင်ကျွမ်းပြီးသွားလေပြီ။

ပစ္စည်းများဖော်စပ်ထုတ်ယူခြင်းကား လူတိုင်း၏ သတိကြီးစွာစောင့်ကြည့်မှုအောက်မှာပင် ပြီးမြောက်သွားပြီး လုချန်ရှန်းလည်း ဆေးကို အရည်ပျစ်အောင်ကျိုလိုက်၏။

အရမ်းမြန်တာပဲ…

လူအပေါင်းမှာ ထိတ်လန့်သွားရလေသည်။

ယခုလိုကျွမ်းကျင်မှုမျိုးကို သူတို့ ပထမဆုံးတွေ့မြင်ဖူးခြင်းဖြစ်၏။

“သူမွမ်းမံနေတာ ဘာဆေးဝါးလဲဆိုတာ ငါမသိတော့ဘူး”

“ဆေးရဲ့အဆင့်က သိပ်မြင့်လိမ့်မယ်လို့မထင်ဘူး”

“အချိန်က အရမ်းတိုတောင်းလွန်းတယ်”

ထိုအခြင်းအရာကိုမြင်သော် မဟာအကြီးအကဲက အနည်းငယ်မှင်တက်သွားလေသည်။

မွမ်းမံဖော်စပ်ရေးအရှိန်ကို မဆိုထားနှင့်။ လုချန်ရှန်းသုံးနေသောပါဝင်ပစ္စည်းများကို သူသိနေသည့်တိုင် ထိုပစ္စည်းများနှင့် ဘာဆေးဝါးဖော်စပ်နေသလဲဆိုသည်ကို သူ မသိချေ။

၎င်းကို သူသိလည်းမသိသလို ကြားလည်းမကြားဖူးခဲ့ပေ။

ဤကလေးက သူ့ကိုယ်ပိုင်ဆေးဝါးကိုဖော်စပ်နေတာများ ဖြစ်လေမလား။

အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်အချိန်လေးအတွင်းမှာလေ…

မဟာအကြီးအကဲခမျာ ထပ်မစဉ်းစားရဲတော့ပေ။

ဤသို့ဆိုပါက ဤကောင်လေး၏အဂ္ဂိရတ်ပညာအစွမ်းမှာ မယုံကြည်နိုင်လောက်အောင်ပင်။

ထိုအချိန်၌ ရုတ်တရက်ဆန်သောဖြစ်ရပ်တစ်ခု ဖြစ်ပွါးလာသည်။

မိုးတိမ်မည်းများက ကောင်းကင်ထက်တွင် တဖြည်းဖြည်းပေါင်းစည်းသွားကြသည်။

ဝန်းကျင်အနှံ့ရှိနေရောင်ခြည်များကို ဖုံးအုပ်ပစ်လိုက်သည်။

လူတိုင်းဟာ ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ရှုပ်ထွေးနေသောအမူအရာများဖြင့် ကောင်းကင်ကို ကြည့်လိုက်ကြသည်။

‘ရာသီဥတုအခြေအနေ ပြောင်းသွားတာလား’

သို့သော် မိုးတိမ်မည်းများထုတ်လွှတ်လာသော အရှိန်အဝါမှာ သာမန်ထက်ပိုမိုထူးကဲလှသည်။

လုချန်ရှန်း၏အရှေ့ရှိ ဆေးကျိုအိုးထဲမှ မီးတောက်များ ပိုမိုတောက်လောင်လာသည့်အတွက် ဗဟိုချက်ငွေ့ရည်ဖွဲ့ခြင်းကလည်း နောက်ဆုံးအဆင့်သို့ရောက်လာလေသည်။

လျှပ်စီးများက ကောင်းကင်ထက်ရှိ မိုးတိမ်မည်းများထဲကို စီးဝင်သွားလေသည်။

ဘုန်း! ဘုန်း!

မိုးတိမ်မည်းများထဲတွင် လူးလိမ့်နေသော မိုးကြိုးနဂါးတစ်ကောင်ပင်ဖြစ်၏။

၎င်းမှာ အဖျက်ဓာတ်အရှိန်အဝါတစ်မျိုးကို စင်စစ်ထုတ်လွှတ်နေချေသည်။

သူတို့ဟာ တစ်စုံတစ်ခုကိုစဉ်းစားတွေးတောနေဟန်ရှိသည်။

ပွဲကြည့်ပရိသတ်ထဲရှိ ဂိုဏ်းဂဏကြီးမှလူများဖြစ်စေ၊ ဒိုင်လူကြီးဖြစ်သော မဟာအကြီးအကဲပင်ဖြစ်စေ၊ ဘေးဘက်ရှိ အခြားပြိုင်ပွဲဝင်များပင်ဖြစ်စေ အားလုံး၏အမူအရာမှာ တစ်မုဟုတ်ချင်းပြောင်းလဲသွားလေတော့သည်။

ဆေးကျိုခြင်း၏နောက်ဆုံးအဆင့်၌ မိုးတိမ်မည်းများက ကောင်းကင်ကိုဖုံးအုပ်သွားပြီး မိုးကြိုးနဂါးများလည်း ထွက်လာချေသည်။

ဤသည်မှာ အတိဒုက္ခဆေးဝါးပင်တည်း။

ဤသည်မှာ ကောင်းကင်အဆင့်ဆေးဝါးတစ်ခု၏ သင်္ကေတဖြစ်သည်။

အကယ်၍ ဆေးတစ်မျိုးတည်းဖြင့် ကောင်းကင်အဆင့်၏ပထမတစ်ဆင့်ကို ရောက်လိုပါက အတိဒုက္ခဆေးဝါးဖြင့် ဖေးမရမည်ဖြစ်၏။

အတိဒုက္ခဆေးဝါး၏ဖေးမမှုကို တွေ့ကြုံခံစားပြီးမှသာ ကောင်းကင်အဆင့်ဟု ခေါ်ဆိုနိုင်မည်သာ။

ကောင်းကင်အဆင့်ဆေးဝါးတစ်မျိုးကို သန့်စင်မွမ်းမံခြင်းက အမွှေးတိုင်တစ်တိုင်ထွန်းစာခန့်သာ ကြာသည်တဲ့လား။

ဒါက လူရောဟုတ်ရဲ့လား…

အတိဒုက္ခအဂ္ဂိရတ်ဆေးဝါး တဖြည်းဖြည်းပေါ်ပေါက်လာခြင်းဟာ အဂ္ဂိရတ်ဂိုဏ်း၏အတွင်းအပြင်ရှိလူအပေါင်းကို ထိတ်လန့်သွားစေသည်။

အဂ္ဂိရတ်ဂိုဏ်း၏တပည့်များနှင့် အကြီးအကဲများအားလုံးက သူတို့ခေါင်းများကို အလန့်တကြားမော့လိုက်မိကြသည်။

“ကောင်းကင်အဆင့်ဆေးဝါးကို ဘယ်သူဖော်စပ်လိုက်တာလဲ”

“ဂိုဏ်းခေါင်းဆောင်နဲ့ အန္တိမအကြီးအကဲများလား”

“ဒါပေမဲ့ အဲ့ဒီတည်နေရာက ဂိုဏ်းခေါင်းဆောင်ရှိတဲ့နေရာမှမဟုတ်တာ”

“အဲ့ဒါက… အဂ္ဂိရတ်ညီလာပဲ”

တပည့်များနှင့်အကြီးအကဲတစ်သိုက်မှာ သူတို့လုပ်လက်စအလုပ်များကို ချထားခဲ့ပြီး အဂ္ဂိရတ်ညီလာခံကျင်းပရာနေရာကို အပြေးသွားကြလေတော့သည်။

ကောင်းကင်အဆင့်ဆေးဝါးတစ်မျိုး ပေါ်ပေါက်လာခြင်းက သွေးမုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

အဂ္ဂိရတ်ပညာရှင်များကမူ ကောင်းကင်အဆင့်ဆေးဝါးကို အနီးကပ်လေ့လာကြည့်ရှုနိုင်လေသည်။

ဤသည်မှာ သူတို့၏ဆေးတာအိုကို တိုးမြှင့်ပေးရာ၌ အလွန်အကျိုးရှိလှသည်။

အဂ္ဂိရတ်ဂိုဏ်း၏အတွင်းပိုင်းထဲရှိ ခန်းမတစ်ခု၏အပြင်ဘက်၌…

သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က မလှမ်းမကမ်းတွင်ရှိနေပါသော ကောင်းကင်ထက်ရှိမိုးတိမ်မည်းများကိုကြည့်လိုက်သည်။

ထိုနေရာမှာ မိုးကြိုးများ သိပ်သိပ်သည်းသည်းဖုံးအုပ်ထားပေသည်။

ထိုအမျိုးသား၏မျက်နှာမှာ တည်ငြိမ်နေချေသည်။

ကောင်းကင်အဆင့်ဆေးဝါး…

သူလည်း ၎င်းကို စမ်းသပ်ဖော်ထုတ်ဖူးသော်လည်း အောင်မြင်နှုန်းကား ၃၀ရာခိုင်နှုန်းသာရှိ၏။

ထို့ပြင် ကောင်းကင်အဆင့်ဆေးဝါးကို သူမွမ်းမံလေတိုင်း ရက်ပေါင်းများစွာကြာအောင် ကြိုတင်ပြင်ဆင်ရသည်။

မွမ်းမံနေစဉ်အတောအတွင်းမှာလည်း ဝိညာဉ်ရေးရာချီစွမ်းအင်နှင့် စိတ်ဝိညာဉ်စွမ်းအားမလုံလောက်ခြင်းတို့ကြောင့် ရပ်တန့်သွားလေ့ရှိသည်။

တစ်ဖက်လူကတော့ အချိန်တိုလေးအတွင်း ၎င်းကိုလုပ်ပြနိုင်ခဲ့လေသည်။

အတိဒုက္ခဆေးဝါးကို အောင်မြင်စွာဖော်စပ်နိုင်ခြင်းရှိမရှိဆိုသည်ကို အသာထားဦး။ အတိဒုက္ခဆေးဝါးကို ဤမျှအချိန်တိုအတွင်းမှာ လုပ်ပြနိုင်ခဲ့သည်ကပင် ကြောက်စရာကောင်းနေလေပြီ။

“မဟာတိုက်ပွဲကတော့ တကယ်စတော့မယ်ထင်ပါရဲ့”

ထိုအချိန်တွင် အဂ္ဂိရတ်ညီလာခံ၏ဘေးဘက်ရှိ မရေမတွက်နိုင်သောတပည့်များနှင့် အကြီးအကဲများက သူတို့ရှေ့ရှိမြင်ကွင်းကိုကြည့်ရင်း မြေပြင်ထက်တွင် တုတ်တုတ်မျှမလှုပ်နိုင်ဘဲ ကြက်သေသေနေလေသည်။

မုဝမ်အာကလည်း သူ(မ)၏အောက်နှုတ်ခမ်းလေးကိုထိ၍ ပြောလိုက်သည်။

“ဦးလေးလီ အတိဒုက္ခဆေးဝါးဆိုတာ ဘာအဓိပ္ပါယ်လဲ”

ဦးလေးလီခမျာ အသက်ပြင်းပြင်းရှိုက်ရှူလိုက်ပြီး သူ့နှလုံးသားထဲရှိထိတ်လန့်မှုကို ချိုးနှိမ်ထားလိုက်ရသည်။ သူ့အသံကလည်း တုန်ယင်လျက်ရှိ၏။

“အဲ့ဒါက ကောင်းကင်အဆင့်ဆေးဝါးတစ်မျိုး မွေးဖွားလာပြီဆိုတဲ့အဓိပ္ပါယ်ပဲ”

“ဒါဆို ကျွန်မတို့မိသားစုထဲမှာရော ကောင်းကင်အဆင့်ဆေးဝါးကိုမွမ်းမံနိုင်တဲ့သူရှိလား”

ဦးလေးလီက ခဏမျှတွေးကြည့်ပြီးနောက် ခေါင်းခါပြလိုက်သည်။

“ဘယ်သူမှမရှိဘူး။ အဂ္ဂိရတ်ဂိုဏ်းရဲ့ဂိုဏ်းခေါင်းဆောင်နဲ့ အန္တိမအကြီးအကဲကပဲ အဲ့လိုဆေးဝါးမျိုးကို မွမ်းမံနိုင်တာ”

“ဒါဆို ဦးလေးလီပြောတဲ့သဘောက ဦးလေးက အရမ်းအစွမ်းထက်တယ်ပေါ့”

ဤတစ်ကြိမ်မှာတော့ ဦးလေးလီ တွေဝေတုံ့ဆိုင်းမနေဘဲ ခေါင်းညိတ်လိုက်သည်။

“အရမ်းအစွမ်းထက်တာ”

ထိုစကားကိုကြားလိုက်ရသော မုဝမ်အာက တစ်ဖက်ကိုလှည့်ပြီး ဆေးကျိုနေသောလုချန်ရှန်းကိုကြည့်လိုက်သည်။ သူ(မ)၏မျက်ဝန်းအစုံ တောက်ပသွားလေသည်။

ပွဲကြည့်စင်ပေါ်တွင် အဓိကအင်အားစုများမှလူများအားလုံး ထိတ်လန့်သွားချေသည်။

“ဒီကောင်လေးကို ငါတို့အဖွဲ့အစည်းထဲဆွဲသွင်းရမယ်”

“မဖြစ်ဖြစ်တဲ့နည်းနဲ့”

“ဂိုဏ်းခေါင်းဆောင်ကို ဒီကိုကိုယ်တိုင်လာခဲ့ဖို့ သတင်းပို့လိုက်။ ပြီးတော့ အခကြေးငွေလည်း လုံလုံလောက်လောက်ယူလာခိုင်းလိုက်ဦး”

အချိူ့လူများက ပို၍စဉ်းစားချင့်ချိန်နိုင်စွမ်းရှိသည်။

“ကောင်းကင်အဆင့်ဆေးဝါးကို အချိန်တိုလေးအတွင်းဖော်စပ်နိုင်တဲ့ မဟာအဂ္ဂိရတ်ပညာရှင်တစ်ယောက်က တခြားဂိုဏ်းတွေနဲ့ပူးပေါင်းချင်မှာမဟုတ်ဘူး”

မဟာအဂ္ဂိရတ်ပညာရှင်သာလျှင် ကောင်းကင်အဆင့်ဆေးဝါးကို မွမ်းမံနိုင်ပေသည်။

ထို့ပြင် ထိုဆေးကို အချိန်တိုအတွင်းမွမ်းမံနိုင်ရန်မှာ အနည်းဆုံး ပဉ္စမအဆင့်နှင့်အထက်ကို ရောက်ထားရမည်ဖြစ်၏။

လုချန်ရှန်း၏အချက်အလက်များကို ပြန်လည်ဆန်းစစ်နေသော မဟာအကြီးအကဲ၏နှလုံးခုန်သံမှာ အလွန်ကျယ်လောင်လာပေသည်။

စတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်တဲ့လား…

ဘယ်လိုစတုတ္ထအဆင့်အဂ္ဂိရတ်ဆရာသခင်မျိုးက ကောင်းကင်အဆင့်ဆေးဝါးကို ဖော်စပ်နိုင်လဲဆိုတာ ပြောစမ်းပါဦး…

မဟာအကြီးအကဲဟာ လုချန်ရှန်း၏အဂ္ဂိရတ်စွမ်းရည်ကိုစစ်ဆေးခဲ့သော အဂ္ဂိရတ်ဂိုဏ်း၏တပည့်ကို ထုတ်ပယ်ပစ်ရမည်ဟု ဆုံးဖြတ်ချက်ချလိုက်လေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset