Switch Mode

အခန်း (၁၀၉)

နိယာမဓားသွား

တိမ်လွှာဖီးနစ်ဂိုဏ်း၏တည်နေရာအဟောင်း၌…

ကောင်းကင်ကြီးဟာ အုံ့မှိုင်းနေချေသည်။

ထိုအချိန်တွင် လုချန်ရှန်းက လေထုကိုထိုးခွင်းလျက် ဤနေရာကိုရောက်ရှိလာပေသည်။

သူ့အရှိန်အဝါကိုထုတ်လွှတ်လိုက်ပြီး အရှေ့ဘက်ဆီကို အာရုံခံကြည့်လိုက်သည်။

တစ်စစီပျက်စီးနေပြီဖြစ်သော မြို့တစ်မြို့၏အလယ်ပိုင်းတွင် ဧရာမချိတ်ပိတ်အရှိန်အဝါတစ်ခုက ကောင်းကင်ထက်ကို ဆန်တက်နေလေသည်။ ထိုအရာက လုချန်ရှန်း အလောတကြီးပြေးလာခဲ့ရသည့်တည်နေရာကို အတည်ပြုပေးနေသည်။

ထိုအခိုက်တွင် ချိတ်ပိတ်အစီအရင်ထဲ၌ ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်က ကုန်ခမ်းလုနီးပါးဖြစ်နေသောကြောင့် ဟုန်ရင်၏အရှိန်အဝါမှာ အားနည်းဖျော့တော့နေပေသည်။

သူ(မ)မှာ အစီအရင်ကိုချိုးဖောက်ရန် မကြိုးစားနိုင်တော့ပေ။ သူ(မ)၏လက်ရှိခွန်အားဖြင့် ဤချိတ်ပိတ်အစီအရင်ကို ချိုးဖောက်နိုင်စရာအကြောင်းမရှိပေ။

ဟုန်ရင်၏ဝိညာဉ်ရေးရာစွမ်းအင် လုံးဝကုန်ခမ်းသွားသည်နှင့်တစ်ပြိုင်နက် ဤချိတ်ပိတ်အစီအရင်ထံမှ အလုံးစုံဝါးမျိုခံလိုက်ရတော့မည်ဖြစ်၏။

အစီအရင်၏အပြင်ဘက်တွင် ယွင်မင်တစ်ယောက် စိုးရိမ်သောကရောက်နေသောအမူအရာဖြင့် အစီအရင်ကို အပြင်ဘက်မှ အရူးအမူးတိုက်ခိုက်နေပေသည်။

ကံဆိုးချင်လေတော့ အကျိုးသက်ရောက်မှုများ သေးငယ်လှ၏။

ယွင်မင်၏ခွန်အားက အစီအရင်ကိုချိုးဖောက်ဖို့ မလုံလောက်ချေ။

ဟုန်ရင်က အစီအရင်ထဲမှာရှိနေသော်ငြား သူ(မ)မျက်လုံးထဲမှာမူ စိုးရိမ်သောကအရိပ်အယောင်ရှိမနေပေ။

ယခုအချိန်မှာ သောကရောက်နေလည်း အချည်းနှီးပင်။

သူ(မ)အနေနှင့် ချိတ်ပိတ်အစီအရင်၏စွမ်းအားကိုခုခံရန် လက်ကျန်ဝိညာဉ်ရေးရာချီစွမ်းအင်အပေါ် မှီခိုရုံသာတတ်နိုင်သည်။

အစီအရင်၏အပြင်ဘက်ရှိ အရူးအမူးဖြစ်နေသောယွင်မင်ကိုကြည့်ပြီး သူ(မ)ပြောလိုက်သည်။

“ယွင်မင် တော်တော့။ နင် ဒါကိုမချိုးဖောက်နိုင်ဘူး”

ယွင်မင်မှာ သောကပွေနေပုံပေါ်၏။

“ဒါပေမဲ့ အရှင်မ.. ဒီလိုသာဆက်ဖြစ်နေရင် အရှင်မ…”

ဟုန်ရင်က ယွင်မင့်စကားကိုကြားဖြတ်ကာ ခေါင်းခါပြလိုက်သည်။ သူ(မ)က တခစ်ခစ်ရယ်လျက် ပြောလိုက်၏။

“ရပါတယ်။ ဘာတွေဖြစ်နေလဲဆိုတာ ဆရာ့ကိုပြောပြီးသွားပြီ။ ငါတော့ သူဒီကိုလာနေပြီထင်တယ်”

ယွင်မင် မှင်တက်သွားရချေသည်။ သူ စံအိမ်တော်ကအမျိုးသားကို သတိရလိုက်သဖြင့် မေးလိုက်သည်။

“အရှင်မတောင် ဒီအစီအရင်ကိုမချိုးဖောက်နိုင်တာ။ သူက တကယ်လုပ်နိုင်မှာတဲ့လား”

ဟုန်ရင်က အပြုံးလေးဖြင့်ပြန်ပြောသည်။

“ဆရာ့ခွန်အားနဲ့သာဆိုရင် ဘာပြဿနာမှမရှိဘူး”

လုချန်ရှန်း၏သိုင်းကျင့်စဉ်အဆင့်ကို သူ(မ)ဖောက်မမြင်နိုင်သော်လည်း သူ(မ)၏မျက်လုံးထဲတွင် ဆရာက တသီးတခြားနေတတ်သည့်တိုင် သူဟာ အနန္တတန်ခိုးရှင်ပင်ဖြစ်၏။

သူ မသိသည့်အရာဟူ၍လုံးဝမရှိသလိုပင်။

ထိုအချိန်မှာ ချိတ်ပိတ်အစီအရင်က ရုတ်တရက်ပြောင်းလဲသွားသည်။

ဟုန်ရင်ကို တိုက်စားဝါးမျိုပစ်ရန် စိတ်မရှည်တော့သည့်အလားပင်။

ထိုအချိန်၌ ချိတ်ပိတ်အစီအရင်ကြီးဟာ ဟုန်ရင်၏ခေါင်းအထက်တွင် စုစည်းသွားလေသည်။

အထွတ်အမြတ်ဆန်သော ချိတ်ပိတ်စွမ်းအားက ဧရာမတောင်တန်းကြီးတစ်ခုအလား အသွင်ပြောင်းသွားပြီး ဟုန်ရင်ကို ဖိနှိပ်နေပေတော့သည်။

ယွင်မင်ကလည်း ထိုမြင်ကွင်းကို သောကပွေနေသောအမူအရာဖြင့် ကြည့်နေချေသည်။

ဟုန်ရင်ကတော့ ခါးသက်သက်ပြုံးလိုက်မိသည်။

ကြည့်ရပုံထောက်သော် ဆရာရောက်မလာခင်အထိ သူ(မ)တောင့်ခံမထားနိုင်တော့ပုံပင်။

သို့သော် သူ(မ)ကတော့ လက်လျှော့ဖို့မလိုလားသေးပေ။

ကိုးဘဝပြန်လည်ဝင်စားခဲ့ပြီးနောက်မှာမှ သူ(မ)ဟာ ဤနေရာတွင် စင်စစ်ချုပ်နှောင်ခံနေရလေသည်။

ငါက ကပျာကယာနိုင်နေတုန်းပဲ…

ဟုန်ရင် မသိလိုက်မသိဘာသာသက်ပြင်းချလိုက်မိသည်။ ဤချိတ်ပိတ်အစီအရင်၏ထောင်ချောက်မှလွတ်ရန်အတွက် သူ(မ) ခွန်အားအနည်းငယ်မျှသာ ပြန်လည်ဖြည့်တင်းရုံပင်။

အဆုံးမှာတော့…

သူ(မ) သေခါနီးအထိ တိုက်ခိုက်သွားမည်သာဖြစ်၏။

ထိုသို့တွေးရင်း ဟုန်ရင် လှံတံကိုကောက်ကိုင်လိုက်ပြီး ချိတ်ပိတ်စွမ်းအားကြောင့်ဖြစ်ပေါ်လာသောတောင်တန်းကို ကြည့်လိုက်၏။

ထိုအခိုက်တွင် သူ(မ)ခန္ဓာကိုယ်အနှံ့ရှိ ပြန်လည်ဝင်စားရေးစွမ်းအားများက အရူးအမူးလွတ်ထွက်လာလေတော့သည်။

ဝိညာဉ်ရေးရာချီစွမ်းအင်ကလည်း သူ(မ)ခန္ဓာကိုယ်ထံမှ စိမ့်ထွက်လာ၏။

ထိုအချိန်၌ သူ(မ)လက်ထဲရှိလှံတံမှာ တဝီဝီအသံပေးလာလေသည်။

ဤသည်မှာ သူ(မ)၏နောက်ဆုံးတိုက်ကွက်ဖြစ်၏။

ဤတိုက်ခိုက်မှုပြီးသွားပါက ဟုန်ရင် ထပ်တောင့်ခံနိုင်စွမ်းမရှိတော့ချေ။

ရုတ်ခြည်းပင်။

ထိုအခိုက်အတန့်မှာ ကောင်းကင်ထက်ရှိ ဧရာမတောင်တန်းကြီးက ပြိုကျလာသည်။

ထိုက်တောင်တန်းကြီးက သူ(မ)အပေါ်ဖိထားလိုက်သည့်အလားပင်။

ဤတောင်တန်းနှင့်ရင်ဆိုင်နေရသော ဟုန်ရင်၏အမူအရာက မပြောင်းမလဲရှိနေဆဲဖြစ်ပြီး ရှေကိုပင် ခြေတစ်လှမ်းတိုးကာ လေထဲကို ရုတ်တရက်ဆန်တက်သွားလေသည်။

သူ(မ) ၎င်းကို ထိပ်တိုက်ရင်ဆိုင်ပစ်လိုက်သည်။

သူ(မ)လက်ထဲရှိလှံတံကို ပစ်လွှတ်လိုက်သည်။

ပြန်လည်ဝင်စားရေးလှံတံဆန္ဒ ထွက်ပေါ်လာချေသည်။

ထိုအခိုက်အတန့်လေး၌ ဟုန်ရင်က သူ(မ)၏အသန်မာဆုံးတိုက်ကွက်ကိုသုံး၍ နောက်ဆုံးတိုက်ကွက်ကို ထုတ်လိုက်လေသည်။

လှံတံဟာ တောင်တန်း၏အောက်ခြေကို ထိုးခွင်းသွားလေသည်။

အုန်း…

လျှပ်တပြက်ဆိုသလိုပင် နားစည်ကွဲလုမတတ်ဟိန်းဟောက်သံကြီးတစ်ခု ပေည်ထွက်လာသည်။

ချိတ်ပိတ်အစီအရင်ကြောင့်ဖြစ်ပေါ်လာသော တောင်တန်းမှာ တရစပ်တုန်လှုပ်စပြုလာ၏။

ဟုန်ရင်က အော်ဟစ်၍ ရှေ့ကိုတိုးသွားလိုက်သည်။

လှံတံရှည်ကို ရှေ့သို့ဖိချလိုက်သည်။

တောင်တန်းကြီးက ထပ်မံလှုပ်ယမ်းသွားပြန်၏။

သို့သော် ဤတစ်ကြိမ်တွင်မူ ချိတ်ပိတ်စွမ်းအားက တစ်ဖန်ထွက်ပေါ်လာသည်။

၎င်းက ဟုန်ရင်ကို ဆက်လက်ဖိနှိပ်ထားသည်။

ဟုန်ရင်၏အရှိန်အဝါများ စတင်ဖျော့တော့လာသည်။

ထိုအချိန်တွင် ဟုန်ရင်လည်း တောင့်ခံနိုင်စွမ်းမရှိတော့ချေ။ မသဲမကွဲအော်ဟစ်သံနှင့်အတူ လှံတံကလည်း သူ(မ)လက်ထဲမှလွတ်ကျသွား၏။

ခန္ဓာကိုယ်လည်း လဲပြိုသွားသည်။

ထိုအခိုက်အတန့်လေးမှာ ချိတ်ပိတ်စွမ်းအားကြောင့်ဖြစ်တည်လာသော တောင်တန်းကြီး ပြိုလဲသွားချေသည်။

အစီအရင်၏အပြင်ဘက်ရှိ ယွင်မင်က ထိုမြင်ကွင်းကိုမြင်လိုက်ရချိန်တွင် မျက်လုံးအစုံ ပြူးကျယ်သွားရသည်။

ထိုအချိန်၌ ဟုန်ရင်က ခါးသက်သက်အပြုံးတစ်ပွင့် ဆင်မြန်းထားလေသည်။

သူ(မ)ခန္ဓာကိုယ်ထဲရှိဝိညာဉ်ရေးရာချီစွမ်းအင်မှာ ယခုအခါ လုံးဝကုန်ခမ်းသွားလေပြီ။

ထိုစွမ်းအင်များမှာ ဤချိတ်ပိတ်စွမ်းအားကို ခုခံနိုင်စွမ်းလုံးဝမရှိတော့ပေ။

သူ(မ) မျက်လုံးမှိတ်လုမှိတ်ခင်ဖြစ်နေဆဲမှာပင် ပုံရိပ်တစ်ခုက သူ(မ)ရှေ့တွင် အလင်းအလျင်ဖြင့် ပေါ်ပေါက်လာခဲ့သည်။

အမျိုးသားတစ်ဦးက တောင်တန်းကို သာမန်ကာလျှံကာမျှကြည့်လျက် လက်ဝါးကို ဖြည်းညင်းစွာဆန့်ထုတ်လိုက်သည်။

တောင်တန်း၏အောက်ခြေ၌ လက်ဝါးရာကို တံဆိပ်ခတ်နှိပ်လိုက်လေသည်။

ထိုလက်ဝါးဒဏ်ကို တောင်တန်းကြီးက ခံနိုင်ရည်မရှိသည့်အလားပင်။

ဘုန်း!

ပြင်းထန်လှစွာသောအသံကြီးတစ်သံနှင့်အတူ ၎င်းက ပြိုကွဲသွားလေတော့သည်။

၎င်းမှာ ချိတ်ပိတ်စွမ်းအားများအဖြစ် ပြောင်းလဲသွားပြီး လေထုထဲ၌ ပျောက်ပျက်သွားပေသည်။

ယွင်မင်မှာ ထိုမြင်ကွင်းကိုမြင်သောအခါမှ စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

ဟုန်ရင်ကလည်း ရုတ်တရက်မျက်လုံးပြန်ပွင့်လာပြီး သူ(မ)ရှေ့ရှိအမျိုးသားကို ကြည့်လိုက်သည်။ သူ(မ) မပြုံးဘဲမနေနိုင်ချေ။

“ဆရာ နောက်ဆုံးတော့ရောက်လာပြီပဲ”

ထိုလူမှာ လုချန်ရှန်းပင်။

လုချန်ရှန်းက လှည့်ပြန်မသွားဘဲ ဒေါသတကြီးပြောလိုက်သည်။

“မင်းတို့တွေအကုန် ငါ့ကိုစိတ်ပူအောင်လုပ်တာမပြီးနိုင်တော့ဘူးပဲ”

“အမီလိုက်ဖို့အလျင်လိုမနေနဲ့။ အရင်ဆုံး ဒီအစီအရင်ကိုကိုင်တွယ်ပါရစေဦး”

ဤသို့ဖြင့် လုချန်ရှန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်၏။

ချက်ချင်းပင် ဓားဆန္ဒတန်းကြီးများက နိယာမဓားသွားတစ်လက်အဖြစ် ပြောင်းလဲသွားပေသည်။

၎င်းမှာ ကမ္ဘာပေါ်ရှိ တာအိုဥပဒေများအားလုံးပါဝင်လေသည်။

ထိုဓားက အစီအရင်၏အလယ်တည့်တည့်ကို ခုတ်ချလိုက်သည်။

ဤအရာက အစီအရင်၏အခရာပင်။

ထိုအရာပျက်စီးသွားသည်နှင့် အစီအရင်လည်းပျက်စီးသွားမည်သာ။

လျှပ်တပြက်အတွင်း နိယာမဓားသွားများက ထိုးခွင်းသွားလေသည်။

ထိုအချိန်၌ အစီအရင်ဗဟိုချက်၌ အပေါက်များက ဆန်ခါပေါက်ကဲ့သို့ပေါ်လာသည်။

ချိတ်ပိတ်အစီအရင်ကြီးကလည်း တဖြည်းဖြည်းပုံရိပ်ယောင်ဆန်လာလေသည်။

လေထုထဲရှိ ချိတ်ပိတ်စွမ်းအားများလည်း ထိုအခိုက်အတန့်တွင် စတင်ပျောက်ကွယ်စပြုလာသည်။

အဆုံးတွင် ချိတ်ပိတ်အစီအရင် ကျိုးပျက်သွားလေတော့၏။

ဤရိုက်ချက်တစ်ချက်မျှဖြင့် သူက ချိတ်ပိတ်အစီအရင်ကို ချိုးဖျက်နိုင်ခဲ့သည်။

ဤမြင်ကွင်းကို ယွင်မင်မြင်လိုက်ရသောအခါ ထိတ်လန့်အံ့သြသွားရှာသည်။

ထိုကဲ့သို့သောစွမ်းအားမျိုးကို သူ ယခင်ကလုံးဝမမြင်ဖူးခဲ့ပေ။

ထိုအရာသည် အသည်းခိုက်လုဖွယ်ရာပင်။

ဟုန်ရင်ကတော့ အံ့သြထိတ်လန့်ခြင်းမရှိပေ။

သူ(မ)အမြင်တွင် လုချန်ရှန်းက အနန္တတန်ခိုးရှင်ဖြစ်ပြီး ဤအစီအရင်မှာ သူ့အတွက်တော့ ပြောပလောက်စရာပင်မရှိ။

ထိုအချိန်တွင် လုချန်ရှန်းက ဟုန်ရင့်ဘေးကိုရောက်လာပြီး သူ(မ)သောက်ဖို့ ဆေးတစ်လုံးထုတ်ပေးလိုက်သည်။

ထိုဆေးကိုသောက်ပြီးနောက် သူက ဟုန်ရင်၏ခန္ဓာကိုယ်ထဲသို့ အခြားသောအဆုံးမဲ့စွမ်းအားကို သွင်းပေးလေသည်။

သိပ်မကြာလိုက်ခင်မှာပင် ဟုန်ရင်၏ထိခိုက်ဒဏ်ရာများက လုံးဝသက်သာသွားလေတော့သည်။

ထိုဒဏ်ရာများ သူ(မ)တစ်ခါမှမရခဲ့ဖူးသည့်အလားပင်။

ဟုန်ရင်က မတ်တတ်ထရပ်လိုက်ပြီး အရိုအသေပေးလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

ထိုအခြင်းအရာကိုမြင်သော် လုချန်ရှန်းက သူ့လက်ကို စိတ်မရှည်လက်မရှည်လွှဲယမ်းလိုက်ပြီးပြော၏။

“ငါ့ကိုအဲ့လိုလုပ်ပေးစရာမလိုပါဘူး။ ပြဿနာသာမရှာပါနဲ့။ အဲ့ဒါနဲ့တင် လုံလောက်ပါပြီ”

ဟုန်ရင် : “…”

လုချန်ရှန်းက ပတ်ပတ်လည်ကိုလှည့်လည်ကြည့်ရှုလိုက်ပြီး ပြောလာသည်။

“ဘာတွေဖြစ်တာလဲ။ ငါ့ကိုပြောပါဦး”

ထိုစကားကိုကြားသောအခါ ဟုန်ရင်က ခေါင်းညိတ်ပြပြီး ကိစ္စများကိုရှင်းပြလိုက်သည်။

ဤနေရာမှာ ကောင်းကင်ဘုံကိုးသွယ်မျိုးနွယ်စု၏ယွင်ကျန်းကို ချိတ်ပိတ်ထားသောနေရာဖြစ်၏။

ယွင်ကျန်းပေါ်ရှိချိတ်ပိတ်မှုကို သူ(မ)ချိုးဖျက်လိုပါက ဤချိတ်ပိတ်အစီအရင်ကို ဦးစွာချိုးဖျက်ရမည်သာ။

လုချန်ရှန်းကလည်း ခေါင်းညိတ်ပြသည်။

“နောက်တစ်မျိုးပြောရမယ်ဆိုရင် မင်းက လုံလုံလောက်လောက်မသန်မာသေးတာတောင် အထဲကိုအတင်းဝင်ပြီး ကိုယ့်ကိုယ်ကိုယ်သတ်မိတော့မလိုဖြစ်ခဲ့တယ်ပေါ့လေ”

ဟုန်ရင်က ခါးသက်သက်အပြုံးတစ်ခုဖြင့် ခေါင်းညိတ်ပြလေသည်။

“ခေါင်းမာလိုက်တာ”

လုချန်ရှန်းကလည်း ကူကယ်ရာမဲ့စွာပြောလိုက်၏။

“နောင်ကျရင် မင်း ပြဿနာရှာချင်တယ်ဆိုရင်တောင်မှ မင်းရဲ့ခွန်အားကို အရင်မြှင့်တင်ရမယ် နားလည်လား”

ဟုန်ရင်က လုချန်ရှန်းကိုအာမခံဝံ့သဖြင့် ခေါင်းညိတ်ပြရုံသာတတ်နိုင်လေသည်။

“ဒါပြီးသွားရင် စောစောပြန်လာဖို့မမေ့နဲ့”

လုချန်ရှန်း၏ကျောပြင်ကိုငေးရင်း ဟုန်ရင့်ခမျာ နှလုံးသားထဲ နွေးခနဲဖြစ်သွားချေသည်။

သူ(မ)စိတ်နှလုံးထဲမှာမူ စံအိမ်တော်ကို သူ(မ)၏အိမ်အဖြစ် သတ်မှတ်ထားတာကြာလေပြီ။

ထိုအချိန်မှာ အလယ်ပိုင်းဒေသ၌ အဂ္ဂိရတ်ညီလာခံ၏နောက်ဆုံးအချီကို စတင်ကျင်းပတော့မည်ဖြစ်၏။

ပွဲကြည့်သူများထဲရှိ ဟူချင်းမှာ အနည်းငယ်စိတ်ဖိစီးနေဟန်ပင်။

တတိယအချီကလည်း အကြီးအကဲ၏အမိန့်ဖြင့် စတင်လေတော့မည်။

ထိုအခြင်းအရာကိုမြင်သော် ဟူချင်းက နောက်ဆုံးအချီ၏အကဲဖြတ်ဒိုင်များဖြစ်သော အဂ္ဂိရတ်ဂိုဏ်း၏မဟာအကြီးအကဲများရှိရာ ဒိုင်လူကြီးများစားပွဲသို့ လျှောက်သွားလိုက်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset