Switch Mode

အခန်း (၁၀၆)

ကိုယ်တိုင်လုပ်ဆေးဖော်စပ်နည်း

ဒုတိယအချီကား အဂ္ဂိရတ်ဂိုဏ်းထဲတွင် ကျင်းပမည်ဖြစ်၏။

အဂ္ဂိရတ်ဂိုဏ်းကို တောင်ကြားလမ်းလေးထဲတွင် တည်ထောင်ထားသည်။

တောင်တန်းကို နံရံလေးဖက်ဖြင့် ဝန်းပတ်ထား၏။

အဖျားပိုင်းတွင် စိတ်ဝိညာဉ်ပုံစံသတ်ဖြတ်ရေးပုံစံတစ်ခုရှိသည်။

အပြင်လူများအနေနှင့် အတင်းအကျပ်ဝင်ရောက်နိုင်ရန် ခဲယဉ်းလှသည်။

အဂ္ဂိရတ်ဂိုဏ်းက အလွန်သန်မာကောင်းသန်မာနိုင်သော်ငြား သူတို့မှာ သမားရိုးကျအဂ္ဂိရတ်ဂိုဏ်းတစ်ခုသာဖြစ်သည်။

သို့သော် တိုက်ပွဲအစစ်များတွင်မူ အနည်းငယ်အားနည်းလေ၏။

ထို့ကြောင့် ပြင်ပအင်အားစုများအနေနှင့် အဂ္ဂိရတ်ဂိုဏ်းက ဆွေးနွေးညှိနှိုင်းဖို့ရာ အခွင့်အရေးမရှိဟုဆိုနိုင်လေသည်။

ထိုငွေက သူတို့အတွက် ကိစ္စကြီးမဟုတ်ပေ။

ထိုအချိန်တွင် လူ၄၇ယောက်သာကျန်တော့သည်။

လုချန်ရှန်းလည်း အပါအဝင်ဖြစ်၏။

မုဝမ်အာနှင့်ကျန်နှစ်ယောက်လည်း ပွဲကြည့်သူနေရာတွင် ရောက်နေလေပြီ။

မုမိသားစုနှင့် လျှို့ဝှက်တာအိုကျောင်းတော်၏အင်အားဖြင့် သူတို့ကို မဖိတ်ကြားဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။

ဓားသွားဂိုဏ်းမှလူများနှင့် ပင်မကျောင်းတော်ရှိလူများပင် လာရောက်ကြသည်။

ဒုတိယအချီကိုဝင်ရောက်နိုင်သူများမှာ ဓားသွားဂိုဏ်းနှင့် လျှို့ဝှက်တာအိုပင်မကျောင်းတော်ထံမှ စည်းရုံးသိမ်းသွင်းခံရရန် အရည်အချင်းပြည့်မီသူများဖြစ်ကြသည်။

ထိုအခိုက်တွင် ပြင်းထန်လှသောအရှိန်အဝါဖြင့် အကြီးအကဲနှစ်ယောက်က အကဲဖြတ်စားပွဲသို့ရောက်ရှိနေကြသည်။

ဤအကြီးအကဲနှစ်ယောက်၏အရှိန်အဝါမှာ ပထမအချီတုန်းက အကြီးအကဲလေးယောက်ထက် ပိုသန်မာလေသည်။

သူတို့က အတွင်းစည်းအဂ္ဂိရတ်ဂိုဏ်း၏အကြီးအကဲများ ဖြစ်ကြသည်။

အစိမ်းရောင်ဝတ်ရုံဝတ်ထားသောအကြီးအကဲများထဲမှ တစ်ယောက်က ပြောလာလေသည်။

“ဒုတိယအချီအတွက် စည်းမျဉ်းကတော့ အရမ်းရိုးရှင်းတယ်။ စားပွဲပေါ်မှာ ပုံစံတူပစ္စည်းတွေရှိတယ်”

“မင်းတို့ ဒီပစ္စည်းတွေနဲ့ မင်းတို့ကြိုက်တဲ့ပုံစံအတိုင်း ဆေးဖော်စပ်လို့ရတယ်”

“အဲ့ဒါပြီးရင် ငါတို့နှစ်ယောက်က အကဲဖြတ်ပေးမယ်။ ထိပ်ဆုံးအယောက်နှစ်ဆယ်ပဲ နောက်ဆုံးအချီကိုတက်ခွင့်ရှိတယ်”

“အချိန်ကန့်သတ်ချက်က လေးနာရီ။ မင်းတို့ အခုစလို့ရပြီ”

သူ့အသံက တိမ်ဝင်သွားလေသည်။

လူတိုင်းကလည်း သူတို့ရှေ့ရှိပစ္စည်းများကို စတင်အကဲခတ်နေကြသည်။

လုချန်ရှန်းလည်း ထိုနည်းလည်းကောင်းပင်။

သူ့အရှေ့ရှိ စားပွဲပေါ်တွင် ပစ္စည်းအမြောက်အများမရှိပေ။

ထို့ပြင် အရည်အသွေးကလည်းနိမ့်သဖြင့် အဆင့်မြင့်ဆေးဝါးများကိုဖော်စပ်ရန် အလွန်ခက်ခဲလှသည်။

လူတိုင်း အတွေးနက်သွားရချေသည်။

ယုံကြည်မှုရှိရှိ စတင်မွမ်းမံနေသူများလည်းရှိ၏။

လုချန်ရှန်း မေးစေ့ကိုပွတ်လိုက်မိသည်။

“ဘယ်ဆေးဝါးကို ငါမွမ်းမံရပါ့”

“အကြီးအကဲ ခင်ဗျားက ကျွန်တော့်ကိုအဆင့်တက်စေချင်တာမလား။ အဲ့ဒါကို ကျွန်တော် အပေါ်ယံလောက်လေးမွမ်းမံပြီး နောက်ပိုင်းကျမှ တအားအမြှောက်ခံနေရတာမျိုး မဖြစ်ချင်ဘူး”

“သူ့စကားကိုပြန်ရုပ်သိမ်းလိုက်ရင် သွားပြီ”

ကျုံးလီနှင့် ရှဲ့ယွမ်ရန်တို့နှစ်ယောက်က လုချန်ရှန်းကိုလှမ်းကြည့်နေကြလေသည်။

သူတို့ခမျာ ပထမအချီတုန်းက လုချန်ရှန်းထံ ရှုံးနိမ့်ခဲ့ကြသည်မဟုတ်ပါလား။

သူတို့နှစ်ယောက်စလုံးကလည်း အဂ္ဂိရတ်ပါရမီရှင်များဖြစ်ကြသည့်အတွက် အနည်းငယ်စိတ်မသက်မသာဖြစ်နေကြရသည်။

ပွဲကြည့်သူများကြားရှိ မုဝမ်အာမှာ လုချန်ရှန်းကိုကြည့်ပြီး စပ်စပ်စုစုမေးလိုက်မိသည်။

“ဦးလေး ရှင် ဘယ်လိုဆေးမျိုးကိုမွမ်းမံမှာလဲ”

ဟူချင်းလည်း အနည်းငယ်သိချင်မိသွားသည်။

သို့သော် လုချန်ရှန်းက စည်းမျဉ်းများအတိုင်း ကစားမည်မဟုတ်ချေ။

မည်သို့ပင်ဖြစ်စေ လုချန်ရှန်းက သာမန်ဆေးဝါးများ၏ဖော်စပ်နည်းကို လုံးဝတွေ့ဖူးထားခြင်းမရှိပေ။

ဦလေးလီကမူ လုချန်ရှန်းပို ထပ်ပြီးအထင်မသေးရဲတော့ချေ။

ပထမအချီမှာ ထုတ်ဖော်ပြသခဲ့သော သူ့အဂ္ဂိရတ်အစွမ်းကို အခြေခံကြည့်မည်ဆိုပါက သူဟာ သူတို့မုမိသားစု၏ဧည့်သည်အကြီးအကဲဖြစ်လာရန်ပင် အရည်အချင်းပြည့်ဝသူဖြစ်၏။

“ဟင်… လေသံစုံခေါင်းလောင်းသံမြက်က အရှိန်မြှင့်ပေးနိုင်တယ်”

“ရေမျိုးနွယ်မှော်နျူကလိယက တအားညင်သာလွန်းတယ်။ အဲ့ဒါက တခြားဆေးဖက်ဝင်ဂုဏ်သတ္တိတွေနဲ့ ကွက်တိကိုက်ညီလောက်တယ်”

“ဒီကျောက်နွယ်ပင်ကျတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်တဲ့နေရာမှာသုံးတဲ့ဆေးဝါးကို ဖော်စပ်နိုင်တယ်”

လုချန်ရှန်းက ခဏမျှတွေးတောကြည့်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်သည်။

အခြေခံအားဖြင့် သူသည် ကျင့်ကြံရေးလောကထဲရှိ ဆေးဖော်စပ်နည်းများကို လုံးဝမတွေ့ဖူးချေ။

ထို့ကြောင့် သူ့အနေနှင့် ပါဝင်ပစ္စည်းများ၏ဆေးဖက်ဝင်ဂုဏ်သတ္တိအပေါ်မူတည်၍သာ သူ့ဘာသာဆေးမွမ်းမံဖော်စပ်ရသည်။

လုချန်ရှန်း လှုပ်ရှားလိုက်သည်။

ဆေးကျိုအိုးထဲသို့ ပါဝင်ပစ္စည်းများကို သူပစ်ချနေဆဲပင်။

ရိုးရှင်းပြီး အရိုင်းဆန်သည်။

အနည်းငယ်ထိတ်လန့်ချင်စရာကောင်း၏။

အခြားအဂ္ဂိရတ်ပညာရှင်များမှာ ဤမြင်ကွင်းကိုမြင်သည့်အခါ အနည်းငယ်အံ့အားသင့်သွားကြလေသည်။

ဤနည်းလမ်းမှာ သူတို့အတွက်တော့ လုံးဝမဖြစ်နိုင်သောအရာပင်။

အကဲဖြတ်ရေးနေရာရှိ အကြီးအကဲနှစ်ယောက်လည်း လုချန်ရှန်းကိုကြည့်လိုက်ကြသည်။

“သူက လုချန်ရှန်းလား”

“ဟုတ်တယ်။ သူက ပထမအချီတုန်းက ဆေးကိုအဆင့်မြှင့်ခဲ့ပြီး တစ်ကျော့ပြန်မီးတောက်ဆေးဝါးကို အချိန်တိုလေးအတွင်း မသန့်စင်မှုလုံးဝမပါအောင် ဖော်စပ်ခဲ့တာ”

“ကြည့်ရတာ ပါဝင်ပစ္စည်းအပေါ်ထိန်းချုပ်နိုင်စွမ်းက တော်တော်အစွမ်းထက်ပုံပဲ။ သူ့ရဲ့ဝိညာဉ်စွမ်းအားကလည်း သေချာပေါက်အားနည်းမှာမဟုတ်ဘူး”

“မျိုးစေ့ကောင်းလေးပဲ”

“ဟမ် ဘယ်လိုဆေးအမျိုးအစားကို သူမွမ်းမံမလဲဆိုတာ ကြည့်ကြသေးတာပေါ့”

အချိန်များ တဖြည်းဖြည်းကုန်ဆုံးသွားပေသည်။

ဤအချိန်၌ လုချန်ရှန်းက အကြာကြီးတွေးတောမနေပေ။

သဘာဝကျကျပင် သူက အလွန်အမင်းမြန်ဆန်လှသောအချိန်အတွင်း၌ ဆေးဖော်စပ်ခြင်းကို ပြီးမြောက်သွားခဲ့သည်။

အမွှေးတိုင်တစ်တိုင်ထွန်းစာမျှအချိန်အတွင်းတွင် ဆေးကား ဖော်စပ်ပြီးဖြစ်၏။

“ဒီကလေးက မြန်နေတုန်းပဲ”

“သူ ဘယ်လိုများဆေးဖော်လိုက်သလဲဆိုတာ ငါအံ့သြလိုက်တာ”

လူတိုင်း၏အကြည့်များအောက်မှာပင် လုချန်ရှန်းက အကြီးအကဲများကို ဆေးလှမ်းပေးလိုက်သည်။

အကြီးအကဲကလည်း လှမ်းယူပြီး တစ်ချက်မျှကြည့်လိုက်၏။

“ဒါက ဘာဆေးအမျိုးအစားလဲ”

အစိမ်းရောင်ဝတ်ရုံဝတ်ဆင်ထားသော အကြီးအကဲမှာ အနည်းငယ်စိတ်ရှုပ်ထွေးသွားချေသည်။ သူက လုချန်ရှန်းကိုကြည့်ပြီး မေးလိုက်၏။

“ဒါက ဘာဆေးလဲ။ ငါ အရင်ကလည်းမမြင်ဖူးပါလား”

သူတို့က နဝမအဆင့်အဂ္ဂိရတ်ဆရာသခင်များဖြစ်ကြပြီး အချိန်အတော်ကြာအောင် နာမည်ကြီးကျော်စောလာသူများဖြစ်သည်။

သူတို့အနေနှင့် ဆေးပေါင်းမြောက်များစွာကို မြင်ဖူးခဲ့ပြီဟုဆိုနိုင်လေသည်။

သာမန်ဆေးဝါးပင်ဖြစ်စေ အလွန်အမင်းရှားပါးလှေသောဆေးဝါးမျိုးပင်ဖြစ်စေ သူတို့မသိသောအရာဟူ၍ မရှိချေ။

သို့သော် လုချန်ရှန်းဖော်စပ်ထားသော ဤဆေးကမူ သူတို့ကို အမှန်တကယ်အကြံအိုက်သွားစေသည်။

လုချန်ရှန်းက ပခုံးတွန့်လျက်ပြောလိုက်၏။

“ကျွန်တော်လည်းမသိဘူး”

“ဟင်”

ထိုစကားကိုကြားပြီး အစိမ်းရောင်ဝတ်အကြီးအကဲခမျာ ကြက်သေသေသွားရလေသည်။

“ဒါကို မင်းဘာသာ ဒီအတိုင်းမွမ်းမံထားတာလား”

လုချန်ရှန်း ခေါင်းညိတ်ပြလိုက်သည်။

အကြီးအကဲနှစ်ယောက်ခမျာ အံ့သြထိတ်လန့်သွားကြသည်။

ကိုယ်တိုင်လုပ်ဆေးဖော်စပ်နည်း…

ထို့ပြင် အချိန်တိုလေးအတွင်းမှာ အောင်မြင်ခဲ့လေခြင်း…

သူ့အဂ္ဂိရတ်ပညာဗဟုသုတက မည်မျှနက်ရှိုင်းလိုက်လေမလဲ။

“ငါစမ်းကြည့်မယ်”

ဤသို့ဖြင်လ အစိမ်းရောင်ဝတ်စုံဝတ်ထားသောအမျိုးသားက ဆေးကိုယူပြီးသောက်လိုက်သည်။ သူ့ပတ်ပတ်လည်၌ လေပွေတစ်ခု ချက်ချင်းဝန်းရံပစ်လိုက်လေ၏။

အစိမ်းရောင်ဝတ်အမျိုးသားသည် လေဆန္ဒကိုကျင့်ကြံဖူးခြင်းမရှိသော်ငြား ယခုမူ လေဆန္ဒ၏စွမ်းရည်မျိုူကို ပိုင်ဆိုင်နိုင်စွမ်းရှိသွားလေသည်။

အစိမ်းရောင်ဝတ်အမျိုးသားခမျာ ထိတ်လန့်သွားချေသည်။ ထို့နောက် သူ မတ်တတ်ရပ်လိုက်ပြီး ကောင်းကင်ပေါ်သို့ပျံသန်းလိုက်သည်။ သူ့အရှိန်မှာ လေဆန္ဒ၏အထောက်အပံ့ကြောင့် အလွန်တရာလျင်မြန်လှပေသည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်မျက်နှာပြင်ကိုလည်း ခံစားလိုက်ရသည်။

ကိုယ်ပျောက်ကျောက်သားသံချပ်ကာအဖြစ် အသွင်ပြောင်းခံလိုက်ရသည့်အလားပင်။

သူ့ခုခံမှုကလည်း အကြီးအကျယ်တိုးတက်လာသည်။

“ကောင်းပြီ…”

မြေပြင်ထက်ရှိအကြီးအကဲများမှာ ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားရှာသည်။

ထိုအချိန်၌ အစိမ်းရောင်ဝတ်အမျိုးသားက မြေပြင်ပေါ်သို့ပြန်ရောက်လာပြီး လုချန်ရှန်းဆီသို့ စိတ်လှုပ်ရှားစွာလျှောက်လာပေသည်။

“မင်း ဘယ်လိုများလုပ်လိုက်တာလဲ”

လုချန်ရှန်းက ပေါ့ပေါ့ပါးပါးပြန်ပြောလိုက်သည်။

“လုပ်ချင်စိတ်ပေါ်လာလို့ ဒီအတိုင်းသာလုပ်ချလိုက်တာပါ”

ချက်ချင်းဆိုသလိုပသ် အစိမ်းရောင်ဝတ်ရုံဝတ်ထားသော အကြီးအကဲ၏အမူအရာမှာ တည်ငြိမ်သွားပြီး ထပ်မေးလိုက်ပြန်၏။

“ဒီဆေးဖော်စပ်နည်းကို ငါတို့ကိုရောင်းလို့ရမလား”

ဤဆေးဝါးသည် တိုက်ခိုက်ရေးစွမ်းရည်အလွန်နိမ့်ကျသော အဂ္ဂိရတ်ဂိုဏ်းတော်အတွက် အလွန်အရေးကြီးလှသည်ဟုဆိုနိုင်ပေသည်။

အရှိန်မြှင့်တင်ရေးမှာ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို စစ်ပွဲနယ်မြေမှလွတ်မြောက်အောင် ကူညီပေးနိုင်လေသည်။

တိုးတက်လှသောခုခံမှုကလည်း အဂ္ဂိရတ်ပညာရှင်တစ်ယောက်ကို သေရေးရှင်ရေးအခြေအနေ၌ အသက်ဘေးမှ လွတ်မြောက်စေနိုင်သည်။

“အမ်…”

“မစိုးရိမ်ပါနဲ့။ အဂ္ဂိရတ်ဂိုဏ်း မင်းကို ရက်ရက်ရောရောဆုချီးမြှင့်မှာပါ”

လုချန်ရှန်း ခဏမျှစဉ်းစားကြည့်လိုက်သည်။ ဤဆေးဖော်စပ်နည်းမှာ သူ့လက်ထဲတွင် သိပ်အသုံးမဝင်လှပေ။ ထို့ကြောင့် သူခေါင်းညိတ်လိုက်သည်။

အကြီးအကဲနှစ်ယောက်ကတော့ ဝမ်းမြောက်ဝမ်းသာဖြစ်သွားချေသည်။

ထိုအချိန်တွင် အခြားအဂ္ဂိရတ်ပညာရှင်များလည်း တစ်ယောက်ပြီးတစ်ယောက် တာဝန်ပြီးမြောက်သွားပေသည်။

စစ်ဆေးမှုကား စတင်လေပြီ။

ပွဲကြည့်သူများကြားတွင်ရှိနေသော မုဝမ်အာကမူ စပ်စပ်စုစုစုမေးလေ၏။

“ဦးလေးက ဘယ်လိုဆေးလုံးမျိုးကိုဖော်ထုတ်လိုက်လို့ အဂ္ဂိရတ်ဂိုဏ်းရဲ့အကြီးအကဲတွေက တအားအံ့သြပြီး သူကိုယ်တိုင်စမ်းသပ်ကြည့်ရတာပါလိမ့်”

ဟူချင်းလည်း ခေါင်းခါယမ်းလိုက်သည်။

၎င်းမှာ မည်သို့သောဆေးမျိုးဖြစ်ကြောင်း သူကိုယ်တိုင်လည်း အတပ်မပြောနိုင်ပေ။

ထိုအချိန်တွင် အစိမ်းရောင်ဝတ်ရုံဝတ်ထားသောအကြီးအကဲက ဆုံးဖြတ်မှုရလဒ်ကို ကြေညာလေသည်။

ကျုံးလီ၊ ရှဲ့ယွမ်ရန်နှင် အခြားလူများ အောင်မြင်သွားပေသည်။

လုချန်ရှန်း၏နာမည်ကိုဖတ်လိုက်သောအခါ…

အစိမ်းရောင်ဝတ်ရုံဝတ်ထားသော အကြီးအကဲ၏အမူအရာမှာ အေးခဲသွားပေသည်။

“လုချန်ရှန်း.. သူဖော်စပ်ခဲ့တဲ့မြေကမ္ဘာအဆင့်ဆေးဝါးက အရမ်းအသုံးဝင်ပါတယ်။ အောင်မြင်ပါတယ်”

လူတိုင်း အုတ်အော်သောင်းတင်းဖြစ်သွားရလေသည်။

တစ်ချိန်တည်းမှာပင် ဟုန်ရင်သည် တိမ်လွှာဖီးနစ်ဂိုဏ်း၏ တည်နေရာအဟောင်းရှိ အစီအရင်ထဲတွင် ပိတ်မိနေချေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset