Switch Mode

အခန်း (၉၉)

ပေနှစ်ထောင်

ဓားသင်္ချိုင်းထဲတွင် ပေတစ်ထောင်ကျော်သွားလျှင် ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံစဉ်အဆင့်ဖြစ်စေ ခွန်အားဖြစ်စေ အသုံးမဝင်တော့ပေ။ ဓားသိုင်းတာအိုစွမ်းရည်တစ်ခုတည်းသာလျှင် ပဓာနဖြစ်၏။

အစမှသည် ယခုအထိ မည်သူမှ ဓားသင်္ချိုင်း၏ထိပ်ဆုံးဆီသို့ တက်နိုင်ခဲ့ခြင်းမရှိ။

လျှို့ဝှက်ဓားသွားဂိုဏ်း၏ လက်ရှိဂိုဏ်းခေါင်းဆောင်လင်းရူဖုန်းပင်လျှင် မီတာ၁၅၀အကွာအဝေးထိသာ ရောက်နိုင်ခဲ့သည်။

ယဲ့ချိုးပိုင် တစ်ချက်မျှကြည့်လိုက်၏။

ဓားသင်္ချိုင်း၏ ပထမမီတာတစ်ရာတွင် ဓားဆန္ဒများနှင့်ပြည့်နှက်နေသည်ဆိုပါက အထဲကိုဝင်လိုက်သည်နှင့် တိုက်ခိုက်ခံရမည်ဖြစ်၏။

သို့သော် ဤဓားဆန္ဒများမှာ ဓားဆန္ဒအကာအကွယ်တံတိုင်းကြီးတစ်ခုအဖြစ် ဖြစ်တည်နေဟန်တူသည်။

အကယ်၍ သူကျော်ဖြတ်လိုပါက ဓားဆန္ဒဖြင့်သာဖြတ်ကျော်မှရပေမည်။

ယဲ့ချိုးပိုင် ရှေ့ကိုဆက်လျှောက်လာလိုက်ပြီး ပထမဆုံးအကာအကွယ်တံတိုင်းနှင့် တွေ့လိုက်ရသည်။

ထို့နောက် ဓားဆန္ဒများဟာ ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ဆီမှ ပေါက်ကွဲထွက်လာချေသည်။

၎င်းသည် ဓားဆန္ဒဓားသွားတစ်လက်အဖြစ် အသွင်ပြောင်းသွားပြီး အကာအကွယ်တံတိုင်း၏ ပထမအလွှာကို ချက်ချင်းဖြတ်တောက်လိုက်သည်။

ယဲ့ချိုးပိုင်မှာ ရပ်တန့်ခြင်းမရှိ။

ဓားဆန္ဒများမှာ ဆက်တိုက်ထွက်ပေါ်လာသည်။

၎င်းတို့က ဧရာမဓားများအဖြစ် အသွင်ပြောင်းသွားပြန်ပြီး ဒုတိယအကာအကွယ်တံတိုင်းကို ခုတ်ချလိုက်၏။

ခွမ်း..

အကာအကွယ်တံတိုင်းက တစ်ခဏတွင်းချင်းကွဲအက်သွားသည်။

တစ်ချိန်တည်းမှာပင် အကာအကွယ်တံတိုင်းပျက်စီးသွားသောအခါ ဓားသိုင်းတာအို၏ သန့်စင်လှသောစွမ်းအားက ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားသည်။

ထိုအချိန်တွင် ဓားတစ်လက်က ယဲ့ချိုးပိုင်၏အသက်ဓာတ်နယ်မြေထဲတွင် ဖြည်းဖြည်းချင်းပေါ်ပေါက်လာသည်။

ဓားသင်္ချိုင်းထဲ၌ ယဲ့ချိုးပိုင်တစ်ယောက် မရပ်တန့်နိုင်တော့ပေ။ သူဟာ ဓားသိုင်းတာအို၏အုပ်စိုးသူတစ်ယောက်အလားပင်။

ဆက်လက်ချီတက်နေဆဲသာ။

ဓားသင်္ချိုင်း၏အထက်၌မူ ဓားဆန္ဒများက ကောင်းကင်ယံသို့ထိုးခွင်းနေပြီး ဆက်လက်တက်လှမ်းသွားပြန်သည်။

ထိုအချိန်မှာ အကွာအဝေးက ပေပေါင်းထောင့်သုံးရာအထိ ရောက်သွားလေသည်။

ထို့ပြင် အသက်ဆယ်ခါရှိုက်စာမျှသာ ကြာလေသည်။

လူတိုင်းလူတိုင်းဟာ ကြက်သေသေသွားကြလေသည်။

သူတို့ ထိုမြင်ကွင်းကိုမြင်လိုက်ရသည့်အခါ သူတို့၏မျက်ဝန်းထဲတွင် အကြောက်တရားများဖြင့်ပြည့်နှက်သွားသည်။ ယဲ့ချိုးပိုင်သည် သူ့ခွန်အားကိုအသုံးပြု၍ သူ၏ဓားသိုင်းတာအိုစွမ်းရည်ကို သက်သေပြလိုက်ပြီးဖြစ်၏။

ထိုစွမ်းရည်ကလည်း လျှို့ဝှက်ဓားသွားဂိုဏ်း၏တပည့်များထက် သာလွန်လေသည်။

ဂူဗိမာန်ရှေ့တွင် သူ့ကိုရန်စခဲ့သောလူတစ်စုကမူ စိတ်မချမ်းမြေ့စွာဖြင့် ဤနေရာမှလှည့်ပြန်သွားလေပြီ။

ဓားသင်္ချိုင်းထဲတွင် ဤမျှအဆင့်အထိရောက်အောင် သွားနိုင်သူတစ်ယောက်ကို သူတို့ စိန်ခေါ်နိုင်မည်တဲ့လား။

ဂိုဏ်းခေါင်းဆောင်၏ခန်းမထဲတွင် လျန်ဖန်း၏အမူအရာမှာ ဗလာကျင်းသွားချေသည်။

လင်းရူဖန်က ဓားဆန္ဒများကိုမော့ကြည့်လိုက်ပြီး ပြောလာလေသည်။

“ပဉ္စမအတားအဆီးက အရင်ဟာတွေနဲ့မတူဘဲ အရမ်းအစွမ်းထက်တယ်။ ဒီကလေး ဖောက်ထွက်နိုင်မလားဆိုတာ ငါသိချင်မိပါရဲ့”

ထိုအခိုက်အတန့်တွင် ယဲ့ချိုးပိုင်မှာ စတုတ္ထဓားဆန္ဒအတားအဆီးကို ဖြတ်ကျော်ခဲ့ပြီးဖြစ်၏။

သူ မီတာ၁၄၀သို့ရောက်လာလေပြီ။

ယဲ့ချိုးပိုင်လည်း သူ့လက်ကိုဝှေ့ယမ်းလိုက်လေရာ ဓားဆန္ဒများမှာ တစ်ဖန်ထွက်ပေါ်လာပြန်လေသည်။

သို့သော် ဤတစ်ကြိမ်မှာမူ အကာအကွယ်တံတိုင်းက ပျက်စီးမသွားပေ။

လှိုင်းလုံးများ ရစ်ဝဲသွားရုံသာရှိသည်။

“ချိုးဖြတ်လို့မရဘူးပေါ့”

ယဲ့ချိုးပိုင် ခဏမျှရပ်တန့်နေပြီးမှ လက်ဝါးကိုလှန်လိုက်လေသည်။

ဓားဆန္ဒများ တစ်ဖန်ပေါက်ကွဲသွားပြန်လေ၏။

၎င်းမှာ ဓားဆန္ဒမြစ်ပြင်ရှည်ကြီးအဖြစ်သို့ ပြောင်းလဲသွားပြီး ထိတ်လန့်ဖွယ်လှိုင်းလုံးကြီးများကို ဖြစ်ပေါ်လာစေသည်။

၎င်းမှာ ဓားသိုင်းတာအိုအကာအကွယ်တံတိုင်းဆီကို ချီတက်သွားလိုက်လေရာ ထိုအကာအကွယ်တံတိုင်းမှာ ခံနိုင်ရည်မရှိတော့ဘဲ ရေညှိခြောက်ကိုခြေမွှပစ်လိုက်ရသလို အလွယ်တကူပျက်စီးသွားလေတော့သည်။

အကာအကွယ်တံတိုင်း၏အပိုင်းအစများက ဓားဆန္ဒအဖြစ်သို့အသွင်ပြောင်းသွားပြီး ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်ထဲကို ဝင်ရောက်သွားပြန်လေသည်။

ထိုအချိန်၌ အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ သဘာဝကျကျပင် ယဲ့ချိုးပိုင်၏ကျင့်ကြံရေးအဆင့်က ပင်လယ်ရေလှိုင်းအထွတ်အထိပ်အဆင့်သို့ တက်လှမ်းသွားချေသည်။

ယဲ့ချိုးပိုင်လည်း ရှေ့ကို ဆက်လက်ချီတက်လာသည်။

ဆဋ္ဌမအတားအဆီး၌ သူ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားကို အသုံးပြုခဲ့သည်။

မီတာ၁၇၀…

သတ္တမအတားအဆီးကို ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွား၏ အဋ္ဌမသိုင်းကွက်ဖြင့် ထိုးခွင်းပစ်လိုက်သည်။

အဋ္ဌမအတားအဆီးကို သူရောက်သွားသောအခါ ဓားသွားပိုင်နက်နယ်မြေကို အသက်သွင်းခဲ့ရသည်။

ထိုအတားအဆီးမှာ ဘန်းခနဲမြည်သံနှင့်အတူ ကွဲပျက်သွားသည်။

နဝမအတားအဆီးကိုရောက်ချိန်မှာ အကွာအဝေးသည် မီတာ၁၉၀ရှိနေချေပြီ။

ဓားသွားပိုင်နက်နယ်မြေနှင့် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားတို့မှာ မချိုးဖောက်နိုင်တော့ချေ။

ထိုအချိန်တွင် ယဲ့ချိုးပိုင် မျက်လုံးစုံမှိတ်လိုက်သည်။

ခဏအကြာ…

သူ ရုတ်တရက်မျက်လုံးပြန်ဖွင့်လိုက်သောအခါ အဆုံးမဲ့စွမ်းအားတစ်ခုက သစ်သားဓား၏ပတ်ပတ်လည်၌ လှည့်ပတ်နေသည်ကို မြင်လိုက်ရသည်။

ယဲ့ချိုးပိုင် အော်ဟစ်လိုက်သည်။

သူ့လက်ထဲရှိသစ်သားဓား ပျံထွက်သွားချေ၏။

အာဒိကပ္ပဓားသိုင်းကျမ်း။

ငြိမ်းချမ်းသောတောင်တန်းများနှင့်မြစ်ပြင်များ။

နဝမအတားအဆီးလည်း လျှပ်တပြက်အတွင်းပျက်စီးသွားပေသည်။

အပြင်ဘက်ရှိတပည့်များခမျာ ထိုမြင်ကွင်းကို ကြောက်လန့်တကြားကြည့်နေကြချေသည်။

ဓားဆန္ဒများကလည်း ကောင်းကင်ယံသို့ ပေပေါင်း၁၉၀၀အထိ ဆန်တက်နေပေသည်။

ဤသည်မှာ တစ်ခါမှမကြုံဖူးသောအဆင့်ပင်တည်း။

သူတို့အနေနှင့် လျှို့ဝှက်ဓားသွားဂိုဏ်းစတင်တည်ထောင်ချိန်ကတည်းက ဤမျှအဆင့်အထိ အရောက်လှမ်းနိုင်သူတစ်ယောက်ကိုမှ မကြုံခဲ့ဖူးချေ။

ဂိုဏ်းခေါင်းဆောင်၏ပင်မခန်းမဆောင်ထဲ၌…

လင်းရူဖုန်းမှာ ခဏမျှတိတ်ဆိတ်နေပြီးနောက် သက်ပြင်းချလျက် ပြောလာလေသည်။

“လျန်ဖန်း.. ဓားသိုင်းတာအိုအရာမှာ ဒီလောက်ပါရမီထူးတဲ့ပါရမီရှင်နဲ့ တစ်ခေတ်တည်းအတူမွေးဖွားလာတာ မင်း ကံဆိုးလိုက်တာ။ ဒါက မင်းရဲ့ကံကြမ္မာပဲ”

လျန်ဖန်း တိတ်တဆိတ်ခေါင်းညိတ်ပြလိုက်သည်။

ယဲ့ချိုးပိုင်၏အရှေ့မှာတော့ ဓားသိုင်းတာအိုပါရမီရှင်အားလုံးဟာ သူတို့၏ဂုဏ်ရှိန်ဂုဏ်ဝါများ ပျောက်ဆုံးကြရပုံပင်။

“ဒီခေတ်မှာ သူက ဓားသိုင်းပညာရှိအဆင့်ကို အရောက်လှမ်းနိုင်တဲ့တစ်ဦးတည်းသောသူဖြစ်နေမှာစိုးမိတယ်”

ဓားသင်္ချိုင်း၏အပြင်ဘက်ရှိ အဘိုးအိုနှစ်ယောက်က မျက်လုံးများကိုဖွင့်လိုက်ပြီး ဤမြင်ကွင်းကို တည်ငြိမ်စွာစိုက်ကြည့်နေလေသည်။

လျှို့ဝှက်ဓားသွားဂိုဏ်း၏အနောက်ဘက်တောင်ကြောတွင် ဝါးရုံသစ်တောတစ်ခုရှိသည်။

ဝါးရုံသစ်တော၏အနက်ဆုံးအပိုင်း၌ ဝါးအိမ်တော်လေးတစ်ခုရှိ၏။

“မဟာလောကြီး ပွင့်တော့မယ်။ အချိန်ကျပြီ…”

ထိုသို့ပြောပြီးနောက် ခပ်ဆင်ဆင်အရှိန်အဝါတစ်ခုမှာ ထိုအဘိုးအို၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာလေသည်။

ဤအရှိန်အဝါသည် လင်းရူဖန်နှင့် ခေါင်းဆောင်ယန်တို့ထက်ပင် ပိုသန်မာပေသည်။

ဓားသိုင်းတာအို၏နောက်ဆုံးအတားအဆီး…

အတားအဆီး၏နောက်တွင် ပိတ်လှောင်ခံထားရသောဓားတစ်လက်သာ ရှိတော့သည်။ ဓားဖျားမှာ သာမန်ဆန်ပြီး ရိုးစင်းလှသည်။ သို့သော် လုံးဝထိခိုက်ထားခြင်းမရှိချေ။

ယဲ့ချိုးပိုင် လှမ်းကြည့်လိုက်သည်။ ဤဓားသည် ဓားသိုင်းပညာရှိတစ်ဦး၏ဓားဟု ကောလာဟလထွက်ထားသည်။

၎င်းမှာ လျှို့ဝှက်ဓားသွားဂိုဏ်း၏တည်ထောင်သူ လျှို့ဝှက်တိမ်တိုက်ဓားသိုင်းပညာရှိချန်ထားရစ်ခဲ့သောအမွေအနှစ်ပင်။

သူသာ ထိုဓားကိုပိုင်ဆိုင်လိုက်ရလျှင် လျှို့ဝှက်တိမ်တိုက်ဓားသိုင်းပညာရှိ၏အမွေအနှစ်အားလုံးကို ပိုင်ဆိုင်ရမည်သာ။

ဤအချက်မှာ ဓားသိုင်းကျင့်ကြံသူတိုင်းကို အလွန်တရာဆွဲဆောင်နိုင်သောအရာဖြစ်သည်။

ရှေးယခင်ခေတ်တုန်းကဖြစ်ပွါးခဲ့သည့် အမြစ်ဖြတ်စစ်ပွဲပြီးကတည်းက ဓားသိုင်းပညာရှိများ ပေါ်ထွန်းလာခြင်းမရှိတော့ပေ။

ယဲ့ချိုးပိုင် ရှေ့ကိုလျှောက်သွားလိုက်လေရာ သူ့လက်ထဲရှိသစ်သားဓားဆီမှ ဓားချီစွမ်းအင်များ စိမ့်ထွက်လာချေသည်။

ငြိမ်ချမ်းသောတောင်တန်းများနှင့်မြစ်ပြင်များသည်လည်း တစ်ဖန်ပျံထွက်လာပြန်သည်။

သို့သော် ၎င်းမှာ ပင်လယ်ထဲသို့ရွှံ့စေးတစ်တုံးပြုတ်ကျသွားသလိုပင်။

အတားအဆီးက မလှုပ်မယှက်ရှိနေချေသည်။

“အာဒိကပ္ပဓားသိုင်းကျမ်းတောင် ဖွင့်လို့မရဘူးပေါ့”

ယဲ့ချိုးပိုင်က ထိုအကြောင်းကြောင့် ထွက်မသွားခဲ့ပေ။

ဓားသိုင်းပညာရှိတစ်ဦး၏အမွေအနှစ်မှာ အရယူရန်မလွယ်ကူသည်မှာ သဘာဝကျသည်။

သူ့ဘာသာမတွေးဘဲမနေနိုင်တော့ပေ။

တိုက်ခိုက်မှုအားလုံးကိုသာ ပေါင်းစပ်လိုက်ပါက သူတို့အတူတကွပေါင်းစည်းလိုက်သည့်ခွန်အားက ပိုအစွမ်းထက်လေမလား။

ထိုသို့တွေးပြီးနောက် ယဲ့ချိုးပိုင် စတင်အကောင်အထည်ဖော်လိုက်သည်။

ဓားသွားပိုင်နက်နယ်မြေကို အသက်သွင်းလိုက်သည်။

ထို့နောက် မှော်နက်မိစ္ဆာချီစွမ်းအင်တန်းကြီးကို ဓားသွားပိုင်နက်နယ်မြေအတွင်း ဖြန့်ကြက်လိုက်သည်။

ဤသည်မှာ ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားပင်။

အဆုံးမဲ့အသက်ဓာတ်အရှိန်အဝါတစ်ခုက ချက်ချင်းဆိုသလိုမြင့်တက်လာသည်။

အာဒိကပ္ပဓားသိုင်းကျမ်းပင်။

ဤကျင့်စဉ်သုံးခုကို ယဲ့ချိုးပိုင်က ပေါင်းစပ်ချင်နေပေသည်။

သို့သော် အဆုံးမဲ့အသက်ဓာတ်စွမ်းအားများက မှော်နက်မိစ္ဆာချီစွမ်းအင်များနှင့် ပေါင်းစပ်လိုက်ချိန်မှာ အာဒိကပ္ပဓားသိုင်းကျမ်း၏ထိန်းချုပ်မှုကိုခံလိုက်ရပြီး ဝါးမျိုဖျက်ဆီးခံလိုက်ရလေသည်။

“မဟုတ်သေးဘူး။ အာဒိကပ္ပဓားသိုင်းကျမ်းရဲ့အဆင့်က တအားမြင့်နေတာပဲ။ ပေါင်းစပ်ဖို့မဖြစ်နိုင်တာ သဘာဝကျပါတယ်”

ထို့နောက် ယဲ့ချိုးပိုင်က ဟန်ချက်ညီစေရန်အတွက် အာဒိကပ္ပဓားသိုင်းကျမ်း၏စွမ်းအားကို လျှော့ချလိုက်သည်။

ဤအချိန်တွင် တစ်ရက်တာကား ကုန်လွန်သွားလေပြီ။

ဓားသင်္ချိုင်း၏အပြင်ဘက်တွင် တပည့်များဟာ ထိုမြင်ကွင်းကိုကြည့်ရှုနေကြသည်။

သူတို့ စိတ်ထဲမှာ ကြေကွဲဝမ်းနည်းနေလေသည်။

“သူမလှုပ်ရှားတာ တစ်ရက်ကြာသွားပြီ။ သူ ဒီထက်ပိုပြီးမလုပ်နိုင်တော့မှာစိုးတယ်”

“ဟုတ်တယ်။ သူ့ခံနိုင်ရည်ဂိတ်ဆုံးကိုရောက်ရောပေါ့။ ဒါပေမဲ့ သူ့ကိုယ်သူဂုဏ်ယူသင့်ပါတယ်”

“မကြာခင် ထွက်လာလောက်တယ်”

ဂိုဏ်းခေါင်းဆောင်၏ခန်းမထဲတွင် လင်းရူဖုန်းဟာ ထိုမြင်ကွင်းကိုကြည့်ပြီး အသာအယာသက်ပြင်းချလိုက်သည်။

“နောက်ဆုံးတော့ သူ ဘိုးဘေးသခင်ရဲ့အမွေအနှစ်ကို မရလိုက်ဘူးပဲ”

“နေဦး”

လျန်ဖန်း လျှပ်တပြက်ငေးကြည့်လိုက်သည်။

ဓားသင်္ချိုင်းအထက်ရှိဓားဆန္ဒမှာ ဤတစ်ခေါက် တကယ်ဆန်တက်သွားပြန်လေသည်။

လူတိုင်း၏ကြောက်ရွံ့ထိတ်လန့်နေသောအကြည့်အောက်မှာ ယဲ့ချိုးပိုင်၏ဓားသွား သက်ဆင်းလာချေသည်။

၎င်းမှာ ပေနှစ်ထောင်အထိ တက်လှမ်းသွားလေတော့သည်။

ဤအဓိပ္ပါယ်မှာ ယဲ့ချိုးပိုင်သည် ဓားသင်္ချိုင်းထဲသို့ မီတာနှစ်ရာရောက်ရှိသွားလေပြီဟူသောသဘောပင်။

တစ်နည်းဆိုရသော် ယဲ့ချိုးပိုင်သည် လျှို့ဝှက်တိမ်တိုက်ဓားသိုင်းပညာရှိ၏အမွေအနှစ်ကို ရရှိလိုက်ပြီဟုအဓိပ္ပါယ်ရ၏။

ထိုအချိန်၌ ဓားသင်္ချိုင်းတွင်မူ ယဲ့ချိုးပိုင်ဟာ ထိုဓားသိုင်းစွမ်းရည်သုံးမျိုးစလုံးကို တစ်ခုတည်းအဖြစ်ပေါင်းစည်းလိုက်သည်။

အတားအဆီးကိုချိုးဖောက်လိုက်ပြီးနောက် ရှေးဟောင်းဓားသွားတစ်လက်၏ရှေ့သို့ သူရောက်လာခဲ့သည်။

သူ လက်ကိုဆန့်ထုတ်၍ ဓားရိုးကိုဆုပ်ကိုင်လိုက်သည်။

ထိုအခိုက်အတန့်လေးမှာ ဓားထဲမှဝိညာဉ်တစ်ခုပေါ်ထွက်လာပေသည်။

“နောက်ဆုံးတော့ နှစ်တွေအများကြီးကြာပြီးမှ တစ်ယောက်ယောက် ရောက်လာခဲ့ပြီကိုး”

Comment

Leave a Reply

Options

not work with dark mode
Reset