အပိုင်း ( ၅၁၂)

နောက်ထပ် တိုက်ပွဲတစ်ခု

ကျင်းယွန်လင်၏စကားကို ကြားသည်တွင် ထင်သည့်အတိုင်း မရေမတွက်နိုင်သော မျက်လုံးများက ရီဖူရှင်းကို ကြည့်ကြသည်။

ရှန့်ထိုတန်ခိုးရှင်၏အမွေ…

ထိုအခိုက်တွင် နန်ထျန်းအိမ်တော်မှ လူများကလည်း တူညီသော အရပ်တစ်ခုကို ကြည့်သည်။ ရီဖူရှင်းအား မြင်သည်တွင် လူငယ်နှစ်ယောက်၏ မျက်အိမ်များက ကျဉ်းမြောင်း သွားကြသည်။ တစ်ယောက်၏ မျက်လုံးများကမူ လူသတ်လိုသော အငွေ့အသက်များပင် ယှက်သန်းလာ၏။

“ရီဖူရှင်း…” နန်ယွီက ကောင်းကင်တောင်မှ အရှက်တကွဲ ဖြစ်ရပ်ကို တစ်ခါမှ မေ့မည် မဟုတ်ပေ။

“သူက ဘယ်သူလဲ…” လူငယ်တစ်ယောက်က မေးသည်။ ထိုလူငယ်ကား နန်ထျန်းအိမ်တော်၏ ပါရမီအမြင့်ဆုံး လူငယ်တစ်ယောက် ဖြစ်သည်။ သူ၏နာမည်က နန်ဟိုဖြစ်သည်။

“အရှေ့မြေရိုင်းဒေသမှာ ဧကရာဇ်နှစ်ပါးရဲ့ အူကီယိုကို ရသွားတဲ့တစ်ယောက်ပဲ…” နန်ဟို၏ဘေးမှ နန်ဖန်းက ပြောသည်။ အရှေ့မြေရိုင်း ဒေသတွင်တုန်းက နန်ဖန်းက အကာနာအဆင့်တွင် ဖြစ်ကာ ယခု သူက နိုဘယ်အဆင့်၏ အဋ္ဌမ အတန်းအစားကို ရောက်နေပြီ ဖြစ်သည်။ (နိုဘယ်အဆင့်ကား နဝမတန်းစားမှသည် ပထမတန်းစားအထိ ခွဲခြမ်းထားပြီး ပထမတန်းစားက အမြင့်ဆုံး အဆင့်ဖြစ်သည်။)

“သူက ကျူးကော့မင်းယွီရဲ့ ဂျူနီယာဖြစ်ပြီး ဟွာဂျီယူရဲ့ ချစ်သူလား…” နန်ဟိုက အံ့အားသင့်စွာ မေးသည်။ နန်ဟိုက အရှေ့မြေရိုင်း ဒေသကို မရောက်ဖူးသော်လည်း ရီဖူရှင်း၏နာမည်ကို တစ်စွန်းတစ်စ ကြားဖူးသည်။

“ဟုတ်တယ်…” နန်ဖန်းက ပြောသည်။

“ငါ သူ့ကို သတ်မယ်…” နန်ယွီက အေးစက်စွာ ပြောသည်။

“ဒါဆိုလည်း သွား…” နန်ဟိုက ထူးမခြားနားစွာ ပြောသည်။ နန်ယွီက အရှက်ရသွားသည်။ သူက ရီဖူရှင်း၏ပြိုင်ဘက် မဟုတ်ပေ။

သူက နန်ဟိုဘက်ကို လှည့်သည်။ နန်ဟိုက အဝေးကို ကြည့်ကာ ရေရွတ်သည်… “သူက ကျူးကော့မင်းယွီရဲ့ ဂျူနီယာပဲ… သူ့ကို နန်ထျန်းအိမ်တော်ကို သတ်လို့ မရဘူး…”

ကျူးကော့မင်းယွီက ကျူးကော့မိသားစု၏ အနာဂတ်ဆက်ခံသူ ဖြစ်သည်။ သူမ၏ ဂျူနီယာအား နန်ထျန်းအိမ်တော်က မည်သို့ သတ်ရဲမည်နည်း။ ယခု သူတို့က ရီဖူရှင်းတို့ကို သတ်ခဲ့ပါက အကျိုးဆက်က သိပ်မကောင်းနိုင်ပေ။

“သူက တော်ဝင်လမ်းကို လာခဲ့တယ်… တကယ်လို့ သူက တော်ဝင်ကျဲနန်းတော်ကို ရောက်နိုင်ခဲ့ရင် သူက ကျူးကော့မင်းယွီနဲ့တွေ့မှာပဲ…” နန်ယွီက နန်ဟိုကို ပြောသည်။

“ဒါပေမဲ့ သူက နိမ့်ကျတဲ့ ကလန်ကဆို… မင်းတို့ အဲဒီလို မပြောဘူးလား…” နန်ဟိုက ရယ်သည်။ နန်ဖန်းနှင့် နန်ယွီတို့ ပါးစပ် ပိတ်လိုက်ကြသည်။ သူတို့က အမှန်ပင် ရီဖူရှင်းကို နိမ့်ကျသော ကလန်မှ လူဟု သတ်မှတ်ခဲ့ကြသည်။ သို့သော် ကောင်းကင်တောင်တွင် ရီဖူရှင်း၏စွမ်းရည်က အမှန်ပင် ထိတ်လန့်ဖွယ်ရာ ကောင်း၏။

သူတို့၏အမူအရာကို မြင်သည်တွင် နန်ဟိုက ရယ်မောကာ ပြောသည်… “စိတ်အေးအေးထား… သူကငါ့ကို စိတ်မပျက်စေလို့ တကယ် မျှော်လင့်တယ်… သူက တော်ဝင်လမ်းက ထွက်ပြီး ကျူးကော့မင်းယွီတို့နဲ့ တွေ့တဲ့အခါ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလိမ့်မယ်… အရှေ့မြေရိုင်း ဒေသက ဂူတုံးလျိုက တိမ်ဖြူမြို့ သခင်​လေးကို စိန်ခေါ်ပြီးတော့ ရှုံးသွားတာကို မမေ့နဲ့… သူက ရီဖူရှင်းရဲ့ စီနီယာအစ်ကို မဟုတ်လား…”

“အင်း…” နန်ဖန်းက ခေါင်းညိတ်သည်။ အရှေ့မြေရိုင်း ဒေသကို သွားခဲ့တုန်းက သူတို့က အတန်းအစားနိမ့် ကလန်များဟု ခေါ်ဝေါ် သုံးစွဲခဲ့ကြသော်လည်း ဂူတုံးလျို၏ အရှက်ခွဲခြင်းကို ခံခဲ့ရသည်။ ထိုစာပေသမား အရူးက တိမ်ဖြူမြို့ သခင်လေးကို စိန်ခေါ်ရဲသည်။ သူက ရူးသွပ်နေသည်လား…။

တိမ်ဖြူမြို့ သခင်လေးကား ကောင်းကင်မြေရိုင်း အဆင့် တစ်ဆယ်အတွင်းဝင်သူ ဖြစ်သည်။

“ဒါကြောင့် သဘာဝအတိုင်း ထားလိုက်…” နန်ဟိုက ပြုံးသည်။ သူက အရှေ့မြေရိုင်းဒေသမှ ထိုလူများက မြေရိုင်းဒေသကို မည်သို့ လှုပ်ခတ်အောင် လုပ်မည်ကို စိတ်ဝင်စား နေမိသည်။

နန်ယွီက လူသတ်လိုသော အငွေ့အသက် ပြင်းထန်စွာဖြင့် လက်သီးကို ဆုပ်လိုက်သည်။ နန်ဟို၏စကားကို သူက မငြင်းပယ်နိုင်။

ကျင်းယွန်လင်၏ စကားကို ကြားသည့်တိုင် ရီဖူရှင်းကား အေးအေးလူလူ… ။ ကျင်းယွန်လင်က သူ့အား တွေ့သည်တွင် တိုက်ရိုက် တိုက်ခိုက်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဤသို့သော် နည်းလမ်းများ သုံးမည်ဟု မထင်ထားပေ။

လူအများအပြားက သူ့ထံကို လာနေကြသည်ကို မြင်သည်တွင် ရီဖူရှင်းက ရယ်လိုက်သည်…

“ငါတကယ်ပဲ အရင်က မင်းကို အနိုင်ယူဖူးတယ်… ဒါပေမဲ့ မင်းက အခု နိုဘယ်ဖြစ်နေပြီ… ဘာလို့ ဒီလို နည်းလမ်းတွေ သုံးနေဦးမှာလဲ… ဘာလို့ ငါ့ကို ဒီလောက် ကြောက်ရတာလဲ…

ပတ်ဝန်းကျင်မှ လူများ အားလုံးက ရပ်လိုက်ကာ ကျင်းယွန်လင်ကို ကြည့်လိုက်ကြသည်။ ရီဖူရှင်း ပြောသည်မှာ မှန်နိုင်သည်။ ကျင်းယွန်လင်က တခြားလူများ၏ လက်ဖြင့် သူ့အား သတ်ရန် ကြိုးစားခြင်း ဖြစ်ရမည်။ ရှန့်ထို တန်ခိုးရှင်၏အမွေကို ရရှိရန် လွယ်ကူမည် မဟုတ်ပေ။

ကျင်းယွန်လင်၏ မျက်လုံးများမှ ထက်ရှသော ရွှေဝါရောင် အလင်းများ ထွက်ပေါ်လာသည်။ ကျင်းမိသားစုမှ စွမ်းအားမြင့် တန်ခိုးရှင်များက ရီဖူရှင်းအနီးမှ​ လူများကို သတိပေးသည်… “ဒါက ကျုပ်တို့အကြား ပြဿနာပဲ… မင်းတို့ တိုက်ခိုက်ချင်တာ သေချာလား…”

သည်လူများကား ကြယ်မင်းကျောင်းမှ​ မဟုတ်ပေ။

ချင်ရန်က မျက်မှောင်ကြုတ် သွားသည်။ သူ၏ရန်သူများ လာနေသည်ဟု ပြောသည်။ သူပြောသည်မှာ မှန်သည်။

“သူက ကျွန်မတို့ရဲ့ အဖော်ပဲ…” လီချန်းရီက ပြောသည်။ ကျွေ့ချိန်ချူက ရယ်လိုက်သည်။ သည်ရက်ပိုင်းတွင် လီချန်းရီက ရီဖူရှင်းနှင့် ရင်းနှီးလာခဲ့သည်။ ထို့ကြောင့် သူမက ထိုစကားကို ပြောကာ ရီဖူရှင်းအား ကာကွယ်ရန် ကြိုးစားနေသည်။ တခြားလူများက ရီဖူရှင်းအပေါ် စွန့်ခွာသွားမည်ကို စိုးရိမ်နေသည်။

“အင်း ဟုတ်တယ်…” လီချန်းရီ၏ စကားကို ကြားသည်တွင် ချန်ရန်က ပြောသည်။

“ဆရာရီ… အခုသွားတော့…” လီချန်းရီက ရီဖူရှင်းကို အချက်ပြသည်။

“ကျုပ်တို့က မတော်တဆ တွေ့ခဲ့ကြတာ… ဒါကြောင့် ကျုပ်ကို မစိုးရိမ်နဲ့… ဘယ်လိုဖြစ်ဖြစ် ကျေးဇူးပဲ…” ရီဖူရှင်းက ကျယ်လောင်စွာ ပြောသည်။ ထို့နောက် သူက လီချန်းရီကို လျှို့ဝှက်စွာ ပြောသည်… “အခြေအနေက ပြင်းထန်ရင် ဒီအတိုင်းသာ လွှတ်ပေးလိုက်… ကျုပ်အတွက်နဲ့ ဒဏ်ရာ မရစေနဲ့…” ထို့နောက် သူက အဝေးကို ပြေးထွက် သွားသည်။ သူက သွေးအေး ရက်စက်သောကြောင့် ဤသို့ ပြေးရခြင်း မဟုတ်ဘဲ ကျင်းယွင်လင်၏ စကားများကြောင့် ဖြစ်သည်။ ကျင်းယွန်လင်၏ စကားက လူအများအပြားကို စိတ်ဝင်စား သွားစေသည်။ ထို့ကြောင့် သူဆက်နေလျှင် ကျိုးရှင်းတောင်မှ လူများ အန္တရာယ် ရှိနိုင်ပေသည်။

ရီဖူရှင်း မှန်သည်။ သူ ယူချင်းနှင့် တခြားလူများ ထွက်ပြေးသွားသည်တွင် လူအများစုက သူတို့နောက်ကိုသာ လိုက်လာကြသည်။

အလင်းတစ်ချက် ဝင်းလက်သွားကာ လှေပျံတစ်စီး ပေါ်လာသည်။ လူတိုင်းက လှေပျံထဲကို ဝင်ရောက်လျှင် လှေပျံက မြန်ဆန်စွာဖြင့် ပျံသန်း ပြေးထွက်သွားသည်။

“သူတို့နောက်ကို လိုက်…” ကျင်းကလန်မှ တစ်ယောက်က အော်သည်။

သို့သော် ချန်ရန်က ပြောသည်… “နေခဲ့စမ်း…” နှစ်ဖက်အုပ်စုအကြား တိုက်ပွဲတစ်ခု ဖြစ်သွားသည်။

လူအုပ်ထဲတွင် သိဒ္ဓိဝင် ဝတ်စုံဖြူကို လှပစွာ ဝတ်ထားသော မိန်းကလေး တစ်ယောက်ကလည်း လျှပ်စီးအလား ရီဖူရှင်းဘက်သို့ ပြေးထွက် သွားသည်။

ရီဖူရှင်း မြန်ဆန်စွာ ပျံသန်းနေသည်။ လူအများအပြားက သူတို့နောက်မှ လိုက်ပါလာကြ၏။ သို့သော် ရီဖူရှင်း နားမလည်သည်ကား နန်ထျန်းအိမ်တော်က ဘာမှ မတုံ့ပြန်ခြင်းကိုပင်။ နန်ဖန်းနှင့် နန်ယွီကို သူမြင်သည်။ သူတို့က လက်စား မချေလိုကြဘူးလား…။

“အဲဒါက ရှီအဆင့်ယာဉ်ပျံပဲ…” ရီဖူရှင်း၏လှေကို မြင်လျှင် နောက်မှ လိုက်ပါ လာသူများက  ပိုမို၍ပင် လောဘဇော တက်လာကြသည်။ သူတို့ မသိသည်ကား ရီဖူရှင်းက တမင်ပင် အရှိန်အပြည့်ဖြင့် မောင်းနှင် ပျံသန်းခြင်း မရှိသည်ကိုပင်။

မကြာမီ သူတို့က တောင်တစ်လုံးအနီးသို့ ရောက်လာသည်တွင် ရီဖူရှင်းက တောင်ပေါ်သို့ ဆက်လက် ပျံသန်းလာခဲ့သည်။ သူ့နောက်မှ လူများကလည်း ဆက်လက် လိုက်ပါ လာကြသည်။ သူတို့က တောင်ပေါ် တစ်နေရာသို့ ရောက်သည်တွင် ရီဖူရှင်းက နောက်ကိုလှည့်ကာ အေးစက်စွာ ကြည့်သည်။

သို့သော် နောက်မှ ပေါက်ကွဲသံတစ်ခု ကြားသည်။ ရီဖူရှင်းက အံ့အားသင့်စွာဖြင့် ကောင်းကင်ထက်ကို ကြည့်သည်။ ကြယ်တာရာအလင်းများ ဆင်းသက်လာသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက အဆက်မပြတ် အော်ဟစ် ညည်းတွားကြသည်။ သူတို့က တောင်စွန်းဘက်သို့ လွင့်စဉ်သွားကြသည်။

“ဘယ်လူလဲ…” နိုဘယ်တန်ခိုးရှင် တစ်ယောက်က အော်ဟစ်သည်။ လျှပ်စီးဓာတ် စွမ်းအင်များ ကောင်းကင်ယံထံသို့ ပျံ့လွင့်သွား၏။ သို့သော် သူ့ထံသို့ ဧရာမ ဥက္ကာခဲများ ကျဆင်းလာသည်ကို မြင်ရကာ မြေပြင်ပေါ်သို့ ပြိုလဲကျကာ သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။

ရီဖူရှင်း၏ရှေ့တွင် လှပသော မိန်းကလေး တစ်ယောက် ပေါ်လာသည်။ သူမ၏အနီးမှ​ကြယ်တာရာ အလင်းများက သူမအား ပိုမို၍ လှပစေသည်။ သူမ၏ နောက်တွင်ကား မီးတောက်များ ပြင်းထန်စွာ လောင်ကျွမ်းနေသော လူတစ်ယောက် ရှိသည်။ သူကား ကျင်းကလန်မှ အားကောင်းသော နိုဘယ်တစ်ယောက် ဖြစ်သည်။ ထိုမိန်းကလေးက နောက်လှည့်ကာ ကျင်းကလန်မှ နိုဘယ်ကို ကြည့်သည်။ ရုတ်တရက် ထိုနိုဘယ်က သူ၏စိတ်များ လွန်စွာ တင်းကျပ်သွားကာ ခန္ဓာကိုယ်ကလည်း ချောက်ကြီးထံသို့ ဆင်းသက် သွားသည့် ခံစားချက်ကို ရသည်။

ဥက္ကာခဲများက ကြယ်ပျံများလို သူ့ထံ ပစ်လွင့်လာသည်။ နိုဘယ်က မာန်သွင်းကာ ပြင်းထန်စွာ ခုခံသော်လည်း ခဏချင်းတွင် သူလည်း မြေပြင်ပေါ်ကိုကျသည်။

“မင်းက ကျိုက်ရှင်း အိမ်တော်ကပဲ…” မြေပြင်ပေါ်တွင် အားနည်းစွာ လဲလျောင်းရင်းက ထိုနိဘယ်က ပြောသည်။

မိန်းကလေးက နောက်လှည့်သည်။ သူမ၏ မျက်လုံးများထဲတွင် ကြယ်တာရာများ ရှိနေပုံရသည်။ ရိုးရှင်းသော ဝတ်စုံဖြင့် ဖြစ်သော်လည်း သူမကား နတ်မိမယ် တစ်ပါးလို လှပလွန်းလှသည်။ ကုယွန်ချီပင် သူမအား လေးစား ချီးကျူးရ၏။

“ကြမ်းတယ်…” ယူချင်းက မျက်လုံး ပြူးကျယ်ကာ ပြောသည်။

ရီဖူရှင်းက ခေါင်းကုတ်ကာ ပြောသည်… “သူမက တကယ်ပဲ ကြမ်းတယ်…” မျက်လုံး တစ်မှိတ်အတွင်းတွင် သူမက ထိုလူများအားလုံးကို ရှင်းပစ်သည်။

“ပြီးတော့ လှတယ်…” ယူချင်းက ရီဖူရှင်းကို ကြည့်ကာ ပြောသည်… “ဘာအတွေးမှ​မရှိဘူးလား…”

ရီဖူရှင်း ဆွံ့အသွားသည်။ သူက မျက်လုံးပြူးသွားကာ ယူချင်းကို ကြည့်သည်… “မင်း ဘာကို စဉ်းစားနေတာလဲ…”

“ငါဆိုလိုတာက သူမက မင်းရဲ့ အစေခံ ဖြစ်သင့်တယ်…” ယူချင်းက ပြောသည်။

“ကျိုက်ရှင်းအိမ်တော်က တော်ဝင်လမ်း ဆက်ခံသူကို ကာကွယ်မယ်လို့ တစ်ချိန်က ကတိပေးခဲ့ဖူးတယ်… သူမက ကျိုက်ရှင်း အိမ်တော်ကပဲ…” ယူချင်းက ပြောသည်။ ရီဖူရှင်း ထိတ်လန့် သွားသည်။

မူကျိချူမူကား ကောင်းကင်တွင် ရပ်ကာ ရီဖူရှင်းတို့ အုပ်စုကို ထူးမခြားနားစွာ ကြည့်နေသည်။ သူမက ယူချင်း၏စကားကို ကြားသည့်တိုင် ဘာမှ ပြန်မပြောပေ။ ထိုပုံစံကပင် သူမ၏ စရိုက်လက္ခဏာ ဖြစ်သည်။

“ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံရော…” မူကျိချူက မေးသည်။

“ကျိုက်ရှင်း အိမ်တော်က ဒီလိုပဲလား…” ရီဖူရှင်းက မေးသည်… “ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက အခု ငါ့အပိုင် ဖြစ်သွားပြီ… မင်းက ပြန်ယူချင်လို့လား…”

“ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံက ကျွန်မတို့အတွက် အဓိပ္ပာယ် အများကြီး ရှိတယ်… နောက်တစ်ခေါက် တိုက်မယ်… ဘယ်လိုလဲ… ငါနိုင်ရင် အဲဒါကို ပြန်ယူသွားမယ်…” မူကျိချူက ပြောသည်။

“မင်းက နိုဘယ်အဆင့်ကို တက်သွားပြီ… ဒါက မျှတလို့လား…” ရီဖူရှင်းက ပြောသည်။

“ရှင်က ကောင်ကင် ပျက်သုဉ်းခြင်းနှင်တံကို သုံးလို့ ရတယ်…” မူကျိချူက ရီဖူရှင်းကို ကြည့်သည်။ သည်ကောင်ကား အမှန်ပင် ဟန်ဆောင် ကောင်းသည်။ ရီဖူရှင်းက ကောင်းကင် ပျက်သုဉ်းခြင်း နှင်တံဖြင့် သူမ၏ အစ်ကိုနှင့်ပင် ယှဉ်တိုက်နိုင်သည်။

“မင်း ထပ်ရှုံးရင်ရော…” ရီဖူရှင်းက မေးသည်။

“တော်ဝင်လမ်းမှာ ရှင့်ကို ကာကွယ်ပေးမယ်…” မူကျိချူက ပြောသည်။

ရီဖူရှင်းက သူ၏လက်ကို ဆန့်တန်းလိုက်သည်။ အလင်းတစ်ချက်နှင့်အတူ သူ၏လက်တွင် ကောင်းကင် ပျက်သုဉ်းခြင်းနှင်တံ ပေါ်လာသည်။ ကြယ်တာရာ အလင်းများက ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် ရစ်ပတ် လွှမ်းခြုံလာ၏။

***


Comment

Leave a Reply

Options

not work with dark mode
Reset