Switch Mode

အခန်း (၆၃)

ဟွမ်ထျန်းမင်၏နောင်တ

လုချန်ရှန်းက ကူညီပေးချင်ခဲ့သည်။

သူ့တပည့်က သူ့အိမ်တံခါးဝမှာပင် အနိုင်ကျင့်ခံခဲ့ရလေရာ ဒေါသမထွက်ဘဲ မနေနိုင်ပေ။

သူသည် ငရဲကိုးဘုံအစီအရင်ကို ချက်ချင်းအသက်သွင်းလိုက်ချင်ခဲ့သည်။

သို့သော် ဟုန်ရင်က သူ့ကိုတားလိုက်သည်။

“ဆရာ..ဒီလူတွေအတွက် ဘာမှလုပ်စရာမလိုပါဘူး”

ဤသို့ဖြင့် လှံတံကိုကိုင်စွဲပြီး နေမဝင်အင်ပါယာဆီသို့ ဦးတည်သွားလေတော့သည်။

ယွင်မင်ကလည်း လုချန်ရှန်းကိုခေါင်းညိတ်ပြလိုက်ပြီး သူ့နောက်ကိုလိုက်သွားလေသည်။

ဓားသိုင်းခန်းမအကြီးအကဲက ဟုန်ရင်ကို သဘာဝကျကျပင်သတိပြုမိလိုက်သည်။

ထိုအခြင်းအရာကိုမြင်သောအခါ သူကမျက်မှောင်မကြုတ်ဘဲမနေနိုင်ချေ။

“ဟုန်ရင်.. မြန်မြန်ပြန်ဆုတ်”

သိုင်းပညာခန်းမအကြီးအကဲကလည်း ဝင်ပြောလေသည်။

“စိတ်လိုက်မာန်ပါမလုပ်နဲ့။ တစ်ဖက်လူက အဆင့်သတ်မှတ်ချက်စာရင်းမှာ ထိပ်တန်းပညာရှင်ဆယ်ယောက်ထဲက တစ်ယောက်ပဲ။ မင်း သူနဲ့ယှဉ်နိုင်မှာမဟုတ်ဘူး”

ယန်ရှုကလည်း ထိုစကားကိုကြားမှ သဘောပေါက်သွားသည်။

သူ့ရှေ့ရှိအမျိုးသမီးငယ်လေးမှာ ကျောင်းတော်ထဲမှ ကျောင်းသူလေးတစ်ယောက်ဖြစ်၏။

ယန်ရှုကလည်း ကြေကွဲဝမ်းနည်းစွာညည်းညူလေသည်။

“သေရမှာကိုမကြောက်ရွံ့တတ်တဲ့ မင်းလိုကျောင်းသားတစ်ယောက်ရှိတာ ကျောင်းတော်အတွက်ကောင်းပါတယ်”

“ဒါပေမဲ့ အခု မင်းသေရဖို့အချိန်မတန်သေးဘူး။ လောလောဆယ် နောက်ပြန်ဆုတ်လိုက်ပါ”

ထိုအဖြစ်ကိုမြင်သောအခါ အထိန်းတော်မင်က ဟားတိုက်ရယ်မောလိုက်လေသည်။

“တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်က ကျောင်းသားတွေက ဘယ်တုန်းက ဒီလောက်ရဲရင့်လာတာလဲ”

“ဒါပေမဲ့…”

အထိန်းတော်မင်က သူ့မျက်လုံးများကိုမှေးကျဉ်းထားလိုက်ပြီး အေးစက်စွာပြောလေသည်။

“မင်း အကြောက်အရွံ့မရှိရင် သေရလိမ့်မယ်”

ဓားသိုင်းခန်းမအကြီးအကဲ၏စကားများကို သုံးသပ်ကြည့်လျှင် ဟုန်ရင်သည် ကျောင်းသားတစ်ဦးမျှသာဖြစ်သည်။

အထိန်းတော်မင်သည် ကျောင်းသားတစ်ယောက်က ဤမျှသန်မာနိုင်မည်ဟု မထင်ထားခဲ့ပေ။

တောင်ပိုင်းလို ခေါင်ခိုက်သည့်နေရာတွင်မဆိုထားနှင့်။

ဤသည်မှာ ရန်သူကိုလျှော့တွက်ခြင်းမဟုတ်ချေ။ ယဲ့ချိုးပိုင်ကပြောခဲ့ဖူးသည်။

ဤသည်မှာ တောင်ပိုင်းနယ်မြေတတ်စွမ်းသမျှအကုန်ပင်။

ဤသည်မှာ အမှန်တရားဖြစ်၏။

ထိုစကားကိုကြားသော် ယွင်မင် ဒေါသထွက်သွားချေသည်။ သူသည် တိုက်ခိုက်ချင်သော်လည်း ဟုန်ရင်က ခေါင်းခါပြပြီးတားလိုက်သည်။

“သူ့ကိုငါ့အတွက်ချန်ထားလိုက်”

ယွင်မင် မအံ့သြမိချေ။

အရှင်မသည် အလွန်တရာအကာအကွယ်ပေးတတ်သောပုဂ္ဂိုလ်ဖြစ်သည်။

ထို့ကြောင့် သူ(မ)၏ချန်းယွမ်အဆင့်အရှိန်အဝါကို သံသယကင်းစွာ ထုတ်ဖော်ပြသလိုက်လေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသောအကြီးအကဲအားလုံး အံ့အားသင့်သွားကြပြီး သူတို့၏မျက်ဝန်းထဲမှာလည်း မယုံကြည်နိုင်သောအရိပ်အယောင်များပြည့်နှက်နေသည်။

ချန်းယွမ်အဆင့်တဲ့လား။

ဤအဆင့်သည် အကြီးအကဲများထက်ပင် သာလွန်နေလေပြီ။

ဟုန်ရင်က အမှန်တကယ်ပင် ထိုမျှအထိအစွမ်းထက်လေသလား။

ကောင်းကင်ထက်တွင်ရှိနေသည့် ချင်းထျန်းနျန်သည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ အံ့အားသင့်သွားရလေသည်။

လုချန်ရှန်း၏တပည့်များထဲတွင် ယဲ့ချိုးပိုင်သည်ပင် ပါရမီရှင်တစ်ဦးဖြစ်ပြီးနေလေပြီ။

ဟုန်ရင်တစ်ယောက် ယခုလောက်အထိ ကြောက်ခမန်းလိလိအင်အားကြီးနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

အထိန်းတော်မင်လည်း ထိတ်လန့်သွားချေသည်။

ချန်းယွမ်အဆင့်တဲ့လား။

ကျောင်းသားတစ်ယောက်က ချန်းယွမ်အဆင့်ကိုရောက်ပြီးနေပြီတဲ့လား။

မြောက်ပိုင်းနယ်မြေမှာတောင် ယခုလိုနတ်ဆိုးမျိုးမရှိပေ။

အလယ်ပိုင်းနယ်မြေကသာ ယခုလို ထက်မြက်ပြီးအရည်အချင်းရှိသည့်လူတစ်ယောက်ကို မွေးထုတ်ပေးနိုင်လေသည်။

ဟုန်ရင်သည် သူ(မ)၏လှံတံကိုကိုင်ကာ အံ့အားသင့်နေသောအကြီးအကဲများနှင့် ယန်ရှုကိုကြည့်လိုက်သည်။

“ဒီလူကို အသာထားလိုက်။ အဲ့ဒီတော်ဝင်အစောင့်တွေကိုသာ တိုက်ခိုက်ကြပါ”

အကြီးအကဲများ၏တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ သူ(မ)သည် အထိန်းတော်မင်ဆီသို့ သူ၏လှံတံကို ပစ်လွှတ်လိုက်သည်။

ထိုအခိုက်အတန့်တွင် လေများဝေ့ဝဲတိုက်ခတ်လာသည်။

လှံတံဖြတ်သွားရာနေရာတိုင်းမှာ လေတိုးသံများ ဆက်တိုက်ထွက်ပေါ်လာသည်။

အထိန်းတော်မင်က ဟစ်အော်လိုက်လေသည်။

“သူက ချန်းယွမ်အဆင့်ကိုရောက်တော့ရော ဘာဖြစ်သေးလဲ”

သူသည် နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်ခုနစ်နေရာတွင်ရပ်တည်ထားသည်။

သူဟာ ချန်းယွမ်အထွတ်အထိပ်အဆင့်ပညာရှင်လည်းဖြစ်၏။

တစ်ဖက်လူသည် မည်မျှပင်ကြောက်စရာကောင်းစေကာမူ သူသည် ချန်းယွမ်ကနဦးအဆင့်မှာသာ ရှိနေဆဲပင်။

ချန်းယွမ်အဆင့်တွင် သာမညအဆင့်လေးများအကြားကွာခြားချက်မှာ မိုးနှင့်မြေလိုပင်။

သူ(မ)အနေနှင့် သူ့အား ဘယ်လိုများယှဉ်နိုင်မည်တဲ့လဲ။

သို့သော် လှံတံသည် အထိန်းတော်မင်၏မြင်းမြီးယပ်တောင်နှင့် ထိတွေ့မိသောအခါတွင်မူ အထိန်းတော်မင်၏သူငယ်အိမ် သေးကျုံ့သွားရချေသည်။

ဟုန်ရင်၏လှံတံပေါ်တွင် အဖျက်ဓာတ်လှံတံသဘာဝကို သူ စင်စစ်ခံစားလိုက်ရသည်။

ဤမျှတင်မကပေ။ ထိုအရာနှင့်ပတ်သက်သည့် နောက်ထပ်သဘာဝတစ်ခုလည်း ရှိသေးသည်။

ဤသည်မှာ ပြန်လည်ဝင်စားရေးစွမ်းအားပင်ဖြစ်သည်။

ပြန်လည်ဝင်စားရေးသဘာဝပင်။

ထိုအခြင်းအရာကိုမြင်လိုက်ရသော သင်္ဘော၏အနောက်ဘက်ရှိ ဟွမ်ထျန်းမင်၏အမူအရာမှာ အလွန်လေးနက်သွားလေသည်။

အဘိညာဉ်ဘုံအမျိုးအစားနှစ်မျိုးပင်။

ထို့အပြင် ၎င်းသည် အဘိညာဉ်ဘုံတစ်ခုတည်းမဟုတ်ချေ။

သူ(မ)၏ကျင့်ကြံရေးအဆင့်သည် ချန်းယွမ်အဆင့်ကိုရောက်ရှိနေသည်။ တစ်ဖက်လူ၏အဆိုအရ ယဲ့ချိုးပိုင်သည် သူ(မ)၏စီနီယာအစ်ကိုမဟုတ်လား။

ဤသို့ဆိုလျှင် သူတို့၏ဆရာသခင်သည် ကောင်းကင်ဘုံကိုအံတုနိုင်စွမ်းရှိသူများ ဖြစ်နေလေမလား။

ရုတ်ခြည်းပင် ဟွမ်ထျန်းမင်သည် ယဲ့ချိုးပိုင်ကိုရန်စမိခဲ့သည့်ကိစ္စအပေါ် နောင်တရမိသွားသည်။

ဤအခိုက်အတန့်တွင် လုချန်ရှန်းသည် မလှမ်းမကမ်းတွင်မတ်တတ်ရပ်နေပြီး ထိုမြင်ကွင်းကို လက်နှစ်ဖက်နောက်ပစ်လျက် ကြည့်နေလေသည်။ သူ ဘာတွေတွေးနေလဲဆိုသည်ကို မည်သူမျှတပ်အပ်မပြောနိုင်ချေ။

ဟုန်ရင်၏အင်အားကို သူ မစိုးရိမ်ပေ။

မည်သို့ပင်ဖြစ်စေ သူ(မ)သည် လူဝင်စားဧကရီတစ်ပါးဖြစ်သည်။

ဤမျှပြတ်ပြတ်သားသား တိုက်ခိုက်နေပုံထောက်လျှင် သေချာပေါက်ယုံကြည်ချက်ခိုင်မာနေပေလိမ့်မည်။

ဤအခိုက်တွင် ယဲ့ချိုးပိုင် တဖြည်းဖြည်းပြန်သတိရလာသည်။

“ဆရာ”

ပြင်းထန်လှသောအရှိန်အဝါကို ခံစားလိုက်ရသဖြင့် သူ လှမ်းမကြည့်ဘဲမနေနိုင်ပေ။

ဟုန်ရင်နှင့် အထိန်းတော်မင်တို့ တိုက်ခိုက်နေကြသည်ကို သူ တွေ့လိုက်ရသည်။

ယဲ့ချိုးပိုင်သည် လုချန်ရှန်းကိုကြည့်ကာ တည်ငြိမ်စွာမေးခွန်းထုတ်လိုက်သည်။

“ဆရာ..နေမဝင်အင်ပါယာက ဒီနေရာအထိရောက်လာတာလား”

လုချန်ရှန်းက ခေါင်းညိတ်ပြပြီး ယဲ့ချိုးပိုင်ကို လှည့်ကြည့်လိုက်သည်။

“ငါ မင်းကို ရွေးချယ်စရာနှစ်ခုပေးမယ်။ ပထမတစ်ခုက ငါ မင်းအတွက် ဒီကိစ္စကို ကူပြီးဖြေရှင်းပေးမယ်”

“ဒုတိယတစ်ခုက ဒီကိစ္စကို မင်းဘာသာဖြေရှင်းဖို့လွှတ်ထားပေးမယ်”

သူတို့သည် သူ့ကို အကြိမ်ကြိမ်အခါခါရန်စခဲ့သည်။

ယခုမူ သူ့တံခါးဝအထိရောက်လာကြပြန်သည်။

လုချန်ရှန်းပင် သည်းမခံနိုင်ချေ။

ဖြေရှင်းဖို့အတွက်ကတော့လား။

သူသွားသည့်အခါ သိပေလိမ့်မည်။ အများဆုံးရှိလှ ဤငရဲကိုးဘုံအစီအရင်ဖြင့် လှုပ်ရှားလိုက်ရုံပင်။

မိုးမခပင်ကြီးသည် ဤအရာမှာ ရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်တစ်ခုဟု ပြောခဲ့ဖူးသည်။

သာမညောင်ညနေမဝင်အင်ပါယာသည် ရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်ကို ခံနိုင်ရည်ရှိမည်တဲ့လား။

ယဲ့ချိုးပိုင် ခဏမျှတွေးကြည့်လိုက်ပြီး သူ့ရှေ့တွင်တိုက်ခိုက်နေကြသောပုံရိပ်များကို ကြည့်လိုက်သည်။ သူ မပြုံးဘဲမနေနိုင်ချေ။

“ဆရာ ကျွန်တော်ကိုယ်တိုင်လုပ်ပါရစေ။ ကျွန်တော် နေမဝင်အင်ပါယာကို ပြားပြားဝပ်သွားအောင်လုပ်နိုင်ဖို့က ခဏပဲကြာမှာပါ”

လုချန်ရှန်းသည် ယဲ့ချိုးပိုင်ကို တစ်ချက်မျှကြည့်လိုက်ပြီး မအံ့သြမိပေ။

ယဲ့ချိုးပိုင်သည် နေမဝင်အင်ပါယာကို သူ၏ခြေနင်းကျောက်တုံးအဖြစ် သဘောထားနေသည်မှာ ထင်ရှားလှသည်။

ဤအခိုက်အတန့်တွင် ဟုန်ရင်၏လက်ထဲရှိလှံတံကို မီးတောက်များဖုံးလွှမ်းသွားပုံမှာ ရေညှိများတွယ်တက်နေသည့်အလားပင်။

ဤနေရာတစ်ခွင်၌ အပူလှိုင်းလုံးကြီးသည် မီးပင်လယ်ကြီးတစ်ခုနှယ် အသံပေးလာလေသည်။

မီးလျှံအဘိညာဉ်ဘုံ..

တတိယအဘိညာဉ်ဘုံပင်တည်း။

အထိန်းတော်မင်၏မျက်ဝန်းထဲတွင် ထိတ်လန့်မှုများအပြည့်ပင်။

အဘိညာဉ်ဘုံအမျိုးအစားသုံးမျိုး ရှိသွားလေပြီ။ ဤသည်မှာ ဘယ်လိုအယူအဆလေလဲ။

ထိုနယ်ပယ်မျိုးမှာ များသောအားဖြင့် အဘိညာဉ်ဘုံတစ်ခုတည်းကိုသာ အာရုံစိုက်လေ့ရှိကြသည်။

ဒုတိယအဘိညာဉ်ဘုံကိုတော့လား။

ဘယ်သူမှ စိတ်မကူးရဲကြချေ။

ဟုန်ရင်၏လက်ထဲရှိလှံတံဟာ ကြီးမားလှသည့်မီးတောက်လှံတံကြီးဖြစ်သွားလေသည်။

အရှိန်အဝါများသည် ဤနေရာတစ်ခွင် ပျံ့နှံ့သွားချေသည်။

မီးတောက်များက ကောင်းကင်တစ်ခုလုံးကို အနီရင့်ရောင်ပြောင်းသွားစေသည်။

ထို့ကြောင့် အဝေးရှိကျောင်းသားအချို့သည် ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်လေရာ ထိုအနီရောင်မီးတောက်ကြီးကို တွေ့လိုက်ရသည်။

ရှင်းဟုန်ရီကလည်း ထိုမြင်ကွင်းကိုမြင်လိုက်ရပြီးနောက် သူ(မ)၏နှုတ်ခမ်းပါးလေးကိုကိုက်ထားလိုက်မိသည်။

သူ(မ) လျှို့ဝှက်တာအိုကျောင်းတော်ကိုဝင်ခါစတုန်းကအချိန်ကို သတိရမိလိုက်သည်။

လုချန်ရှန်းက သူ့ကို တပည့်အဖြစ်လက်မခံခဲ့သည်မှာ တစ်ဖက်လူ၏ဆုံးရှုံးမှုဟု သူ(မ)ထင်ခဲ့မိသည်။

ယခုကြည့်ရပုံထောက်တော့ ထိုအတွေးမှာ တစ်ကိုယ်ကောင်းဆန်လှသောအတွေးတစ်ခုပင်။

ထိုအခိုက်အတန့်တွင် ဟုန်ရင်သည် မီးလျှံစစ်နတ်ဘုရားမအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ထက်တွင် ပျံဝဲနေလေသည်။ သူ(မ)သည် ညာလက်ကိုမြှောက်လိုက်ပြီး ဧရာမမီးတောက်လှံတံကြီးကို လေထဲတွင်ပင့်တင်ထားလိုက်၏။

ခပ်တိုးတိုးအော်ဟစ်လိုက်ရင်း သူ(မ) ထိုလှံတံကို အထိန်းတော်မင်ဆီကို ပစ်လွှတ်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ဧရာမမီးတောက်လှံတံကြီးသည် လေထုကိုထိုးခွင်းကာ အနီရောင်မီးတောင်မျှင်များကို သယ်ဆောင်လာပေသည်။

ထိုလှံတံကြီးက အထိန်းတော်မင်ဆီသို့ ဦးတည်သွားလေသည် ။

အထိန်းတော်မင်၏ အမူအရာပြောင်းသွားချေသည်။ ထိုလှံတံအတွင်းပိုင်းကလာသော အရှိန်အဝါများက သူ့ကို အလွန်အမင်းဖိနှိပ်နေသည်ဟု ခံစားနေရသည်။

သူ ဖိနှိပ်ခံရတော့မည့်အလားပင်။

အထိန်းတော်မင်က သူ(မ)ကို အထင်မသေးရဲချေ။ စူးစူးရှရှအော်ဟစ်သံတစ်ခုနှင့်အတူ သူ့လက်ထဲရှိမြင်းမြီးယပ်တောင်သည် မီးတောက်လှံတံကိုဝန်းရံထားသည့် အဖြူရောင်ကြိုးမျှင်သုံးထောင်အဖြစ်ပြောင်းလဲသွားသည်။

သို့သော်လည်း အဖြူရောင်ချည်မျှင်များသည် မီးတောက်လှံတံကိုမထိခင်မှာပင် ပတ်ပတ်လည်ရှိ မီးတောက်စျာန်အဘိညာဉ်ဘုံကြောင့် လောင်ကျွမ်းပြာကျသွားလေသည်။

အထိန်းတော်မင်၏အမူအရာ ပြောင်းလဲသွားသည်။

သူသည် မြင်းမြီးယပ်တောင်ကို အရှေ့သို့ပစ်ထုတ်လိုက်သည်။

ဧရာမလှံတံကြီးက ထိုမြင်းမြီးယပ်တောင်ကို ဖျက်ဆီးပစ်လိုက်ချေသည်။

သို့သော် မြင်းမြီးယပ်တောင်ကို ဖျက်ဆီးလိုက်သည့်အချိန်မှာပင် ဝိညာဉ်ဖွဲ့စည်းမှုပုံစံအဖြစ်သို့ ပြောင်းလဲသွားသည်။

ချက်ချင်းပင် ချည်မျှင်ဖြူများသည် မိုးမြေတစ်ခွင်ကိုဖုံးလွှမ်းသွားပြီး လှံတံလှောင်အိမ်ကြီးကိုပါ အုပ်မိုးထားလိုက်လေသည်။

အထိန်းတော်မင်သည် ဤမြင်းမြီးယပ်တောင်ကို ရှေးဟောင်းတန်ခိုးရှင်ဘုံအဆင့်မှရရှိခဲ့ခြင်းဖြစ်၏။

၎င်းမှာ အမည်မသိအဆင့်တစ်ခုတွင်ရှိ၏။

သို့သော် အတွင်းပိုင်း၌ ရေးထွင်းထားသောအစီအရင်သည် နေမဝင်အင်ပါယာပင်လျှင် မဖြတ်ကျော်နိုင်သောအရာပင်။

ယခုအခါတွင် မြင်းမြီးယပ်တောင်ကို သူ့ကိုယ်သူဖျက်ဆီးပစ်လိုက်ချေပြီ။

ထို့နောက် အစီအရင်ကို အသက်သွင်းပစ်လိုက်သည်။

အဆုံးတွင်မူ မီးတောက်လှံတံကို ရပ်တန့်နိုင်ခဲ့ပေသည်။

Comment

Leave a Reply

Options

not work with dark mode
Reset