Switch Mode

အခန်း (၆၁)

နာမည်ကြီးကျောင်းတော်

အမှန်တကယ်တော့ ယဲ့ချိုးပိုင် ထျန်းရွှမ်ကိုသုတ်သင်နိုင်ခဲ့သည့်အကြောင်းရင်းများစွာရှိသည်။

ပထမအချက်အနေဖြင့် ထျန်းရွှမ်သည် သူ၏ပြိုင်ဘက်ကို အလွန်အမင်းလျှော့တွက်ခဲ့သည်။

ဒုတိယအချက်အနေနှင့် ထိုသိုင်းကွက်ကိုထုတ်သုံးလာလိမ့်မည်ဟု ဘယ်သူကမှမထင်ထားခဲ့ကြပေ။

တတိယအချက်ကတော့ အစိမ်းရောင်တိမ်တိုက်ဓားတွင်ပါရှိသော ဓားသိုင်းတာအိုသည် ကောင်းကင်ဘုံတာအိုပြိုလဲသွားပြီဖြစ်သည့် ဤကမ္ဘာတွင် မရှိနိုင်သောအရာပင်။

ထို့ကြောင့် ထျန်းရွှမ်ရှုံးနိမ့်ခဲ့ရသည်။

ထို့နောက် သေဆုံးခဲ့ရသည်။

သို့သော်လည်း လူအများ၏အမြင်တွင်မူ ယဲ့ချိုးပိုင်သည် ပင်လယ်ရေလှိုင်းကနဦးအဆင့်တွင်သာရှိနေဆဲဟုပင်။

သူသည် သန်းတစ်ထောင်မှာတစ်ယောက် ထွန်းထွန်းပေါက်ပေါက်ရှိသော ပါရမီရှင်တစ်ဦးဖြစ်နေသည့်တိုင်အောင် သူသည် မရင့်ကျက်သေးသောပါရမီရှင်တစ်ဦးမျှသာဖြစ်သည်။

ဤသို့ဆိုလျှင် ထျန်းရွှမ်ကရော..

သူသည် ချန်းယွမ်အလယ်လတ်အဆင့်ဖြစ်ပြီး နယ်မြေလေးခုအဆင့်သတ်မှတ်ချက်တွင် အဆင့်နှစ်ဆယ့်ကိုးရှိသည်။

သူသည် မြောက်ပိုင်းနယ်မြေနှင့် နယ်မြေကြီးလေးခုထိတိုင် ကျော်ကြားသော ပညာရှင်တစ်ဦးဖြစ်သည်။

ဤကွာဟချက်ဟာ လျှိုမြောင်တစ်ခုလိုပင်။

သူဟာ အမှန်တကယ်ပင် ပင်လယ်ရေလှိုင်းအဆင့်ကျင့်ကြံသူ၏လက်ချက်ကြောင့် သေဆုံးသွားရသည်တဲ့လား။

ထိုသို့ဆိုလျှင် ယဲ့ချိုးပိုင်သာ ချန်းယွမ်အဆင့်ကိုရောက်ပြီးသွားလျှင် ဘာတွေများဖြစ်သွားလောက်မလဲ။

သူ၏ခွန်အားအစစ် ဘယ်လောက်အထိ တိုးလာလေမလဲ။

မည်သူမျှ မမြင်ယောင်ကြည့်ရဲပေ။

ထိုအကြောင်းကို မည်သူမှ မတွေးရဲကြချေ။

ယခုမူ ယဲ့ချိုးပိုင်သည် အစိမ်းရောင်တိမ်တိုက်ဓားကို ဆွဲထုတ်လိုက်ပြီးနောက်တွင် ပြင်းထန်လှသောနောက်ဆက်တွဲတုံ့ပြန်မှုကို ခံစားနေရပြီဖြစ်၏။

စိတ်ဝိညာဉ်ရေးရာချီစွမ်းအင်သည် ပို၍အားနည်းဖျော့တော့လာသည်။

ဤသို့ဖြင့် သူသည် လေထဲမှ ဖြည်းညင်းစွာကျဆင်းလာပေသည်။

ဆဋ္ဌမမင်းသားနှင့် ဖန်ကျင်းယောင်တို့က ဤမြင်ကွင်းကိုမြင်သောအခါ ယခုအခိုက်အတန့်လေးတွင် တိုက်ခိုက်ကြရန် မတွန့်ဆုတ်ခဲ့ကြပေ။

သူက ယဲ့ချိုးပိုင်ကို မိုးကြိုးအလျင်နှုန်းဖြင့် သတ်ဖြတ်ရန်ကြံရွယ်လေတော့သည်။

ပါရမီရှင်တစ်ဦးကို အရွယ်ရောက်မလာခင်မှာပင် ဤသို့နှယ်သတ်ဖြတ်ရပေလိမ့်မည်။

ထိုသို့မဟုတ်ပါက ယဲ့ချိုးပိုင်ကြီးပြင်းလာသည့်အခါ သူတို့ ဒုက္ခရောက်ကြရလိမ့်မည်။

ယဲ့မိသားစု၏ဘိုးဘေးသည် ထိုမြင်ကွင်းကိုမြင်သောအခါ ရပ်တန့်ရန်အစွမ်းမရှိရှာပေ။

သူ့ဘိုးဘေးများ၏စွမ်းအားများကလည်း ပျောက်ကွယ်နေလေပြီ။ ယခုလည်း သူသည် နောက်ဆက်တွဲတုံ့ပြန်မှုကိုခံစားနေရသည့်အခြေအနေကို ရောက်နေသည်။

သူ့မှာ ဖန်ကျင်းယောင်ကိုတားဆီးရန် နည်းလမ်းမရှိချေ။

ထို့ကြောင့် သူ့ခမျာ အင်ပါယာအစောင့်များနှင့်ဖန်ကျင်းယောင်တို့ ယဲ့ချိုးပိုင်ဆီသို့အပြေးအလွှား ပြေးသွားနေစဉ်မှာ ထိုမြင်ကွင်းကို ခိုကိုးရာမဲ့စွာကြည့်နေရုံသာ တတ်နိုင်ခဲ့သည်။

ဤသည်မှာ အဆုံးသတ်လေလား။

ပါရမီရှင်တစ်ဦး ဤသို့သေဆုံးသွားရသည်မှာ နှမြောစရာပင်။

ယဲ့မိသားစုသည်လည်း ထျန်းယွမ်မြို့မှ ဖယ်ရှားခံနိုင်ရဖွယ်ရှိသည်။

ဘိုးဘေးက ထိုသို့တွေးနေချိန်မှာပင် ငွေရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်။

ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်သည် ရုတ်တရက်ပျောက်ကွယ်သွား၏။

လူတိုင်း အံ့ဩသွားကြရသည်။

ဆဋ္ဌမမင်းသားက ပို၍ပင်တုန်လှုပ်သွားသည်။

ယဲ့ချိုးပိုင် ထွက်ပြေးသွားပြီလား..

ဤသို့ဆိုလျှင် အနာဂတ်မှာ သူ့ကိုသတ်ဖို့ ခဲယဉ်းသွားလိမ့်မည်။

သူတို့ထျန်းယွမ်မင်းဆက်၏ခွန်အားနှင့်ဆိုလျှင် လျှို့ဝှက်တာအိုကျောင်းတော်ကိုသွားပြီး သူ့ကိုထုတ်ပေးဖို့ တောင်းဆို၍ရနိုင်မည်တဲ့လား။

ဤသည်မှာ အရူးတစ်ယောက်၏အိပ်မက်တစ်ခုလိုပင်။

သို့သော် ယဲ့ချိုးပိုင်ကမူ ဘယ်အချိန်တွင် ပိုမိုအားကောင်းလာလေမလဲ။

မည်သို့ပင်ဖြစ်စေ သူတို့အတွက်မူ အနှေးနှင့်အမြန်ကပ်ဘေးဆိုက်တော့မည်သာ။

ထိုအကြောင်းကိုတွေးပြီး ဆဋ္ဌမမင်းသား ထိတ်လန့်သွားရှာသည်။

ဖန်ကျင်းယောင်ကလည်း အချိန်မီမတုံ့ပြန်နိုင်ခဲ့ပေ။

သူ့မျက်စိအောက်မှာတင် အသံတစ်ချက်မထွက်ဘဲ ယဲ့ချိုးပိုင်အားကယ်တင်နိုင်သူမှာ မည်သူနည်း။

သိုင်းပညာအဆင့် ထိပ်တန်းဆယ်ယောက်ကသာ ထိုသို့လုပ်နိုင်ခြင်းပင်။

သို့သော် အဆင့်သတ်မှတ်ချက်စာရင်းပေါ်ရှိ ထိပ်တန်းဆယ်ယောက်အနက် ဘယ်သူကများ ယဲ့ချိုးပိုင်နှင့်ကောင်းမွန်သောဆက်ဆံရေးမျိုး ရှိလေသလဲ။

ဖန်ကျင်းယောင် ခဏမျှစဉ်းစားကြည့်လိုက်သည်။

လူတစ်ယောက်သာလျှင် ရှိသည်။

မြောက်ပိုင်းနယ်မြေ၏နံပါတ်တစ်ဓားသမား ယွင်ကျင်းပင်။

ဖန်ကျင်းယောင်သတိမပြုမိဘဲ ယဲ့ချိုးပိုင်ကို သူတစ်ယောက်သာကယ်တင်နိုင်သည်။

“အကြီးအကဲဖန် အခု ဘာလုပ်ကြမလဲ”

ဆဋ္ဌမမင်းသား၏ပုံစံမှာ စိုးရိမ်သောကရောက်နေဟန်ပင်။

ထိုပုံစံကို ဖန်ကျင်းယောင်မြင်သောအခါ သူ့မျက်လုံးထဲတွင် မဖုံးနိုင်မဖိနိုင်သောအထင်သေးမှုများဖြင့်ပြည့်နှက်နေလေသည်။ သူက ဂရုမစိုက်ဟန်ဖြင့်ပြောလိုက်သည်။

“စိတ်မပူပါနဲ့။ နန်းတော်ကိုအရင်ပြန်ကြရအောင်”

ဆဋ္ဌမမင်းသားသည် ဖန်ကျင်းယောင်၏သဘောထားကို အတိုင်သားမြင်နေရသော်လည်း သိုင်းပညာကျွမ်းကျင်သူများရှေ့တွင် သူဘာမှပြောနိုင်ပေ။

သူတို့အုပ်စု နန်းတော်သို့ပြန်သွားကြသည်။

ယဲ့ချိုးပိုင်သာ ဤနေရာမှာရှိနေလျှင် သူ ဤအကြောင်းကို မှတ်မိနေလိမ့်မည်သာ။

အိမ်ရှေ့စံမင်းသားဟွမ်ထျန်းမင်သည် နန်းတော်၌ရှိနေလေသည်။

ဟွမ်ထျန်းမင်က လက်ဖက်ရည်ကို တစ်ငုံမော့သောက်လိုက်သည် ။ သူတို့ မရွှင်မပျပုံစံဖြင့် ပြန်လာသည်ကိုမြင်လိုက်ရသောအခါ သူမေးခွန်းထုတ်လိုက်သည်။

“မင်းတို့ ရှုံးခဲ့တာလား”

သူ့လေသံမှာ အံ့အားသင့်ပုံပင်မပေါ်ချေ။ ဤအခြေအနေကို မျှော်လင့်ထားပုံရသည်။

ဖန်ကျင်းယောင်က ခေါင်းညိတ်ပြပြီး ပြန်ဖြေလေသည်။

“ဟုတ်ပါတယ်။ တိုက်ပွဲမှာ ထျန်းရွှမ်ဆုံးသွားပါပြီ”

အိုး..

ဤသည်မှာ ဟွမ်ထျန်းမင်မထင်မှတ်ထားသောအရာပင်။

သိုင်းပညာအဆင့်သတ်မှတ်ချက်စာရင်းထဲရှိ ပညာရှင်ထျန်းရွှမ်ဟာ တကယ်ပဲ အသတ်ခံခဲ့ရလေသလား။

“ဒါပေမဲ့ ကောင်းပါတယ်”

ဟွမ်ထျန်းမင်သည် လက်ဖက်ရည်ခွက်ကိုချကာ နားလည်ရခက်သောအပြုံးကို ပြုံးလိုက်သည်။ သူက ဖန်ကျင်းယောင်ကိုကြည့်လိုက်ပြီး ပြော၏။

“ငါတို့လူကိုသတ်တဲ့အတွက် ယဲ့ချိုးပိုင်ကို ငါတို့မင်းဆက်က ဒီအတိုင်းလွှတ်ထားပေးသင့်တယ်လို့ထင်လား”

ဖန်ကျင်းယောင်ခမျာ ခဏလောက်အံ့အားသင့်သွားပြီးမှ ခေါင်းညိတ်ပြလိုက်လေသည်။

ဟွမ်ထျန်းမင်ကမူ မတ်တတ်ထရပ်လိုက်ပြီး စကားဆိုလာ၏။

“လျှို့ဝှက်တာအိုကျောင်းတော်က ကမ္ဘာပေါ်မှာ စကားလုံးတစ်လုံးပဲရှိတယ်လို့ ပြောထားတယ်။ ယဲ့ချိုးပိုင်ကိုထုတ်ပေးဖို့ သူတို့ကိုတောင်းဆိုရမှာ ငါ့အတွက်သိပ်မခက်ခဲဘူးမဟုတ်လား”

ဖန်ကျင်းယောင်ခမျာ ကျောရိုးတစ်လျှောက် ဖြတ်သန်းစီးဆင်းသွားသော အေးစက်မှုကို ခံစားလိုက်ရသည်။

ဟွမ်ထျန်းမင်၏ရည်ရွယ်ချက်ကို သူ ခန့်မှန်းမိပြီးသားပင်။

ဟွမ်ထျန်းမင်က သူနှင့် ထျန်းရွှမ်ကို ယဲ့မိသားစုထံသွားပြီး ယဲ့ချိုးပိုင်ကိုစောင့်ဆိုင်းရန်သာ တောင်းဆိုခဲ့သည်။

သို့သော် သူတို့ခေါ်ဆောင်လာသည့်တပ်ဖွဲ့အားလုံးကိုတော့ မလွှတ်လိုက်ပေ။ ရှင်းနေပေသည်။ ယခုလိုဖြစ်လာစေရန်အတွက် အစီအစဉ်ချထားခြင်းပင်။

ယဲ့ချိုးပိုင်သည် လျှို့ဝှက်တာအိုကျောင်းတော်၏ကျောင်းသားတစ်ဦးဖြစ်သည်။

မတိုင်မီက သူသည် မြောက်ပိုင်းဒေသလျှို့ဝှက်တာအိုကျောင်းတော်၏ အထောက်အပံ့ကိုပင် ရရှိထားသည်။

သူ ယဲ့ချိုးပိုင်ကို အကြောင်းပြချက်မရှိဘဲသတ်လိုက်ပါက လျှို့ဝှက်တာအိုကျောင်းတော်နှင့် ပြဿနာဖြစ်ပေလိမ့်မည်။

ဤသည်မှာ ပင်မတာအိုကျောင်းတော်၏အာရုံကို ဆွဲဆောင်သလိုဖြစ်သွားလိမ့်မည်သာ။

၎င်းသည် နေမဝင်အင်ပါယာကို အကြီးအကျယ်ဆုံးရှုံးမှုများစေနိုင်သည်။

ယခုမူ ယဲ့ချိုးပိုင်သည် နေမဝင်အင်ပါယာ၏အစောင့်အကြပ်တစ်ဦးကို သုတ်သင်ထားသောအကြောင်းပြချက်တစ်ခုရှိနေချေသည်။

ထိုကိစ္စအတွက် အကြောင်းပြချက်တစ်ခုရှိခဲ့သည်။

ဟွမ်ထျန်းမင်သည် ထျန်းရွှမ်၏သေဆုံးခြင်းအတွက် ပြဿနာတစ်ခုပြုလုပ်ရန် စီစဉ်ထားခဲ့သည်။

ဟွမ်ထျန်းမင်က လက်ခုပ်တီးလိုက်သည်။

“ကောင်းပြီ။ အားလုံးပဲ သွားကြစို့။ တောင်ပိုင်းလျှို့ဝှက်တာအိုကျောင်းတော်ဆီ သွားကြ”

ထိုသို့ပြောပြီးနောက် စားပွဲထိပ်တွင်ထိုင်နေသော ထျန်းယွမ်ဘုရင်ကို အနည်းငယ်ဦးညွှတ်ကာ ပြောလိုက်၏။

“နှောင့်ယှက်မိလို့ တောင်းပန်ပါတယ်..အရှင်မင်းကြီး”

ထျန်းယွမ်ဘုရင်ကလည်း ဟွမ်ထျန်းမင်ကိုစိုက်ကြည့်ရင်း သက်ပြင်းချလိုက်သည်။

သည်ကောင်လေးက ဉာဏ်များလွန်းတယ်..

ထို့အပြင် သူ့တွင် အရာအားလုံးကို မြက်ပင်ကဲ့သို့ဆက်ဆံတတ်သည့် ခွေးတစ်ကောင်၏စိတ်နှလုံးမျိုးလည်းရှိသည်။

ဤကလေးနှင့်သာဆိုလျှင် နေမဝင်အင်ပါဟာသည် ဘုန်းတန်ခိုး ဆက်လက်ကျော်ကြားထင်ရှားပေလိမ့်မည်။

ထိုအကြောင်းကိုတွေးပြီးနောက် ထျန်းယွမ်ဘုရင်က ပြောလိုက်သည်။

“တော်ဝင်အစောင့်တွေကိုလည်း ခေါ်သွားလိုက်ပါ”

ထိုအချိန်တွင် ထျန်းယွမ်ဘုရင်သည် နေမဝင်အင်ပါယာနှင့် လုံးဝလက်တွဲထားရန် ဆုံးဖြတ်ခဲ့သည်။

ဟွမ်ထျန်းမင်ကလည်း ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ဝမ်းသာသွားသည်။ သူကပြုံးလျက် ကျေးဇူးတင်စကားဆိုလိုက်၏။

“ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး”

တစ်ဖက်တွင်မူ..

ယွင်မင်သည် ယဲ့ချိုးပိုင်ကို စံအိမ်တော်သို့ပြန်ခေါ်လာခဲ့သည်။

အမှန်ပင်။ ယဲ့ချိုးပိုင်ကိုကယ်တင်ခဲ့သူမှာ ယွင်မင်ဖြစ်သည်။

အမှန်တကယ်တော့ သူသည် အမှောင်ထဲ၌ ပုန်းနေခဲ့ခြင်းဖြစ်သည်။

သူ ဘာလို့ဝင်မတိုက်ခိုက်တာလဲ…

သူသည် သေရေးရှင်ရေးအခြေအနေတွင် ယဲ့ချိုးပိုင်၏အလားအလာကို ဆွဲထုတ်ပေးရန်ဖြစ်၏။

ယဲ့ချိုးပိုင်၏ ပေါက်ကွဲထွက်လာသောအလားအလာက ယွင်မင်ကို ထိတ်လန့်စေခဲ့သည်။

ပင်လယ်ရေလှိုင်းအဆင့်ရှိသူသည် ချန်းယွမ်အဆင့်ကျင့်ကြံသူအား သတ်ပစ်ခဲ့သည်။

တိုက်ဆိုင်မှုတစ်ခုဖြစ်သော်ငြားလည်း ၎င်းသည် သူ၏ခွန်အားတစ်စိတ်တစ်ပိုင်းဖြစ်နေဆဲပင်။

လုချန်ရှန်းကလည်း အနားကိုလျှောက်လာသည်။ သူ့မျက်နှာပေါ်ရှိ တည်ငြိမ်လှသောအမူအရာ ကွယ်ပျောက်သွားလေသည်။

သူသည် ဒေါသရိပ်စွက်နေသောအမူအရာဖြင့် အသံနက်ကြီးနှင့်မေးလာသည်။

“သူ ဘာဖြစ်လာတာလဲ”

ထိုအခိုက်အတန့်တွင် ဟုန်ရင်၏အရှိန်အဝါများ ထွက်ပေါ်လာပြီး သူ(မ)သည် ချန်းယွမ်အဆင့်ကို ကျော်ဖြတ်နိုင်သွားလေသည်။

သူ(မ)ကလည်း နိဗ္ဗာန်ဘုံအဆင့်မှ နိုးထလာသည်။

ယဲ့ချိုးပိုင်၏အသွင်အပြင်ကို မြင်လိုက်ရသည့်အခါ သူလည်း သတ်ဖြတ်ရေးစျာန်အဘိညာဉ်များဖြင့်ပြည့်နှက်နေသောမျက်ဝန်းတစ်စုံဖြင့် အနားကိုလျှောက်သွားလိုက်သည်။

“ဘယ်သူလုပ်လိုက်တာလဲ”

သူ့အရှင်မက မေးလာသောအခါ ယွမ်မင်သည် ဖြစ်စဉ်ကိုချက်ချင်းရှင်းပြလိုက်သည်။

လုချန်ရှန်းက တစ်ချက်ကြည့်လိုက်ပြီး ယဲ့ချိုးပိုင်၏အခြေအနေကို နားလည်သွားသည်။

“အစိမ်းရောင်တိမ်တိုက်ဓားကို အတင်းဆွဲထုတ်လို့ နောက်ဆက်တွဲရိုက်ခတ်မှုခံရတာ။ သူ့ရဲ့ဝိညာဉ်ရေးရာချီစွမ်းအင် အားနည်းသွားလို့မူးလဲသွားတာမို့ သူ့အတွက် ကြီးကြီးမားမားပြဿနာမဟုတ်ပါဘူး”

သူသည် သိုလှောင်ရေးလက်စွပ်ထဲက ဆေးပြားနှစ်ပြားကိုထုတ်ပြီး ယဲ့ချိုးပိုင်၏ပါးစပ်ထဲကို ထည့်လိုက်သည်။

ထို့နောက် သူသည် လက်ညှိုးဖြင့်ညွှန်လိုက်လေရာ အဆုံးမဲ့အသက်ဓာတ်စွမ်းအားတစ်ခုသည် ယဲ့ချိုးပိုင်ကို ဖုံးအုပ်ထားလိုက်လေတော့သည်။

သူ့ခန္ဓာကိုယ်ကို ပြုပြင်မွမ်းမံနေခြင်းပင်။

ဟုန်ရင်သည် ဤမြင်ကွင်းကြောင့် ထိတ်လန့်သွားရသည်။

ယွင်မင်ကလည်း တအံ့တသြဆိုလေသည်။

“အသက်ဓာတ်စွမ်းအားလား”

အတိအကျပြောရမည်ဆိုလျှင် ဤသည်မှာ ရှင်သန်ရေးစည်းမျဉ်းများပင်။

မကြာခင်မှာပင် ယဲ့ချိုးပိုင်၏ခန္ဓာကိုယ်က ပြန်လည်ကောင်းမွန်လာလေသည်။ ယခု သူနိုးလာမည့်အချိန်ကို စောင့်နေရုံပင်။

ဟုန်ရင်က သူ(မ)၏လှံတံကိုကိုင်ပြီး အေးစက်စွာပြောလိုက်သည်။

“ငါ ထျန်းယွမ်မင်းဆက်ဆီကို အရင်သွားမယ်”

“ခဏနေဦး။ မသွားနဲ့”

လုချန်ရှန်းက ကောင်းကင်ထက်ကိုမော့ကြည့်ပြီး ပြောလာသည်။

“သူတို့ ဒီကိုရောက်နေပြီ”

အဝေးတစ်နေရာရှိ ကောင်းကင်ထက်တွင် အနက်ရောင်သံချပ်ကာဝတ်တော်ဝင်အစောင့်များ ရောက်လာလေသည်။

တော်ဝင်အစောင့်များ၏နောက်ဘက်တွင် ရေနဂါးများဆွဲလာသော စစ်သင်္ဘောနှစ်စင်းလည်းရှိသည်။

ချင်းထျန်းနျန်နှင့် အခြားအကြီးအကဲတို့ကလည်း လေထုအလယ်၌ ပေါ်လာလေသည်။

“အိမ်ရှေ့စံမင်းသားက ကျုပ်တို့လျှို့ဝှက်တာအိုကျောင်းတော်ကို ဘာကြောင့်ရောက်လာတာလဲဆိုတာ သိချင်မိပါရဲ့”

Comment

Leave a Reply

Options

not work with dark mode
Reset