မရေမတွက်နိုင်သောမိုးကြိုးနဂါးများသည် သူတို့၏လည်ပင်းကိုဆန့်ထုတ်ကာ လုချန်ရှန်းကို လှမ်းကြည့်လိုက်သည်။
ထို့နောက် သူတို့အားလုံးသည် လုချန်ရှန်းပေါ်သို့ ထိုးဆင်းလာလေတော့သည်။
မိုးကြိုးများဟိန်းဟောက်သံမှာ ကမ္ဘာမြေကြီးကိုဖျက်စီးမည့် ကပ်ဘေးတစ်ခုအလားပင်။
လုချန်ရှန်းသည် မရေမတွက်နိုင်သော ထိုမိုးကြိုးနဂါးများကိုမျက်နှာမူလျက် ထိုးဆင်းလိုက်ပေသည်။
မိုးကြိုးလျှပ်စီးသည် ဆက်တိုက်ရိုက်ခတ်နေသော်လည်း ကံမကောင်းချင်လေတော့ ၎င်းသည် လုချန်ရှန်း၏ ဝိညာဉ်ရေးရာစွမ်းအင်အကာအကွယ်ကို မထိုးဖောက်နိုင်ခဲ့ချေ။
လုချန်ရှန်း၏ငါးကီလိုမီတာပတ်လည်အတွင်း မည်သည့်မိုးကြိုးလျှပ်စီးမျှ မဝင်ရောက်နိုင်ပေ။
ထိုအချိန်တွင် မိုးကြိုးနဂါးသည် လုချန်ရှန်း၏ဝိညာဉ်ရေးရာစွမ်းအင်အကာအကွယ်ဇုန်ထဲသို့ ရောက်ရှိနေပြီဖြစ်၏။
အုန်း..
မိုးကြိုးနဂါးများသည် ထိုအတားအဆီးကို အရူးအမူးတိုက်ခိုက်လေသည် ။
ထိုအတားအဆီးပေါ်တွင် လှိုင်းလုံးတစ်လုံးပေါ်လာသော်လည်း ထိုထက်ပို၍ နောက်ထပ်မထိုးဖောက်နိုင်တော့ပေ။
တစ်မီလီမီတာမျှပင် မထိုးဖောက်နိုင်။
လုချန်ရှန်းက သူ့လက်ညှိုးကိုညွှန်လိုက်လေရာ ထိုလက်ချောင်းဆီမှအင်အားတစ်ရပ်သည် မိုးကြိုးနဂါးကို ထိုးခွင်းသွားလေသည်။
မိုးကြိုးနဂါးသည် အလင်းအမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည် ။
ကောင်းကင်ထက်က မျက်နှာကြီးကို အာရုံစူးစိုက်ကာကြည့်လိုက်ပြီး စကားဆို၏။
“တာအိုကျင့်ကြံသူငတိ.. မင်း ဒီစကြာဝဠာထဲမှာ ပိတ်မိနေတာပဲဖြစ်ရမယ် ဟုတ်တယ်မလား။ မင်းသာ ငါတို့ကိုမနှောင့်ယှက်ဘူးဆိုရင် ငါတို့တွေက မင်းကို ဒီစကြဝဠာထဲကနေ ထွက်သွားလို့ရအောင် ကူညီပေးမယ်”
လုချန်ရှန်းကလည်း ပြန်ပြော၏။
“ကျုပ်က ဘာလို့ထွက်သွားရမှာလဲ”
လျှို့ဝှက်တာအိုကျောင်းတော်တွင် သူ အေးအေးလူလူနေနေရသည်။ သူ့အတွက် ဟင်းချက်ပေးနေသူတစ်ယောက်လည်းရှိပြီး ထိုနေရာမှာ အကြံသမားများလည်း မရှိသလို ဖိအားလည်းလုံးဝမရှိပေ။
သို့ဖြစ်ရာ သူက ဤနေရာက ဘာလို့ထွက်ခွာပြီး အခြားနေရာကို ဒုက္ခသွားခံနေရမှာတဲ့လဲ။
သူက အရူးမို့လို့လား။
ထိုမျက်နှာကြီးသည် လုချန်ရှန်းထံမှ ထိုသို့သောအဖြေကိုရလိမ့်မည်ဟု ထင်မထားပေ။
“တာအိုကျင့်ကြံသူငတိ… မင်း ငါ့အကြံပေးတာကို လက်မခံရင် နောက်ပိုင်း ငါတို့ဆင်းသက်လာတဲ့အခါ မင်း ခံနိုင်ရည်မရှိမှာကိုပဲ စိုးရိမ်မိတယ်”
အိုး…
လုချန်ရှန်းသည် အနည်းငယ်မျှစိတ်မလှုပ်ရှားဘဲ မနေနိုင်ချေ။ သူတို့ကိုအနိုင်ယူနိုင်ပါ့မလား။
သို့သော် သူ၏အေးဆေးသာယာလှသောဘဝကို မပျက်စီးသွားစေရန်အတွက် လုချန်ရှန်းသည် စိတ်အေးလက်အေးဖြစ်ဟန်ဆောင်ကာ ပြောလိုက်သည်။
“ဒါဆိုလည်း နောက်တစ်ခေါက်ကျရက် လူတွေအများကြီးထပ်ခေါ်ခဲ့ဖို့ မမေ့နဲ့”
ဟမ်..ဒီစကားက တစ်ဖက်လူကို ကြောက်အောင်လုပ်လိုက်နိုင်တယ်မလား။
ထိုမျက်နှာကြီးက လုချန်ရှန်းကို စူးစူးစိုက်စိုက်ကြည့်နေပုံမှာ သူ့စိတ်ထဲမှာ သူ့ကပုံစံကိုထွင်းထုမှတ်သားထားချင်သည့်အလားပင်။
“မင်းရဲ့စကားတွေကို ငါမှတ်ထားလိုက်မယ်။ နောက်တစ်ခါ ဒီကို ခြေချတဲ့အခါ မင်းစိတ်ကျေနပ်သွားအောင် ပညာရှင်တွေကို ငါသေချာပေါက် ခေါ်လာခဲ့မယ်”
ဤသိုါဖြင့် ထိုမျက်နှာကြီးသည် ဤကမ္ဘာထက်မှ ချက်ချင်းပျောက်ကွယ်သွားလေတော့သည်။
အတားအဆီးကြီးလည်း ပျောက်ပျက်သွားသည်။
လုချန်ရှန်းသည် ကြောင်တောင်တောင်လေးဖြင့် ကျန်ရစ်နေခဲ့ရှာသည်။
ငါလုပ်လိုက်တာ လွန်များလွန်သွားလား။ မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ တစ်ဖက်လူက လူအုပ်လိုက်ကြီးကိုတကယ်ခေါ်လာလို့ ငါ သူတို့ကို အနိုင်မယူနိုင်ရင် ဘယ်လိုလုပ်မလဲ။
ငါ အဲဒါအတွက်ပြင်ဆင်ထားရမယ်..
ထို့နောက် လုချန်ရှန်း ပျောက်ကွယ်သွားလေသည်။
သူသည် အချိန်တိုအတွင်း စံအိမ်တော်ဆီသို့ ပြန်ရောက်လာခဲ့သည်။
သူက ချောက်ကမ်းပါးပေါ် ဟိုဘက်လျှောက်လိုက်၊ သည်ဘက်လျှောက်လိုက်လုပ်ကာ တတွတ်တွတ်ရေရွတ်နေပေသည်။
“ငါ့မှာ အစီအရင်တစ်ခုလည်းရှိတယ်။ ငါ့ရဲ့ကျင့်ကြံမှုအဆင့်ကိုတော့ အချိန်တိုအတွင်းမှာ ထပ်မြှင့်လို့မရဘူး။ တခြား ဘာတွေပြင်ဆင်ထားရမလဲ”
နံဘေးရိမိုးမခပင်ကြီးက ထိုစကားကိုကြားသောအခါ သိချင်စိတ်ဖြင့် မမေးဘဲမနေနိုင်ပေ။
“ဘာဖြစ်တာလဲ”
လုချန်ရှန်းကလည် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။
ထိုအကြောင်းကိုကြားပြီးသွားသောအခါ မိုးမခပင်ကြီးက ကူကယ်ရာမဲ့သွားရှာသည်။
“မင်း တအားသတိထားလွန်းနေတာမဟုတ်ဘူးလား”
လုချန်ရှန်းက ခေါင်းခါယမ်းလိုက်၏။
“ဘယ်လိုလဲလုပ်သတိမထားဘဲနေနိုင်မှာလဲ။ ငါ့ရဲ့ကျင့်ကြံမှုအဆင့်နဲ့မလုံလောက်လို့ သူတို့တွေကိုနိုင်အောင်မတိုက်နိုင်ရင် ဘယ်လိုလုပ်မလဲ။ ငါ့ကျင့်ကြံမှုအဆင့်ဘယ်လောက်ရှိတယ်ဆိုတာတောင် ငါသိတာမဟုတ်ဘူး”
လွန်ခဲ့သည့်ဆယ်စုနှစ်အနည်းငယ်အတွင်း သူသည် နေ့စဉ်စာရင်းသွင်းဝင်ရောက်ခဲ့သည်။ ကျင့်ကြံရေးဆုလာဘ်များကိုလည်း နှစ်အလိုက်တွက်ချက်ထားသည်။
သူ ဘယ်အဆင့်ကိုရောက်နေပြီလဲဆိုသည်ကို မည်သူသိနိုင်မှာတဲ့လဲ။
မိုးမခပင်ကြီးခမျာ အနည်းငယ်ဆွံ့အသွားချေသည်။
ဤစကြဝဠာရှိမည်သူမဆို လုချန်ရှန်းကို ခြိမ်းခြောက်နိုင်မည်မဟုတ်ပေ။ သူပိုယ်တိုင်ပင်လျှင် သူ့အဆင့်ကို လုံး၀မမြင်နိုင်ပေ။
ထို့အပြင် ငရဲကိုးဘုံအစီအရင်သည် ထိပ်တန်းရှေးဟောင်းသတ်ဖြတ်ရေးအစီအရင်ဆယ်ခုထဲမှ တစ်ခုဖြစ်သည်။
ထို့အပြင် ၎င်းသည် ဤအဆင့်နိမ့်စကြဝဠာမှ ရှေးခေတ်မျိုးမဟုတ်ပေ။ အဆင့်မြင့်ဖြစ်တည်မှုမျိုးဖြစ်၏။
လုချန်ရှန်း စိတ်ပူပန်နေသေးသည်ကို မြင်လိုက်ရသောမိုးမခပင်ကြီးမှာ ဘာမှထပ်မပြောချင်တော့ပေ။
ထိုမြင်ကွင်းကိုမြင်လိုက်ရသောငှက်ကလေးကလည်း ဆွံ့အသွားချေသည်။
…
ယဲ့ချိုးပိုင်နှင့်ဟုန်ရင်တို့ စံအိမ်တော်ကိုပြန်ရောက်လာသောအခါ လုချန်ရှန်းကို နှုတ်ဆက်မည်အပြု သူတို့၏ဆရာသည် ချောက်ကမ်းပါးနားတွင်ရပ်လျက် တစ်ကိုယ်တည်းရေရွတ်နေသည်ကို တွေ့လိုက်ရသည်။
“ငါ ထွက်ပြေးရမလား”
“မဟုတ်သေးဘူး။ အဲ့လိုသာဆိုရင် တခြားတစ်နေရာကို ပြောင်းရလိမ့်မယ်။ တခြားနေရာတွေက ဒီနေရာလောက် အဆင်မပြေမှာစိုးတယ်။”
“အိုး… ဆရာ ဘာဖြစ်တာလဲ”
ယဲ့ချိုးပိုင်သည် ခေါင်းတကုတ်ကုတ်လုပ်လိုက်မိသည်။
“ငါတို့ဆရာကို ဘာကများ ဒုက္ခရောက်အောင်လုပ်နေတာလဲ”
ဟုန်ရင်ကလည်း လုချန်ရှန်းကို စူးစူးစိုက်စိုက်ကြည့်လိုက်လေသည်။
အန္တိမအစွမ်းသတ္တိရှိသည့် လုချန်ရှန်းကို ဘယ်အရာက အကျပ်ရိုက်စေသလဲဆိုသည်ကို သူ(မ)သိချင်မိသည်။
လုချန်ရှန်းက သူတို့နှစ်ယောက်ကိုမြင်သောအခါ ဝမ်းသာသွားလေသည်။ သူက သူတို့ကို တွန်းထုတ်လျက် ဆူပူလေတော့သည်။
“မင်းတို့ဘာလုပ်နေတာလဲ။ မင်းတို့နှစ်ယောက်..အခုချက်ချင်းသွားကျင့်ကြံချေ”
တစ်ယောက်က အနှစ်သာရဓားသိုင်းကိုယ်ထည်ကို ပိုင်ဆိုင်ထားပြီး နောက်တစ်ယောက်ကတော့ ပြန်လည်ဝင်စားရေးအထွတ်အမြတ်ကိုယ်ထည်ကို ပိုင်ဆိုင်ထားသည်။
ထို့အပြင် သူတို့နှစ်ဦးစလုံးသည် ဧကရာဇ်ဖြစ်ရန် အရည်အချင်းရှိကြသည်။
သူ့ကိုယ်ပိုင်ကျင့်ကြံမှုကို နားမလည်သော်လည်း သူ့တပည့်နှစ်ယောက်ကို ဧကရာဇ်ဘအဆင့်သို့ရောက်အောင် လုပ်ဆောင်ခိုင်းထားလျှင် ပိုကောင်းမည်မဟုတ်လား။
ထိုအချိန်ကျလျှင် သူသည် နောက်တစ်ကြိမ်အေးဆေးလွတ်လပ်စွာနေနိုင်တော့မည်ဖြစ်၏။
ထိုအကြောင်းကိုတွေးမိလေတော့ လုချန်ရှန်းက ပြောလိုက်သည်။
“မင်းတို့ ဧကရာဇ်အဆင့်ကို မရောက်မချင်း ထွက်မလာခဲ့နဲ့”
ယဲ့ချိုးပိုင် : “…”
ဟုန်ရင်လည်း ကိုယ့်နဖူးကိုယ်ကိုင်ကာ ကူကယ်ရာမဲ့သွားရလေသည်။
သူတို့ဆရာသည် သူ့ခွန်အားအကြောင်း ဘာမှသိထားပုံမရပေ။
ကောင်းကင်ဘုံကိုပင်အံတုနိုင်သော ထိုနည်းဗျူဟာများကို သူ(မ)ရှင်သန်ခဲ့သော ကိုးဘဝတစ်လျှောက်လုံး မမြင်ဖူးခဲ့ပေ။
စံအိမ်တော်အထက်တွင် ခင်းကျင်းထားသော အစီအရင်ကိုဆိုလျှင် သူ(မ)အထွတ်အထိပ်အဆင့်ကိုရောက်ခဲ့လျှင်ပင် အံတုနိုင်မည်မဟုတ်။
ထို့နောက်မှာတော့ ဟုန်ရင်သည် ကောက်ရိုးအိမ်လေးဆီသို့ပြန်လာခဲ့လိုက်ပြီး ယဲ့ချိုးပိုင်အား လက်ရည်စမ်းကြရန်ပြော၏။
ဟုန်ရင့်အနေနှင့် သူမ၏အဆင့်ကို တည်ငြိမ်အောင်ထိန်းထားရန်အတွက် ကိုးဘဝပြန်လည်ဝင်စားရေးစက်ဝန်းကို ဆက်လက်ကျင့်ကြံခဲ့သည်။
လုချန်ရှန်း ခဏမျှစဉ်းစားကြည့်လိုက်သည်။ သူ့တပည့်တွေကို တစ်ချိန်လုံး အားကိုးနေလို့မရပေ။
သူကိုယ်တိုင်လည်း ကျင့်ကြံအားထုတ်ရပေမည်။
သို့သော် သူ ဘယ်လိုကျင့်ကြံရမလဲ။
သူ တစ်ခါမှမကျင့်ကြံဖူးသည့်အတွင် သူ့မှာ ကျင့်ကြံရေးနည်းဗျူဟာတစ်ခုမှမရှိပေ။
မေ့လိုက်ပါတော့.. သူ နေ့တိုင်းစာရင်းသွင်းဝင်ရောက်ပြီးတော့ပဲ ကျင့်ကြံမှုအဆင့်ကိုမြှင့်ပါတော့မယ်လေ။ အခုတော့အိပ်နေတာပဲကောင်းတယ်…
စိတ်တန်ခိုးရှင်အဆင့်သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲပြီးသွားသည်မှာ နှစ်ရက်ကြာလေပြီ။
ယခုအချိန်တွင် ကျန်းကျွင်းသည် နေမဝင်အင်ပါယာသို့ ပြန်ရောက်နေပြီဖြစ်သည်။
“အိမ်ရှေ့မင်းသား.. မစ်ရှင်မအောင်မြင်ခဲ့ပါဘူး…”
Jiang Jun သည် ကျင်ခပ်ဝတ်စုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးရှေ့တွင် ဒူးတစ်ဖက်ထောက်ထိုင်ချပြီး မျက်နှာမသာမယာဖြင့်ပြောလိုက်သည်။
“ယဲ့ချိုးပိုင်ရဲ့ခွန်အားကို ကျွန်တော်တို့ လျှော့တွက်မိသွားတယ်။ အရိပ်လုပ်ကြံရေးသမားတွေနဲ့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ကိုယ်ရံတော်လေးယောက် အကုန်လုံးအသတ်ခံခဲ့ရပါတယ်”
ထျန်းမင်သည် လှောင်အိမ်ထဲတွင် စာဝါငှက်ကို စနောက်နေသည်။ ထိုစကားကိုကြားသောအခါတွင် သူ၏အမူအရာမှာ ပြောင်းလဲခြင်းမရှိပေ။
“ဟုတ်ပြီ။ ငါ နားလည်ပြီ။ အရိပ်လုပ်ကြံရေးသမားအဖွဲ့အစည်းကို သူတို့လုပ်ကြံရေးသမားတွေကျဆုံးသွားတဲ့အကြောင် ပြောပြလိုက်”
Shadow Kill အဖွဲ့အစည်းသည် မစ်ရှင်ကိုလက်ခံပြီးသည်နှင့် မစ်ရှင်မအောင်မြင်မချင်း ရပ်တန့်မည်မဟုတ်ချေ။
ဤတစ်ခေါက် လုပ်ကြံရေးသမားသုံးယောက် သေဆုံးသွားသည်။ နောက်တစ်ခေါက်တွင် သူတို့သည် မစ်ရှင်ကိုအပြီးသတ်ရန်အတွက် ပိုမိုအားကောင်းသောလုပ်ကြံရေးသမားများကိုစေလွှတ်မှာ သေချာပသည်။
ဟွမ်းထျန်းမင်က ပြုံးလျက်ပြောလိုက်သည်။
“သူက သာမန်တောင်ပိုင်းသားတစ်ယောက်ပါပဲ။ ငါတို့ကိုယ်တိုင်လိုက်ဖြေရှင်းဖို့ အများကြီးအားထုတ်နေစရာ မလိုပါဘူး။ အရိပ်လုပ်ကြံရေးသမားတွေပဲ လုပ်စမ်းပါစေ”
ကျန်းကျွင်း ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့ နားလည်ပါပြီ”
“အိုး ဟုတ်သားပဲ”
ဟွမ်းထျန်းမင်၏လေသံမှာ ရုတ်တရက်အေးစက်သွားသည်။
“မင်း တာဝန်မကျေခဲ့တဲ့အတွက် အပြစ်ဒဏ်ကိုခံယူဖို့ အကျဉ်းထောင်တောအုပ်ကိုသွားလိုက်”
အကျဉ်းထောင်တောအုပ်သည် နေမဝင်အင်ပါယာမှလူအားလုံး ကြောက်လန့်ကြသော နေရာတစ်ခုဖြစ်သည်။
၎င်းသည် အပြစ်သားများကို အပြစ်ပေးရန်အတွက် အသုံးပြုသည့်နေရာဖြစ်ပြီး သူတို့သုံးသည့်နည်းလမ်းများက အလွန်ရက်စက်ကြမ်းကြုတ်လှသည်။
ရေအလျဉ်ပြည့်လျှံရေးအဆင့်အထွတ်အထိပ်တွင်ရှိသည့် ကျန်ကျွင်းမှာ ထိုစကားကိုကြားသည့်အခါ တုန်လှုပ်သွားချေသည်။
သို့သော် သူသည် မနာခံဘဲမနေဝံ့ပေ။
ဟွမ်းထျန်းမင်၏နည်းလမ်းများက အကျဉ်းထောင်တောအုပ်ထက်ပင် ပို၍ကြောက်စရာကောင်းလှသည်…။
ကျန်းကျွင်း ထွက်သွားလေသည်။
ဟွမ်းထျန်းမင်က ခေါင်းမလှည့်ဘဲ စကားဆိုလိုက်၏။
“ခိုးနားထောင်နေစရာ မလိုပါဘူး။ ယဲ့ချိုးပိုင်မသေသေးဘူးတဲ့”
အမျိုးသမီးတစ်ယောက်က အနောက်နားမှထွက်လာပြီး ဘာမှမပြောဘဲ နှုတ်ခမ်းကိုသာ အသာကိုက်ထားလေသည်။
ဟွမ်းထျန်းမင်သည် ငှက်လှောင်အိမ်ကို ကျောက်စားပွဲပေါ်တွင် တင်လိုက်ပြီး အပြုံးတစ်ပွင့်ဆင်မြန်းထားရင်း ကျန်းချန်ကိုလှည့်ကြည့်လိုက်သည်။
“သူ အခုမသေသေးပေမဲ့ အနှေးနဲ့အမြန်သေရတော့မှာပါ။ ဒါကြောင့် ဘာမှလုပ်ဖို့မကြိုးစားပါနဲ့။ မဟုတ်လို့ကတော့…”
“မင်းက ငါ့ရဲ့ဇနီးလောင်း နေမဝင်အင်ပါယာရဲ့ဧကရီအလောင်းအလျာဖြစ်နေရင်တောင်မှ ငါ သက်ညှာပေးမှာမဟုတ်ဘူး”