Switch Mode

အခန်း (၂၇)

အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စု

သွေးမြူခိုးများ ကောင်းကင်ဘုံထက် ပြည့်နှက်နေချေသည်။

မြေပြင်ကြီးက ပိန်းပိတ်အောင်မည်းနက်နေ၏။

ကောင်းကင်ကိုထိုးခွင်းလုမတတ်သော လှောင်အိမ်ထဲတွင် ဝတ်ရုံဖြူဝတ်ထားသော လူတစ်ယောက်မှာ အနည်းငယ်မှင်တက်နေပေသည်။

ယဲ့ချိုးပိုင်ပြောစကားအရဆိုလျှင် သူ့ဆရာသည် ရှေးခေတ်မှပုဂ္ဂိုလ် မဖြစ်နိုင်ပေ။ တစ်ချိန်တည်းမှာပင် သူသည် အလွန်ပျင်းလှသော လူတစ်ယောက် ဖြစ်နေသည်၊

ထိုလူက တွေးလိုက်၏။

ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသိုင်း၏ သိုင်းကွက်ငါးကွက်ကို အဖြေရှာနိုင်ပြီး အားနည်းချက်အားလုံးကို ပြင်ဆင်နိုင်သော တစ်စုံတစ်ယောက် …။

ထိုသူသည် အမတများ၊ အထက်ဘုံမိစ္ဆာများနှင့် အောက်ဘုံမိစ္ဆာများကိုသုတ်သင်နိုင်သည့် ဓားသိုင်းပညာရှိတစ်ဦးများ ဖြစ်လေမလား။

ထိုကဲ့သို့သောလူတစ်ဦးက အလွန်ပျင်းရိလှသည်ဆိုတာ ဘာအဓိပ္ပာယ်များလဲ။

သူသည် အရိယာအဆင့်ကို ရောက်ပြီးသွားခြင်းမျိုးဖြစ်နိုင်လေသည်။ သို့ဖြစ်ရာ နှစ်ပေါင်းထောင်ချီ ဘာမှမစားဘဲနေလျှင်ပင် ဆာလောင်မှုကိုမခံစားရချေ။

ဝတ်ရုံဖြူနှင့်လူမှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်မိသည်။

“မင်းက ဒီလိုဆိုမှတော့ ငါမင်းကို ဘာအမွေပေးရမလဲဆိုတာ မသိတော့ဘူး”

သူ့တစ်ဘ၀လုံး အမြတ်တနိုးထိန်းသိမ်းခဲ့သော ဓားသိုင်းတာအိုများသည် ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားသွားထဲတွင်သာ မြှုပ်နှံထားခြင်းပင်။

ယခုမူ ထိုအရာအားလုံးကို တခြားလူတစ်ယောက်က ပြုပြင်သွားချေပြီ။

ထို့ပြင် ၎င်းမှာ ပို၍ပင် ပြီးပြည့်စုံနေသေးသည်။

သူ တခြားဘာများလက်ဆင့်ကမ်းနိုင်မှာတဲ့လဲ။

“စကားမစပ်”

ဝတ်ရုံဖြူနှင့်လူသည် တစ်စုံတစ်ရာကို တွေးမိသွားပုံပေါ်ပြီး အနက်ရောင်ဓားကို ကောက်ကိုင်လိုက်သည်။

“မင်းက ကောင်းကင်ဘုံမိစ္ဆာဓားသိုင်းကို မလိုတော့ဘူးဆိုမှတော့ ဒီဓားကိုပေးလိုက်မယ်”

ယဲ့ချိုးပိုင်သည် ထိုလူ၏လက်ထဲရှိ ကတ္တရာရောင်ဓားသွားကိုကြည့်လိုက်သည်။

ဓားသွားသည် အဖျားချွန်မဟုတ်သော်လည်း ကိုယ်ပျောက်မှော်နက်မိစ္ဆာ အရှိန်အဝါတစ်ခု ကိန်းဝပ်နေလေသည်။

အဖျားချွန်မရှိခြင်းမှာ အဖျားချွန်ဓားသွားထက် ပိုကောင်းသည်။

ဤသည်မှာ မိစ္ဆာသဘာဝများပြည့်နှက်နေသော ဓားသွားပင်။

အကယ်၍ သာမန်ဓားသိုင်းကျင့်ကြံသူတစ်ယောက်သာ ထိုဓားကိုသုံးပါက ထိုမိစ္ဆာသဘာ၀၏လွှမ်းမိုးခြင်းကို ခံလိုက်ရမည်ဖြစ်၏။

အဖြူရောင်ဝတ်ရုံဝတ်ထားသောလူသည် ထိုဓားကို သူ၏ချစ်သည်းညှာလေးကိုကြည့်နေသလို ချစ်ရည်ရွှန်းသောအကြည့်မျိုးဖြင့် ကြည့်နေလေသည်။ သူသည် ထိုဓားကို ညင်သာစွာပွတ်သပ်လျက် ပြော၏။

“ဒီဓားကို မှော်နက်မိစ္ဆာလို့ခေါ်တယ်။ ဒီရတနာက နိဗ္ဗာန်ဘုံအထွတ်အထိပ်အဆင့်မှာရှိသင့်တာ။ ကံဆိုးချင်တော့ မှော်နက်မိစ္ဆာက ဓားဝိညာဉ်မရှိဘူးလေ။ ဓားဝိညာဉ်သာရှိမယ်ဆိုရင် ဒါကို ဝိညာဉ်ရေးရာလက်နက်အဖြစ် အသွင်ပြောင်းလို့ရတယ်”

ရတနာများသည် နာမည်နှင့်လိုက်ဖက်လောက်အောင် အလွန်တရာအဖိုးတန်လှသည်။

သို့သော် ၎င်းမှာ ဝိညာဉ်မရှိချေ။

လက်နက်တစ်ခုမှာသာ ဝိညာဉ်ရှိပါက ဝိညာဉ်ပစ္စည်းအမျိုးမျိုးကို ဖန်တီးနိုင်မည်သာ။

ထို့နောက် ၎င်းသည် ဝိညာဉ်ရေးရာလက်နက်တစ်ခု ဖြစ်လာပေလိမ့်မည်။

“မင်းဆရာမှာ ဒီလိုဓားမျိုးတော့မရှိဘူးမလား”

ဝတ်ရုံဖြူနှင့်လူမှာ ဂုဏ်ယူဝင့်ကြွားနေဟန်ပင်။

ဤသည်မှာ သူ့ခန္ဓာနှင့် နှစ်ပေါင်းထောင်ချီပြုစုပျိုးထောင်ထားသော ဓားတစ်လက်ဖြစ်သည်။

၎င်းသည် ရတနာအဆင့်အထွတ်အထိပ်သို့ ရောက်ပြီးချေပြီ။

ယဲ့ချိုးပိုင်သည် ထိုမှော်နက်မိစ္ဆာဓားရှည်ကို ယူလိုက်သည်။ ၎င်းမှာ စင်စစ်ဓားကောင်းတစ်လက်ဖြစ်ပေသည်။

အရေးအကြီးဆုံးအချက်မှာ ဤမှော်နက်မိစ္ဆာဓားရှည်သည် ယခုချက်ချင်း သူ ထိန်းချုပ်နိုင်ပြီး ကောင်းကင်ဘုံမိစ္ဆာကိုးသွယ်ဓားရှည်နှင့် လိုက်ဖက်ညီလှသည်။

သို့သော် ဤဓားသည် အစိမ်းရောင်တိမ်တိုက်ဓားသွားနှင့်ယှဉ်လျှင် တန်ခိုးအရာ၌ အများကြီးနောက်ကောက်ကျကျန်ရစ်လေသည်။

ယဲ့ချိုးပိုင်၏အမူအရာကိုမြင်သောအခါ ဝတ်ရုံဖြူဝတ်ဆင်ထားသော လူခမျာ ကူကယ်ရာမဲ့သွားရလေသည်။ သူ ဂရုတစိုက်မေးမြန်းလိုက်၏။

“မင်းရဲ့ဆရာက ဒီမှော်နက်မိစ္ဆာဓားရှည်ထက် ပိုကောင်းတဲ့ဓားမျိုးပေးထားတာလား”

တိုစကားကိုကြားသော် ယဲ့ချိုးပိုင်သည် ခဏမျှတွေဝေနေပြီးမှ အစိမ်းရောင်တိမ်တိုက်ဓားရှည်ကို ထုတ်ယူလိုက်သည်။

ဝတ်ရုံဖြူနှင့်လူ : “…”

ထိုဓားသည် ဒဏ္ဌာရီလာဝိညာဉ်ရေးရာလက်နက်များထက်ပင် ပိုကြောက်ဖို့ကောင်းနေကြောင်း သူ ခံစားမိသည်။

သူကိုယ်တိုင်ပင်လျှင် ထိုဓားတွင်ကိန်းဝပ်နေသောအရှိန်အဝါကို မြင်နိုင်စွမ်းမရှိချေ။

ဝတ်ရုံဖြူနှင့်လူမှာ အသက်ပြင်းပြင်းရှူရှိုက်ပြီး ပြောလိုက်ရသည်။

“ကောင်းပြီ။ ဒီဓားကိုယူပြီး ထွက်သွားလိုက်တော့”

ဘယ်လိုလူမျိုးကများ သူ့ဓားသိုင်းကိုပြုပြင်ပြီး ဤမျှအဆင့်ရှိသော ဓားမျိုးကို ဖန်တီးနိုင်ပါလိမ့်။

သူ့ခွန်အားက သူ့ထက် များစွာသာလွန်နေပုံပင်။

ယဲ့ချိုးပိုင်သည် ဝတ်ရုံဖြူဝတ်ဆင်ထားသောအမျိုးသားကို တရိုတသေဦးညွှတ်ကာ ဓားကိုကိုင်လျက် လှည့်ထွက်လာခဲ့သည်။

ဝတ်ရုံဖြူနှင့်လူကြီးက ယဲ့ချိုးပိုင်၏ကျောပြင်ကိုကြည့်၍ နောင်တ တကြီး ပြောလေ၏။

“သနားစရာဖို့ကောင်းချက်။ ကောင်းကင်ဘုံတာအိုပျက်စီးသွားတဲ့ခေတ်မှ ငါ မွေးဖွားလာတာပဲ”

သူ့စကားအဆုံးတွင် သူ့ဘေးပတ်ပတ်လည်ရှိ အနက်ရောင်မြူခိုးများ က ပျောက်ကွယ်သွားလေတော့သည်။

၎င်းသည် အရိုးစုကြီးအဖြစ်သို့ ပြန်ပြောင်းသွားပြီး လှောင်အိမ်အလယ်တွင် တစ်ဖန်သေဆုံးသွားပြန်၏။

တစ်ဖက်တွင်မူ ဟုန်ရင်သည် သွေးအကျဉ်းထောင်ထဲသို့ ရောက်သွားလေပြီ။

မြေပြင်သည် ပုံမှန်ပြန်ဖြစ်သွားသော်လည်း ပတ်ပတ်လည်တွင် လှောင်အိမ်များစွာပေါ်လာလေသည်။

လှောင်အိမ်ကြီးများသည် ကောင်းကင်ထိတိုင်ဆန်တက်နေပြီး ရွှေရောင်ချိန်းကြိုးများဖြင့် ရစ်ပတ်ခံထားရသည်။

လှောင်အိမ်ထဲရှိအရှိန်အဝါများသည် အလွန်အမင်းကြောက်မက်ဖွယ်ရာပင်။

ထိုနေရာအနီးတစ်ဝိုက်တွင် ဖိအားများပြည့်နှက်နေပုံမှာ အကောင်အထည်ရှိသည့်အရာတစ်ခုအလားပင်။

သန်မာသူတစ်ယောက်သာမဟုတ်ပါက အပိုင်းပိုင်းအစစကြေမွသွားမည်ဖြစ်၏။

ဟုန်ရင်သည် ဤနေရာတွင်ရှိနေသောဖိအားကို လျစ်လျူရှုထားလိုက်ပြီး နေရာတစ်ခုကိုမရောက်ခင်အထိ ရှေ့ကိုဆက်သွားလိုက်သည်။

ဤနေရာရှိလှောင်အိမ်မှာ ယခင်လှောင်အိမ်များနှင့်မတူပေ။

လှောင်အိမ်၏အရောင်မှာ အနက်ရောင်မဟုတ်ဘဲ ရွှေရောင်ဖြစ်နေချေသည်။

ချိန်းကြိုးများကလည်း သာမန်ကာလျှံကာရစ်ပတ်ထားခြင်းမျိုး မဟုတ်ပါဘဲ အတွင်းပတ်ပတ်လည်ကို လှည့်ပတ်နေလေသည်။

ချိန်းကြိုးများသည် အဆောင်ယတြာများဖြင့် ဖုံးအုပ်နေချေသည်။

“ချုပ်နှောင်ခြင်း”ဟူသောစာလုံးကို အဆောင်စာရွက်ပေါ်တွင် ရေးထိုးထားသည်။

ဤသည်မှာ ဝိညာဉ်ချည်နှောင်ရေးချိန်းကြိုးများပင်။

ထိုအရာသည် ဝိညာဉ်များကို ချုပ်နှောင်ရာတွင် အသုံးပြုသည့်အန္တိမရတနာတစ်ပါးဖြစ်သည်။

ချုပ်နှောင်ခံထားရသောလူ၏ခန္ဓာကိုယ်က ဖျက်ဆီးခံလိုက်ရလျှင်ပင် သူ့ဝိညာဉ်က ထာ၀ရချုပ်နှောင်ခံရမည်ဖြစ်၏။

ဟုန်ရင်မှာ ဒေါသဖြစ်နေပုံပေါ်၏။

“မင်းကိုချုပ်နှောင်ထားဖို့ သူတို့က ဒီနည်းလမ်းကိုတောင် သုံးရဲတယ်ပေါ့လေ”

ဝိညာဉ်ချည်နှောင်ရေးချိန်းကြိုးသည် ဟုန်ရင်၏အရှိန်အဝါကို ခံစားမိသည့်အလား အနည်းငယ်လှုပ်ရှားသွားလေသည်။ အတွင်းမှ ပုံရိပ်ယောင်အသံတစ်သံ ထွက်ပေါ်လာပုံမှာ နည်းနည်းမျှထိလိုက်ရုံဖြင့် ငြိမ်းသွားနိုင်သည့် လေထဲကဖယောင်းတိုင်တစ်တိုင်အလားပင်။

“အ..အရှင်ဧကရီ… အရှင်လားဟင်”

ဟုန်ရင်က ခေါင်းညိတ်ပြလိုက်ပြီး ပြော၏။

“ငါပါ”

သူ့အသံသည် ပျော်ရွှင်မှုများနှင့် ပြည့်နှက်နေသော်ငြား အားနည်းဖျော့တော့နေဆဲပင်။

“ဒီလိုဆိုရင် အရှင်ဧကရီက ကိုးဘ၀ဝင်စားရေးနည်းဗျူဟာကို အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ခဲ့တာပေါ့”

“ကျေးဇူးရှင်တစ်ယောက်ရဲ့အကူအညီနဲ့ပေါ့”

လုချန်ရှန်းကို ဟုန်ရင် သတိရမိလိုက်သည်။

သူ(မ)၏ ကိုးဘဝဝင်စားရေးနည်းဗျူဟာသည် လုချန်ရှန်း၏ အကူအညီမပါဘဲ မအောင်မြင်နိုင်ချေ။

ထို့သို့ဖြစ်လာပါက သူ(မ)ကို အစွမ်းကုန်ကာကွယ်ပေးခဲ့ပြီး ပြန်လည်ဝင်စားရေးစက်ဝန်းထဲသို့ လုံလုံခြုံခြုံတွန်းပို့ပေးခဲ့သော သူ(မ) လက်အောက်ငယ်သား၏ကြိုးစားမှုမှာလည်း အချည်းနှီးပင်။

“အိုး။ ဒီလောကကြီးထဲမှာ အရှင်မကိုကူညီနိုင်တဲ့လူလည်း ရှိသေးတာလား။ အဲ့ဒါ အနောက်အရပ်က ထိပ်ပြောင်မြည်းအိုကြီးများလား”

ဟုန်ရင် ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူးလား။ အဲ့ဒါဆို မိစ္ဆာဘုံက အဲဒီအရူးကောင်လား”

ဟုန်ရင်က ခေါင်းခါပြဆဲပင်။

“သူတို့ ငါ့ကိုမကူညီနိုင်သေးဘူး။ အဲဒီလူက အခု ငါ့ဆရာဖြစ်နေပြီ”

သူ့စကားအဆုံးတွင် ဝိညာဉ်ချည်နှောင်ရေးချိန်းကြိုးဆီမှ ဘာအသံမှ ထွက်မလာတော့ပေ။

ခဏအကြာတွင် မယုံသင်္ကာလေသံဖြင့် အသံတစ်သံထွက်ပေါ်လာသည်။

“ကောင်းကင်ဘုံတာအိုပျက်စီးသွားတဲ့နောက် အရှင်သခင်မရဲ့ဆရာဖြစ်ဖို့ ထိုက်တန်တဲ့လူရောရှိသေးလို့လား”

ဟုန်ရင် ခေါင်းခါပြလိုက်လေသည်။ လုချန်ရှန်းသည် အစဉ်အလာနှင့်ညီသူမဟုတ်သော်လည်း သူ့တွင် အံ့ဖွယ်နည်းလမ်းများရှိပြီး ရှေးခေတ်မှာဆိုလျှင်ပင် သူသည် အထွတ်အထိပ်အဆင့်ကိုရောက်နေနိုင်သော ဖြစ်တည်မှုမျိုးပင်။

“ကောင်းပြီ။ အဲဒီအကြောင်းကို ထပ်မပြောဘဲနေကြရအောင်။ ငါ ဒီကိုလာခဲ့တာ အတည်ပြုစရာတစ်ခုရှိလို့”

ထိုအကြောင်းကိုပြောနေချိန်မှာ ဟုန်ရင်၏အမူအရာသည် တည်ကြည်လေးနက်သွားပြီး သူ(မ)၏မျက်ဝန်းများမှာ လူသတ်ချင်သောအရိပ်အယောင်များ ဝင်းလက်သွားလေသည်။

“ငါတို့ ဒီကထွက်သွားပြီး မင်းအတွက် ခန္ဓာတစ်ခု ပြန်တည်ဆောက်ပေးမယ်။ မင်းနေချင်တဲ့ဘ၀ကိုလည်း ရွေးချယ်နေနိုင်ပြီး လွတ်လပ်ခွင့်လည်း ပြန်ရစေရမယ်”

ဤလက်အောက်ငယ်သားများသည် တိုက်ပွဲအတွင်းမှာ နှစ်ပေါင်းများစွာကြာသည်အထိ သူ(မ)ကိုခစားခဲ့ကြသူများဖြစ်၏။

ယခု နှစ်ထောင်ပေါင်းများစွာ ကုန်လွန်ခဲ့လေပြီ။ သူတို့အနေနှင့် သူ(မ)ကို ခစားလိုစိတ်ရှိသေးသလားဆိုသည်ကို သူ(မ)မသိချေ။

ထိုအခိုက်တွင် ဝိညာဉ်ချည်နှောင်ရေးချိန်းကြိုးသည် အပြင်းအထန် စတင်တုန်ခါလာလေတော့သည်။

အားနည်းဖျော့တော့သောအသံသည် နောက်ဆုံးသောမျှော်လင့်ချက် ရောင်ခြည်လေးကို တွေ့လိုက်ရသည့်အလားပင်။

“အဲဒီတုန်းက ကျွန်တော်တို့အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စုက အရှင်မ နောက်ကိုလိုက်ပြီး ကောင်းကင်ဘုံကိုသိမ်းပိုက်ဖို့လုပ်ခဲ့ကြတယ်။ ဒီကမ္ဘာကြီးရဲ့အရံအတားကိုဖောက်ထွက်ပြီး အာကာသကြီးဆီကို ခြေချနိုင်ဖို့ပေါ့”

“ဒါပေမဲ့ ကိစ္စတွေက စီစဉ်ထားသလို မဖြစ်ခဲ့ဘူးလေ။ ငါတို့ရှုံးသွားတာ”

“ဒါပေမဲ့ အရှင်မပြန်လာပြီး ကောင်းကင်ဘုံကိုသိမ်းပိုက်ဖို့ ကျွန်တော်တို့အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စုကို တိမ်လွှာဖီးနစ်အင်ပါယာဆီကို ဦးဆောင်သွားမယ်လို့ ကျွန်တော်တို့အမြဲယုံကြည်ထားခဲ့တာ”

“အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စုကယွင်ရှီ အရှင်မကိုနှုတ်ခွန်းဆက်ပါတယ်”

ထိုစကားကိုကြားသော် ဟုန်ရင်သည် အကျဉ်းထောင်ထဲရှိဝိညာဉ်ဆိုလိုချင်သောသဘောကို နားလည်လိုက်သည်။

“ကောင်းပြီ။ ဒီတစ်ခါတော့ ငါ သေချာပေါက် ကောင်းကင်ဘုံကို သိမ်းပိုက်ပြမယ်”

“ကျွန်တော်မျိုးရဲ့ဂုဏ်သရေဟာ အရှင်မရဲ့ဂုဏ်သရေပါပဲ”

“ငါ့ခွန်အားတွေ ပြန်ရလာတာနဲ့ မင်းကို ဒီနေရာကလွှတ်ပေးမယ်။ ဒါကြောင့် နည်းနည်းလောက်ထပ်ပြီး သည်းခံပေးပါဦး”

ချိန်းကြိုးကြီးဆီမှ ကျယ်လောင်လှစွာသောရယ်သံကြီးတစ်ခု ထွက်ပေါ်လာသည်။

“နှစ်တွေအများကြီးတောင် နေလာခဲ့ပြီးပြီပဲ။ နည်းနည်းလောက်ထပ်စောင့်ရတော့လည်း ဘာအရေးလဲ။ ကျွန်တော်ယွင်ရှီ အရှင်မ ပြန်လာမှာကို စောင့်နေပါ့မယ်”

“နောက်တစ်ရက်ကျရင်တော့ အထက်ဘဝဂ်ကိုးဘုံမျိုးနွယ်စုက အရှင်မနဲ့အတူ ကောင်းကင်ဘုံကို နောက်တစ်ကြိမ်ထပ်တိုက်ကြတာပေါ့”

Comment

Leave a Reply

Options

not work with dark mode
Reset