Switch Mode

အခန်း (၂၄)

စွမ်းအားကြီးသော

နေမဝင်အင်ပါယာမှလာသူ စုစုပေါင်းလေးယောက်ရှိပြီး ထိုလေးယောက်စလုံးမှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်၌ရှိသူများ ဖြစ်၏။

ထို့ပြင် သူတို့၏ခန္ဓာကိုယ်ပတ်ပတ်လည်မှာ သတ်ဖြတ်လိုသောအရိပ်အယောင်များ ဝေ့ဝဲနေချေသည်။

ထိုလူလေးယောက်မှာ ရုပ်ကလာပ်တောင်တန်းနှင့် သွေးပင်လယ်ထဲတွင် လေ့ကျင့်ရေးဆင်းထားကြမှန်း သိသာသည်။

တစ်ချိန်တည်းမှာပင် သူတို့လေးယောက်၏အနောက်မှာလည်း ဝတ်စုံနက်ဝတ်ထားသည့်လူသုံးယောက်လည်း ရှိနေသေးသည်။

၀တ်ရုံနက်၀တ်ထားသေလူများသည် သူတို့၏ ကျင့်ကြံရေးအရှိန်အဝါများကိုဖုံးကွယ်ရန်အတွက် သီးသန့်ရတနာတစ်ခုကို အသုံးပြုထားပုံပေါ်ပြီး သူတို့၏တည်ရှိမှုကို သတိမထားမိအောင် ပြုလုပ်ထားပေသည်။

“သဘောတူညီချက်အရဆိုရင် တောင်ပိုင်းနယ်မြေရဲ့ သွေးအကျဉ်းထောင်လက်ရည်စမ်းပွဲမှာပါ၀င်ဆင်နွှဲဖို့ ငါတို့ရဲ့နေမဝင်အင်ပါယာက ထျန်းယွမ်မြို့တော်မှာ နေရာခုနစ်နေရာမှာပါဝင်ရလိမ့်မယ်”

ခေါင်းဆောင်ဖြစ်သူက သြရှရှအသံဖြင့်ပြောလေသည်။

“ဒီအခွင့်အရေးကိုအသုံးချပြီး တောင်ပိုင်းက တောသားအရိုင်းအစိုင်းတွေ ဘယ်လောက်သန်မာလဲဆိုတာ ကြည့်ရသေးတာပေါ့”

သူက ဆက်လက်လှောင်ပြောင်လေ၏။

ခွန်အားအရာ၌ တောင်ပိုင်းနယ်မြေသည် နောက်ကောက်ကျကျန်ခဲ့ပြီဖြစ်ပြီး အခြားသူများက အသုံးမကျသောတောင်ပိုင်းနယ်မြေဟု သမုတ်ကြလေသည်။

တောင်ပိုင်းကျေးလက်နေပြည်သူများကိုလည်း အရိုင်းအစိုင်းများဟု ခေါ်ဝေါ်ကြသည်။

ထျန်းမင်၏မျက်ဝန်းထဲမှာ ဒေါသအရိပ်အယောင်များရှိနေသော်ငြား သူ မျိုသိပ်ထားရုံသာတတ်နိုင်သည်။

လျှို့ဝှက်တာအိုကျောင်းတော်မှ တစ်စုံတစ်ယောက်က ဒေါသတကြီးအော်ဟစ်လာချေသည်။

“အရိုင်းအစိုင်းတွေတဲ့လား။ မင်းတို့မြောက်ပိုင်းနယ်မြေကလည်း တအားသန်မာတယ်လို့ ငါ မထင်ပါဘူး။ ဟုတ်တယ်မလား”

ဂိုဏ်းတစ်ခုက နှာမှုတ်လျက်ပြော၏။

“ခြားနားချက်ရှိတယ်ဆိုရင်တောင် အဲလောက်ကြီးကြီးမားမားလည်းမဟုတ်လောက်ဘူးလို့ ငါထင်တယ်။ ဟုတ်တယ်မလား”

“မင်းက အရမ်းမမောက်မာလွန်းဘူးလား”

ခေါင်းဆောင်ဖြစ်သူက သရော်လေသည်။

“ငါမောက်မာနေတာဟုတ်မဟုတ် ဘာလို့လာမစမ်းကြည့်ကြတာလဲ”

“ဟမ့်.. ငါစမ်းကြည့်မယ်လေ”

ချက်ချင်းပင် ထွန်းသစ်စနေမင်းဂိုဏ်း၏ပါရမီရှင်က ထိုလူဆီကို အပြေးသွားလေတော့သည်။ သူသည်လည်း ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေသူဖြစ်၏။ သူ့ဘက်က တိုက်ခိုက်မှုပြုလာချိန်တွင် သူ့လက္ခဏာအမှတ်အသား၌ နေမင်း၏စွမ်းအားများ ကိန်းဝပ်နေချေသည်။

မီးလျှံလှိုင်းလုံးကြီးများသည် အရာခပ်သိမ်းကို မီးလောင်တိုက်သွင်းတော့မည့်အလားပင်။

လေထုတစ်ခွင်လုံး မွစာကြဲသွားလေသည်။

“ကောင်းပါပေ့။ ထွန်းသစ်စနေမင်းဂိုဏ်းရဲ့ ဟုန်းဟုန်းတောက်သူရိန်လက်ဝါးက တကယ်ကိုပြိုင်ဘက်ကင်းပါ့ကွာ”

“အဲ့ဒီလူတွေ ငါတို့တောင်ပိုင်းနယ်မြေကို သိပ်အထင်သေးလွန်းရင်တော့ အထိနာရမှာပဲ”

“ထွန်းသစ်စနေမင်းဂိုဏ်းက တောင်ပိုင်းနယ်မြေထဲက ထိပ်တန်းဂိုဏ်းတစ်ခုပဲလေ”

ယဲ့ချိုးပိုင်၏အမူအရာမှာ တည်ကြည်လေးနက်နေချေသည်။

သူ့အမြင်အရဆိုလျှင် ရှေ့ဆုံးကလူမှာ မရိုးရှင်းလှပေ။

ရုပ်ကလာပ်တောင်တန်းများနှင့် သွေးပင်လယ်များထဲတွင် တစ်ကိုယ်တည်းသန့်စင်မွမ်းမံထားသော ကြောက်မက်ဖွယ်အရှိန်အ၀ါသည် မွန်းကျပ်ဖွယ်ကောင်းလှလေရာ ထိုကဲ့သို့သောပုဂ္ဂိုလ်ကလည်း ဘယ်လိုများရိုးရှင်းနိုင်ပါ့မလဲ။

သူ ရှုံးလိမ့်မည်။

ထင်ထားသည့်အတိုင်းပင် ထွန်းသစ်စနေမင်းဂိုဏ်းမှပါရမီရှင်သည် ဟုန်းဟုန်းတောက်သူရိန်လက်ဝါးသိုင်းဖြင့် ရှေ့ကိုချီတက်သွားလိုက်ပြီး နေမ၀င်အင်ပါယာမှလူများကလည်း သူတို့လက်ချောင်းများကိုဆန့်ထုတ်လိုက်သည်။

“အောက်တန်းကျတဲ့လုပ်ရပ်ပဲ။ ဖြိုခွင်းစေ”

ချက်ချင်းပင် ကြောက်မက်ဖွယ်အရှိန်အ၀ါတစ်ခုက သူ့လက်ချောင်းဆီမှ ထွက်ပြူလာလေသည်။

ဟုန်းဟုန်းတောက်သူရိန်လက်ဝါးသိုင်းသည် အမှန်စင်စစ်ထိုးဖောက်ဖြိုခွင်းခံလိုက်ရပေသည်။

ထွန်းသစ်စနေမင်းဂိုဏ်းမှ ပါရမီရှင်သည် ကြက်သေသေသွားပြီး တစ်ဖက်လူက ထင်မှတ်မထားဘဲ ခုန်အုပ်လာသည့်အခါ နောက်ပြန်ဆုတ်ရန်ပြင်လိုက်သည်။

အစွမ်းရှိသမျှလွတ်ထွက်လာသော ကြောက်ခမန်းလိလိစွမ်းအားများသည် ထွန်းသစ်စနေမင်းဂိုဏ်း၏အာဂပုဂ္ဂိုလ်ကို ဝန်းပတ်ထားလိုက်ချေ၏။

ထွန်းသစ်စနေမင်းဂိုဏ်း၏ပါရမီရှင်မှာ အံ့အားသင့်ထိတ်လန်းသွားပြီး သူ့မျက်နှာထက်တွင် အကြောက်တရားများ ကြီးစိုးသွားလေတော့သည်။

နေမဝင်အင်ပါယာမှ လူများသည် လှောင်ပြောင်သရော်လျက် လက်သီးတစ်ချက် ရုတ်ခြည်းပစ်သွင်းလိုက်ပုံမှာ ချည်တိုင်မှလွတ်ထွက်လာသော သားရိုင်းကောင်တစ်ကောင်အလားပင်။

ထိုအရှိန်အ၀ါတို့မှာ ကြောက်ခမန်းလိလိပင်။

ထို့နောက် ထိုအရှိန်အဝါသည် ထွန်းသစ်စနေမင်းဂိုဏ်းမှ အာဂပုဂ္ဂိုလ်၏ရင်ဘတ်ကို အရှိန်ပြင်းပြင်းရိုက်ခတ်လိုက်လေသည်။

ခရက်.. ခရက်..

လျှပ်တပြတ်အတွင်းမှာပင် ရင်ညွန်းရိုးကျိုးသွားသောအသံကိုကြားလိုက်ရပြီးနောက် ထိုပါရမီရှင်လည်း သွေးပွက်ပွက်အန်လေတော့သည်။

သူ့အန်ဖတ်ထဲတွင် ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများပင် ရောပါလာလေသည်။ ထို့နောက် သူသည် ကြိုးပြတ်ကျလာသောစွန်တစ်ခုနှယ် လေထဲလွင့်သွားချေသည်။

ထွန်းသစ်စနေမင်းဂိုဏ်းမှ ပါရမီရှင်သည် မြေပြင်ပေါ်ကိုပြုတ်ကျသွားပြီး အသက်ရှူရပ်သွားလေ၏။

တစ်ချက်တည်းဖြင့် လျှပ်တပြက်သုတ်သင်လိုက်ခြင်းပင်။

သို့သော် ထိုလက်သီးချက်၏စွမ်းအားမှာ လူအပေါင်းကို ထိတ်လန့်ကြောက်ရွံ့သွားစေသည်။

ထိုလက်သီးချက်၏စွမ်းအားမှာ သာမန်ခရမ်းရောင်ဘုံဗိမာန်အထွတ်အထိပ်အဆင့်ရှိသူတစ်ယောက် သုံးနိုင်သောအရာမဟုတ်ပေ။

“ငါ့ရဲ့ထွန်းသစ်စနေမင်းဂိုဏ်းသားတစ်ယောက်ကို သတ်ရဲတယ်ပေါ့လေ”

လျှပ်တပြက်အတွင်း ထွန်းသစ်တိုဏ်းမှ အကြီးအကဲတစ်ယောက်က အပြေးရောက်ချလာလေ၏။

ယခုလေးတင် အသတ်ခံလိုက်ရသူသည် ထွန်းသစ်စနေမင်းဂိုဏ်း၏ နောက်တက်မည့်ဆက်ခံသူပင် ဖြစ်သည်။

ထွန်းသစ်စနေမင်းဂိုဏ်းက သူ့ကိုပျိုးထောင်ပေးရန်အတွက် အရင်းအမြစ်ဘယ်လောက်များများသုံးခဲ့ရသလဲလေ။

ယခု သူဆုံးပါးသွားခြင်းသည် သူတို့အတွက် ကြီးမားလှသောထိခိုက်နစ်နာမှုကြီးတစ်ခုပင်။

ဤသည်မှာ ထိပ်တန်းဂိုဏ်းတစ်ခုအတွက် ထိုးနှက်ချက်ကြီးတစ်ခုပင်ဖြစ်ချေသည်။

ထွန်းသစ်စနေမင်းဂိုဏ်း၏အကြီးအကဲတိုက်ခိုက်လာသောအခါ နေမဝင်အင်ပါယာမှလူများ၏ အမူအရာသည် လေးနက်သွားပေသည်။

တစ်ဖက်လူသည် ပင်လယ်ရေလှိုင်းအဆင့်ပညာရှင်တစ်ယောက်ဖြစ်သည်။

သူတို့လေးယောက်သည် အတူတကွစုစည်းလိုက်ကြပြီး အရပ်လေးမျက်နှာအနှံ့ ဖြန့်ကြက်လိုက်ကြ၏။ ကြောက်ခမန်းလိလိ အရှိန်အဝါလေးခုက ကောင်းကင်ထိတိုင် ထိုးခွင်းသွားလေသည်။

ထို့နောက် သူတို့ စတင်ပေါင်းစည်းလိုက်ကြပြီး သွေးပင်လယ်ကြီးတစ်ခုဖြင့် ဤနေရာကို လွှမ်းခြုံထားလိုက်သည်။

ထွန်းသစ်စနေမင်းဂိုဏ်း၏အကြီးအကဲဘက်က တိုက်ခိုက်မှုပြုလာပြီး သူတို့လေးယောက်လည်း တစ်ပြိုင်နက်တည်း လက်သီးတစ်ချက်ပစ်သွင်းလိုက်ပေသည်။

သေးပင်လယ်ကြီးသည် သွေးရောင်လွှမ်းသော ဧရာမလက်သီးဆုပ်ကြီးအဖြစ် ပြောင်းလဲသွားပြီး ထွန်းသစ်စနေမင်းဂိုဏ်း၏ အကြီးအကဲကို တိုက်ခိုက်လေတော့သည်။

အုန်း…

ထိပ်တိုက်တွေ့သည့်အခိုက်အတန့်မှာ သွေးစွမ်းအင်များ ပွက်ပွက်ဆူလာလေသည်။

ထွန်းသစ်စနေမင်းဂိုဏ်းအကြီးအကဲ၏ အမူအရာမှာ သိသိသာသာပြောင်းလဲသွားပေ၏။ မူလက သူထင်ထားသည်မှာ ခရမ်းရောင်ဘုံဗိမာန်အဆင့်အထွတ်အထိပ်သာရှိသော ဤလူများကို အသာလေးဖိနှိပ်နိုင်သည်ဟုပင်။

သို့သော် ထိုလေးယောက် အတူတကွပေါင်းစည်းလိုက်ချိန်တွင် သူတို့၏ခွန်အားများလည်း ပေါင်းစပ်သွားပြီး ပေါင်းရမည့်အစား မြှောက်ချလိုက်သလို များပြားသွားလေသည်။

ထွန်းသစ်စနေမင်းဂိုဏ်း၏အကြီးအကဲသည် ဂျူနီယာလေးယောက်နှင့် ရင်ဆိုင်နေရသည်ဟု မခံစားမိတော့ဘဲ လူပေါင်းများစွာကိုသတ်ဖြတ်ခဲ့သော မိစ္ဆာများနှင့်ထိပ်တိုက်ရင်ဆိုင်နေရသလို ခံစားလိုက်ရသည်။

ပြင်းထန်လှသော ထိုအရှိန်အဝါသည် အကြီးအကဲ၏စိတ်အစဉ်ကိုရော စိတ်နှလုံးကိုပါ တုန်လှုပ်သွားစေသည်။

တိုက်ခိုက်နေစဉ်အတွင်း အာရုံပျံ့လွင့်သွားသူ၏ကံကြမ္မာသည် ဆုံးဖြတ်ပေးစရာမလိုအောင် ရှင်းလင်းသွားမည်ဖြစ်၏။

ထွန်းသစ်စနေမင်းဂိုဏ်း၏ အကြီးအကဲသည် ထိတ်လန့်တုန်လှုပ်မိသွားသည့်တဒင်္ဂလေးမှာပင် သွေးရောင်လွှမ်းသောလက်သီးကြီး၏ ထိုးနှက်ခြင်းကို ခံလိုက်ရသည်။

“အား”

သူ ငယ်သံပါအောင်အော်ဟစ်မိလေသည်။

ထိုမြင်ကွင်းကိုမြင်လိုက်ရသူအပေါင်းမှာလည်း တုန်လူပ်စွာကြည့်နေမိရုံမှတစ်ပါး တတ်နိုင်တာမရှိ။

ခရမ်းရောင်ဘုံဗိမာန်အဆင့်ပညာရှင်လေးယောက်က ပင်လယ်ရေလှိုင်းအဆင့်အကြီးအကဲတစ်ယောက်ကို အနိုင်ယူနိုင်တယ်ပေါ့လေ..။

သူတို့လေးယောက် ပေါင်းစည်းထားသည်ဆိုသော်လည်း ပင်လယ်ရေလှိုင်းအဆင့်နှင့် ခရမ်းရောင်ဘုံဗိမာန်အဆင့်ကြားရှိကွာခြားချက်မှာ အရေအတွက်နှင့်ဖြည့်နိုင်သည့်အရာမျိုးမဟုတ်ပေ။

ထိုခဏလေးအတွင်းမှာပင် ထွန်းသစ်စနေမင်းဂိုဏ်း၏အကြီးအကဲသည် သွေးရောင်လွှမ်းသောလက်သီး၏ ဝါးမျိုခြင်းကိုခံလိုက်ရပေသည်။

အသက်ကား မရှိတော့ချေ။

“ဒါပဲလား”

ခေါင်းဆောင်ရူက ထိုမြင်ကွင်းကိုမြင်သောအခါ သည်းမခံနိုင်တော့ပေ။ သူသည် မျက်မှောင်မကြုတ်ဘဲမနေနိုင်ပေ။

“မင်းတို့တွေက တအားစိတ်ကြီးဝင်နေတာပဲ။ ဒါက သာမန်လက်ရည်စမ်းနေရုံလေးပဲကို သတ်ဖြတ်တဲ့အထိတောင် လုပ်နေကြတာပဲ”

စကားအဆုံးတွင် ကွန်ဖြူးရှပ်ကျောင်းတော်၏ခေါင်းဆောင်ရူသည် ညင်သာစွာဟစ်အော်လိုက်သည်။

“မိစ္ဆာဖြိုခွင်းရေး”

ချက်ချင်းပင် အသံလှိုင်းကြီးသည် သွေးရောင်လွှမ်းသောဧရာမလက်သီးကြီးကို ထိုးခွင်းသွားလေတော့သည်။

ဧရာမလက်သီးဆုပ်ကြီး ပျောက်ကွယ်သွားလေသည်။

ထွန်းသစ်စနေမင်းဂိုဏ်းအကြီးအကဲ၏အလောင်းသည် ထွန်းသစ်စနေမင်းဂိုဏ်းရှိရာဘက်ကို သက်ဆင်းသွားလေသည်။

တစ်စုံတစ်ယောက်သည် သူ၏လေးစားသမှုကိုဖော်ပြရန်အတွက် ခေါင်းဆောင်ရူကို အရိုအသေပေးလိုက်သည်။

နေမဝင်အင်ပါယာမှ လူလေးယောက်သည်လည်း နောက်ပြန်ဆုတ်သွားလေသည်။ သူတို့၏နှုတ်ခမ်းထောင့်စွန်းမှလည်း သွေးများစီးကျလာ၏။ သို့သော် သူတို့သည် စိတ်အလိုမကျဖြစ်ပြီး သရော်လိုက်သည်။

“ခင်ဗျားတို့တောင်ပိုင်းသားအရိုင်းအစိုင်းတွေက အားနည်းသူကိုအနိုင်ကျင့်ဖို့ပဲသိတာလား”

ခေါင်းဆောင်ရူက မျက်မှောင်ကြုတ်လိုက်မိသည်။

သံချပ်ကာဝတ်ဆင်ထားသောပုဂ္ဂိုလ်က ဆက်ပြောလေသည်။

“ငါတို့လေးယောက်က အဆင့်အတူတူပဲဆိုမှတော့ ဧကရာဇ်က ဘာမှပြောမှာမဟုတ်ဘူး။ ဒါပေမဲ့..”

ထိုအခိုက်တွင် ထိုလူ၏မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်များ ရစ်ဝဲနေလေသည်။

“ငါတို့ ဒီပုံစံနဲ့တိုက်ခိုက်ခံခဲ့ရတယ်ဆိုတာကိုသာသိရင် နေမဝင်အင်ပါယာရဲ့သံချပ်ကာယန္တရားစစ်တပ်ကြီးက တောင်ပိုင်းနယ်မြေဆီကို ချီတက်သွားမှာစိုးရိမ်မိပါရဲ့”

ဤသည်မှာ သေချာပေါက်ခြိမ်းခြောက်နေခြင်းပင်။

သို့သော် ရှိသမျှလူတိုင်း ထိုအရာကို လက်ခံလိုက်ရသည်။

နေမဝင်အင်ပါယာ၏အင်အားမှာ ပိုကြီးနေသည့်အတွက် ဘာမှမတတ်နိုင်ချေ။

နေမဝင်အင်ပါယာ၏ အရှင်သခင်သည် နယ်ပယ်ကြီးလေးခုသိုင်းပညာအဆင့်တွင် စတုတ္ထနေရာချိတ်ထားသော အံ့ဖွယ်ပညာရှင်တစ်ပါးဖြစ်သည်။

နေမဝင်အင်ပါယာ၏မျက်မုန်းကျိုးခြင်းကို မည်သူမျှ မခံယူဝံ့ချေ။

ခေါင်းဆောင်ရူပင်လျှင် နှာမှုတ်လျက် တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ရသည်။

သူတို့ကျောင်းတော်၏အကြီးအကဲ ချင်းထျန်းနျန်သည် အဆင့်၂၆မျှသာရှိသည်။ သူတို့သည် နေမဝင်အင်ပါယာနှင့်ယှဉ်နိုင်သူများမဟုတ်တာ သိသာလှသည်။

ထို့ပြင် ကျောင်းတော်သည်။ လောကီရေးရာအရှုပ်အထွေးများတွင် ဝင်မပါပေ။

ထွန်းသစ်စနေမင်းဂိုဏ်းကတော့ ယခုအချိန်တွင် ထွက်ခွာကြရုံသာရှိတော့သည်။

သူတို့ဂိုဏ်း၏ဆက်ခံသူက သေဆုံးသွားပြီး ဂိုဏ်းကိုဦးဆောင်သူ အကြီးအကဲလည်း အသတ်ခံလိုက်ရချေပြီ။

သူတို့သည် ဤလက်ရည်စမ်းပွဲတွင်ဝင်ပြိုင်ရန် အရည်အချင်းမပြည့်မီတော့ပေ။

ထိုအခိုက်တွင် ကျန်းယွမ်မင်းဆက်မှ အဘိုးအိုတစ်ယောက်က ပြောလေသည်။

“အားလုံးပဲ.. အပြောင်အပြက်လုပ်နေတာတွေ တော်သင့်ပြီနော်။ အချိန်ကလင့်နေပြီ။ သွေးအကျဉ်းထောင်စိတ်တန်ခိုးရှင်ဘုံကို အသက်သွင်းဖို့အချိန်ကျပြီ”

Comment

Leave a Reply

Options

not work with dark mode
Reset