မိုးတိမ်မည်းများသည် နေမင်းကြီးကို အုပ်မိုးကာနေရာယူလိုက်ပြီးနောက် မိုးစက်မိုးပေါက်များက ထျန်းယွမ်မြို့တော်အနှံ့ ရွာသွန်းလေတော့သည်။
ထိုအခိုက်အတန့်တွင် လမ်းမကြီးပေါ်တွင် လူသူကင်းရှင်းနေချေသည်။
သက်ဝင်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသောနေရာကတော့ ယဲ့မိသားစုအိမ်တော်သာလျှင် ဖြစ်သည်။ အကြောင်းမှာ ယဲ့ချိုးပိုင် ပြန်ရောက်လာသောကြောင့်ပင်။
ပင်မခန်းမကြီးထဲတွင် ယဲ့ချင်းသည် စားပွဲထိပ်တွင်နေရာယူထားပြီး အကြီးအကဲချုပ်ယဲ့လင်းက သူ့နံဘေးမှာထိုင်ကာ ယဲ့ယန်ကတော့ အနောက်မှာ မတ်တတ်ရပ်နေပေသည်။
သို့သော်ငြား ထိုအခိုက်အတန့်လေးမှာ ယဲ့ယန်၏အမူအရာသည် အလွန်တရာထူးဆန်းနေလေသည်။ သူသည် ယဲ့ချိုးပိုင်ကို အကြောက်တရားများပြည့်နှက်နေသော မျက်ဝန်းဖြင့် စိုက်ကြည့်နေချေသည်။
သူ့နေရာမှာသူ ကျကျနနထိုင်နေသောယဲ့လင်းသည်လည်း ပင်အပ်များအပေါ် ဖင်ခုထိုင်ထားရသလို ခံစားနေရသည်။
ယဲ့ယန်က ယဲ့ချိုးပိုင်အကြောင်းများကို သူ့အဖေအား ပြောပြပြီးသည်မှာ သိသာလှသည်။
ယဲ့ချိုးပိုင်လာ်း ယဲ့လင်း၏အရှေ့ကို လျှောက်လာပြီး ဒူးထောက်ချလိုက်သည်။
“အဖေ ကျွန်တော်ပြန်လာပါပြီ”
ထိုအခြင်းအရာကိုမြင်သောအခါ ယဲ့ချင်းသည် သက်ပြင်းချလျက် ယဲ့ချိုးပိုင်အား ထူမပေးရန် အနားကိုလျှောက်သွားလိုက်သည်။
သူ တီးတိုးဆိုလိုက်၏။
“ချိုးပိုင်.. မင်း ပြန်မလာသင့်ဘူး”
ယဲ့ချိုးပိုင်က ပြုံးလျက်သာ ခွန်းတုံ့ပြန်လေ၏။
“အဆင်ပြေပါတယ် အဖေ။ ကျွန်တော်သာ အဖေ့ကိုကူညီဖို့ ပြန်မလာဘူးဆိုရင် အဖေ့ရဲ့မိသားစုခေါင်းဆောင်ဆိုတဲ့ ရာထူးကို တစ်ယောက်ယောက်က လုသွားတော့မှာမဟုတ်ဘူးလား”
ယဲ့ချိုးပိုင်သည် အသံခပ်ကျယ်ကျယ်ဖြင့် ပြောလိုက်ခြင်းဖြစ်ရာ ယဲ့လင်းလည်း ထိုစကားကို သေချာပေါက်ကြားလိမ့်မည်သာ။
ယဲ့လင်း၏စိတ်နှလုံးမှာ တုန်လှုပ်သွားရပြီး တုန်တုန်ယင်ယင်အသံဖြင့် ပြောလာ၏။
“ချိုးပိုင်.. မိသားစုခေါင်းဆောင်ရဲ့ရာထူးကို ဘယ်သူကများ လုရဲမှာတဲ့လဲ။ မင်း တစ်ခုခုကိုအထင်လွဲနေတာပဲဖြစ်ရမယ်။ ဟုတ်တယ်မလား”
ယဲ့ယန်ကလည်း ကူပြောပေးလေသည်။
“ဝမ်းကွဲအစ်ကို အဲ့ဒါအမှန်ပါပဲ။ ဘယ်သူကများ ဒီလိုလုပ်ရပ်မျိုး လုပ်ရဲမှာလဲ။ ကောလာဟလတွေကို မယုံပါနဲ့”
ထိုစကားများကိုကြားသည့်အခါ ယဲ့ချင်း မှင်တက်သွားရသည်။
မကြာသေးမီက ယဲ့လင်းသည် လျှို့ဝှက်တာအိုကျောင်းတော်ကို ဝင်ခွင့်ရသွားပြီး အကြီးအကဲများထံတွင် တပည့်ခံခွင့်ရခဲ့သောသူ့သားကို အကြောင်းပြပြီး မိသားစုခေါင်းဆောင်များထံမှ ကူညီထောက်ပံ့မှုများကို အရယူခဲ့သည်။
မိသားစုအကြီးအကဲပင် ထိုကိစ္စကို ရှင်းရှင်းလင်းလင်းသဘောတူထားသည်။
ယဲ့ချင်းအတွက်တော့ သူ့ကိုယ်သူထောက်ခံအားပေးရန် မဖြစ်နိုင်ပေ။ ဤရက်ပိုင်းအတွင်း သူ့မှာ ဖိအားများကို တောင့်ခံရန်မတတ်သာခဲ့ချေ။
ယုတ္တိကျကျပြောရလျှင် ယဲ့လင်းသည် အောင်ပွဲခံရတော့မည်ဖြစ်၏။
သူ ဘာလို့ အခုမှစိတ်ပြောင်းသွားရတာလဲ။
သူက မျက်နှာရဖို့တောင် ကြိုးစားနေသလိုပဲ။
ယဲ့ချိုးပိုင်ကတော့ အကြောင်းပြချက်ကို သိပြီးဖြစ်၍ ထိုသားအဖနှစ်ယောက်ကို အကြည့်တစ်ချက်မျှပင် မပေးပေ။
ယခု သူပြန်ရောက်လာပြီဖြစ်သောကြောင့် သူ့အဖေ၏မိသားစုခေါင်းဆောင်ရာထူးကို မည်သူမျှလုယူနိုင်တော့မည်မဟုတ်ချေ။
သို့သော်ငြား ထိုသို့ဆိုလျှင်တောင် ရန်ငြိုးဟောင်းများနှင့် ရန်ငြိုးအသစ်များကိုတော့ ဖြေရှင်းရဦးမည်သာ။
ယဲ့ချိုးပိုင်သည် သူ့အနောက်ရှိယဲ့ယန်ကို တစ်ချက်မျှလှမ်းကြည့်လိုက်သည်။
ဓားသွားနှယ်ထက်ရှသော ထိုအကြည့်များသည် ယဲ့ယန်၏နှလုံးသားထဲကို အသင်္ချေချီသောဓားသွားများနှယ် ထိုးဖောက်ဝင်ရောက်သွားလေတော့သည်။
ထိုအကြည့်များသည် တစ်စုံတစ်ယောက်၏စိတ်အစဉ်ကို ကစဉ့်ကလျားဖြစ်သွားစေသည်။
ယဲ့ယန်သည် သိုင်းပညာယှဉ်ပြိုင်ပွဲမှာ ဖြစ်ပျက်ခဲ့သည့်အကြောင်းများကို ယဲ့ချိုးပိုင်သိသွားပြီးပြီဆိုစည်ကို သိထားလေသည်။
သို့သော် ယဲ့ချိုးပိုင် တိုက်ခိုက်တော့မည့်ဆဲဆဲမှာပင် မြင်းခွါသံများက တံခါးအပြင်ဘက်မှ ပျံ့လွင့်လာချေသည်။
“ချောင်မိသားစုကချောင်စီဝူ ယဲ့ချိုးပိုင်ကိုနှုတ်ဆက်ဖို့ ရောက်နေပါတယ်”
ရှေ့ဆုံးမှဦးဆောင်လာသူသည် ချောင်စီဝူဖြစ်ပြီး သူသည် သွေးနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေသည်။
ယခုအချိန်မှာ ချောင်စီဝူသည် ယဲ့ချိုးပိုင်အား ရက်စက်ယုတ်မာလှသောအပြုံးမျိုးပြုံးလျက် စိုက်ကြည့်နေသည်။
သူ့မျက်ဝန်းထဲတွင် အမုန်းတရားများဖြင့် ပြည့်နှက်နေချေ၏။
ထို့နောက် မဆိုင်းမတွမှာပင် အခြားလူတစ်စုကလည်း အထဲကိုဝင်လာသည်။
“အစ်ကိုယဲ့ချင်း ကျန်းမာပါရဲ့လား”
ကျန်မိသားစုမှ ကျန်းထျန်းယန် ရောက်ရှိလာခြင်းပင်။
ယဲ့ချိုးပိုင် လှမ်းကြည့်လိုက်သော်လည်း ကျန်းချန်ကိုတော့ မမြင်မိချေ။
ယခုတော့ဖြင့် သူ့နှလုံးသားထဲမှ မိန်းမငယ်လေး၏နေရာသည် လုံးဝပျောက်ကွယ်သွားပေ၏။
သူမသည် ကျန်းမိသားစုထဲမှ သူ့ရန်သူဖြစ်သည့် ကျန်းချန်သာလျှင် ဖြစ်ချေတော့သည်။
ကျန်းထျန်းဟန်လည်း ဤကိစ္စမှာ ပါဝင်ပတ်သက်လေသလားဆိုသည်ကို သူ မသိပေ။
ယဲ့ချင်း၏အမူအရာ ပြောင်းလဲသွားသည်။ ဤလူများ ဘာကြောင့် ဤနေရာကိုရောက်လာသလဲဆိုတာ သူမသိပေ။
သို့သော်ငြား သူ အရိုအသေပြုလျက် ပြောလိုက်သည်။
“ဒီအချိန်ကြီး ဒီကို ဘယ်လိုဖြစ်လို့ရောက်နေရလဲဆိုတာ သိနိုင်မလား”
ချောင်စီဝူက ပြုံးဖြဲဖြဲလုပ်နေသည်။
“အစ်ကိုချိုးပိုင်ရဲ့ခွန်အားတွေတိုးတက်လာလားဆိုတာ သိချင်လို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အရင်တုန်းက ကျွန်တော်တို့တွေက အတူတူလေ့ကျင့်ဖော်လေ့ကျင့်ဖက်တွေ ဖြစ်ခဲ့တာပဲလေ”
ယဲ့ချင်း၏နှလုံးသား ကျွံဝင်သွားရချေသည်။
ချောင်စီဝူသည် ထျန်းယွမ်မြို့တော်၏ မူလလက်ဟောင်းပါရမီရှင်ဖြစ်သော်လည်း သူ့ကို ယဲ့ချိုးပိုင်က အနိုင်ယူပစ်ခဲ့သည်။
ထိုအချိန်အတောအတွင်းမှာ နှစ်ဖက်စလုံး၌ ကျေအေး၍မဖြစ်နိုင်သော ရန်ငြိုးရန်စများစွာ ရှိနေခဲ့သည်။ ယဲ့ချိုးပိုင် ကျင့်ကြံစဉ်များကို ဆုံးရှုံးလိုက်ရသည့် ယခုအချိန်တွင် သူ လက်စားချေလိုသည်မှာ မထူးဆန်းလှပေ။
ယဲ့ချင်း၏မျက်နှာမှာ မည်းခနဲဖြစ်သွားရသည်။
“ချောင်စီဝူ.. ဒါက ယဲ့မိသားစုအိမ်တော်ပါ။ ရိုင်းချင်သလိုရိုင်းလို့ရတဲ့နေရာမဟုတ်ဘူး”
ထိုစကားကိုကြားသော် ချောင်စီဝူ ရယ်မောလိုက်မိသည်။
“ယဲ့ချင်း.. အခုဆိုရင် ယဲ့မိသားစုထဲမှာ ခင်ဗျားရဲ့အာဏာ ဘယ်လောက်များသက်ရောက်တော့လို့လဲ။ မိသားစုခေါင်းဆောင်ဆိုတဲ့ရာထူးကလည်း အနှေးနဲ့အမြန် လက်လွှဲပေးရတော့မှာပဲကို။ ခင်ဗျား ယဲ့ချိုးပိုင်ကို ဘယ်လိုကာကွယ်ပေးနိုင်တော့မလဲ”
ထို့နောက် သူ ယဲ့လင်းကိုကြည့်ကာ အယုတ်တမာပြုံး ပြုံးလိုက်သည်။
“ခင်ဗျား ယဲ့ချိုးပိုင်ကိုထုတ်မပေးဘူးဆိုရင် အနာဂတ်မှာ ယဲ့မိသားစုကို လက်စားချေပစ်မယ်ဆိုတာ အာမခံရဲတယ်”
“အခုကစပြီး ထျန်းယွမ်မြို့တော်မှာ ယဲ့မိသားစုရဲ့နေရာ ရှိမှာမဟုတ်တော့ဘူး”
“မင်း”
သူတို့သည် မဟာမိသားစုကြီးလေးစုမှ မိသားစုများဖြစ်နေသည့်တိုင် ယဲ့ချိုးပိုင် စွမ်းအားများဆုံးရှုံးလိုက်ရသည့်အချိန်ကတည်းက ထျန်းယွမ်မြို့ရှိ ယဲ့မိသားစု၏ဂုဏ်သတင်းသည် အောက်ဆုံးသို့ထိုးကျသွားပြီဖြစ်ကြောင်း ယဲ့ချင်း နားလည်ထားသည်။
ဂိုဏ်းအားလုံးကလည်း အခြားဂိုဏ်းများဆီကို ပူးပေါင်းဖို့ဆုံးဖြတ်ထားကြပြီးဖြစ်၏။ ထိုအဖြစ်ကလည်း ယဲ့မိသားစု၏အင်အားကို ယုတ်လျော့သွားစေခဲ့သည်။
ယဲ့ချင်း ဆက်ပြောတော့မည့်ဆဲဆဲမှာပင် ယဲ့ချိုးပိုင်သည် ယဲ့ချင်းကိုကွေ့ရှောင်ကာ ချောင်စီဝူ၏ရှေ့တွင် ပိတ်ရပ်လိုက်သည်။
“မင်း လက်စားချေချင်နေတာမဟုတ်ဘူးလား။ ငါ အခု ဒီကိုရောက်နေပြီ။ လှုပ်ရှားတော့လေ”
ချောင်စီဝူမှာ ကြက်သေသေသွားရှာသည်။
ယဲ့ချင်းကလည်း ကပျာကယာအော်ပြောလာသည်။
“ချိုးပိုင် အလျင်စလိုမလုပ်နဲ့”
ကျန်းထျန်ဟန်သည်လည်း မျက်နှာမသာမယာနှင့် ဝင်ပြောလေသည်။
“အသက်ရှင်နေသရွေ့ မျှော်လင့်ချက်ဆိုတာ ရှိစမြဲပါ။ ယဲ့ချိုးပိုင်.. နောက်ဆုတ်လိုက်”
ယဲ့ချိုးပိုင်မှာ ကျန်းထျန်ဟန်၏အကြံပေးစကားကြောင့် မတတ်သာဘဲ မှင်တက်သွားမိလေသည်။
ကျန်းထျန်းဟန်သည် သူ့အား မသေစေချင်ဟန်ပင်။ သို့ဖြစ်လေရာ ယခင်ကလုပ်ကြံမှုသည် သူနှင့်မသက်ဆိုင်လောက်ချေ။
ချောင်စီဝူက အယုတ်တမာဆန်ဆန်ထရယ်လေ၏။
“မင်းက ကိုယ့်သေတွင်းကိုယ်တူးနေမှတော့ ငါလည်း ဘယ်တတ်နိုင်ပါ့မလဲ”
ထိုသို့ပြောပြီးနောက် ချောင်စီဝူသည် အဖျားမော့ဓားရှည်တစ်လက်ကို ဆွဲထုတ်ကာ ယဲ့ချိုးပိုင်ကို တိုက်ခိုက်လေတော့သည်။
ချောင်စီဝူသည် ရွှေရောင်ဆေးဝါးဗဟိုချက်ကို ကျော်လွန်ပြီး ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို ရောက်ရှိနေပြီဖြစ်၏။
လူတိုင်း၏စိတ်ထဲမှာတော့ ကျင့်ကြံစဉ်များဆုံးရှုံးထားသော ယဲ့ချိုးပိုင်သည် သူနှင့်ယှဉ်နိုင်မှာမဟုတ်ဟု တွေးထားကြသည်။
ယဲ့ချင်းသည် အံတင်းတင်းကြိတ်လိုက်ပြီး ယဲ့ချိုးပိုင်ဆီကို ပစ်ဝင်သွားလိုက်သော်လည်း သူ့ကို လူအိုကြီးတစ်ယောက်က တားဆီးလိုက်ပေသည်။
“အကြီးအကဲယဲ့.. ကျေးဇူးပြုပြီး ဒီမှာပဲနေပြီး စောင့်ကြည့်စမ်းပါဗျာ”
ယဲ့ချင်း၏အမူအရာသည် အလွန်အကျည်းတန်နေလေ၏။ သူ့ရှေ့ရှိလူမှာ ယဲ့မိသားစု၏လူယုံတစ်ဦးဖြစ်ခဲ့ဖူးသော်လည်း ယခုတော့ သူ့ရန်သူဘက်ကို ပါသွားချေသည်။
ချောင်စီဝူသည် အဖျားမော့ဓားရှည်ကိုမြှောက်လိုက်ပြီး ယဲ့ချိုးပိုင်၏ခေါင်းကို ခုတ်ချလိုက်သည်။
“ယဲ့ချိုးပိုင်.. မင်းအသက်ကိုနှုတ်ပြီး အတိတ်ကရန်ငြိုးအတွက် လက်စားချေပြမယ်”
ယဲ့ချိုးပိုင်လည်း လူတိုင်း၏အရှေ့မှာပင် သူ့သစ်သားဓားကို ထုတ်ယူလိုက်သည်။
သူသည် ခြေအနည်းငယ်ကြွလိုက်ပြီး သူ့လက်ထဲရှိသစ်သားဓားကို ဝှေ့ယမ်းပစ်လိုက်၏။
ထိုဝှေ့ယမ်းမှုနှင့်အတူ ရိုးရှင်းလှသောဓားချက်တစ်ချက် ပေါ်ပေါက်လာသည်။
အဖျားမော့ဓားရှည်သည် သစ်သားဓားနှင့် ထိခတ်မိသွားပေသည်။
လူတိုင်းထင်နေသလို သစ်သားဓားကျိုးပဲ့မသွားပေ။
ယဲ့ချိုးပိုင်လည်း ချောင်စီဝူ၏ဓားချက်အောက်မှာ အသက်ပျောက်မသွားချေ။
ထိုမြင်ကွင်းကြောင့် လူအပေါင်း အံ့သြမှင်တက်သွားရလေသည်။
ယဲ့ချိုးပိုင်၏သစ်သားဓားသည် အဖျားမော့ဓားရှည်ကို ထိုးဖောက်သွားပြီး ချောင်စီဝူ၏လည်တိုင်ဆီကို ထိုးခွင်းသွားသည်။
သွေးများ ပန်းထွက်လာပေသည်။
“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
ချောင်စီဝူ၏အမူအရာမှာ ကြမ်းတမ်းခက်ထန်နေချေသည်။ သူသည် အဖျားမော့ဓားရှည်ကို ချထားလိုက်ပြီး သူ့လည်ပင်းကို လက်နှစ်ဖက်စလုံးဖြင့် ဖိကိုင်ထားမိသည်။ သူသည် ရေသေကဲ့သို့ တည်ငြိမ်နေသည့် ယဲ့ချိုးပိုင်ကိုသာ စိုက်ကြည့်မြဲစိုက်ကြည့်နေသည်။
“မင်းရဲ့.. မင်းရဲ့အစွမ်းတွေ.. ပြန်ရပြီပေါ့”
ယဲ့ချိုးပိုင်က ပြန်မဖြေပေ။ သူက သူ့ဓားကိုသာ ထုတ်ယူလိုက်သည်။ သစ်သားဓားပေါ်မှာ သွေးစသွေးနများ ပေကျံမနေချေ။
လူတိုင်း၏ ကြောက်ရွံ့ထိတ်လန့်နေသောအကြည့်အောက်မှာ ချောင်စီဝူသည် သွေးအိုင်ထဲကိုလဲကျသွားပြီး အသက်ရှူရပ်သွားလေတော့သည်။
ယဲ့ချင်းခမျာ ကြက်သေသေသွားသည်။
ကျန်းထျန်းဟန်လည်း အံ့သြမှင်တက်သွားရသည်။
ယဲ့ချိုးပိုင်၏အင်အားကို မမြင်ဖူးထားသော ယဲ့လင်းပင်လျှင် ကြက်သေသေနေရှာသည်။
ယဲ့ယန်လည်း ထိတ်လန့်တုန်လှုပ်နေသည်။
နှစ်ရက်အတွင်းမှာပင် ယဲ့ချိုးပိုင်သည် ခရမ်းရောင်ဘုံဗိမာန်အဆင့်ကို တက်လှမ်းသွားလေပြီ။
မြန်ဆန်လှသော ကျင့်ကြံရေးအရှိန်အဟုန်ကြီးပါလား။
“ချိုးပိုင်.. မင်း..”
ယဲ့ချိုးပိုင်သည် သူ့သစ်သားဓားကို အဝေးသို့ပို့လိုက်ပြီး ယဲ့ချင်းကို လှည့်ကြည့်လိုက်သည်။ သူသည် ပြုံးလျက်စကားဆို၏။
“အဖေ ကျွန်တော့်စွမ်းအားတွေ ပြန်ရပါပြီ”
အနီးအနားမှာ စောင့်ကြည့်နေကြသောလူအုပ်ကြီးသည် ထိုသတင်းကိုဖြန့်ဖို့ ချက်ချင်းထွက်သွားလေတော့သည်။
ပါရမီရှင်ဟောင်းသည် ရှင်ဘုရင်တစ်ပါးအဖြစ် တစ်ကျော့ပြန်ရောက်လာပြီး ယခင်ကအတိုင်