သိုင်းပညာယှဉ်ပြိုင်ပွဲကြီးကျင်းပဖို့ နှစ်ရက်သာလိုပေတော့သည်။
ယဲ့ချိုးပိုင်သည် အမတဓားရေးပြပွဲပန်းချီကားရှေ့မှာ မတ်တတ်ရပ်နေလေသည်။
သူသည် တစ်စုံတစ်ရာကို ထိုးထွင်းသိမြင်နိုင်ရန် ရှုမှတ်နေပုံပေါက်ပြီး ဓားသွားချီစွမ်းအင်လှိုင်းလုံးကြီးက သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာသည်။
သူ့ကိုယ်ရောင်ကိုယ်ဝါကလည်း မြန်မြန်ဆန်ဆန်အဆင့်တက်သွားပြီး ရွှေရောင်ဆေးဝါးဗဟိုချက်အထွတ်အထိပ်အဆင့်ကိုပင် ရောက်သွားချေပြီ။
သူ့ကျင့်ကြံရေးအဆင့်က ထပ်တက်သွားပြန်ပြီဆိုတာကို ခံစားမိလိုက်တော့ သက်ပြင်းမချဘဲမနေနိုင်ပေ။
“ထင်ထားတဲ့အတိုင်း ဆရာကတော့သိပ်တော်တာ။ ဒီပန်းချီကို ငါကြည့်လိုက်တဲ့အခါတိုင်း ဓားသိုင်းတာအိုကို ရှုမြင်နိုင်စွမ်းကလည်း တစ်ခေါက်နဲ့တစ်ခေါက်မတူဘူး”
အကယ်၍သာ ဤပန်းချီကားသည် လုချန်ရှန်း ပျင်းလို့ဆွဲထားသည့်ပန်းချီကားမှန်း သိသွားပါက ယဲ့ချိုးပိုင်တစ်ယောက် ထိတ်လန့်တုန်လှုပ်သွားပေလိမ့်မည်။
သို့သော် သုံးရက်တာမျှကျင့်ကြံပြီးနောက်မှာ ယဲ့ချိုးပိုင်သည် ကျင့်ကြံရခက်ခဲသောအဆင့်တစ်ခုကို ရောက်လာသည်ဟုခံစားမိလိုက်သည်။
လွန်ခဲ့သည့်ရက်အနည်းငယ်ကတည်းက ယဲ့ချိုးပိုင်သည် လျှို့ဝှက်တာအိုကျောင်းတော်ကြီးအကြောင်းကို ပိုသိလာရသည်။
လျှို့ဝှက်တာအိုကျောင်းတော်ထဲမှာ ထောက်ပံ့ရေးအမှတ်များသည် အကဲဖြတ်စစ်ဆေးမှုအတွက် စံသတ်မှတ်ချက်တစ်ခုဖြစ်သည်။
ထောက်ပံ့ရေးအမှတ်များကို ကျင့်ကြံရေးနည်းဗျူဟာနှင့် သိုင်းပညာနည်းဗျူဟာများကို ရွေးချယ်ရယူနိုင်သော ရတနာမဏ္ဍပ်ထဲကိုဝင်ရာတွင် သုံးနိုင်လေသည်။ သို့မဟုတ်ပါက သဘာဝရတနာများကို လဲလှယ်ရာတွင်လည်း သုံးနိုင်သေးသည်။
ထောက်ပံ့ရေးအမှတ်များကို ရယူနိုင်သည့် နည်းလမ်းသုံးမျိုးရှိသည်။
ပထမနည်းလမ်းမှာ ကျောင်းတော်ကြီးမှချမှတ်ပေးထားသောစစ်ဆင်ရေးများကို ပြီးမြောက်အောင် လုပ်ဆောင်ဖို့ပင်။
ဒုတိယနည်းလမ်းက ကျောင်းတော်ကြီးအတွက် ပြောင်မြောက်သောအထောက်အပံ့များ ပြုလုပ်ပေးရန်ပင်။
နောက်ဆုံးတစ်ခုကတော့ သတ်ပုတ်ရေးကြိုးဝိုင်းထဲကိုသွားပြီး ကျောင်းတော်မှ လူတစ်ယောက်ယောက်နှင့် ယှဉ်ပြိုင်သတ်ပုတ်ရန် ဖြစ်၏။
သူ့အနေနှင့် ထောက်ပံ့ရေးအမှတ်များကို လောင်းကြေးထပ်လိုလျှင် စင်ပေါ်တက်ပြီး စိန်ခေါ်နိုင်သည်။ နိုင်ကြေးမြင့်လေလေ ထောက်ပံ့ရေးအမှတ်များများရလေလေပင်။ အကယ်၍ သူရှုံးခဲ့လျှင်တော့ သူ၏ထောက်ပံ့ရေးအမှတ်များကို တစ်ဖက်လူက ရသွားမှာဖြစ်၏။
ထိုအကြောင်းကို တွေးကြည့်ပြီးနောက် ယဲ့ချိုးပိုင်သည် စိန်ခေါ်သတ်ပုတ်ဖို့အတွက် သတ်ပုတ်ရေးကြိုးဝိုင်းဆီကိုသွားဖို့ ဆုံးဖြတ်လိုက်သည်။
ဤအခွင့်အရေးကိုအသုံးချ၍ သူ၏ လက်ရှိဓားသိုင်းတာအိုသိမြင်မှုအဆင့်ကို အတည်ပြုနိုင်သလို ထောက်ပံ့ရေးအမှတ်များလည်း ရနိုင်ပေသည်။
ထို့ကြောင့် ယဲ့ချိုးပိုင်လည်း သစ်သားဓားတစ်လက်ကိုသယ်ကာ တောင်ပေါ်မှဆင်းလာလိုက်သည်။
စာရင်းသွင်းရမည့်ရုံးခန်းကို သူရောက်သွားသောအခါ အသက်ကြီးရင့်နေသောပုဂ္ဂိုလ်တစ်ယောက်က တံခါးဝမှာ ထိုင်နေလေသည်။
“နာမည်။ ဘယ်ခန်းမကလဲ။ ကျင့်ကြံရေးအဆင့်နဲ့ ထောက်ပံ့ရေးအမှတ်ဘယ်လောက်လဲ”
ယဲ့ချိုးပိုင်လည်း သူ့နာမည်ကို တင်ပြလိုက်သည်။
“စံအိမ်တော်က။ ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်။ ထောက်ပံ့ရေးအမှတ်၁၀၀”
စံအိမ်တော်ကတဲ့လား။
လူအိုကြီးသည် ခေါင်းမော့ပြီး ယဲ့ချိုးပိုင်ကို ကြည့်လာသည်။ သူသည် စားပွဲပေါ်က နံပါတ်၁၁ဟူသည့်တိုကင်ပြားလေးကို လှမ်းပေးလိုက်ပြီး စကားဆို၏။
“ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်စိန်ခေါ်ပွဲက စနေပြီ။ တည့်တည့်သာဝင်သွားလိုက်”
“ကျေးဇူးတင်ပါတယ်”
ယဲ့ချိုးပိုင်က အရိုအသေပြုလိုက်ပြီး သိုင်းပညာစင်မြင့်ဆီကို ဝင်သွားလိုက်သည်။
ခဏအကြာမှာပင် နံပါတ်၁၁ အလှည့်ရောက်လာလေပြီ။
ယဲ့ချိုးပိုင်သည် ခြေလှမ်းတစ်လှမ်းလှမ်းလိုက်ပြီး သိုင်းပညာသတ်ပုတ်ရေးကြိုးဝိုင်းပေါ်ကို ခုန်တက်လိုက်သည်။ သူနှင့်မျက်နှာချင်းဆိုင်ဘက်တွင် ပေါက်ကွဲထွက်လုနီးပါးကြွက်သားများရှိပါသော လူသန်ကြီးတစ်ယောက် ရှိနေချေသည်။
“သိုင်းပညာခန်းမက လီဟယ်နဲ့ စံအိမ်တော်က ယဲ့ချိုးပိုင်..။ သူတို့ရဲ့အဆင့်က အတူတူပါပဲ။ လျင်သူစားစတမ်းပေါ့ဗျာ”ယ
လူအိုကြီးတစ်ယောက်က ထိုသို့ကြေညာပြီးနောက် စင်မြင့်ပေါ်က ဆင်းသွားလေသည်။
ယှဉ်ပြိုင်ပွဲကိုကြည့်နေကြသူအပေါင်းမှာ ထိုစကားကိုကြားပြီး ထိတ်လန့်သွားကြရရှာသည်။
“စံအိမ်တော်တဲ့လား။ ရာစုနှစ်တွေနဲ့ချီအောင် တပည့်လက်မခံခဲ့တဲ့စံအိမ်တော်ကလား”
“ဟုတ်တယ်။ စံအိမ်တော်က အခုဆိုရင် တပည့်အသစ်တွေလက်ခံနေပြီ။ စံအိမ်တော်က ဘယ်လောက်ထိအစွမ်းထက်လဲဆိုတာ ငါကြည့်ချင်သေးတယ်”
လီဟယ်က ပတ်ပတ်လည်ရှိ တီးတိုးစကားများကိုကြားသောအခါ မလှောင်ဘဲမနေနိုင်ချေ။
“စံအိမ်တော်ကတပည့်တဲ့လား။ စံအိမ်တော်ကလူတွေ ဘယ်လောက်ထိလုပ်ရည်ကိုင်ရည်ရှိလဲဆိုတာ သိချင်စမ်းပါဘိ”
ယဲ့ချိုးပိုင်ကတော့ ခွန်းတုံ့ပြန်မနေပေ။ ထိုအစား သူ့သစ်သားဓားကိုသာ ထုတ်လိုက်ပေသည်။
သူ့ခွန်အားကို ထုတ်ပြလိုက်သည့်အခါ ဤလူများ သူ့အလိုလိုပါးစပ်ပိတ်သွားကြလိမ့်မည်။
တစ်ချိန်တည်းမှာပင် အကြီးအကဲတချို့ကလည်း ခန်းမထဲမှာ ရောက်နေကြသည်။
ကျောင်းတော်၏ခေါင်းဆောင်ဖြစ်သူ ချင်းထျန်းနျန်လည်း အပါအဝင်ပင်။
“ကြည့်ရတာ လုချန်ရှန်းရဲ့တပည့် ဘယ်လိုအစွမ်းပြမလဲဆိုတာ လူတိုင်းသိချင်နေပုံပဲ”
ဓားသိုင်းခန်းမအကြီးအကဲက အေးတိအေးစက်သရော်၏။
“သူခေါ်ထားတဲ့တပည့်က အဲ့လောက်ကြီးတော်တတ်မနေရင်တော့ နောက်ကျရင် ကျောင်းတော်ရဲ့အရင်းအမြစ်တွေရဖို့မဖြစ်နိုင်တော့ဘူး”
သိုင်းပညာခန်းမအကြီးအကဲကလည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြသည်။
“ကျောင်းတော်ထဲကအထင်အမြင်ကွဲလွဲမှုတွေက ပိုဆိုးသထက်ဆိုးလာပြီ။ ခေါင်းဆောင်တောင်မှ သူတို့ကိုမဖိနှိပ်ထားနိုင်တော့မှာကို စိုးရိမ်မိတယ်”
ချင်းထျန်းနျန် သက်ပြင်းသာချမိသည်။
“ဒီကလေးကို အရင်စောင့်ကြည့်ကြတာပေါ့”
ပြိုင်ပွဲ စတင်လေပြီ။
လီဟယ်က လှောင်ပြောင်ရင်း ကွင်းပြင်ပေါ်ကို ခြေချလိုက်သည်။ ယဲ့ချိုးပိုင်၏ရင်ဘတ်ကို လက်သီးတစ်ချက်ပစ်သွင်းလိုက်ချိန်မှာ ပေါက်ကွဲလုနီးပါးကြွက်သားစိုင်များက ဖုဖောင်းထွက်လာလေသည်။
သိုင်းပညာခန်းမရှိလူတိုင်းက ရုပ်ပိုင်းဆိုင်ရာတောင့်တင်းသန်မာကြသည်။ အတော်ဆုံးထဲက တစ်ယောက်ဖြစ်သော လီဟယ်က ပို၍ပင်ထူးကဲလှသူဖြစ်သည်။
ပတ်ဝန်းကျင်ရှိလေထုက လားရာပြောင်းလဲသွားပြီး လက်သီးချက်တစ်ချက်ကြောင့် လေထုထဲဝယ် ပေါက်ကွဲသံတစ်ခုပဲ့တင်ထပ်သွားလေသည်။
ပတ်ပတ်လည်ရှိ ပွဲကြည့်သူအပေါင်းတောင် ထိတ်လန့်သွားကြရသည်။
“လီဟယ်၏ခန္ဓာကိုယ်က ထပ်ပြီးသန်မာလာတာပဲ။ ရွှေရောင်ဆေးဝါးဗဟိုချက်အဆင့်ရှိတဲ့လူတွေတောင် သူ့ရဲ့လက်သီးချက်ကို ခံနိုင်ရည်ရှိဖို့မလွယ်လောက်ဘူး”
“အဲ့ဒီယဲ့ချိုးပိုင်က တုတ်တုတ်တောင်မလှုပ်ဘဲ ရပ်နေတုန်းပဲ။ အဲ့ဒီလက်သီးချက်ရဲ့အစွမ်းကြောင့် ကြက်သေသေသွားပုံရတယ်”
“စံအိမ်တော်က အဲ့လောက်လည်းမဟုတ်ပါဘူးကွာ”
ယဲ့ချိုးပိုင်က ထိုလက်သီးချက်ကို တည်ငြိမ်စွာကြည့်လိုက်သည်။ သူ့ခန္ဓာကိုယ်က တကယ်ကို အလွန်အစွမ်းထက်လှသည်။
သို့သော် ထိုခွန်အားက အကုန်ပင်။
သူ့လက်ထဲရှိသစ်သားဓားကို အသာအယာမြှောက်ပြီး လွှဲယမ်းလိုက်သည်။
“မင်းက ငါ့လက်သီးချက်ကို သစ်သားဓားလေးနဲ့ကာချင်တယ်ပေါ့လေ”
လီဟယ်ကလှောင်ပြုံးပြုံးလျက် သစ်သားဓားကို လက်သီးဖြင့်ထိုးချလိုက်သည်။
သို့သော် လီဟယ်ထင်ထားသလို သစ်သားဓားတစ်စစီသွားသောမြင်ကွင်းက ဖြစ်ပေါ်မလာချေ။
ထိုအစား သူ့လက်သီးကသာ ပြင်းထန်လှသော ဓားသွားအရှိန်ကြောင့် ကြေမွသွားတော့မတတ် ဖြစ်သွားရသည်။
ရုတ်ခြည်းဆိုသလို သစ်သားဓားသည် သူ့လက်သီးဆုပ်ကို ထိုးဖောက်သွားလေတော့သည်။
လီဟယ်၏အမူအရာမှာ လုံးဝပြောင်းလဲသွားပြီး ခြေတစ်လှမ်းနောက်ပြန်ဆုတ်လိုက်ချေသည်။
အထက်နားဆီရှိ ဓားသိုင်းခန်းမ၏အကြီးအကဲကတော့ အမူအရာအားဖြင့် တည်ကြည်လေးနက်နေလေသည်။
“ဓားသွားချီစွမ်းအင်ကို ထိန်းချုပ်ထားတယ်။ ဒီကလေးရဲ့ ဓားသွားချီစွမ်းအင်ကျွမ်းကျင်မှုက သိပ်အားကောင်းတာပဲ”
ဓားသွားချီစွမ်းအင်ကို ထိန်းချုပ်ဖို့မှာ သိပ်မခက်ခဲသော်လည်း ၎င်းကို ပျက်စီးလွယ်သောသစ်သားဓားတစ်လက်ထဲကို သိမ်းဆည်းထားဖို့ကတော့ အင်မတန်ခက်ခဲလှသည်။
သိုင်းပညာခန်းမ၏အကြီးအကဲမှာ မျက်နှာမည်းခနဲဖြစ်သွားလေသည်။
“စောင့်ကြည့်ကြသေးတာပေါ့။ ဒါက အဲ့လောက်ကြီးလည်းမကောင်းပါဘူး”
တကယ်တမ်းတော့ လီဟယ်သည် သိုင်းပညာခန်းမ၏တပည့်တစ်ဦးဖြစ်ပေသည်။
ကြည့်ရှုသူအပေါင်းကလည်း ထိတ်လန့်အံ့သြသွားကြသည်။
ရှင်းလင်းနေသည့်အချက်မှာ ထိုမြင်ကွင်းသည် သူတို့ထင်ထားတာထက် သာလွန်နေခြင်းပင်။
ယဲ့ချိုးပိုင်၏အမူအရာမှာ လုံးဝမပြောင်းလဲသွားပေ။ သူ့မျက်ဝန်းအစုံသည် လှိုင်းငြိမ်နေသည့်ရေကန်နှယ် တည်ငြိမ်နေချေသည်။
သူသည် ရှေ့ကိုခြေတစ်လှမ်းလှမ်းလိုက်ပြီး မြားတစ်စင်းနှယ် ပြေးထွက်သွား၏။
သူ့လက်ထဲရှိသစ်သားဓားကို လွှဲယမ်းလိုက်သည့်အခါ ဓားရောင်ခြည်က လီဟယ်၏ခန္ဓာကိုယ်ပေါ်မှာ ဓားကွန်ယက်တစ်ခုနှယ် အမိအရအုပ်မိုးထားလေသည်။
ပြေးပေါက်မရှိတော့ချေ။
ထိုအခြင်းအရာကို လီဟယ်မြင်သောအခါ ရန်သူကို လျှော့တွက်မိလိုက်ပြီဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။
သူ့ကိုတိုက်ခိုက်လာသည့် ဓား၏နောက်ဆက်တွဲပုံရိပ်က အာကာသကို ထိုးခွင်းလုမတတ်ပင်။
သူ့ကိုတိုက်ခိုက်လာသည့် ဓား၏နောက်ဆက်တွဲပုံရိပ်က အာကာသကို ထိုးခွင်းလုမတတ်ပင်။
ဓားသွားလေပွေသည် လီဟယ်၏ခန္ဓာကိုယ်ကို ခုတ်ထစ်ကာ သွေးစသွေးနများ ကျန်ရစ်စေခဲ့သည်။
ထိုဓားက သူ့ကိုသာ တိုက်ရိုက်ခုတ်လိုက်ပါက အပိုင်းပိုင်းအစစ ပြတ်တောက်သွားပေလိမ့်မည်။
ထိုအကြောင်းကိုတွေးမိသည့်အခါ လီဟယ်က ကောင်းကင်ထိတိုင် ဟစ်ကြွေးလိုက်မိသည်။ သူ့လက်တွေကလည်း ကျောက်တုံးများအဖြစ် အသွင်ပြောင်းသွားချေသည်။
အနက်ရောင်ရွှေအစင်းကြောင်းများသည် ပြောင်လက်နေသောလက်မောင်းမှသည် သူ၏လက်ငါးချောင်းဆီသို့ စီးဆင်းသွားပြီး အနက်ရောင်ရွှေလက်အိတ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
“ဒါက အထွတ်အထိပ်အဆင့်ရတနာ အနက်ရောင်ရွှေလက်အိတ်ပဲ။ သူက တောင်တန်းဖြိုခွင်းရေးလက်သီးချက်ကို သုံးနေတာ။ ဒါက လီဟယ်ရဲ့ အားအကောင်းဆုံးသိုင်းကွက်ပဲ”
“အရင်တုန်းက သူ ရွှေရောင်ဆေးဝါးဗဟိုချက်ကနဦးအဆင့်မှာရှိနေတုန်းက ရွှေရောင်ဆေးဝါးဗဟိုချက်အထွတ်အထိပ်အဆင့်မှာရှိတဲ့ပညာရှင်တစ်ယောက်ကိုသုတ်သင်ဖို့ ဒီသိုင်းကွက်ကိုသုံးခဲ့တာ”
ယဲ့ချိုးပိုင် အံ့အားသင့်သွားရလေသည်။ တစ်ဖက်လူ၏ကိုယ်ရောင်ကိုယ်ဝါက အလွန်အမင်းမြင့်တက်နေချေသည်။ ထိုလက်သီးချက်၏အစွမ်းကလည်း အတော်အတန်အားပြင်းမည့်ပုံပင်။
အတိတ်တုန်းကသာဆိုလျှင် ထိုလက်သီးချက်ကို သူ တောင့်ခံနိုင်လိမ့်မည်မဟုတ်ချေ။
သို့သော် ယခုတော့ သူ့ဆရာပေးအပ်ထားသော အာဒိကပ္ပဓားသိုင်းကျမ်းနှင့် ဆေးဖက်ဝင်ဆေးပြားအမျိုးမျိုး၏ကျေးဇူးကြောင့် ထိုလက်သီးချက်လောက်က စာမဖွဲ့လောက်ပေ။
သူလည်း သူ့လက်ထဲကသစ်သားဓားကို ထပ်လွှဲယမ်းလိုက်သည်။
ဓားသွားချီစွမ်းအင် လွတ်ထွက်လာပြီး ဓားရောင်ခြည်ကလည်း အာကာသတစ်ခွင်ထိုးဖောက်ပစ်မတတ် ပိုမိုထက်ရှသိပ်သည်းလာသောကြောင့် ဓားသွားကွန်ယက်တစ်ခုကလည်း ဖြစ်တည်လာ၏။
လက်သီးဆုပ်နှင့်ဓားသွားတို့ ထိပ်တိုက်တွေ့ကြရာဝယ် သတ္တုအချင်းချင်းရိုက်ခတ်မိသည့်အသံတစ်ခု ထွက်ပေါ်လာလေတော့သည်။
ကံမကောင်းချင်တော့ ထိုအခြေအနေက သိပ်ကြာကြာမခံလိုက်ပေ။
လီဟယ်၏အမည်းရောင်ရွှေလက်အိတ်တွင် အက်ကွဲကြောင်းများ မြန်မြန်ဆန်ဆန်ပေါ်ပေါက်လာသည်။
ရှောင်လွှဲဖို့ မဖြစ်နိုင်တော့ချေ။
လီဟယ်၏အမူအရာကလည်း ပြောင်းလဲသွားလေပြီ။ အမည်းရောင်ရွှေလက်အိတ်ကလည်း ပျက်စီးသွားချေပြီ။
လက်မောင်းထက်မှာလည်း အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာပြီး သွေးများပန်းထွက်လာသည်။
ဟစ်အော်သံတစ်ခုနှင့်အတူ သူ့အား သိုင်းပညာသတ်ပုတ်ရေးကြိုးဝိုင်းအပြင်ဘက်ကို ဆွဲထုတ်သွားကြသည်။
“အနိုင်ရရှိသူကတော့ စံအိမ်တော်က ယဲ့ချိုးပိုင်ပဲဖြစ်ပါတယ်”
Good
Like
👍 👍👍
Nice
good
Good
LIKE
Good
good
good