Switch Mode

စာစဉ် (၁၅) အပိုင်း (၂၀၈)

မထွက်ခွာမီ

ကြီးမားသော လက်ကြီးက ကောင်းကင်ထက်မှ ဖြည်းညင်းစွာ ပြန်လည် ပျောက်ကွယ်ကာ ပျက်စီးနေသော တောင်များကို ချန်ထားရစ်ခဲ့သည်။ ကြည့်ရသည်မှာ သည်ဒေသရှိ တောင်တန်း တစ်ဝက်မျှပင် ဖျက်ဆီး ခံလိုက်ရဟန် တူသည်။

မရေမတွက်နိုင်သော ရူးသွပ်စွာဖြင့် ထိုမြင်ကွင်းကို စိုက်ကြည့် နေကြသည်။

ဇူယွမ်လည်းပဲ အံ့အားသင့်လျက် ရှိသည်။ သူလည်းပဲ ကျိုးဖန်၏ လုပ်ဆောင်မှုက မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ အကြွင်းအကျန် စွမ်းအားကို နိုးထစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“မျိုးနွယ်စု ခေါင်းဆောင် …”

မူဝူကျိကလည်း ထိုမြင်ကွင်းကို အကြောင်သား ငေးကြည့်နေပြီး သူ့နှုတ်ခမ်းများက အနည်းငယ် တုန်ယင်နေသည်။ သူ၏မျက်လုံးအစုံက ရိုသေ လေးစားမှုများဖြင့် ပြည့်နှက်နေသည်။

“ကျိုးဖန်က တကယ်ကို ကံဆိုးတာပဲ …”

အခြားတမန်တော် လေးယောက်က လေးပင်စွာ ခေါင်းခါယမ်း လိုက်ကြသည်။

သူတို့လဲ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ သေဆုံးမှုတွင် မြင့်မြတ်သော နန်းတော်နှင့် တစ်စုံတစ်ရာ ပတ်သက်ကြောင်းကို သိပေသည်။ ထိုကြောင့် မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ထိုမြင့်မြတ်သော နန်းတော်အား မုန်းတီးပေသည်။

မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း သေဆုံးပြီးနောက် သူ၏ခန္ဓာကိုယ်က မရေမတွက်နိုင်သော သူတော်စင် အကြွင်းအကျန် နယ်မြေများအဖြစ်သို့ ပြောင်းလဲသွားသည်။ ထိုနယ်မြေများ အနီးသို့ မြင့်မြတ်သော နန်းတော်မှ တစ်ယောက် ရောက်လာခဲ့သည် ရှိသော် မျိုးနွယ်စု ခေါင်းဆောင်၏ စွမ်းအားများ နိုးထလာကာ သူတို့ကို ကပ်ဆိုက်စေပေလိမ့်မည်။

သည်ကဲ့သို့ အကြောင်းအရာများကြောင့် မြင့်မြတ်သော နန်းတော်ကလန် အဖွဲ့ဝင်တိုင်းသည် မည်သည့် သူတော်စင် အကြွင်းအကျန် ဒေသကိုမှ မသွားဝံ့ကြပေ။

သို့သော်လည်း ကျိုးဖန်က သူတော်စင် နယ်မြေ၏ အနီးနားတွင် ရှိမနေခဲ့သော်လည်း သူက အဘယ်ကြောင့်မှန်းမသိ မျိုးနွယ်စု ခေါင်းဆောင်၏ စွမ်းအားများကို နိုးထစေခဲ့ပြီး ယခု သွေးအလိမ်းနှင့် ခံစားနေရပြီဖြစ်သည်။

ဘုန်း …

အားလုံး၏ သနားနေသည့် အကြည့်များ အောက်တွင် မူလချီတိုင်လုံး တစ်ခုက အပျက်အစီး အပုံကြားမှ ထိုးထွက်လာခဲ့ပြီး ပုံရိပ်တစ်ခုက ကောင်းကင်ပေါ်သို့ ပျံဝဲတက်လာကာ စိတ်မချမ်းမြေ့ဖွယ် ပုံရိပ်က လေထဲတွင် ဝဲနေလေသည်။

လူအုပ်ကြီးမှာ အပေါ်သို့ မော့ကြည့်လိုက်လျှင် အားလုံး ရှော့ရသွားသည်။ ကျိုးဖန်၏ ခန္ဓာကိုယ်ကြီးမှာ သွေးအလိမ်းလိမ်းနှင့် အဝတ်စားများမှာ စုတ်ပြတ်သတ်နေပြီး မူလချီစွမ်းအားများက မှိန်ဖျော့စွာ သူ့ပတ်ဝန်းကျင်တွင် ရစ်ဝဲလျက်ရှိသည်။ သူက အလွန်ပြင်းထန်သော ဒဏ်ရာများရရှိခဲ့ပေသည်။

ကြောက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် ကျိုးဖန်၏ ခန္ဓာကိုယ်က တုန်ယင်နေသည်။ အဘယ်ကြောင့် မျိုးနွယ်စု ခေါင်းဆောင်၏ စွမ်းအားများ နိုးထ လာသည်ကို သူ့အနေဖြင့် တွေးမတတ်အောင် ဖြစ်နေသည်။

“ကပ်ဘေးပဲ။ ငါတော်တော်ဝေးဝေးကို ရောက်လာခဲ့တာပဲ။ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ”

ကျိုးဖန်၏ စိတ်အတွင်းမှ အော်ဟစ်လိုက်သည်။

သူ့အနေဖြင့် သူတော်စင် အကြွင်းအကျန် နယ်မြေက သူတို့မြင့်မြတ်သော နန်းတော်မှ လူများအား မကြိုဆိုသည်ကို မသိဘဲနှင့် မနေပေ။ ထိုကြောင့် သူက အစမှ အဆုံးအထိ မျိုးနွယ်စု ခေါင်းဆောင်၏ အမျက်ဒေါသ သင့်စေမည့် အကွာအဝေး အဝေးအတွင်းသို့ မရောက်ရှိအောင် သတိထားခဲ့သည်။

မူဝူကျိက အေးစက်စက် ရယ်မောလိုက်ပြီး လှောင်ပြောင်လိုက်သည်။

“ဟမ့် … ကျိုးဖန် မင်းက အခြားကောင်တွေထက် တော်တော်ရွံဖို့ ကောင်းတဲ့ ကောင်နဲ့တူတယ် အရမ်းရွံဖို့ ကောင်းလွန်းလို့  အကြီးအကဲက မင်းကို လုံးဝ မမြင်ချင်တဲ့ပုံပဲ”

ကျိုးဖန်၏ ဖြူဖျော့နေသော မျက်နှာပေါ်တွင် ဒေါသကြောင့် ခက်ထန်နေသည်။ သို့သော်လည်း သူအနေဖြင့် အစောပိုင်းကလောက် သြဇာမပေးနိုင်တော့ပေ။ အစောပိုင်းတုန်းက ကဲ့သို့ စွမ်းအား မရှိတော့သောကြောင့် သူက ဦးနှောက်မဲ့စွာ မပြုမှုရဲပေ။ သည်အကျဉ်းအကျပ် အခြေအနေတွင် တစ်စုံတစ်ယောက်က သူအား သတ်သွားနိုင်ပေသည်။

ဒါ့အပြင် မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်း၏ ကျော်ကြားမှုနှင့် ဂုဏ်သတင်းက ကြီးမားပေသည်။ သူသေသွားခဲ့သော်လည်း ကန်ရွှမ်ကောင်းကင်ဒေသ၏ နံပါတ်တစ် အဖွဲ့အဝင်ဟောင်း ဆိုသော အမည်က ခြိမ်းခြောက်နိုင်စွမ်း ရှိပေသည်။

“ငါဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို မေ့မှာမဟုတ်ဘူး”

ကျိုးဖန်က အံကြိတ်ကာ အငြိုးထားသော အကြည့်က မူဝူကျိကို ဖြတ်သန်းသွားပြီး ဇူယွမ်ထံတွင် ရပ်တန့်သွားသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များက အပြင်သို့ စိမ့်ကာ ထွက်လာခဲ့သည်။ ထင်ရှားစွာပင် သူသည်နေ့ အရှက်တကွဲ ဖြစ်ရခြင်းမှာ ဇူယွမ်ကြောင့်ဟု ခိုင်မာစွာ ယုံကြည့်နေပေသည်။

ထိုခြိမ်းခြောက်စကားများ ပြောပြီးနောက်တွင် ကျိုးဖန်အနေဖြင့် တစ်စက္ကန့်၏ အစိတ်ပိုင်းလေးပင် သည်နေရာ၌ မျက်နှာ ပြလိုစိတ် မရှိတော့ပေ။ သူ၏ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်ပြီး မူလချီများ ထွက်ပေါ်လာကာ ယဲ့မင်တို့ လူစုကို လွှမ်းခြုံလိုက်ပြီး သူတော်စင် အကြွင်းအကျန်မြို့မှ ပျံသန်းထွက်ခွာ သွားသည်။

သည်လိုနှင့် နတ်ဘုံခန်းဝါအဆင့် များအကြား တိုက်ပွဲတစ်ခုမှာ အသက်မပါစွာဖြင့် အဆုံးသတ်သွားသည်။

မရေမတွက်နိုင်သော ပါရမီရှင်များမှာ နောင်တရစွာဖြင့် သက်ပြင်းချခဲ့ကြပြီး လူစု ခွဲသွားကြသည်။ သူတို့၏ အမူအရာများမှာ သူတို့အား သူတော်စင် ခြောက်ယောက်လုံးက ရွေးချယ်သွားခြင်း မရှိသောကြောင့် စိတ်ပျက်နေဟန်ရသည်။

ဇူယွမ် မျက်လုံး၏ အနက်ရှိုင်းဆုံး နေရာမှ အေးစက်မှု အပြည့်ဖြင့် ကျိုးဖန်၏ ထွက်ခွာသွားသော ပုံရိပ်ကို စိုက်ကြည့်လိုက်သည်။

“ဟုတ်ပြီ ကျိုးဖန် … ငါလည်းပဲမင်းကို မေ့မှာမဟုတ်ဘူး။ မင်းသည်နေ့ လုပ်သွားတဲ့ ကိစ္စအတွက် မင်းပြန်ပေးဆပ်ရမဲ့နေ့ ရောက်လာမှာပါ”

ဇူယွမ်က သူ၏နှလုံးသားထဲမှ အေးစက်စွာ ပြောလိုက်သည်။

ယခု လောလောဆယ်တွင် သူ့အနေဖြင့် ကျိုးဖန်အား ရင်မဆိုင်နိုင်သော်လည်း သူတို့တွင် အတော်လေး အားကောင်းသော မကျေနပ်ချက်များ ရှိနေကြပြီ ဖြစ်သည်။ အနာဂတ်တွင်သာ အခွင့်အရေး ရရှိခဲ့ပါက ယနေ့ ကျိုးဖန် လုပ်ခဲ့သမျှ အရာအားလုံးကို ပေးဆပ်ခိုင်းမည် ဖြစ်သည်။

မူဝူကျိက တစ်ဖက်သို့ လှည့်လိုက်ပြီး ဇူယွမ်အား ကြည့်ကာ မှတ်ချက်ချလိုက်သည်။

“မင်းဒီလောက် စွမ်းလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး”

သူက ကျိုးဖန်၏ သေချာလှသော တိုက်ခိုက်မှုကို ဇူယွမ် ရှောင်နိုင်ခဲ့သည်နှင့် ပတ်သက်ပြီး ရည်ညွှန်း ပြောလိုက်သည်။

ဇူယွမ်က ပြုံးလိုက်သည်။ ကျိုးဖန်၏ နတ်ဘုံခန်းဝါ အဆင့်စွမ်းအားမှာ သူ့ထက် အလွန်အမင်း သာလွန်ပေသည်။ သူ့အနေဖြင့် ထိုတိုက်ခိုက်မှုကို ထိပ်တိုက် ရင်ဆိုင်ပါက သေချာပေါက် အသတ်ခံရမည် ဖြစ်သည်။ သို့သော်လည်း သူအနေဖြင့် ရှောင်တိမ်းခဲ့သည့် အတွက် အနက်ဖော်မှုလစာလုံး၏ အစွမ်းနှင့် အတူ နှစ်ယောက်လုံး လွတ်မြောက်ခဲ့သည်။

မူဝူကျိက ပြောလိုက်သည်။

“အခုမှစ၍ မင်းတိုနှစ်ယောက်က ကန်ရွှမ်းကလန်ရဲ့ အတွင်းစည်း တပည့်တွေ ဖြစ်သွားပြီ”

“ရက်အချို့ကြာရင် ငါက မင်းတို့ကို ကန်မင်တိုက်ကြီးကနေ ကန်ရွှမ်းကလန်ကို ခေါ်ဆောင် သွားတော့မယ်”

“ငါတို့ အဲဒီကို တစ်ခါတည်း သွားရမှာလား” ဇူယွမ်က ပြန်ပြောလိုက်သည်။

”စိတ်အေးအေးထားပါ။ ငါမင်းရဲ့ မိဘတွေဆီကို သတင်းပို့ဖို့  ငါလူတစ်ယောက် လွှတ်လိုက်မယ်” မူဝူကျိက ပြောလျက် ပြောခဲ့တယ်။

ဇူယွမ်က ခဏမျှ တွေဝေသွားပြီး ကြီးမြတ်သော ဇူအင်ပါယာ တည်ရှိရာ အနောက်အရပ်ကို လှည့်ကာ ကြည့်လိုက်သည်။

“မင်း ကြီးမြတ်သော ဝူအင်ပါယာနဲ့ ပတ်သက်ပြီး စိတ်ပူနေတာလား”

ထိုအရာကို မြင်တော့ မူဝူကျိက မေးလိုက်သည်။သူက ဇူယွမ်ကို စောင့်ကြည့်ရင်း အရာတော်တော်များများကို သိရှိခဲ့ရသည်။

ဇူယွမ်က ခေါင်းညိတ် လိုက်သည်။ သူ၏ အဖေက သူ့အား ခြောက်လန့်နေသော အရိပ်ဆိုးကြီးမှ လွတ်မြောက်ခဲ့ပြီး သူ၏ သန်မာမှုအား ပြန်လည် ရရှိခဲ့သော်လည်း သူ့အနေဖြင့် ဝူဘုရင်အား ရင်ဆိုင် တိုက်ခိုက်ရန် စွမ်းအား မလုံလောက်သေးပေ။ ထို့အပြင် ဝူအင်ပါယာ၏ စွမ်းအားက ဇူအင်ပါယာထက် သာလွန်ပေသည်။

သူက ဝူဟောင်ကို ရှုံးနိမ့်စေခဲ့ပြီး မြင့်မြတ်သော နဂါးကောင်းချီး အချို့ကို ပြန်လည် ရယူနိုင်ခဲ့သည်။ ဝူဘုရင်သာ ထိုအရာကို သိရှိသွားပါက သူသေချာပေါက် ဒေါသထွက် ပေလိမ့်မည်။ ဇူယွမ်အနေဖြင့် ဝူဘုရင်က သူ၏ အမျက်ဒေါသအား ကြီးမြတ်သော ဇူအင်ပါယာသို့ ပုံချလိုက်မည်ကို စိုးရိမ်ပေသည်။ သူပြန်မလာသေးမီ ကြီးမြတ်သောဇူတို့ ပျက်စီးနေမည်ကို သူမမြင်လိုပေ။

“တိုက်ပွဲဝင် ရုပ်သေးကလန်ရဲ့ အပျက်အစီးတွေ ဘယ်လောက် တိုးတက်နေပြီလဲ ငါသိချင်မိတယ်။ ရုပ်သေးတိုင်းကိုသာ ပြောင်းလဲနိုင်ခဲ့ရင် ငါတို့ ကြီးမြတ်သော ဇူအင်ပါယာရဲ့ အင်အားက အံ့ဩတုန်လှုပ်ဖွယ် ကောင်းအောင် တိုးတက်လာမှာပဲ။ အဲဒီလို ဖြစ်သွားတဲ့ အချိန်ရောက်ရင်  ကြီးမြတ်သော ဝူအင်ပါယာကို အလွန်အမင်း ကြောက်ရွံ့နေဖို့ မလိုတော့ဘူး” ဇူယွမ်က တွေးလိုကသည်။

မူဝူကျိက ဆေးတံဖွာရှိုက်ထုတ် ကာပြောလိုက်သည်။

“ငါဝူအင်ပါယာကို စောင့်ကြည့်ဖို့အတွက် လူတစ်ယောက်ကို လွှတ်ထားလိုက်မယ်။ ဒါကြောင့် မင်း သိပ်စိတ်ပူဖို့ မလိုဘူး”

သူက ဇူယွမ်ကို ကြည့်လိုက်ပြီး …

“ဒါ့အပြင် ဘုရင်ဝူက အလွန်သန်မာတယ် ဆိုတာ မင်း သိသင့်တယ်။ သူက နတ်ဘုံခန်းဝါ အဆင့်ကို ရောက်ရှိနေခဲ့ပြီ။ မင်းတို့ ဇူအင်ပါယာမှာတော့ အဲဒီ သည့်အဆင့်ကို ရောက်ရှိနေတာ တစ်ယောက်မှ မရှိသေးဘူး”

“နတ်ဘုံခန်းဝါအဆင့် တစ်ယောက်က အရာအားလုံးကို ပြောင်းလဲဖို့ အတွက် လုံလောက်တယ်”

“မင်းသာ မင်းရဲ့ အင်ပါယာက ကြီးမြတ်သော ဝူအင်ပါယာနဲ့ စွမ်းအားချင်း ယှဉ်ပြိုင်ဖို့ ဆိုလျှင် မင်းမှာ နတ်ဘုံခန်းဝါအဆင့် တစ်ယောက်ကို ရင်ဆိုင်ဖို့ အတွက် စွမ်းအားရှိဖို့လိုတယ်”

“ကန်ရွှမ်းကလန်က ကန်ရွှမ်းကောင်းကင်ဒေသရဲ့ အင်အားကြီး ကလန်ထဲက တစ်ခုပဲ။ သည်အရာက မင်းရဲ့ တောင်ပံတွေကို အမှန်တကယ် ဖြန့်ကြက်ပြီး စစ်မှန်သော စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာစေလိမ့်မယ်”

”ဒါ့ကြောင့် မင်းအနေနဲ့ အခွင့် အရေးကို ဖမ်းဆုပ်တတ်ဖို့ပဲ လိုတယ်”

မူဝူကျိ၏ ပွင့်လင်းသော အကြံပေးမှုကို ကြားပြီးနောက်မှာ ဇူယွမ်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူအနေဖြင့်လည်း ကန်ရွှမ်းကလန်ထဲသို့ ဝင်ရောက်ခြင်းက သူ၏ အစစ်အမှန် စွမ်းရည်များကို ထုတ်ဖော်နိုင်မည့် တစ်ခုတည်းသော အရာမှန်း နားလည်ပေသည်။

ကန်မင်တိုက်ကြီးက သူ့အတွက် သေးငယ်လွန်းသည့် အတွက် သည်နေရာမှာ နေထိုင်ခြင်းက သူ၏ ကြီးထွားမှုကို ကန့်သတ်ထားသလို ဖြစ်ပေလိမ့်မည်။

စွမ်းရည်များစွာ ရှိခဲ့သည့် သိမ်းငှက် တစ်ကောင်အား လှောင်ချိုင်ထဲတွင် ပိတ်လှောင်ထားပါက သူ၏ စွမ်းရည်များမှာ သာမည အဆင့်သို့ ကျဆင်းသွားမည် ဖြစ်သည်။

“ကျွန်တော် သိတယ် …”

ဇူယွမ်က ခေါင်းညိတ်ခဲ့တယ်။ သူက လက်သီး ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အကာအဝေး တစ်ခုကို စိုက်ကြည့်လိုက်သည်။

“အဖေနဲ့ အမေ … ကျွန်တော် အမေနဲ့ အမေတို့ကို ချန်မထားခဲ့ဘူး။ ဒါပေမဲ့ ဆိုးရိုးစကား တစ်ခုရှိတာက သိမ်းငှက်တစ်ကောင်မှန်ရင် တစ်နေ့မှာ သူ့အသိုက်ကို စွန့်ခွာရမှာပဲ။ ဒါကြောင့် စိတ်ပူမနေပါနဲ့ ကျွန်တော် ဇူအင်ပါယာကို ပြန်လာခဲ့မှာပါ”

“ကျွန်တော်က ကျွန်တော်တို့ ဇူအင်ပါယာ ဆုံးရှုံးသွားတဲ့ အရာအားလုံးကို ပြန်ယူမယ်”

“ဒါကြောင့် … အဖေတို့ အမေတို့ သားပြန်လာတာကို စောင့်နေပေးပါ”


Comment

Leave a Reply

Options

not work with dark mode
Reset