”သူတော်စင်သွေး …”
ဇူယွမ်၏ အကြည့်များမှာ အလွန်အမင်းကို ဆူပွက်နေပြီး ရွှေရောင် သွေးစက်ကို စိုက်ကြည့်နေသည်။ သူအနေဖြင့် ၎င်းတွင် ပါဝင်နေသော အကန့်အသန့်မဲ့သည့် မူလချီများကို ခံစားမိပေသည်။
ရှိသမျှ ကန်မင်တိုက်ကြီးမှ ပါရမီရှင်များ အားလုံးသည် နေရာတွင် လာရောက်စုစည်းရသည့် အကြောင်းအရင်းမှာ သည် ဒဏ္ဍာရီလာ သူတော်စင် သွေးစက်ကြောင့် ဖြစ်သည်ကို သူ့အနေဖြင့် မသိရှိပဲ မနေပေ။
သည်သူတော်စင် သွေးစက်က သူတော်စင် တစ်ယောက်၏ အံ့အားသင့်ဖွယ်များ ပါဝင်နေသည်။
ပြောကြသည်မှာ သည်အရာကို ဆုပ်ယူလိုက်လျှင် မသန့်ရှင်းသော အရိုးအကြောများကို သန့်စင်ပေးပြီး သူတို့ကို သန်မာစေပေသည်။ ကျင့်ကြံသူမျာက သူတို့၏ မရီဒန်များကို ဖွင့်လှစ်သည့်အခါ သူတို့က သွေးကြော ဖွင့်လှစ်သည့် အဆင့်ကို ဖြတ်ကျော်ပြီး ချီစုဆောင်းမှု အဆင့်သို့ ရောက်ရှိလိမ့်မည်။ ထိုပြင် သူတို့၏ အခြေခံ အုတ်မြစ်မှာ လွန်စွာ ခိုင်မာပေလိမ့်မည်။
လူတိုင်းက မရီဒျန် စီးကြောင်းများကို ဖွင့်လှစ်ရန် အတွက် တန်ဖိုးရှိသော အရာတစ်ခုခုကို အသုံးပြုရန် ဆန္ဒရှိကြပေသည်။
သူတော်စင် သွေးစက်က လူတစ်ယောက်၏ အခြေခံ အုတ်မြစ်ကို ပြန်လည် တည်ဆောက် ပေးနိုင်ပေသည်။ လူတစ်ယောက်က ကျင့်ကြံခြင်းတွင် ပြသာနာ ကြုံတွေ့ရခြင်းမှာ သူ၏အခြေခံ အုတ်မြစ်နှင့် သက်ဆိုင်ပေသည်။ ပြန်လည် တည်ဆောက်ခြင်း ဖြစ်စဉ်က ထိုပြသာနာများကို အပြည့်အဝ ဖြေရှင်းပေးနိုင်ပေသည်။
ပိုပြီး အရေးကြီးသည်မှာ သူတော်စင် သွေးအတွင်းတွင် များစွာသော အံ့ဖွယ်များ ပါဝင်နေပြီး လူတစ်ယောက်၏ အနာဂတ် ကျင့်ကြံခြင်း လမ်းစဉ်ကို အလွန်အမင်း အကျိုးဖြစ်ထွန်း စေပေသည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ဇူယွမ်မျက်နှာပေါ်က အပြုံးကို မြင်သောအခါ ဇူယွမ်ကို ကြည့်ပြီး မေးလိုက်သည်။
“ခွေးကောင်လေး။ ဒါက မင်းကို ဖြည့်ဆည်းပေးဖို့ လုံလောက်လား”
ဇူယွမ်က သူ့ရဲ့ နှုတ်ခမ်းထောင့်စွန်းမှ သရေများကို သုတ်လိုက်ပြီး လက်မထောင်ပြကာ ပြောလိုက်သည်။
“မျိုးနွယ်စု ခေါင်းဆောင်က အရမ်း သဘောထား ကြီးတာပဲ”
သူက ခတ္တမျှ ရပ်တန့် သွားပြီးနောက် မေးလိုက်သည်။
“သည့်ထပ်ပိုပြီး ရှိသေးလား”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း၏ ချောမောပြီး ငယ်ရွယ်သည့် မျက်နှာက မည်းမှောင်သွားပြီး …
“ဒီအရာက အချို့သော ဟင်းသီးဟင်းရွက်တွေလို ဈေးမှာ ပေါပေါပဲပဲ ဝယ်လို့ရတယ်လို မင်း ထင်နေတာလား။ ငါ့ရဲ့ တန်ဖိုးရှိတဲ့ အရာတွေ ဆုံးရှုံးပြီး သွားတော့မှ သူတော်စင် သွေးစက်တစ်စက်က ဖြစ်တည်လာခဲ့တာ”
ဇူယွမ်က ခြောက်ကပ်ကပ် ရယ်မောလိုက်ပြီး …
“နောက်တာပါဗျာ စိတ်မဆိုးပါနဲ့”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက စိတ်ဆိုးနေသော လေသံဖြင့် …
“နောက်ပြီး ငါမင်းကို လုပ်ခိုင်းထားတဲ့ တာဝန်တွေကို သိပါတယ်နော်”
ဇူယွမ်က လျင်မြန်စွာ ပြောလိုက်သည်။
“ဒီအတွက်တော့ စိတ်မပူပါနဲ့ မျိုးနွယ်စု ခေါင်းဆောင် မြင့်မြတ်သော ကလန်က အစ်မကြီး ယောင်ယောင်ရဲ့ ရန်သူဆိုရင် ကျွန်တော့်အတွက် သူတို့က နံပါတ်တစ် ရန်သူပဲ။ သူတို့တွေရဲ့ လက်ထဲကို အခြား သူတော်စင် စာလုံးသုံးခု မရောက်စေရဘူး”
သူ့အနေဖြင့် အမှန်တိုင်း ပြောနေခြင်းပင် ဖြစ်သည်။ သူ့အတွက် မည့်သည့် အကျိုးအမြတ်မှ မရစေကာမှု မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းအား ကူညီမည် ဖြစ်သည်။ ထို့ပြင် စကားများစွာ ပြောဆိုပြီးနောက်တွင် မြင့်မြတ်သော နန်းတော်က ယောင်ယောင်ကို အန္တာရာယ် ပေးနိုင်သော အနေအထားတွင် ရှိပေသည်။
“ကြိုတင်ပြင်ဆင်မှုတွေ လုပ်သွားဦး။ မင်းဒီနေရာမှာပဲ သူတော်စင် သွေးစက်ကို စုပ်ယူသင့်တယ်။ မင်း အဲဒီအရာကို သယ်ဆောင်ပြီး အပြင်ထွက်သွားရင် မင်းကို မင်းတောင် ကာကွယ်နိုင်မှာ မဟုတ်ဘူး” မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက နှာခေါင်းရှုံ့လျက် ပြောသည်။
ဇူယွမ်က ထိုစကားကို ကြားရချိန်တွင် ခေါင်းညိတ်လိုက်သည်။ မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်း ပြောသည်မှာ မှန်ပေသည်။ သူတော်စင် သွေးစက်မှာ အလွန်ဆွဲဆောင်မှု အားကောင်းလွန်းသည်။ ထို့အပြင် သူတော်စင် အကြွင်းအကျန် ဒေသမှ လူတိုင်းသည် သည်အရာကြောင့်ပင် စုဝေးလာခဲ့ကြခြင်း ဖြစ်သည်။သူတို့သာ သူတော်စင် သွေးစက်ကို သူ့ထံတွင် ရှိကြောင်းကို ရှာတွေ့မည် ဆိုလျှင် သူတို့ နှလုံးသားအတွင်းရှိ ဆိုးယုတ်သည့် စိတ်များ မည်မျှမြင့်တက် လာမည်ကို မည်သူမှ မသိနိုင်ပေ။ သူအနေဖြင့် သောက်ကျိုးနည်း အဆုံးမတတ်သည့် ပြသာနာများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
မျက်နှာပေါ်တွင် မျှော်လင့်ချက် အပြည့်ဖြင့် ဇူယွမ်က ထင်းရှူးပင်ကြီး အောက်တွင် ထိုင်ချလိုက်သည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက သူ၏လက်ကို တစ်ချက် တန့်လိုက်လျှင် ရွှေရောင်သူတော်စင် သွေးစက်က ရွှေရောင် အလင်းတန်းအဖြစ် အရှေ့သို့ ထိုးတက်သွားသည်။ ထိုအရာက လေထဲတွင် တဖြည်းဖြည်း ပြန့်ကားလာပြီး သိပ်သည်းသော ရွှေရောင် အခိုးအငွေ့များအဖြစ် ပြောင်းလဲကာ ဇူယွမ်၏ နှာခေါင်း အတွင်းသို့ တိုးဝင်သွားသည်။
ဘုန်း။
ကျယ်လောင်သော ပေါက်ကွဲသံကြီးက ဇူယွမ်၏ စိတ်အတွင်းတွင် ကြားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ် အတွင်းတွင် မီးတောင်တစ်လုံး ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။
ပူပြင်းလှသော ရွှေရောင် အခိုးအငွေ့များက လျင်မြန်စွာပဲ သူ၏ ခြေလက်များနှင့် အရိုးများဆီသို့ ချော်ရည်ပူလိုမျိုး စီးဆင်းသွားသည်။
သူ၏ ချီသိုလှောင်ခန်း အတွင်းမှ နက်ရွှေရောင် စပါးအုံးချီများက ဟစ်ကြွေး လာခဲ့ပြီး ရွှေရောင် အခိုးအငွေ့များကို အငမ်းမရ စုပ်ယူသည်။
သိပ်သည်းသော ရွှေရောင် အခိုးအငွေ့များက ဇူယွမ်၏ ခန္ဓာကိုယ်အနှံ့သို့ စီးဆင်းကာ ဇူယွမ်၏ ခန္ဓာကိုယ် နေရာတိုင်းတွင် ပြည့်နှက်သွားပြီး သွေးကြောများ အရိုးများ အတွင်းသို့ ဖြည်းညင်းစွာ စိတ်ဝင်သည်။
ထိုအခိုက်တွင် သူ့ခန္ဒကိုယ် အတွင်းရှိ အရိုးများ အသားများ၊ သွေးများ အတွင်းမှ ရွှေရောင် အစက်အမှုန်များမှာ ပြန့်ကားလာသည်။
ဇူယွမ်၏ ခန္ဓာကိုယ် အတွင်းမှ မူလချီများက တဖြည်းဖြည်းနှင့် တလိပ်လိပ် တိုးလာခဲ့သည်။
သူ၏ မူလချီများသာ မဟုတ်ဘဲ ငွေအရိပ်ကို အသုံးပြုခြင်းကြောင့် မှိန်ဖျော့ အားနည်းသွားသည့် သူ၏ မျက်ခုံးနှစ်ခုကြားမှ စိတ်ဝိညာဉ်မှာလည်း အလွန် အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် ပြန်လည် ကောင်းမွန်လာသည်။
သူအစောပိုင်း တိုက်ပွဲတွင် ရရှိခဲ့သော တိုက်ပွဲများမှာလည်း စတင်ပြီး ပြန်လည် ကောင်းမွန်လာသည်။
ထို့ပြင် သူ၏စိတ်ဝိညာဉ်မှာ ရွှေရောင် အခိုးအငွေ့များကို စုပ်ယူပြီးသည်နှင့် စတင်ပြီး သန်မာလာကာ ပိုပြီးကြီးထွား ပိုပြီး ရုပ်လုံးပေါ်လာလေသည်။
ထိုအချိန်မှာပဲ ဇူယွမ်၏ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းသည် အပြင်းအထန် အကျိုးသက်ရောက်မှုနှင့် ကြုံတွေ့နေရပြီး ပြောင်းလဲနေသည်။
***
လူငယ်လေး တစ်ယောက်က ထင်ရှူးပင် အောက်တွင် ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်မှ မူလချီများက လျှံထွက်နေကာ သူ၏နောက်တွင် ကြီးမားသော စပါးအုံးမြွေကြီး သဏ္ဌာန် ဖြစ်ပေါ်နေကာ ရွှေရောင် အခိုးအငွေ့များကို အဆက်မပြတ် စုပ်ယူနေသည်။
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်း၏ မျက်လုံးများမှာ တောက်ပနေပြီး ဇူယွမ်၏ နောက်တွင် မှုန်ဝါးစွာ ရှိနေသည့် စပါးအုံးကြီးကို ကြည့်နေကာ …
“သည်မှုလချီက ကြည့်ရတာ အဆင့် (၅) သာ ရှိနေပေမဲ့ ဒါက သူ့ရဲ့ အကန့်အသတ်ကို မရောက်သေးသလိုပဲ”
“ငါမမှားဘူး ဆိုရင် ဒါက ဒဏ္ဍာရီလာ ဘိုးဘေးနဂါး ချီကျင့်စဉ်မလား”
မျိုးနွယ်စု ခေါင်းဆောင်ကန်ရွှမ်းက ယောင်ယောင်ကို လှမ်းကြည့်လိုက်သည်။
ယောင်ယောင်က ခေါင်းညိတ်ပြလိုက်ပြီး ဇူယွမ်ကို စိုက်ကြည့်က …
“ဘိုးဘေးနဂါး ကျင့်စဉ်နဲ့ အဘိုးဟေးရဲ့ ကောင်းကင်ယွမ် ကျင့်စဉ်မှာ သူက ဒီကျင့်စဉ်ကို ရွေးချယ်ခဲ့တယ်”
“ဘယ်လောက်တောင် ရည်မှန်းချက်ကြီးတဲ့ လူငယ်လေးလဲ”
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက ရယ်မောခဲ့သည်။ သာမန်လူတွေ အနေဖြင့် ထိုကဲ့သို့ စွန့်စားမှုမျိုး မပြုလုပ်လိုပေ။ ထိုပြင် ဘိုးဘေးနဂါးချီ ကျင့်စဉ်သည် ကျင့်ကြံရန် လွန်စွာ ခက်ခဲပေသည်။ သည်ကျင့်စဉ်ကို စတင် ကျင့်ကြံပြီးပါက နောက်သို့ပြန်ဆုတ်၍ မရနိုင်တော့ပေ။
နဂါး ဖြစ်လာနိုင်သလို တီကောင်လည်း ဖြစ်သွားနိုင်သည်။
”သူဘာလို့ ကောင်းခြင်း ဆိုးခြင်းကို ရွေးချယ်ခဲ့လည်း ငါအံ့ဩမိတယ် …”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ခေါင်းယမ်းလိုက်ပြီး သူ၏ မျက်နှာ အမူအရာမှာ ခန့်မှန်း၍ မရသော ပုံမျိုးဖြစ်ပေါ်နေသည်။
မျိုးနွယ်စု ခေါင်းဆောင်က သူရဲ့ လက်မောင်းအိုးကို ဝှေ့ယမ်းလိုက်လျှင် မြူခိုးများက လှေတစ်စင်းအသွင် ပြောင်းလဲသွားသည်။ သူက ပြုံးလျက် မေးလိုက်သည်။
“မင်းဒါကို ဘယ်လို အသုံးပြုရမလဲ သိလား”
ယောင်ယောင်က သူရဲ့ လက်နဲ့ လှေပေါ်ကို လက်ချောင်းလေးဖြင့် တတောက်တောက်နဲ့ ခေါက်ကြည့်လိုက်သည်။
ယောင်ယောင်က လှေကို ကြည့်ရင်း မျက်လုံးများ တောက်ပလာပြီး မေးလိုက်သည်။
“ဆရာသခင်ကြီးက ဘာလို့ ကျွန်မကို ကာကွယ်ဖို့ တန်ဖိုးတွေ ပေးဆပ်တာလဲ”
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး
“လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက်”
ယောင်ယောင်က မျက်မှောင်ကြုတ်လိုက်ပြီး …
“ကျွန်မ တကယ် စွမ်းဆောင်နိုင်ပါမလား”
မျိုးနွယ်စုခေါင်းဆောင် ကန်ရွှမ်းက အကူအညီမဲ့စွာ ပြန်ဖြေခဲ့တယ်။
“မင်းင့ါနားက အချက်အလက်တွေနဲ့ သက်သေပြနိုင်မှာ မဟုတ်ဘူး။ မင်းရင်ထဲက မေးခွန်းတွေ အားလုံးကို တစ်ချိန်မှာ အဖြေရလာခဲ့ ပါလိမ့်မယ်။ သို့သော်လည်း အဲဒီအရာက အနာဂါတ်မှာ မင်းက ဟန်ယွမ်ကောင်းကင် ဒေသရဲ့ ခေါင်းဆောင် ဖြစ်လာခဲ့ရင်ပေါ့”
”ဟန်ယွမ်ကောင်းကင် ဒေသလား” ယောင်ယောင်၏ မျက်လုံးများ ဝှေ့တက် လာသည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းက ပြုံးလျက် ခေါင်းညိတ်လိုက်ပြီး …
“အားအကြီးဆုံး ကောင်းကင်ဒေသ တွေထဲက အဆင့် (၅) ရှိတဲ့ ကောင်းကင်ဒေသပဲ။ ကန်ယွမ်က အဲဒီက လာခဲ့တာ …”
ယောင်ယောင်က အနည်းငယ် တိတ်ဆိတ်သွားပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ဆရာကြီး”
***
တစ်လခွဲ ကြာပြီးနောက်။
မူလချီများ တလိမ့်လိမ့် တက်နေသော လူငယ်လေး တစ်ယောက်၏ ပုံရိပ်က ထင်းရှူးပင်၏ အောက်တွင် တိတ်ဆိတ်စွာ ထိုင်နေသည်။ အားပြင်းသော မူလချီများက သူ၏နံဘေးတွင် တုန်ခါနေပြီး သူ၏ အဝတ်အစားများပင် လေမတိုက်ဘဲ လွင့်ခါနေသည်။
ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှာ တုန်ခါသွားပြီး မူလချီအလင်းတန်းတစ်ခုက သူ့ဦးခေါင်း အထက်မှ ပေါ်ထွက်လာသည်။
မူလချီများက လေထဲတွင် ပြောင်းလဲလာပြီး နက်ရွှေရောင် စပါးအုံးမြွေ အဖြစ်သို့ ပြောင်းလဲသွားသည်။ ကြီးမားသော စပါးအုံး မြွေကြီးသည် ကောင်းကင်သို့ တက်ကာ ဟစ်ကြွေးလိုက်ပြီး နက်ရွှေရောင် အလင်းအလွှာမှာ ကွာကျသွားကာ ခရမ်းရောင်သန်း နေသည့် အလွှာအသစ် ဖြစ်ပေါ်လာသည်။
အနီးကပ် ကြည့်မည် ဆိုပါက ကြီးမားသော စပါးအုံးကြီး၏ ဦးခေါင်းတွင် သွေးငယ်သော ဦးဂျိုသဏ္ဌာန် အဖုနှစ်ဖု ပေါ်ထွက်နေပြီး ဝမ်းဗိုက်ပိုင်းတွင်လည်း ခြေလက်များ ထွက်ပေါ်နေသည်ကို မြင်ရပေမည်။
မျိုးနွယ်စု ခေါင်းဆောင် ကန်ရွှမ်းနှင့် ယောင်ယောင်တို့က သူတို့၏ခေါင်းကို မော့လိုက်ပြီး စပါးအုံးမြွေကြီးကို ကြည့်လိုက်သည်။
“အို … ဒီကောင်လေးရဲ့ မူလချီက အဆင့်ခြောက်အထိ မြင့်တက်သွားခဲ့ပြီ …”
ယောင်ယောင်က ခေါင်းညိတ်လိုက်သည်။
“ပထမဆုံးအနေနဲ့ နဂါးရဲ့ ဦးချိုနဲ့ ခြေလက်တွေ ပေါ်လာခဲ့ပြီ ဒီသင်္ကေတက စပါးအုံးမြွေကနေ မြွေနဂါးအဖြစ်သို့ ပြောင်းလဲသွားတာပဲ။ စိတ်မကောင်းစရာက ဒီအရာက အပြည့်အဝ ပြောင်းလဲခြင်း မဟုတ်ဘူး။ မဟုတ်ရင် သူ့ရဲ့ မူလချီက အဆင့် (၇) သို့ ရောက်သွားပြီး ကမ္ဘာဖျက်ဆီးခြင်း ကောင်းကင်မြွေနဂါးချီ ဖြစ်လာမှာ”
ထင်ရှားစွာပင် ဇူယွမ်အနေဖြင့် ဝူဟောင်ထံမှ မြင့်မြတ်သော နဂါးကောင်းချီး အားလုံးကို စုပ်ယူနိုင်ခဲ့ပါက သူ၏ အလုံးစုံသော စပါးအုံးချီကို များစွာ ပြောင်းလဲ စေပေလိမ့်မည်။
ယခုတော့ သူ၏ အလုံးစုံသော စပါးအုံးချီက အဆင့်ခြောက်သို့သာ ရောက်ရှိခဲ့သည်။။
ဇူယွမ်က မျက်လုံးကို တင်းကျပ်စွာ ပိတ်ထားရင်းမှ ဖွင့်လိုက်သော အချိန်တွင် သူ၏ လည်ချောင်းအတွင်းမှ ရှင်းလင်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
ဝေါင်း …။
ကြီးမားသော စပါးအုံးကြီးသည် ဟစ်ကြွေးရင်း အောက်သို့ ဆင်းလာပြီး အဆုံးသတ်မဲ့သော ခရမ်းရွှေရောင် မူလချီများအဖြစ်သို့ ပြောင်းလဲကာ ဇူယွမ်က တစ်ချက်တည်းဖြင့် ဝါးမျိုလိုက်သည်။
ဝုန်း …။
မိုးချုန်းသံကဲ့သို့ ပေါက်ကွဲသံက ဇူယွမ်၏ ခန္ဓာကိုယ် အတွင်းမှ ထွက်ပေါ် လာခဲ့သည်။
သူက မတ်တတ် ရပ်လိုက်ပြီး အင်အား ပြည့်ဝသော မူလချီများကသူ၏ ခန္ဓာကိုယ်မှ မုန်တိုင်းအလား ပေါက်ကွဲ ထွက်ပေါ်လာသည်။ ယခုချိန်တွင် လွန်ခဲ့သော လဝက်ထက် များစွာ သန်မာနေပြီ ဖြစ်သည်။
ဇူယွမ်က သူ့ခန္ဓာကိုယ်မှ ခိုင်မာသော မူလချီ စွမ်းအားများကို ခံစားမိပေသည်။ ပြီးခဲ့သော လဝက်အတွင်း သူက ကောင်းကင်တံခါး အလယ်အလတ် အဆင့်မှ တစ်ဝက်တစ်ပျက် မူလစဦးအဆင့်သို့ တက်ရောက်နိုင်ပြီ ဖြစ်သည်။
မူလစဦး အဆင့်ကျင့်ကြံသူဖြစ်ရန် လက်မ အနည်းငယ်သာ လိုတော့သည်။
သည်အရာက မူလစဦး အဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်ဟု ပြောနိုင်ပေသည်။