Switch Mode

အခန်း (၆၈)

ကျင့်ကြံခြင်းအရှိန်မြှင့်တင်ရန်

အခန်း (၆၈) ကျင့်ကြံခြင်းအရှိန်မြှင့်တင်ရန်

ခွန်လွန်၏ဖန်ဆင်းခြင်းဟုဆိုရာတွင် ဤရတနာပစ္စည်းက ခွန်လွန်တောင်၏ ရင်းမြစ်များကို စုပ်ယူပြီး ကံကောင်းခြင်းနှင့် အခွင့်အလမ်းများကို ပေးအပ်မည်ကို ဆိုလိုခြင်း ဖြစ်သည်။

ကျန်းလန် ပန်းချီကားကိုကြည့်လိုက်သည်နှင့် ထိုအချက်ကို ရှင်းရှင်းလင်းလင်း နားလည်လိုက်သည်။

ခွန်လွန် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားက ခွန်လွန်တောင်တွင်သာ အသုံးဝင်သည့် ပစ္စည်းတစ်ခု ဖြစ်သည်။

ခွန်လွန်တောင်က တောင်အပေါင်း၏အရှင်သခင် ဖြစ်သလို ကျောက်စိမ်းရေကန်ကို မွေးဖွားပေးရာ နေရာလည်း ဖြစ်၏။

မိုးနှင့်မြေမှ ဝိညာဉ်စွမ်းအားများ…

နေနှင့်လမှ အနှစ်သာရစွမ်းအားများ…

သက်ရှိများအားလုံး၏ အသက်ဓာတ်စွမ်းအားများ…

ထိုအရာများအားလုံးက ကျောက်စိမ်းရေကန်အတွင်းဝယ် ရှိလေသည်။

ထို့ကြောင့်… ကျောက်စိမ်းရေကန်တွင် ကျင့်ကြံမည်ဆိုပါက တစ်ဝက်မျှ အားစိုက်ထုတ်ရုံမျှဖြင့် အောင်မြင်မှုရလဒ် နှစ်ဆခန့် ရရှိပေလိမ့်မည်။ ကျင့်ကြံခြင်းသည်လည်း အလွန်လျှင်မြန်မည် ဖြစ်၏။

အကယ်၍… တစ်စုံတစ်ယောက်က ကျောက်စိမ်းရေကန်သို့ ဝင်ရောက်နိုင်မည်ဆိုပါက မိုးနှင့်မြေမှ ဝိညာဉ်စွမ်းအားများ ၊ နေနှင့်လမှ အနှစ်သာရစွမ်းအားများ ကျောက်စိမ်းရေကန်မှ စိမ့်ထွက်လာပြီး ခွန်လွန်တောင်တစ်ခုလုံးသို့ ကောင်းမွန်သည့် သက်ရောက်မှုများ သယ်ဆောင်လာနိုင်မည် ဖြစ်သည်။

ထိုသို့ဆိုလျှင်… ခွန်လွန်တောင်၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်အနေအထား ပိုပြီး တိုးတက်လာမည် ဖြစ်သည်။

ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားနှင့် ပတ်သက်လျှင်တော့ ပန်းချီကားကိုသာ အသက်သွင်းနိုင်လျှင်  ကျောက်စိမ်းရေကန်ထဲတွင် ကျင့်ကြံရသကဲ့သို့ ထူခြားမှုကို လက်ဆင့်ကမ်း ရရှိမည် ဖြစ်သည်။

ထိုပန်းချီကားကို အသက်သွင်းပြီး ကျင့်ကြံနိုင်ပါက နတ်ဘုရားတစ်ပါး၏ အကူအညီကိုရရှိသည့်အလား… (သို့မဟုတ်) ကျောက်စိမ်းရေကန်အတွင်းသို့ ကိုယ်တိုင် ဝင်ရောက်ရသည့်အလား ခံစားရမည် ဖြစ်သည်။

သို့သော်… ကျောက်စိမ်းရေကန်တွင် နတ်ဘုရားမတစ်ပါး လိုအပ်လေသည်။

ကျန်းလန်၏ ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားကို အသက်သွင်းရန်မှာလည်း ကျောက်စိမ်းရေကန်တွင် ထွက်ပေါ်လာမည့် နတ်ဘုရားမအပေါ်တွင် မူတည်သည်။

စိတ်အာရုံထဲမှ ပန်းချီကားကိုမြင်လိုက်သည်နှင့် ထိုအချက်များကို ကျန်းလန် ချက်ချင်းပင် နားလည်လိုက်သည်။

ဤကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားက ထိပ်တန်းအဆင့် ရတနာပစ္စည်းတစ်ခုဟု မဆိုသာသော်လည်း သူ့ကို အချိန်အကြာကြီး ကျောက်စိမ်းရေကန်အတွင်းဝယ် ကျင့်ကြံရသည့်အလား အထောက်အပံ့ပေးနိုင်မည် ဖြစ်သည်။

မရဏဂူမှ များပြားပြင်းထန်လာသည့် မရဏအငွေ့အသက်များနှင့် ဤပန်းချီကား ပေါင်းစပ်လိုက်မည်ဆိုလျှင် ကျန်းလန်အနေဖြင့် မရှိမှုအာကာသအဆင့်သို့ အလျှင်အမြန် အဆင့်တက်သွားနိုင်ပေလိမ့်မည်။

သို့သော်… အရေးကြီးသည့်အချက်မှာ ခွန်လွန်တောင်တွင် နတ်ဘုရားမတစ်ပါး ထွက်ပေါ်လာရန် ဖြစ်၏။

ထို့နောက်… ကျန်းလန်က သူ၏ စိတ်အာရုံထဲမှ ပန်းချီကားကို ဖွင့်ကြည့်လိုက်သည်။

ပန်းချီကားထဲတွင် ရေကန်တစ်ခုကိုသာ ရေးဆွဲထားပြီး အခြားမည်သည့်အရာကိုမှ မတွေ့ရှိရပေ။


“ဒီပစ္စည်းက ဆိုးတာ့မဆိုးပါဘူး… ၊ ဒါပေမဲ့ အကန့်အသတ်တွေက များလွန်းတယ်… ၊ ဆေးဝါးတွေရတာကမှ ဒီပစ္စည်းရတာထက်ပိုပြီး အသုံးဝင်ဦးမယ်…”

ယခုအချိန်ထိ စနစ်မှ ရရှိသမျှထဲတွင် မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာလောက် ကောင်းမွန်သည့် ပစ္စည်း မရှိသေးပေ။

သို့သော်… ထိုအရာများက ယခင်က ရရှိထားပြီးသား ဖြစ်သောကြောင့် ထပ်မံ မရရှိတော့သည်လား မပြောတတ်ပေ။

လောလောဆယ်တွင်တော့ မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာများ ၊ ဆေးလုံးများက ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

သို့သော်… ကျန်းလန်ကလည်း လောဘကြီးသူတစ်ယောက် မဟုတ်ပေ။

ယခုရရှိသည့် ကျောက်စိမ်းရေကန်နတ်ဘုရားမ ပန်းချီကားသည်လည်း ထိုက်သင့်သလောက် အဖိုးတန်သည်ပဲ ဖြစ်၏။

သို့သော်… ပန်းချီကားကို အသက်သွင်းနိုင်ရန်တော့ လိုအပ်သည်။

ဤပန်းချီကားကိုသာ အသက်သွင်းနိုင်ပါက သူ နဝမတောင်ထွတ်တွင် တိတ်ဆိတ်သိုဝှက်စွာ နေထိုင်ရင်း မရှိမှုအာကာသအဆင့်သို့ တက်ရောက်နိုင်သည်အထိ ကျင့်ကြံနိုုင်မည် ဖြစ်သည်။

သူက အင်မော်တယ်တစ်ပါးဖြစ်ချင်နေပြီ ဖြစ်လေသည်။

ကျန်းလန် စဉ်းစားနေစဉ်မှာပင် လုန်ယွိသည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်လာလေသည်။

သူမ၏ တန်ခိုးစွမ်းအားများလည်း ပြန်လည်တည်ငြိမ်လာပြီ ဖြစ်သည်။

သူတို့ (၂)ယောက် ပန်းခင်းလမ်းထက်တွင် စကားတစ်ခွန်းမှ မဆိုဘဲ မတ်တတ်ရပ်နေကြသည်။

ထိုအချိန်မှာပင်… လေပြေတစ်ချက်တိုက်ခတ်လာပြီး ပတ်ဝန်းကျင်မှ မြူခိုးများ တဖြည်းဖြည်း လွင့်စင်သွားလေသည်။

“အချိန်ပြည့်ပြီ…”

အသံတစ်သံထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။

ထို့နောက်… ကျန်းလန်၏ ခြေထောက်အောက်မှ ပန်းခင်းလမ်းပျောက်ကွယ်သွားသည်။

ကျောက်သားပြင်တစ်ခုထက်တွင် မတ်တတ်ရပ်နေခြင်း ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်ရသည်။ သူ့နံဘေးတွင်တော့ လုန်ယွိ မတ်တတ်ရပ်လျှက် ရှိ၏။

သို့သော်… ပန်းခင်းလမ်းကို လျှောက်လှမ်းသည့်အချိန်အတိုင်းအတာကို မည်သို့သတ်မှတ်ထားကြောင်း ကျန်းလန် သိချင်နေမိသည်။

သူ ပန်းခင်းလမ်းကို စလျှောက်ချိန်တွင် အချိန်မည်မျှကြာအောင် လျှောက်လှမ်းရမည်ဟု သတ်မှတ်ပေးထားခြင်း မရှိပေ။

ယခုမှ “အချိန်ပြည့်ပြီ” ဟု အဘယ့်ကြောင့် ပြောရပါသနည်း။

သို့သော်… ကျန်းလန် သိချင်နေသည်များကို ရိပ်မိသည့်အလား လုန်ယွိက တည်ငြိမ်သည့်အသံဖြင့် ရှင်းပြလိုက်သည်။

“ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေကို ပထမဆုံးတပည့်တစ်ယောက် ဝင်ရောက်နိုင်ပြီးတာနဲ့ အချိန်ကို နောက်ပြန် (၆)နာရီ စတင်ရေတွက်တယ်… ၊ နောက်ပြန်ရေတွက်တဲ့အချိန် (၆)နာရီ ပြည့်သွားတာနဲ့ အချိန်ပြည့်ပြီလို့ သတ်မှတ်တယ်…”

ကျန်းလန်ကိုကြည့်ရသည်မှာ ကျောက်စိမ်းရေကန်ဖွင့်ပွဲနှင့်ပတ်သက်သည့် စည်းကမ်းများကို တစ်ခုမှ သိရှိဟန်မပေါ်ပေ။

ထို့ကြောင့် သူမက စေတနာဖြင့် ပြောပြလိုက်ခြင်း ဖြစ်၏။

အမှန်တော့… သူမလည်း ယခုမှ ကျောက်စိမ်းရေကန်ကို ပထမဆုံး ဝင်ရောက်ဖူးသူဖြစ်လေရာ စည်းကမ်းများကို သိရှိခြင်း မရှိပေ။

ဟိုလူ့မေးဒီလူ့မေးဖြင့် မှတ်သားထားရခြင်း ဖြစ်၏။

ခွန်လွန်တောင်မှ အကြီးအကဲများကတော့ သူတို့ကို မည်သည့်စည်းကမ်းကိုမှ ပြောမပြခဲ့ကြပေ။

ထို့အတူ… တပည့်များကလည်း ထိုစည်းကမ်းများကို စိတ်မဝင်စားကြပေ။

လုန်ယွိက ကျောက်စိမ်းရေကန်သို့ ဝင်ရောက်လိုသောကြောင့်သာ ထိုစည်းကမ်းများကို ဂရုစိုက်လေ့လောထားခြင်း ဖြစ်သည်။

ဂိုဏ်းတူအစ်မ ‘လုန်’ က ရှင်းပြနေသောကြောင့် ကျန်းလန်က ကျေးဇူးတင်သည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။

နောက်ထပ် သူသိချင်သည့်အချက်မှာ သူတို့လည်း ကျောက်စိမ်းရေကန်အတွင်းပိုင်းနယ်မြေသို့ ရောက်ရှိနေပြီလားဆိုသည့် အချက်ပင် ဖြစ်သည်။

ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေသို့ မရောက်သေးဘူးဆိုလျှင်တောင်မှ အတော်လေး နီးကပ်သည့်နေရာသို့ ရောက်ရှိနိုင်လောက်ပေသည်။

အဘယ်ကြောင့်ဆိုသော်… စနစ်မှ မဟာတာအိုလမ်းကြောင်းနှင့်ပတ်သက်သည့် သတိပေးသံကို ကြားခဲ့ရသည် မဟုတ်ပါလား။

နောက်ဆုံးတော့… မြူခိုးများအားလုံး ကင်းစင်သွားလေသည်။

လုန်ယွိက ပျောက်ကွယ်သွားသည့် မြူခိုးများကို သေသေချာချာ ဂရုစိုက်ပြီး ကြည့်နေ၏။ သူတို့ မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို သူမလည်း အလွန်သိချင်နေပြီ ဖြစ်သည်။

ယခု သူမ ရပ်နေသည့်နေရာက သူမအတွက် အကန့်အသတ်ပြည့်သွားသည့် နေရာဖြစ်ကြေင်း သူမ နားလည်ထားသည်။

သို့သော်… ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေသို့ ရောက်ရှိနေစေရန် သူမ မျှော်လင့်ထားမိသည်။

ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေသို့ ဝင်ရောက်ရန်မှာ သူမအတွက် အလွန်အရေးကြီးသည့် အချက်ဖြစ်၏။

စက္ကန့်ပိုင်းအတွင်းမှာပင် မြူခိုးများအားလုံး ပျောက်ကွယ်သွားလေသည်။

သူ မတ်တတ်ရပ်နေသည့် နေရာမှာ တောင်ထွတ်အစွန်းပိုင်းတစ်နေရာတွင် ဖြစ်ကြောင်းကျန်းလန် သိရှိလိုက်သည်။

သူ့နောက်ဘက်တွင် အသူရာတမျှနက်ရှိုင်းသည့် ချောက်နက်ကြီး ရှိနေလေသည်။

အရှေ့ဘက် အဝေးတစ်နေရာတွင် စိမ်းလဲ့လှပသည့် ရေကန်တစ်ကန်ကို တွေ့မြင်နေရသည်။

ကန်ရေပြင်တွင် လှိုင်းအိလေးများထနေပြီး ရေကန်ထက်တွင်တော့ နတ်ဘုရားတိမ်တိုက်များ စုဝေးရစ်သိုင်းလျှက် ရှိသည်။

ကျန်းလန် သူ့ပတ်ဝန်းကျင်မှလူများကို တစ်ချက်လေ့လာကြည့်လိုက်သည်။

“(၁၃) ယောက်…”

ကျောက်စိမ်းရေကန်တည်ရှိရာတောင်ထွတ်သို့ ရောက်အောင်လာနိုင်သူ စုစုပေါင်း (၁၃)ယောက်သာ ရှိလေသည်။

သူနှင့် လုန်ယွိ အပါအဝင်ဆိုလျှင်တော့ စုစုပေါင်း  (၁၅) ယောက်ဖြစ်၏။

သို့သော်… ထိုသူ (၁၃)ယောက်ကတော့ ကျင့်ကြံခြင်းအဆင့် အလွန်တရာ မြင့်မားသူများ ဖြစ်ကြသည်။

သူတို့ထဲမှ တစ်ဝက်ခန့်က အင်မော်တယ်စွမ်းအားများ ထွက်ပေါ်နေကြလေသည်။

အင်မော်တယ်မဖြစ်သေးလျှင်တောင်မှ မရှိမှုအာကာသအဆင့် ၊ ထိပ်ဆုံးအဆင့်သို့ သေချာပေါက် ရောက်ရှိနေကြသူများ ဖြစ်ပေလိမ့်မည်။

မရှိမှုအာကာသအဆင့်သို့ ရောက်ရှိပြီဆိုလျှင် အင်မော်တယ်မဖြစ်သေးသည့်တိုင် အင်မော်တယ်လမ်းကြောင်းသို့ ဝင်ရောက်နိုင်ပြီဟု ဆိုနိုင်သည်။

ကျန်းလန် အခြေအနေများကို အကဲခတ်လိုက်သည်။

ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်သို့ ရောက်ရှိလာကြသူ (၁၅)ယောက်ထဲတွင် သူနှင့် လုန်ယွိ (၂)ယောက်သာ ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများဖြစ်ကြ၏။

နောက်တစ်ချက်မှာ… သူနှင့် လုန်ယွိသာ နှစ်ယောက်တွဲပြီး ပန်းခင်းလမ်းကို ဖြတ်သန်းလာကြခြင်း ဖြစ်သည်။ အခြားသူများကတော့ တစ်ယောက်တည်း ဖြတ်သန်းလာကြခြင်း ဖြစ်လေသည်။

“သူတို့အားလုံး တစ်ယောက်တည်းပဲ ပန်းခင်းလမ်းကို ဖြတ်လာကြတာလား…”

ကျန်းလန် အံ့အားသင့်စွာဖြင့် တွေးလိုက်မိသည်။

ဟုတ်ပေ၏။

ထိုသူများအားလုံးက သီးခြားစီ မတ်တတ်ရပ်နေကြခြင်းဖြစ်ပြီး သူနှင့် လုန်ယွိကဲ့သို့ အတူတူယှဉ်တွဲမတ်တတ်ရပ်နေသူ တစ်ယောက်မှ မရှိပေ။

ထို့ပြင်… ထိုသူများအားလုံးက တောင်ထွတ်အတွင်းပိုင်းတွင် ရှိနေကြပြီး သူနှင့်လုန်ယွိသာ တောင်ထွတ်အစွန်းတွင် မတ်တတ်ရပ်နေကြခြင်း ဖြစ်သည်။

ကျန်းလန် နောက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ … သူတို့၏ အနောက်ဘက်တွင် တပည့်ပေါင်းများစွာ မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူများက ကျောက်စိမ်းရေကန်တည်ရှိရာ တောင်ထွတ်ပေါ်သို့ တက်ရောက်နိုင်ခြင်း မရှိဘဲ ထေထဲတွင် လွင့်မျောနေသည့် ကျောက်တုံးများထက်တွင်သာ မတ်တတ်ရပ်နေကြခြင်း ဖြစ်၏။

သို့သော်… ထိုသူအများစုမှာလည်း ပန်းခင်းလမ်းကို တစ်ယောက်တည်း ဖြတ်သန်းလာကြသူများ ဖြစ်ဟန်တူသည်။

သီးခြားတစ်ယောက်ချင်းစီသာ မတ်တတ်ရပ်နေကြပြီး နှစ်ယောက်တွဲ မတ်တတ်ရပ်နေသူ မရှိသလောက်ပင်ဖြစ်သည်။

“ကြည့်ရတာ ဒီလူတွေက ကျောက်စိမ်းရေကန်ဖွင့်ပွဲကို ဘယ်နေရာက ကြည့်ရကြည့်ရ အဆင်ပြေတယ်လို့ ယူဆထားကြပုံရတယ်…”

ကျန်းလန် တွေးလိုက်မိသည်။

ထိုသူများ၏ အတွေးကို ကျန်းလန် ရုတ်တရက် နားလည်သွားသည်။

ထိုသူများက စိတ်စွမ်းအားမြင့်တက်စေရန်အတွက်သာ ပန်းခင်းလမ်းကို ဖြတ်သန်းခဲ့ကြခြင်း ဖြစ်သည်။ ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် ဆန္ဒရှိကြဟန် မတူပေ။

ကျန်းလန်ကတော့ စနစ်တွင် မှတ်ပုံတင်ရန် ရည်ရွယ်ချက်ဖြင့် ကျောက်စိမ်းရေကန်သို့ ဝင်ရောက်ရန် အပြင်းအထန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။

ထို့အတူ… လုန်ယွိတွင်လည်း ရည်ရွယ်ချက်တစ်ခုခု ရှိပုံရသည်။

ကျန်းလန်နှင့် လုန်ယွိကို ကျောက်စိမ်းရေကန် အတွင်းပိုင်းနယ်မြေထဲတွင် တွေ့လိုက်ရသည့်အခါ အချို့သူများက အံ့အားသင့်သွားကြသည်။

အထူးသဖြင့် လင်စီးယာဖြစ်၏။

သူမက…

“အဲဒါ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေး မဟုတ်လား… ၊ သူက ကျင့်ကြံခြင်းဆင့်လည်း သိပ်မမြင့်မားပါဘူး… ၊ ဘယ်လိုလုပ် ဂိုဏ်းတူအစ်မလုန်ယွိနဲ့အတူတူ အဲဒီနေရာအထိ ရောက်သွားရတာလဲ…”

လင်စီးယာဘေးတွင်ရပ်နေသည့် မုရှိုးက…

“ဂိုဏ်းတူညီမလေး ‘လင်’ မသိသေးဘူးထင်တယ်… ၊ အဲဒီ နဝမတောင်ထွတ်က ဂိုဏ်းတူမောင်လေးက ကျင့်ကြံခြင်းအဆင့်နိမ့်ပါးပေမယ့် အစီအရင်ပညာအတော်လေး ကျွမ်းကျင်တယ်… ၊ ကျွန်မတို့ထက်တောင် သာတယ်လို့ ပြောလို့ရတယ်…”

လွန်ခဲ့သည့်နှစ်များစွာ… သူတို့ နဝမတောင်ထွတ်တွင် လာရောက်ကျင့်ကြံစဉ်က နတ်ဘုရားရောင်ဝါအစီအရင်နှင့်ပတ်သက်ပြီး ကျန်းလန် အကူအညီပေးခဲ့ဖူးသည်ကို သူမ အမှတ်ရမိလေသည်။

ပြောရမည်ဆိုလျှင် လုန်ယွိက နဝမတောင်ထွတ်မှဂိုဏ်းတူမောင်လေးနှင့် သွားပြီး တွေ့ဆုံမိသည်မှာ ကံကောင်းသည်ဟုပင် ဆိုနိုင်သည်။

သို့သော်… နဝမတောင်ထွတ်မှ ဂိုဏ်းတူညီလေးသည်လည်း လုန်ယွိနှင့် လက်တွဲအလုပ်လုပ်ရသည့်အတွက် ကံကောင်းသည်ဟု ပြောနိုင်၏။

အဘယ်ကြောင့်ဆိုသော်… ကျန်းလန်ကဲ့သို့ ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မည်သူမှ လက်တွဲလုပ်ဆောင်လိုကြမည်မဟုတ်ပေ။

ကျန်းလန်နှင့်ပူးပေါင်းလျှင် ကျောက်စိမ်းရေကန်အတွင်းပိုင်းနယ်မြေသို့ ဝင်ရောက်နိုင်မည်ဟု မည်သူမှ ယုံကြည်ချက်ရှိကြမည် မဟုတ်ပေ။

အချို့တပည့်များကလည်း အရှေ့ဆီသို့ ကြည့်လိုက်ကြရင်း…

“ဒီနှစ် ပန်းခင်းလမ်းက အတော်လေး ခက်ခဲမယ်လို့ သတင်းကြားထားတာ… ၊ ရွှေပြဒါးအမြုတေအဆင့်တွေ ဝင်ခွင့်ရသွားမယ်လို့ ထင်မထားမိဘူး…”

“ဒါနဲ့… အဲဒီ ရွှေပြဒါးအမြုတေအဆင့် တပည့် (၂)ယောက်က ဘယ်သူတွေများလဲ… ၊ ကျုပ်က တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံရာကနေ အခုမှ ထွက်လာတာဆိုတော့ ဘယ်သူတွေမှန်း မသိဘူးဗျ… ၊ ဝတ်ထားတဲ့ အဝတ်အစားတွေကြည့်ရတာတော့ ခွန်လွန်တောင်ကိုရောက်တာ အနည်းဆုံး နှစ် (၁၀၀)လောက်ပဲ ရှိလောက်ဦးမယ် ထင်တယ်…”

“ကျုပ်လည်း ဘယ်သူတွေမှန်း မသိဘူးဗျ… ၊ ဒါပေမဲ့ အတွင်းပိုင်းနယ်မြေအထိ ဝင်နိုင်တယ်ဆိုမှတော့ တစ်ယောက်က တိုက်ခိုက်မှုစွမ်းရည် ကောင်းရမယ် ၊ နောက်တစ်ယောက်က အစီအရင်ပညာ ကျွမ်းကျင်ရမယ်… ၊ ပြီးတော့ ပူးပေါင်းလုပ်ဆောင်နိုင်မှုလည်း ကောင်းမှဖြစ်မှာလေ… ၊ မဟုတ်လို့ကတော့ သူတို့ အတွင်းပိုင်းနယ်မြေကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ… ၊ ဒါတောင်မှ သူတို့ အတွင်းပိုင်းနယ်မြေ ရောက်တယ်ဆိုရုံ အစွန်းလေးမှာ ရောက်နေကြတာ တွေ့တယ်မဟုတ်လား…”

“အဲဒါ နဝမတောင်ထွတ်က ဂိုဏ်းတူညီလေး မဟုတ်လား…”

ကျန်းလန်ကို မြင်သည်နှင့် ကုချီက ရေရွတ်လိုက်၏။

သူက ယခုအချိန်ထိ ကျန်းလန်ကို ပြိုင်ဘက်အဖြစ် သဘောထားနေဆဲ ဖြစ်သည်။

သို့သော်… သူက ကျန်းလန်ကို တိုက်ခိုက်မည် မဟုတ်ပေ။

ကောင်းကင်ရိပ်ငြိမ်ရေကန်တွင် ကျဆင်းခဲ့သည့် သူ၏ ဂုဏ်သိက္ခာကိုသာ ပြန်လည်အဖတ်ဆယ်လိုခြင်း ဖြစ်လေ၏။

Comment

Leave a Reply

Options

not work with dark mode
Reset