စာစဉ် (၁၅) အပိုင်း (၁၉၈)

မြင့်မြတ်သော နဂါးကောင်းချီး ထွက်ခွာခြင်း

ပျက်စီးနေသော အဖြူရောင် ကျောက်စိမ်း ကွင်းပြင်ပေါ်တွင် ဇူယွမ်က ဒူးတစ်ဖက်ထောင် အနေထားဖြင့် ဒူးထောက်လျက် ရှိသည်။ သူ၏ အမူအရာက သေဆုံးခါနီး လူမမာ တစ်ယောက်လို ဖြူရော်နေပြီး မူလချီများက သူပတ်ပတ်လည်တွင် အားနည်းစွာ လည်ပတ်နေသည်။ သူ၏ မျက်ခုံး နှစ်ခုအကြားရှိ စိတ်ဝိညာဉ် မှာလည်း မှိန်ဖျော့နေပြီး ကြည့်ရသည်မှာ ထိုအရာက ကွယ်ပျောက်သွားတော့ မယောင်ပင် ဖြစ်နေသည်။

သူ့ရဲ့ အကြည့်များက နူးညံနေပြီး သူ၏ မျက်လုံးများက မကွဲပြားစွာဘဲ သူ၏နောက်တွင်ရှိသော ခေါင်းမဲ့နေသည့် ကိုယ်ခန္ဓာကို ကြည့်လိုက်သည်။

ရုတ်တရက် ဝူဟောင်၏ ခေါင်းမဲ့နေသော ခန္ဓာကြီးမှာ စတင်ပြီး အနည်းငယ် တုန်ယင်လာသည်။ စက္ကန့်အချို့ ကြာပြီးချိန်တွင် ငုံးတိ ဖြစ်နေသော သူ၏ လည်ပင်းဆီမှာ အလင်းတန်း တစ်ခု ထွက်ပေါ်လာပြီး နဂါး အော်သံများက ထိုထဲတွင် ပဲ့တင်ထပ် နေသည်။

မှိန်ဖျော့သော နဂါးပုံစံ ရောင်စဉ်တန်းက အလင်းတန်းနှင့် အတူ ပေါ်ထွက်လာခဲ့သည်။

နဂါးပုံရိပ်မှာ ရှေးကျခြင်း မြင့်မြတ်ခြင်းတို့ဖြင့် ကောင်းကင်က ပေးအပ်သည့် လက်ဆောင် အလားပင်။

ထိုမြင်ကွင်းကို မြင်သောအခါ ဇူယွမ်၏ နှလုံးသားက ပြင်းထန်စွာ တုန်ခါသွားသည်။ သူအနေဖြင့် သည်အရှိန်အဝါနှင့် အလွန်အမင်း ရင်းနှီးသည်ကို ခံစားမိသည်။

“မြင့်မြတ်သော နဂါး၏ ကောင်းချီး …”

ဇူယွမ်၏ အသံမှာ တုန်ယင်နေသည်။ အတိတ်တွင် ဝူဘုရင်က မြင့်မြတ်သော နဂါးကောင်းချီးကို သူထံမှ ထုတ်ယူက မြင့်မြတ်သော ဝူအင်ပါယာ၏ စပါးအုံးနှင့် စာကလေးငှက် တို့ထံ ရောက်ရှိစေသည်။

သူအနေဖြင့် မူလက ပိုင်ဆိုင်ခဲ့သော မြင့်မြတ်သော နဂါး၏ ကောင်းချီးပေးမှုကို ထပ်ပြီး ပိုင်ဆိုင် ရလိမ့်မည်ဟု ဒါဇင်ချီသည့် နှစ်ပေါင်းများစွာ အတွင်း တစ်ခါမှ မမျှော်လင့်ခဲ့ဖူးပေ။

ရှူး …

ဇူယွမ်၏ ချီသိုလှောင်ခန်းထဲတွင် ရှိသော အံ့ဖွယ် စပါးအုံးချီမှာ စတင်ပြီး ပြင်းထန်စွာ ရုန်းကြွလာသည်။ ရှူးရှူးရှဲရှဲ မြည်သံများက ပဲ့တင်ထပ်စွာ ထွက်ပေါ်လာပြီး မဖော်ပြ တတ်အောင်ပင် ငတ်မွတ်မှုများ လိုအင်ဆန္ဒများနှင့် ပြည့်နှက် နေသည်။

နဂါးပုံရိပ် ရောင်စဉ်တန်းက လေထဲတွင် ခေတ္တမျှ ရစ်ခွေနေပြီး ရုတ်တရက် အောက်သို့ ထိုးဆင်း သွားသည်။ သို့သော်လည်း ထိုအရာက ဇူယွမ်ထံသို့ ဦးမတည်ဘဲ ဝူဟောင်၏ ခေါင်းပြတ်ကြီးပေါ်သို့ ကျဆင်းသည်။

“ဝူဟောင် မင်းလွယ်လွယ်နဲ့ မသေဘူး ဆိုတာ ငါသိတာပေါ့”

အေးစက်စက် အလင်းက ဇူယွမ်၏ မျက်လုံးမှ ထွက်ပေါ်လာသည်။

ထိုအခိုက်မှာပင် မြေကြီးပေါ်ရှိ ခေါင်း၏ မျက်လုံးများမှာ ရုတ်တရက် ပွင့်လာခဲ့သည်။ သူ၏မျက်ခုံး နှစ်ခုကြားတွင် လင်းလက်လာပြီး မှိန်ဖျော့သော အရိပ်ပမာ ပုံရိပ်လေး ဖြစ်ပေါ်လာသည်။

သည်အရာက ဝူဟောင်၏ စိတ်ဝိညာဉ် ဖြစ်သည်။

ဇူယွမ်အနေဖြင့် ဝူဟောင်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်အား သတ်ဖြတ်ခဲ့သော်လည်း ဝူဟောင်၏ စိတ်ဝိညာဉ် ကတော့ သူ၏မျက်ခုံး နှစ်ခုကြားတွင် ပုန်းနေခဲ့သည်။

ထိုမြင်ကွင်းကို သူတော်စင် အကြွင်းအကျန် ဒေသ၏ အပြင်ဘက်နှင့် အတွင်းဘက်မှ လူများမြင်သော အချိန်တွင်  သူတို့အားလုံး ထိတ်လန့် သွားကြတော့သည်။

“ဝူဟောင်ရဲ့ စိတ်ဝိညာဉ်က သူ့ ခန္ဓာကိုယ်နဲ့ အတူ ပျောက်ကွယ် မသွားဘူးလား”

“ကြည့်ရတာ စိတ်ဝိညာဉ် အကာအကွယ် ရတနာကို အသုံးပြုထားတာ ထင်တယ်။ မဟုတ်ရင် သူ့စိတ်ဝိညာဉ်က သူ့ခေါင်းထဲမှာ ဘယ်လို ပုန်းနေနိုင်ပါ့မလဲ”

“ဒါပေမဲ့ စိတ်ဝိညာဉ်က ဒြပ်ထည် အဆင့် မရောက်သေးဖူး ဆိုလျှင် ခန္ဓာကိုယ် မရှိဘဲ ဘယ်လိုမှ အသုံးမဝင်နိုင်ဘူး။ သို့သော်လည်း ဝူဟောင်ရဲ့ စိတ်ဝိညာဉ်က အဲဒီ အဆင့်ရောက်ဖို့ အဝေးကြီး လိုသေးတယ်”

“ဇူယွမ်အနေနဲ့ သူ့ရဲ့ခေါင်းကို စိစိညက်ညက် ကြေအောင် ချေလိုက်ဖို့ပဲ လိုတယ်။ ဒါဆို သူ့စိတ်ဝိညာဉ်က အခု ပုန်းနေတဲ့ နေရာမှာ မပုန်းနိုင်တော့ဘဲ လွယ်ကူတဲ့ ပစ်မှတ်တစ်ခု ဖြစ်လာလိမ့်မယ်”

“…”

ဝှစ် …

စိတ်ဝိညာဉ် စွမ်းအားက သူ့ရဲ့ မျက်ခုံးနှစ်ခု ကြားအမှတ်မှ ထွက်ပေါ်လာပြီး သူ၏ခေါင်းက လေပေါ်တွင်ဝဲက ဇူယွမ်၏ တိုက်ခိုက်မှုအား ရှောင်တိမ်းသည်။ သူ၏ ပါးစပ်ကို ဖွင့်လိုက်ပြီး မြင့်မြတ်သော နဂါးကောင်းချီးကို စုပ်ယူရန် ကြိုးပမ်းသည်။

“ကောင်းကင်ဘုံ ယွမ်စုတ်တံ”

ဇူယွမ်က သူ၏ ခါးတွင် ချိတ်ဆွဲထားသော ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဖြုတ်ယူ လိုက်သည်။ ဇူယွမ်၏ လက်ထဲတွင် စုတ်တံက အနည်းငယ် တုန်ခါသွားပြီး တဖြည်းဖြည်း ကြီးထွား လာသည်။ စုတ်တံဆီမှ နှင်းဖြူရောင် အမွေးအမှင်များသည် နှင်းဖြူရောင် ကြာပွတ်တစ်ခု အဖြစ် ဆွဲဆန့်သွားပြီး ဝူဟောင်၏ ခေါင်းဆီသို့ တိုးဝင်သည်။

ဝူဟောင်က မြင့်မြတ်သော နဂါးကောင်းချီး ပေးမှုကို ဆက်လက် မစုပ်ယူဝံ့တော့ဘဲ သူရောက်နေသော နေရာမှ ဖွယ်ခွာသည်။ သူ၏ ဦးခေါင်းမှာ ဆက်လက် မြင့်တက် သွားပြီး နှင်းဖြူရောင် အမွေးများကို ရှောင်တိမ်းသည်။

ဝူဟောင်၏ ခေါင်းက လေတွင် ဝဲပျံရင်း သူ၏ ပါးစပ်ကို ပိတ်ချီဖွင့်ချီ လုပ်ကာ ချောက်ချားဖွယ်ရာ အသံနက်ကြီးဖြင့် ပြောသည်။

“ဇူယွမ် သည်အချိန်မှာ ငါက တကယ့်ကို ယုံကြည် စိတ်ချမှု ရှိနေတယ်။ သို့သော်လည်းပဲ မင်းကတော့ ငါ့ကို လွယ်လွယ်ကူကူတော့ သတ်နိုင်မှာ မဟုတ်ဘူး”

ဇူယွမ်၏ မျက်လုံးများက ရုတ်တရက် ကျဉ်းမြောင်း သွားပြီး သူ၏ လက်အား လှံတံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ချပ်။

အမွေးအမှင်များက သာမန် မျက်စိဖြင့် မမြင်ရသည်အထိ ရုတ်တရက် သေးငယ်သွားပြီး လျင်မြန်စွာ ဝူဟောင်၏ ခေါင်းနံဘေးတွင် ပေါ်လာခဲ့သည်။ ထို့နောက်မှာတော့ အားလုံးက ၎င်းတို့၏ ပစ်မှတ်ဖြစ်သော ဝူဟောင်၏ ခေါင်းထဲသို့ ထိုးဝင်သွားသည်။

ဘန်း …။

အမွေးအမှင်များ ထွက်ခွာ သွားပြီးချိန်တွင် ဝူဟောင်၏ ခေါင်းမှာ အစိတ်စိတ် အမြွှာမြွှာ ကွဲကြေရသည်။

ဦးခေါင်းကို ဖျက်ဆီးပြီးချိန်တွင် ဇူယွမ်မှာ ရုတ်တရက် မျက်မှောင်ကြုတ် သွားသည်။ သူက လက်ဖဝါး အရွယ်အစားရှိ စိတ်ဝိညာဉ် ပုံရိပ်တစ်ခုကို သွေးမှုန်တွေကြားမှ မြင်မိလိုက်သည်။

သည် စိတ်ဝိညာဉ်က ဝူဟောင် ပိုင်ဆိုင်သော စိတ်ဝိညာဉ်ဖြစ်သည်။

သို့သော်လည်း တဖိတ်ဖိတ် တောက်နေသော ကြယ်တာယာ အလင်းလွှာက ဝူဟောင်၏ စိတ်ဝိညာဉ် အလင်းလွှာက အဝတ်အစားများ ဝတ်ထား သကဲ့သို့ တည်ရှိနေသည်။ ထိုအကာအကွယ် ကြယ်တာယာ အဝတ်အစားများ အလယ်တွင် ဝူဟောင်၏ စိတ်ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ခွာလာသည်။

“စိတ်ဝိညာဉ် အကာအကွယ်လား”

ဇူယွမ်၏ မျက်လုံး အိမ်မှာ ကျဉ်းမြောင်း သွားသည်။ သည်ကြယ်တာရာ အဝတ်အစားမှာ တစ်စုံတစ်ယောက်၏  စိတ်ဝိညာဉ်ကို ကာကွယ်နိုင်သော စိတ်ဝိညာဉ် အကာအကွယ် ဖြစ်သည်။ သာမန် စိတ်ဝိညာဉ် ဒြပ်ထည်အဆင့် စိတ်ဝိညာဉ်သူ တစ်ယောက်က သည်အရာအား ဖန်တီး၍ မဖြစ်နိုင်ပေ။

ထိုအရာက ဝူဟောင်ထံတွင် စွမ်းအားကြီးသည့် နောက်ခံအင်အား ရှိသည်ကို ထင်ရှား ပေါ်လွင်စေသည်။

ဝူဟောင်၏ စိတ်ဝိညာဉ်က ဇူယွမ်ကို ကြည့်ပြီး အေးစက်စက် ပြောသည်။

“ဇူယွမ် ငါပြောပါတယ် မင်းငါ့ကို မသတ်နိုင်ဖူးလို့”

“ဟမ့်၊ မြင့်မြတ်သော နဂါးကောင်းချီးကို ပြန်လိုချင်တာလား။ အိပ်မက် မက်နေလိုက်။ အဲဒီအရာက ငါခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းများစွာ ရှိလာခဲ့တာ ငါ့ရဲ့ ထိန်းချုပ်နိုင်မှုက မင်းထက် မြင့်တယ်။ ငါသာ ကောင်းချီးကို ပြန်ယူပြီးရင် ဒီအရာက အနာဂတ်မှာ ငါအနေနဲ့ ပြန်ပေါ်လာဖို့ အခွင့် အရေးတစ်ခုပဲ”

ဝူဟောင်၏ လက်က လျင်မြန်စွာပင် ချိတ်ပိတ်ပုံစံ လက်ဟန်တစ်ခု ပြုလုပ် လိုက်သည်နှင့် မြင့်မြတ်သော နဂါးကောင်းချီး ပေးခြင်းက စတင်ပြီး တုန်ခါလာသည်။ အဆုံးတွင် ထိုအရာက ဝူဟောင်၏ စိတ်ဝိညာဉ် အတွင်းသို့ စီးဝင်သွားသည်။

ဇူယွမ်၏ မျက်လုံးများက အေးစက်နေသည်။ ဝူဟောင်၏ ခန္ဓာကိုယ်အား သတ်ဖြတ်ပြီး မြင့်မြတ်သော နဂါး၏ ကောင်းချီးအား ထုတ်ယူရန်မှာ လွယ်ကူသော အခွင့်အရေး တစ်ခု မဟုတ်ပေ။ ဝူဟောင်အနေဖြင့် ကောင်းချီးများအား ပြန်လည် သိမ်းယူ နေသည်ကို ခွင့်ပြု ပေးထားခဲ့လျှင် နောက်ထပ် အခွင့်အရေး တစ်ခု ထပ်မရရန် သူ့အနေဖြင့် မည်မျှ စောင့်ဆိုင်းရမလဲ မသိပေ။

ပြီးတော့ သူ့အနေဖြင့် ဝူဟောင်အား သည်နေ့တွင် လုံးဝ ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ဘဲ မြင့်မြတ်သော နဂါးကောင်းချီးကိုပါ ဆုံးရှုံးခဲ့ပါက နောက်ပိုင်းတွင် စိတ်ကူး ကြည့်ရန်ပင် မဖြစ်နိုင်သော အခွင့်အရေးကို လက်လွတ် ဆုံးရှုံး ပေလိမ့်မည်။

ထိုကြောင့် ဇူယွမ်အနေဖြင့် ဝူဟောင် သူ့ဆန္ဒအတိုင်း ဖြစ်ခွင့် မပေးနိုင်ပေ။

ဇူယွမ်က အသက်ပြင်းပြင်း ရှူလိုက်ပြီး ကောင်းကင်ဘုံ ယွမ်စုတ်တံအား ဆတ်ခနဲ လှုပ်လိုက်သည်။ နှင်းဖြူရောင် အမျှင်များက သူ၏ခြေထောက် အောက်သို့ ဝင်သွားပြီး သူ့အား လေထဲသို့ မတင်လိုက်ကာ သူ့အား မြင့်မြတ်သော နဂါးကောင်းချီး အနီးနားသို့ တိုက်ရိုက် ရောက်သွားစေသည်။

“အိပ်မက် မက်နေတာ ရပ်လိုက်ဇူယွမ် မင်းမြင့်မြတ်သော နဂါးရဲ့ ကောင်းချီးကို အဝေးကို ယူဆောင်သွားလို့ မရဘူး ဝူဟောင်၏ စိတ်ဝိညာဉ်က ကျယ်လောင်စွာ ရယ်လိုက်သည်”

အေးစက်စက် အလင်းတန်း တစ်ခုက ဇူယွမ်၏ မျက်လုံးမှာ ဖြတ်သန်းသွားပြီး …

“ဒီလို ဆိုရင်ကော”

သူက ညာဘက် လက်ကို လှန်လိုက်လျှင် သူ၏ လက်ဖဝါးပေါ်တွင် သွေးနီရောင် အဖုလေးက လူးလွန့်၍ သွားနေပြီး ခါးသီးသော အရှိန်အဝါများကို ပေးစွမ်း နေသည်။

ဇူယွမ်က အသံနိမ့်ပြီး မေးမြန်းလိုက်သည်။

“နဂါးဒေါသ အဆိပ် မင်းရဲ့ ဖြစ်တည်ခြင်း အကြောင်းပြချက်က ဘာလဲ။ မင်း မြင့်မြတ်သော နဂါးရဲ့ ကောင်းချီးပေးမှုကို ပြန်မလို ချင်ဘူးလား”

နဂါးဒေါသ အဆိပ်တွင် သူ၏ ကိုယ်ပိုင် အသိစိတ် ရှိကာ ထိုအကောင်က မြင့်မြတ်သော နဂါး၏ ကောင်းချီးပေါ်ထွက် လာတိုင်းတွင် စိတ်အား ထက်သန်စွာ ရုန်းကြွလျက် ရှိသည်။

ဝေါင်း …

ဇူယွမ်၏ အသံ တိုးညင်းသွားသည့် အချိန်တွင် သွေးနီရောင် အဖုလေးက စတင် တုန်ခါလာသည်။ ထိုအရာက ဇူယွမ်၏ လက်ဖဝါးပေါ်မှ ဖောက်ထွက်ကာ သွေးနီရောင် ချီများကို သူ၏ ရှေ့တွင် ထုတ်လွင့်လိုက်ပြီး ထိုချီများက နဂါးခေါင်း ပုံစံဖြင့် ဇူယွမ်၏ လက်ရှေ့တွင် ဖြစ်ပေါ်လာခဲ့သည်။

နဂါးခေါင်းက ကြမ်းတမ်းစွာ ဟိန်းလိုက်ပြီး မြင့်မြတ်သော နဂါးကောင်ချီးကို စတင် စုပ်ယူသည်။

ဝူဟောင်မှာ ထိုမြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့် ကြောက်ရွံ့ သွားသည်။ မြင့်မြတ်သော နဂါးကောင်းချီး ပေးမှုက မူလအစတွင် သူထံသို့ စီးဝင်နေရာမှ ခွဲထွက်သွားပြီး ဇူယွမ်ထံသို့ အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် စီးဝင်သည်။

“သေစမ်းကွာ …”

ဝူဟောင်က အော်ဟစ်လိုက်ကာ မြင့်မြတ်သော နဂါးကောင်းချီးကို ကမန်းကတမ်း စုပ်ယူလိုက်ပြီး ထိုအရာကို ပြန်ရယူဖို့ ကြိုးစားသည်။

ထိုအချိန်တွင် မြင့်မြတ်သော နဂါးကောင်းချီးသည် လေထဲတွင် ခွဲထွက်သွားပြီး အရပ်မျက်နှာ နှစ်ခုသို့ ဦးတည်ကာ ပြန့်ကျဲသည်။

သို့သော်လည်း နဂါးဒေါသ အဆိပ်၏ စုပ်ယူမှုနှုန်းက ပိုမိုမြန်ဆန် ပေသည်။

ခဏလေး အတွင်းမှာပဲ ဒါဇင်ချီသည့် မိနစ်အချို့ ကုန်ဆုံးသွားပြီး မြင့်မြတ်သော နဂါးကောင်းချီးပေးမှု အားလုံး ပျောက်ကွယ် သွားသည်။ ထိုကောင်းချီး သုံးပုံနှစ်ပုံ နီးပါးကို နဂါးဒေါသ အဆိပ်က စုပ်ယူ လိုက်နိုင်ခဲ့သည်။

ဝူဟောင်အနေဖြင့် သုံးပုံ တစ်ပုံသာ ရရှိခဲ့သည်။

အား …

သည်တစ်ချိန်တွင် ဝူဟောင် အနေဖြင့် လုံးဝကို ရှုံးနိမ့်သွားပြီ ဖြစ်သည်။ သူ၏ မျက်လုံးများမှာ နီရဲနေသည်။ အစောပိုင်းက သူ၏ ရုပ်ခန္ဓာ အသတ်ခံလိုက် ရသော်လည်း သူမည်သို့မှ မဖြစ်ခဲ့ပေ။ အဘယ်ကြောင့် ဆိုသော် သူ့အနေဖြင့် မြင့်မြတ်သော နဂါးကောင်းချီး၏ အသုံးဝင်မှု ကို ကောင်းကောင်း နားလည် သဘောပေါက်ပေသည်။

သူသာ ထိုအရာကို ဆက်လက်ပြီး ပိုင်ဆိုင်နေသမျှ သူ့၏ အနေအထားမှာ အချိန် သိပ်မကြာမီမှာပဲ ပြန်လည် တိုးတက်လာမည် ဖြစ်သည်။

ဒါပေမဲ့ ယခု မြင့်မြတ်သော နဂါး၏ ကောင်းချီးပေးမှု များစွာကို ဇူယွမ်က ပြန်လည် ယူဆောင် သွားခဲ့ပြီ။ ထိုကိစ္စက သူတစ်ဦးတည်းကိုသာ အကျိုးသက်ရောက်မည် မဟုတ်ဘဲ ကြီးမြတ်သော ဝူအင်ပါယာ၏ ကောင်းချီးကိုပင် ထိခိုက် ပေလိမ့်မည်။

သို့သော်လည်း သည်အခြေအနေတွင် သူ့အနေဖြင့် ဒေါသထွက်ရုံမှ လွဲ၍ ဘာမှ မတတ်နိုင်ပေ။ သူ့အနေဖြင့် စိတ်ဝိညာဉ် အနေဖြင့် ရှိနေခြင်းက ဇူယွမ်၏ လက်မှ လွတ်မြောက်နိုင်ပြီး နောက်ပိုင်းတွင် ကြိုးစားဖို့ အခွင့်အရေး ရလာမည် ဖြစ်သည်။

မျက်စိ ကျိန်းမတတ် အလင်းတန်းများက သူ၏စိတ်ဝိညာဉ်မှ ထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ပျံဝဲတက်သွားကာ တဖြည်းဖြည်းနှင့် ပျောက်ကွယ် သွားသည်။

“ဇူယွမ် မင်းကို ငါဘယ်တော့မှ အလွတ်မပေးဘူး”

ဝူဟောင်၏ စိတ်ဝိညာဉ် ပျောက်ကွယ် မသွားခင် အချိန်တွင် သူ၏ အော်သံကြီးက ပဲ့တင်ထပ်ပြီး ကျန်ခဲ့သည်။

***

သူတော်စင် အကြွင်းအကျန် ဒေသ၏ အပြင်ဘက်။

ကျိုးဖန်၏ အမူအရာမှာ နက်မှောင်နေပြီး သူ၏ အဝတ်အစား အတွင်းမှ ကြယ်တာရာ အဝိုင်းပြားကို ထုတ်ယူလိုက်သည်။ ကြယ်တာယာ အလင်းတန်းများက ထိုအဝိုင်းပြား ပေါ်တွင် တောက်ပနေပြီး သူ၏ အရှေ့တွင် စုစည်းလာကာ အဆုံးမဲ့သော လျှောက်လမ်း တစ်ခု ဖြစ်ပေါ်လာသည်။

ဝှစ် …

ကြယ်အလင်းရောင် တစ်ချက် လင်းလက် သွားပြီး ဝူဟောင်၏ စိတ်ဝိညာဉ်က ကြယ်တာယာ အဝိုင်းပြားပေါ်သို့ ရောက်ရှိလာသည်။

ကျိုးဖန်က ထင်ရှားစွာပင် ဝူဟောင်၏ စိတ်ဝိညာဉ်အား ကယ်တင်ခဲ့သည်။

အနီးအနားမှ မူဝူကျိက နှာခေါင်းရှုံလိုက်ပြီး ပြောသည်။

“ငါအနေနဲ့ မင်းက မြင့်မြတ်သော နန်းတော်ကလန်ရဲ့ ကြယ်တာယာ ဝိညာဉ် အဝိုင်းပြားကို သယ်လာမယ်လို့ တစ်ခါမှ မတွေးမိခဲ့ဘူး။ မင်းတို့ ကောင်တွေက ဝူဟောင် ရှုံးနိုင်တယ်လို့ ကြို တွေးထားခဲ့ကြတာပဲ”

ကျိုးဖန်၏ အမူအရာက ဒေါသကြောင့် ဖြူရော်နေသည်။ သို့သော်လည်း သူက လျစ်လျူရူပြီး မျက်မှောင် ကြုတ်လိုက်ကာ သူလက် အတွင်းရှိ ကြယ်တာရာ အဝိုင်းပြားထဲမှ စိတ်ဝိညာဉ်အား အေးစက်စက် တစ်ချက် ကြည့်လိုက်ပြီး စိတ်ထဲမှ ကြိမ်းမောင်း လိုက်သည်။

“ဘယ်လောက်တောက် အသုံးမကျတဲ့ အမှိုက်လဲ။ နန်းတော် ဆရာသခင်သာ ဘာမှမပြောခဲ့ဘူး ဆိုရင် ငါမင်းကို ကယ်တင်နေမှာ မဟုတ်ဘူး”

သူအနေဖြင့် ဝူဟောင်၏ အသုံးမကျမှုကြောင့် ဒေါသ ထွက်နေသော်လည်းပဲ သူက ဂရုတစိုက်နှင့် ကြယ်တာယာ အဝိုင်းပြားကို ကိုင်တွယ်လိုက်ပြီး ဝူဟောင်၏ စိတ်ဝိညာဉ်ကို ထိုအတွင်းသို့ ထည့်ကာ ကာကွယ် လိုက်သည်။

သူ မြင့်မြတ်သော နန်းတော်မှ ထွက်လာစဉ်က နန်းတော်ဆရာ သခင်က ဝူဟောင်တွင် ဝိညာဉ် အမျှင်တန်းလေးပင် ကျန်နေပါက ရအောင် ခေါ်ဆောင် လာရန် ပုဂ္ဂိုလ်ရေး အရ တာဝန်ပေးခဲ့သည်။

ကျိုးဖန် အနေဖြင့် အစက သူအား စနောက်နေသည် ဟုသာ ထင်ခဲ့သော်လည်း ယခုမှု ဝူဟောင်၏ ရုပ်ခန္ဓာမှာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး သူ၏ စိတ်ဝိညာဉ် သာလျှင် လွတ်မြောက်ခဲ့သည်။

ကျိုးဖန်က သူ၏ ခေါင်းကို မော့လိုက်ပြီး ကြေးမှုံပြင်ထက်မှ ဇူယွမ်၏ ပုံရိပ်အား ကြည့်ကာ သူ၏ မျက်လုံးထဲတွင် သတ်ဖြတ်လိုစိတ် များဖြင့် ပြည့်နှက် သွားသည်။

“ဒီခွေးကောင်က ဒီလောက်ထိ စွမ်းနေတယ် ဆိုတာ မယုံနိုင်ဘူး”

ဒါပေမဲ့ သူအနေဖြင့် မူဝူကျိက စောင့်ကြည့် နေသောကြောင့် ဇူယွမ်ကို မည်သို့မှ မလုပ်နိုင်မှန်း သိပေသည်။

ဇူယွမ်သည် သူတော်စင် အကြွင်းအကျန် ဒေသတွင် အငြင်းပွားဖွယ်ရာ မရှိသည့် အကြီးမြတ်ဆုံးသော အနိုင်ရရှိသူ ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset