လောင်ဟွန်၏ ခန္ဓာကိုယ်က မြေပြင်ပေါ်တွင် တုန်ယင်နေသည်။ သူက ဒဏ်ရာ ကြီးကြီးမားမားတော့ မရပေ။ ရီဖူရှင်းက သူ့အား နဂါးကလန်တွင် သိပ်များများ ရိုက်နှက်၍ မဖြစ်ပေ။ သို့သော် သူသာ ရွေးချယ်ခွင့်ရလျှင် သူက ယနေ့ အဖြစ်အပျက်အား မလိုလားပေ။
ယနေ့ သူကား မိမိကိုယ်ကို လုံဝ အရှက်တကွဲ ဖြစ်အောင် လုပ်ခဲ့သည်။
သူက ရီဖူရှင်း၏ဂီတက လိမ်လည် လှည့်စားခြင်းဟု သရော်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။ ရီဖူရှင်းက သက်သောင့်သက်သာပင် သူ့အား အနိုင်ယူသွားခဲ့၏။
သူက သိုင်းပညာတွင် ယှဉ်ပြိုင် လိုခဲ့သော်လည်း ထိုအရာက ပိုဆိုးပေသည်။ သူက တစ်ကွက်မျှပင် မယှဉ်နိုင်ပေ။
မင်းက သိုင်းပညာမှာ အဆင့်မီလို့လား…။ ထိုစကားက သူ့အား ပြင်းထန်စွာ ပါးရိုက်ခြင်းပင်။ သူက နဂါးကလန်မှ နဂါးဆရာ ဖြစ်သော်လည်း သူကား ဂီတအကူ တစ်ယောက်ထံတွင် အရှက်တကွဲ အကျိုးနည်း ဖြစ်ရ၏။
မွေးနေ့ပွဲမှ လူတိုင်းက သူ့အား စိုက်ကြည့် နေကြသည်။ သူတို့၏ နှလုံးသားများ ပြင်းထန်စွာ တုန်ခါနေကြသည်။ ဂီတအကူလား…။ လှည့်စားသည့် အတတ်လား…။ ရီဖူရှင်းက လင်းအာကို ကူညီခဲ့သလား… လိမ်ညာခဲ့သည်လား… အားလုံးက ခွဲခြားနိုင်ပြီ ဖြစ်သည်။
လောင်လင်းအာ ကိုယ်တိုင်က မယုံကြည်နိုင် ဖြစ်နေသည်။ သူမက ရီဖူရှင်း၏ သံစဉ်တချို့ကို နားထောင်ဖူးကာ ရီဖူရှင်းက သူမအား နဂါးတေးသွားအား သင်ပေးခဲ့သည်။ သို့သော် ရီဖူရှင်းက သည်မျှ အားကောင်းမည်ဟု မထင်မှတ်ထားခဲ့ပေ။
“အစ်ကိုဖူရှင်း…” လောင်လင်းအာက တီးတိုးခေါ်သည်။ သူမက အပြစ်ရှိသလို ခံစားရ၏။ ရီဖူရှင်းကား အလွန် ထူးခြား ထက်မြက်သည်။ သို့သော် သူမက သူ့အား ဂီတအကူ လုပ်စေခဲ့ကာ နဂါးကလန်၌ အရှက်ကွဲစေခဲ့၏။ ထိုအရာက သူမ၏ ခေါင်းမာမှုကြောင့် ဖြစ်သွားရရာ သူမက စိတ်မကောင်း ဖြစ်ရသည်။
လက်ရှိတွင် ရီဖူရှင်းက သခင်မလောင်ဘက်ကို လှည့်ကာ ဦးညွှတ်လျက် ပြောသည်… “သခင်မ… ဒီနေ့က ကျွန်တော်က နတ်ဗိမာန် အိမ်တော်ကို ပြန်ပေးဖို့ပဲ လာခဲ့တာပါ… ဒါပေမဲ့ လင်းအာရဲ့ မွေးနေ့ ဖြစ်နေတော့ ဒီမှာ အချိန်နည်းနည်း နေခဲ့မိတယ်… ကျွန်တော်က ဒီလို အရှက်ခွဲ မခံချင်ခဲ့ပါဘူး… ဒါကြောင့် ကျွန်တော်က ကိုယ့်ကိုယ်ကိုယ် သက်သေပြဖို့ လိုတယ်… အခုလို အနှောင့်အယှက် ပေးမိတာ စိတ်မကောင်းပါဘူး…”
“မဟုတ်ဘူး… ငါက ငါ့ဂျူနီယာတွေကို လုံလောက်တဲ့ တင်းကျပ်မှုတွေ မရှိခဲ့ဘူး… ဒါက မင်းအမှား မဟုတ်ဘူး…” သခင်မလောင်က သူမ၏ရှေ့မှ ချောမောသော လူငယ်လေးကို ကြည့်သည်။ သူမက သူ၏စကားများမှ မှားယွင်းမှု တစ်စုံတစ်ရာကို မတွေ့ရပေ။ လောင်ဟွန်က အမှန်ပင် အရိုက်ခံလိုနေကာ သူ့အား သင်ခန်းစာပေးခြင်းက ကောင်းမွန်ပေသည်။
“နားလည်ပေးတာ ကျေးဇူးတင်ပါတယ်…” ရီဖူရှင်းက အရိုအသေပေးရင်း ပြောသည်… “ကျွန်တော် အနှောင့်အယှက် မပေးတော့ပါဘူး… နှုတ်ဆက်ပါတယ်…”
“လင်းအာ…” သူက ဆက်ပြောသည်… “ငါက နတ်ဗိမာန် အိမ်တော်က ပြောင်းတော့မယ်… ငါတို့ ကံကြုံရင် ပြန်ဆုံကြသေးတာပေါ့… ဒါက မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူး… စိတ်မကောင်း မဖြစ်နဲ့…” ရီဖူရှင်းက သူမအား ပြုံးလျက် ပြောသည်။
သူက ပြောင်းတော့မည့်အပြင် သူ့အား နဂါးကလန်မှ လူများက မည်သို့ ပြောဆို ဆက်ဆံခဲ့သည်များကို ပြန်တွေးကာ လောင်လင်းအာက နာကျင်ရသည်။ သူမ၏ မျက်လုံးများ နီရဲလာကာ လူအုပ်အား ပြောသည်… “ရှင်တို့က စိတ်ရင်းနဲ့ မွေးနေ့ပွဲ လာကြတာ မဟုတ်မှတော့ မွေးနေ့ပွဲကို ရပ်လိုက်ကြရအောင်… ရှင်တို့ ဟန်ဆောင်နေစရာ မလိုတော့ဘူး… သွားကြတော့…”
ထို့နောက် သူက ရီဖူရှင်းထံသို့ ပြေးသွားသည်။ သူ၏လက်အား ဆွဲကာ သူမက ပြောသည်… “အစ်ကိုဖူရှင်း… လင်းအာနဲ့ မနေတော့ဘူးလား…”
ရီဖူရှင်းက သူမ၏ မျက်ရည် စိုစွတ်နေသော မျက်လုံးအစုံကို ကြည့်ကာ ခေါင်းကိုက်ရသည်။ သည်မိန်းကလေးက ဟန်ဆောင် အလွန်ကောင်းသည်ကို သူသိသော်လည်း ထိုအပြစ်ကင်းသော မျက်လုံးများအား သူ အမှန် ရင်မဆိုင်နိုင်ပေ…။
နဂါးကလန်ကလည်း ထိတ်လန့်ရသည်။ မင်းသမီးလေးနှင့် ရီဖူရှင်းတို့၏ ဆက်ဆံရေးကလည်း သူတို့ထင်သည်ထက် များစွာ ကောင်းလွန်းလှသည်။
ရီဖူရှင်းက သခင်မလောင်အား လှမ်းကြည့်သည်။ သခင်မလောင်က ပြုံးလျက် ခေါင်းညိတ်ပြတော့မှ ရီဖူရှင်းက မသက်မသာ ပြုံးမိသည်။ သူက နဂါးကလန်မှ တစ်ယောက်ကို ခုနက ရိုက်ခဲ့သည်။ ထိုအရာက တကယ်ရော အဆင်ပြေလား…။
“ငါက မင်းနဲ့ အချိန် နည်းနည်း ရှိနေပေးမယ်…” ရီဖူရှင်းက လောင်လင်းအာ၏ ခေါင်းအား အသာပုတ်သည်။
“ယေး…” လောင်လင်းအာ၏ မျက်လုံးများက ချက်ချင်း အရောင် တောက်သွားသည်။ သူမက ရီဖူရှင်းအား မော့ကြည့်ကာ တခစ်ခစ် ရယ်မောသည်။ သူမကား အလွန် ဗရုတ်ကျကာ ရိုးစင်းလွန်းလှသည်။ သူမက တခြားလူများ အားလုံးကို လျစ်လျူရှုကာ ရီဖူရှင်းအား ခေါ်သွားသည်။
သခင်မလောင်က အားလုံးကို တိတ်ဆိတ်စွာ ကြည့်ကာ မေးသည်… “မင်းတို့ အခု ပျော်ပြီလား…”
အားလုံးက ခေါင်းငုံ့လိုက်ကြသည်။ သခင်မလောင်၏ ဉာဏ်ရည် ဉာဏ်သွေးဖြင့် သူတို့ ဘာတွေးနေသည်ကို သူမသိပေသည်။ သူတို့က ထိုကိစ္စအား ပွဲလုပ်လိုခြင်း ဖြစ်သည်။ သို့သော် ကံမကောင်းစွာဖြင့် လောင်ဟွန်ကသာ အရှက်တကွဲ ဖြစ်ခဲ့ရသည်။
“မင်းတို့ရဲ့ စိတ်နေ သဘောထားက ဒီလိုဆိုရင် နောက်တစ်ခါ လာပြီး ဂုဏ်ပြုနေစရာ မလိုဘူး… အခု ပြန်ကြတော့… ဘာမှ မဖြစ်ခဲ့သလို နေကြ… မင်းတို့က သူ့ကို နောက်ထပ် ပြဿနာ ထပ်ရှာလို့ မရဘူး…”
လောင်ဟွန်ကား ထရပ်နေပြီး ဖြစ်သည်။ သူတို့က သည်ကိစ္စကို ထပ်မပြောရတော့ဟု သခင်မလောင်က ပြောသော်လည်း နဂါးကလန်မှ လူများက သည်ကိစ္စကို သိကြမည်သာ…။ သူကား အရှက်ရမြဲရဆဲ….။
လူတိုင်းက အရိုအသေပေးကာ ထွက်ခွာကြသည်။ လူအုပ်ကြီးက မြန်ဆန်စွာဖြင့် ပြန့်ကျဲ ပျောက်ကွယ် သွားသည်။ သခင်မလောင်က လောင်လင်းအာကို ကြည့်ကာ မသက်မသာ ပြုံးသည်… “ဒီမိန်းကလေး… လောင်မူ… ယွန်ချီကို နည်းနည်း အဖော် လုပ်ပေးလိုက်… မင်းတို့ လူငယ်တွေ စကားများများ ပြောသင့်တယ်…”
“ဟုတ်ကဲ့…” လောင်မူက ခေါင်းညိတ်သည်။
“ငါက ဆရာဖန်းကို သွားကြည့်လိုက်မယ်…” သခင်မလောင်က ပြုံးလျက် ထွက်သွားသည်။ သူမက လောင်မူအား ကုယွန်ချီနှင့် စကားပြောနိုင်ရန် ရှောင်ဖယ်ပေးခြင်း ဖြစ်သည်။
သူတို့ကလည်း သိသည်။ ကုယွန်ချီက ပြုံးလျက် မေးသည်… “သူ့ကို ဘယ်လိုထင်လဲ…”
သိသာစွာပင် သူမက ရီဖူရှင်းကို မေးနေခြင်း ဖြစ်သည်။
“မင်းက ဂီတမှာ ထူးချွန်တာပဲ… အနုပညာရသသိက အရမ်းကောင်းတယ်… သူက ပါရမီမြင့်တယ် ဆိုတာ သေချာတယ်… သိုင်းပညာကတော့ ဒီလောက် ဖလှယ်တာလောက်က ပြောရခက်တယ်… ဒါပေမဲ့ လောင်ဟွန်ကို အနိုင်ယူနိုင်တယ် ဆိုမှတော့ သူ့သိုင်းပညာကလည်း ကောင်းရမယ်…” လောင်မူက ပြောသည်။
“အင်း…” ကုယွန်ချီက ခေါင်းညိတ်သည်။ သူက တီးခတ်လျှင် လွန်စွာ ထူးခြားသော ဆွဲဆောင်အား တစ်မျိုးလည်း ရှိသေးသည်။ ထိုသံစဉ်သုံးခုကို သူက အမှန်တကယ် ရေးစပ်ခဲ့သည်လား…။
***
လောင်လင်းအာက ရီဖူရှင်းအား သူမ၏အခန်းသို့ ဆွဲခေါ်ယူလာသည်။ သို့သော် ရီဖူရှင်းက မေးသည်… “လင်းအာ… မင်းအမေရဲ့ဘေးက မိန်းကလေးက ဘယ်သူလဲ…”
လောင်လင်းအာက အေးခဲသွားပြီးမှ ရီဖူရှင်းကို ဒေါသတကြီး ကြည့်သည်… “အစ်မယွန်ချီက လှတယ်လို့ ရှင်ထင်တယ်… ဟုတ်တယ်မလား… အစ်မယွန်ချီကို ကြိုက်နေပြီလား…”
“မင်းက ဒီအကြံတွေ ဘယ်က ရလာတာလဲ…” ရီဖူရှင်းက သူမ၏ နဖူးအား လက်ညှိုးဖြင့် ထောက်လိုက်သည်… “သူမက မင်းကို သီချင်းတစ်ပုဒ် ပေးမယ်လို့ မပြောဘူးလား… အဲဒီသီချင်းက ငါရောင်းခဲ့တာ… ငါက ဒီအတိုင်း စိတ်ဝင်စားမိရုံပဲ…”
“အာ… ဒါဆို ဒါက တိုက်ဆိုင်တာပေါ့… ဒါပေမဲ့ လင်းအာကို မိန်းမလှ တစ်ယောက်ကို ရှေ့ထားပြီး နောက်တစ်ယောက်ကို တွေးနေတာကတော့ မကောင်းဘူး…” လောင်လင်းအာ၏ ရန်လိုသော အပြုအမူက အမှန်ပင် ချစ်စဖွယ် ကောင်းလှသည်။ ရီဖူရှင်းက ဆွံ့အရသည်။
“ဟုတ်တယ်… သူမက လှတယ်… မင်းကတော့ နောက်နှစ်နည်းနည်း လိုသေးတယ်…” ရီဖူရှင်းက ပြုံးလျက်ပြောသည်။
“အစ်ကိုဖူရှင်းမှာ အကြံကောင်း မရှိဘူးဆိုတာ သိတယ်… အစ်မယွန်ချီက ကုမိသားစုရဲ့ သမီးပဲ… သူမက အခု ကြယ်မင်းကျောင်းမှ လေ့ကျင့်နေပြီး ကု့ချင်းကို နှစ်သက်တယ်… ဦးလေး အသက်ရှိနေတုန်းက မိသားစုနှစ်ခုက အစ်မယွန်ချီနဲ့ အစ်ကိုတို့ကို စေ့စပ်ချင်ခဲ့ကြတယ်… ဒါပေမဲ့ အခု ဒီကိစ္စကို ထပ်မပြောကြတော့ဘူး…”
“နားလည်ပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။
“ရှင်က တကယ်ပဲ ဒီအတွေးတွေ ရှိနေတာလား…” မိန်းကလေးက စိတ်ဝင်စားစွာ မေးသည်။
“မင်းက ဘယ်လိုလုပ် စကားများ လာရတာလဲ…” ရီဖူရှင်းက မည်သို့ ပြောရမည် မသိတော့…။
“လင်းအာက မနာလိုဖြစ်တာ…” မိန်းကလေးက ပြောသည်… “အစ်မယွန်ချီပေးတဲ့ လက်ဆောင်က အစ်ကိုဖူရှင်းထက် သာတယ်…”
“ငါ…” ရီဖူရှင်းက လောင်လင်းအာကို စိုက်ကြည့်သည်… “သူမက ဝယ်သွားခဲ့တာလေ… ဒါကို ထည့်တွက်လို့ မရဘူးလား…”
သူမရဲ့ အတွေး…
“လင်းအာ ဂရုမစိုက်ဘူး… အစ်ကိုဖူရှင်းက ပိုကောင်းတာ တစ်ခု ပေးရမယ်…” မိန်းကလေးက ရီဖူရှင်း၏လက်ကို ဟီးလေးခိုကာ တောင်းသည်။
ရီဖူရှင်းက မိမိခေါင်းကို ကိုယ်တိုင် ရိုက်လိုက်ချင် တော့သည်။ သူက ဘာကြောင့် ဆက်နေဖြစ်ခဲ့တာလဲ…။
“ဒါမှမဟုတ်… အနည်းဆုံး ဆင်တူတာလေးတော့ ပေးသင့်တယ်… အစ်ကိုဖူရှင်း… မိန်းမလှတစ်ယောက် အတွက် ရှင်က ရှင့်ညီမကို လက်မလွှတ်သင့်ဘူး… အစ်ကိုဖူရှင်း.. ရှင်က အစ်ကိုတစ်ယောက် မဟုတ်ဘူးလား… လင်းအာဆီကို အမြဲတမ်း လာလည်ရမယ်နော်…”
မိန်းကလေးက ဘာလုပ်နေသည်ကို ရီဖူရှင်းက ရိပ်မိလိုက်သည်။ သူက သူမအား ထာဝရ ထားရစ်ခဲ့မည်ကို သူမက ကြောက်ရွံ့နေသည်။ ထို့ကြောင့် သူမက သူ့အား သည်မှာ ဆက်ရှိနေစေရန် ကြိုးစားနေခြင်း ဖြစ်ပေမည်။
လောင်လင်းအာ၏ လှပကာ အပြစ်ကင်းသော မျက်လုံးများကို ကြည့်ကာ ရီဖူရှင်း၏ နှလုံးသားက ပျော့ပျောင်းရသည်… “ကောင်းပြီ… ငါက မင်းကို သံစဉ် တစ်ခုပေးမယ်… ဒါကို ငါ့ဆီက ရတယ်လို့ မင်း မိဘတွေကလွဲရင် ဘယ်သူ့ကိုမှ မပြောနဲ့…”
“ကောင်းပြီ…” လောင်လင်းအာက ခေါင်းညိတ်သည်။
ရီဖူရှင်း၏ လက်စွပ်က အရောင်လက်သွားကာ ဂီတသင်္ကေတ စာရွက်တစ်ရွက် ပေါ်လာသည်။ သူက လောင်လင်းအာကို ကမ်းပေးရရင်းက ပြောသည်… “ဒါကို သေသေချာချာ လေ့လာ… အတင်းမလုပ်ယူနဲ့…”
“ကောင်းပြီ…” လောင်လင်းအာက စာရွက်အား ပျော်ရွှင်စွာ လှမ်းယူလိုက်ပြီး ပြောသည်… “အစ်ကိုဖူရှင်းက အကောင်းဆုံးပဲ…”
“မင်းက တော်တော် ဆိုးတယ်…” ရီဖူရှင်းက ရေရွတ်သည်။ သူက မိန်းကလေး တစ်ယောက်ထံတွင် ရှုံးနိမ့်ရ၏။
“ဘယ်သူ ရှိသေးလဲ…” လောင်လင်းအာက ညစ်ကျယ်ကျယ် ပြုံးသည်။
“မင်းရဲ့ အဒေါ်…” ရီဖူရှင်းက ပြောသည်။
“အဒေါ်က လှရမယ်…” လောင်လင်းအာက ပြောသည်။
“သေချာတာပေါ့… သူမက လောကမှာ အလှဆုံးပဲ… ဘယ်လိုပြောပြော သူမက ငါ့မိန်းမလေ…” ရီဖူရှင်းက ဂုဏ်ယူစွာ ပြောသည်။
လောင်လင်းအာက တခစ်ခစ် ရယ်မောသည်… “အစ်ကိုဖူရှင်း… ရှင်က တကယ်ပဲ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ…”
“အဲဒါ ယုံကြည်မှု ရှိတယ်လို့ ခေါ်တယ်…” ရီဖူရှင်းက လောင်လင်းအာ၏ ခေါင်းအား အသာပုတ်ကာ ပြောသည်… “ကောင်းပြီ… အခု လက်ဆောင်လည်း ပေးပြီးပြီ.. ငါပြန်ဦးမယ်… မင်းအမေဆီကို ပြန်သွားလိုက်…”
“ဒါဆို ဒါကရော…” လင်းအာက နတ်ဗိမာန်အိမ်တော် ကျောက်စိမ်းပြားကို ထုတ်သည်။
“ပြန်သိမ်းထားလိုက်…” ရီဖူရှင်းက ပြုံးကာ နောက်လှည့်ကာ ထွက်သွားသည်။
လောင်လင်းအာက သူ၏နောက်ကျောကို ကြည့်သည်… “အစ်ကိုဖူရှင်း… လင်းအာ မနက်ဖြန် လာရှာမယ်…”
“မင်းက တကယ်ပဲ အနှောင့်အယှက်ပဲ…” ရီဖူရှင်းက ရေရွတ်သည်။
“လင်းအာက သေအောင် နှောင့်ယှက်မှာ…” သူမက တောက်ပစွာ ပြုံးသည်။
ရီဖူရှင်းက ထွက်သွားပြီး မကြာမီ သူ့အရှေ့ကို မိန်းမတစ်ယောက် ရောက်လာသည်… “ဆရာရီ…”
“ခင်ဗျားက ဘယ်သူလဲ…” ရီဖူရှင်းက မေးသည်။
“သခင်မလေး ပြောတာကတော့ ရှင့်ရဲ့ ဂီတသံစဉ်က ရှင်ရခဲ့တာထက် တန်ကြေးပိုရှိတယ်တဲ့… သခင်မလေးမှာ မိုးမြေကောင်းကင်မြို့ထဲမှာ သီးသန့်အိမ်တစ်လုံး ရှိတယ်… အဲဒါကို သခင်မလေးက ရှင့်ကိုပေးချင်တယ်…” ထိုမိန်းမက ပြောသည်။ သူမက တစ်နေရာကို ကြည့်လျှင် ရီဖူရှင်းက လိုက်ကြည့်သည်။ ထိုနေရာတွင် လှပသော မိန်းကလေး တစ်ယောက်က ရပ်နေကာ သူ့အား ပြုံးလျက် ခေါင်းညိတ်ပြသည်။
ငါ့မှာ နေစရာ မရှိမှာကို ကြောက်နေတာလား…။ ရီဖူရှင်းက တွေးလိုက်သည်။ ထို့နောက် သူက ပြုံးကာ ခေါင်းယမ်းသည်… “ခင်ဗျားရဲ့ သခင်မကို ကျေးဇူးတင်တယ် ပြောပေးပါ… ဒါပေမဲ့ သံစဉ်က ဒီထက် ပိုတန်တယ် ဆိုရင်တောင် ဒါက ဂီတရဲ့ တန်ဖိုးကို တကယ်သိတဲ့လူတွေ အတွက် ထိုက်တန်မှုပါပဲ…”
ထို့နောက်တွင် ရီဖူရှင်းက ထိုလက်ဆောင်ကို လက်ခံခြင်း မရှိဘဲ ထွက်သွားသည်။
***
ရီဖူရှင်းက ထွက်သွားပြီးသောအခါ လောင်လင်းအာက ဂီတစာရွက်ကို ထုတ်ယူသည်။ သံစဉ်က လွန်စွာ ခက်ခဲသည်ကို သူမက တွေ့ရသည်။ သူမက အကြိမ်များစွာ ကြိုးစားကြည့်လျှင်ပင် တီးခတ်နိုင်စွမ်း မရှိပေ။
သူမက ထိုအထဲတွင် နစ်မျောနေသည်ကို မြင်လျှင် သခင်မလောင်က သူမအား မနှောင့်ယှက်တော့ပေ။ သူမက ဘေးတွင် တိတ်ဆိတ်စွာ ကြည့်နေသည်။
“ဘာသံစဉ်လဲ အဲဒါ…” သခင်မလောင်က မေးသည်… “အဲဒါက အရမ်းခက်ပုံပဲ… သူမက နားလည် ဆင်ခြင်နိုင်စွမ်း သိပ်မရှိတာလား…”
“မသိဘူး… လင်းအာက နားလည် ဆင်ခြင်နိုင်စွမ်းက ဒီလောက် မဆိုးပါဘူး…” အဘိုးအိုက ခေါင်းယမ်းကာ သံစဉ်ကို တိတ်ဆိတ်စွာ နားထောင်နေသည်။
လောင်လင်းအာက ပိုမို၍ တီးခတ်လေ့ကျင့်လျှင် သူမက ပထမပိုင်းအား ထစ်ငေါ့စွာ တီးခတ်လာနိုင်သည်။ အဘိုးအို၏ အမူအရာက လေးနက်သွား၏။
“ဘာဖြစ်လို့လဲ…” သခင်မလောင်က သတိထားမိသည်။
“သေသေချာချာ နားထောင်…” အဘိုးအိုက သူ၏မျက်လုံးများကို မှိတ်ထားသည်။ လောင်လင်းအာမူကား ဆက်လက် တီးခတ်နေဆဲ ဖြစ်သည်။ သူမက ထိုအထဲတွင် လုံးဝ နစ်မျောနေသည်။
ထိုစဉ်မှာပင် အဘိုးအိုက လျှပ်တစ်ပြက်ဖြင့် လောင်လင်းအာ၏ ဘေးတွင် ပေါ်လာသည်။ သခင်မလောင်လည်း ထိတ်လန့်သွားကာ နောက်မှ လိုက်ပါလာသည်။
လောင်လင်းအာက ခေါင်းမော့ကာ နားမလည်စွာ မေးသည်… “ဖန်းဘိုးဘိုး… အမေ… ဘာဖြစ်လို့လဲ…”
“လင်းအာ… အဲဒါ ဘာသီချင်းလဲ…” အဘိုးအိုက မေးသည်။
“လင်းအာ မသိဘူး…” လောင်လင်းအာက ခေါင်းယမ်းသည်။
“ငါကြည့်လို့ရမလား…” အဘိုးအိုက မေးသည်။ လောင်လင်းအာက တွန့်ဆုတ်နေ၏။
“လင်းအာ…” သခင်မလောင်က ခေါ်သည်။ သူမက ဘာဖြစ်နေသနည်း။
“ဖန်းဘိုးဘိုး… လင်းအာကို ပြန်ပေးရမယ်…” လောင်လင်းအာက ပြောသည်။
အဘိုးအိုက ခေါင်းညိတ်ကာ ဂီတစာရွက်ကို ယူလိုက်သည်။ သူက စာရွက်ကို ကြည့်ကာ ထိတ်လန့်သွားဟန် ရသည်။
“ဆရာဖန်း…” သခင်မလောင်က အံ့အားသင့် သွားသည်… “ဒီသီချင်းက ထူးခြားလို့လား…”
“သခင်မ…” အဘိုးအိုက စာရွက်ကို ချလိုက်ကာ ပြောသည်… “ကျုပ် မမှားဘူးဆိုရင် ဒါက ကောင်းကင်ဒေသရဲ့ အကောင်းဆုံး သံစဉ်ဆယ်ခုထဲက တစ်ခုဖြစ်တဲ့ အူကီယိုပဲ…”
***