Switch Mode

အပိုင်း (၅၄၅)

ခရမ်းရောင်အုပ်စုခွဲ၏ အကိုခြောက်
ကျောက်ရှင်းမုံ့က ဝမ်လင်းကို ကြည့်လိုက်သည်။ အနည်းငယ် စဉ်းစားပြီးနောက် သူမက ရုတ်တရပ်ပြုံး၍ နူးညံ့စွာပြောလိုက်သည်။ “ငါက နင့်ကို လျော့တွက်ခဲ့မိတယ်…။ မောင်လေးခုနှစ်…ငါအလျော့ပေးတယ်…” ထိုသို့ပြောပြီးနောက် သူမက ခရမ်းအုပ်စုခွဲတပည့်များ ရှိရာနေရာသို့ ပြန်သွားတော့သည်။
သို့ရာတွင် ထိုအခိုက်၌ ခရမ်းရောင်အလင်းတန်းတစ်ခုက မိုးကုပ်စက်ဝိုင်းထံကနေ တဟုန်ထိုး ရုတ်တရပ် တိုးဝင်လာနေ၏။
အခြားအုပ်စုခွဲခြောက်ခုမှ တပည့်များသည်လည်း အကွာအဝေးတစ်ခုမှ အလင်းတန်းကို ကြည့်လိုက်ကြသည်။ သည်ခရမ်းရောင်အလင်းတန်းကို မြင်လိုက်သည့်အခါ သူတို့ထဲကတစ်ဝက်ကျော်၏ မျက်နှာများက တစ်မျိုးဖြစ်သွားကြသည်။
ရှေ့ဖြစ်ဟောသူကတော့ ပုံမှန်အတိုင်းသာ ရှိနေ၏။ သူက ထိုခရမ်းရောင်အလင်းကို ကြည့်ပင်မကြည့်ပေ။ သူက လက်နောက်ပစ်လျက်ရှိနေကာ သူ့မျက်နှာကလည်း တည်ငြိမ်လို့နေ၏။
ခရမ်းရောင်အလင်းတန်းက ပေတစ်ထောင်အကွာတွင် ရပ်တန့်သွား၍ သက်လတ်ပိုင်းလူကြီးတစ်ယောက်အသွင် ပေါ်လာခဲ့လေ၏။ သည်လူ့ပါးနှစ်ဖက် ဖြူရောကာ ပါးချပ်နေသည်။သူက ထက်ရှသောဓားတစ်လက်နှင့်ဆင်တူကာ အေးစက်စက်အော်ရာကို ပေးစွမ်းလို့နေ၏။
သည်အော်ရာက ဓားသူတော်စင်တပည့်များ၏ အော်ရာနှင့် ခပ်ဆင်ဆင်တူလို့နေ၏။
သူက ဝမ်လင်းနှင့်ဘိုင်ဝေတို့လိုမျိုး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူက ထိုနေရာတွင် မတ်တပ်ရပ်ကာ လက်နှစ်ဖက်ဆုပ်၍ ရှေ့ဖြစ်ဟောသူအား လေးစားစွာ ပြောလိုက်၏။ “တပည့် ချန်ထောင်က ဆရာ့ကို နှုတ်ဆက်ပါတယ်…”
“သူပဲ…” ဘိုင်ဝေမျက်လုံးများက အလေးအနက် ဖြစ်လို့သွားသည်။
ကျောက်ရှင်းမုံ့က ထိုလူကို စိုက်ကြည့်ရင်း သူမမျက်လုံးထဲ၌ ရှုပ်ထွေးမှုတစ်ခု ဖြတ်ပြေးသွား၏။
“ခရမ်းရောင်အုပ်စုခွဲရဲ့ အကိုခြောက်…”
“စွန်ယွမ်မတိုင်ခင်တုန်းက အစစ်အမှန်တပည့်နေရာကို ရရှိခဲ့သူ…”
“ပြောကြာတက သူက သူ့ဆရာနောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့ပြီး စွန်ယွမ်ကို ရှုုံးနိမ့်သွားချိန်မှာ ကလန်ပြင်ပကို သူ့ဟာသူ လေ့ကျင့်ဖို့ ထွက်သွားတယ်တဲ့…”
အခြားအုပ်စုခွဲခြောက်ခု၏ တပည့်များထံမှ ဆွေးနွေးသံများ ပျံ့လာခဲ့သည်။
ရှေ့ဖြစ်ဟောသူ အကြည့်က ချန်ထောင်ပေါ်သို့ ကျရောက်သွား၏။ သူက အသိအမှတ်ပြုဟန်ဖြင့် ပြောလိုက်၏။ “ မင်းက ပြန်လာနိုင်စွမ်း ရှိတာပဲ…။အရမ်းကောင်းတယ်…”
ချန်ထောင်က မဖြုံစတမ်းအသွင်ဟန်ပန် ဖြင့်ပြောလိုက်သည်။ “တပည့်က အစတုန်းကတော့ နောက်မကျအောင်လာခဲ့တာပါ…။ဒါပေမဲ့ တပည့် မှက်နက်ဂြိုဟ်ကို ဖြတ်လာတော့ အဲ့နေရာမှာ ရှားပါးရတနာတစ်ခုကို တွေ့ခဲ့တယ်…။ ဒါနဲ့ ဒီရတနာကို ဆရာ့အတွက်လက်ဆောင်အဖြစ် ပေးချင်လို့ ဝင်ယူနေရင်း ခုလို နောက်ကျသွားတာပါ…”
ရှေ့ဖြစ်ဟောသူက ရယ်မောကာ မေးလိုက်သည်။ “ဘယ်လို ရတနာမျိုးက မင်းမျက်စိကို ဖမ်းစားနိုင်ခဲ့တာလဲ…”
ချန်ထောင်အသွင်က တည်ငြိမ်နေကာ သူက သိုလှောင်အိတ်ထဲကနေ ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်၏။
သည်ပစ္စည်းက အရောင်ခြောက်မျိုးနှင့် ပန်း ဖြစ်သည်။ သည်ပန်းကိုယ်တိုင်က အဖြူရောင်ရှိသော်လည်း ပွင့်ချပ်များက အနီ၊အဝါ၊အစိမ်း၊မိုးပြာနှင့် အဝါရောင် တို့ ရှိနေကြသည်။
ချန်ထောင်က ပန်းကို ရှေ့သို့ ပို့လွှတ်ကာ လေးစားစွာ ပြောလိုက်သည်။ “ဒီထူးဆန်းတဲ့ပန်းပါပဲ…။ တပည့်ရဲ့ ဗဟုသုတက မလုံလောက်တဲ့အတွက် ဒါကို ဘယ်လိုပန်းမျိုး ဖြစ်ကြောင်း မသတ်မှတ်နိုင်ပါဘူး…ဒါပေမဲ့ မှင်နက်ဂြိုဟ်ပေါ်မှာ ဒီပန်းအတွက် အဆင့်မြင့်သားရဲသုံးကောင်က တိုက်ခိုက်နေခဲ့ကြတယ်…။တပည့်က ဒါနဲ့ ပတ်သတ်ပြီးသိချင်စိတ်ဖြစ်သွားပြီး ယူလာခဲ့တာပါ…”
သည်ပန်းက ဖြည်းညင်းစွာ ပျံသန်းသွားကာ ရှေ့ဖြစ်ဟောသူ ရှေ့၌ ရပ်တန့်သွား၏။ ရှေ့ဖြစ်ဟောသူက သည်ပန်းကို ကြည့်၍ အနည်းငယ်စဉ်းစားကာ ပြောလိုက်သည်။ “ဒီပန်းကို ရောင်စုံခုနှစ်ခြယ်ပန်းလို့ ခေါ်တယ်…။ဒါက ဆယ်နှစ်ကြာရင် အမြစ်ဖြစ်ပေါ်တယ်…နှစ်တစ်ရာကြာမှာ ပွင့်ချပ်တွေ စတင်ကြီးထွားတယ်…နှစ်တစ်ထောင်ကြာရင် စဖူးလာပြီး နှစ်တစ်သောင်းကြာရင်တော့ ပွင့်လာတယ်…ဒါက တစ်ကြိမ်ပွင့်တိုင်း အရောင်တစ်ခုကို ထုတ်လွှတ်တယ… ခုနှစ်ကြိမ်မြောက်ဖူးပွင့်မှုရှိရင် ဒါက ခုနှစ်ရောင်ကို ထုတ်လွှတ်လိမ့်မယ်…”
“သားရဲတွေက ဒီပန်းကိုနှစ်သက်ကြတယ်…။သားရဲတစ်ကောင်က ဒီပန်းကို ရောင်စုံခုနှစ်ခုထုတ်လွှတ်တဲ့အချိန်မှာ ဝါးမြိုနိုင်ရင် ဒါက သူတို့အတွက် အတော်လေး အကျိုး ရှိစေတယ်…။ဒါက ကောင်းကင်ဘုံရတနာတစ်ခုလို့ ယူဆလို့ရတယ်…။ ငါက ဒါကို ကျင့်ကြံခြင်းမဟာမိတ်အဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အဆင့်မှာဆိုရင် (၉၃) ခုမြောက်အဆင့်မှာ ရှိလိမ့်မယ်လို့ ယုံကြည်တယ်…။အကြီးအကဲစွန်…ငါ ပြောတာ မှန်ရဲ့လား…” ရှေ့ဖြစ်ဟောသူက ထိုသို့ပြောလိုက်ရင်း အကြီးအကဲစွန်ထံသို့ ကြည့်လိုက်၏။
အကြီးအကဲစွန်က ပြုံး၍ ခေါင်းညိတ်လိုက်သည်။ “မှန်တယ်…။ဒါက ရောင်စုံခုနှစ်ခြယ်ပန်းပဲ…။ဒါပေမဲ့ ခုဒါက မပြီးပြည့်စုံသေးဘဲနောက်ဆုံးပွင့်ချပ်တစ်ခု ကျန်နေသေးတယ်…။ ဒါပေမဲ့ ရှေ့ဖြစ်ဟောသူရဲ့ မန္တာန်နဲ့ဆိုရင် ဒီ ခုနှစ်ခုမြောက်ပွင့်ချပ်က သိပ်မကြာခင်မှာပဲ ပွင့်လာနိုင်လိမ့်မယ်…”
ရှေ့ဖြစ်ဟောသူက လက်မြှောက်၍ သည်ပန်းကို ဖမ်းယူလိုက်သည်။သည့်နောက် သူက ပြုံး၍ ပြောလိုက်၏။ “ကောင်းပြီ…ငါက ဒါကို လက်ခံတယ်…”
ချန်ထောင်မျက်လုံးများက လက်ခနဲ ဖြစ်လို့သွား၏။ သည့်နောက်သူက ခရမ်းရောင်အုပ်စုခွဲ၏ တပည့်သုံးယောက်ကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
“ကြည့်ရတာ ခရမ်းရောင်အုပ်စုခွဲက ပိုပြီး ဆုတ်ယုတ်လာတာပဲ…။ ဘိုင်ဝေ၊ ကျောက်ရှင်းမုံ့ ဘာလို့မင်းတို့နှစ်ယောက်ပဲ ရှိရတာလဲ…”
ဘိုင်ဝေအသွင်က အနည်းငယ် နေမထိနေမထိုင်သာ ဖြစ်သွားပုံရသည်။သူကစကားတစ်ခွန်းမှတော့ ပြန်မဆိုချေ။
ကျောက်ရှင်းမုံ့အသွင်ကတော့ စိတ်ရှုပ်ထွေးဟန် ဖြစ်သွား၏။ သူမက သက်ပြင်းချကာ ပြောလိုက်သည်။ “ငါက နင် ဆရာ့ရဲ့ မွေးနေ့မှာ အမှီပြန်လာမယ်ဆိုတာ သိနေခဲ့တယ်…”
ချန်ထောင်က ကျောက်ရှင်းမုံ့ကို ကြည့်လိုက်ပြီးနောက် ဝမ်လင်းထံသို့ တစ်ချက်ကြည့်လိုက်သည်။ သည့်နောက်သူက ဝမ်လင်းကိုအာရုံစိုက်ခြင်း မရှိတော့ချေ။
“စွန်ယွမ် ကော..”
ကျောက်ရှင်းမုံ့က သက်ပြင်းချကာ အသံပို့လွှတ်လိုက်၏။ ချန်ထောင်အသွင်က ရှုံံ့တွသွားသည်။သူက ခေါင်းငဲ့ကာ ဝမ်လင်းထံသို့ ကြည့်လိုက်သည်။သည့်နောက် သူက ပြောလိုက်၏။ “မင်းက ခုနှစ်ယောက်မြောက်ညီ ပေါ့…။မင်းနာမည်က ဘာလဲ…”
“ဝမ်လင်း…” ဝမ်လင်းမျက်လုံးများက တည်ငြိမ်နေ၏။ ချန်ထောင်ပေါ်လာသည်နှင် သူ့ကျင့်ကြံမှုကို ဖုံးကွယ်ထားခြင်းမရှိပေ။ ဝမ်လင်းက သည်လူသည် စိတ်ဝိဉာဉ်အသွင်ပြောင်းခြင်းအဆင့်ကို ကျော်လွန်သည်ကို ခပ်ရေးရေးမြင်နိုင်စွမ်း ရှိလိုက်ကာ သူက အာဏာတက်ခြင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေရပေမည်။
အာဏာတက်ခြင်းအဆင့် ဘယ်လောက်တွင် ရှိနေသည်ကိုတော့ ဝမ်လင်းက ပြောနိုင်ခြင်း မရှိချေ။
“မင်းက ငါ့ညီခုနှစ်ဖြစ်ဖို့ မထိုက်တန်ဘူး…။စွန်ယွမ်ကသာ ငါ့ ညီခုနှစ်ဖြစ်တယ်…” ချန်ထောင်အသွင်က တည်ငြိမ်နေပြီး သူ့အကြည့်က ဝမ်လင်းထံကနေ ဖယ်ရှားလိုက်၏။
ရှေ့ဖြစ်ဟောသူက သူ့တပည့်များကို စောင့်ကြည့်လို့နေသည်။သူက ပြုံးရုံသာပြုံး၍ မည်သည့်စကားမျှ မဆိုချေ။
ချန်ထောင်က ရှေ့ဖြစ်ဟောသူကို လေးစားစွာ ကြည့်၍ ပြတ်သွားစွာ ပြောလိုက်သည်။ “ဆရာ တပည့်ပြန်လာတာက ခရမ်းရောင်အုပ်စုခွဲရဲ့ အစစ်အမှန်တပည့်နေရာကို ရယူချင်လို့ပါ…။ဆရာက သဘောတူလိမ့်မယ်လို့ မျှော်လင့်ပါတယ်…”
ရှေ့ဖြစ်ဟောသူက ပြုံး၍ ပြောလိုက်၏။ ခုချိန်မှာ ခရမ်းရောင်အုပ်စုခွဲအတွက် မင်းနဲ့ “မင်းညီခုနှစ်တို့က ဒီနေရာအတွက် တိုက်ခိုက်ရမယ်…မင်းတို့နှစ်ယောက်ထဲကတစ်ယောက်သာ ဒီနေရာကို ရရှိနိုင်မယ်…”
ချန်ထောင်က လှောင်ပြုံးပြုံး၍ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူက ခြေတစ်လှမ်းဖြင့်ပင် ဝမ်လင်းရှေ့သို့ ရောက်သွားလေ၏။ သူက လက်ကို အလင်းထက်မြန်အောင် လှုပ်ရှားလိုက်ပြိး ချိပ်တံဆိတ်တစ်ခုကို ဝမ်လင်းရှေ့တစ်ပေကွာသို့ ရောက်ရှိသွားတော့သည်။
ဝမ်လင်းက နောက်သို့ လျင်မြန်စွာ ဆုတ်လိုက်ကာ ပုဆိတ်က သူ့ရှေ့၌ ပေါ်လာ၍ သည်ချိတ်တံဆိပ်၏ အားများကို ပိတ်ဆို့စေသည်။ တစ်ပြိုင်နက်တည်းမှာပင် သူက လက်ထဲရှိ သတ္တုကောင်းကင်ဘုံစိတ်ဝိညာဉ်စွမ်းအင်များကို အသုံးပြုလိုက်သည်။ သူက နောက်သို့ ဆယ့်နှစ်ပေခန့်ဆုတ်သွားပြီးနောက် သူ့ကိုယ်သူတည်ငြိမ်အောင် ပြုလုပ်လိုက်နိုင်သည်။ သူက ထိုနေရာတွင် မတ်တပ်ရပ်နေရင်း ချန်ထောင်ကို သုန်မှုန်စွာ ကြည့်၏။
ဝမ်လင်းက တစ်ချိန်လုံး သတိထားနေခြင်း ဖြစ်သည်။ စောစောပိုင်းတိုက်ခိုက်မှုက သူ့ကို တိုက်ခိုက်ခြင်းမဟုတ်ဘဲ တုန်လှုပ်သွားစေရန်သာ ပြုလုပ်ခြင်း ဖြစ်သည်။ သည်တိုက်ခိုက်မှုက လေထဲသို့သာ ကျရောက်သွားသော်လည်း တုန်ခါလှိုင်းများက သူ့ကို နောက်သို့ ဆုတ်သွားစေခဲ့သည်သာ။ ဝမ်လင်းက သည်လိုစွမ်းအားမျိုးနှင့် ယှဉ်နိုင်ခြင်း မရှိချေ။
ဝမ်လင်းက ချန်ထောင်သည် သူ့ထက်ပိုတုန်လှုပ်သွားသည်ကို မသိချေ။ သူအသုံးပြုလိုက်သည့် မန္တာန်က အလွန်အားကောင်းကာ တိုက်ရိုက်တိုက်ခိုက်ခြင်း မရှိသော်လည်း တုန်ခါလှိုင်းကပင် စိတ်ဝိညာဉ်အသွင်ပြောင်းခြင်းအလယ်အဆင့် တစ်ယောက်ကို နောက်သို့ ပေရာချီ၍ ဆုတ်သွားနိုင်စွမ်း ရှိပေသည်။ သူက ဝမ်လင်းကို ဖိနှိပ်လိုက်ခြင်းသာ ဖြစ်သည်။
သို့သော် သူက ဝမ်လင်းကို ဆယ့်နှစ်ပေခန့်သာ နောက်ဆုတ်သွားအောင် ပြုလုပ်နိုင်ခဲ့၏။ သည်အရာက ဝမ်လင်းကို မဖိနှိပ်နိုင်သည့်အပြင် ဝမ်လင်းကို ရှောင်ဖယ်စေကာ တိုက်ပွဲတစ်ခု စတင်လိုကြောင်း ပြသလိုက်သလိုပင် ဖြစ်လို့သွား၏။
ချန်ထောင်က မျက်မှောင်ကြုတ်ကာ ဝမ်လင်းကို အေးစက်စွာ ကြည့်၍ ပြောလိုက်သည်။ “မင်း လက်လျော့လိုက်တော့…”
ဝမ်လင်းက ချန်ထောင်ကို ကြည့်နေရင်း သူ့အကြည့်ကလည်း အေးစက်လာခဲ့သည်။ သည်လူက အလွန်ပင် လွှမ်းမိုးချင်နေ၏။ သူက ဘယ်လက်ကိုမြှောက်လိုက်ရာ သတ္တုကောင်းကင်ဘုံစွမ်းအင်စက်ဝန်းငါးခုကို ပို့လွှတ်လိုက်၏။
သည်စက်ဝိုင်းငါးခုက မျက်စိတစ်မှိတ်အတွင်း ချန်ထောင်ရှေ့သို့ ကျရောက်သွားသည်။
ချန်ထောင်က ၎င်းစက်ဝိုင်းကို ကြည့်ကာ တိုးညင်းစွာ ပြောလိုက်၏။ “မင်းအသုံးပြုတဲ့မန္တာန်က အဲ့လို မဖြစ်ရဘူး…” ထိုသို့ပြောပြီးနောက် သူက ညာလက်ညှိုးကို ရှေ့သို့ ညွှန်လိုက်ရာ သတ္တုကောင်းကင်ဘုံစွမ်းအင် ဝဲကတော့က ရုတ်တရပ်ရပ်တ့်သွားပြီး ကျယ်လောင်သောအသံလှိုင်းများ ထွက်ပေါ်သွားတော့၏။
သည့်နောက် ချန်ထောင်က ရွှေရောင်စက်ဝိုင်းတစ်ခုကို ဖြစ်စေ၍လှည်ပတ်လိုက်ရာ သူထုတ်ဖော်လိုက်သည့် စက်ဝိုင်းက ခြောက်ခုထိ ရောက်ရှိလာခဲ့တော့သည်။
ချန်ထောင်က ထိုမျှနှင့် ရပ်တန့်ခြင်းမရှိဘဲ ထပ်မံထုတ်ဖော်လိုက်ပြန်သည်။ နောက်ဆုံးတွင်တော့ သည်စက်ဝိုင်းက အကန့်အသတ်ကိုးခုထိ ရောက်ရှိလို့သွားတော့သည်။
ချန်ထောင်က ခေါင်းမော့၍ ဝမ်လင်းကို အထင်သေးဟန်ဖြင့် ကြည့်သည်။ သူက ညာလက်ကို ရှေ့သို့ ဖိချလိုက်ရာ ရွှေရောင်စက်ဝိုင်းက ဝမ်လင်းထံသို့ ဦးတည်ဝင်ရောက်သွားသည်။
ဝမ်လင်းမျက်နှာက သုန်မှုန်နေကာ သူက နောက်သို့ အလျင်အမြန် ဆုတ်လိုက်၏။ သူက ပုဆိတ်ကို ဆွဲကိုင်၍ လေထဲသို့ ခုန်ကာ လွှဲပိုင်းချသည်။
မိုးခြိမ်းသံတစ်ခု ထွက်ပေါ်သွားပြီးနောက် ပုဆိန်စွမ်းအင်များက ရွှေရောင်စက်ဝိုင်းပေါ်သို့ ဆင်းသက်လို့သွား၏။
ပုဆိန်စွမ်းအင်က ရွှေ‌ရောင်စက်ဝိုင်းပေါ်သို့ ကျရောက်သွားသည့်အခိုက်တွင် ယင်းစက်ဝိုင်းကို အရှိန်ခဏနှေးသွားစေသော်လည်း ၎င်းက ဝမ်လင်းထံသို့ တဟုန်ထိုး ဝင်လာဆဲပင်။
ဝမ်လင်းက အန္တရာယ်နီးကပ်လာသည်ဟု ခံစားလိုက်ရသည်။ သို့သော် သူက ကြောက်လန့်နေခြင်း မရှိပေ။ သူက လက်ကို လေထဲသို့ မြှောက်လိုက်၍
ကောင်းကင်ထဲ၌ ကြက်ခြေခတ် ဖြတ်ပိုင်း၏။ ငွေရောင်အလင်းတန်းက ရွှေရောင်အလင်းထက်တွင် ပေါ်လာခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် တည်နေရာရွှေ့ပြောင်းခြင်း စွမ်းရည်ကို ဝမ်လင်းက အသုံးပြုလိုက်၏။ သို့ရာတွင် သူ့ဦးတည်ချက်က သူကိုယ်တိုင် တည်နေရာရွှေ့ပြောင်းရန် မဟုတ်ပေ။သို့သော် သည်ငွေရောင်အလင်းကတော့ ရွှေရောင်စက်ဝန်းကိုဖုံးလွှမ်းလို့ သွားလေ၏။
ဝမ်လင်းက တည်နေရာရွှေ့ပြောင်းခြင်းမန္တာန်များကို တစ်ခုပြီးတစ်ခု ဖြစ်ပေါ်စေလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ၎င်းက ပြီးပြည့်စုံသွား၏။ သူက တိုးညင်းစွာ ပြောလိုက်သည်။ “မဟာတည်နေရာရွှေ့ပြောင်းမှု…”
သူက ထိုသို့ပြောလိုက်သည့်အခါ ရွှေ့ရောင်စက်ဝန်းက သူနှင့် သုံးပေအကွာသို့ ရောက်လာခဲ့သည်။ သည့်အတွက်ကြောင့် သူက အဖျက်အစီးအော်ရာကို ခံစားမိနေ၏။ သို့ရာတွင် ဝမ်လင်းမျက်နှာပေါ်၌ ကြောက်လန့်မှုတို့ ရှိမနေခဲ့ချေ။
စက်ဝိုင်းကိုးခုက လျင်မြန်စွာဖြင့် နီးကပ်လာ၏။ သို့သော် ၎င်းစက်ဝိုင်းက ဝမ်လင်းရှေ့ တစ်ပေခန့် ရောက်လာသည့်အခါ ၎င်းစက်ဝိုင်းကို ဝန်းရံထားသည့် ငွေရောင်အလင်းတန်း ပြင်းပြင်းထန်ထန် တောက်ပလို့သွားသည်။သည့်နောက် ၎င်းစက်ဝန်းကလည်း ပျောက်ကွယ်လို့သွားတော့၏။
သည်မြင်ကွင်းက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏အကြည့်ကို ပိုအာရုံစိုက်မိလာစေသည်။
ရှေ့ဖြစ်ဟောသူမျက်လုံးထဲ၌ အသိအမှတ်ပြုဟန် ဖြစ်ပေါ်လာကာ ခေါင်းညိတ်လိုက်၏။
ချန်ထောင်မျက်လုံးများက လက်ခနဲ ဖြစ်သွား၏။ သူက ဝမ်လင်းကို အစတုန်းကကဲ့သို့ လျော့မတွက်တော့ချေ။
သည်အရာများအားလုံးက အချိန်တိုအတွင်း ဖြစ်ပျက်သွားခြင်းပင်။ စက်ဝိုင်းပျောက်ကွယ်သွားသည်နှင် ဝမ်လင်းက ပုဆိန်ကို ပြန်သိမ်းသည်။ သူက ချိပ်တံဆိပ်တစ်ခုကို ဖြစ်ပေါ်စေကာ သူနှင့်သိပ်မဝေးသောနေရာတွင်ရှိနေသည့် စစ်ရထားထံသို့ ပို့လွှတ်လိုက်၏။ သည့်နောက် သူက ပြောလိုက်သည်။ “စိတ်ဝိညာဉ်သားရဲ…ပေါ်ထွက်လာစမ်း…”
အစောပိုင်းတုန်းက ချန်ထောင်ကစစ်ရထားကို တစ်ချက်သာ ကြည့်ခဲ့၍ အာရုံစိုက်ခဲ့ခြင်း မရှိပေ။ သို့သော် ခုချိန်၌ သူက ရုတ်တရပ် ခေါင်းမော့ကာ သည်စစ်ရထားထံကနေ အညံ့မခံသည့် မွန်းစတားအော်ရာထွက်ပေါ်လာမှုကို ကြည့်လိုက်တော့သည်။
တစ်ပြိုင်နက်တည်းမှာပင် ဧရာမသားရဲစိတ်ဝိညာဉ်တစ်ကောင်က လျင်မြန်စွာ သိပ်သည်းလာကာ မိုးခြိမ်သံကဲ့သို့ ဟိန်းဟောက်လိုက်လေတော့၏။

Comment

Leave a Reply

Options

not work with dark mode
Reset