Switch Mode

အပိုင်း (၄၂၃)

နဂါးသိုက်နန်း

ထိပ်သီးကျောင်း သုံးကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များက တောင်ကုန်းပေါ်သို့ တက်လာနေကြသည်။ အပေါ်မှ ဆင်းလာသည်ကား ကြောက်မက်ဖွယ် ကောင်းသော သားရဲ ကိုယ်ရောင်ကိုယ်ဝါများ ဖြစ်ကြသည်။ များစွာသော သားရဲများက ဟိန်းသံများပေးကာ လိုဏ်ဂူအား စောင့်ကြပ် နေကြသည်။ ထိုအထဲတွင် သားရဲများကို ဦးဆောင်သော များစွာသော သားရဲဘုရင်များ ပါဝင်ကြသည်။

“သတ်… နဂါးမြက်ကလွဲရင် မင်းတို့ယူနိုင်တာ မင်းတို့အပိုင်ပဲ…” ကြယ်မင်းကျောင်းမှ တစ်ယောက်က ပြောသည်။ သားရဲများက သည်တောင်ကုန်းတွင် စုစည်းနေကာ များစွာသော သားရဲဘုရင်များလည်း ရှိနေကြသည်။ ထို့အပြင် သူတို့အားလုံးကို ဦးဆောင်သူကား ရှီအဆင့်ကို ရောက်လုနီးပါး ဖြစ်နေသော မိစ္ဆာနဂါးကြီး ဖြစ်သည်။ အထဲတွင် များစွာသော တန်ဖိုးကြီး ရတနာများ ရှိရပေမည်။

သူက ထိုသို့ ပြောလိုက်သည်နှင့် နိုဘယ် တန်ခိုးရှင်များက နိုဘယ်သားရဲများကို သတ်ဖြတ်ရန် ကြိုးစားကြသည်။ သဘာဝစွမ်းအင်များ တဝုန်းဝုန်း ပေါက်ကွဲကြကာ မှော်စွမ်းအားများက ကောင်းကင်တစ်ခုလုံး ပြည့်နှက် သွားသည်။

ထိပ်သီးကျောင်း သုံးကျောင်းမှ စွမ်းအားမြင့် တန်ခိုးရှင်များက နေရာမျိုးစုံမှ လှည့်ပတ် တိုက်ခိုက်ကြသည်။

“ဒီနေရာက အန္တရာယ်ရှိတယ်လို့ အရင်ကတည်းက နင်တို့ကို သတိပေးထားပြီးပြီ… အခု ဖြစ်လာသမျှက ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပဲ… ငါက နင်တို့ကို ကာကွယ်ပေးမှာ မဟုတ်ဘူး…”

ဝမ်ယွီချန်းက ရီဖူရှင်းတို့အုပ်စုကို ပြောသည်… “အရမ်း နောက်မကျသေးခင် နင်တို့ ထွက်သွားလို့ ရသေးတယ်…” ထို့နောက်တွင် သူမက ထိပ်သီးကျောင်း သုံးကျောင်းမှ တပည့်များနှင့်အတူ သားရဲအုပ်များထံသို့ တိုက်ခိုက်ရန် ပြေးသွားသည်။

ရီဖူရှင်း၏ဘေးတွင် သိမ်းငှက်နက်က သူ၏အတောင်ပံကို တဖျတ်ဖျတ် ခတ်ကာ ရှေ့ကို ပြေးသွားရန် ပြင်သည်။ ရီဖူရှင်းက သူ့ကို ကြည့်ကာ ပြောသည်… “ငြိမ်ငြိမ်နေစမ်း… မင်း ဟန်ရေးပြရမည့်အချိန် မဟုတ်သေးဘူး… ”

ရီဖူရှင်း၏ ကြိမ်းမောင်းသံကို ကြားလျှင် သိမ်းငှက်နက်က ဝမ်းနည်းစွာ ခေါင်းငုံ့သည်။

“ယူချင်း… ဝူချင်း… လို့လန်… ငါနဲ့အတူ အဆင့်မြင့် အကာနာသားရဲတွေ ဖမ်းကြရအောင်… ငါက အသက်ရှင်ရက် လိုချင်တယ်…” ရီဖူရှင်းက ရေရွတ်သည်။ တခြားလူများက ခေါင်းညိတ်ကြသည်။ သူတို့က လေထဲမှ တစ်ဆင့် တောင်စောင်းသို့ လျှောက်သွား လိုက်ကြသည်။ သူတို့၏ ကိုယ်ရောင် ကိုယ်ဝါများကို ထုတ်လွှတ် လိုက်ကြသည်။ လို့လန်ရွှီ၏ တန်ခိုးအဆင့်က အမြင့်ဆုံးဖြစ်သည်။ သူမက အလယ်အလတ် အကာနာအဆင့် ဖြစ်သည်။

ထိုစဉ်က ရီဖူရှင်းတို့က ဓမ္မအဆင့်ကို စတင်ဝင်ရောက်ကာ လို့လန်ရှေးဟောင်း နယ်မြေကို စွန့်စားခန်း ဖွင့်စဉ်က လို့လန်ရွှီကား ဓမ္မအဆင့်အမြင့်ဆုံးကို ရောက်နေပြီး ဖြစ်သည်။ သူမက လီတောင်ယွန်နှင့် ယှဉ်တိုက်နိုင်ကာ ဘုရင်မအတွက် ရှီရတနာစာအုပ်ကို ရယူပေးနိုင်ခဲ့သည်။ သူမ၏တန်ခိုးအဆင့်က မနိမ့်ပေ။ ယခု ရှီရတနာစာအုပ်က သူမ၏ဓမ္မတွင် အစိတ်အပိုင်းတစ်ခု ဖြစ်နေပြီ ဖြစ်သည်။

သူတို့ရှေ့တွင်ကား ဝမ်ယွီချန်းက တောင်ပေါ်တွင် တိုက်ခိုက်နေပြီ ဖြစ်သည်။ သူမက သားရဲတစ်ကောင်ကို သတ်ကာ ရီဖူရှင်းတို့ အုပ်စုဘက်ကို လှမ်းကြည့်သည်။ သူတို့က အားနည်းပုံ မရသော်လည်း သူတို့၏ တန်ခိုးအဆင့်က အနည်းငယ် နိမ့်ပေသည်။ သူတို့အတွက် အန္တရာယ်ရှိပေသည်။ ရီဖူရှင်းတို့အုပ်စုက နောက်ဆုတ် သွားမည်ဟု သူမက ထင်ခဲ့သည်။

ဝှီး…

ရေခဲချွန်တစ်ခု ရီဖူရှင်းတို့ အုပ်စုဖက်ကို ပစ်လွင့်လာသည်။ ယူချင်းက ရှေ့ကို တက်သွားကာ လိုက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်၏။ ရေခဲချွန်က ချက်ချင်း ကြေမွပျက်စီး သွားသည်။ နှင်းရေခဲဝံပုလွေ တစ်ကောင်က သူတို့ထံ ခုန်အုပ်သည်။ အအေးဓာတ်က ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ ဝံပုလွေကား အလယ်အလတ် အကာနာဖြစ်သည်။ ရီဖူရှင်းတို့အုပ်စုက အားနည်းသည်ကို မြင်လျှင် သူက ချက်ချင်း တိုက်ခိုက်သည်။

“အဆင့်မြင့် အကာနာထက် နိမ့်တဲ့သူတွေကို မလိုဘူး…” ရီဖူရှင်းက ပြောသည်။ ယူချင်းက လက်ဝါးဖြင့် ရိုက်ကာ နှင်းရေခဲဝံပုလွေ၏ ခြေသည်းလက်သည်းများကို ချိုးပစ်လိုက်သည်။ ထို့နောက်သူက ဝံပုလွေ၏ခေါင်းအား ဖြတ်တောက် လိုက်သည်။

သူတို့အုပ်စုက ရှေ့ကို ဆက်သွားကြကာ ဆက်တိုက်ပင် သားရဲများကို သတ်ဖြတ်ကြသည်။ သူတို့ တောင်ပေါ်သို့ ရောက်သောအခါ ရုတ်တရက် တဒုံးဒုံးမြည်သံများကို ကြည့်ရသည်။ ဧရာမလူဝံကြီး တစ်ကောင်က သူ၏ကြောက်မက်ဖွယ် အားအင်များကို သုံးကာ လှမ်းရိုက်၏။

သားရဲများက သဘာဝစွမ်းအင်များကို သိရှိခံစားနိုင်ကာ တန်ခိုးကျင့် နိုင်ကြသည်။ သူတို့တွင်လည်း မျိုးနွယ်အလိုက် ဆက်ခံရသော ပညာရပ်များရှိပြီး မှော်ပညာများကို သိနားလည်ကြသည်။ သားရဲများက ဉာဏ်ကောင်းလေလေ သူတို့ ပိုမို အားကောင်းလေလေ ဖြစ်သည်။ သူတို့က သားရဲဘုရင်အဆင့်ကို ရောက်သောအခါ လူသားတို့၏ စကားကိုပင် ပြောကြားနိုင်သည်။

ယူချင်း၏ ခန္ဓာကိုယ်အား ရွှေရောင်များ လင်းလက် တောက်ပနေသည်။ မိစ္ဆာအသိက သူ့ထံမှ​ပျံနှံ့လာသည်။ မိစ္ဆာတိုင်က သူ၏လက်တွင် ပေါ်လာ၏။ မိစ္ဆာတိုင်က သူ့လက်ထဲတွင် ကြီးမားလာကာ ယူချင်းက ထိုလူဝံကြီးအား ရိုက်ချလိုက်သည်။

ဝုန်း…

ကျယ်လောင်သော အသံနှင့်အတူ လူဝံကြီး၏ လက်မောင်းက တုန်ယင်သွားသလို ယူချင်းကလည်း နောက်ကို ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။ မည်သို့ဆိုစေ သူကား အဆင့်နိမ့်အကာနာ ဖြစ်ပေသည်။ တန်ခိုးအဆင့်ကား ကွာခြားလွန်းလှသည်။

လို့လန်ရွှီက သူမ၏ရေခဲနှင်တံအား ဆုပ်ကိုင်ကာ ရှေ့ကို လျှောက်သွား လိုက်သည်။ လူဝံကြီးထံသို့ နှင်းများ သိပ်သည်းစွာ ကျဆင်းလာသည်။ ထို့နောက် လူဝံကြီးအား ရေခဲများ ဖုံးအုပ်သွားပြီး သူ့အား ရေခဲရုပ်တုကြီး ဖြစ်သွားစေသည်။ တစ်ချိန်တည်းမှာပင် ရီဖူရှင်း၏ ရွှေရောင်နွယ်ပင်များက လူဝံကြီးကို လာရောက် ရစ်ပတ်ချုပ်နှောင်သည်။

လူဝံကြီးကား လွန်စွာ ရုန့်ရင်းကြမ်းတမ်းသည်။ သူက လက်ကို မြှောက်ကာ သူတို့အား လာရောက် ဖမ်းဆုပ်ရန် ကြိုးစားသည်။ သူ၏မျက်လုံးများက ကြမ်းတမ်း ခက်ရော်နေသည်။

“သူ့မျက်လုံး တစ်ဖက်ကို ဖျက်ဆီးမှ ရမယ်…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ သည်သားရဲကောင်ကား အလွန် ရုန့်ရင်းကြမ်းတမ်းသည်။

လို့လန်ရွှီက သူမ၏ဓမ္မအား ထုတ်ဖော်လိုက်သည်။ သူမနောက်တွင် နှင်းတောင်တစ်လုံး ပေါ်လာကာ ထိုနေရာတွင် ထူးဆန်းသော ပုံရိပ်တစ်ခုကိုလည်း တွေ့ရသည်။ သူမက ရေခဲနှင်တံအား ဆန့်ထုတ်လိုက်သည်။ မဆုံးနိုင်သော ရေခဲစွမ်းအင်များ ဆင်းသက်လာကာ ပတ်ဝန်းကျင်အား မြူများ ဖုံးအုပ်သွားစေသည်။ ရီဖူရှင်းက သူ၏လှုပ်ရှားမှုများ နှေးကွေးသွားသည်ဟု ခံစားရသည်။ ကံကောင်းသည်က သည်မှော်စွမ်းအင်က သူ့အား ပစ်မှတ်ထားခြင်း မဟုတ်ခြင်းပင်။ ထို့ကြောင့် သူ့အား များများစားစား မသက်ရောက်ပေ။

လူဝံကြီး၏ ခန္ဓာကိုယ်က အဖြူရောင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏လက်ကလည်း နှေးကွေးသွားသည်။

ထို့နောက် ရီဖူရှင်းက လျှပ်တစ်ပြက် ဓားအလင်းတစ်ချက် ထုတ်လွှတ်လိုက်သည်။ ဓားက လူဝံကြီး၏ မျက်လုံးကို စိုက်ဝင်သွားသည်။ လူဝံကြီးက သူ၏မျက်လုံးမှ​ ဓားအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သို့သော် သူက အန္တရာယ်၏ အငွေ့အသက်ကို ခံစားရသည်။ ထို့နောက် သူ၏မျက်လုံးများမှ သွေးများ ပန်းထွက်လာပြီး သူ၏အမြင်အာရုံကလည်း ဝေဝါးသွားသည်။

ထိတ်လန့်ဖွယ် အော်သံတစ်ခုကို ကြားရသည်။ လူဝံကြီးက သူ၏မျက်လုံးအား ဖုံးအုပ်သော်လည်း ချက်ချင်းဆိုသလို သူ၏လက်များက သွေးနီရောင် လွှမ်းသွားသည်။

ရေခဲစွမ်းအင်များက သူ့ထံ ဆင်းသက်လာနေဆဲ ဖြစ်သလို နွယ်ပင်များကလည်း သူ၏လည်ပင်းအား တင်းကျပ်စွာ ရပ်ပတ်နေဆဲ ဖြစ်သည်။ လူဝံကြီးက အော်ဟစ်ကာ သူ၏လက်ကို ရွေ့လျားသည်။ သို့သော် သူက ထက်ရှသော ဓားတစ်လက်နှင့် လူငယ် တစ်ယောက်ကို မြင်သည်။ ဓားအလင်းက အချိန်မရွေး ရောက်လာမည့်ပုံကို မြင်ရသည်။ သူ၏ ခေါင်းထက်တွင် မိစ္ဆာတိုင်ဖြင့် ရိုက်ချရန် တစ်ယောက်က အဆင်သင့် ပြင်ထားသည်။

“အညံ့ခံမလား… သေမလား…” ရီဖူရှင်းက အေးစက်စွာ ပြောသည်။ ထို့နောက် သူ၏ မျက်လုံးက ထူးဆန်းသွားသည်။ သူ၏မျက်ဆန်များက အနက်ရှိုင်းဆုံး ချောက်နက်ကြီးအလား ထင်မှတ်ရသည်။ ထိုနေရာမှ မဆုံးနိုင်သော မုန်တိုင်းများက လူအများကို ဆွဲချသွားသည့်အလား ခံစားရစေသည်။ လူဝံကြီးက သူ၏စိတ်အသိက မုန်တိုင်းထဲကို နစ်မြုပ်သွားသည်ဟု ခံစားရသည်။ သူ၏စိတ်ထဲတွင် ပုံရိပ်ယောင်တစ်ခု ဖြစ်ပေါ်လာသည်။ သူ့ရှေ့တွင် ရီဖူရှင်း၏ပုံရိပ်က ဧရာမ ကြီးမားလွန်းလှသည်။

သူ၏ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက ပြန်လည် တိုက်ခိုက် လိုသော်လည်း အသိစိတ်တစ်ခုက သူ၏စိတ်ထဲကို ဝင်ရောက်လာသည်ကို ခံစားရသည်။ ထိုအရာက ပြောသည်မှာ သူပြန်လည် တိုက်ခိုက်ပါက သူသေရမည် ဟူ၏။

လူဝံကြီးက သူ၏ခေါင်းကို ငုံ့လိုက်သည်။ အကယ်၍ သူက ပြန်လည် တိုက်ခိုက်ပါက သေချာပေါက် သေရမည်ကို သူသိသည်။ သူစိတ်ထဲတွင် စိတ်ဝိညာဉ် အမှတ်အသား တစ်ခု ပေါ်လာသည်။ ယခုအချိန်မှစ၍ သူ၏ဘဝကို သူမပိုင်တော့သည်ကို လူဝံကြီးက သိလိုက်သည်။

“ထိုင်စမ်း…” ရီဖူရှင်းက အမိန့်ပေးသည်။ လူဝံကြီးက ချက်ချင်း အမိန့်နာခံသည်။

လို့လန်ရွှီ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ဖြစ်လာသည်။ ရီဖူရှင်းက သားရဲ ထိန်းချုပ်သူလည်း ဖြစ်သည်ကို ယခုမှ သူမသိသည်။ သည်ကဲ့သို့သော အရည်အချင်းကို ယခင်က ရီဖူရှင်း ပြသခဲ့ဖူးခြင်း မရှိပေ။

ရီဝူချင်းပင်လျှင် မသိပေ။ သူကလည်း ရီဖူရှင်းက သားရဲတစ်ကောင်ကို ထိန်းချုပ်သည်ကို ယခုမှ မြင်ဖူးခြင်း ဖြစ်သည်။

သိမ်းငှက်နက်က မြန်ဆန်စွာပင် သူတို့ရှေ့တွင် ပျံသန်းကာ တခြား သားရဲများကို တိုက်ခိုက်နေသည်။ သူ၏အတောင်ပံများကို ဖြန့်ကာ တမင်ပင် မြင်ကွင်းအား ပိတ်ဆို့ထားပုံရသည်။ သူတို့ကား နောက်ကျောပေါ်တွင် ရှိသည်။ တောင်ပေါ်ကို တက်နေသော မည်သူကမှ သူတို့အား သတိပြုမိမည် မဟုတ်ပေ။

“သွားစို့… ” ရီဖူရှင်းက နောက်ကျောတွင် တမင် ကျန်နေခဲ့ကာ အကာနာအဆင့် သားရဲများကို ကြည့်သည်။

ရီဝူချင်းနှင့် လို့လန်ရွှီတို့ကလည်း ရီဖူရှင်း၏ အစီအစဉ်ကို အနည်းငယ် ခန့်မှန်းမိကြပုံ ရသည်။ ရီဖူရှင်းကလည်း နဂါးမြက်အား မျက်စိကျနေသည်။ မဟုတ်လျှင် သူက သားရဲများကို ထိန်းချုပ်ရန် ကြိုးစားမည် မဟုတ်ပေ။ သူတို့က အရေအတွက်အားဖြင့် နည်းကာ တန်ခိုး အဆင့်နိမ့်ကြသည်။ အကယ်၍ သူတို့က နဂါးမြက်အတွက် တိုက်ခိုက်မည် ဆိုပါက အလွန့်အလွန် ခက်ခဲမည်ဖြစ်သည်။ ရီဖူရှင်းက အစီအစဉ် ချနေသည်မှာ ထင်ရှားသည်။

သူက ထိုသို့သောအတွေး ရှိသည်မှာ သေချာပေသည်။ သူက ဂူတုံးလျိုနှင့် စိတ်သဘောထား ကိုက်ညီသည်။ သူကလည်း ထိပ်သီးကျောင်း သုံးကျောင်းကို ဂရုမစိုက်ပေ။ ဆေးပင်က သဘာဝအရ ကြီးပြင်းလာကာ တန်ဖိုးလည်း ရှိသည်ဆိုပါက အဘယ်ကြောင့် သူကလည်း ရယူရန် မကြိုးစားဘဲ နေရမည်နည်း…။

နဂါးမြက်တိုက်ပွဲက သူတို့နှင့်မဆိုင်ဟန် ရသော်လည်း ရှေ့တွင် ဘာဖြစ်လာမည်ကို ဘယ်သူမှ မပြောနိုင်ပေ။ သူတို့က ပြင်ဆင်ထားခြင်းက အကောင်းဆုံး ဖြစ်သည်။ သူတို့က သားရဲများကို နဂါးမြက်ရယူရန် အသုံးမပြုနိုင်လျှင်ပင် သူတို့က အကာအကွယ် သဘော သုံးနိုင်သည်။ ရှမ်းဟိုင်က သူရိယနေမင်း ကျောင်းနှင့် အတူလာကာ သူ့အား သတ်လိုနေသည်။

ထိပ်သီးကျောင်း သုံးကျောင်းမှ တန်ခိုးရှင်များက ရှေ့ကို ဆက်သွားကြသည်။ ရီဖူရှင်းတို့အုပ်စုက တမင်ပင် နောက်ဆုံးမှ လိုက်ပါလာကြသည်။ သူတို့ထံ ခုန်အုပ်လာသော အဆင့်နိမ့် အကာနာသားရဲများက တိုက်ရိုက် သတ်ဖြတ်ခြင်းကို ခံရသည်။

သူတို့၏ တန်ခိုးအဆင့်က သိပ်မမြင့်သော်လည်း သူတို့က အတိုင်အဖောက်ညီစွာ လုပ်ဆောင်ကြသည်။ အဆင့်မြင့်အကာနာ သားရဲများက လျင်မြန်စွာပင် ရီဖူရှင်း၏ ထိန်းချုပ်မှုအောက်ကို ကျဆင်း လာနေကြသည်။ တချို့က မြေပြင်ပေါ်တွင် ဝပ်တွားနေကြကာ တခြား ထိန်းချုပ်ခံရသော သားရဲများက သားရဲအုပ်များထဲတွင် ရောနှော နေကြသည်။ သို့သော် သူတို့က ထိပ်သီးကျောင်း သုံးကျောင်းမှ​ တန်ခိုးရှင်များနှင့် ရင်ဆိုင် တိုက်ခိုက်ခြင်း မပြုလုပ်ကြတော့ပေ။

ဘုန်း… ကျယ်လောင်သော ပေါက်ကွဲသံ တစ်ချက်ကို ကြားကြရသည်။ ရီဖူရှင်းတို့ အုပ်စုက မော့ကြည့်ကြ၏။ သူတို့က တောင်ထိပ် တစ်နေရာက နိုဘယ် တစ်ယောက်ကြောင့် ပေါက်ကွဲ သွားသည်ကို မြင်ရသည်။ တောင်ကုန်းထံမှ အမှန်တကယ် အခေါင်းပေါက်တစ်ခု ပေါ်လာသည်။

နိုဘယ်တချို့က လျှပ်တစ်ပြက်ပင် အထဲကို ဝင်ရောက် သွားကြသည်။ ထို့နောက်တွင် ကြောက်မက်ဖွယ် ကောင်းသော ဟိန်းဟောက်သံများ မာန်သွင်းသံများကို ကြားကြရသည်။ နိုဘယ်တချို့ကား အမှန်တကယ်ပင် အပြင်ကို လွင့်စဉ်လာကြကာ တချို့က သွေးများ စွန်းထင်းနေကြကာ ထိတ်လန့်ဖွယ် ခြစ်ရာများကို မြင်ကြရသည်။ သူတို့ကား ပြင်းထန်စွာ ဒဏ်ရာ ရထားကြသည်။

“သတိထား…” တစ်ယောက်က အော်ဟစ်သည်။ များစွာသော ကြောက်မက်ဖွယ် သားရဲဘုရင်များ တောင်ပေါ်မှ ထွက်ပေါ်လာကြသည်။ သူတို့က လူအုပ်ကို အေးစက်စွာ ကြည့်ကာ ထိုနေရာအား စောင့်ကြပ် နေကြသည်။

“အထဲကိုဝင်… အထဲမှာ သားရဲတွေ မရှိဘူး…” တစ်ယောက်က ပြောသည်။ လူတိုင်းက သဘောတူသည်။ သူတို့၏ခန္ဓာကိုယ်က တောက်ပ လင်းလက် လာကြသည်။ သူတို့က တောင်ထိပ်ပေါ်သို့ တိုက်ရိုက် ပြေးသွားကြသည်။ မရေမတွက်နိုင်သော လူများက တောင်ထိပ်ပေါ်သို့ အလုအယက် တက်ကြသည်။

ဘုန်း… ဘုန်း… ဘုန်း… ဂူပေါက်က ပိုမိုအက်ကွဲ ပြိုလဲလာနေသလို ထိပ်သီးကျောင်း သုံးကျောင်းမှ လူများကလည်း အထဲကို အဆက်မပြတ် ဝင်ရောက်ကြသည်။

ရီဖူရှင်းတို့အုပ်စုက နောက်ဆုံးတွင် ဖြစ်သည်။ ကြယ်မင်းကျောင်းက လိုဏ်ဂူပေါက်အား ဖွင့်ကာ အထဲကို ဝင်ရောက်လျှင် သူတို့လည်း အတူဝင်ရောက် လာကြသည်။

အထဲတွင် အမှန်ပင် သားရဲများ မရှိပေ။ ကျယ်ပြန့်သော နေရာတစ်ခုလုံးက တောက်ပ လင်းလက်နေကာ သဘာဝ စွမ်းအင်များနှင့် ပြည့်နှက်နေသည်။

ရီဖူရှင်းက ငုံ့ကြည့်လျှင် သဘာဝစွမ်းအင် ကျောက်တုံးများကို အစုလိုက် အပုံလိုက် နေရာအနှံ့ ပြန့်ကျဲနေသည်ကို မြင်ရသည်။ ထို့အပြင် ရှားပါးသော ကျောက်သံ ပတ္တမြားများနှင့် သိဒ္ဓိဝင်ပစ္စည်းများ ကိုလည်း မြင်ရသည်။

“ဒါ…” ရီဖူရှင်းကား အနည်းငယ် ဆွံ့အသွားရသည်။ နဂါးလိုဏ်ဂူ တစ်ခုလုံးကား ရတနာသိုက် ဖြစ်သည်။ နဂါးကြီးကား အလွန်ချမ်းသာ ကြွယ်ဝလှသည်။

“နဂါးတွေက လောဘကြီးပြီးတော့ ရတနာတွေကို သဘောကျတယ်လို့ ကြားတယ်… ကြည့်ရတာ အမှန်ပဲ…” တစ်ယောက်က အေးစက်စွာ ပြောသည်။ သူတို့က မော့ကြည့်ကြသည်။ တောင်ကုန်း တစ်နေရာရှိ ကျောက်စိမ်းတုံး တစ်ခုပေါ်တွင် ဆေးပင်တစ်ပင် ရှိသည်။ ဆေးပင်က နဂါးတစ်ကောင်၏ပုံစံဖြင့် ရစ်ခွေသော ပုံစံဖြစ်ကာ သက်တန့်ရောင်များ လင်းလက်နေသည်။ သူ၏အနီးမှ သဘာဝစွမ်းအင်များက အလွန် သိပ်သည်းသည်။

“နဂါးမြက်…” လူတိုင်က ထိုနေရာကို ကြည့်ကြသည်။ ထိုနေရာတွင် လွန်စွာ ကြောက်မက်ဖွယ် ကောင်းသော သားရဲများ စောင့်ကြပ် နေကြသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset