စာစဉ် (၁၄) အပိုင်း (၁၉၁)

ကောင်းကင်ဘုံ အဆင့်ကျင့်စဉ်

ဝရုန်း …

လေနှင့်မိုးကြိုးက တဝုန်းဝုန်း ရိုက်ခတ်လျက် ရုန့်ရင်းကြမ်းတမ်းသော မိုးကြိုးလုံး အသွင်ဖြင့် ဝူဟောင်ထံသို့ သွားရောက် ရိုက်ခတ်သည်။

သူတော်စင် အကြွင်းအကျန် ဒေသ အပြင်ဘက်နှင့် အတွင်းဘက်မှ သူများအားလုံး ကြက်သေ သေကုန်ကြသည်။

“ဇူယွမ် … သူက တကယ် ရူးသွပ်စရာပဲ”

“ဘယ်လောက်တောင် ရက်စက် ကြမ်းကြုတ် လိုက်တဲ့လူလည်း တကယ်ကို မင်းဘဝတော့ သွားပြီပဲ”

“သူက နှစ်ယောက်လုံး ဆုံးရှုံးသွားဖို့ သေချာအောင် ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်လိုက်တာပဲ”

“တကယ်ကို မိုက်ကန်းတယ်”

လူတိုင်းမှာ ဇူယွမ်၏ ရူးသွပ်မှုကို ကြည့်ပြီး ချွေးစေးများပင် ပြန်ကုန်ကြသည်။ အသက်ကို အသက်နှင့် လဲ၍ တိုက်ခိုက်ခြင်း ဆိုသည်မှာ အလွန်ပင် ပြင်းထန်လှပြီး တစ်ဖက်နှင့် တစ်ဖက် လွတ်မြောက်ခွင့် မပေးလိုသည့် ရန်သူများ ကြားတွင်သာ အသုံးပြုကြသည်။

ဘုန်း …

အားလုံး၏ အာရုံစိုက်နေသော အကြည့်များ အောက်တွင် ဝူဟောင်၏ ရွှေကျီးကန်း ဖောက်ခွဲခြင်း ပုတီးစေ့များက ဇူယွမ်၏ ခန္ဓာကိုယ်ကို သွားရောက်ထိမှန်ပြီး သူ၏ လက်ထဲမှ လေနှင့်မိုးကြိုးက သနားညှာတာမှု ကင်းမဲ့စွာ ဝူဟောင်၏ ခန္ဓာကိုယ်ကို အရင် သွားရောက် ထိမှန်သည်။

နားစည် ကွဲမတတ် ကမ္ဘာပင် တုန်မတက် ဆူညံသံကြီးက ပေါက်ကွဲ ထွက်လာသည်။

ဝရုန်း …

သူတို့ ခြေထောက်အောက်ရှိ အဖြူရောင် ကျောက်စိမ်းကွင်းပြင်မှာ လုံးဝကို အက်ကွဲသွားပြီး ဧရိယာတစ်ခုလုံး  အကြီးအကျယ် ဖရိုဖရဲ ပျက်စီးသွားကာ မြေကြီး အပိုင်းအစ များဖြင့် ရှုပ်ပွသွားသည်။

ကြက်သွေးနီရောင် အလင်းများက ဇူယွမ်ကို ဖုံးလွှမ်းသွားသည့် အချိန်တွင် သူ၏ ခန္ဓာကိုယ်က မီးထဲ ဝင်သွားသလို ဖြစ်သွားသည်။ သူနှင့် ဆန့်ကျင်စွာပင် ဝူဟောင်၏ ခန္ဓာကိုယ်မှာလည်း ကြီးစွာသော မိုးကြိုးများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသည်။

ဘန်း …

ပုံရိပ်နှစ်ခုလုံးက နောက်သို့ ပြင်းထန်စွာ ရိုက်နှက်ခြင်း ခံလိုက် ရသကဲ့သို့ လွင့်စဉ်သွားပြီး မြေမှုန်များ ပေကျံကာ လေထဲတွင် ဖုန်များဖြင့် ပြည့်နှက်သွားသည်။

လူတိုင်း၏ အကြည့်များသည် အသေအချာကို ကြည့်ရှုနေကြပြီး အသက်ကိုပင် ကျယ်လောင်စွာ မရူရဲကြပေ။

ဖုန်များငြိမ်သက်သွားသော အချိန်တွင်။

ဝူဟောင်၏ ပုံရိပ်က ပထမဆုံး ပေါ်လာခဲ့သည်။ အားလုံး၏ အကြည့်က သူ့အပေါ်သို့ ရောက်ရှိသွာပြီး အံ့အားသင့်သော အသံများ ထွက်ပေါ်လာသည်။

ကြက်သွေးနီရောင် အလင်းများက ဝူဟောင်၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ဝဲနေပြီး တိုက်ပွဲဝင် ချပ်ဝတ်တစ်ခု ဖြစ်ပေါ်ကာ သူ၏ခန္ဓာကိုယ်အား ဖုံးအုပ်ထားပေသည်။ တိုက်ခိုက်မှု ထိမှန်ထားသော ချပ်ဝတ်၏ နေရာများတွင် နက်မှောင်နေခြင်း၊ ကြေမွသွားခြင်း၊ ကျိုးပဲ့ခြင်းနှင့် ဆိုးရွားလှသော အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။

“ဒါက …”

“အကာအကွယ် မူလ ကျင့်စဉ်”

မူလချီ တိုက်ပွဲဝင် အကာအကွယ်ကို မြင်လိုက်ရချိန်တွင် သူတော်စင် အကြွင်းအကျန် ဒေသ၏ အတွင်းရော အပြင်မှာပင် ဆူညံပွက်လော ရိုက်သွားသည်။

ဝူဟောင်တွင် အကာအကွယ်မှု လကျင့်စဉ် ရှိလိမ့်မည်ဟု မည်သူမှ မမျှော်လင့် ထားကြပေ။ မည်သို့ပင် ဆိုစေကာမှု ထိုအရာက အတော်လေး အဆင့်အတန်း မြင့်မားဟန်ရသည်။

ထိုအရာကို မြင်ရသော အချိန်တွင် ကျိုးဖန်က ပြုံးလိုက်သည်။ ပြီးနောက် လှောင်ပြောင်သော အသံဖြင့် မှတ်ချက်ချသည်။ “ဇူယွမ်ရဲ့ တွက်ဆမှုကတော့ မှားသွားပြီ။ သူ့ရဲ့ စိတ်ထဲမှာ ဝူဟောင်ရဲ့ အသက်နဲ့ သူ့အသက်လည်း နိုင်ခဲ့ပြီလို့ ထင်မှာပဲ သူ့ရဲ့ အကြင်နာကင်းတဲ့ နည်းဗျူဟာက တကယ်တော့ ရူးသွပ်ခြင်း တစ်ခု မျှသာပဲ”

အခြားသော တမန်တော်များ ကလည်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ သည်အရာက အဆုံးသတ် ထင်သည်။ ကြည့်ရသည်မှာ ဇူယွမ်အနေဖြင့် ဝူဟောင်အား ကြီးကြီးမားမား မထိခိုက် စေနိုင်ခဲ့သော်လည်း ထိုစဉ်အတွင်းက ရွှေကျီးကန်း ဖောက်ခွဲခြင်း ပုတီးစေ့များက ဇူယွမ်၏ ခန္ဓာကိုယ်ကို ရိုက်ခတ်သွားပြီ ဖြစ်သည် ထိုအရာ၏ ပေါက်ကွဲမှုက မူလစဦး အဆင့် ကျင့်ကြံသူ တစ်ဦးကိုပင် သေဆုံးစေရန် အတွက် လုံလောက်ပေသည်။

မူဝူကျိ၏ အမူအရာမှာ ကင်းမဲ့လျက် ကျိုးဖန်၏ စကားလုံးများ ပေါ်တွင် အာရုံ မရှိပေ။ သူက မျက်မှောင်ကြုတ်ကာ ဖုန်မှုန့်များ တဖြည်းဖြည်း လွင့်ပြယ်နေသည့် ယခင်က ဇူယွမ် ရှိနေခဲ့သော နေရာကိုသာ စိုက်ကြည့်နေသည်။

အဖြူရောင် ကျောက်စိမ်း ကွင်းပြင်ပေါ်တွင်။

ဝူဟောင်က ဖုန်မှုန့်များ၏ အနီးနားကို နက်မှောင်စွာ စိုက်ကြည့်လိုက်ပြီး နှာခေါင်းရှုံ့ကာ “အသက်တစ်ခု အတွက် အသက်တစ်ခုလား။ ငါမင်းရဲ့ ဆုံးဖြတ်ချက်နဲ့ အကြင်နာမဲ့ ရက်စက်တတ်ခြင်းကို လျှော့တွက် မိခဲ့တယ် ဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ ဇူယွမ် မင်းနဲ့ ငါ့ရဲ့ ကံတရားကတော့ ကွဲပြားတယ်။ ဒါကြောင့် ငါကြောက်မိတာက မင်းလွယ်လွယ်နဲ့ အဆုံးသတ် သွားမှာကိုပဲ”

“ငါ့ရဲ့ ရွှေကျီးကန်း ဖောက်ခွဲခြင်း ပုတီးစေ့တွေ ထိမှန်ပြီးရင် မင်းရဲ့ အခြေအနေ မကောင်းတော့ဘူး ဆိုတာ ငါယုံတယ် မှန်တယ်မလား”

ထိုစဉ် ဖုန်မှုန့်များ အတွင်းမှ တစ်စုံတစ်ယောက် ဖြည်းညင်းစွာ လမ်းလျှောက် ထွက်လာသံကို ကြားလိုက်ရသည်။ မှိန်ဖျော့သော အလင်းတန်းတစ်ခု ပေါ်လာခဲ့ပြီး တည်ငြိမ် အေးဆေးသော အသံတစ်ခု ထွက်ပေါ်လာသည်။ “လှလိုက်တဲ့ နာမည်။ ဒါပေမဲ့ ဝမ်းနည်းစရာက သူ့ရဲ့ တိုက်ခိုက်မှုက သူ့ရဲ့ နာမည်နဲ့ မကိုက်ညီဘူး”

ဇူယွမ်က ဖုန်မှုန့်များ အတွင်းမှ လမ်းလျှောက်ထွက်လာပြီး အားလုံး၏ မြင်ကွင်းတွင် ပေါ်လာခဲ့သည်။

မရေမတွက် နိုင်သော အကြည့်များက ရုတ်တရက် အာရုံစိုက် ကြည့်လိုက်ကြသည်။

ဇူယွမ်၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင် အလင်းတန်းများ တောက်ပနေပြီး ရွှေရောင်ကြေးခွံ များက ကြေးခွံချပ်ဝတ် သဖွယ် ဖြစ်နေသည်။ သူ၏ ရင်ဘတ်ကို ကာကွယ်ထားသော ရွှေရောင်ကြေးခွံ များ၌ ကြီးမားသော အစိတ်အပိုင်းမှာ ကွဲကြေနေပြီး ပျက်စီးနေသော်လည်း တောက်ပနေသည် ရွှေရောင် အလင်းတန်းများ အောက်တွင် အသစ်တစ်ဖန် ပြန်လည် ဖြစ်ပေါ်နေသည်။

ဇူယွမ်၏ ပတ်ပတ်လည်တွင် မူလချီများက စုဝေးလျက် ကောင်းမွန်စွာ တည်ရှိနေပြီး မည်သည့် ဒဏ်ရာ ကြီးကြီးမားမားပင် ရရှိခဲ့ပုံ မပေါ်ပေ။

“ဝူဟောင်မင်းရဲ့ လက်ထဲမှာပဲ ဝှက်ဖဲတွေ ရှိတယ်လို့ ထင်တာလား။ ငါ့မှာ ဘယ်လိုကြိုတင် ကာကွယ်မှုမှ မရှိပဲ အန္တရာယ်များတဲ့ စွန့်စားမှုကို လုပ်ပါ့မလား” ဇူယွမ်က ဝူဟောင်ကို စိုက်ကြည့်ကာ အေးစက်စက် ရယ်မောလိုက်ပြီး “ဘာဖြစ်လို့လဲ ဆိုတော့ ငါ့ဘဝက မင်းဘဝထက် ပိုပြီး တန်ဖိုးရှိတာ ငါသိတယ်လေ”

ဇူယွမ်အနေဖြင့် အစောက ရူးသွပ်ပြီး အကြင်နာမဲ့ ရက်စက်စွာ သူ၏ အသက်ကို ရင်းပြီး ဝူဟောင်၏ အသက်ကို ယူဖို့ စွန့်စားသည်ဟု ထင်ရသော်လည်း အမှန်တွင် သူ့မှာ အစီအစဉ် ရှိပေသည်။ အံ့ဖွယ် စပါးအုံးကြေးခွံ အကာအကွယ်ဖြင့် ဆိုလျှင် ဇူယွမ်တွင် သန်မာသော အကာအကွယ် ရှိနေပြီ ဖြစ်သည်။ သူ ထင်မှတ် မထားခဲ့သည်က ဝူဟောင်တွင်လည်း အကာအကွယ် မူလကျင့်စဉ် ရှိနေခြင်းကို ဖြစ်သည်။

ဇူယွမ် မည်သည့် ဘေးအန္တရာယ်မှ မဖြစ်ပဲ လမ်းလျှောက် ထွက်လာသည်ကို မြင်လျှင် သူတော်စင် အကြွင်းအကျန် ဒေသ၏ အတွင်းနှင့် အပြင် နှစ်ခုလုံးတွင် အံ့အားသင့်မှုကြောင့် အသံများ ထွက်ပေါ်လာသည်။

မူဝူကျိက ရယ်မောလိုက်ကာ သူ၏ လက်နှစ်ဖက်အား ပွတ်လျက် ချီးကျူး ပြောဆိုလိုက်သည်။ “မဆိုးဘူး မဆိုးဘူး လုံးဝကို မဆိုးဘူး။ သူမှာ ခွန်အားကော ဉာဏ်ပညာရော ရှိတယ်”

ကျိုးဖန်၏ နှုတ်ခမ်းထောင့်စွန်း နှစ်ဖက်လုံး ကွေးညွတ်တတ်ကာ ပြုံးလိုက်ပြီး ကြေးမုံပြင်ထက်ရှိ ဇူယွမ်၏ ပုံရိပ်ကို နက်မှောင်စွာ စိုက်ကြည့်နေရင်း “ဟမ် သူ့မှာ ဉာဏ်ပညာနှင့် ခွန်အား ရှိသော်လည်းပဲ ဘာဖြစ်လဲ သူဆက်လက်ပြီး အသက်မရှင်နိုင်တော့ပါဘူး”

အခြားသော တမန်တော် များကလည်း ကြေးမုံပြင်ကို စိတ်ဝင်တစား စိုက်ကြည့်နေကြသည်။ သူတို့အားလုံး အစက ဝူဟောင် အနေဖြင့် လွယ်ကူစွာ အနိုင်ယူ သွားလိမ့်မည်ဟု ယုံကြည် ထားခဲ့ကြပြီး မည်သူမှ သည်အခြေအနေကို မျှော်လင့် မထားကြပေ။

ဝူဟောင်အနေဖြင့် တိုက်ပွဲတွင် အပေါ်စီး ရောက်ရှိနေသော်လည်း ဇူယွမ်အား သတ်ရန် မတတ်နိုင်သေးပေ။

သည်မြင်ကွင်းက တိုက်ပွဲကို ပိုပြီး အဓိပ္ပာယ် ရှိလာစေသည်။

ဝူဟောင်၏ အမူအရာက နက်မှောင်နေပြီး ဇူယွမ်၏ ကိုယ်ပေါ်ရှိ ရွှေရောင် ကြေးခွံချပ်ဝတ်ကို ကြည့်နေသည်။ သူ့အနေဖြင့် လည်းပဲ သူ၏ မျက်လုံးထဲတွင် ပုရွတ်ဆိတ်သာသာ ကောင်လေးက ကြီးမားသော ပြဿနာ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

“မင်းဘယ်လောက် ခုန်နိုင် ခုန်နိုင် ဒီနေ့မှာတော့ မင်းသေရမယ်”

သတ်ဖြတ်ချင်စိတ် များက ဝူဟောင်၏ မျက်လုံးတွင် ပြည့်နှက်သွားသည်။

ဘုန်း …

သူက မြေပြင်ပေါ်သို့ ဆောင့်နင်းချလိုက်ပြီး ရုန့်ရင်းသော အရှိန်အဝါ များက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ဇူယွမ်ရှေ့သို့ ရောက်ရှိသွားကာ လက်သီးချက်များက ကြက်သွေးနီရောင် အလင်းတန်းများ အဖြစ် ပြောင်းလဲသွားပြီး ကောင်းကင် တစ်ခုလုံးပင် ပြည့်နှက်သွားသည်။

ဝူဟောင် တိုက်ခိုက်မှုမှ ထွက်ပေါ်လာသော မူလချီ များသည် အားမာန် ပြည့်ဝပြီး ခိုင်မာလှသည်။ သူသည် မူလစဦး အဆင့်သို့ ရောက်ရှိခါစ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်မှုအား အဆင့်သုံးအဆင့် မူလစဦး အဆင့် ကျင့်ကြံသူ တစ်ယောက်ပင်လျှင် ရင်ဆိုင်နိုင်မည့်ဟန် မရပေ။

ဇူယွမ်၏ အကြည့်မှာ အေးခဲသွားပြီး အသက်ပြင်းပြင်း ရှူသွင်းကာ ရူးသွပ်စွာ တိုက်ခိုက်လာသည့် ဝူဟောင်၏ ပုံရိပ်အား ကြည့်ကာ ဆုတ်ခွာခြင်း မပြုပဲ ရွှေရောင် အံ့ဖွယ်စပါးအုံး ကြေးခွံများက တောက်ပလာခဲ့သည်။

သူ၏ သန်မာမှု ကလည်း အံ့ဖွယ် စပါးအုံး ကြေးခွံကြောင့် တိုးတက်လာခဲ့သည်။

“မင်းငါ့ကို ဘယ်လိုသတ်မလဲ ငါတကယ် သိချင်မိတယ်”

ဇူယွမ်က နှာခေါင်းရှုံ့လိုက်သည်။ မြေပြင်ကို ခြေထောက်ဖြင့် ‌ဆောင့်နင်းချလိုက်ပြီး ရှေ့သို့ တစ်ဖန် တက်သွားပြန်သည်။

ထပ် … ထပ် …

လက်သီးနှင့် ခြေကန်ချက် များမှာ အလင်းတန်း ကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်နေပြီး ရလဒ်အနေဖြင့် သူတို့ တိုက်ခိုက်နေသည့် မြေပြင် တစ်လျှောက်လုံး အားလှိုင်းများကြောင့် အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကုန်သည်။

မိနစ်အချို့  အကြာမှာ သူတို့ နှစ်ဦးလုံးက အကြိမ် တစ်ရာမက ရင်ဆိုင်မိပြီး ဖြစ်သည်။

သူတော်စင် အကြွင်းအကျန်ဒေသ အတွင်းဘက်နှင့် အပြင်ဘက် နှစ်လုံးရှိ တိုက်ပွဲကြည့်နေသူ များသည် ထို လူမဆန် လောက်အောင် ပြင်းထန်သည့် တိုက်ပွဲကြောင့် အသက်ပဲ ရဲရဲ

သူက ကျိုးဖန်ကို သူ၏ မျက်လုံးထောင့်စွန်းမှ စိုက်ကြည့်လိုက်လျှင် ကျိုးဖန်၏ နှုတ်ခမ်းထောင့်စွန်းတွင် ပေါ်နေသော ထူးဆန်းသည့် အပြုံးကို သတိထား မိသွားသည်။

သူက ဝူဟောင်၏ ပုံရိပ်ကို အနီးကပ် ကြည့်လိုက်လျှင် သူက ရုတ်တရက် ဝူဟောင်၏ ခေါင်းအထက် နားတွင် မူလချီများက မည်သည့် အချိန်ကမှန်း မသိ စုဝေးနေသည့် မူလချီ များက ကြက်သွေးနီရောင် တိမ်များ အဖြစ် ပြောင်းလဲ နေသည်ကို တွေ့လိုက်ရသည်။

“ပတ်ဝန်းကျင်မှ မူလချီများကို ဆွဲယူခြင်း …”

မူဝူကျိ၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားပြီး သူ၏ နှလုံးသား အတွင်းမှ အလိုလျောက် အော်ဟစ်မိသည်။ “မကောင်းတော့ဘူး၊ ဝူဟောင်က ကောင်းကင်အဆင့် မူလကျင့်စဉ်ကို တတ်မြောက်နေလားတယ်”

ကောင်းကင်ဘုံငယ် အဆင့် ကျင့်စဉ်နှင့် ကောင်းကင်အဆင့် ကျင့်စဉ်မှာ စာလုံး တစ်လုံးမျှသာ ကွာခြားသော်လည်း သူတို့ နှစ်ခု၏ စွမ်းရည်မှာ မိုးနဲမြေလို ကွာခြားပေသည်။

မူ၀ူကျိ အနေဖြင့် ၀ူဟောင်မှာ ကောင်းကင်အဆင့် ကျင့်စဉ်အား တတ်မြောက် နေလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ၀ူဟောင်က သူ့ရဲ့ အင်အား အစစ်အမှန်ကို ဖော်ထုတ် ပြသလိုက်ပြီး နောက်ဆုံးတွင် သူ့လက်ထဲရှိ ဝှက်ဖဲမျးကို ထုတ်သုံးလာပြီ ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset