Switch Mode

စာစဉ် (၁၄) အပိုင်း (၁၉၀)

အသက်ကိုရင်းပြီး တိုက်ခိုက်ခြင်း

ရှူး …

ရှူးရှူးရှဲရှဲ မြည်သံနှင့် အတူ ကြီးမားလှသော နက်ရွှေရောင် စပါးအုံးကြီးက သူ၏ ကြီးမားလှသော ပါးစပ်ကြီးအား ဖွင့်ဟကာ ခြေသုံးချောင်းနှင့် ကျီးကန်းအား တစ်လုတ်တည်းဖြင့် အငမ်းမရ ဝါးမျိုလိုက်သည်။

ထိုမြင်ကွင်းက မျက်လုံးထဲတွင် လွန်စွာမှ အသည်းယားဖွယ် ကောင်းပေသည်။

ဆူညံသံများက သူတော်စင် အကြွင်းအကျန် ဒေသ၏ အတွင်းရော အပြင်၌ပါ ပျံ့နှံ့သွားသည်။

“ဇူယွမ်ရဲ့ ကျင့်စဉ်တွေ အားလုံးက စုတ်ပြတ်နေတာ မဟုတ်ဘူးပဲ”

“သူတို့ နှစ်ယောက်လုံးမှာ အဆင့် (၅) မူလချီတွေ ရှိတယ် ထို့အပြင် အဲအရာတွေက ရယူ ကျင့်ကြံဖို့အတွက် တကယ်ကို ခက်ခဲတယ်”

“ဇူယွမ် မြန်မြန်ဆန်ဆန်ပဲ ရှုံးနိမ့်သွားမယ်လို့ ငါထင်ခဲ့တယ် ဒါပေမဲ့ အခုပုံစံကြည့်ရတာ သူအချိန် အနည်းငယ် ထပ်ရပ်တည် နိုင်သေးဦးမယ့် ပုံပဲ”

“ဟီးဟီး ငါကတော့ ဆန့်ကျင်ဘက် အတွေးမျိုး ဝူဟောင်က သန်မာသော်လည်းပဲ ပိုပြီး အဓိက ကျတာက ဇူယွမ်ရဲ့ ကျင့်ကြံမှု အဆင့်က နိမ့်နေတာပဲ။ သူလည်းပဲ မူလစဦး အဆင့် ရောက်နေကြည့်ပါလား ဝူဟောင်က သူ့ကို ရိုက်နှက်နိုင်မှာ မဟုတ်ဘူး။ စိတ်မကောင်း စရာပဲ …”

သူတော်စင် အကြွင်းအကျန် ဒေသ၏ ကောင်းကင်တွင် တမန်တော် ခြောက်ယောက်နှင့် များပြားလှသော ကိုယ်စားလှယ်တွေ အသီးသီးက ကြေးမုံပြင်ရှိ မြင်ကွင်းကို မမှိတ်မသုန် အာရုံ စူးစိုက်ပြီး ကြည့်နေသည်။

ကြီးမားသော နက်ရွှေရောင် စပါးအုံးကြီးက ခြေသုံးချောင်း ကျီးကန်းအား ဝါးမျိုသောအချိန်တွင် ကျိုးဖန်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သူ၏ နှုတ်ခမ်းထောင့်စွန်းတွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာကာ ပြောလိုက်သည်။ “ဇူယွမ်၏ စားချင်စိတ်က တကယ်ကို ကြီးမားတာပဲ သူစားနိုင်တာထက် ပိုစားမိပြီး အန္တာရာယ်ဖြစ်မှာ မကြောက်ဘူးလား မသိဘူး”

သူတို့နှစ်ဦး၏ မူလချီများမှာ အဆင့် (၅) မူလချီများ ဖြစ်ကာ တူညီ နေကြသော်လည်းပဲ ဇူယွမ်က ကောင်းကင်တံခါး အဆင့်သာ ရှိနေသေးပြီး ဝူဟောင်က မူလစဦး အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူတို့ နှစ်ဦးကြားရှိ မူလချီ ကျင့်ကြံမှုမှာ မသေးငယ်လှချေ။

ဇူယွမ်အနေဖြင့် အခြားအဆင့် (၅)မူလ ချီပိုင်ဆိုင်သည့် သူများကို လွှမ်းမိုးနိုင်ပေမဲ့ ဝူဟောင်ကို ကြာရှည်စွာ လွှမ်းမိုးနိုင်မည် မဟုတ်ပေ။

ကျိုးဖန်၏ စကားကို ကြားရချိန်တွင် အခြား သံတမန်များမှာ ခေါင်းညိတ် လိုက်ကြသည်။ သူတို့လည်း ပုံမှန်အားဖြင့် ဇူယွမ် အနေဖြင့် လွှမ်းမိုးနိုင်လိမ့်မည် မဟုတ်သည်ကို ပြောနိုင်ပေသည်။

မူဝူကျိက သည်အချိန်တွင် မည့်သည့်စကားမှ မဆိုပေ။ သူက ကြီးမားသော နက်ရွှေရောင် စပါးအုံးကြီး တစ်ကောင်က ရွှေရောင် ခြေသုံးချောင်း ကျီးကန်းအား ဝါးမျိုနေသည့် မြင်ကွင်းကို မျက်မှောင်ကြုတ်လျက် ဆက်ကြည့်၍သာ နေလေသည်။

အားလုံး၏ အာရုံစိုက်မှု အောက်တွင် စပါးအုံးကြီးက ရုတ်တရက် ရှူးခနဲ အော်မြည်လိုက်ပြီး သူ၏ ကိုယ်တွင်းမှာ ကြက်သွေးနီရောင် အလင်းများ ထွက်ပေါ်လာသည်။

“ဇူယွမ် မင်းက တကယ်ကို စိတ်ကြီး ဝင်နေတာပဲ မင်းမှာ အဆင့် (၅) မူလချီ ရှိသလိုပဲ ငါ့မှာလည်းရှိတယ်”

“မင်းရဲ့ မူလချီက စွမ်းအားပြည့်ပေမဲ့ ငါပိုင်တဲ့ အရာက မင်းထက် ပိုသာတယ်”

“ပြီးတော့ အခု မင်းက ငါ့ရဲ့ မူလချီကို ဝါးမျိုရဲတယ် မင်းက သေဖို့ လမ်းရှာနေတာပဲ”

ဝူဟောင်က ဇူယွမ်အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ပြီးနောက် သူ၏ နှုတ်ခမ်းထောင့်စွန်းမှ သရော်ပြုံး တစ်ချက်ပြုံး လိုက်ပြီးနောက် လက်တစ်ဖက်တည်းဖြင့် ချိပ်ပိတ်ဟန် ပြုလုပ်လိုက်သည်။

ခလပ် …

ကြက်သွေးနီရောင် မီးတောင်များက ကြီးမားသော နက်ရွှေရောင် စပါးအုံးကြီး၏ ခန္ဓာကိုယ် အပြင်ထိပင် ထွက်ပေါ်လာပြီး ထိုမီးလျှံ၏ လောင်ကျွမ်းမှုကြောင့် စပါးအုံးကြီးမှ အစအနပင် မကျန်ချေ။ မီးလျှံများ အတွင်းမှ ခြေသုံးချောင်း ကျီးကန်းက တစ်ဖန် ပြန်ပေါ်လာပေသည်။ ယခု ပေါ်လာသော ကျီးကန်းမှာ သေးငယ်သော်လည်းပဲ

“ငါရဲ့ ရွှေရောင် ကျီးကန်းကောင်းကင်ကို လောင်ကျွမ်းတဲ့ချီကြောင့် ပြာကျတဲ့အထိ လောင်ကျွမ်းလိုက်စမ်း”

ဝူဟောင်၏ အော်သံနှင့် အတူ ရွှေရောင် ခြေသုံးချောင်း ကျီးကန်းက ဇူယွမ်ကို ဦးတည်၍ ကောင်းကင်မှ ဆင်းသက်လာသည်။

ထိုမြင်ကွင်းကြောင့် သူတော်စင် အကြွင်းအကျန် ဒေသ အပြင်နှင့် အတွင်း နှစ်ဖက်လုံးတွင် ပင့်သက်ရှိုက်သံ များမှလွဲ၍ တိတ်ဆိတ် သွားတော့သည်။

ဇူယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။ “ဒါက မူလချီလေးပါပဲ ငါ့ရဲ့ မူလချီက မင်းရဲ့ မူလချီထက် အားနည်းတယ်။ သို့သော်လည်း … ဘာပေးဆပ်မှု မှမရှိပဲ ငါ့ရဲ့ စပါးအုံးရဲ့ ဝါးမျိုမှုကနေ မင်းလွတ်မြောက်နိုင်မယ် ထင်လား”

ဝူဟောင်၏ သူငယ်အိမ်များက ထိုအခိုက်တွင် ကျဉ်းမြောင်းသွားသည်။

အဘယ်ကြောင့်ဆိုသော် သူက ရွှေရောင် ခြေသုံးချောင်း ကျီးကန်းပေါ်တွင် ထူးဆန်းသော လိုင်းကြောင်းများ ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောကြောင့် ဖြစ်သည်။

ချပ် ချပ်။

အလင်းများက သွေးစီးကြောင်း လိုမျိုး ဖြစ်ပေါ်လာပြီး ရွှေရောင် ခြေသုံးချောင်းနှင့် ကျီးကန်းက ထူးဆန်းသော အသံဖြင့် အော်မြည်လိုက်သည်။

ဘန်း …

ကျီးကန်းက ဇူယွမ်နားသို့ ရောက်ခါနီး ဒါဇင်ချီသည့် ပေအကွာအဝေးတွင် ပေါက်ကွဲ ထွက်သွားပြီး မီးမိုးများ အဖြစ် ပြောင်းလဲသွားသည်။

ဇူယွမ်၏ ဦးခေါင်းထက်တွင် နက်ရွှေရောင် မူလချီများက တိမ်သဖွယ် ပြောင်းလဲသွားပြီး ကျန်ရှိနေသေးသည့် မီးပွားများကို ဝါးမျိုလိုက်သည်။

“အမ် …”

သူတော်စင် အကြွင်းအကျန် ဒေသ အပြင်ဘက်မှ တမန်တော်များ ထံမှ ရှော့ရသွားသော အသံအချို့ ထွက်ပေါ်လာသည်။

လှောင်ပြောင် သရော်ဟန်နှင့် ရှိနေသည့် ကျိုးဖန်၏ နှုတ်ခမ်းများမှာ တင်းတင်းစေ့ ပိတ်သွားကာ သူ၏ အမူအရာမှာ အနည်းငယ် ကြည့်ရဆိုးနေသည်။ သူအနေဖြင့် ဝူဟော၏ အပေါ်စီးမှ လွှမ်းမိုးနိုင်မှုသည် ခဏအတွင်း ပျက်ပြယ် သွားလိမ့်မည်ဟု ဘယ်သော အခါမှ မမျှော်လင့်မိပေ။

မူဝူကျိက သက်သာရာ ရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အဘယ်ကြောင့် ဆိုသော် ဇူယွမ်အနေဖြင့် မူလချီစွမ်းအား အချင်းချင်း ရင်ဆိုင်နိုင်သည် ဆိုပါက သူတွင် အချို့သော ဝှက်ဖဲများလည်း ရှိပေလိမ့်မည်။

မူဝူကျိက သူ၏ စိတ်အတွင်းမှ ရေရွတ်လိုက်သည်။ “သည်ကောင်လေးရဲ့ မူလချီထဲမှာ အလွန်အမင်း ဖိနှိမ့်နိုင်စွမ်းနဲ့ အန္တရာယ် ပေးနိုင်စွမ်း ရှိတာပဲ”

ဝူဟောင်၏ ရွှေရောင် ခြေသုံးချောင်း မူလ ကျီးကန်းချီသည် စပါးအုံး၏ ဝမ်းဗိုက်ထဲတွင် ရှိစဉ်အခါက အန္တရာယ်ပေးနိုင်စွမ်းရှိခဲ့သော်လည်း လျင်လျင်မြန်မြန်ပဲ အဆုံးသတ်ခဲ့ရသည်။

မူဝူကျိက ရယ်မောလိုက်သည်။ ဇူယွမ်အနေဖြင့် ကျင့်ကြံခြင်းအဆင့်မတူသောကြောင့် ပုံမှန်အခြေအနေတွင် ဝူဟောင်၏ မူလချီနှင့် ထိပ်တိုက်ရင်မဆိုင်နိုင်ပေ။ သို့သော်လည်း ဇူယွမ်တွင် သန်မာမှု အကူအညီနှင့် မျက်မှောက်ကာလတွင် ဖိနှိမ့် နိုင်ခဲ့ပေသည်။ ဝူဟောင် အနေဖြင့် ထိုရှုထောင့်မှ နေ၍ နောက်တစ်ခေါက် ရင်ဆိုင်ဝံ့မည် မဟုတ်ပေ။

***

“မင်းဘာလုပ် လိုက်တာလဲ” ဝူဟောင်က အေးစက်စက် အကြည့်ဖြင့် ဇူယွမ်အား စိုက်ကြည့်လိုက်သည်။ ရှင်းလင်းစွာပင် သည်အားက မျက်မှောက်ကာလ၌ ဖိနှိပ်နိုင်စွမ်း ရှိကြောင်း အာရုံ ခံစားမိပေသည်။

ဇူယွမ်က သူ၏လက်ကို ဆန့်တန်းလိုက်ပြီး သူ၏ လက်ဖဝါးကို ဝူဟောင်အား ပြလိုက်သည်။ သူ၏ လက်ဖဝါး အလယ်တွင် သွေးနီရောင် အဖုလေးက လှုပ်ရှားပြီး ကြည့်ရှုသူတိုင်းကို ကျောချမ်း တုံလှုပ်ဖွယ် ခံစားချက်ကို ပေးသည်။

“မင်း မေ့သွားပြီလား။ အဲတာက မင်းအဖေ ငါ့ကို လက်ဆောင်အဖြစ် ပေးခဲ့တဲ့ အရာလေ” ဇူယွမ်က ထူးမခြားနားသည့် အသံဖြင့် ပြောသည်။

ဝူဟောင်၏ မျက်ဝန်းအိမ်မှာ ကျဉ်းမြောင်းသွားပြီး “အဲတာက … နဂါးဒေါသ အဆိပ်လား”

သူလည်း ပုံမှန်အားဖြင့် သူတို့ မွေးဖွားစဉ်က သူတို့၏ အဖေက ဇူယွမ်ထံမှ နှစ်ပေါင်းများစွာက ခိုးယူခဲ့သည့် မြင့်မြတ်သော နဂါးကောင်းချီး အကြောင်း သိပေသည်။ သူ၏ အဖေက ထိုအဆိပ်ဖြင့် ဇူယွမ် ကိုယ်ပေါ်တွင် ချိတ်ပိတ်ထားခဲ့ပေသည်။

သို့သော်လည်း ကြည့်ရသည်မှာ ဇူယွမ် အနေဖြင့် နဂါးဒေါသ အဆိပ်၏ ဘေးအန္တရာယ်မှ လွတ်မြောက် လာခဲ့ရုံမက ထိုအဆိပ်နှင့်ပင် ခိုင်မာသော ဆက်နွှယ်ချက် တစ်ခု ရှိသွားဟန်တူသည်။ ဝူဟောင်ပင်လျှင် ထို့သို့ ဖိနှိပ်နိုင်စွမ်းနှင့် သန်မာသည့် အဆိပ်အား သူ၏ ကိုယ်ထဲသို့ ဝင်ရောက်ခွင့် ပြုရန် မရဲဝံ့ပေ။

သူက ရှောင်ထျန်းရွမ်နှင့် ဂူလင်းတို့ ဆီမှ နဂါးဒေါသ အဆိပ်ကို ဖြေရှင်း ပေးဖူးသော်လည်း သူတို့ နှစ်ယောက်လုံး၏ ခန္ဓာကိုယ်ရှိ နဂါးဒေါသ အဆိပ်မှာ နည်းပါးသောကြောင့် ဝူဟောင် အနေဖြင့် လျစ်လျူရှု နိုင်ခဲ့ပေသည်။

ယခု အချိန်တွင် ထိုအဆိပ်အား သူကိုယ်တိုင် ကိုယ်တွေ့ ခံစားရမှ သူ့အနေဖြင့် ထိုအဆိပ်၏ ကြောက်မက်ဖွယ် ကောင်းမှန်း အမှန်တကယ် နားလည်ခဲ့ပေသည်။

ဝူဟောင်က ယုတ်မာ ရက်စက်စွာ ပြောလိုက်သည်။ “မင်းက တကယ်ကို ပိုးဟပ်နဲ့ တူတာပဲ ဘယ်လို သတ်သတ် မင်းက မသေနိုင်ခဲ့ဘူး”

ဇူယွမ်က မထူးခြားစွာပဲ ပြန်လည် ချေပ ပြောဆိုလိုက်သည်။ “မင်းတို့ ဝူကလန်က ပေးခဲ့တဲ့ ဒီလိုလက်ဆောင် တွေကို ပြန်မပေးရသေးပဲ ငါဘယ်လို သေလို့ဖြစ်မလဲ”

“အဲတာဆိုလဲ”

ဝူဟောင်၏ မျက်လုံးများမှာ အေးစက်သွားပြီး သူ့လက်ထဲရှိ ရွှေကျီးကန်း လှံတံကို ပစ်လွှတ်လိုက်သည်။ လှံတံသည် ကြက်သွေးနီရောင် အလင်းတန်း အသွင် ပြောင်းလဲသွားပြီး ပြင်းထန်သော စွမ်းအားများကို သယ်ဆောင်ကာ အမြောက်ဆံ တစ်ခုလို ဇူယွမ်ထံသို့ ဦးတည်သွားသည်။

ကောင်းကင် ဘုံယွမ်စုတ်တံ ကလည်း ဇူယွမ်၏ လက်အတွင်းမှ တုန်ခါသွားပြီး လေထဲတွင် ပေါ်လာကာ ကြက်သွေးနီရောင် လှံတံအား ရင်ဆိုင်သည်။

ခွလမ်း

လှံတံနှင့် စုတ်တံတို့သည် လမ်းခုလတ် လေထဲတွင် ဆုံတွေ့ကြပြီး ခလမ်းဆိုသော အသံနှင့် အတူ လက်နက် နှစ်ခုလုံးက အနောက်သို့ လွင့်စဉ်သွားပြီး အဖြူရောင် ကျောက်စိမ်းစင်မြင့် ပေါ်တွင် သွားရောက် စိုက်ဝင်သည်။

ဝူဟောင်၏ လှံတံက ဝူဟောင်၏ ခြေထောက်အနီးတွင် လာရောက် စိုက်ဝင်ချိန်၌ သူက ဇူယွမ်အား သတ်ဖြတ်လိုသော အကြည့်ဖြင့် ကြည့်လိုက်သည်။ ဝူဟောင်၏ လက်များက ချိပ်ပိတ်ဟန် လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး မူလချီ များက တဖြည်းဖြည်း လှိုင်းထလာသည်။

သူက ပြင်းထန်စွာ အသက်ရှူ သွင်းလိုက်ပြီးနောက် ပြန်လည် မှုတ်ထုတ်လိုက်သည်။

ကြက်သွေးနီရောင် စက်ဝန်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ ရှေ့တွင် လည်ပတ်ရင်းမှပင် လူတစ်ယောက်၏ ဦးခေါင်း အရွယ်အစားရှိ ကြက်သွေးနီရောင် ပုတီးစေ့ တစ်ခု အဖြစ်သို့ ပြောင်းလဲသွားသည်။ ရွှေရောင် ကျီးကန်းတစ်ကောင်၏ ပုံရိပ်က မှိန်ဖျော့စွာ တောက်ပနေပြီး ပြင်းထန်သော မူလချီများ က တိုးလာခဲ့သည်။

“ဇူယွမ် အရင်က မင်းမသေခဲ့ပေမဲ့ ဒီတစ်ကြိမ်က မင်းသေတော့မယ့် အချိန်လို့ ငါခံစားမိနေပြီ”

“ကောင်းကင်ဘုံငယ် အဆင့် ကျင့်စဉ်၊ ရွှေကျီးကန်း ပုတီးစေ့များ ဖောက်ခွဲခြင်း”

သတ်ဖြတ်လိုစိတ် များက ဝူဟောင်၏ မျက်လုံးထဲမှ လျှံကျလာပြီး သူ၏ လက်ထဲမှ ကြက်သွေးနီရောင် ပုတီးစေ့က ဇူယွမ်ထံသို့ ကျဆင်းသည်။ ပြင်းထန်သော အားလှိုင်းကြောင့် သူခြေထောက်အောက်ရှိ မြေပြင်ပင်လျှင် အက်ကွဲရသည်။

လေထုပင်လျှင် အလွန်အမင်း ပူလောင်လာသည်။ ဇူယွမ်က ဇူယွမ်က သူ၏ အထက်တွင် ပေါ်လာသော ပုံရိပ်အား ကြင်နာမှု ကင်းမဲ့သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

“ဝူကလန်ရဲ့ နောက်ပေါက်ခွေး။ ငါငယ်စဉ်တုန်းက မင်းတို့ ရက်စက်စွာ အနိုင်ကျင့် ခဲ့တယ်။ ဒီနေ့မှာတော့ ငါပထမဦးဆုံး ဒီသွေးနှော ခွေးစီက ပြန်ယူရမှာ စိတ်ဝင်စားစရာပဲ”

ဇူယွမ်၏ ခံ့ညားလှသော မျက်နှာမှာ ရိုင်းစိုင်းနေသည့် အခြေအနေတွင် လွန်စွာမှ ကြောက်မက်ဖွယ် ကောင်းပေသည်။

နှစ်ပေါင်းများစွာ သူ၏ နှလုံးသားထဲတွင် ဖိနှိပ်ထားရသည့် သတ်ဖြတ်လိုစိတ် များကို သည်အချိန်တွင် ဖောက်ခွဲ ပစ်လိုက်ဟန် ရသည်။

ဝူဟောင်၏ ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်မှုကို တုံ့ပြန်ရန် ဇူယွမ်က ရှောင်တိမ်းရင်းဖြင့် သူ၏ လက်မောင်းအိုးကို ခါယမ်းလိုက်ပြီး သူ၏ လက်ဖဝါးပေါ်တွင် လေမိုးကြိုးလုံး ပေါ်လာခဲ့သည်။

သူ၏ မျက်လုံးထဲတွင် ရက်စက်မှုများက ရူးသွပ်စွာ ဖြစ်ပေါ်နေပြီး သူ၏ လက်ကို ဝူဟောင်ထံသို့ ရိုက်ထုတ်လိုက်သည်။

“ကောင်းကင်ဘုံငယ် အဆင့်ကျင့်စဉ်၊ ကြီးမြတ်သော လေနှင့်မိုးကြိုး”

အသက်တစ်ခု အတွက် အသက်တစ်ခု ။

Comment

Leave a Reply

Options

not work with dark mode
Reset