ဝေါင်း …
နဂါးဟိန်းသံ သဲ့သဲ့က အဖြူရောင် ကျောက်စိမ်းကွင်းပြင်ကို ဖြတ်၍ ထွက်ပေါ်လာခဲ့သည်။
နက်ရွှေရောင် မူလချီများက ဇူယွမ်ထံမှ အထိန်းအကွပ် မဲ့စွာ ထွက်ပေါ်လာကာ သူက ဝူဟောင်အား အေးစက်စွာ ကြည့်လိုက်သည်။ နောက်ထပ်သူ၏ ခြေထောက်များမှ မူလချီ များက ထပ်မံ ပေါက်ကွဲသွားပြီး သူ၏ ပုံရိပ်က အမြောက်ဆံ တစ်ခုကဲ့သို့ အရှေ့သို့ ပြေးဝင်သွားသည်။
အသက်ရှိုက်စာ ခဏအတွင်းတွင် သူက ဝူဟောင်၏ ရှေ့သို့ ရောက်ရှိသွားသည်။ ဆတ်ခနဲ သူ၏ ကောင်းကင်ဘုံ ယွမ်စုတ်တံအား စွမ်းအားအပြည်နှင့် ထိုးချလိုက်သည်။ နှင်းဖြူရောင် အမျှင်များက လေထဲသို့ ထိုးတက်သွားပြီး ဝူဟောင်ထံသို့ တိုးဝင်သည်။
နှင်းဖြူရောင် အမျှင်များကို မြင်သောအခါ ဝူဟောင်၏ မျက်လုံးအိမ် များမှာ ကျဉ်းမြောင်းသွားပြီး စဉ်းစား တွေးတောနေဟန် ရသည်။ သို့သော်လည်း ဝူဟောင်က တစ်ဖက်သို့ လှမ်းကာ စုတ်တံ၏ တိုက်ခိုက်မှုကို ရှောင်လိုက်သည်။
“ဇူယွမ် မင်းဘယ်တုန်းက ကိုယ့်အားကိုကိုးပြီး ငါ့ကို ရင်ဆိုင်နိုင်မယ်လို့ မျှော်လင့်ချက် ရှိသွားတာလဲ” ဝူဟောင်၏ အေးစက်စက် အသံက ပတ်ဝန်းကျင်မှာ ပျံ့နှံ့သွားသည်။
ဇူယွမ်က အမူအရာ ကင်းမဲ့လျက်ပင် ရှိသည်။ သူက စုတ်တံကို တစ်ချက်ကြည့်ပြီး အပေါ်သို့ လှန်ကာ လှုပ်ခါလိုက်သည်။ နှင်းဖြူရောင် အမျှင်များက မရေတွက် နိုင်သော အဖြူရောင် အမျှင်များ အသွင်သို့ ကူးပြောင်းသွားသည်။ အမျှင်တိုင်းတွင် ထက်ရှသော အရှိန်အဝါများ ပါဝင်နေပြီး ကောင်းကင်ကိုပင် ဖုံးအုပ် သွားပြီးနောက် ဝူဟောင် ခန္ဓာကိုယ် ပေါ်ရှိ သေကွင်းသေကွက် နေရာများ ပေါ်သို့ ကျဆင်းလာသည်။
တိုက်ခိုက်မှုက ကရုဏာ ကင်းမဲ့လှပေသည်။
“ဟမ် …”
ဝူဟောင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်သည်။ သူ၏ခြေထောက်ကို မြေပြင်ပေါ်သို့ စောင့်နင်းချလိုက်ပြီး သူ၏ မူလချီများက နေတစ်စင်းကဲ့သို့ မြင့်တက်လာပေသည်။
ထန် … ထန် …
မရေမတွက် နိုင်သော အဖြူရောင် အမျှင်များက ကြက်သွေးနီရောင် ချီများကို သွားရောက်ထိမှန်သည်။ သို့သော်လည်း အမျှင်တန်း တစ်ခုမှပင် နောက်သို့ ဆုတ်သွားခြင်း မရှိပဲ တိုးဝင်လျက် ရှိသည်။
ဝူဟောင်၏ မျက်လုံးများက အေးစက်နေသည်။ သူ၏ လက်ဟန်တစ်ခု ပြုလုပ်လိုက်သည်နှင့် အလင်းများ ပေါ်ထွက်လာပြီး အနီရောင် လှံတံတစ်ခု ထွက်ပေါ်လာသည်။ လှံရိုးတွင် ပျံသန်းနေသည့် ရွှေရောင်ကျီးကန်း သဏ္ဌာန်များကို ရေးထိုးထားပြီး လောင်ကျွမ်းနေသည့် မူလချီ စွမ်းအားများကို ထုတ်လွှတ်လျက် ရှိသည်။
ရွှေကျီးကန်း လှံတံ၊ အဆင့်မြင့် အနက်ရောင်အဆင့် မူလလက်နက်။
ဝူဟောင်၏ လက်များက ရွှေကျီးကန်း လှံတံကို ဆုပ်ကိုင်လိုက်ချိန်တွင် သူ၏ အရှိန်အဝါမှာ ပိုမို ရုန်ရင်း ကြမ်းတမ်းလာသည်။ ဒေါသတကြီး ဟိန်းသံနှင့်အတူ ရှည်လျားသည့် လှံတံသည် လေထုကို ဖြတ်သန်းသွားပြီး ပုံရိပ်များ ချန်ခဲ့ကာ ဇူယွမ်ဆီသို့ စွမ်းအား အပြည့်နှင့် ကျဆင်းလာသည်။
အဖြူရောင် ကျောက်စိမ်း ကြမ်းပြင်ပင် စတင် အရည်ပျော် လာခဲ့သည်။
ခလန်း …
ကောင်းကင်ဘုံ ယွမ်စုတ်တံက ဇူယွမ်၏ ခေါင်းကို ကျော်၍ မျဉ်းဖြောင့်အတိုင်း ပိတ်ကာလိုက်သည်။ ခလန် ဆိုသော အသံကြီးက ကျယ်လောင်စွာပင် စုတ်တံနှင့် လှံတံတို့ တိုက်ခတ်မိခြင်းမှ ထွက်ပေါ်လာသည်။ လှံတံနှစ်ခု ရင်ဆိုင် မိသွားသည်နှင့် သူတို့နှစ်ယောက်၏ အကြည့်များပင် ရင်ဆိုင်မိသွားပြီး သတ်ဖြတ်လိုသော အငွေ့အသက် များက သူတို့၏ ပတ်ဝန်းကျင်တွင် လျှံထွက်လာသည်။
ဝူဟောင်က သူ၏ လှံတံကို ရုပ်သိမ်းလိုက်ပြီး မြေပြင်တွင် ထောင့်မှန်သဏ္ဌာန် စိုက်ထားလိုက်သည်။ မူလချီများက လှံတံထဲသို့ စီးဝင်သွားပြီး လှံတံမှာ ပထမဆုံးတွင် အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး တဖြည်းဖြည်းနှင့် ခရမ်းရောင် ဘက်သို့ ပြောင်းလဲလာသည်။
ခရမ်းရောင် အဖြစ်သို့ ပြောင်းလဲပြီးနောက် လှံတံ၏ ထက်ရှသွားမှုမှာ စကားလုံးများဖြင့် မဖော်ပြနိုင်ပေ။ မြေပြင်ကိုပင် လွယ်ကူစွာ ထိုးခွဲနိုင်ပေသည်။
“အင်းရဲ့ အသုံးမကျတဲ့ စုတ်တံအတွက် ပေးဆပ်ဖို့ ပြင်ထားလိုက်” ဝူဟောင်၏ အေးစက်စက် အသံနှင့် အတူ သူ၏ ခန္ဓာကိုယ်မှာလည်း အရှေ့သို့ ထိုးတက်လာသည်။ ခရမ်းရောင် အလင်းတန်း ဖြာထွက်ပြီးနောက်တွင် မြေပြင်မှာ အလွှာလိုက် ခွဲခြမ်းခြင်း ခံရသည်။ ထိုအရာ ဖြတ်သန်းသွားသော ကွင်းပြင်၏ ကြမ်းပြင်အတွင်းမှာ မှန်တစ်ချပ်ကို ပိုင်းဖြတ် ထားသကဲ့သို့ ညီညာလှပေသည်။
“အရှိန်အဝါ ဖြာထွက်ခြင်းလား၊ ငါလည်း အဲတာကို သိထားတယ်”
ဝူဟောင်၏ လှံမှ အလင်းတန်းများ ဖြာထွက်လာသည်ကို မြင်သော အချိန်တွင် ဇူယွမ်၏ မျက်လုံးများမှာ တောက်ပလာသည်။ ဇူယွမ်က အေးစက် ရယ်မောလိုက်ပြီး သူ၏ စုတ်တံကို ပုတ်လိုက်လျှင် နှင်းဖြူရောင် အမွေးအမျှင် ပေါ်တွင်လည်း မူလချီများ စုဝေးကာ အလွှာပါးလေး တစ်ခု ဖြစ်ပေါ်လာပြီး အလင်းတန်းများ ဖြာထွက်လာသည်။
သူ၏ အလင်းတန်းမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး ခရမ်းရောင်ဘက်သို့ အနည်းငယ်သာ သန်းသေးသည်။ ထိုအရာတွေက အရှိန်အဝါ ပြောင်းလဲခြင်း ကျင့်စဉ်၏ အဆင့်နှစ်ခု ဖြစ်ပြီး အခြေခံ အရောင်များမှာ အစိမ်းနှင့် ခရမ်းရောင်ပင် ဖြစ်သည်။
အစဦး၌ ဇူယွမ် အနေဖြင့် အရှိန်အဝါ ပြောင်းလဲခြင်း ကျင့်စဉ်တွင် အစိမ်းရောင် အဆင့်မျှသာ ရောက်ရှိနေသော်လည်း သူ၏ သန်မာမှုက ဆက်လက် မြင့်တက်ခဲ့ပြီး နောက်ဆုံးတွင် သူ၏ စွမ်းအားများက နောက်တစ်ဆင့်သို့ တိုးတက်သွားသည်။
ဝှစ် …
ဇူယွမ်၏ ပုံရိပ်က ရှေ့သို့ တက်သွားပြီး ဝူဟောင်နှင့် သွားရောက် ရင်ဆိုင်သည်။ ပုံရိပ် နှစ်ခုလုံးက သူတို့၏ စွမ်းအားများကို သူတို့၏ တိုက်ခိုက်မှုတွင် အပြည့်အ၀ ထုတ်သုံးထားသည်။
ခလမ်း ခလမ်း ခလမ်း။
သူတို့၏ အားလှိုင်းနှင့် အမြန်နှုန်း များက သူတို့၏ ကန့်သတ်ချက်ကို ရောက်သွားချိန် မှာတော့ သူတို့၏ ပုံရိပ်တစ်ခုစီ ကိုပင် သဲကွဲစွာ မမြင်နိုင်တော့ပေ။
သူတော်စင် ဒေသ၏ အတွင်း အပြင် နှစ်ခုလုံးတွင် မရေမတွက် နိုင်သော အကြည့်များက အဖြူရောင် ကျောက်စိမ်း မြေကွက်လပ်တွင် ကြမ်းကြုတ်စွာ ပြောင်းလဲနေသည့် ပုံရိပ်နှစ်ခုကို ကော်နှင့်ကပ် ထားသကဲ့သို့ မလွတ်တမ်း လိုက်ကြည့်နေကြသည်။
အသက်ရှူချိန် ဒါဇင်ခန့်မျှ အကြာတွင် သူတို့၏ ပုံရိပ်များက အကြိမ်တစ်ရာ မက တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။
အနီးအနားရှိ ပတ်ဝန်းကျင် တစ်ခုလုံးပင် ပျက်စီးမှုများဖြင့် ရှုပ်ပွနေပြီ ဖြစ်သည်။
ဖတ် …
မြေပြင်မှာ ထပ်မံ၍ တုန်ခါသွားပြီး ပြတ်သားစွာ မမြင်နိုင်သည့် အရာနှစ်ခုက နောက်တစ်ကြိမ် ရင်ဆိုင်မိပြန်သည်။ ခရမ်းရောင် အလင်းတန်းများ ဖြာထွက်နေသည့် လှံတံနှင့် စုတ်တံနဲ့က လေထဲသို့ တစ်ဖန် မြှောက်တက်လာပြီး စွမ်းအားများက တစ်စက္ကန့်မျှ မကြာမီမှာပဲ ရင်ဆိုင်မိသွားသည်။
ခလမ်း …
ရှင်းလင်း ပြတ်သားသော အသံတစ်ခု ထွက်ပေါ်လာပြီး အလွန်အမင်း ရုန့်ရင်းသော စွမ်းအားတစ်ခုက စီးဆင်း သွားခဲ့သည်။
ပုံရိပ်များက အားလှိုင်းများ အတွင်းတွင် ထိခတ်မိကြပြီး သူတို့၏ ခန္ဓာကိုယ် များပင် စွမ်းအားပြည့်ဝသည့် အားကြောင့် လွင့်စဉ်သွားသည်။
ဇူယွမ်အနေဖြင့် ဒါဇင်အချို့ခန့် နောက်သို့ လွင့်စဉ်သွားရပြီး စုတ်တံထိပ်ဖျားက မြေပြင်ပေါ်တွင် စွပ်ကြောင်းအရာ တစ်ခု ချန်ထားခဲ့သည်။
အခြားတစ်ဖက် တွင်တော့ ဝူဟောင်က ဆယ်လှမ်းမျှ နောက်သို့ လွင့်သွားပြီး လျင်မြန်စွာပင် လှံကို သုံးကာ အရှိန်သတ်လိုက်ပြီး မြဲမြံစွာ ရပ်နိုင်ခဲ့သည်။
သူတို့၏ တိုက်ခိုက်မှုတွင် ဝူဟောင် အနေဖြင့် အပေါ်စီးမှ ရှိနေသည်မှာ သိသာပေသည်။
သို့သော်လည်း ဝူဟောင်၏ အခြေအနေမှာ မပျော်မရွှင် ဖြစ်နေဟန်ရပြီး ဒေါသကြောင့် သူ၏ အသွင်မှာ နက်မှောင်နေသည်။ သူ့အနေဖြင့် သူတော်စင် အကြွင်းအကျန် ဒေသသို့ စတင်ဝင်ရောက်စဉ် အခါက ဇူယွမ် အနေဖြင့် သူ၏ ရိုက်ချက်တစ်ချက်မျှကို ခံနိုင်ရည် မရှိခဲ့သည့် အဖြစ်အား မှတ်မိနေပေသည်။
ဒါပေမဲ့ ယခုတွင် ဇူယွမ်က သူ့အား လွင့်စဉ် သွားဖို့ရန်ပင် တတ်နိုင်နေပြီ။ ဇူယွမ်၏ ကြီးထွားလာမှုက ဝူဟောင်ကို လေးနက်စေသည်။
ဇူယွမ်၏ နှာခေါင်းဆီမှ ဖြည်းညင်းစွာ လေမှုတ် ထုတ်လိုက်သည်။ သူက ဝူဟောင်၏ နက်မှောင်ပြီး ဒေါသထွက်နေသော မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “လွန်ခဲ့တဲ့ နှစ်နှစ်က မင်း ကြီးမြတ်သော ဝူအင်ပါယာရဲ့ အိမ်ရှေ့စံမင်းသား ဖြစ်ကတည်းက မင်းက ငါ့မျက်စိထဲမှာ ဘာမှ မဟုတ်ခဲ့ဘူး”
“ဝူဟောင် မင်းက နှစ်ပေါင်းများစွာ ဦးဆောင် နေခဲ့ပေမဲ့ ငါကမင်းကို အချိန်ကာလ အတိုလေးတစ်ခု အတွင်းမှာ လိုက်မီခဲ့တယ် အဲအဓိပ္ပာယ်က ဘာလဲ မင်းသိလား”
ဇူယွမ်က အနည်းငယ် ပြုံးလိုက်ပြီး “အဲအဓိပ္ပာယ်က ငါကမင်းထက် ပိုပြီး သာလွန်တယ် ဆိုတာပဲ”
ဝူဟောင်က တင်းမာစွာ ပြန်ဖြေလိုက်သည်။ “ဇူယွမ် မင်းပါးစပ် ဖွင့်လိုက်တာနဲ့ စကားလုံး တွေကို ရှာဖွေပြောဆိုပြီး ငါဒေါသ ထွက်အောင် လာဆွနေတာလား”
“အိပ်မက် မက်မနေနဲ့ ။ အတိတ်မှာ ငါမင်းကို သေချာ မစောင့်ကြည့်မိဘူး သို့သော်လည်း … ငါအဲသည့် အမှားတွေ အားလုံးအတွက် မင်းအသက်ကို ပေးဆပ်ရမယ်”
“မင်းရဲ့ အခြေခံ အုတ်မြစ်က သန်မာပါတယ် ဒါပေမဲ့ စိတ်မကောင်း စရာက မင်းရဲ့နေ့တွေက အဆုံးသတ်ပြီ။ မင်းက ကောင်းကင်ဘုံ တံခါးအဆင့် သာသာ ရှိသေးတဲ့ကောင်ပါ”
“အခုဆို ငါကတော့ မူလစဦး အဆင့်ကို ရောက်ရှိနေပြီ”
စကားဆုံးသည်နှင့် ကြက်သွေးရောင် မူလချီ များက ရောင်ချီတန်း ကဲ့သို့ သူ၏ ဦးခေါင်းအထက်မှ ထွက်ပေါ်လာပြီး ကောင်းကင်ဘုံဆီသို့ တစ်ဟုန်ထိုး ထိုးတက်သွားပြီး ကောင်းကင်ပင် လောင်ကျွမ်း သွားဟန်ရသည်။
“ကောင်းကင်ကို လောင်ကျွမ်းသော ရွှေရောင် ကျီးကန်းချီ”
မီးတောက်များက ရွှေရောင် ခြေသုံးချောင်းနှင့် ကျီးကန်း၏ ပတ်ဝန်းကျင်၌ လောင်ကျွမ်းနေပြီး ပတ်ဝန်းကျင်၏ အပူချိန်ကို မြင့်တက်စေသည်။
“ဒီကောင့် မူလချီက … အဆင့် (၅) ပဲလား”
ဇူယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး ကြီးမားလှသော ခြေသုံးချောင်းနှင့် ကျီးကန်းအား တစ်ချက်မျှ ကြည့်လိုက်သည်။ ၎င်းချီများက တိကျစွာပင် အဆင့် (၅) သို့ ရောက်ရှိနေပေသည်။
ဇူယွမ်က သူ့အနေဖြင့် သည်အချိန်တွင် ဆုတ်ခွာ၍ မရတော့မှန်း သိပေသည်။ ထို့ကြောင့် သူက ရုတ်တရက် အရှေ့သို့ ခြေတစ်လှမ်း တက်လိုက်သည်။
နက်ရွှေရောင် မူလချီများက ပေါက်ကွဲထွက်လာပြီး ရွှေရောင် အလင်းများက မျဉ်းဖြောင့်တစ်ကြောင်း အတိုင်း တက်သွားပြီး အားလုံး၏ အကြည့်အောက်၌ ကြီးမားသော နက်ရွှေရောင် စပါးအုံး သဏ္ဌာန်ရောင်စဉ်တန်း တစ်ခု ဖြစ်ပေါ်လာသည်။
ကြီးမားလှသည့် စပါးအုံးကြီးသည် ဇူယွမ်၏ အနောက်ဘက်တွင် ရစ်ခွေနေခဲ့ပြီး ကောင်းကင်သို့ မော်ကြည့်ကာ ဟိန်းသံပြုနေသည်။
“ကောင်းကင် လောင်ကျွမ်းသော ရွှေကျီးကန်းချီ၊ ရွှေကျီးကန်း၏ ကောင်းကင်ဘုံ ငရဲမီး”
ဝူဟောင်၏ ရွှေရောင် ခြေသုံးချောင်း ကျီးကန်းမှာလည်း ဟစ်ကြွေးလျက်ရှိပြီး သူ၏ ခန္ဓာကိုယ် တစ်ခုလုံး ကြက်သွေးနီရောင် မီးလျှံများ လောင်ကျွမ်းလျက် ရှိကာ ထိုကျီးကန်း ဖြတ်သွားသော နေရာတိုင်းသည် မီးလျှံကြောင့် တွန့်လိမ်သွားသည်။ အောက်ဘက်ရှိ မြေပြင်ပင်လျှင် တူးချစ်သည်အထိ လောင်ကျွမ်းသွားရသည်။
သူတော်စင် အကြွင်းအကျန် ဒေသအတွင်းနှင့် အပြင်ရှိလူများ အားလုံးသည် ထိုမြင်ကွင်းကို ပင့်သက်ရှိုက်လျက် ကြည့်ရှု နေကြသော် ငြားလည်းပဲ သူတို့အားလုံး၏ အကြည့်များက တိုက်ပွဲကွင်းပြင် ဆီသို့ မရောက်ရှိပဲ အနိုင်ပိုင်း နိုင်သည့် ဝူဟောင်၏ တိုက်ခိုက်မှု စွမ်းအားကိုသာ ကြည့်ရှုနေကြသည်။
ရွှေရောင် ခြေသုံးချောင်း ကျီးကန်းကြီးသည် ကြီးမားသော နေတစ်စင်း ကဲ့သို့ ဆင်းသက်လာပြီး အားလုံး၏ အမြင်အာရုံကို ဆွဲဆောင်လျက် ရှိသည်။
ဇူယွမ်၏ မျက်လုံးထဲတွင် ကြက်သွေးနီရောင် နေလုံးကြီး ပေါ်လာခဲ့ချိန်တွင် ဇူယွမ်၏ မျက်နှာ အမူအရာမှာ လေးနက်သွားသည်။ သူသည် အသက်ပြင်းပြင်း တစ်ချက်ရှူ သွင်းလိုက်ပြီး သူ၏ လက်မှာ လေထဲသို့ မြောက်တက် သွားရကာ သူ၏ နှလုံးသားထဲမှ မသံတစ်ခုကို တီးတိုး ရွတ်ဆိုလိုက်သည်။
“အလုံးစုံသော စပါးအုံး သားရဲချီ၊ ကောင်းကင်ကို ဝါးမျိုသော စပါးအုံး”
ဟစ် …
စပါးအုံးကြီးသည် ဟစ်ကြွေးလိုက်ပြီး အရှေ့သို့ ထိုးတက်သွားသည်။ ရွှေရောင် ခြေသုံးချောင်း ကျီးကန်းနှင့် ရင်ဆိုင်မိချိန်တွင် သူ၏ ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်ဟကာ ကျီးကန်း တစ်ကောင်လုံးကို ဝါးမျို လိုက်လေသည်။
ဇူယွမ်က ထိုအဖြစ်အပျက်ကို ခက်ထန်သော အကြည့်ဖြင့် ကြည့်နေသည်။
“ဝူဟောင် မင်းရဲ့ ကောင်းကင် လောင်ကျွမ်း ရွှေကျီးကန်းချီနဲ့ ငါ့ရဲ့ အလုံးစုံသော စပါးအုံး သားရဲချီက ဘယ်ဟာက ပိုသန်မာလဲ ကြည့်ရအောင်”