ဇူယွမ်တို့ နှစ်ဦးလုံး၏ ပုံရိပ်များ ပေသောင်းကျော် မြင့်သော အစိမ်းရောင် လှိုင်းလုံးကြီးထံ ဝင်သွားသော အချိန်တွင် သူတော်စင် အကြွင်းအကျန် ဒေသ အပြင်ဘက်နှင့် အတွင်းဘက်ရှိ လေထုအခြေမှာ လွန်စွာပင် ဆူပွက်နေပြီ ဖြစ်သည်။
အားလုံးမှာ ကြောင်သွားကြသည်။
တစ်စုံတစ်ဦးမှ တစ်ယောက်ယောက်က ထိုလှိုင်းလုံးကြီး များအား ဖြတ်သန်း နိုင်လိမ့်မည်လို့ မထင်ထား ကြသော်လည်း ယခုတော့ နှစ်ယောက်လုံး နောက်ဆုံး အတားအဆီးကို ချိုးဖြတ်နေကြပြီ ဖြစ်သည်။ ထို့အပြင် သူတို့ နှစ်ယောက်က ဝူဟောင်နှင့် ဇူယွမ်ဖြစ်သည်။
တကယ်တော့ လူအုပ်ကြီးက ဝူဟောင်၏ ဂုဏ်သတင်းကို လူတိုင်းသိကြ၍ လက်ခံကြသော်လည်း ဇူယွမ်ကတော့ တခြားတစ်ဖက်တွင် တည်ရှိနေသည့် မယုံကြည် နိုင်ဖွယ်ရာ တစ်ခုဖြစ်သည်။
အားလုံး ပြီးသည့်နောက် ဇူယွမ်က ကောင်းကင်တံခါး အဆင့်သာ ရှိသေးသည်။
များစွာသော ပါရမီရှင်များ ထဲမှ ကောင်းကင် တံခါးအဆင့်ရှိသူ တစ်ယောက်က ထိုအခြေအနေသို့ ရောက်ရှိနိုင်သည် တဲ့လား။
သူတော်စင် အကြွင်းအကျန် ဒေသ အပြင်ဘက် အမျိုးမျိုးသော ဂိုဏ်းများ အုပ်စုများမှ လူများ၏ မျက်နှာများတွင် အလွန်အမင်း အံ့အားသင့်ဟန်များ ထင်ဟပ်နေသည်။
“ဇူယွမ်က ကြီးမြတ်သော ဇူအင်ပါယာက မလား”
“ကြီးမြတ်သော ဇူအင်ပါယာက ကြီးမြတ်သော ဝူအင်ပါယာရဲ့ လျှို့ဝှက် ပုန်ကန်ခြင်းကို ခံခဲ့ရတဲ့ အင်ပါယာမလား။ ငါထင်ခဲ့တာ သူတို့က ကြီးမြတ်သော ဝူအင်ပါယာရဲ့ သုတ်သင်ခြင်းကို ခံလိုက်ရပြီလို့”
“ဒါဒါ ဒီလိုမျိုး စွမ်းရည်ရှိတဲ့ ပါရမီရှင်မျိုးက ကြီးမြတ်သော ဇူအင်ပါယာက ထွက်ပေါ်လာတယ် ဆိုတာ ငါလုံးဝ မယုံကြည်နိုင်ဘူး။ သူ့ရဲ့ အနာဂတ်က လုံးဝကို အကန့်အသတ်မဲ့ပဲ”
“ဇူယွမ်၏ စွမ်းရည်က ကောင်းမွန်တာ မှန်ပေမဲ့လည်း သူ့မှာ လုံလောက်တဲ့ စိတ်ရှည် သည်းခံမှု မရှိဘူး။ တောင်ထိပ်ဆီသို့ ရောက်သွားတဲ့ အချိန်မှာ ဝူဟောင်က သူ့ကို အလွတ်ပေးမှာ မဟုတ်ဘူး”
“ဟုတ်တယ် ဝူဟောင်ဆိုတာ သေချာပေါက်ကို မင်းအနေနဲ့ စော်ကားလို့ မရတဲ့ လူတစ်ယောက်ပဲ”
“…”
လူတိုင်း တော်တော်များများ တီးတိုး ပြောဆို နေကြသော်လည်းပဲ တစ်ဦးတစ်ယောက်မှ ဇူယွမ်၏ အခြေအနေကို အကောင်းဘက် မတွေးကြပေ။ ဝူဟောင်မှာ ယခင်ကတည်းက ကျော်ကြားခဲ့ပြီး သူ၏ သန်မာမှုမှာ မတိုင်းတာနိုင်သည့် ဖြစ်တည်မှု ဖြစ်သည်။
သည်အခြေအနေတွင် ဇူယွမ်က ဖျက်မြင်းနက် တစ်ကောင် ဖြစ်နေသော်လည်းပဲ အရာအားလုံး အားနည်းပေသည်။
“ဇူယွန်ကလည်း သန်မာတဲ့ အစွမ်းရှိတယ်” အချို့သော တမန်တော်များက ထိုအရာကို မြင်သည့် အချိန်တွင် ချီးမွမ်းလိုက်ကြသည်။
သိသာစွာပင် ထိုထဲ၌ ကျိုးဖန် မပါဝင်ပေ။ သူက ဇူယွမ်၏ ပုံရိပ်ကို ထူးမခြားနားစွာပင် ကြည့်လျက် ပြောသည်။
“သူ့ရဲ့ ကိုယ်စွမ်းကိုယ်စ ကတော့ မဆိုးပါဘူး ဒါပေမဲ့ သနားစရာ ကောင်းတာက သူက သူ့သေလမ်း သူရှာနေတာပဲ”
မူဝူကျိက ဆေးတံကို ခဲရင်းမှ ပြောသည်။ “လူငယ်တွေက ရဲဝံ့စွာ တက်လှမ်းရင် ကောင်းကင်သို့ သွားတဲ့ လမ်းကြောင်းမှာ မဖြစ်နိုင်ဘူး ဆိုတာ မရှိဘူး”
ကျိုးဖန်က အေးစက်စွာ ပြုံးလိုက်သည်။ “ငါကြောက်မိတာက သူရွေးချယ်တဲ့ လမ်းက ငရဲကို သွားတဲ့ လမ်းဖြစ်နေမှာ ကိုပဲ”
ထိုလှောင်ပြောင်လိုသော စကားလုံးများကို ကြားလိုက်ရချိန် မှာတော့ မူဝူကျိက ပြန်ပြောခဲ့သည်။ “မင်းပဲ ဇူယွမ်က ဝူဟောင်တို့ အုပ်စုကို ဇူယွမ်က အမီ မလိုက်နိုင်ဘူးလို့ ပြောခဲ့တာမလား။ အခုသူက ဝူဟောင်နဲ့ အတူ တောင်ထိပ်ကို တက်လှမ်းနေပြီ ကျိုးဖန် ကျိုးဖန် တကယ်ပဲ မင်းရဲ့ မှတ်ဉာဏ်က ဆိုးဝါးနေပြီပဲ”
ကျိုးဖန်၏ မျက်လုံးများမှာ ခက်ထန်သွားပြီး အထင်အမြင် သေးဟန်ဖြင့် ပြောလိုက်သည်။ “အခုက သူတို့ လှေကားထစ် တွေကို ဖြတ်သန်းတုန်းပဲ ရှိသေးတယ် ဒါပေမဲ့ နောက်တစ်ကြိမ်က သေခြင်း ရှင်ခြင်း အဆုံးသတ် တိုက်ပွဲပဲ။ အဲအချိန်ကျရင် ဒီကောင်လေးက ဝူဟောင်ရဲ့ လက်မှာ သေရလိမ့်မယ်”
မူဝူကျိက ယောင်ယောင်လေး ပြုံးလိုက်ပြီး “ငါကတော့ မင်းမျက်နှာ ထပ်ပျက်မှာကိုပဲ ကြောက်မိတယ်”
ကျိုးဖန်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး “ကြည့်ရတာ မင်းက ဇူယွမ်ကို အများကြီး မျှော်လင့်ထားတဲ့ ပုံပဲ။ မင်းသူ့ကို ရွေးချယ် ပြီးသွားပြီလို့ ငါခံစားမိတယ်”
ဇူယွမ် အနေဖြင့် အပြင်ဘက်တွင် မည်သို့ ဖြစ်ပျက် နေသည်ကို မသိနိုင်ပေ။ ထိုအခိုက်မှာပဲ သူက တိမ်တွေကြားထဲ ကျဆင်း နေသည်ကို တွေ့လိုက်ရသည်။
သူ၏ ပုံရိပ်က မြူခိုးငွေ့များ ကြားတွင် ဖြေးညင်းစွာ ကျဆင်းနေပြီး ထိုအရာက ကျောက်တုံး လှေကားထစ်များ၏ အဆုံးသတ် ဖြစ်ဟန်တူသည်။
“ဒီလှေကားထစ် တွေက တောင်ထိပ်ဆီပေါ် ရောက်ရှိခဲ့ပြီလား” ဇူယွမ်၏ မျက်လုံးများက တောက်ပလာသည်။
သူသည် ကျဆင်းနေရာမှ ရုတ်တရက် ရပ်တန့်သွားပြီး သူ၏ ခြေထောက်များက မြေပြင်ကို ခံစားမိပြီး သူ့ပတ်ဝန်းကျင်ရှိ မြူခိုးများမှာ စတင်ပြီး ရှင်းလင်းလာသည်။
ထိုခိုက်တွင် ဇူယွမ် တစ်ခုတည်း ရှာတွေ့သည့် အရာမှာ သူက အလွန် ကြီးမားလှသော အဖြူရောင် ကျောက်စိမ်း ကွင်းပြင်ကြီး ပေါ်တွင် မတ်တတ်ရပ် နေပြီး ထိုနေရာက သူတော်စင်တောင်၏ တောင်ထိပ်ဖြစ်ဟန် ပေါ်သည်။
“ဒီနေရာက သူတော်စင် တောင်ထွတ်လား” ဇူယွမ်၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တောက်ပနေသည်။ လွန်စွာ လုံ့လစိုက်ထုတ်ပြီး အပင်ပန်းခံပြီး နောက်တွင် သူ၏ ပန်းတိုင်ဆီသို့ ရောက်ရှိခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်လုံးများမှာ ရုတ်တရက် ကျဉ်းမြောင်းသွားပြီး မြူခိုးများ လွင့်စဉ် ပျောက်နေစဉ်တွင် ပေါ်လာသော ရွှေရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး လက်နောက်ပစ်ကာ ရပ်နေသည့် ပုံရိပ်တစ်ခုကို ကြည့်လိုက်သည်။
ထိုပုံရိပ်မှာ အေးစက်နေပြီး သူ၏ ပတ်ဝန်းကျင်တွေ သတ်ဖြတ်လိုစိတ် များဖြင့် ပြည့်နှက်နေသည်။ ထိုသူမှာ ဝူဟောင်မှလွဲ၍ မည်သူ ဖြစ်နိုင်မည်နည်း။
သူတို့နှစ်ယောက်၏ အကြည့်များက အဖြူရောင် ကျောက်စိမ်းကွင်းပြင်တွင် တွေ့ဆုံမိကြပြီး သတ်ဖြတ်ခြင်း အငွေ့အသက် များက နေရာအနှံ့သို့ ပျံ့နှံ့သွားသည်။
“ငါတကယ်ကို မမျှော်လင့်မိဘူး … ပြန်တွေ့ရမယ်လို့ မင်းက ငါ့တစ်ချက် ကြည့်ဖို့ကို မထိုက်တန်ခဲ့ဘူး ခုတော့ မင်းက ငါနဲ့ စင်မြင့် တစ်ခုတည်း ပေါ်မှာ လာရပ်နေတယ်” ဝူဟောင်၏ လေသံက ထူးမခြားနားပင် ရှိသည်။
“အခုငါ နောင်တရ နေတယ်။ ငါအတိတ်မှာ တုန်းက မင်းရဲ့ ဇူကလန်ကို ပိုပြီး အလေးအနက် ထားပြီး ဖျက်ဆီးခဲ့ရမှာ”
“ငါသာ သေချာ လုပ်ခဲ့ရင် ဒီလို ပြဿနာနေ့တွေ ဖြစ်လာမှာ မဟုတ်ဘူး”
အတိတ်တွင် ဇူကလန် အားနည်းစဉ်က သူသာ ချီဘုရင်အား အထောက်အပံ့ ပိုမို ပေးလိုက်ပါက ဇူကလန်၏ အဆုံးသတ်ကို ရောက်ရှိ သွားပေလိမ့်မည်။ သို့သော်လည်း သူက မူလစဦး အဆင့်လေးယောက်နှင့် လုံလောက်ပြီ ထင်ခဲ့ပြီး ထိုလေးယောက်ကိုသာ ပို့ဆောင်ခဲ့သည်။
အတွေးတစ်ချက်က ခြားနားမှု တစ်ခု ဖြစ်ပေါ်လာလိမ့်မည်ဟု မည်သူ ထင်မည်နည်း။ မသန်စွမ်း ဖြစ်နေတဲ့ နဂါးက သူ၏ မျက်စိအောက်တွင်ပင် တစ်ဆင့်ချင်း အထက်သို့ တက်လာခဲ့ပြီး ယခု သူနှင့် တစ်တန်းတည်း ရပ်တည်နေချေပြီ။
“ငါခံစားမိတယ် … မင်းရဲ့ နောင်တရမှုက ငါမင်းကို မသတ်ခင်မှာ ပိုမို ကြီးမားလာလိမ့်မယ်” ဇူယွမ်က သူ၏ ဖြူဖွေးသော သွားများ ပေါ်သည်အထိ ပြုံးဖြီးဖြီးနှင့် ပြောကာ သူ၏ သတ်ဖြတ်လို စိတ်ကို ဖော်ပြလိုက်သည်။
“ဟ၊ ငါ့ကိုသတ်မယ်။ မင်းက။ မသန်စွမ်း ဖြစ်နေတဲ့နဂါးက” ဝူဟောင်က အမူအရာ ကင်းမဲ့စွာ ပြောလိုက်သော်လည်း သူ၏ အကြည့်တွင် လှောင်ပြောင်ခြင်း စိတ်ကြီးဝင်ခြင်း များက ပေါ်လွင်နေသည်။
ဇူယွမ်က ရယ်မောလိုက်သည်။ “မင်းလို သေးနုပ်တဲ့ သူခိုးလေးက ကိုယ်ရဲ့ မျက်နှာကို သေချာ ဖုံးကွယ်တတ်သားပဲ ဟုတ်တယ်မလား”
“သေးနုပ်တဲ့ သူခိုးလား” ဝူဟောင်၏ အသံတွင် လှောင်ပြောင်မှုများ ပါဝင်နေသည်။ “ကြည့်ရတာ မင်းကို မင်း တကယ့် မြင့်မြတ်တဲ့ နဂါးလို့ ထင်နေပုံ ရတယ်”
ဇူယွမ်က ခေါင်းယမ်းလိုက်ပြီး “ငါက မြင့်မြတ်သော နဂါး အစစ်လား အတုလား ဆိုတာ ဂရုစိုက်ဘူး”
သူကယောင်ယောင်လေး ပြုံးလိုက်ပြီး ဆက်ပြောလိုက်သည်။ “ဝူဟောင် ဒီနှစ်တွင် ဖြတ်သန်းပြီးနောက်မှာ မင်းဘဝ အဆုံးသတ်ဖို့ ကံကြမ္မာ ငင်နေပြီ။ သို့သော်လည်း အားလုံး ဆိုးဝါးသွားလိမ့်မယ် လို့တော့ ငါမယုံကြည်ပါဘူး”
“ရိုးရှင်းစွာပဲ မင်းက ကံကြမ္မာ ခေါ်ရာ နောက်လိုက် လာခဲ့တာပဲ။ ကြီးမြတ်သော ဝူအင်ပါယာရဲ့ အိမ်ရှေ့စံ မင်းသားဘဝမှာ မင်းက ဘဝကို အခက်အခဲ မရှိ ဖြတ်သန်းခဲ့တယ်။ အဲအရာတွင်က မင်းအတွက် လုံလောက်အောင် မကောင်းမွန်ခဲ့ဘူး မလား”
ဝူဟောင်၏ မျက်လုံးများက နက်မှောင်ပြီး အေးစက်နေသည်။ ဇူယွမ်၏ စကားလုံးများက သူ့ဒေါသကို အထိန်းအကွပ်မဲ့စေသည်။ အဘယ်ကြောင့် ဆိုသော် သည်စကားလုံး များကို သူ့အနေဖြင့် တစ်နေရာတွင် ကြားဖူးခဲ့သောကြောင့် ဖြစ်သည်။
ဝူယို။
ဝူယိုကလည်း သူ့ကို ထိုစကားများ ပြောခဲ့ပေသည်။ ဒါပေမဲ့ ဘာလို့ ဇူကလန်ရဲ့ မသန်စွမ်း ဖြစ်နေသော နဂါးက ထို စကားလုံးများကို ပြောရဲသနည်း။
သို့သော်လည်း မင်းက သူမနဲ့ ဘာလို့ လေသံလာ တူနေရတာလဲ။
“ဇူယွမ် ငါမင်းကို သတ်မယ် ငါမင်းကို သတ်ပြီးရင် ငါ့ရဲ့ ကိုယ်ပိုင်စစ်တပ်နဲ့ မင်းတို့ရဲ့ ကြီးမြတ်သော ဇူအင်ပါယာကို ချေမှုန်းပစ်မယ်” အဆုံးတွင် ဝူဟောင်၏ အသံ၌ သတ်ဖြတ်လို စိတ်များ ပါဝင်နေပြီး လေထုပါ အေးခဲသွားသည်။
သူက ဝူဟောင်ကို တူညီစွာပင် သရော် လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
“ဝူဟောင် မင်းတို့ ဝူကလန် ခိုးယူသွားတဲ့ ငါ့ရဲ့ ကောင်းချီးတွေ ငါ့အဖေရဲ့ လက်တစ်ဖက် ငါ့အမေရဲ့ ကြီးမြတ်လှတဲ့ ဘဝသက်တမ်း … အဲတာတွေ အားလုံးကို ငါမင်းတို့ ဝူကလန် ဆီကနေ တစ်ခုချင်းစီ သေချာပေါက် ပြန်ယူမယ်”
“အခုတော့ ငါမင်းဆီက ပထမဆုံး ပြန်ယူရမှာပေါ့”
ဝရုန်း
နက်ရွှေရောင် မူလချီများ ပေါက်ကွဲထွက်လာပြီး ဇူယွမ်၏ အဝတ်အစားများက လေထဲတွင် တဖျပ်ဖျပ် လွင့်လျက်ရှိသည်။ သူ၏ မျက်လုံးများတွင်တော့ အေးစက်စက် သေဆုံးခြင်း အငွေ့အသက်များ လွှမ်းမိုးလျက် ရှိသည်။
“ဟားဟား”
ဝူဟောင်၏ လှိုက်လှိုက်လှဲလှဲ ရယ်မော လိုက်သံကြီးက ကောင်းကင်တစ်ခုလုံး ပျံ့နှံ့သွားသည်။ “မင်းလိုမျိုးလား”
“ဟဟ။ ကောင်းပြီ ကောင်းပြီ။ ဒီနေ့မင်းရဲ့ သွေးကို အသုံးပြုပြီးတော့ ငါက စစ်မှန်တဲ့ နဂါးတစ်ကောင်ဆို တာကို ဝူယိုကို သက်သေ ပြရမယ်”
ဝရုန်း …
မရေမတွက် နိုင်သော အကြည့်များ အောက်တွင် အဖြူရောင် ကျောက်စိမ်းကွင်းပြင် ပေါ်တွင် အကန့်အသတ် မရှိသော အရှိန်အဝါ နှစ်ခု ထွက်ပေါ်လာသည်။
နဂါးနှစ်ကောင်၏ ပုံရိပ်ကြီးက သူနှစ်ယောက်၏ နောက်ဘက်တွင် စီတွင် တဖြည်းဖြည်း မြင့်တက်လာကာ ကောင်းကင်ယံကို မျှော်ကြည့်ကာ ဟိန်းဟောက်လျက် ရှိသည်။
တစ်ခုတည်းသော ကွဲပြား ခြားနားမှုမှာ ဝူဟောင်၏ နဂါးက ရွှေရောင်အဆင်း ရှိပြီး ဇူယွမ်၏ အနောက်တွင် ရှိသော နဂါးက သွေးနီရောင် အဆင်းရှိသည်။