စာစဉ် (၁၄) အပိုင်း (၁၈၆)

မြင့်မြတ်သော နေရာမှ အစိမ်းရောင်လှိုင်းများ၏ တားဆီးခြင်း

ဇူယွမ်က ချက်ချင်းပင် သူ၏ရှေ့တွင် ရှိနေသူများနှင့် ပခုံးချင်းယှဉ်၍ လျှောက်နေပြီ ဖြစ်သည်။ ဆူညံသံများက လှိုင်းလုံးများသဖွယ် သူတော်စင် အကြွင်းအကျန်ဒေသ အပြင်ဘက်တွင် ပေါက်ကွဲထွက်နေပြီး မရေမတွက်နိုင်သော လူများ၏ မျက်နှာ အမူအရာများမှာ အနည်းငယ် ပြောင်းလဲလာသည်။

သူတို့အားလုံးသည် ဇူယွမ်အနေဖြင့် အင်အား တိုးပွားလာသည်ကို နားလည် သဘောပေါက်နိုင်စွမ်း မရှိကြပေ။ သူ အစောက အနောက်တွင် ပြုတ်ကျ ကျန်ခဲ့ပြီး ဖြစ်သော်လည်း ယခုမှာ တဖြည်းဖြည်း မြင့်တက်လာပြီး ဝူဟောင်တို့နှင့် တန်းတူဖြစ်နေပြီ ဖြစ်သည်။
ဇူယွမ်အနေဖြင့် အစောပိုင်း ကောင်းကင်ဘုံ တံခါးအဆင့်သို့ ရောက်ရှိနေပြီး ဝူဟောင်တို့ လူစုမူကား အစစ်မှန် မူလစဦး အဆင့်နှင့်ပင် ယှဉ်နိုင်သူများ ဖြစ်သည်။
သည်အဆင့် နှစ်ခုကြားက ကွာခြားချက်မှာ မသေးငယ်ပေ။
သို့သော်လည်း ဇူယွမ်က သူတို့ကို မီခဲ့ပြီ ဖြစ်သည်။ လူတိုင်း မအံ့ဩပဲ ဘယ်လို ဖြစ်နိုင်မည်နည်း။
သူတော်စင် အကြွင်းအကျန် နယ်မြေ အပြင်ဘက်တွင် မူဝူကျိက ထိုမြင်ကွင်းကို မြင်သောအခါ အံ့အားသင့်လျက် ရေရွတ်လိုက်သည်။

“ဒီကလေးက အဆင့်မြင့် ချီစုဆောင်းမှု နည်းလမ်းကို ကျွမ်းကျင် ထားတာပဲ”

သူ၏ ထက်ရှသော မျက်လုံးများဖြင့် ဇူယွမ်ကို တစ်ချက် ကြည့်လိုက်သည်နှင့် ဇူယွမ်၏ ကုန်ဆုံးသွားသော ချီစွမ်းအင်များ ပြန်လည် မြင့်တက် လာနေသည်ကို တွေ့ရသည်။ ထိုအမြန်နှုန်းက အဆင့်မြင့် ချီစုဆောင်းမှု တစ်ခုကို အသုံးပြုထားမှန်း မှတ်ယူနိုင်ပေသည်။

“ဒါပေမဲ့ နောက်ဆုံးမှာတော့ သူ အောင်မြင်အောင် လုပ်နိုင်ခဲ့……”

မူဝူကျိက ရယ်မောလိုက်ပြီး သူ၏ဆေးတံအား ရှိုက်ကာ နှာခေါင်းမှ မီးခိုးငွေ့များကို မှုတ်ထုတ် လိုက်သည်။ ထို့နောက် သူက မြင့်မြတ်သော နန်းတော်ကလန်မှ ကျိုးဖန်ကို စိုက်ကြည့် လိုက်သည်။ ကျိုးဖန်၏ မျက်နှာ အမူအရာမှာ ပြောင်းလဲခြင်း မရှိသော်လည်းပဲ ကြေးမုံပြင်ပေါ်ရှိ မြင်ကွင်းအား စိုက်ကြည့်နေသော သူ၏ မျက်ဝန်း၏ ထောင့်စွန်းနားတွင် တည်ငြိမ်နိုင်စွမ်း မရှိသည်ကို တွေ့လိုက်ရသည်။

“ကြည့်ရတာ ဒီကလေးက မြင်းနက် တစ်ကောင်ပဲ…”

မူဝူကျိက အသံအက်ကြီးနှင့် ပြောလိုက်ပြီး အပြုံးတစ်ပွင့် ပေါ်လာသည်။ … ဆရာအိုကြီးက တကယ်ကို အမြင်ရှိတာပဲ။

ဇူယွမ်၏ အမြန်နှုန်း တိုးသွားခဲ့ပြီး ခေတ္တအကြာမှပဲ ဝူဟောင်တို့နှင့် တစ်တန်းတည်း ဖြစ်သွားခဲ့ပြီးနောက် သူတို့၏ မျက်လုံး အတွင်းတွင် ရှစ်ခုမြောက် စင်မြင့် ပေါ်လာခဲ့သည်။

ယဲ့မင်၏ အကြည့်က နောက်ဆုံး ကျန်ခဲ့သည့် တုံးရွမ်တိုက်ကြီး အဖွဲ့ဝင်ကို စိုက်ကြည့် လိုက်သည်။ ထိုသူက အေးစက်စက် မျက်နှာထားနှင့် အဖြူရောင်ဆံပင် ရှိသည့် လူငယ်လေး တစ်ယောက်ဖြစ်သည်။ ကြံ့ခိုင်ပြီး များပြားလှသည့် မူလချီများက သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လျက် ရှိသည်။ အသေအချာပင် ထိုသူက ကျူးယင်တို့လူစုထက် သန်မာပေသည်။

“ဖန်ဇောင် မင်း တက်သွားလိုက်”

အဖြူရောင် ဆံပင်နှင့် လူငယ်လေးက မည်သည့်စကားမှ မဆိုပဲ ခြေကို ဆောင့်နင်း လိုက်သည်နှင့် သူ၏ ခန္ဓာကိုယ်က တစ္ဆေတစ်ကောင်ကဲ့သို့ စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်။ သူက ဇူယွမ်၊ လီချွန်ကျွမ်နှင့် နန်ကျန်းတို့အား အရေးမစိုက်ဟန်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ကောင်းချီး ပေးခြင်းအတွက် ဒီကျောက်တုံး စင်မြင့်ပေါ်မှာ ဘယ်သူက ငါနဲ့တိုက်ခိုက်ရဲလဲ”
ဇူယွမ်တို့ သုံးယောက်၏ အကြည့်များ ဆုံသွားပြီးနောက် လီချွန်ကျွမ်က အကြံပေးလိုက်သည်။

“ဒီတစ်ယောက်နဲ့ တိုက်ခိုက်ဖို့  မူလ ချီစွမ်းအား အနည်းဆုံး တစ်ယောက် သွားရမယ်။ တခြား အယူအဆကော ရှိသေးလား”

နန်ကျန်းက ခေါင်းကုတ်လိုက်ပြီး ဇူယွမ်အား ကြည့်လိုက်သည်။ အစောပိုင်းက ဇူယွမ်အနေဖြင့် သူ့ထက် မူလချီစွမ်း အားနည်း နေသော်လည်း ယခုတွင်တော့ ထိုအကောင်၏ မူလစွမ်းအားက ပြန်လည် သန်မာလာပြီး သူ၏ မူလချီများမှာ အားအနည်းဆုံး ဖြစ်နေပေသည်။

“ငါဝူဟောင်နဲ့ နောက်ထပ် တိုက်ခိုက်ချင်တယ်။ ငါဒီမှာ မရပ်တန့်ရဖို့ မျှော်လင့်ခဲ့တာ”
နန်ကျန်းက အကူအညီမဲ့စွာ ပြုံးလိုက်သည်။ ပြီးနောက် သူ၏ မျက်လုံးထဲတွင် တိုက်ပွဲ ဆာလောင်စိတ်များ တောက်ပလာပြီး အဖြူရောင် ဆံပင်နှင့် လူငယ်လေးအား ကြည့်လိုက်သည်။

“ဒါပေမဲ့လည်း ဒီကောင် ကြည့်ရတာ တိုက်ခိုက်နိုင်စွမ်း ရှိမဲ့ပုံပဲ။ ငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်”
“ဟေး ဇူယွမ်လို့ ခေါ်တဲ့တစ်ယောက် မင်းဝူဟောင်နဲ့ တိုက်ခိုက်တဲ့အခါ ငါ့အတွက်သူ့ကို ကောင်းကောင်းလေး ရိုက်ခဲ့ပေးပါ”

နန်ကျန်းက အားရပါးရ အော်ပြောခဲ့ပြီး ပေါက်ကွဲသံနှင့်အတူ အမြောက်ဆန် တစ်ခုလုံးလိုမျိုး ရှစ်ခုမြောက် စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။

ဇူယွမ်က ခေါင်းညိတ်ရုံမျှ ညိတ်လိုက်ပြီး သူက မျက်မှောင်ကြုတ် လိုက်သည်။
နန်ကျန်းနှင့် ဖန်ဇောင်တို့ ရှစ်ခုမြောက် စင်မြင့်ပေါ် တက်သွားပြီးနောက် ဇူယွမ်၊ ဝူဟောင်၊ ယဲ့မင်နှင့် လီချွမ်ကျွမ်တို့ ပုံရိပ်များသည် လှေကားထစ်များ ပေါ်မှ ထွက်ခွာခဲ့ကြသည်။
သူတို့ လေးယောက်လုံးသည် အသန်မာဆုံးနှင့် နောက်ဆုံး ကျန်ခဲ့သော အဖွဲ့ဝင်များ ဖြစ်သည်။
မရေမတွက် နိုင်သော အကြည့်များက စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေပြီး သူတို့ကို ကြည့်နေကြသည်။ ကျောက်တုံး လှေကားထစ် စစ်ဆေးမှုမှာ တဖြည်းဖြည်း ပို၍ပို၍ စိတ်ဝင်စားဖွယ် ကောင်းလာပြီ ဖြစ်သည်။

မည်သည့် အထွတ်အထိပ် ပါရမီရှင် နှစ်ဦးက ကိုးခုမြောက် စင်မြင့် ပေါ်သို့ ရောက် နိုင်မည်ကို သူတို့ အနေဖြင့် လွန်စွာ သိချင်လှပေသည်။

သူတော်စင် အကြွင်းအကျန် ဒေသ၏ အပြင်ဘက်နှင့် အတွင်းဘက် နှစ်ခုလုံးတွင် မရေမတွက်နိုင်သော အကြည့်များက စိတ်အား ထက်သန်စွာ စောင့်ကြည့်နေကြပြီး နေရာနှစ်ခုလုံးတွင် တိတ်ဆိတ် နေကြသည်။

ဒါဇင်ချီသည့် မိနစ်အချို့အား တိတ်ဆိတ်စွာ ဖြတ်သန်းပြီး နောက်တွင်

“အဲဒါ ပေါ်လာပြီ”

“ကိုးခုမြောက် ကျောက်တုံးစင်မြင့် ပေါ်လာခဲ့ပြီ…”

တိတ်ဆိတ်မှုကို ချိုးဖောက်ပြီး မရေမတွက်နိုင်သော အသံများက ကောင်းကင်ပင် ပြည့်လုမတတ် ထွက်ပေါ် လာခဲ့သည်။ စူးစိုက် ကြည့်လိုက်လျှင် သူတို့အားလုံးက သူတို့ရှေ့ရှိ အကွာအဝေး တစ်ခု၌ ပေါ်လာသော ကိုးခုမြောက် စင်မြင့်ကို မြင်လိုက် ရပေသည်။

သည်စင်မြင့်သည် ကျောက်တုံး လှေကားထစ်၏ နောက်ဆုံး စင်မြင့်ပင် ဖြစ်သည်။
သူတို့သာ သည်ကျောက်တုံး စင်မြင့်အား ဖြတ်ကျော်နိုင်ပါက သူတို့အားလုံး မကြာမီပင် သူတော်စင်တောင်၏ တောင်ထွတ်ဆီသို့ ရောက်ရှိနိုင်ပြီး အကြီးမားဆုံးသော ကောင်းချီးကို လက်ခံရရှိနိုင်မည် ဖြစ်သည်။

ထိုအခိုက်တွင် အားလုံး၏ အကြည့်များမှာ ပို၍ ပို၍ တောက်လောင် လာပြီး မည်သူမှ မျက်တောင်ပင် မခတ်ဝံ့ကြပေ။

အဘယ်ကြောင့် ဆိုသော် ကိုးခုမြောက် စင်မြင့် ပေါ်လာခြင်းက သူတို့ ကျောက်တုံး လှေကားထစ်၏ အဆုံးသတ်သို့ ရောက်ရှိသည်ဟု အဓိပ္ပာယ် ရသောကြောင့် ဖြစ်သည်။ သူတို့အားလုံး၏ စိတ်ထဲ၌ တောင်ကြီးတစ်လုံးအား ထမ်းပိုးထားရသကဲ့သို့ လေးလံလာသည်။

ဘုန်း….

အသက်ရှိုက်စာ အချိန် အနည်းငယ် အတွင်းတွင် ကြီးမားသော အစိမ်းရောင် လှိုင်းလုံးကြီးသည် ပေတစ်သောင်းခန့် အထိ မြင့်မား လာခဲ့သည်။ အရာအားလုံးကို ဝါးမျိုတော့မည့်ဟန် ရသည့် အစိမ်းရောင် လှိုင်းလုံးကြီးက တဖြည်းဖြည်း မြင့်မားလာခဲ့သည်။

ထိုလှိုင်းလုံးကြီးက ရုန့်ရင်း ကြမ်းတမ်းသော မူလချီများဖြင့် ပြည့်နှက်နေပြီး မည်သည့်အရာကမှ ထိုလှိုင်းလုံးအား ရင်ဆိုင်နိုင်ဟန် မရပေ။

“ဘုရားရေ ဘယ်လို အရာကြီးလဲ”

ထိုလှိုင်းလုံး၏ အခြားတစ်ဖက်တွင် ဇူယွမ်တို့ လေးယောက်သားက အကူအညီမဲ့စွာ ကျိန်ဆဲလိုက်သည်။

ဝရုန်း

သို့သော်လည်း ထိုပေသောင်းကျော် မြင့်မားသည့် လှိုင်းလုံးကြီးက သူတို့၏ ကျိန်ဆဲမှုကို ဂရုမစိုက်သည့်အလား ကျယ်ပြောပြီး မမှန်းဆ နိုင်လောက်သော အင်အားဖြင့် သူတို့ လေးယောက်ထံသို့ ကျဆင်းသည်။ ထိုလှိုင်းလုံးများက ရုန့်ရင်းစွာပင် သူတို့ရှေ့တွင် ရှိနေသည့် မည်သည့်အရာမဆို ဖျက်ဆီးပစ်မည့်ဟန် ရှိသည်။

သူတို့ လေးယောက်လုံးလည်း အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်ပြီး စက္ကန့်ပိုင်း အတွင်းမှာပင် အရှေ့သို့ တက်သည်။ သူတို့အားလုံးသည် ထိုလှိုင်းလုံးကြီးက နောက်ဆုံး အတားအဆီး ဖြစ်မှန်း သိပေသည်။

ထိုနေရာသို့ ဖြတ်သန်းပြီးပါက သူတို့ တောင်ထိပ်ဆီသို့ ရောက်ပေလိမ့်မည်။
ဝူဟောင်ထံမှာ မူလချီများ ပေါ်ကွဲထွက်လာပြီး သူ၏တောက်တွင် ကြက်သွေးနီရောင် နေလုံးကြီး ဖြစ်ပေါ်လာကာ အရှေ့သို့ တက်လှမ်းသည်။ နေလုံးထဲတွင်တော့ ခြေသုံးချောင်းနှင့် ရွှေရောင်ကျီးကန်း တစ်ကောင်က တောက်ပစွာ တည်ရှိသည်။

လီချွန်ကျွမ်က သူ၏ အနက်ရောင် ဓားကြီးကို ဆုပ်ကိုင်လိုက်ပြီး လူနှင့်ဓားက တစ်သားတည်း ဖြစ်ကာ ဓားအလင်းတန်း အသွင်ဖြင့် အရှေ့သို့ တက်သည်။

ယဲ့မင်၏ မျက်လုံးက ဝဲတစ်ခုအသွင် ပြောင်းလဲသွားပြီး အနက်ရောင် မူလချီများက သူ၏ လက်ဖဝါးဆီမှ ရှေ့သို့ တိုးထွက်လာကာ အနက်ရောင် စုပ်ဝဲကြီးက သူ၏ရှေ့တွင် ဖြစ်ပေါ်လာသည်။
ဇူယွမ်၏ ခန္ဓာကိုယ်မှာလည်း ချီသိုလှောင်ခန်းမှ အနက်ရောင် မူလချီများ ထွက်ပေါ်လာပြီး ကြီးမားသော ရွှေရောင် စပါးအုံး သဏ္ဌာန် ဖြစ်ပေါ်သည်။ ထိုရွှေရောင် စပါးအုံးမြွေကြီးက ဇူယွမ်ကို သူ၏ ပါးစပ်အတွင်း၌ ငုံထားလျက် အရှေ့သို့ တက်ကာ မူလချီလှိုင်းများကို ရင်ဆိုင်သည်။

ဝုန်း…

ပုံရိပ်လေးခုလုံးက ကူတို့၏ နောက်ဆုံး စွမ်းအားများကို အစွမ်းကုန် ထုတ်သုံး လိုက်ကြသည်။ မရေမတွက်နိုင်သော အကြည့်များ အောက်တွင် သူတို့ လေးယောက်လုံးက ပေတစ်သောင်းကျော် မြင့်သော လှိုင်းလုံးကြီးအား ဦးတည် လိုက်ကြသည်။

ဒုန်း … ဒုန်း

သူတော်စင် လှေကားထစ်မှာ ပြင်းထန်စွာ တုန်ခါနေသည်။ ရုန့်ရင်းသော အားလှိုင်းများလည်း ထိုဧရိယာတွင် လွင့်စဉ်လျက် ရှိသည်။ လူတိုင်းက မည်သူတောင်ထိပ်သို့ ရောက်ရှိသွားမည်ကို သိရှိရန် မစောင့်နိုင်လောက် အောင်ကိုပင် ဖြစ်နေကြသည်။

ထိုအခိုက်တွင် သူတော်စင် အကြွင်းအကျန် ဒေသ၏ အတွင်းနှင့် အပြင်တွင် မည်သူမှ အသက်ပြင်းပြင်းပင် မရှူရဲကြပေ။

ကျိုးဖန်၏ မျက်လုံးများ ပွင့်လာပြီး စိုက်ကြည့် လိုက်သည်။
မူဝူကျိလည်းပဲ သူ၏ ဆေးတံကို ဖွာရှိုက်ဖို့ရန် မေ့နေခဲ့ပြီး သူတို့၏ အကြည့်များက ကြေးမုံပြင်ပေါ်သို့ ကျရောက် နေကြသည်။ လူတိုင်းက နောက်ဆုံး တိုက်ပွဲမှာ မည်သူက အနိုင်ရရှိသွားလဲ ဆိုတာကို သိချင်နေကြပြီ ဖြစ်သည်။


Comment

Leave a Reply

Options

not work with dark mode
Reset