အခန်း (၁၇)

ဝူထုန်

အခန်း (၁၇) ဝူထုန်

ချန်သမခင်မမှာ သူမ၏ သမီးဖြစ်သူက “ဆန်းလျန်” ဆိုသည့် နာမည်ကို ရေရွတ် လိုက်သော ကြောင့် ထူးဆန်း သွားရလေသည်။

ဆန်းရော့ရှီမှာ ဆန်းလျန်က အတားအဆီးမရှိ နံရံကို ဖြတ်ကျော်ပြီး ထွက်ခွာ သွားသည်ကို မြင်လိုက်ရသောကြောင့် ပါးစပ် အဟောင်းသား ဖြစ်သွား ရလေတော့သည်။ သူမအလွန်ပင် ထိတ်လန့် တုန်လှုပ် သွားရလေသည်။

ချန်သခင်မက ဆန်းရော့ရှီ၏ နဖူးကို စမ်းသပ် ကြည့်လိုက်တော့ သမီးဖြစ်သူမှာ ဖျားနေဆဲ ဖြစ် လေသည်။

“ခုဘာမှ လျှောက်တွေး မနေနဲ့နော်၊ ကောင်းကောင်း အနားယူလိုက်နော်”

ချန်သခင်မကပြောလိုက်သည်။

“အမေ သမီးဆန်းလျန်ကို တွေ့လိုက် မိသလိုပဲ”

“သမီး ဖျားနေတာ … ပြီးတော့ သူ့ကို အရှေ့ဘက် ခြံထဲမှာ ထိန်းချုပ်ထားတုန်းပဲ။ အခု အရမ်း လည်း မိုးချုပ်နေပြီ”

သမီးဖြစ်သူမှ ဖျားနေသည့် အတွက်ကြောင့် ထင်ယောင်ထင်မှား ဖြစ်နေခြင်း ဖြစ်သည်ဟု ချန် သခင်မက ယူဆလိုက်လေသည်။

ချန်သခင်မက ဆန်းရော့ရှီအတွက် ဆန်ပြုတ် လုပ်ပေးနေသည့် အချိန်တွင်တော့ ဆန်းလျန်မှာ သူ၏အခန်းသို့ ပြန်သွားပြီ ဖြစ်လေသည်။

သူက အိပ်ရာထက်တွင် ဖြည်းညင်းစွာ အသက်ရှူနေသည့် သူ့ရုပ်ခန္ဓာကို ကြည့်လိုက်ပြီး ခုန်ဝင် လိုက်လေသည်။

ဆန်းလျန် မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ့တစ်ကိုယ်လုံး ပင်ပန်း နွမ်းနယ် ကာ မောပန်းသလို ခံစား နေရလေသည်။ သူအိပ်ပျော် သွားတော့မည်ဟု ထင်နေမိလေသည်။

သူ့မျက်လုံးကို ထပ်ဖွင့်ကြည့်လိုက်တော့ သူ့ တစ်ကိုယ်လုံးကို ဖြတ်သန်း စီးဆင်းသွားသည့် ပင်ပန်း နွမ်းနယ်မှုကြီးကို ခံစားလိုက်ရသည်။ ရုပ်ခန္ဓာထဲမှ ထွက်ခွာသည့် အတွေ့အကြုံနှင့် ယှဉ်လျှင် သူ၏ အာရုံခံစားမှုနှင့် ရုပ်ခန္ဓာမှာ ခြားနားနေကြောင်း သတိ ပြုလိုက်မိလေသည်။

အတန်ကြာမှ ပင်ပန်းသည်များ သက်သာ သွားလေသည်။ သူစောင်ကို လည်ပင်းထိ ရောက် အောင် ခြုံလိုက်ကာ အိပ်ပျော် သွားလေတော့သည်။

အိပ်မက်မရှိသော ညတစ်ညကို ဖြတ်သန်းလိုက်ပြီး နောက်တစ်နေ့သို့ ရောက်ရှိ လာခဲ့လေသည်။

ဆန်းလျန် တံခါးကို ဖွင့်လိုက်သည့် အချိန်တွင် နေအတော် မြင့်နေပြီ ဖြစ်လေသည်။ သူယခုကဲ့သို့ နေမြင့်သည်အထိ မအိပ်သည်မှာ ဆန်းလျန်အတွက် ကြာခဲ့ပြီဖြစ်သည်။ အိပ်ရာမှ နိုးလာသည်နှင့် မူလ အရင်းခံ စွမ်းအားများကို ရရှိ ထားသကဲ့သို့ သူခံစား နေရသည်။

ဆန်းလျန် တံခါး ဖွင့်လိုက်သည်နှင့် အစေခံ မိန်းကလေး တစ်ယောက်က မျက်နှာ သစ်ရန် အတွက် ရေနွေး ယူလာပေးလေသည်။

ဆန်းလျန်က ရေနွေးဝတ်ဖြင့် ကိုယ်လက် သန့်စင်နေသည်ကို အစေခံ မိန်းကလေး ကြည့်နေရင်း မိုးကောင်းကင်မှ ကောင်းမြတ်သည့် အငွေ့အသက်များ ရနေသလို ခံစား လိုက်ရလေသည်။ ဆန်းလျန်၏ ဆံနွယ်များနှင့် မျက်နှာပုံစံမှာ နတ်သားလေး တစ်ပါးနှင့်ပင် တူနေလေသည်။

သူမ တွေးလိုက်သည်မှာ ဆန်းလျန် မင်္ဂလာဆောင်ပြီး ကလေးများ ရသည့်တိုင် သူမကို အနားမှာ ထားလျှင် ဘယ်လောက် ကောင်းမည်လဲဟု တွေးလိုက်မိပြီး အစေခံ မိန်းကလေးမှာ ရှက်သွေး ဖြာသွား ရလေသည်။

ဆန်းလျန်မှာ ပုံမှန်အားဖြင့် မည်သူနှင့်မျှ ရင်းရင်းနှီးနှီး နေလေ့ မရှိပေ။ သူက မကောင်းသော စိတ် ထား မရှိသလို ခပ်လွယ်လွယ် လူစားတစ်ယောက်လည်း မဟုတ်ပါ။ ဆောင်းရာသီတွင် နေရောင်ခြည်မှာ ပူပြင်းခြင်း မရှိသော်လည်း မြင့်မားပြီး နှစ်သက် ဖွယ်ရာကဲ့သို့ ဖြစ်လေသည်။

အစေခံ မိန်းကလေး တွေးတောနေသလို ဆန်းလျန်က အများကြီး လျှောက်တွေးထားခြင်းမျိုး မရှိ။ သူက တောင်တန်းများ၊ ရေကန်များနှင့် သာယာသည့် လောကကြီးကို ခံစားလိုခြင်းသာ ဖြစ်လေ သည်။

ရှုခင်းတွေက လှပတယ် …

အကြောင်းကိစ္စတွေကတော့ ဆက်စပ်နေတယ် …

ထို့ပြင် နက္ခတ်ညီခြင်း မရှိသည့်တိုင်အောင် သူက ဝိညာဉ်စွမ်းအားနှင့် အာရုံ ခံနိုင်စွမ်းအားကို အသုံးပြုနိုင်သူ ဖြစ်လေသည်။

သို့သော် ရန်သူများနှင့် ရင်ဆိုင်ရသည့်အခါ ဝိညာဉ်စွမ်းအားကို လက်နက်သဖွယ် မည်သို့ ပြောင်းလဲ အသုံးပြုရမည်ကို သူ မသိသေးပေ။ သူ့တွင် ထပ်မံသိရှိရမည့် အသိပညာများ မရှိဘဲနှင့် နေနှင့်လတို့၏ စွမ်းအားများကိုလည်း သူစုပ်မယူ ရဲသေးပေ။

အစိမ်းရောင်ဝတ်လူထံတွင် ရှိသည့် “နတ်သက်ခြွေ ဓားကျမ်း” ကို အမှန်ပင် လိုချင်မိသည်။ ဤ အဆင့်တွင် ဓားသိုင်း ပညာကသာ အမြင့်ဆုံး လုပ်ဆောင်နိုင်မည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေ သည်။

…..

ပြည်နယ်မြို့တော်တွင် ဆန်းအိမ်တော်မှာ အချမ်းသာဆုံးနှင့် သြဇာ အကြီးမားဆုံး ဖြစ်လေသည်။ သို့သော်  ပြည်နယ်တွင် သူတို့ တစ်ဦးတည်း စီးပွားရေး လုပ်နေသည်တော့ မဟုတ်ပေ။

ဆန်းအိမ်တော်က မြေယာများစွာ ပိုင်ဆိုင်သည့်အလျောက် အိမ်ထောင်စုများက ဆန်းအိမ် တော်မှ ဆောက်လုပ်ထားသည့် အိမ်ရာများကို ဝယ်ယူကြသည်။ ဆန်းအိမ်တော်ကလည်း အမြတ် ရရှိသည့် မည်သည့် စီးပွားရေး လုပ်ငန်းကိုမဆို လုပ်ကိုင်လေသည်။

သို့သော် အမြတ်များစွာ ရရှိသည့်တိုင် ဆန်းမိသားစု လုပ်ကိုင်ခြင်း မရှိသည့် လုပ်ငန်းတစ်ခု ရှိလေသည်။ ထိုလုပ်ငန်းမှာ ပစ္စည်း အပေါင်ယူကာ ငွေတိုးချေးသည့် အလုပ်ပင်ဖြစ်လေသည်။

ချင်ပြည်နယ်မြို့တော်တွင် အပေါင်ခံငွေ ချေးသည့် အလုပ်လုပ်သည့် အိမ်တော်မှာ ရွှီအိမ်တော် ဖြစ်လေသည်။

ထိုအလုပ်ကို ရွှီအိမ်တော်မှ လွဲ၍ မည်သူမှ လုပ်ကိုင်ခြင်းမရှိ။

စီးပွားရေးကို တစ်ဦးတည်း ချုပ်ကိုင် ထားသောကြောင့် အကျိုးအမြတ်များစွာ ရရှိသည့် အလုပ် ဖြစ်လေသည်။

ရွှီအိမ်တော်မှာ ဆန်း အိမ်တော်လောက်တော့ ချမ်းသာ ကြွယ်ဝခြင်း မရှိပေ။ သို့သော်လည်း သူတို့၏ ကြွယ်ဝ ချမ်းသာမှုကို မည်သူမျှ လျှော့မတွက် ရဲကြပေ။

ထိုထက် ပိုသည့်အချက်မှာ ချင်ပြည်နယ်မြို့တော်၏ တစ်မိုးအောက်တွင် ဆန်းအိမ်တော်မှာ ရွှီ အိမ်တော်ကို မည်သည့် အခါမျှ ဆန့်ကျင်ဘက် လုပ်လေ့မရှိပေ။ အဘယ်ကြောင့်ဆိုသော် အိမ်တော် နှစ်ခုမှာ လက်ထပ် ထိမ်းမြားခြင်းဖြင့် ဆွေမျိုးတော်စပ် ထားသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်၏ ပထမဦးလေး ဆန်းချင်းရှီက ရွှီအိမ်တော်မှ သမီးဖြစ်သူနှင့် လက်ဆက် ထားခြင်း ဖြစ်လေသည်။ သူမသည် ဆန်းလျန်ကို မလိုမုန်းထား ဖြစ်နေသည်။ ဆန်းလျန်နှင့် အဒေါ် တော်စပ် သူလည်း ဖြစ်လေသည်။

တကယ်တော့ ရွှီအိမ်တော်က စီးပွားရေး လောကသို့ စတင် ဝင်ရောက်သည့် အချိန်မှာ ဆန်းအိမ် တော်ထက် များစွာ စောလေသည်။ သို့သော် ဆန်းသခင်ကြီး၏ ကြိုးစား အားထုတ်မှုများကြောင့် ဆန်း အိမ်တော်မှာ ရွှီအိမ်တော်ကို အမီလိုက်နိုင် လာခဲ့လေသည်။

ရွှီသခင်ကြီးကလည်း ဆန်းသခင်ကြီးကို အကူအညီများစွာ ပေးခဲ့ဖူးလေသည်။ သို့သော် မိသားစု နှစ်စု၏ မင်္ဂလာကိစ္စ စီစဉ်နေဆဲမှာပင် ရွှီသခင်ကြီး ကွယ်လွန် သွားခဲ့ရလေသည်။

ရွှီသခင်ကြီး ကွယ်လွန်ရခြင်းမှာ ဝမ်းနည်းစရာပင် ဖြစ်လေသည်။

ရွှီအိမ်တော်နှင့် ဆန်းအိမ်တော် လက်ထပ် ပေါင်းစည်းသည်ကို ရွှီသခင်ကြီးမှာ မမြင်လိုက်ရ ရှာ ပေ။ သူ ကူညီခဲ့ရသည့် ဆန်းသခင်ကြီးမှာ ယခု အခါတွင်တော့ ချင်ပြည်နယ် မြို့တော်တွင် မရှိမဖြစ် အ ရေးပါသည့် သြဇာကြီးမားသူ တစ်ယောက် ဖြစ်နေ လိမ့်မည်ဟု ရွှီသခင်ကြီး မျှော်လင့် ထားခဲ့မည် မဟုတ်ပေ။

ဆန်းချင်းရှီ၏ ဇနီး ရွှီသခင်မမှာ ကလေးမရနိုင်သည့် မိန်းကလေး တစ်ယောက် ဖြစ်လေသည်။ ထိုသို့ ဖြစ်သွားရသည့် အကြောင်းမှာ ရွှီသခင်ကြီး ကွယ်လွန် သွားပြီးနောက် ရွှီသခင်မ၏ အစ်ကိုကြီး ဖြစ်သူ ရွှီဟုန်မှာ ရွှီအိမ်တော်၏ အကြီးအကဲ ဖြစ်လာခဲ့သည်။ ရွှီဟုန်မှာ အထက်လမ်း ကျင့်စဉ်မှ လမ်းလွဲကာ နတ်မိစ္ဆာ ကိုးကွယ်သူ တစ်ယောက် ဖြစ်လာခဲ့လေသည်။ ထိုသို့ ကိုးကွယ် ဆည်းကပ်ပါက ရွှီအိမ်တော် စီးပွား တိုးတက်မည်ဟု  သူကတွေးထင် ခဲ့သောကြောင့် ဖြစ်လေသည်။

နတ်မိစ္ဆာ များမှာလည်း သူ့အစွမ်းနှင့် သူတော့ တန်ခိုးစွမ်းအား ရှိကြလေသည်။ ဝူထုန် နတ်ဘုရား များမှာ ကြွယ်၀ ချမ်းသာခြင်းကို ပိုင်စိုးသည့် နတ်ဘုရားများ ဖြစ်ကြသော်လည်း သူတို့က နတ်မိစ္ဆာ ဘုရားများ ဖြစ်ကြလေသည်။

ဝူထုန် နတ်ဘုရားများမှာ သူတို့ကို ကိုးကွယ် ယုံကြည်သူများ၏ ဇနီးနှင့် သားသမီးများကို အတင်း အဓမ္မ ပြုကျင့်ရသည်ကို နှစ်သက်လေသည်။ ရွှီအိမ်တော်မှာ ဝူထုန် နတ်ဘုရားများကို စတင် ကိုးကွယ် သည့် နောက်ပိုင်း ရွှီသခင်မမှာ သူတို့၏ လက်ချက်ဖြင့်များစွာ နာကျင် ခံစားခဲ့ရသည်။ ထို့ပြင် သူမမှာ ကျန်းမာရေးလည်း မကောင်းခဲ့သဖြင့် တဖြည်းဖြည်း သားသမီး မရနိုင်သည့် ဘဝသို့ ရောက်ရှိ ခဲ့ရခြင်း ဖြစ်လေသည်။

ရွှီအိမ်တော် ခြံဝန်း၏ အနောက်ဘက် အခန်းတစ်ခုဆီမှ နာကျင်စွာဖြင့် ညည်းတွားသံများ ထွက် ပေါ် လာလေသည်။ အခန်း ပတ်ဝန်းကျင်တွင်လည်း မည်သူမျှ ရှိမနေပေ။ ထိုအခန်းမှာ ရွှီဟုန်၏ ဇနီးဖြစ် သူ ယန်သခင်မ၏ အခန်းပင် ဖြစ်လေသည်။

ညည်းတွားသံများနှင့် အသက်ရှူသံ ပြင်းပြင်းများ လုံးဝ ရပ်တန့်သွားသည့် အခါတွင်တော့ အခန်းထဲမှ လူငယ် တစ်ယောက် ထွက်လာလေသည်။ လူငယ်မှာ ရတနာဓားကို ကိုင်ထားပြီး ဂုဏ်သရေရှိ မင်းမျိုးမင်းနွယ် တစ်ယောက်နှင့် ဆင်တူလေသည်။

ဆန်းလျန်သာ ထိုနေရာတွင် ရှိမည်ဆိုလျှင် ထိုသူမှာ ဆန်းရော့ရှီ၏ အိပ်မက်ထဲမှ စာပေသမား မိစ္ဆာ ဖြစ်သည်ဟု ချက်ချင်း မှတ်မိသွားမည် ဖြစ်သည်။

လူငယ် ထွက်ခွာသွားသည်နှင့် ရွှီဟုန်က ဘေး တံခါးပေါက်မှ နေပြီး ယန်သခင်မ၏ အခန်းထဲသို့ ဝင်သွားလေသည်။ အိပ်ရာထက်တွင် ငြိမ်သက်နေသော ဇနီးဖြစ်သူ ယန်သခင်မကို ကြည့်ရင်း ရွှီဟုန်မှာ အပြစ်ရှိသလို ခံစား လိုက်ရသည်။ သူက ဇနီးဖြစ်သူအား သက်သာရာ ရစေရန် နှစ်သိမ့် ပေးလိုက် လေ သည်။

နတ်မိစ္ဆာ ထိုသို့ ပြုလုပ်ပြီးသည်နှင့် ရက်ပေါင်းများစွာ လပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်း နေရ လေသည်။

ဤသို့ ဖြစ်ရသည်မှာ နတ်မိစ္ဆာ အတင်းအဓမ္မ အနိုင်ကျင့်ရန်အတွက် မိန်းမပျိုလေးများကို ရွှီဟုန်က ရှာမပေးနိုင်သောကြောင့် မဟုတ်ပါ။ နတ်မိစ္ဆာကိုယ်တိုင်က သူတို့အား ယုံကြည် ကိုးကွယ် သူများ၏ ဇနီးမယားများနှင့် လက်မထပ်ရ သေးသည့် သမီးပျိုများကိုသာ သဘော ကျသောကြောင့် ဖြစ် လေသည်။

ရွှီဟုန်၏ ညီမဖြစ်သူ လက်ထပ်သွားပြီး နောက်ပိုင်း ရွှီဟုန်တွင် ချောမောလှပသည့် ဇနီးပေါင်း များစွာ ရှိလေသည်။

ထို ဇနီးများထဲတွင် ယန်သခင်မမှာ အသက်အငယ်ဆုံး ဖြစ်ပြီး ရွှီဟုန်မှာ သူမကို လွန်စွာမှ ချစ်ခင် နှစ်သက် လေသည်။ သို့သော် သူက ဝူထုန် နတ်ဘုရားများ၏ ဆန္ဒကို မဆန့်ကျင် ရဲခဲ့ပေ။

ယန်သခင်မမှာ ချောမော လှပသောကြောင့် လူငယ် နတ်မိစ္ဆာက သူမကို သဘောကျနေရခြင်း ဖြစ်လေသည်။ သူမနှင့် ကြမ်းတမ်းစွာ ပျော်ပါး ပြီးသည့်နောက် ထိုလူငယ် နတ်မိစ္ဆာက သူမကို ပြန်လည် နေကောင်း လာသည်အထိ အချိန် ပေးတတ်လေသည်။

ယန်သခင်မမှာ အိပ်ရာထက်တွင် အသက်မျှင်းမျှင်းလေး ရှူနေလေသည်။ သူမ၏ လှပသော ခန္ဓာကိုယ်မှာ အရှိုးရာများဖြင့် ပြည့်နေပြီး ဖြူစင်သော အသားအရေတွင် ညိုမဲစွဲနေသည့် အကွက်များ ရှိနေ လေသည်။

ရွှီဟုန်မှာ နောင်တရ ဝမ်းနည်းနေပြီး ဒေါသလည်း ထွက်နေလေသည်။ ဒေါသကြောင့်ပင် သူက ယန်သခင်မ၏ ဒဏ်ရာများအတွက် စိတ်မပူတော့ဘဲ သူမနှင့်အတူ နေလိုက်လေသည်။

ယန်သခင်မ သတိ လစ်သွားတော့မှသာ သူလည်း ရပ်တန့် လိုက်လေသည်။

ယန်သခင်မ သတိ ရလာသည်အထိ ရွှီဟုန်မှာ ခံပြင်းခြင်း၊ စိတ်ပျက်ခြင်းများနှင့် အတူ သူ့ကိုယ် သူလည်း အရှက် ရနေမိလေသည်။

ရွှီဟုန် သက်ပြင်းတစ်ချက် ချလိုက်ပြီး စတင် ငိုကြွေးလိုက်လေသည်။ ထို့နောက် သူ့တွင် ရှိသမျှ အားများကို စုစည်းပြီး သူ့ကိုယ်သူ အဆက်မပြတ် ထုရိုက် လိုက်လေသည်။

“သခင်ကြီး … ရှင့်ကိုယ်ရှင် ဒီလို မလုပ်ပါနဲ့”

ယန်သခင်မက ရွှီဟုန်ကို နူးညံ့စွာ ပြောလိုက်သည်။

ယန်သခင်မအနေဖြင့် ရွှီမိသားစု၏ ချမ်းသာကြွယ်ဝသည့် လူနေမှု အဆင့်အတန်းကို စွန့်ခွာ သွား ရန်မှာ မဖြစ်နိုင်ပါ။

ထုရိုက် နေခြင်းကို ရွှီဟုန် ရပ်တန့်လိုက်သည်။

“သူမလာတာ နှစ်ဝက်လောက်တောင် ရှိပြီပဲ၊ ဘာလို့ သူ ထပ်ရောက် လာရတာလဲ”

“ရှင် မေ့သွားပြီလား ရှင့်ရဲ့ ညီမက ဟိုတစ်နေ့ အပြင် ထွက်လည်တုန်းက ဆန်း မိန်းကလေးကို လှည့်စားပြီးတော့ အဲဒီ နတ်မိစ္ဆာရဲ့ ဝတ်ကျောင်းတော်မှာ ဝတ်ပြု ခိုင်းခဲ့တာလေ၊ သူလည်း ဆန်း မိန်းကလေးကို တွေ့လိုက် ရမှာပဲ”

ယန်သခင်မမှာ အားနည်း နေသော်လည်း တိုက်ဆိုင်မှုကိုတော့ အတိုချုပ်ပြီး ရှင်းပြ လိုက်လေ သည်။

“သူက ဆန်းရော့ရှီကို သူ့နည်းသူ့ဟန်နဲ့ ရယူဖို့ ကြိုးစားမှာပဲ၊ ဒါပေမဲ့ အခွင့်မသာဘူး ဖြစ်သွားတာ နေမယ်”

ရွှီဟုန် တွေးလိုက်မိသည်။

ရွှီဟုန်မှာ သူ၏ အပြစ်များအတွက် ဆိုးဆိုးရွားရွား ခံစား နေရလေသည်။

ရွှီအိမ်တော်မှ ဝူထုန် နတ်ဘုရားများကို လျှို့ဝှက် ကိုးကွယ်နေခြင်း ဖြစ်လေသည်။ မဟုတ်ပါက သူ့မိသားစု အရှက်ရမည် ဖြစ်လေသည်။  ဆန်းအိမ်တော်မှာကား ရွှီအိမ်တော်ကဲ့သို့ ဝတ်ပြု ကိုးကွယ် ဆုတောင်းခြင်းများကို ပြုလုပ်လေ့ မရှိပေ။ ထို့ကြောင့် ဆန်းအိမ်တော်က ရွှီအိမ်တော်မှ ကိစ္စများကို ရိပ်မိခြင်း မရှိပေ။

ရွှီအိမ်တော်အကြောင်းကို သိရှိသည့်သူ တစ်စုံတစ်ယောက် ရှိသည် ဆိုလျှင်တောင်မှ မည်သူမျှ ဆန်းသခင်ကြီး၊ ဆန်းချင်းရှီနှင့် ဆန်းချင်းစန်းတို့ကို သွားရောက် ပြောကြား ရဲလိမ့်မည် မဟုတ်ပေ။


Comment

Leave a Reply

Options

not work with dark mode
Reset