သူတော်စင် အကြွင်းအကျန် နယ်မြေ။
မရေတွက်နိုင်သော ပါရမီရှင် များက သူတော်စင်မျှော်စင် အတွင်းမှ လျှို့ဝှက် ဆန်းကြယ်သော သူတော်စင် တောင်ကြီးကို စိုက်ကြည့်နေကြသည်။ သူတို့လည်း ကျောက်တုံးလှေကားထစ် အဆုံးမှ ကျဆင်း လာခဲ့သော အစိမ်းရောင် လှိုင်းလုံးကြီးများကို တွေ့မြင်နိုင်ပေသည်။
သူတို့က အဝေး တစ်နေရာတွင် တည်ရှိနေသော်လည်း ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားများကို ရှင်းလင်းစွာ ခံစားရပေသည်။ အစိမ်းရောင် လှိုင်းလုံးကြီးများ၏ လွှမ်းမိုးမှု အောက်တွင် ပါရမီရှင်များက ပုရွက်ဆိတ်လေး သဖွယ် ဖြစ်နေသည်။
“ဝူဟောင်နှင့် ယဲ့မင် လီချွန်ကျွမ် အုပ်စုက တော်တော်ကို အံ့အားသင့်ဖို့ ကောင်းတာပဲ။ သူတို့ရဲ့ လျင်မြန်မှုက ယုံနိုင်စရာမရှိဘူး သူတို့က အရှေ့ကို တည်ငြိမ်စွာနဲ့ ချီတက် သွားနိုင်တာပဲ”
“အထွတ်အထိပ် အဆင့် ပါရမီရှင်တွေ ဖြစ်တဲ့ အတိုင်းပဲ သူတို့နဲ့ တခြားလူတွေ ကြားက ကွာခြားချက်က တကယ်ကို ကြီးမားတာပဲ”
တီးတိုးပြောသံများ ထွက်ပေါ်လာသည်။ တော်တော်များများက ဇူယွမ်ကို အာရုံစိုက် မိလိုက်ကြသည်။ အားလုံးပြီးနောက် သူတော်စင် အကြွင်းအကျန် ဒေသ၌ ပြသခဲ့သော လုပ်ဆောင်ချက်များက အလွန်ပင် ခမ်းနားလွန်းလှသည်။
“ဇူယွမ် ဘာဖြစ်သွားပြီလဲ။ သူနောက်ဆုံး အဆင့်ထိ ကျသွားခဲ့တယ် မလား”
“ဇူယွမ်က ကောင်းကင်ဘုံ တံခါးအဆင့် တွင်သာ ရှိသေးတယ်။ သူထုတ်လွှတ်ခဲ့တဲ့ စွမ်းအားတွေက တော်တော်လေးကို ကောင်းမွန်ပေမယ့်လို့ သူ့ရဲ့ မူလချီ ကျင့်ကြံမှု အဆင့်က အခြားသူတွေနဲ့ မယှဉ်နိုင်ဘူး။ ဒါကြောင့်မို့ သူ့ရဲ့ လုပ်ဆောင်မှုတွေက သိပ်အား မပါတော့ဘူး။
“ကြည့်ထားလိုက် သူ့ရဲ့ အရည်အချင်းက မပြည့်မီလို့ မကြာခင်မှာပဲ သူက အားကုန်ပြီး မျှော်စင် အပြင်ဘက်သို့ ထွက်ရပြီး ရှုံးနိမ့်တော့မယ်”
“သူ ဒီအဆင့်အထိ ရောက်လာတာပဲ တကယ့်ကို အံ့သြဖို့ ကောင်းနေပြီ”
အချို့သော သူများက မစ္ဆရိယ စိတ်များဖြင့် ဇူယွမ်၏ အခြေအနေကို ကြည့်နေကြသည်။ ပုံမှန်အားဖြင့် သူတို့က သူတော်စင် မျှော်စင်၏ ရှေ့စင်မြင့် ပေါ်သို့ ကောင်းချီးပေးခံရမှု ပေါ်တွင် မပါဝင်သည့် အတွက် တစ်စုံတစ်ယောက်က အထဲတွင် အပြင်းအထန် ရုန်းကန် နေရသည်ကို မြင်သောအချိန်တွင် ခံစားချက်များ ကောင်းမွန်နေသည်။
သူတော်စင် အကြွင်းအကျန် နယ်မြေ အပြင်ဘက်။
မြင့်မြတ်သော နန်းတော်မှ တမန်တော် ကျိုးဖန်က ရှေ့ဆုံးမှ အုပ်စုကို ကြည့်ရှုနေကာ ဝူဟောင်က ထိုအုပ်စုတွင် ပါဝင်နေသောကြောင့် ကျေနပ်အားရစွာ ပြုံးနေလေသည်။
“ကောင်းတယ်။ ဝူဟောင်က ရဲဝံ့ခြင်း အပြည့်နဲ့ အရှေ့ကို ချီတက်နေတာပဲ။ မင်းသာ ငါတို့ရဲ့ မြင့်မြတ်သော နန်းတော်ကို ဝင်ရောက်မယ်ဆိုရင် အခြားပါရမီ တွင်ကို နင်းချေပြီး အင်အားအကြီးဆုံး ဖြစ်လာမှာပဲ”
သူ၏ မျက်နှာတွင် တောက်ပစွာ ပြုံးလျက် ကျိုးဖန်က အောက်သို့ အနည်းငယ် ဆက်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကျန်နေသည့် ပုံရိပ်ပေါ်သို့ ရောက်ရှိသွားသည်။ သူ့နှုတ်ခမ်း၏ ဘယ်ဘက်ထောင့်စွန်းမှာ လှောင်ပြောင်သရော်ဟန် များဖြင့် ရုတ်တရက် ပိုမိုတွန့်ကွေး သွားသည်။
“ဘယ်လောက်တောင် အသုံးမကျတဲ့ ကောင်လဲ သူက ဝူဟောင်ရဲ့ ခြေဖျားကို မမီဘူး”
သူက ခေါင်းယမ်းလိုက်သည်။
“ဒီ ကောင်လေး … ဘာသောက်ကျိုးနည်း ကိစ္စတွေ လုပ်နေတာလဲ” ကန်ရွှမ်းကလန်မှ တမန်တော် မူဝူကျိက သူ၏ ဆေးတံကို ညင်သာစွာ ကိုက်ခဲရင်း မျက်မှောင်ကြုတ်လျက် ဇူယွမ်ကို ကြည့်နေသည်။
အစိမ်းရောင် လှိုင်းလုံးများက လူတစ်ဦး၏ မူလချီများကို ထုတ်ဖော်ပြီး ကြံ့ကြံ့ခံနိုင်ရန် လိုအပ်သော်လည်း ထိုနေရာ၌ပင် ဇူယွမ် ရပ်တန့်နေလိမ့် မည်ဟု မူဝူကျိ မယုံကြည်ပေ။
“ဇူယွမ် ဇူယွမ် မင်းကို ဆရာကြီးက အရမ်းမျှော်လင့် ထားခဲ့တာ မင်းက ကောင်းကောင်း အားစိုက်မထုတ်ဘူး ဆိုရင် ငါပြန်ရောက်တဲ့အခါ ဘယ်လိုလုပ် ရှင်းပြရမလဲ” မူဝူကျိက ဆေးတံကို တစ်ရှိုက် ဖွာလိုက်ပြီး သူ၏ နှာခေါင်းအတွင်းမှ ဆေးလိပ်ငွေ့ များကို မှုတ်ထုတ်လိုက်သည်။ အခိုးအငွေ့များ ထွက်လာစဉ် အတွင်း သူ၏ အမူအရာက အလွန်ပင် ခန့်ညားလွန်းပေသည်။
“အို …”
သို့သော်လည်း ချက်ချင်းပင် မူဝူကျိ၏ မျက်လုံးအတွင်း၌ အာရုံဝင်စားမှုများ ပြန်ပြန်လည် ပေါ်ထွက်လာသည်။ တစ်ချိန်တည်းမှာပဲ အခြားတမန်တော် ငါးယောက်ကလည်း ဖြည်းညင်းစွာ သက်ပြင်းချလိုက်သည်။
သူတို့၏ ထက်ရှသော မျက်လုံးများက ထိုအခိုက်တွင် ဇူယွမ်ထံမှ ရုတ်တရက် ပေါက်ကွဲထွက်လာသော နက်ရွှေရောင် မူလချီများကို မြင်လိုက်ကြသည်။ ထိုမူလချီ များမှ ထွက်ပေါ်နေသော စွမ်းအားများအရ ဆိုလျှင် သူ၏ သန်မာမှုက မူလစဦး အဆင့်သို့ တက်လှမ်းပြီးသော ပါရမီရှင်များထက် မည်သို့မှ အားမနည်းပေ။
မူဝူကျိ၏ မျက်လုံးများက တောက်ပလာပြီး ပြုံးလျက် ဆဲရေးလိုက်သည်။ “ရွံစရာ ကောင်းလိုက်တဲ့ ကောင်လေး ကတော့ သူ့ကို အားနည်းတယ်လို့ ထင်အောင် ဟန်ဆောင်ရဲတယ်”
သို့သော်လည်း ဇူယွမ်၏ ရည်ရွယ်ချက် အမှန်ကို သူ့အနေဖြင့် မသိခဲ့ပေ။ ယောင်ယောင် ပျောက်ဆုံးမှုကြောင့် သူ့အနေဖြင့် လွန်စွာ ဗျာများခဲ့ရပြီး ရလဒ်အနေဖြင့် သူ့အား အစိမ်းရောင် လှိုင်းလုံးကြီးများက သူ့အား နောက်ဆုံးမှ အစက်လေးတစ်စက် ဖြစ်အောင်ပင် တွန်းပို့ခဲ့သည်။
“ကလေး၊ မင်းရဲ့ လုပ်နိုင်စွမ်းအား အစစ်အမှန်ကို ပြသလိုက်စမ်းပါ။ မင်းကို ဘာလို့ ဆရာအိုကြီးက မြင့်မားတဲ့မှတ်ချက် ပေးထားခဲ့လဲ ဆိုတာကို သိရအောင်”
“ဝရုန်း …“
ကျောက်တုံး လှေကားထစ် တစ်ခုပေါ်တွင် နက်ရွှေရောင် မူလချီများက ဇူယွမ်၏ ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်လာပြီး သူ့၏ ခန္ဓာမှာ စွမ်းအားများ စုစည်းကာ သူ၏ ခြေထောက်များဆီသို့ ပို့လွှတ်လိုက်သည်။
ဇူယွမ်သည် ကောင်းကင်တံခါး အလယ်အဆင့်သာ ရှိနေသေးသော်လည်းပဲ သူ၏ စွမ်းအားက ကောင်းကင်ဘုံ တံခါး အထွတ်အထိပ် အဆင့်ရှိသူ တစ်ယောက်ထက် သာလွန်ပြီး အစစ်အမှန် မူလစဦး အဆင့်ကျင့်ကြံသူ တစ်ဦးနှင့် တိုက်ခိုက်လျှင်ပင် ကြောက်ရွံ့စရာ မလိုတော့ပေ။
သူ၏ မူလချီများက ပေ ၄၀၀ကျော်အထိ ရောက်ရှိချိန် ကတည်းကပင် သူ့အနေဖြင့် ကောင်းကင်ဘုံတံခါး အထွတ်အထိပ် အဆင့်ရှိသူ တော်တော်များများနှင့် ရင်ဆိုင်နေနိုင်ပြီ ဖြစ်သည်။
သူ၏ သွေးနီရောင် ချီသိုလှောင်ခန်း စပါးအုံးချီ သူ၏ ကျင့်ကြံမှုနှင့်ဆို အစစ်အမှန် မူလစဦး အဆင့် ကျင့်ကြံသူ တစ်ယောက်ကို အရေး စိုက်စရာပင် မလိုတော့ချေ။
“ဘုန်း …“
နက်ရွှေရောင် မူလချီများက ဇူယွမ်၏ ပတ်ပတ်လည်တွင် ကျယ်လောင်စွာ အသံပြုပြီး ထွက်ပေါ်လာသည်။ အစိမ်းရောင် မူလချီများက သူ့ကို မနက်ဖြန်ပြန်၍ တိုက်ခိုက်ပြန်သည်။ သို့သော်လည်း သူ၏ ခြေထောက်တွင် နက်ရွှေရောင် မူလချီများထွ က်ပေါ်လာကာ …
“ဒုန်း …“
ဇူယွမ်က ရုတ်တရက် အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ ပုံရိပ်က ရှေ့သို့ ထိုးတက်သွားသည်။
“ထပ် ထပ် ထပ်“
အစိမ်းရောင် လှိုင်းလုံးများ၏ ဖိနှိပ်မှုအောက်တွင် အချိန်တိုင်း၌ မူလချီ စွမ်းအားများက ထိုးခွဲသွားပြီး မရေမတွက်နိုင်သော အကြည့်များအောက်တွင် ဇူယွမ်၏ ပုံရိပ်က တဖြည်းဖြည်း အပေါ်သို့ တက်သွားသည်။
“အရမ်းကို မြန်တာပဲ …”
အံ့အားသင့်စွာဖြင့် အော်လိုက်သော အသံများသည် သူတော်စင် အကြွင်းအကျန် နယ်မြေမှ ထွက်ပေါ်လာသည်။ သူတို့၏ မျက်လုံးများသည် နက်ရွှေရောင် အလင်းတန်းသဖွယ် ပြောင်းလဲသွားပြီး အစိမ်းရောင်လှိုင်းလုံး အလွှာများကို တစ်လွှာပြီး တစ်လွှာ ချိုးဖောက်ကာ သူ၏ရှေ့တွင် ရှိနေသော ပါရမီရှင်များကို ဆက်လက်ပြီး ဖြတ်ကျော် သွားနေသော ဇူယွမ်ထံသို့ ရောက်ရှိနေကြသည်။
အသက်ရှူချိန် ဒါဇင်ခန့် အကြာတွင် ဇူယွမ်က ခြေလှမ်း တစ်ရာမက အရှေ့သို့ ထိုးတက်သွားပြီး တိုက်ရိုက်ပင် သူ၏ အနေအထားက ဒုတိယနေရာမှ တက်နေသော အုပ်စုနှင့် နီးကပ်သွားသည်။
ရှောင်ထျန်းရွမ်နှင့် ဂူလင်းတို့က သူတို့၏ နောက်တွင် ရှိသော တက်ကြွမှုများကို အာရုံခံ မိလိုက်သည်။ သူတို့က ထိုနေရာသို့ ဖျတ်ခနဲ လှမ်းကြည့်ပြီးနောက် သူတို့၏ မျက်နှာများမှာ တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။ ဇူယွမ်က သူတို့၏ အနောက် အနီးအနား သို့ပင် ရောက်ရှိလာပြီ ဖြစ်သည်။
“ဒီမျိုးမစစ်လေး သတိမေ့နေတာ မလား။ ဘာလို့ သူက ရုတ်တရက် အရမ်းကို ကြမ်းတမ်း လာရပြန်တာလဲ” ရှောင်ထျန်းရွမ်၏ အမူအရာက အလွန်ပင် ဆိုးဝါးနေသည်။
သူက မူလအစက ဇူယွမ်အနေဖြင့် မူလချီစွမ်းအင် ချို့တဲ့မှုကြောင့် အဝေးတွင် ကျန်နေခဲ့သည်ဟု ယုံကြည်ထားသော်လည်း အခုဆိုလျှင် ထိုအကောင်၏ မူလချီများက မူလစဦးအဆင့် ကျင့်ကြံသူ တစ်ဦးထက်ပင် အားမနည်းကြောင်း သိလိုက်ရသည်။
“သူ့ရဲ့ စွမ်းအင်တွေ အားလုံးကို သုံးစွဲပြီး အရှေ့ကို တက်ဖို့ အတွက် ကြိုးစားနေတာပဲ။ စိတ်မကောင်းစရာက သူ ဒီအခြေအနေကို ကြာကြာ ထိန်းထားနိုင်မှာ မဟုတ်ဘူး” ဂူလင်းက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
“ဘယ်လောင်တောင် ရူးလိုက်တဲ့ အကောင်လဲ။ ငါတို့တောင် လှေကားအဆုံးကို မမြင်ရသေးဘူး အဆုံးကို ရောက်ဖို့လည်း ဘယ်လောက်ကြာမယ်မှန်း မသိဘူး ဒါတောင် သူက သူမူလချီတွေ အားလုံးကို အသုံးပြုပြီးတော့ အရှေ့ကို တက်ဖို့ကြိုးစားနေတယ် သူ့မူလချီတွေ ကုန်တာနဲ့ သူတော်စင် မျှော်စင် အပြင်ဘက်ကို ပစ်ထုတ် ခံရမှာပဲ”
သူမက ဇူယွမ်အား နက်နက်ရှိုင်းရှိုင်းကို မုန်းတီးနေပြီး သူမအနေဖြင့် ထိုကောင်၏ အောင်မြင်မှု အနည်းငယ်မျှ ကိုပင် မမြင်လိုပေ။
ရှောင်ထျန်းရွမ်ကလည်း ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ဇူယွမ်က နဂါးဒေါသ အဆိပ်ကို ထည့်ပေးလိုက်သည်။ ဝူဟောင်၏ အကူအညီသာ မရရှိခဲ့လျှင် သူတို့ သေဆုံးနေတာ ကြာပြီ။
ကံအားလျော်စွာဖြင့် သူတို့လည်း ကံဆိုးမှုများမှ လွတ်မြောက်ကာ ကောင်းချီး အချို့ကို ရရှိခဲ့ပြီး သူတော်စင် မျှော်စင်အတွင်းသို့ ဝင်ခွင့် ရခဲ့သည်။
ရှောင်ထျန်းရွမ်က သူ၏ ခေါင်းကိုနောက်သို့ လှည့်လိုက်ပြီး သူ၏ ချီစွမ်းအားများကို အားလုံး အသုံးပြုပြီး တဖြည်းဖြည်း နီးကပ်စွာ တက်လာနေသည့် ဇူယွမ်ကို ကြည့်လိုက်ကာ ဇူယွမ်၏ မူလချီများ ကုန်ဆုံးမည့် အချိန်ကို စောင့်နေသည်။
သို့သော်လည်း ရှောင်ထျန်းရွမ် စောင့်မျှော်နေသော အရာမှာ ဖြစ်လာမည် မဟုတ်ပေ။
ဇူယွမ်၏ အမူအရာမှာ တည်ငြိမ်နေပြီး သူတို့ ရှိနေသည့် နေရာကိုပင် တစ်ချက်မျှ မကြည့်ပေ။ နက်ရွှေရောင် မူလချီများက ဆက်လက်ပြီး အစိမ်းရောင် လှိုင်းလုံးများကို ခွဲခြမ်းလျက်ရှိသည်။ သူ၏ အမြန်နှုန်းမှာလည်း သူ၏ ခြေလှမ်းအတွင်း ကျောက်တုံးလှေကားထစ် များ၏ အကွာအဝေးပင် ကျုံ့သွားသည်ဟု ထင်စေနိုင်သည်။
အခုဆိုလျှင် သူနှင့် ဒုတိယမြောက် အုပ်စုကြားတွင် ခြေလှမ်း ဒါဇင်ခန့်သာ ကွာဝေးပေတော့သည်။
ရှောင်ထျန်းရွမ်၏ ဂူလင်းတို့၏ အမူအရာ များမှာ တဖြည်းဖြည်း ဆိုးဝါးလာခဲ့သည်။
“ထပ် … ထပ် … “
သို့သော်လည်း ဇူယွမ်က သူတို့ နှစ်ယောက်အား လျစ်လျူရှုလျက် သူ၏ စွမ်းအားပြည့်ဝသော ခြေလှမ်းများဖြင့် ရှေ့ဆက်သွားလျက် ရှိသည်။ နှစ်မိနစ်မျှ အကြာတွင် သူက ဒုတိယ အဖွဲ့နားသို့ ရောက်ရှိလာကာ ရှောင်ထျန်းရွမ်၊ ဂူလင်းတို့ အုပ်စုနှင့် ပခုံးချင်းယှဉ်ကာ လျှောက်လှမ်းနေသည်။
ဇူယွမ်က အံ့အားသင့်ဖွယ် အကြည့်များကို မြင်ဟန်မရှိပဲ အရှေ့ကို ဆက်သွားနေပြီး သူ၏ ခေါင်းက မည်သည့်ဘက်မှ မလှည့်ပဲ အရှေ့ကိုသာ တည့်တည့် ကြည့်ရှုလျက် ရှိသည်။ ရာချီသော ခြေလှမ်းများ အပြီးနောက် သူက ဝူဟောင်နှင့် အခြား အထွတ်အထိပ် ပါရမီရှင်များ ပါဝင်သော ပထမအုပ်စု နားသို့ လျင်မြန်စွာ ချဉ်းကပ်လာသည်။
လုလျို၊ ကျိုးချူးချင်ယု ကျိန်းရွီးတို့၏ နောက်သို့ တဖြည်းဖြည်း နီးကပ်လာခဲ့သည်။