စာစဉ် (၁၃) အပိုင်း (၁၈၀)

အစိမ်းရောင်လှိုင်းလုံးကြီးများ

“ဒါဆို ဒီနေရာက သူတော်စင်မျှော်စင် အတွင်းပိုင်းပေါ့”

သူတော်စင်မျှော်စင် အတွင်းတွင် ဇူယွမ်က သူ၏ ခေါင်းကိုလှည့်ပတ် ကြည့်ရူလိုက်ပြီး သူ၏ အမူအရာက အလွန်အမင်း အံ့အားသင့်ဟန်ဖြင့် တင်းမာနေပြီး မဆုံးတွင် သူ၏ မျက်လုံးများက သုတို့၏ ရှေ့တွင်ရှိသော လျှို့ဝှက်ဆန်းကြယ်သည့် တောင်ကြီးတစ်လုံးကို ကြည့်ရှုလိုက်သည်။

ကြီးမားသော တောင်ကြီးမှ မြင့်မြတ်သော အရှိန်အဝါများ ပေါ်ထွက်နေပြီး မှိန်ဖျော့ဖျော့ မြူခိုးများဖြင့် ရစ်သိုင်း၍နေသည်။ တောင်ထွတ်တွင် မြူခိုးများဖြင့် ပိတ်ကာထားရာ အားစိုက်ကြည့်လျှင်ပင် မြူထုကို ထိုးဖောက်၍ မြင်နိုင်စွမ်းရှိမည် မဟုတ်ပေ။

(၃၈) ယောက်သော ပါရမီရှင်များသည် တောင်ခြေတွင် မတ်တတ်ရပ်လျက် ရှိနေပြီး ဦးခေါင်းများကိုမော့လျက် တောင်ကြီးအား ငေးမောကြည့်ရှုလျက် ရှိသည်။

သူတို့၏ ရှေ့တွင် ကြီးမားသော ကျောက်တုံးကြီးများက အဆင့်ဆင့်ထပ်ကာ လှေကားသဖွယ် တည်ရှိနေသည်။ ထိုလှေကားထစ်များက လူတစ်ယောက်စာ မြင့်မားပြီး တောင်ထိပ်စီသို့ သွားရန်အတွက် ပတ်ထားသည့် လမ်းကြောင်းသဖွယ် ဖြစ်နေသည်။ အဝေးမှကြည့်မည် ဆိုပါက ရစ်ခွေနေသော နဂါးကြီးတစ်ကောင် နှင့်ပင် ဆင်တူပေသည်။

ကျောက်တုံးများက အိုဟောင်းပြီး အရောင်များပင် ပျက်ယွင်းနေကာ လျှို့ဝှက်ဆန်းကြယ် နေသော အရှိန်အဝါ များပင် ပါဝင်နေဟန် ရသည်။

ထိုအရာက သူတော်စင်တောင်ထိပ် ဆီသို့ သွားရောက်ရန် အတွက် တစ်ခုတည်းသော လမ်းကြောင်းပင် ဖြစ်ဟန်ရသည်။

“ကြည့်ရတာ ငါတို့ ကြီးမြတ်တဲ့ ကောင်းချီးကို ရရှိဖို့အတွက် ငါတို့အားလုံး ဒီကျောက်လှေကား တွေကို ဖြတ်ကျော်သွားဖို့ လိုမယ်ထင်တယ်” လုလျိုက လက်ပိုက်လျက် သူမ၏ မျက်လုံးရွဲကြီးများဖြင့် ကြီးမားသော ကျောက်တုံးလှေကား၏ အဆုံးသတ်အထိ လှမ်းမျှော်ကြည့်ရင်း ပြောလိုက်သည်။

ဇူယွမ်ကလည်း ကျောက်တုံးလှေကားကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ “ငါစိုးရိမ် မိတာက ဒီကျောက်တုံး လှေကားကို ဖြတ်ဖို့အတွက် ထင်သလောက် မလွယ်ကူမှာကိုပဲ”

သူ၏ အားကောင်းသော စိတ်ဝိညာဉ်ဖြင့် ထိုအရာမှ အန္တရာယ် အရိပ်အငွေ့များကို ခံစားမိပေသည်။

တခြားသူများမှာလည်း ခေါင်းညိတ်လိုက်ကြသည်။ သူတို့၏ စိတ်ဝိညာဉ်များက ဇူယွမ်ကဲ့သို့ ထက်ရှသော အာရုံခံမှု မရှိသော်လည်းပဲ သူတို့လည်း တွေးတော မိကြပေသည်။ နောက်ဆုံး စစ်ဆေးခြင်းက ဘယ်လိုလုပ် လွယ်ကူမည်နည်း။

“သူတော်စင် မျှော်စင် ပျောက်ကွယ်နေပြီ” ကျိုးချူးချင်ယုက ရုတ်တရက် ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။

ဇူယွမ်နှင့်အတူ လူအုပ်ကြီးက ခေါင်းမော့ပြီး ကြည့်လိုက်သည်။ အသေအချာပင် သူတို့ ဝင်ရောက်ခဲ့သော သူတော်စင် မျှော်စင်မှာ စတင်ပြီး ဖောက်ထွင်း မြင်နိုင်လောက်အောင်ပင် ကြည်လင်သွားပြီး များစွာသော ပါရမီရှင်များ အနေဖြင့် သူတော်စင် မျှော်စင်၏ အပြင်ဘက် အထိပင် မြင်နိုင်သွားသည်။

“ဒါသူတော်စင် မျှော်စင်ရဲ့ အတွင်းပိုင်းလား”

“အဲတောင်ကြီးက လျှို့ဝှက်နယ်မြေရဲ့ နောက်ဆုံးသော စစ်ဆေးမှုထင်တယ်”

“ကြည့်ရတာ အရမ်း ရိုးရှင်းသလိုပဲ၊ မဟုတ်ဘူးလား”

“ဘယ်လိုလုပ် နောက်ဆုံး စစ်ဆေးမှုက ရိုးရှင်းရမှာလဲ။ စောင့်ကြည့်နေပါဦး မကြာခင်မှာ စိတ်လှုပ်ရှား ဖွယ်ရာလေးတွေ ဖြစ်လာလိမ့်မယ်ထင်တယ်”

ပါရမီရှင်များက စတင်ပြီး သူတို့၏ မူလချီများကို ထုတ်ဖော်၍ ခန္ဓာကိုယ် အနှံ့ကို ကာကွယ်လိုက်သည်။ သို့သော်လည်း အားလုံး ထင်နေသလို ထောင်ချောက်များ ထွက်ပေါ်လာခြင်း မရှိပေ။

ထိုစဉ် တစ်ယောက်က ကျောက်တုံးလှေကား ပေါ်သို့ စတင်ပြီး ခြေလှမ်းလှမ်းလိုက်သည်။

“သူအဆင်ပြေလား”

ထိုပါရမီရှင်က ထိုအခိုက်၌ ခေတ္တမျှ ကြက်သေသေ နေပြီးနောက် သူ၏ မျက်လုံးထဲမှာ ပျော်ရွှင်ဟန်များ အထင်းသား ပေါ်လွင်လာသည်။ သူ၏ပုံရိပ်က နောက်တစ်ကြိမ် ထပ်မံလှုပ်ရှား သွားပြီး ကြီးမားသော ကျောက်တုံးကြီးများ ပေါ်သို့ တစ်လှမ်းပြီး တစ်လှမ်း တက်လှမ်းသွားတော့သည်။

သူ၏ လှပ်ရှားမှုများကို လူတိုင်းကို လှုပ်လှုပ်ရှားရှား ဖြစ်စေသည်။ သူတို့အားလုံး အံကြိတ်ကာ တစ်ယောက်နှင့်တစ်ယောက် စိုက်ကြည့်လိုက်ပြီး ကျောက်တုံးများပေါ်သို့ လေခွင်းသံများ နှင့်အတူ တက်လှမ်းလိုက်ကြသည်။

ထိုမြင်ကွင်းကို ကြည့်ရင်း ဇူယွမ်က ယောင်ယောင်နှင့် သူ့အဖွဲ့ကို လှမ်းကြည့်လိုက်ပြီး ပြောလိုက်သည်။ “ငါတို့လည်းပဲ သွားသင့်ပြီ။ အားလုံးပဲ ဂရုစိုက်ကြပါ။ ဒီနေရာက လုံးဝကို မရိုးရှင်းဘူး”

သူတို့ တစ်ဖွဲ့လုံးက ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။

ဒီလိုနှင့် သူတို့အုပ်စုလည်း လှုပ်ရှားကာ ကြီးမားသော ကျောက်တုံးလှေကား ပေါ်သို့ တက်ကြသည်။

မိနစ်အနည်းငယ် အကြာတွင် လူတိုင်းက ကျောက်တုံး လှေကားထစ်များ ပေါ်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူတို့က လေထဲတွင် ဂရုတစိုက် ခုန်လွှားရင်း လှေကားတစ်ဆင့်ပြီး တစ်ဆင့် တက်သွားကြသည်။

“ကြည့်ရတာ ဒီမှာ တကယ်ကို ဘာအန္တရာယ်မှ မရှိဘူးလား” မိနစ်အချို့ ကြာသည်အထိ မည်သည့်အရာမှ မဖြစ်ပျက်သည့် အတွက် ပါရမီရှင် တစ်ယောက်က မည်သို့မှ စောင့်ဆိုင်းနိုင်ဟန် မရတော့ပဲ သူ၏ မူလချီများကို ထုတ်ဖော်လျက် သူ၏ အရှိန်ကို မြှင့်တင်လိုက်သည်။ သူက အရိပ်တစ်ခု ကဲ့သို့ လှုပ်ရှားသွားပြီး လှေကားထစ် ဒါဇင်ခန့်ကို အသက်ရှိုက်စာ အနည်းငယ် အတွင်း ဖြတ်သန်းသွားသည်။

လုလျိုလည်း ထိုမြင်ကွင်းကို ကြည့်ရင်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ပဲ သူမ၏ အမြန်နှုန်းကို တိုးမြင့်ရန်အတွက် ပြင်လိုက်သည်။

သူမ၏ ပုံရိပ်က အရှေသို့ တိုးထွက်ရန် ပြင်လိုက်သော်လည်း သူမ လက်ကောက်ဝတ်ကို ဇူယွမ်က ဖမ်းဆုပ်လိုက်သည်။ သူက ခေါင်းမော့က လှေကားထစ် အဆုံးထိ ကြည့်လိုက်ပြီး ပြောလိုက်သည်။ “တစ်စုံတစ်ခု မှားနေပြီ။ မဆင်မခြင်မလုပ်နဲ့”

ဇူယွမ်၏ အသံများ ပျောက်ကွယ်ချိန်တွင် လူတိုင်းက မြေကြီးများ သိမ့်သိမ့်တုန် သွားသည်ကို အနည်းငယ် ခံစားမိလိုက်သည်။

ယောင်ယောင်က လှေကားထစ် အဆုံးကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ “တစ်စုံတစ်ခု ကျဆင်းလာနေတယ်”

ဇူယွမ်၏ မျက်လုံးများက အနည်းငယ် ပြူးကျယ်လာကာ ထိုအရာကို နည်းနည်းကပ်ကပ် မြင်နိုင်ရန် ကြိုးစားပြီး ကြည့်လိုက်သည်။ သူမြင်လိုက် ရသည်မှာ အစိမ်းရောင် အလင်းတန်းများက ကျောက်လှေကားထစ် အဆုံးမှ ဆင်းသက်လာသည်ကို ပင်ဖြစ်သည်။

“ဝရုန်း“

မြေကြီးမှာ တဖြည်းဖြည်း ပို၍ပို၍ တုန်ခါလာသည်။ မကြာမီပင် ဇူယွမ်နှင့် လူအုပ်ကြီးက အစိမ်းရောင် လှိုင်းလုံးကြီးက လှေကားထစ် အဆုံးမှ အောက်သို့ ကျဆင်းလာသည်ကို တွေ့လိုက်ရသည်။

အစိမ်းရောင် လှိုင်းလုံးကြီးများက အဆုံးအစမဲ့စွာ ကျဆင်းလာပြီး သူဖြတ်သန်းလာသည့် အရာအားလုံးကို ဖျက်ဆီးမည့်ဟန် ရှိသည်။

“ဒါက … မူလချီ လှိုင်းလုံးပဲ” ဇူယွမ်၏ မျက်လုံးအိမ်မှာ ကျဉ်းမြောင်းသွားပြီး ချောက်ချားစွာ သတိပေးသံ ထွက်ပေါ်လာခဲ့သည်။ ကျယ်ပြောသော အစိမ်းရောင် လှိုင်းလုံးကြီးများ ကျဆင်းလာချိန် အတွင်း ကမ္ဘာကြီးက တုန်ခါလျက်ရှိသည်။

လှိုင်းလုံးကြီးများနှင့် ရင်ဆိုင်လျှင် ဇူယွမ်နှင့် လူအုပ်ကြီးများသည် ပုရွက်ဆိတ်လေးများ သဖွယ်ဖြ စ်သွားသည်။

ဇူယွမ်၏ အမူအရာမှာ တင်းမာသွားပြီး အလောတကြီး အော်ဟစ် သတိပေးလိုက်သည်။ “မြန်မြန် ရှောင် မဟုတ်ရင် ကာကွယ်”

“ဘုန်း“

ထိုအချိန် မှာပဲ အစိမ်းရောင် လှိုင်းလုံးကြီးများက ရောက်ရှိလာသည်။ အရှေ့သို့  အများကြီး ကြိုရောက်နေသော ပါရမီရှင်မှာ ထိုလှိုင်းလုံးနှင့် ဦးဆုံး မိတ်ဆက်မိသွားသည်။

“အား …“

အစိမ်းရောင် လှိုင်းလုံးကြီးများသည် ရပ်တန့်မည့်ဟန် မရှိပဲ သူဆီသို့ အရှိန်ပြင်းစွာ ရိုက်ခတ်ပြီးနောက် သူတော်စင် မျှော်စင်မှ ရိုက်ထုတ်ခြင်း ခံရပြီး သူတော်စင် အကြွင်းအကျန် ဒေသဆီသို့ လွင့်စဉ်သွားသည်။

“သူ သူတော်စင် မျှော်စင်ရဲ့ အပြင်ဘက်ကို ပစ်ထုတ် ခံလိုက်ရတာလား ”   ကြည့်ရင်းမှ လူတိုင်း၏ နှလုံးများ အေးခဲသွားတော့သည်။ ဒီအလှည့်အပြောင်းက သင်သာ ကျောက်တုံး လှေကားထစ်မှ ထွက်ခွာခဲ့ရလျှင် သင့်အနေဖြင့် ကြီးမြတ်သော ကောင်းချီးအတွက် ယှဉ်ပြိုင်မှုတွင် ရှုံးနိမ့်သွားမည်ဖြစ်သည်။

အခုတော့ မည်သူမှ ကျောက်တုံး လှေကားထစ်များကို အထင်သေးခြင်း မရှိတော့ချေ။

“ဝုန်း …“

လှိုင်းလုံးကြီး များက အရှိန်အဟုန်ဖြင့် ကျယ်ပြန့်စွာ ဆက်လက် စီးဆင်းလာသည်ကို ဇူယွမ် မြင်လိုက်ရသည်။

အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး မှော်စာလုံး အစီအရင် တစ်ခုက သူ၏ လက်ဖဝါးပေါ်တွင် ပေါ်လာပြီးနောက် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး (၁၀) ပေခန့် မြင့်မားသည့် လိပ်ခွံသဏ္ဌာန် ဒိုင်းတစ်ခု ဖြစ်ပေါ်လာသည်။

“အဆင့်သုံး မူလမှော်စာလုံး အားကောင်းသော လိပ်ခွံ အကာအကွယ်”

သူ၏ ခြေထောက်များကို မြေပြင်တွင် ဆောင့်နင်းချလိုက်ပြီး မူလချီများက ပေါက်ကွဲထွက်လာပြီး သူ၏ ခြေဖဝါးများက မြေပြင်တွင် ကော်နှင့် ကပ်ထားသကဲ့သို့ ဖြစ်သွားသည်။

“ဘုန်း“

ဇူယွမ် ပြင်ဆင်ပြီးချိန်တွင် အစိမ်းရောင် ရေလှိုင်းများကလည်း ရောက်ရှိလာသည်။ ထိုလှိုင်းလုံးကြီးများက လိပ်ခွံဒိုင်းကို ရိုက်ခတ်သွားချိန်တွင် ရုတ်တရက် ပြင်းထန်သော တုန်ခါမှုများ ကိုပင် ဖြစ်စေသည်။

အံ့အားသင့်ဖွယ် ရိုက်ခတ်လာသော အားလှိုင်း၏ တွန်းကန်မှုအောက်တွင် ဇူယွမ်က ခြေတစ်လှမ်းမျှ ဆုတ်ပေးလိုက်ရသည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်မှာ သံမဏိကဲ့သို့ ဖြစ်သွားပြီး မဆုတ်မနှစ်စွာဖြင့် ကြံ့ကြံ့ခံ နိုင်ခဲ့သည်။

“ဘယ်လောက်တောင် ခြိမ်းခြောက်နိုင်စွမ်း ရှိတဲ့ တိုက်ခိုက်မှုလဲ”

အစိမ်းရော င်လှိုင်းလုံးကြီးများက သူ၏ နက်ရွှေရောင် မူလချီများဖြင့် ရင်ဆိုင်မိချိန်တွင် အဆုံးမဲ့သော အကန့်အသတ် မဲ့သော အားလှိုင်းများကို ခံစားမိပေသည်။

ကျောက်တုံး လှေကားထစ်များ ပေါ်တွင် လျှောက်လှမ်းရခြင်းက ဆူနာမီ မုန်တိုင်းကြားတွင် လမ်းလျှောက်ရခြင်းနှင့် ဆင်တူပေသည်။

“တောင်ထိပ်ကို သွားရဖို့က တကယ်ကို မလွယ်ကူဘူးပဲ ငါသတိတစ်ချက် လွတ်သွားတာနဲ့ ထိပ်ဆုံးကို ငါဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး ” ဇူယွမ်က ခါးသီးစွာ ရယ်မောလိုက်သည်။

သူက လျင်မြန်စွာ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင် သူ့အနီးရှိ လုလျို ကျိုးချူးချင်ယု ကျိန်းရွီးတို့ အုပ်စုက သူတို့၏ ကိုယ်ပိုင်နည်းလမ်း များဖြင့် အစိမ်းရောင်လှိုင်းလုံး များအား ရင်ဆိုင်နေသည်ကို တွေ့လိုက်ရသည်။

အရှေ့တွင်ရှိသော ဝူဟောင် ယဲ့မင် လီချွန်ကျွမ်တို့ အုပ်စုမှာလည်း အမျိုးမျိုးသော နည်းလမ်းများကို အသုံးပြုလျက်ရှိသည်။

သူက တစ်ယောက်ချင်းစီအား လိုက်ကြည့်နေရင်းမှပဲ ကြာမြင့်စွာ တောင့်ခံနိုင်စွမ်း မရှိသူများမှာ လှိုင်းလုံးများကြောင့် သူတော်စင် မျှော်စင်၏ အပြင်ဘက်ကို လွင့်စဉ် သွားခဲ့ကြရပြီ ဖြစ်သည်။

“ငါပထမဦးဆုံး ဘာနည်းလမ်းကို အသုံးပြုပြီး အပေါ်ကို တက်ရမလဲ အရင် စဉ်းစားရမယ်”

ဇူယွမ်က သူ၏ စိတ်ကို လျှော့ချလိုက်ပြီး ခဏအကြာမှာ သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ အကြည့်က ပတ်ဝန်းကျင်သို့ တစ်ဖန် ပြန်လည်ရောက်ရှိ သွားသည်။ အဘယ်ကြောင့် ဆိုသော် ကျောက်တုံးလှေကားထစ် ပေါ်တွင် ယောင်ယောင်ကို မတွေ့ရသောကြောင့် ဖြစ်သည်။

သူမက စိမ်းရောင်လှိုင်းလုံး တွေကြောင့် မျှော်စင် အပြင်ဘက်ကို လွင့်ထွက်သွားပြီလား။


Comment

Leave a Reply

Options

not work with dark mode
Reset