စာစဉ် (၁၃) အပိုင်း (၁၇၇)

သူတော်စင်မျှော်စင်

အလင်းများက သူတော်စင် ကျောက်ပြားပေါ်၌ စီးဆင်းလျက် ရှိနေတုန်းပင်။ သို့သော် ကြီးမားသော အပြောင်းအလဲ များက လဝက် အချိန်တိုလေး အတွင်းမှာပင် ဖြစ်ပျက်ခဲ့ကြသည်။ အသိသာဆုံး ပြောင်းလဲမှုကတော့ သူတော်စင် ကျောက်ပြားပေါ်၌ နာမည် အများအပြား တိုးလာခြင်းပင် ဖြစ်၏။ မူလတုန်းက ထိုကျောက်ပြား ပေါ်တွင် ယောင်ယောင်၊ ဝူဟောင်၊ ယဲ့မင်၊ ဇူယွမ်နှင့် အခြား လက်တစ်ဆုပ်စာ လူတချို့သာ ရှိ၏။

သို့သော် ခုချိန်မှာတော့ (၃၈) ယောက်တောင် ရှိနေခဲ့ပြီ ဖြစ်သည်။

“သူတော်စင် ကျောက်ပြားပေါ်မှာ လူ (၃၈)ရဲ့ နာမည်တွေ ရှိနေပြီ ဟုတ်လား …” ဇူယွမ်က အလွန်တရာ အံ့အားသင့်မိ သွား၏။ “ဒါက ဘယ်တုန်းကများ အဲလောက် လွယ်ကူ သွားရတာလဲ …”

လုလျိုက မျက်နှာမော့ကာ ရှင်းပြလိုက်သည်။ “နင်က ဘယ်လိုဖြစ်သွားတယ်ဆို တာကို မသိသေးလို့ … ဒီလဝက်အတွင်း သူတော်စင် အကြွင်းအကျန် နယ်မြေမှာ ကံကောင်းခြင်းတွေ အများကြီး ပေါ်လာခဲ့တယ်။ ခက်ခက်ခဲခဲ ရုန်းကန်ပြီးတဲ့နောက် လူအချို့က

ဒီကံကောင်းခြင်းတွေ ရရှိခဲ့ကြတယ်။ ကောင်းချီးပေးခြင်း တွေကို ကြုံခဲ့ရတဲ့လူ တွေရဲ့ ရလဒ်ကတော့ ရှင်းနေတာပဲ။ သူတို့ရဲ့ ခွန်အားတွေ အလျင်အမြန် တိုးတက်လာပြီး ကောင်းကင်ဘုံပေါ် ခြေတစ်လှမ်း ချနင်း နိုင်လိုက်သလိုပဲ။ ကောင်းကင်တံခါး ထိပ်ဆုံးအဆင့်မှာ ရှိတဲ့ ပါရမီရှင် အများစုက ဒီကံကောင်းခြင်း တွေကို အသုံးပြုပြီး မူလစဦး အဆင့်သို့ ခြေတစ်လှမ်း လှမ်းနိုင်ခဲ့ကြတယ်။

ပိုကောင်းသွားတာက သူတော်စင် ကျောက်ပြားရဲ့ စည်းမျဉ်းက တိုက်ပွဲ အောင်မြင်ပြီးမြောက်ခြင်း တစ်ခုတည်း မဟုတ်တဲ့အပြင် မူလစဦး အဆင့်ရောက်သွားမယ် ဆိုရင်လည်း ကျောက်ပြားပေါ်မှာ သူတို့ရဲ့ နာမည်တွေကို ရေးထိုးတာ ခံရတယ်။ နောက်တစ်နည်း ပြောရရင် ဒီ (၃၈) ယောက်က မူလစဦး အဆင့် ခွန်အားကို ပိုင်ဆိုင်ထားတယ်လို့ ပြောလို့ရတယ်။

ဇူယွမ်၏ မျက်လုံးထဲ၌ အံ့အားသင့်မှုများ ဖြစ်‌ပေါ်လာ၏။ ဒီတော့ မင်းက မူလစဦး အဆင့်သို့ ရောက်နိုင်မည် ဆိုပါက သူတော်စင်ကျောက်ပြား ပေါ်၌ နာမည် ရေးထိုးနိုင်ပြီ ဖြစ်၏။ သို့သော် သူတော်စင် အကြွင်းအကျန် နယ်မြေသို့ စတင် ဝင်ရောက်လာတုန်းက ဆိုလျှင် လက်တစ်ဖက်စာ လူတချို့သာ မူလစဦး အဆင့်သို့ ရောက်နိုင်စွမ်း ရှိခဲ့ကြသည်။ အခုချိန်မှာတော့ (၃၈)‌ယောက်ပင် ရှိနေပြီ ဖြစ်၏။ ဒီအတွက်ကြောင့် သူတော်စင် အကြွင်းအကျန် နယ်မြေသည် မည်မျှ အကျိုးကျေးဇူး ရှိသည်ကို သိနိုင်ပေသည်။ ဇူယွမ်က သူတော်စင် ကျောက်ပြားအား လေးလေးနက်နက် စူးစိုက်ကြည့်လိုက်ရင်း သက်ပြင်းချမိသည်။

“အယ် …”

သူက ကြည့်နေရင်း ရင်းနှီးသည့် နာမည်တစ်ခုအား တွေ့လိုက်ရ၍ ရုတ်တရက် မျက်လုံးပြူး မိသွားသည်။

လီချွန်ကျွမ်း ဓားအင်ပါယာမှ မျက်ကန်းဓားဟု သိကြသော ဒီလူက သူ့ကို ဝူဟောင်လက်မှ လွတ်မြောက်ရန် တစ်ကြိမ် ကူညီခဲ့ဖူးလေ၏။

“လီချွန်ကျွမ်း၊ တုံးရွှမ်းကုန်းမြေမှ ဖန်ဇောင်ကို အနိုင်ယူခဲ့သည် “

“ဖန်ဇောင်။ သူက ယဲ့မင်နှင့် အတူပါလာသော တုံးရွှမ်းကန်းမြေရဲ့ ပါရမီရှင် လေးယောက်ထဲမှ တစ်ယောက်ဖြစ်တယ်။ ကြည့်ရတာ ယဲ့မင်တို့ အုပ်စုက လီချွန်ကျွမ်းကို လိုက်ရှာခဲ့တယ် ထင်တယ် …” ဇူယွမ်က သူ့ကိုသူ ခပ်တိုးတိုး ပြောလိုက်၏။ သို့သော် လီချန်ကျွမ်းက စွမ်းအားကောင်းလွန်း၏။ သူက တုံးရွှမ်းကုန်းမြေ၏ ထိပ်ဆုံး ပါရမီရှင် တစ်ယောက်ကို ရိုက်နှက် နိုင်ခဲ့ပေသည်။

လုလျိုက ဖြတ်ပြောလိုက်၏။ “လီချွန်ကျွမ်းက ဖန်ဇောင်ကို အနိုင်ယူ နိုင်ခဲ့တယ်။ ဒါပေမဲ့ သူက ယဲ့မင်နဲ့လည်း ထပ်ဆုံခဲ့သေးတယ်။ သူတို့ နှစ်ယောက်ကြားမှာ ကြီးကျယ်လွန်းတဲ့ တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့ပြီး နောက်ဆုံးမှာ ယဲ့မင်က အနိုင်ရခဲ့တယ် …”

ယဲ့မင်က အမှန်တကယ် စွမ်းရည်ရှိသူ ဖြစ်၏။ ဇူယွမ်က လီချွန်ကျွမ်းနှင့် စတွေ့ကတည်းက သူမည်မျှ သန်မာသည်အား သိရှိခဲ့သည်။ သူက ဝူဟောင်နှင့် ယှဉ်နိုင်သောသူ တစ်ယောက်လည်း ဖြစ်၏။ ဘာကြောင့် သူက ယဲ့မင်ထံ မမျှော်လင့်ဘဲ ရှုံးနိမ့်ခဲရသနည်း။

ဇူယွမ်က အောက်သို့ဆက်ပြီး ကြည့်နေလိုက်သည်။ ရုတ်တရက် သူ့အကြည့်က ရပ်တန့်သွား၏။

“နင်းဇန်က ဝူဟောင်နဲ့ (၁၀၈) ချီယှဉ်တိုက်နိုင်ခဲ့။ဒါပေမဲ့ အဆုံးမှာ ရှုံးနိမ့်ခဲ့ရ”

“နင်းဇန်က ဘယ်သူလဲ။သူက ဝူဟောင်နဲ့ ခပ်ကြာကြာ ယှဉ်တိုက် နိုင်ခဲ့တာကို

ငါမယုံနိုင်ဘူး …” ဇူယွမ်က အတော်လေး အံ့အားသင့် မိနေ၏။။ သူက ဝူဟောင်နှင့် အကြိမ်များစွာ တွေ့ဖူးခဲ့သော်လည်း သူ၏ခွန်အား အစစ်အမှန်ကို မသိနိုင်ခဲ့ချေ။ ဝူဟောင်ထံ၌ ဝှက်ကွယ်ထားသော အရာများ ရှိနေသေးသည်ဟု ဇူယွမ်က ခံစားမိရသည်။ သူက ဒီနင်ဇန်ဟာ ဝူဟောင်နှင့် အခုလို အချိန်အကြာကြီး ယှဉ်နိုင်ခဲ့သည်ကို မယုံနိုင် ဖြစ်နေသေး၏။

လုလျိုက ရယ်မောကာ ပြောပြလိုက်သည်။ “သူကလည်း ကန်မင်ကုန်းမြေကြီး ရဲ့ ထိပ်ဆုံးက ပါရမီရှင် တစ်ယောက်ပဲ။ နင်းကလန်ရဲ့ တိုက်ပွဲဝင်ဂျန်ခီ။ နင်သူ့နာမည်ကို မကြားဖူးဘူးလား။ ဒီတိုက်ပွဲဝင် ဂျန်ခီက ကောင်းချီပေးခံရတဲ့ နေရာတစ်ခုမှာ ဝူဟောင်နဲ့ ဆုံခဲ့တာ။ သူနဲ့ ဝူဟောင်ရဲ့ တိုက်ပွဲက မြေငလျ င်လှုပ်သလို ပြင်းထန်ခဲ့တယ်။ နောက်ဆုံးတော့ ဝူဟောင်က သူ့ကို နိုင်ခဲ့တယ် …”

ဇူယွမ်က သက်ပြင်းချ လိုက်ပြန်သည်။ “ပုန်းနေတဲ့ နဂါးနဲ့ ချောင်းနေတဲ့ ကျားတွေ အများကြီး ရှိနေသေးတာပဲ …”

နောက်ဆုံးမှာ ဇူယွမ်က သူတော်စင် ကျောက်ပြားပေါ်ရှိ နာမည်များအားလုံးကို ဖတ်ပြီးသွားလေပြီ။ သူတို့ တစ်ယောက်ချင်းစီက ဒီတစ်ခေါက် သူတော်စင် အကြွင်းအကျန် နယ်မြေမှ အကျိုးကျေးဇူး ကြီးကြီးမားမား ရလိုက်သူများ ဖြစ်ကြ၏။

“မင်းတို့နှစ်ယောက်က မူလစဦး အဆင့်ကို ရောက်သွားကြပြီမလား …” ဇူယွမ်က လုလျိုနှင့် ကျိန်းရွှီးတို့အား စူးစိုက်ကြည့်လိုက်သည်။ သူတို့ကိုယ်မှ ထွက်ပေါ်လာနေသော မူလချီများက ပိုမိုသန်မာ နေသည်ကို ဇူယွမ်က ခံစားမိ၏။ ဒီအငွေ့အသက်က အစစ်အမှန် မူလစဦး အဆင့် ဖြစ်၏။

“ငါတို့နှစ်ယောက်က ရွှေရေကန်ရဲ့ ကောင်းချီးကြောင့် နောက်ဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီး ဒီအဆင့်ကို ရောက်ရှိခဲ့ကြတယ်” ကျိန်းရွှီး၏ ခြောက်ကပ်ကပ် အသံက ထွက်ပေါ်လို့ လာခဲ့၏။

အစောပိုင်း ကတည်းက သူတို့ နှစ်ယောက်လုံးဟာ မူလစဦး အဆင့်သို့ ခြေတစ်လှမ်း ချနိုင်ခဲ့ပြီးဖြစ်၏။ အထူးသဖြင့် ကျိန်းရွှီးက တစ်ဝက်တစ်ပျက် မူလစဦး အဆင့်သို့ ရောက်နှင့်နေပြီး ဖြစ်သည်။ ရွှေရေကန်၏ အကူအညီကြောင့် အခုချိန်မှာ သူက စစ်မှန်သော မူလစဦးအဆင့် တစ်ယောက် ဖြစ်နေပြီ ဖြစ်၏။

လုလျိုက ပြောလိုက်သည်။ မူလစဦး အဆင့်၏ စွမ်းရည်က မူလစဦး ကောင်းကင်နှင့် ချိတ်ဆက်နိုင်ပြီး မူလချီများကို ပြန်လည် သန့်စင်နိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ ငါတို့က ခုမှ ဒီအဆင့်ကို ရောက်တဲ့အတွက် အရမ်း အတင်းအကျပ် မလုပ်သင့်ဘူး။

မူလစဦး ကောင်းကင်က အလွန်ထူးဆန်းသော နေရာလွတ်တစ်ခု ဖြစ်သည်ဟု ပြောကြပေသည်။ သို့သော် ၎င်းအဆင့်ကို အာရုံခံမိရန် တစ်စုံတစ်ယောက်၏ ကျင့်ကြံမှုက မူလစဦး အဆင့်သို့ ရောက်ရှိနေရန် လိုပေ၏။ မူလစဦးချီက တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်ချီ များကို ပြန်လည်သန့်စင် နိုင်ပေသည်။ မူလစဦးချီ များက တစ်စုံတစ်ယောက်၏ ချီများကို ပြန်လည် သန့်စင်နိုင်သောကြောင့် ဤအဆင့်ကို မူလစဦး အဆင့်ဟု အမည်တွင်လာခြင်း ဖြစ်ပေ၏။

ဇူယွမ်က ခေါင်းညိတ်ကာ သက်ပြင်းချ လိုက်မိသည်။ ကြည့်ရသည်မှာ သူတစ်ယောက်တည်း တိုးလက်လာခြင်း ဟုတ်ပုံမရပေ။ ထိပ်ဆုံးက ပါရမီရှင်များဟာ ဒီနေရာ၏ ကံကောင်းခြင်းများကို ရရှိခဲ့ကြပြီး သူတို့၏ အဆင့်တန်းမှာလည်း ပိုမြင့်လာခဲ့ပေသည်။ ဝူဟောင်နှင့် ယဲ့မင်တို့ အုပ်စုမှာလည်း လုံလုံလောက်လောက် တိုးတက်လာကြမည်မှာ သေချာပေ၏။

သူတို့ ထပ်တွေ့ကြမည် ဆိုလျှင် တုန်လှုပ်ဖွယ်တိုက်ပွဲ ဖြစ်လာမည်မှာ ဧကန်ပင်ဖြစ်၏။

“သူတော်စင် အကြွင်းအကျန် နယ်မြေက ဘယ်အချိန် ပြီးမှာလဲ …” ဇူယွမ်က မေးလိုက်သည်။

လုလျိုနှင့် ကျိန်းရွှီးတို့က ခေါင်းယမ်းလိုက်ကြသည်။ “တစ်ချိန်နဲ့တစ်ချိန် မတူကြဘူး။ ဒီတော့ဘယ်သူမှ ဘယ်အချိန်ပြီးမလည်း မသိကြဘူး။ ပုံမှန်ဆိုရင်တော့ အကြီးကျယ်ဆုံး၊ အကောင်းဆုံး ကောင်းချီးပေးမှု ပြီးသွားရင် သူတော်စင် အကြွင်းအကျန် နယ်မြေက ပြောင်းလဲသွားလိမ့်မယ် …”

“အကြီးကျယ်ဆုံး ကောင်းချီးပေးမှု”

ဇူယွမ်က မျက်မှောင်ကြုတ် လိုက်မိ၏။ သူက ထိုစကားကို ထပ်‌ပြော လိုက်သည့်အခါ သူ့မျက်ခုံးနှစ်ခု ကြားမှ နာကျင်မှု ဖျော့ဖျော့ကို ခံစားလိုက်ရသည်။ ရှေးဟောင်း မှော်စာလုံးက လက်ခနဲ ဖြစ်သွား၏။ ထိုအခိုက်မှာပင် သူတော်စင် အကြွင်းအကျန် နယ်မြေတစ်ခုလုံးရှိ ပါရမီရှင်များ အားလုံးသည် သူတော်စင် ကျောက်ပြားမှ ထူးဆန်းသော တုန်ခါဆူညံမှုကို ကြားလိုက်ရသည်။အလင်းသန်းပေါင်းများစွာက သူတော်စင်ကျောက်ပြားပေါ်၌ တောက်ပလာခဲ့၏။ လူတိုင်း၏မျ က်လုံးထဲ၌ အလင်းတန်းများက တိုးချဲ့လာပြီး ဧရာမ မျှော်စင်ကြီးတစ်ခု ရုတ်တရက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ဤအခိုက်တွင် အနှိုင်းမဲ့ ဂုဏ်သိက္ခာဖြင့် ပြည့်နေသော အသံတစ်ခုက ဧရိယာ တစ်ခုလုံးသို့ အနှံ့ ပျံ့နှံ့လာ၏။

“ကျောက်ပြားပေါ်မှာ ရှိတဲ့ နာမည်တွေက သူတော်စင်မျှော်စင် ထဲသို့ ဝင်ရောက်နိုင်တယ်”

“မျှော်စင်ထိပ်ဆုံးသို့ တက်နိုင်တဲ့လူက အကြီးကျယ်ဆုံး ကံကောင်းမှုကို ရလိမ့်မယ် …”

မရေမတွက် နိုင်သော ပါရမီရှင်များက သူတော်စင်ကျောက်ပြား ပေါ်မှာ မပါဝင် နိုင်ခဲ့ကြသည့်အတွက် အဆက်မပြက် မြည်တမ်းမိကြသည်။ သူတို့အားလုံးက အကြီးကျယ်ဆုံး လက်ဆောင်အတွက် ပါဝင်ယှဉ်ပြိုင်ခွင့် မရတော့ပေ။ အပြင်ကနေ စောင့်ကြည့်ရုံသာ တက်နိုင်ကြတော့၏။

သူတော်စင် ကျောက်ပြားပေါ်ရှိ နာမည်များမှာ တစ်ခုပြီးတစ်ခု လင်းလက်လာပြီး အလင်းတိုင်လုံးများ အဖြစ်သို့ပြောင်းကာ ကောင်းကင်ထက်မှ ကျဆင်းလို့လာ၏။ လူ (၃၈) ယောက်အတွက် အလင်းတိုင်လုံး (၃၈) ခုသာရှိ၏။ မကြာခင်မှာ သူတော်စင် အကြွင်းအကျန် နယ်မြေ၏ နောက်ဆုံးကံကောင်းမှု လက်‌ဆောင်အတွက် စတင်တိုက်ခိုက် ကြတော့မည် ဖြစ်ပေ၏။


Comment

Leave a Reply

Options

not work with dark mode
Reset