စာစဉ် (၁၃) အပိုင်း (၁၇၂)

ထန်ထန်၏ ဒေါသ

သားရဲများက တောင်ထိပ်ပေါ်တွင် ဝပ်စင်းနေကြသည်။ သူတို့ အရိုအသေ ပေးနေသည်မှာ ကြီးမားလှသည့် သားရဲကြီး တစ်ကောင်ကို မဟုတ်ပဲ ပျင်းရိစွာ လဲလျောင်းနေသည့် ပဟေဠိဆန်သော မီးခိုးရောင် သတ္တဝါ ငယ်လေးကို ဖြစ်သည်။

ဇူယွမ်နှင့် လုလျိုတို့ နှစ်ယောက်လုံး ချက်ချင်းပင် ထိုကောင်လေးကို မှတ်မိလိုက်သည်။

ထို သတ္တဝါငယ်လေးမှာ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ သူတို့နောက်ဆုံး ရှာရန်ကျန်နေသည့် ထန်ထန်ပင် ဖြစ်သည်။

ထိုစဉ် ဇူယွမ်မှာ ကူကယ်ရာမဲ့စွာ ငုတ်တုတ်မေ့နေပြီး သူ့အနေဖြင့် ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။ ဒီအကောင်က တောင်တစ်ခုလုံး၏ ရှင်ဘုရင် ဖြစ်နေပြီး သူ၏ ဘဝကြီးက သာယာ ပျော်ရွှင်နေမှန်း မည်သူ သိမည်နည်း။

“မင်း ဒီသတ္တဝါငယ်လေးကို သိတာလား” ဇူယွမ်နှင့် လုလျိုတို့ အံ့သြနေသည်ကို ကြည့်ပြီး ကျိန်းရွှီး၏ မျက်နှာတွင် စိုးရိမ်မှုတွေနှင့် ပြည့်နေသည်။ သူအနေဖြင့် နားမလည်နိုင်တော့ပေ။ ထိုသတ္တဝါငယ်လေးမှာ မြင်ရသည်မှာ ရိုးရှင်းဟန် ရသော်လည်း အဘယ်ကြောင့် အဆင့်လေး မှော်သားရဲများက ထိုကောင်လေးအား အရိုအသေ ပေးနေကြသနည်း။

ဒီသတ္တဝါငယ်လေးက ထိုနေရာတွင် ရှိနေသော သားရဲတွေထက် ကြောက်မက်ဖွယ် ကောင်းနေမည်မှာ အသေအချာပင် ဖြစ်သည်။

“စိတ်မပူပါနဲ့ အခုအားလုံး အဆင်ပြေ သွားပါပြီ” ဇူယွမ်က အားပေးလိုက်သည်။

သူကလက်မြှောက်ပြီး ထန်ထန်ကို ဝှေ့ယမ်းပြလိုက်သည်။

သို့သော်လည်း ထန်ထန်က သူနှုတ်ဆက်မှုကို လျစ်လျူရူ လိုက်ပြီး သူက အထင်အမြင်သေးစွာ ဇူယွမ်အား တစ်ချက်မျှသာ ကြည့်လိုက်သည်။

ကျိန်းရွှီးက မယုံသင်္ကာဟန်ဖြင့် ဇူယွမ်အား ကြည့်လိုက်သည်။

ဇူယွမ်၏ နှုတ်ခမ်းထောင့်စွန်းမှာ ရှက်ရွံ့မှုကြောင့် ရှုံ့မဲ့သွားသည်။ နောက်ပိုင်းတွင် သူက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏လက်က သိုလှောင်အိတ်ကို ပုတ်လိုက်ကာ အသားခြောက် အပိုင်းအစ များကို ထုတ်ယူလိုက်သည်။

”ဝှစ်”

အသားများကို မြင်လိုက်ရသည်နှင့် အထင်သေးဟန်ဖြင့် ကြည့်နေသည့် သားရဲ၏ မျက်လုံးများမှာ ပြောင်းလဲသွားပြီး အရိပ်တစ်ခု ကဲ့သို့ အရှေ့သို့ ခုန်ထွက်လာသည်။

သူ့လက်ဖြင့် ကိုင်မြှောက်ထားသော အသားများ ပျောက်ကွယ်သွာသည်။

ထန်ထန်က သူ၏ရှေ့တွင်ပေါ်လာခဲ့ပြီး နောက်ထပ် အသားများ လိုချင်နေဟန်ဖြင့် စိတ်မရှည်စွာ ဟိန်းဟောက်လိုက်သည်။

“မင်းဆက်ပြီး ဟန်ဆောင်နေပါဦးလား” ဇူယွမ်က လှောင်ကာပြောလိုက်သည်။

ထန်ထန်က ဇူယွမ်၏ ရင်ထဲသို့ ခုန်ဝင်လိုက်ပြီး သူ၏ မျက်နှာငယ်လေးမှ နှုတ်သီးဖြင့် ဇူယွမ်အား ထိုးလိုက်ကာ သူ၏ မျက်ဝန်းအား သေးငယ်တောက်ပသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ဇူယွမ်က မျက်လုံးဝှေ့ ကြည့်လိုက်ပြီး အသားခြောက်များကို ထပ်ကျွေးလိုက်သည်။

ဇူယွမ်က ထန်ထန်ကို လျစ်လျူရှု လိုက်ပြီးနောက် သူ၏ အကြည့်များက ဝူဟောင်နှင့် ယဲ့မင်တို့ အုပ်စုထံသို့ ရောက်ရှိသွားပြီး သူ၏ မျက်နှာပေါ်ရှိ အပြုံးမှာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။

ယဲ့မင်၏ မျက်နှာ အမူအရာက အနည်းငယ် ပျက်ယွင်းသွားပြီး “ဘယ်လို ဖြစ်သွားတာလဲ။ ဘာလို့ ပဟေဠိဆန်တဲ့ သားရဲလေးက သူနဲ့ သိနေရတာလဲ”

ထိုမြင်ကွင်းက သူတို့ မျှော်လင့်ထားတာထက် ပိုပြီး ကျော်လွန်နေပေသည်။

ဝူဟောင်၏ မျက်နှာသွင်ပြင်က ဖြူရော်သွားပြီး “ဒီသတ္တဝါငယ်လေးက ဇူယွမ်ရဲ့ဘေးမှာ အမြဲရှိ နေတာပဲ။ ဒါပေမဲ့ ထိုကောင်လေးကို အဆင့်လေးသားရဲ တွေက အညံ့ခံနေမယ် ဆိုတာ ငါတစ်ခါမှ မမျှော်လင့်မိဘူး”

ကျူးယင်နှင့် ကျန်တဲ့သူ တွေက တစ်ယောက်နှင့်တစ်ယောက် နီးကပ်စွာ ရှိနေပြီး သူတို့၏ အမူအရာများက သတိထားလျက် ရှိနေသည်။ ထိုသေးငယ်သော သတ္တဝါလေး ကသာ အဆင့်လေး သားရဲများကို တိုက်ခိုက်ရန်အတွက် အမိန့်ပေးလိုက်  ပါက သူတို့မှာ ရွေးချယ်စရာ မရှိပဲ ထွက်ပြေးရမည် ဖြစ်သည်။

တခြားဘက်က သူများ၏ အမူအရာများ ပျက်ယွင်းနေသည်ကို မြင်ရချိန်တွင် ဇူယွမ်က ယုတ်မာသော အကြည့်ဖြင့် ဝူဟောင်တို့ အုပ်စုအား ကြည့်လိုက်ပြီး ကောက်ကျစ်စွာ ရယ်မောလိုက်သည်။

ဇူယွမ်သည် ထန်ထန်၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ် ပေးလိုက်ပြီး ဝူဟောင်နှင့် ယဲ့မင်တို့ဘက်အား လက်ညှိုးထိုး ပြလိုက်ပြီး “မင်းက တစ်ကိုယ်ကောင်းသမားပဲ မင်းက ယောင်ယောင်ကို ကာကွယ်ရမယ့် အစားဒီမှာ လာပြီး သာယာနေတယ်”

“မင်းသိလား။ အဲဒီ မျိုးမစစ် နှစ်ကောင်က ယောင်ယောင်ကို အုပ်စုဖွဲ့ အနိုင်ကျင့်လို့ ယောင်ယောင် ဒဏ်ရာရသွားပြီး အခုထိ ငါတို့ သူမကို ရှာမတွေ့သေးဘူး”

ထန်ထန်က အသားခြောက် တွေကို အရသာရှိစွာ စားနေရင်းမှ ရုတ်တရက် ရပ်တန့်သွားသည်။ သူ၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏ အသားများကို ထားခဲ့ကာ သူ၏လည်ချောင်း အတွင်းမှ လှိုက်တက်လာသော အသံဖြင့် ကြောက်မက်ဖွယ်ကောင်းစွာ ဟိန်းလိုက်သည်။

ထန်ထန်၏ ဉာဏ်ရည်မှာ အလွန်အမင်းကို မြင့်မားပေသည်။ သူအနေဖြင့် သူ၏တာဝန်မှာ ယောင်ယောင်အား စောင့်ရှောက်ရမည့် သက်တော်စောင့် သားရဲတစ်ကောင်ဖြစ်မှန်း သိပေသည်။ ထိုကြောင့် သူ့အနေဖြင့် ယောင်ယောင် ဒဏ်ရာ အသေးအမွှားလေး တစ်ခု ရသွားမည့် အဖြစ်မျိုးကို လုံးဝ လက်မခံနိုင်ပေ။ ထိုကြောင့် ယောင်ယောင်ဒဏ်ရာ ရသွားသည့် သတင်းကို ကြားသည်နှင့် သူ့အနေဖြင့် အရသာ ရှိလှသော အသားခြောက် များကိုပင် စိတ်မဝင်စား နေတော့ပေ။

သူ၏ ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ဇူယွမ်ထံသို့ ကြည့်ကာ အစောပိုင်းက သူကြားခဲ့သော စကားကို အတည်ပြုပေးရန် တောင်းဆိုနေဟန် ရသည်။

ဇူယွမ်က ထန်ထန်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

ထန်ထန်က သူ၏ အရှေ့တွင် ရှိသော အသားခြောက် များကို သူ့ရှေ့မှ ဖယ်ထုတ်လိုက်ပြီး ဇူယွမ်၏ လက်မောင်းအတွင်းမှ ခုန်ထွက်ကာ သူ၏ စူးရှသော မျက်ဝန်းများဖြင့် ဝူဟောင်နှင့် ယဲ့မင်တို့ကို ကြည့်လိုက်သည်။ ထိုအခိုက်တွင် အလွန်အမင်း အားကောင်းသော သွေးဆာသည့် ရက်စက်လိုစိတ် များက ထန်ထန်၏ ခန္ဓာကိုယ်  အတွင်းမှ ပေါက်ကွဲ ထွက်လာသည်ကို လူတိုင်းခံစား လိုက်ရပေသည်။

“ဝေါင်း …“

ကြက်သွေးရောင်အလင်းများ ထွက်ပေါ်လာပြီး ထန်ထန်၏ ခန္ဓာကိုယ်မှာ ရုတ်ချည်းပင်ကြီးထွားလာလဲ့သည်။ အသက်ရူချိန်တအောင့် အကြာတွင် ပဟေဠိဆန်စွာ ခန့်ညားလှသည့် မူလမှော်သားရဲကြီးတစ်ကောင်က ဇူယွမ်တို့ အုပ်စု၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ကြက်သွေးနီရောင် အလွှာက သူ၏ ခန္ဓာကိုယ် အရေပြားပေါ်တွင် စီးဆင်းနေပြီး သူ၏ ကြီးမားလှသော ပါးစပ်အတွင်းမှ အနက်ရောင် အလင်းတန်းများသည် အရာအားလုံးကို ဖျက်ဆီး ဝါးမျိုတော့မည့် ဟန်ပေါ်သည်။

မုန်တိုင်းသဖွယ် မူလချီများက ရုန့်ရင်းစွာ သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ရှိ လေဟာနယ်ကိုပင် မွှေနှောက်လျက် ရှိသည်။

“ဝေါင်း“

ထန်ထန်၏ ဒေါသကို ခံစားမိသောအခါ တောင်တန်းအတွင်းမှာ ရှိနေသည့် ဒါဇင်ချီသော အဆင့်လေး သားရဲများက အထိန်းချုပ်မဲ့စွာ ဆွဲဆွဲငင်ငင် ဟိန်းသံများက ကျောချမ်းဖွယ် ထွက်ပေါ်လာခဲ့သည်။

ဝူဟောင်နှင့် ယဲ့မင်တို့ အုပ်စု၏ အမူအရာများမှာ ရုတ်တရက် ပြောင်းလဲသွားသည်။ ထန်ထန်၏ ဟိန်းသံထဲတွင် ရူးသွပ်နေသည့် သတ်ဖြတ်ခြင်း အငွေ့အသက်များ ပါဝင်နေသည်ကို ရှင်းလင်းစွာ ခံစားမိပေသည်။

“ဘုန်း“

ဒါဇင်ချီသည့် အဆင့်လေး မှော်သားရဲများသည် ရုတ်တရက် အရှေ့သို့ တက်လာကြပြီးနောက် ဝူဟောင်တို့ အုပ်စုထံ ခုန်ဝင်လာကြသည်။

ယဲ့မင်က ပြတ်သားစွာ အော်လိုက်သည်။ “နောက်ဆုတ်”

သူတို့၏ ပုံရိပ်များသည် နောက်သို့ ဆုတ်ခွာသွားကြသည်။

“ဟီးဟီး လွတ်မြောက်ဖို့ ကြိုးစားနေတာလား” သို့သော်လည်း သူတို့နောက်သို့ ဆုတ်ပြေးသည့် အချိန်တွင် လုလျိုသည် ရေခဲလုံးလေးအား စီးနင်းလျက် သူတို့၏ နောက်ဘက် တစ်နေရာတွင် ပေါ်လာခဲ့ပြီး ရေခဲငှက်က တောင်ပံခတ်တာ သူတို့ထံသို့ ရေခဲဆူးချွန်များ တရဟော ပစ်သွင်းလိုက်သည်။

သူမ၏ တိုက်ခိုက်မှုက ဝူဟောင်တို့ လူစုက ချက်ချင်းပင် ချေဖျက်လိုက်သည်။ သို့သော်လည်း ရေခဲမှုန်များက ဝန်းကျင်တစ်ခုလုံး ပြည့်နှက်သွားပြီး သူတို့ လူစု၏ အနီးတွင်စတင် အေးခဲလာပြီး သူတို့၏ အရှိန်အား နှေးကွေးစေသည်။

ထိုအချိန်၌ ဒါဇင်ချီသော မူလသားရဲ များက သူတို့၏ ကြားသို့ ရောက်ရှိလာခဲ့ပြီး ဟိန်းဟောက်သံ များဖြင့် ဆူညံသွားသည်။ သူတို့၏ ညှာတာကင်းမဲ့စွာ တိုက်ခိုက်မှုများက ကောင်းကင်ကိုပင် ဖုံးအုပ်သွားဟန် ရပြီး ဝူဟောင်တို့အုပ်စု ဆီသို့ရောက်ရှိသည်။

“ဘန်း … ဘန်း “

ကုန်းမြေပင်လျှင် ပျက်စီးရသည်။ ဝူဟောင်နှင့် ယဲ့မင်တို့ လူစုသည် တိုက်ခိုက်မှု များကို ထိပ်တိုက်ရင်ဆိုင်ခြင်း မပြုနိုင်ပဲ သူတို့၏ ပုံရိပ်များက နောက်သို့သာ ဆုတ်ခွာနေကြသည်။

ထန်ထန်က ဒေါသများဖြင့် တောက်လောင်နေသော မျက်လုံးအစုံဖြင့် သူတို့ကို ကြည့်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ကြက်သွေးနီရောင် အလင်းတန်း အသွင်ဖြင့် အရှေ့သို့ ပြေးထွက်သွားသည်။

ဝူဟောင်၏ မျက်ဝန်းအိမ်များက ကျဉ်းမြောင်းသွားသည်။

ကြက်သွေးနီရောင် ပုံရိပ်က သူ၏နောက်တွင် ပေါ်လာသည်ကို သူ၏ မျက်လုံးထောင့်စွန်းမှ မြင်လိုက်ရသည်။ အလွန်ကြီးမားသော လက်သည်းကြီးက ကုတ်ဆွဲချရန် သူ၏ နောက်ကျောဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုလက်သည်းချက် ထံမှ လျှံထွက်လာသော အားလှိုင်းများသည် မြေပြင်ကိုပင် ခွဲခြမ်းသွားပြီး ထိုအက်ကြောင်းများ အတွင်းတွင်ပင် ကြေးမုံပြင်ကဲ့သို့ ချောမွေ့နေသော လက်သည်းရှည်များကို တွေ့ နိုင်ပေသည်။

“ဘယ်လောက်တောင် ကြမ်းတမ်းလိုက်တဲ့ မူလသားရဲလဲ”

ဝူဟောင်၏ အမူအရာက တင်းမာသွားသည်။ သူက ထိုသားရဲ၏ လက်သည်းအောက်တွင် ပါဝင်သော လှိုင်းဂယက် သဖွယ်ဖြစ်နေသည့် အလွန် အံ့အားသင့်ဖွယ် မူလချီ စွမ်းအားများကို ခံစားမိပေသည်။

ထိုတိုက်ခိုက်မှု အားလုံးကို သူအနေဖြင့် လျှော့တွက်၍ မရပေ။ သူ၏ ပါးစပ်မှ မိုးချုန်းသံကဲ့သို့ ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။

“အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်။ ကောင်းကင်ရွှေကျီးကန်း ချိပ်ပိတ်ခြင်း”

လက်တစ်ဖက်တွင် မီးကဲ့သို့ ရဲရဲနီနေသော မူလချီများ ပေါက်ကွဲ ထွက်လာပြီး ချိပ်ပိတ် အလင်းတန်းများက မီတာ ဒါဇင်တော်တော်များများ အထိ မြင့်တက်လာခဲ့သည်။ ချိပ်ပိတ် အစီအရင် အတွင်းတွင် ကြီးမားသော ရွှေကျီးကန်း သုံးကောင်မှာ အကန့်အသတ် မဲ့သော မီးတောက်များ တောက်လောင်လျက် ထင်ရှားစွာ ရှိနေသည်။

သူလှုပ်ရှားလိုက်သည့် အခိုက်အတန့်တွင် မြေပြင်ပေါ်၌ ပေတစ်ထောင်ခန့် အချင်းရှိ ပက်ကြားအက်ကြီး   ဖြစ်ပေါ်လာခဲ့သည်။

အလင်းရောင် ချိပ်ပိတ်မှုသည် အရှေ့သို့ ထွက်သွားပြီး ဒေါသကြီး တိုက်ခိုက်လာသည် လက်သည်းများနှင့် သွားရောက်ရိုက်ခတ်သည်။

“ဘုန်း“

ထိုအခိုက်တွင် ကမ္ဘာမြေ အတွင်းပိုင်းပင် တုန်ခါသွားဟန် ရသည်။ ကြမ်းတမ်းသော အားလှိုင်းများ ပျံ့နှံ့သွားပြီး အနီးရှိလူတိုင်းကို လွင့်စဉ်စေသည်။

ဖုန်များ ပြန်ငြိမ်သွားသည်နှင့် လူတိုင်းက ထိုနေရာသို့ စူးစိုက်ကြည့် လိုက်ကြသည်။

မြေပြင်မှာ ခွဲခြမ်းခြင်း ခံထားရပြီး အလွန်ကြီးမားသော အက်ကြောင်းကြီးများ ဖြစ်ပေါ်နေသည်။ ထန်ထန်၏ ကြီးမားသော ခန္ဓာကိုယ်ကြီးသည် အနောက်သို့ လွင့်စဉ်သွားပြီး မြေပြင်သို့ လက်သည်းဖြင့် တူးကာ အရှိန်သတ်ထားသော လက်သည်းရာကြီး များက မြေပြင်တွင် ထင်ကျန်နေသည်။

သူ၏ လက်သည်းများမှာ ဝူဟောင်၏ တိုက်ခိုက်မှုကြောင့် အနည်းငယ် မီးကျွမ်းနေသည်။

ထန်ထန်နှင့် ဆန့်ကျင်စွာပင် ဝူဟောင်မှာ ပေတစ်ရာကျော်ခန့် အနောက်သို့ လျှောဆင်း သွားခဲ့သည်။ သူ၏မျက်နှာ အမူအရာမှာ အတော်ပင် တင်းမာနေပြီး သူ၏ လက်မောင်းပေါ်တွင် အရိုးပေါ်သည်အထိ နက်ရှိုင်းသော ဒဏ်ရာငါးခု ဖြစ်ပေါ်နေပြီး သူ၏ လက်တစ်လျှောက်တွင် သွေးများစီးကျနေသည်။

လုလျို၏ မျက်လုံးများမှာ ပေါက်ထွက်လုမတတ် ပြူးကျယ်နေသည်။ ရှင်းလင်းစွာပင် အံ့အားသင့်ဖွယ် ကောင်းစွာ ဝူဟောင်က ရိုက်ချက်တစ်ချက် တည်းဖြင့်ပင် ဒဏ်ရာရခဲ့သည်။

“ဒေါသထွက်နေတဲ့ ထန်ထန်က အရမ်းကြောက်ဖို့ကောင်းတာပဲ”


Comment

Leave a Reply

Options

not work with dark mode
Reset