Switch Mode

စာစဉ် (၁၃) အပိုင်း (၁၆၉)

ဝူဟောင်၏ သတ်ဖြတ်လိုဆန္ဒ

ဖွက်ဖွက်ညက်ညက် ကြေနေသော တောအုပ်အတွင်း၌

ဇူယွမ်က သူ့ရှေ့ရှိ မြူများကြားမှ ဝူဟောင်နှင့် အနက်ရောင် ဝတ်စုံနှင့် လူငယ်တစ်ယောက်   လမ်းလျှောက် ထွက်လာသော မြင်ကွင်းအား ကြည့်၍ အလိုအလျောက် မျက်မှောင်ကြုတ် လိုက်မိသည်။

“မင်းက တုံးရွှမ်းက လူတွေနဲ့ ပူးပေါင်း လိုက်တယ်ပေါ့ …”

ဝူဟောင်က မထူးခြားဟန် ပြန်ဖြေလိုက်သည် …“ အမြင်ကျဉ်း လိုက်တာ။ ငါ့အနာဂတ်က ဒီကုန်းမြေ တစ်ခုတည်း မှာပဲ ရပ်တန့်နေမှာ မဟုတ်ဘူး။ ငါက ဘာလို့ ကန်မင် ကုန်းမြေကိုပဲ ကိုယ်စားပြု နေရမှာလဲ …”

“ရှက်စရာ ကောင်းလိုက်တာ …” လုလျိုက နှာခေါင်းရှုံ့လိုက်သည်။

“မင်းက ယောင်ယောင်ကို တိုက်ခိုက်နိုင်ဖို့ ဒီတုံးရွှမ်းကလူတွေနဲ့ ပူးပေါင်းခဲ့တယ်။ မင်း တကယ် မှားနေပြီ “

ဝူဟောင်က ခေါင်းယမ်းလိုက်သည်။ သူ့အသံက ပြောင်းလဲခြင်း မရှိဘဲ ဆက်ပြောလိုက်သည်။  “တကယ့် အမှန်တရားက အောင်နိုင်သူ ဖြစ်ဖို့ပဲ။ ဒီလိုဖြစ်လာဖို့ ကပဲ အရေးကြီးတယ်။  ငါ့လမ်းမှာ လာတားဆီး ပိတ်ပင်နေမယ် ဆိုရင် အဲအရာကို ဖယ်ရှားပစ်မှာပဲ”

ဇူယွမ်က ဝူဟောင်အား သေချာစူးစိုက် ကြည့်လိုက်သည်။

“မင်းက သနားစရာပဲ။ မင်းကမင်း ဂုဏ်သိက္ခာကို အဝေးလွှတ် ပစ်လိုက်တာ တောင်မှ ခုထိ မင်းလိုချင်တဲ့ ဟာကို အောင်မြင်အောင် မလုပ်နိုင်သေးဘူး”

ဝူဟောင်အသွင်က ခက်ထန်သွားသည်။ သူက ဇူယွမ်အား အေးစက်စွာ ကြည့်၍ ပြောလိုက်သည်၊။ မင်းကို ဒီနေရာမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ ဒါပေမဲ့ ကျေနပ်စရာပဲ။ မင်းက ဇူရှောင်ယိုနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ကြားရတယ်။ ဟုတ်တယ်မလား။ မင်းကို ဖမ်းပြီး ငါးစာလုပ်မယ်ဆိုရင် သူက ထောင်ချောက်မှန်း သိတောင် မင်းကို လာကယ်ဖို့ ရွေးချယ်လိမ့်မယ်။

“ဘုန်း“

ဝူဟောင်က စကားဆုံးသည်နှင့် မြန်ဆန်စွာပင် သူ့ကိုယ်မှ မူလချီ များကို ပေါက်ကွဲစေလိုက်သည်။ သူ့မူလချီ များက နေတစ်လုံး ကဲ့သို့ ပူပြင်းဟန် ရကာ ခန့်ညားကာ လွှမ်းမိုးနိုင်သော စွမ်းအားများဖြင့် တောက်ပနေသည်။

“စွက် … “

သူက ခြေတစ်လှမ်းတည်းဖြင့် ဇူယွမ်ရှေ့သို့ အလွန် လျင်မြန်စွာ ရောက်လာသည်။

ဇူယွမ်ကလည်း မြေကြီးကို ဆောင့်နင်းလိုက်ပြီး နောက်သို့ မြန်ဆန်စွာ ဆုတ်လိုက်သည်။ သို့ရာတွင် သူက လွတ်မြောက်အောင် ဘယ်လို ကြိုးစားကြိုးစား ဝူဟောင်က အရိပ်တစ်ခုလို ကပ်၍ လိုက်လာသည်။

နေလုံးကဲ့သို့ စူးရှတောက်ပသော လက်သီးချက်ကို ဖော်ထုတ် လိုက်သည်နှင့် ကြက်သွေးရောင် အလင်းတန်းများက တောက်ပလာ၏။ လက်သီးချက်က ပတ်ဝန်းကျင် လေဟာနယ်ကို လှိုင်းထစေသည်။ လေထုလည်း အလွန်အမင်း ပူပြင်းလို့ လာသည်။

ဝူဟောင်က အနှိုင်းမဲ့ စွမ်းအားကို ထုတ်ဖော်လိုက်သည်နှင့် ထိုစွမ်းအားက ဇူယွမ်ကို ပိုမိုပြီး လွှမ်းမိုးသွားသည်။

ဇူယွမ်က သူ့ထံသို့ ပျံသန်းလာသော လက်သီးချက်ကို ကြည့်ကာ မျက်မှောင်ကြုတ် လိုက်မိသည်။ သူ့ကိုယ်မှ မူလချီများ ကလည်း ချက်ချင်း မြင့်တက်လာပြီး ရွှေရောင်စပါးအုံး ကြေးခွံကို  သူ့လက်သီးမှာ ဖြစ်ပေါ်စေလိုက်သည်။

“အံ့ဖွယ် စပါးအုံး ကြေးခွံ”

“အဆင့်သုံး မူလမှော်စာလုံး၊ နက်ရွှေရောင်လက် “

ဇူယွမ်ကလည်း တန်ပြန်လက်သီး တစ်ချက် ပြန်ထိုးလိုက်သည်။ အနက်ရောင် အလင်းတစ်ခုက ရွှေရောင်ကြေးခွံကို ဖုံးလွှမ်းထားပြီး နက်ရွှေရောင် တောက်ပမှုကို ပေးစွမ်း၏။

“ဘုန်း“

လက်သီးနှစ်လုံးက ဝုန်းခနဲ ထွက်ပေါ် လာကြသည်။ ဝူဟောင် မျက်လုံးထဲ၌ အေးစက်သော ရက်စက်မှုများ ဖြတ်ပြေးသွားပြီး ခြောက်ကပ်ကပ် ပြောလိုက်သည်။ “မင်းက ကောင်းကင်တံခါး အဆင့် ရောက်ရုံလေးနဲ့ ငါ့ကို မျက်နှာချင်းဆိုင် ထိပ်တိုက်ရင်ဆိုင် နိုင်တဲ့ အရည်အချင်း ရှိနေတယ်လို့ ယုံကြည်နေတာလား။ နုံအလိုက်တဲ့ကောင်”

ထိုခဏ၌ နေကဲ့သို့ တောက်ပသော လက်သီးချက်က ပေါက်ကွဲ ထွက်သွားကာ ထိတ်လန့်ဖွယ်အင်အား အဖြစ် ပြောင်းလဲသွားပြီး ဇူယွမ်ထံ တိုးဝင်သွားသည်။

“ဒုန်း“

ဇူယွမ်က နောက်သို့ ဖျတ်ခနဲ ရွေ့လျားလိုက်၏။

“စွက်“

သို့သော် ထိုသို့နောက်သို့ ဆုတ်လိုက်စဉ် ခဏအတွင်း မှာပင် ဇူယွမ်၏ လက်ဝှေ့ယမ်းလိုက်ရာ အစိမ်းရောင်နှင့် အနက်ရောင်တို့က လက်ခနဲ ထွက်ပေါ်လာပြီး  အလင်းပမာ မြန်ဆန်စွာပင်  ဝူဟောင်ထံသို့ တိုးဝင်သွားသည်။

ဤအရာမှာ အစိမ်းနက်ရောင် မိုးကြိုးလုံး ဖြစ်၏။ လေနှင့်မိုးကြိုးက မြန်ဆန်စွာပင် ထိုမိုးကြိုးလုံးထဲမှ ထွက်ပေါ်လာကာ မိုးကြိုးပစ်သံနှင့် လေတိုက်သံများပင် ကြားလိုက်ရသည်။

ထိုအလင်းလုံး ထံမှ မာန်ဟုန်ပြင်းသော စွမ်းအင်များ ပျံ့နှံ့လို့လာသည်။

ဝူဟောင်က မျက်ခုံးအနည်းငယ် ကြုတ်လိုက်မိသည်။

“ကြီးမြတ်သော လေနှင့်မိုးကြိုး”

“ဘုန်း“

လေနှင့်မိုးကြိုးက ပေါက်ကွဲထွက်သည်။ ဝူဟောင်က ချက်ချင်းပင် သူ့ကိုသူ ကာကွယ်ရန် မူလချီ အကာအကွယ်အား အသုံးပြုလိုက်သည်။ သူ့ချီ အကာအကွယ်ပင် ပြင်းထန်စွာ တုန်ခါသွားပြီး နောက်သို့ ခြေဆယ့်နှစ်လှမ်းခန့် ဆုတ်လိုက်ရ၏။ သူ့ အင်္ကျီလက် မှာလည်း လောင်ကျွမ်းစုတ်ပြတ်သွားကာ သူ့လက်မှ သွေးအနည်းငယ် ထွက်သွားသည်။ ဝူဟောင်က ဒဏ်ရာပြင်းထန်စွာ မရလိုက်သော်လည်း  သူ့အသွင်က နက်မှောင်သွား၏။ သူက ပထမဆုံး အကြိမ် ဇူယွမ်၏ ပြန်လည် တိုက်ခိုက်မှုကို ခံလိုက်ရခြင်း ဖြစ်သည်။

ထိုအရာက သူ့အတွက် မည်သို့မျှ လက်မခံနိုင်ချေ။ တစ်ခါတုန်းက သူ့မျက်လုံးထဲ၌ ပုရွက်ဆိတ် တစ်ကောင်လောက်သာ ထင်မြင်ခဲ့သည့် သူက သူ့ကိုယ်ပိုင် တုန်လှုပ်စေသော စွမ်းအားများ မည်သို့ ရလာသည်ကို နားမလည် ဖြစ်ရသည်။

ဝူဟောင်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ မြင့်တက်လာခဲ့သည်။ ဇူယွမ်က ဆက်လက်ကြီးထွား လာဦးမည်ကို သူခံစားမိ၏။ သူတော်စင် အကြွင်းအကျန် နယ်မြေထဲသို့ မဝင်ရောက်ခင် တုန်းက ဇူယွမ်သည် သူ့လက်သီး တစ်ချက်တည်းဖြင့်ပင် သေစေလောက်အောင် ဒဏ်ရာပြင်းထန်စွာ ရခဲ့ပေသည်။ အခုချိန်မှာတော့ တူညီသောအားနှင့်  သူက လက်သီးတစ်ချက် ထုတ်ဖော် တိုက်ခိုက်လိုက်သော်လည်း ဇူယွမ်အား နောက်သို့ ဆုတ်သွားစေရုံ လောက်သာ တတ်နိုင်ပေတော့သည်။ တကယ်တော့ ဇူယွမ်က ထိုသို့ ကြားကာလ အတွင်းမှာပင် သူ့အား ပြန်တိုက်ခိုက် နိုင်လာသည်။ ဇူယွမ်က  ထိုသို့သာ ဆက်လက် တိုးတက်နေမည် ဆိုပါက သူ့ကို ထိပ်တိုက်ရင်ဆိုင်ရန် လုံလောက်အောင် သန်မာလာရန် သိပ်ကြာတော့မည် မဟုတ်ပေ။ ဤကဲ့သို့ တွေးမိသောကြောင့် ဝူဟောင်၏ မျက်လုံးထဲ၌ သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပိုမို တောက်လောင်လာ၏။  သူက ဒီအရာကို စိတ်ကူး မကြည့်ဝံ့ချေ။ အကြောင်းမှာ သူ့နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး တစ်နေရာ၌ မေ့ဖျောက်ထားသော အကြောက်တရားကို တစ်ခုကို ပြန်လည် ခံစားမိသောကြောင့်ပင် ဖြစ်၏။

ဝူဟောင်ကိုယ်မှ သတ်ဖြတ်လိုမှု စိတ်ဆန္ဒများ ပြည့်နှက်လာကာ အခြားလူများ ကိုပါ ရိုက်ခတ်လာ၏။ ပတ်ဝန်းကျင် အပူချိန်ပင်  ရုတ်တရက် ထိုးကျသွားသည်။

သို့သော် ဇူယွမ်က ဝူဟောင်၏ စိတ်ဆန္ဒကို အရေးစိုက်ခြင်း မရှိချေ။ သူက တစ်စက္ကန့်တောင် မရပ်ဘဲ နောက်သို့ မြန်ဆန်စွာ ဆုတ်၍ သူ့နောက်ရှိ လုလျိုအား အချက်ပြ လိုက်သည်။ အခုလက်ရှိ အခြေအနေသည် သူတို့အတွက် သင့်တော်မှု မရှိပေ။ ဇူယွမ်က ကျူးယင် ဘေးနားရှိ စောင့်ကြည့်နေသာ အနက်ရောင် ဝတ်စုံနှင့် လူငယ်က ပိုမို၍ အန္တရာယ် ရှိကြောင်း ခံစားမိသည်။ သူ့ထံမှ ထွက်ပေါ်လာသော အန္တရာယ် အငွေ့အသက်က ဝူ‌ဟောင်ထက် အားနည်းခြင်း မရှိပေ။ ထို့အပြင် ဇူယွမ်က သူ့စိတ်ဝိညာဉ်ဖြင့် ထောက်လှမ်း ကြည့်လိုက်သည့်အခါ ထိုလူငယ်မှာ မူလချီများကို တိတ်တဆိတ် စုစည်းနေသည်ကို သတိထားမိလိုက်သည်။

နောက်ဆုံးမှာ လုလျိုက နှင်းခဲလေးအား ကျူးယွင် လက်ထဲမှ လွတ်မြောက် စေခဲ့ပြီးသည်နှင့် နှင်းခဲလေးက ချက်ချင်း အတောင်ခတ်လိုက်ပြီး ဇူယွမ်နှင့် လုလျိုတို့အား သိမ်းကြုံး ခေါ်ဆောင်ကာ ရေခဲအလင်းတန်း တစ်ခု အဖြစ်ပြောင်းကာ မြူများကြားသို့ အချိန်ဆွဲခြင်း မရှိဘဲ ပြေးဝင်သွားလိုက်သည်။

ထိုစဉ် ယဲ့မင်လို့ ခေါ်သော အနက်ရောင် ဝတ်ရုံနှင့် လူငယ်က သူ့လက်ကို မြှောက်လိုက်ကာ မှင်တက်သွားမိသည်။ သူက ဒီလူနှစ်ယောက်နှင့် သားရဲကို စောင့်ကြည့် နေသော်လည်း သူတို့က မြင်ကွင်းမှ ပျောက်ကွယ်လို့ သွား၏။

ယဲ့မင်က အံ့ဩစွာ ပြောလိုက်သည်။  “ထူးချွန်တဲ့ ကောင်လေးပဲ”

ဇူယွမ်က ယဲ့မင်မှာ တိတ်ဆိတ်စွာ လှုပ်ရှားမှုပြုရန် ကြိုတင်ပြင်ဆင် နေသည်ကို သိမြင်နိုင်ခဲ့သည်။

ဝူဟောင်၏ အသွင်မှာ လုံးဝနက်မှောင်လို့ နေသည်။ သူက ကစားခံ လိုက်ရသည်ဟု ခံစားနေရ၏။ “သူ့လက်ထဲကနေ ဇူယွမ် လွတ်မြောက်သွားတာ ဘယ်နှကြိမ် ရှိနေပြီလဲ”

ယဲ့မင်က မှတ်ချက်ပြုသည်။ “မင်းရဲ့ ဒီကောင်လေးက မရိုးရှင်းဘူး။ သူက စဦးကောင်းကင်တံခါး အဆင့်ဆိုတာ ရှင်းလင်းနေတာပဲ။ ဒါပေမဲ့ ကျူးယင်တောင် သူအနိုင်ယူ တာကို ခံလိုက်ရတယ်”

ဝူဟောင်က အမူအရာ ကင်းမဲ့စွာ ယဲ့မင်အား ပြန်ကြည့်လိုက်သည်။  “ငါတို့ နောက်က လိုက်ကြမယ်။   သူသာ အဖမ်းခံရရင် ဇူရှောင်ယိုက ငါတို့ကို လာရှာလိမ့်မယ်”

ယဲ့မင်က ဟက်ခနဲ ရယ်မောလိုက်သည်။  “သူက ဒီလောက်ဆွဲဆောင် နိုင်မယ်ဆိုရင်တော့ ငါတို့က အားစိုက် ရမှာပေါ့”

“ငါတို့ လိုက်ကြမယ်။ ဇူယွမ်က ဉာဏ်နီဉာဏ်နက် သုံးပြီး မြူတွေကြားထဲ အမြန် ပြေးပုန်းပေမဲ့ ဒီမြူတွေက ငါ့ရဲ့အမြင် စွမ်းအားကို အတားအဆီး မဖြစ်နိုင်တာ ကိုတော့ သူသိမှာ မဟုတ်ဘူး” ယဲ့မင်က တဟားဟား ရယ်မောလိုက်တော့သည်။

ထိုသို့ ပြောပြီးနောက် ယဲ့မင်၏ မျက်လုံးသူငယ်အိမ် ထဲ၌ ထူးဆန်းသော အလင်းတစ်ခု ဖြစ်ပေါ်လာကာ မျက်လုံးထောင့်မှာ သွေးအချို့ စီးကျသွားသည်ကို တွေ့ရ၏။ သူ့ရှေ့ရှိ မြင်ကွင်း၌ လုံးဝ ပြောင်းလဲသွားပြီး မြူများကြား ပြေးလွှားနေသော သားရဲတစ်ကောင်နှင့် လူသားနှစ်ယောက် တို့၏ မြင်ကွင်းများ ပေါ်လာခဲ့သည်။

“ဒီလမ်း။ သွားကြစို့။ ယဲ့မင်က ဦးတည်ရာနေရာ တစ်နေရာကို လက်ညှိုးထိုး ပြလိုက်သည်”

ဝူဟောင်က အရင်ဦးဆုံး အလင်းပမာ မြန်ဆန်စွာ ရှေ့သို့ ထွက်ခွာပြီး ဇူယွမ်တို့ နောက်သို့ လိုက်၏။ သူ့မျက်လုံးထဲ၌ အေးစက်သော သတ်ဖြတ်ချင်စိတ်များ မြှင့်တက်နေသည်။

“ဇူယွမ်။ မင်း ဒီတစ်ခါတော့ မလွတ်နိုင်တော့ဘူး။ ငါက မင်းကို ဆက်ပြီး ကြီးထွားခွင့် မပေးနိုင်တော့ဘူး။ ဒီအတွက်ကြောင့် ဒီနေရာက မင်းရဲ့ သင်္ချိုင်း ဖြစ်ရမယ်”


Comment

Leave a Reply

Options

not work with dark mode
Reset