Switch Mode

အပိုင်း(၄၁၈)

မင်းအခု ကျေနပ်ပြီလား…

တွမ့်ချီ လဲကျသွားသောအခါ စင်မြင့်အလယ်တွင် လက်တစ်ဖက်ပြတ် လူတစ်ယောက်သာ ကျန်တော့သည်။ လူတိုင်းကား အံ့အားသင့် မှင်တက် နေကြသည်။

ရီဝူချင်းက တိုက်ပွဲကို အနိုင်ရ သွားသည်လား…။ မိစ္ဆာဓား အသတ်ခံလိုက်ရ သည်လား…။

ထိုမြင်ကွင်းကို ကြည့်ကာ လူတိုင်း၏ ရင်ဘတ်များ ကြီးစွာ တုန်ခါရသည်။ ရှမ်းဟိုင်၏ နှလုံးကလည်း သံတူဖြင့် ရိုက်နှက်ခံရသလို တုန်ယင်နေသည်။ သူ၏ မျက်နှာက ရုတ်တရက် ဖြူရော့သွား၏။

မကြာမီက သူက အရာအားလုံးကို ပြန်ယူနိုင်တော့မည်ဟု ယူဆခဲ့သည်။ ယခု သူကား အေးခဲနေလေပြီ။ သူ့ထံကို နက်ရှိုင်းသော အကြောက်တရား ရောက်လာသည်။ သူ့ရှေ့မှ ဖြစ်ပျက် သွားသမျှက သူ့အား ကျောက်ရုပ် ဖြစ်သွားစေသည်။

တွမ့်ချီ သေဆုံး သွားသည်။ ရီဝူချင်းက သူ့ကို သတ်ခဲ့သည်။ ရီဝူချင်းက မည်မျှ အားကောင်းသည်၊ တွမ့်ချီကို မည်သို့ သတ်ခဲ့သည်ကို သူ ဂရုမစိုက်ပေ။ သူက ရလဒ်ကိုသာ ဂရုစိုက်သည်။ သည်တိုက်ပွဲကား သူ့အတွက် အလောင်းအစား ဖြစ်သည်။ သည်စိန်ခေါ်ပွဲက သူတို့ ပြိုင်ပွဲ ပထမပိုင်းနှင့် ဒုတိယပိုင်းမှ ရရှိသော အရင်းအမြစ်များ ဖြစ်သည်။ ထိုအရာများက သူ၏ဘဝထက်ပင် အရေးပါသည်။ စိန်ခေါ်ပွဲအား ရှုံးနိမ့်သွားပါက သူ ဘာဖြစ်သွားမည်ကို တစ်ခါမှ မစဉ်းစားမိခဲ့ပေ။ သူ၏အဘိုးက သူ့ကို အလွယ်တကူ ခွင့်လွှတ် ပါတော့မလား…။

ယွန်ယွဲ့ကုန်သည် အုပ်စုခေါင်းဆောင်၏ မျက်နှာက ပျက်ယွင်းနေသည်။ သူတို့ကား အမှန်တကယ် အနိုင်ယူခံလိုက်ရသည်။ ထိုဂုဏ်မောက်သော ဓားသမား တွမ့်ချီကား လက်တစ်ဖက်ပြတ် ဓားသမားထံတွင် အသတ်ခံလိုက်ရသည်။

ပြောကြသည်မှာ တိတ်ဆိတ်လေလေ ထိုလူက ပို၍ အန္တရာယ် များလေလေ ဖြစ်သည်။ ယခင် တိုက်ပွဲများတွင် ယူချင်းနှင့် ရီဖူရှင်းတို့က အရှိန်အဝါ ကြီးကြသည်။ သူတို့နှင့်ယှဉ်လျှင် ရီဝူချင်းကား အလွန်နှိမ့်ချကာ နေသည်။ ထို့ကြောင့်ပင် သူက တွမ့်ချီအား သတ်နိုင်ခဲ့သည်။

“ဘယ်လောက် အံ့အားသင့်ဖို့ ကောင်းတဲ့ တိုက်ပွဲလဲ…” လျှပ်စီးကလန် ခေါင်းဆောင်က မှတ်ချက်ချသည်… “နှစ်တွေ ဒီလောက်ကြာပြီ… ဒီလို အံ့အားသင့်ဖို့ ကောင်းတဲ့ တိုက်ပွဲ မမြင်ဖူးသေးဘူး…” သူကား ယွန်ယွဲ့ကုန်သည် အုပ်စု ရှုံးနိမ့်သည်ကို ပျော်ရွှင်ပုံ ရပေသည်။ အဓိက အင်အားစု လေးခုတွင် ယွန်ယွဲ့ကုန်သည် အုပ်စုကား အင်အား အကောင်းဆုံး ဖြစ်ပေသည်။ လျှပ်စီးကလန်က ယွန်ယွဲ့ကုန်သည် အုပ်စုအား နောက်ဆုံး အနိုင်ရသူဖြစ်ရန် မလိုလားပေက။ လျှပ်စီးကလန် ခေါင်းဆောင်က သူ၏ကလန်က ဝမ်ကလန်ထက် ပိုမိုအားကောင်းသော အုတ်မြစ်ရှိသည်ဟု ယူဆသည်။ ဝမ်ကလန်က တစ်နှစ်အတွင်းတွင် များစွာ တိုးတက် နိုင်သည့်တိုင် သူတို့က လျှပ်စီးကလန်အား ခြိမ်းခြောက်နိုင်စွမ်း မရှိသေးပေ။ ထို့အပြင် ရီဖူရှင်းတို့က ပြင်ပ အကူအညီများသာ ဖြစ်သည်။ ဝမ်ကလန်က ရီဖူရှင်းတို့လို ပါရမီရှင်များ အတွက် လုံလောက်သော ဆွဲဆောင်မှု မရှိသည်ကို သူသိသည်။ သူတို့က ဝမ်မိသားစုဝင်များ မဟုတ်ပါက သူက စိတ်ပူမည် မဟုတ်ပေ။

လျှပ်စီးကလန် ခေါင်းဆောင်၏ စကားကို ကြားလျှင် ကုန်သည်အုပ်စု ခေါင်းဆောင်၏ မျက်နှာက ပိုမို အရှက်ရသွားသည်။ ဝမ်မိသားစုဝင်များ အားလုံး အံ့အားသင့် နေကြသည်။ ဝမ်ယွီရိုက သူမမြင်နေရသည်ကိုပင် မယုံကြည်နိုင်ပေ။

“ဘယ်လောက် ထူးခြားတဲ့ လူငယ်လေးလဲ…” ဝမ်မိသားစု ခေါင်းဆောင်က မှတ်ချက် ချသည်။ သူက ယွန်ယွဲ့ကုန်သည် အုပ်စုဘက်ကို ကြည့်ကာရယ်မောသည်… “တကယ့်ပါရမီရှင်တွေက စိတ်မဝင်စားပေမဲ့ မတတ်သာပဲ တိုက်ခိုက်ခဲ့ရတယ်… တချို့လူတွေက အရှက်ခွဲ ခံချင်ကြတယ်…” သူ၏စကားများက ပါးရိုက်ခံရခြင်းထက်ပင် အရှက်ရစရာ ကောင်းပေသည်။

ရီဖူရှင်းနှင့်​ရီဝူချင်းတို့၏ အပြုအမူများအရ သူတို့က အမှန်တကယ်လည်း တိုက်ခိုက်ရန် စိတ်မဝင်စားသည်ကို အားလုံးက သိကြသည်။ သို့သော် ရှမ်းဟိုင်နှင့် တွမ့်ချီတို့က ထပ်ခါ ထပ်ခါ ရန်စကြသည်။ သူတို့က မတတ်သာဘဲ တိုက်ခိုက်ခဲ့ကြရသည်။ ယခု လူတိုင်းက ရလဒ်ကို မြင်ကြရသည်။ ထို့အပြင် ရှမ်းဟိုင်က မှော်ဆရာဝူနှင့် မိစ္ဆာဓားသမားတို့ကို ရီဖူရှင်းတို့ လေးယောက်နှင့် တိုက်ခိုက်စေသည်။ ထို့ကြောင့်ပင်လျှင် မိစ္ဆာဓားက ရီဝူချင်းထံတွင် တိုက်ရိုက် အသတ်ခံရသည်။

“အဲဒါ မပြီးသေးဘူး…” ထိုအခိုက်တွင် ရှမ်းဟိုင်ကား သူ၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားကာ သူ၏လည်ပင်းသွေး ကြိုးများပင် ဖောင်းပွနေသည်။ မိစ္ဆာဓားက သေဆုံး သွားသော်လည်း လျှို့ဝှက်သော မှော်ဆရာဝူ ကျန်သေးသည်။ သူ့တွင် အနိုင်ရရန် အခွင့်အရေး ရှိသေးသည်။

“သူ့ကို သတ်… မင်း အနိုင်ရရင် ငါက တွမ့်ချီကို ကတိ ပေးထားတာကို မင်းကို ပေးမယ်…” ရှမ်းဟိုင်က မှော်ဆရာဝူကို ဆုံးဖြတ်ချက် ခိုင်မာစွာ ပြောသည်။ မှော်ဆရာဝူက သူ၏နောက်ဆုံး မျှော်လင့်ချက် ဖြစ်သည်။ မှော်ဆရာတူက ရီဝူချင်းကို လျင်မြန်စွာ သတ်နိုင်ပါက သူက ရီဝူချင်းနှင့် ယူချင်းတို့ကို ရင်ဆိုင်ရန် ဖြစ်နိုင်ပေသည်။ ဝမ်ယွီရိုကိုမူကား သူက ထည့်မတွက်ပေ။

ရှမ်းဟိုင်၏ ကတိကိုကြားလျှင် မှော်ဆရာဝူက ရှေ့ကို တက်လိုက်သည်။ သူက အနက်ရောင် ဝတ်စုံကို ဝတ်ထားလျှင် အလွန် လျှို့ဝှက်ဟန်ရသည်။ သူက ရီဝူချင်းကို တစ်ချက် ကြည့်လိုက်လျှင် အနက်ရောင် မီးတောက်များက ရုတ်တရက် ရီဝူချင်း၏ ခန္ဓာကိုယ်အနီးတွင် ဖြစ်ပေါ်လာကာ ရီဝူချင်းထံ တိုးဝင်သွားသည်ကို မြင်ကြရသည်။

ရီဝူချင်းထံမှ ဓားအသိ ဖြစ်ပေါ်လာကာ သူ့ရှေ့တွင် ဓားအရံအတားတစ်ခု ဖြစ်ပေါ်လာသည်။ သေစေနိုင်သော မိစ္ဆာမီးလျှံက ဓားအရံအတားအား တိုက်ခိုက်သည်။ အရံအတားတွင် အခေါင်းပေါက် တစ်ခု ဖြစ်ပေါ်လာသည်။ မိစ္ဆာမီးလျှံက ထိုနေရာမှ တိုးဝင်လျှင် အခေါင်းပေါက်က ပိုမို ကျယ်လာသည်။ ကြောက်မက်ဖွယ် မီးလျှံများက မြန်ဆန်စွာပင် အရံအတားကို လောင်ကျွမ်း ဝါးမျိုကြသည်။ အရံအတားက မကြာမီ ပျောက်ပျက် သွားတော့မည် ဖြစ်သည်။

ရွှီး…

အရံအတားက ရုတ်တရက် အလင်းတန်းများအဖြစ် ပြောင်းလဲသွားကာ ပျောက်ကွယ် သွားသည်။ အလင်းတန်း တစ်ခုစီက မိစ္ဆာမီးအသိ တစ်ခုစီကို ကိုယ်စားပြုသည်။ ရီဝူချင်းက နောက်ဆုတ် လိုက်သည်။ သူက မှော်ဆရာဝူကို ထက်ရှစွာ ကြည့်သည်။ မှော်ဆရာဝူကား မီးဓာတ်အထူးပြု မှော်ဆရာ တစ်ယောက်သာ မဟုတ်ပေ။ မီးလျှံကား အမှန်ပင် မိစ္ဆာဓာတ် နွယ်သည်။ သို့မဟုတ် ထိုအရာက သူ၏ပိုမိုအဆင့်နိမ့်သော တန်ခိုး အဆင့်ကြောင့်လား…။

ရီဝူချင်းတွင် သူ၏ဆရာက ပေးအပ်ထားသော ဓားအသိ ပျော်ဝင်နေသော ဓားခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်။ ထို့ကြောင့် သူ့အား ဓားအသိဖြင့် တိုက်ခိုက်ခြင်းက တွမ့်ချီအတွက် မှားယွင်းခြင်း ဖြစ်သည်။ တွမ့်ချီက သူ့ထက် ပိုမိုအားကောင်းသော ဓားအသိမရှိဘဲ​ သူ့ကို အနိုင်ရရန် မလွယ်ကူပေ။ သို့သော်လည်း မှော်ဆရာဝူ၏တန်ခိုးအဆင့်က သူ့ထက် များစွာမြင့်ကာ ထူးဆန်းသည့် နည်းဖြင့်လည်း တိုက်ခိုက်သည်။ ရီဝူချင်းက ရှုံးနိမ့် သွားနိုင်ပေသည်။

လူအများက ထိုမြင်ကွင်းကို ကြည့်ကာ အံ့အားသင့် ကြရသည်။ ကြည့်ရသည်မှာ မှော်ဆရာဝူက တွမ့်ချီထက် ပိုမို ကြောက်မက်ဖွယ် ကောင်းပုံ ရနေသည်။

ကုန်သည်အုပ်စု ခေါင်းဆောင်၏ မျက်လုံများက အရောင် ဝင်းလက် သွားသည်။ ရှမ်းဟိုင်၏ မျှော်လင့်ချက်ကလည်း ပြန်လည် ရှင်သန်လာသည်။ အနိုင်ရရန် ဖြစ်နိုင်ချေ ရှိလာသည်။

“သူ့ကို သတ်…” ရှမ်းဟိုင်က ပြောသည်။ ရီဝူချင်းကို သတ်နိုင်လျှင် လမ်းက ပိုမို ဖြောင့်ဖြူးပေမည်။

အနက်ရောင်မိစ္ဆာ မီးလျှံများက မရေမတွက်နိုင်သော မြွေများအဖြစ် ပြောင်းလဲသွားကာ ရီဝူချင်းထံသို့ တိုးဝင်လာကြသည်။ ရီဝူချင်း၏ ဓားအသိ မွေးဖွားလာကာ ကောင်းကင်သို့ ထိုးတက်သွားပြီး အရာအားလုံးကို ဖျက်ဆီးတော့မည့်ဟန် ထွက်ပေါ်လာသည်။ သို့သော် ရုတ်တရက် လျှပ်စီးတစ်ချက် ဝင်းလက်သွားကာ မိစ္ဆာမီးလျှံများက အငွေ့ ဖြစ်သွားသည်။

ရီဖူရှင်းက ရီဝူချင်းကို ပြောသည်… “ငါ ကြည့်ရှင်း လိုက်မယ်…” ထိုအရာက ရီဖူရှင်းက ရီဝူချင်းကို မယုံကြည်၍ မဟုတ်ပေ။ တွန့်ချီဖြင့် တိုက်ခိုက်စေခြင်းက ဓားသမား တစ်ယောက်၏ ဂုဏ်သိက္ခာ ဖြစ်သည်။ သူက တိုက်ခိုက်ရန် လိုသည်။ သို့သော် မှော်ဆရာဝူနှင့် ရင်ဆိုင်ရာတွင် ရီဝူချင်း တစ်ယောက်တည်း ဖြေရှင်းရန် သူမလိုလားပေ။

ရီဖူရှင်းအား ကြည့်ကာ ရီဝူချင်းက ခေါင်းညိတ်လျက် နောက်ဆုတ် သွားသည်။ ပရိသတ်များ အံ့အားသင့် သွားကြသည်။ ရီဖူရှင်းက ယုံကြည်မှု လွန်ကဲနေသည်ဟု သူတို့ တွေးထင်ကြသည်။ သူနှင့် ရီဝူချင်းတို့က လက်တွဲ၍ မှော်ဆရာဝူကို တိုက်ခိုက် နိုင်သော်လည်း ယခု သူက တစ်ယောက်တည်း တိုက်ခိုက်ရန် ရွေးချယ်သည်။

“မင်းတို့ အတူတူ တိုက်ခိုက်လို့ ရတယ်…” မှော်ဆရာဝူက တိုးညင်းစွာ ပြောသည်။ သူ၏အသံကို ကြားလျှင် လူအများက အံ့အားသင့်ကြသည်။ မှော်ဆရာဝူကား ပိုမို၍ပင် မောက်မာသည်။ ရီဝူချင်းက တွမ့်ချီကို သတ်ခဲ့သည်။ သို့တိုင်အောင် မှော်ဆရာဝူက မောက်မာနိုင်သေးသည်။ ဆိုလိုသည်က မှော်ဆရာဝူက တွမ့်ချီထက် အားကောင်းသည် များလား…။

မှော်ဆရာဝူ၏ စကားကို ကြားလျှင် ရှမ်းဟိုင်၏ မျက်လုံးများက တောက်ပ လင်းလက်လာသည်။

ရီဝူချင်းက အံ့အားသင့် သွားသော်လည်း သူက မှော်ဆရာဝူကို ပြုံးပြသည်။ သူက ရှမ်းဟိုင်ဘက်ကို လှည့်ကာ ပြောသည်… “ငါက မင်းကို အခွင့်အရေး ပေးမယ်… မင်းက သူနဲ့ အတူတူ တိုက်ခိုက်လို့ ရတယ်…”

“ဘာလဲ…” ပရိသတ်များ ဆွံ့အသွားကြသည်။ သူတို့က ဘယ်သူက ပိုမာနကြီးသည်ကို ပြိုင်ဆိုင် နေကြသည် များလား…။ ကြည့်ရသည်မှာ သူတို့က ပြိုင်ဘက်ကို အလေးအနက် ထားသည့်ပုံစံကို မရှိကြပေ။

“ဒါက မင်းရဲ့ သဘောထားပဲ… လူတိုင်းက မင်းပြောတာကို ကြားတယ်… နောက်မှ နောင်တမရနဲ့…” ရှမ်းဟိုင်က သည်အခွင့်အရေးကို လက်လွှတ်မခံနိုင်ပေ။ သူက ရှေ့ထွက်ကာ စင်မြင့်ပေါ်သို့ တိုက်ရိုက် တက်လာသည်။

“သေချာတာပေါ့…” ရီဖူရှင်းက ခေါင်းညိတ်ကာ ရှေ့ကို တက်လိုက်သည်။ သူက ရှေ့ကို တက်လိုက်သည်နှင့် တစ်ပြိုင်နက် သေမင်းချုပ်နှောင် တိုက်ကွက် ထွက်ပေါ်လာသည်။ ရွှေရောင်နွယ်ပင်များက မှော်ဆရာဝူထံသို့ တိုးဝင် သွားကြသည်။

မှော်ဆရာဝူက သူ၏ခေါင်းကို မော့လိုက်သည်။ သူ၏ မျက်လုံးထဲမှ အနက်ရောင် မီးလျှံများ လင်းလက် သွားသည်။ ရုတ်တရက် နွယ်ပင်များအား မီးလျှံများ ရစ်ပတ်သွားသည်။ သည်ကဲ့သို့ တိုက်ကွက်မျိုးအား ရင်ဆိုင်ခြင်းက သူ့အတွက် လွယ်ကူလွန်းလှသည်။

နွယ်ပင်များက မရေမတွက်နိုင်အောင် ပေါ်လာနေသည်။ ထိုအတူ မီးလျှံများကလည်း ကောင်းကင်တွင် ပင်လယ်ကြီးအလား နေရာအနှံ့ ဖြစ်ပေါ်လာနေသည်။ မှော်ဆရာဝူ မထင်မှတ်ထားသည်ကား မီးလျှံများက နွယ်ပင်များကို တားဆီးနိုင်ခြင်း မရှိသည်ကိုပင်။ သူက လျင်မြန်စွာပင် သူ့ထံကို ရောက်ရှိလာသော နွယ်ပင်များကို ရှောင်တိမ်း လိုက်သည်။ သူ၏ မျက်လုံးက ပိုမို ထက်ရှသွားကာ များစွာသော ရွှေရောင်နွယ်ပင်များ လောင်ကျွမ်း ကြသည်။ သို့သော်လည်း သူ မီးမြှိုက်ရန် နွယ်ပင်များ များစွာ ကျန်သေးသည်။

ဟူး…

လေပြင်းများ ထလာသည်။ အနက်ရောင် မီးလျှံများ လောင်ကျွမ်းနေသော ကျီးကန်းအုပ်တစ်အုပ် ထွက်ပေါ်လာကာ အရပ်မျက်နှာ အားလုံးကို ပြန့်ကျဲကာ ပျံသန်း သွားကြသည်။ ကျီးကန်းများ ပျံသန်းသွားရာ နေရာမှန်သမျှ နွယ်ပင်များအားလုံး လောင်ကျွမ်း ပြာကျသွားရသည်။

အနက်ရောင် ကျီးကန်း တစ်ကောင်မူကား ကောင်းကင်တွင် မှော်ဆရာဝူ၏ ပုံစံအဖြစ် ပြန်လည် ပြောင်းလဲသွားကာ ရီဖူရှင်းကို ငုံ့ကြည့်သည်။ ကြောက်မက်ဖွယ် မျက်လုံးအစုံက ရီဖူရှင်းအား စိုက်ကြည့်လျှင် ချက်ချင်းပင် ရီဖူရှင်း၏ ခန္ဓာကိုယ်ကို အနက်ရောင် အငွေ့အသက်များ ရစ်ပတ်လာသည်။

“လောင်ကျွမ်းစမ်း…” မှော်ဆရာဝူက အေးစက်စွာ ပြောသည်။

သို့သော်လည်း ရီဖူရှင်း၏ စိတ်စွမ်းအားက လောင်ကျွမ်းသွားခြင်း မရှိပေ။ သူက မှော်ဆရာဝူအား ထူးမခြားနားစွာ ကြည့်သည်။ မှော်ဆရာဝူက သူ့ကို စိတ်ဝိညာဉ် တိုက်ခိုက်မှု တိုက်ခိုက် လိုက်သည်လား…။ ကြည့်ရသည်မှာ မှော်ဆရာဝူက သူ၏စွမ်းရည်ကို ကောင်းကောင်း ဖုံးကွယ်ထားခဲ့သည်။ ဘယ်လောက် ကြောက်စရာ ကောင်းတဲ့လူလဲ…။

ထိုအချိန်တွင် ဧရာမ ကျီးကန်းနက်ကြီး တစ်ကောင် မှော်ဆရာဝူ၏ နောက်တွင် ပေါ်လာသည်။

“ဒါက မင်းနဲ့ မဆိုင်ဘူး… မင်း မလာခဲ့သင့်ဘူး…” ရီဖူရှင်းက အေးစက်စွာ ပြန်ပြောသည်။ သူ၏ မျက်လုံးတွင် လျှပ်စီး အလင်းတစ်ချက် လက်သွားသည်။ သူတို့နှစ်ဦးက မျက်လုံးချင်း ရင်ဆိုင်မိလျှင် မှော်ဆရာဝူက လျှပ်စီးနှင့် ထိရိုက်ခံရသလို တုန်ယင် သွားသည်။

လျှပ်စီးများ စုစည်းလာကာ ကောင်းကင်ကို တိမ်မဲများ ဖုံးလွှမ်းလာသည်။ ထိုနောက် အရှိန်အဝါ ကြီးမားသော လျှပ်စီးကြောင်း တစ်ခုက အက်ကွဲသံများ ပေးကာ မှော်ဆရာဝူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသည်။ မှော်ဆရာဝူ၏ အနီးမှ မဆုံးနိုင်သော ကျီးကန်းနက်များ အားလုံး အစိတ်အစိတ် ကွဲကြေ ကြသည်။ သူ့တွင် ရှိရှိသမျှသော စွမ်းအင်များဖြင့် ကာကွယ်လျှင်ပင် သူက မလွတ်မြောက်နိုင်ပေ။

မှော်ဆရာဝူ၏ မျက်နှာက အကြီးအကျယ် ပျက်နေသည်။ သည်အရာက မည်သို့သော စွမ်းအင်မျိုးနည်း…။

ဘုန်း…

လျှပ်စီးက ကမ္ဘာမြေကို ဖျက်ဆီးတော့မည့်အလား ဆင်းသက် လာသည်။ လျှပ်စီးနတ်ဘုရား တိုက်ကွက်ကို ထုတ်လွှတ်လျှင် သူ၏ ဖျက်ဆီးအား ကောင်းသော လျှပ်စီး အလင်းတန်းက ချိန်းကြိုးပုံစံဖြင့် မှော်ဆရာဝူ၏ခန္ဓာကို ရိုက်နှက်သွားသည်။ သူ၏စိတ်နှင့် ခန္ဓာနှစ်ခုလုံး ပြင်းထန်စွာ ဒဏ်ရာရ၏။

နောက်ထပ် အနက်ရောင် ကျီးကန်းတစ်ကောင် ပေါ်လာသည်။ မှော်ဆရာဝူ၏ မျက်လုံးက အလွန်အမင်း အေးစက်နေသည်။ သို့သော် လျှပ်စီးက ထပ်မံ၍ ဆင်းသက် လာပြန်ကာ ကျီးကန်းနက်နှင့် မှော်ဆရာဝူ နှစ်ယောက်လုံးကို ထွင်းဖောက် သွားသည်။ မှော်ဆရာဝူ၏ ခန္ဓာက ပြင်းထန်စွာ တုန်ယင်သွား၏။

ထိုအခိုက်တွင် ရီဖူရှင်းက ရှေ့ကို လျှောက်သွားသည်။ သူ၏ မျက်လုံးများက သိပ်ထူးခြားဟန် မရပေ။

ထိုမြင်ကွင်းကို ကြည့်ကာ လူအားလုံး၏ မျက်နှာများ ပြာနှမ်း သွားကြသည်။ ရီဖူရှင်း၏ မှော်စွမ်းအင်ကား အားကောင်းလွန်းရကား တန်ခိုးအဆင့်ကိုပင် ကျော်ဖြတ်နိုင်သည်။ ထိုအရာက ရှမ်းဟိုင်၏ ခန့်မှန်းချက်ကို သွေဖည်သွားသည်။ သူက ရီဖူရှင်းထံသို့ မြန်ဆန်စွာ ပြေးဝင်သွားသည်။ လွန်စွာ ကြမ်းတမ်း ရုန့်ရင်းသော စွမ်းအင်များ သူ့ထံမှ မွေးဖွားလာသည်။ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအင်များ သူ့ထံတွင် စုစည်း လာနေသည်။

“သတိထား…” ဝမ်ယွီရိုက ရီဖူရှင်းကို သတိပေးသည်။

ရီဖူရှင်းက လက်မြှောက်လိုက်လျှင် သူ၏လက်တွင် နှင်တံတစ်ချောင်း ပေါ်လာသည်။

“မင်းသေရမယ်…” ရှမ်းဟိုင်က လေထဲမှ ဆင်းသက်လာသည်။ လွန်စွာ အားကောင်းသော ဖျက်ဆီးအား ကောင်းသော လက်ဝါးပုံရိပ်က ရီဖူရှင်းထံကို ဦးစွာ ရောက်လာသည်။ ဝမ်မိသားစုဝင်များ အားလုံး ရင်ထိတ် သွားကြသည်။ ရီဖူရှင်းက အဘယ်ကြောင့် ဤမျှ ဂရုမစိုက်ရသနည်း…။ ပုံမှန်အားဖြင့် မှော်ပညာရှင် တစ်ယောက်က သည်မျှ နီးကပ်သော တိုက်ခိုက်မှုကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

ဘုန်း…

ရီဖူရှင်း၏ ခန္ဓာကိုယ်က လေထဲတွင် လှည့်ပတ်သွားသည်။ ထူးဆန်းသော ဟန်ချက်နှင့်အညီ သူ၏ခန္ဓာကိုယ်အား လျှပ်စီးစွမ်းအင်များ လှည့်ပတ်သွားသည်။ ကောင်းကင်တွင် လျှပ်စီးနဂါးတစ်ကောင် ပေါ်လာဟန်ရကာ လူဝံကြီးအလား မာန်သွင်းသည်။ နောက်ဆုံးတွင် ကြီးစွာသော ဟန်ချက်အားနှင့်အတူ ရီဖူရှင်းက သူ၏နှင်တံအား တိုးဝင်လာသော ရှမ်းဟိုင်အား ဆီးရိုက်လိုက်သည်။

ဘန်း… ရှမ်းဟိုင်၏ ခန္ဓာကိုယ်က  အလင်းတန်းအလား ပြင်းထန်သော အရှိန်ဖြင့် စင်မြင့်ပေါ်သို့ ပြင်းထန်စွာ ကျသည်။

ဘုန်း…

နောက်ထပ် ရိုက်ချက်နှင့်အတူ မှော်ဆရာဝူ၏ ခန္ဓာကိုယ်ကလည်း အဝေးကို လွင့်စဉ် သွားသည်။ ထို့နောက် ရီဖူရှင်းက သူ၏ နှင်တံနှင့်အတူ ဆင်းသက် လာသည်။ ကျယ်လောင်စွာ မြည်ဟည်းသံနှင့်အတူ စင်မြင့်က ပြင်းထန်စွာ တုန်ခါသွားသည်။

ရီဖူရှင်းက ရှမ်းဟိုင်၏ဘေး မြေပြင်ကို တစ်ချက် ထပ်ရိုက်ချလိုက်ခြင်း ဖြစ်သည်။ ရှမ်းဟိုင်၏ တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ယင်နေသည်။ ထိုရိုက်ချက်က သူ့အား သေလုနီးပါး ဖြစ်အောင် ကြောက်ရွံ့ ထိတ်လန့်စေသည်။

“ဒါ မင်း လိုချင်တာလား… မင်း အခု ကျေနပ်ပြီလား…” နှင်တံ ပျောက်ကွယ် သွားသည်။ ရီဖူရှင်းက ရှမ်းဟိုင်၏ ဘေးတွင် ရပ်ကာ သူ့အား အထင်သေးစွာ ကြည့်သည်။ ထို့နောက် သူက နောက်လှည့်က တစ်ဖက်ကို လှည့်ထွက် သွားသည်။

ကုန်သည်အုပ်စု ခေါင်းဆောင်က သူ့နေရာမှ ထရပ်သည်။ သူ၏လက်က တုန်ယင်နေသည်။ ကုန်သည်အုပ်စုက ထိုမျှ ဆိုးရွားသောပုံစံဖြင့် ရှုံးနိမ့်ခဲ့ရသည်။

ဝမ်မိသားစု ခေါင်းဆောင်လည်း ထရပ်သည်။ ရီဖူရှင်းအား ကြည့်ကာ သူက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။ ရီဖူရှင်းကား အလွန် သန်မာကာ စွမ်းအားကြီးသည်။ သူက ဝမ်မိသားစုဝင် မဟုတ်သည်က စိတ်မကောင်းစရာပင်။

လျှပ်စီးကလန်နှင့် ဖန်းမိသားစုတို့ အားလုံးလည်း ထိုသို့ တွေးမိကြသည်။ သည်ပြိုင်ပွဲတွင် ဝမ်မိသားစုက အကျိုးအမြတ် အများဆုံး ရသွားသည်။ အဓိက အကြောင်းအရာကား မှော်ဆရာဝူအား အားကောင်းသော မှော်စွမ်းအင်နှင့် အနိုင်ယူကာ ရှမ်းဟိုင်အား နှင်တံတစ်ချောင်းဖြင့် မချိမဆံ့ဖြစ်အောင် ရိုက်နှက်ခဲ့သော လူငယ် တစ်ယောက်ကြောင့် ဖြစ်သည်။

နှစ်များစွာ ကြာအောင် ယွန်ယွဲ့မြို့က ထိုထိတ်လန့် ကြောက်မက်ဖွယ် တိုက်ပွဲအား မှတ်မိနေကြဦးမည် ဖြစ်သည်။ ရီဖူရှင်းအား ကျော်နိုင်မည့်လူ ရှိမည် မထင်ပေ။ အဆင့်တူ မဟုတ်လျှင်ပင် ရီဖူရှင်းက ပြိုင်ဘက်ကို အလွယ်တကူ အနိုင်ယူ နိုင်သေးသည်။ ထိုလူငယ်သုံး​ယောက်က ပြိုင်ဘက်ကင်း စွမ်းရည်ကို ပြသခဲ့သည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset