သူကား ချက်ချင်း ရှုံးနိမ့်သွားရသည်။ အဘိုးအို၏ သွေးများ ဆူပွက်လာသည်။ သူက အလွန် အရှက်ရသည်။ အတန်းအစားနိမ့် ကလန်…။ သူကား ဆိုးရွားစွာ ရှုံးနိမ့်ခဲ့ရသည်။
နဂါး၏ကျောပေါ်မှ ဆွဲဆောင်မှုရှိသော လူငယ်က ဂူတုံးလျိုကို ကြည့်သည်… “ကျုပ်က မြေရိုင်းဒေသက နန်ထျန်း အိမ်တော်ကပဲ… ခင်ဗျားက ကျုပ်အိမ်တော်ကို ဝင်ရောက်မယ်ဆိုရင် ကျုပ်က ခင်ဗျားကို ကောင်းကောင်း ထားပေးမယ်…” သူက ဂူတုံးလျိုအား ခေါ်သွားလိုသည်။ ဤနေရာက အရှေ့မြေရိုင်း ဒေသတွင် တန်ခိုးကျင့်ရာ ကောင်းကင်ဘုံအဖြစ် လူသိများသည်။ ထို့ကြောင့် တချို့ ရှားပါးကာ ထူးချွန်သော လူတချို့ ရှိနေသည်မှာ မထူးဆန်းပေ။
ထို့ကြောင့် သူက ဂူတုံးလျိုအား နန်ထျန်းအိမ်တော်ကို ဝင်ရောက်ကာ သူ့နောက်လိုက် ဖြစ်စေလိုသည်။ ဂူတုံးလျိုသာ သူ့နောက်ကို လိုက်လိုပါက အနာဂတ်တွင် သူ့အား အကူအညီများစွာ ဖြစ်ပေမည်။ မည်သို့ဆိုစေ သူ့မိသားစုတွင်လည်း ပြိုင်ဆိုင်မှု ပြင်းထန်ပေသည်။ သူ၏ နောက်လိုက်များနှင့် စွမ်းအားမြင့် တန်ခိုးရှင်များအား ရင်ဆိုင်စေခြင်းက ရှက်စရာ မဟုတ်ပေ။
“နန်ထျန်းအိမ်တော်က မိသားစုကလန် ဖြစ်တယ်… မင်းက တန်ခိုးကျင့်ဖို့အတွက် ထိုက်ချွန်တောင်ကို လာလို့ရတယ်…” နောက်ထပ် စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က ပြောသည်။ ဂူတုံးလျိုက ရှေးဟောင်း သင်္ကေတကိုးခုကို ဆင့်ခေါ်နိုင်ကာ ထူးခြားသော သက်စောင့်ဝိညာဉ်ကို ပိုင်ဆိုင်သည်။ သူ့လိုလူက ဖိတ်ခေါ်ခံရရန် ထိုက်တန်ပေသည်။
“ရှင်က လူသားကမ္ဘာကို မဝင်ချင်ဘူးလား….” ယာဉ်ပျံပေါ်မှ လှပသော မိန်းကလေးက မေးသည်။ သူမ၏အင်အားစုက လူသားကမ္ဘာဟု ခေါ်သည်။
မြေပြင်မှ ကျောင်းတော်မှ လူများအားလုံးက ထူးဆန်းသော အမူအရာများ ဖြစ်နေကြသည်။ သူတို့က ဂူတုံးလျိုအား ဖိတ်ခေါ်နေကြ သော်လည်း ဂူတုံးလျိုက မည်သို့သောလူ ဖြစ်သနည်း။
သူကား ကော့တေး၏ တတိယ တပည့်ဖြစ်ကာ အရှေ့မြေရိုင်းတစ်ခွင် လျှမ်းလျှမ်းတောက် ကျော်ကြားသူ ဖြစ်သည်။ သူတို့က မြေရိုင်းဒေသ၏ အင်အားကြီး ကလန်များ ဖြစ်လျှင်ကော အဘယ်အရေးနည်း။
ကျောင်းတော်က ကော့တေးအား သဘောမကျခြင်းက ကော့တေးမှ တပည့်များအား လေးစား အထင်ကြီးခြင်း မရှိဟု မဆိုလိုပေ။ အထူးသဖြင့် ပထမ တပည့်သုံးယောက် တည်ရှိမှုက သူတို့အတွက် ဒဏ္ဍာရီသဖွယ် ဖြစ်တည်ခြင်းဟု ပြော၍ရသည်။
နန်ထျန်းအိမ်တော်မှ စွမ်းအားမြင့် တန်ခိုးရှင်များက တစ်ချက်တည်းနှင့်ပဲ ရှုံးနိမ့်ခဲ့သည်။
“ရှုံးတဲ့လူတွေက ဘယ်လို ယုံကြည်ချက်မျိုး ရှိနေတာလဲ…”
“ရှုံးတဲ့လူတွေက ဘယ်လိုလုပ် မောက်မာနိုင်ရတာလဲ…. အတန်းအစားနိမ့် ကလန်က လူတွေက ဒီလိုပဲလား….”
ကျောင်းတော်သားများက တီးတိုးပြောကြသည်။ နန်ထျန်းအိမ်တော်မှ လူငယ်၏ လေသံကို သူတို့က သဘောမကျကြပေ။ ထိုလူများက ဂူတုံးလျိုကို ဖိတ်ခေါ်ခြင်းက သူတို့ကိုယ်သူတို့ လွန်စွာ ယဉ်ကျေးနေပြီဟု ထင်ကြမည် ဖြစ်သော်လည်း အမှန်တကယ်အားဖြင့် စော်ကားခြင်းသာ ဖြစ်သည်။
တကယ်လို့ ခင်ဗျားက ကျုပ်အိမ်တော်ကို ဝင်မယ်ဆိုရင် ခင်ဗျားကို ကောင်းကောင်း ထားမယ်….။
သူတို့က ဂူတုံးလျိုကို မည်သို့ သဘောထား သနည်း။ သူတို့က ဂူတုံးလျိုအား သက်တော်စောင့် ဖြစ်စေလိုကြသည်။ ဘယ်လောက် ရယ်စရာ ကောင်းလိုက်သလဲ…။
နန်ထျန်းအိမ်တော်မှ စကားပြောသူ လူငယ်၏နောက်တွင် နောက်ထပ် အသက်နှစ်ဆယ် အရွယ် လူငယ်တစ်ယောက် ရှိသေးသည်။ မြေပြင်မှ လူများ၏ ဆွေးနွေး ပြောဆိုမှုများကို ကြားသောအခါ သူ၏မျက်လုံးများက အေးစက်သော အငွေ့အသက်များ ဖြတ်ပြေး သွားသည်။
အရှေ့မြေရိုင်းဒေသမှ ထို အတန်းအစားနိမ့် ကလန်များက နန်ထျန်း အိမ်တော်ကို လေးစားခြင်း မရှိကြပေ။ သူတို့က ပြင်ပလောကကြီးနှင့် အမှန်ပင် သီးခြား ဖြစ်နေကြသည်။
သူ၏ခန္ဓာကိုယ်က လျှပ်တစ်ပြက် မြေပြင်ပေါ်ကို ဆင်းသက်လာသည်။ သူ၏ခန္ဓာကိုယ်မှ အကာနာအဆင့် ကိုယ်ရောင်ကိုယ်ဝါ ထွက်လာကာ သူက ကြေညာသည်… “ကျုပ်က အဆင့်နိမ့်အကာနာပဲ… တန်ခိုးကျင့်တဲ့ ကောင်းကင်ဘုံက လူတွေက ဘယ်လိုလဲဆိုတာ ကျုပ်သိချင်တယ်….” သူ၏နာမည်အား ထုတ်မပြောပေ။ ဤနေရာမှ လူများက သူ၏နာမည်ကို ထုတ်ပြော ရလောက်အောင် မထိုက်တန်ဟု သူယူဆသည်။ ထိုလူများက နန်ထျန်း အိမ်တော်အား မလေးစားရာ သူက အမှန်တကယ်အားဖြင့် သင်ခန်းစာပေးလိုသော ရည်ရွယ်ချက်ဖြင့် ထွက်လာခြင်း ဖြစ်သည်။
လင်းလက် တောက်ပသော အလင်းများနှင့်အတူ ထိုလူငယ်၏ ခန္ဓာတွင် နတ်ဘုရား ချပ်ဝတ်အင်္ကျီတစ်စုံ ဖြစ်ပေါ်လာသည်။ ထို့နောက် သူက ကျောင်းတော်သားများ ရှိနေရာသို့ လျှပ်စီးအလား တိုးဝင်သွားသည်။ ကျောင်းတော်မှ တပည့်များ၏ မျက်လုံးများက ထက်ရှသွားကြသည်။ တစ်ယောက်က ရှေ့ကို တက်သွားကာ လေထဲကို ခုန်တက်သွားသည်။ နန်ထျန်း အိမ်တော်က မည်မျှ အားကောင်းသည်ကို သူသိလိုသည်။
တောက်ပသော အလင်းများက လူတိုင်း၏အာရုံကို ဆွဲခေါ်သွားသည်။ ကျောင်းတော်၏ တပည့်က သူ၏လက်ကို ဝှေ့ယမ်းကာ မှော်တိုက်ကွက်ကို ထုတ်သည်။ ရွှေရောင် အလင်းများက နယ်ခြားမှ လူငယ်ထံသို့ ဓားသွားများအလား တိုးဝင်သွားသည်။ သို့သော်လည်း နန်ထျန်းအိမ်တော် လူငယ်က မရှောင်ပေ။ သူက ကောင်းကင်မှ လမ်းလျှောက် လာသည်။ မရေမတွက် နိုင်သော ဓားသွား အလင်းတန်းများအား သူက နင်းခြေ၍ သော်လည်းကောင်း သည်အတိုင်း ဖြတ်ကျော်သွား၍ သော်လည်းကောင်း လျှောက်လာနေသည်။ သူကား လွန်စွာ အရှိန်အဝါ ကောင်းလွန်း လှသည်။
တိုက်ကွက်အား ချေဖျက်ရင်းက သူက ဆက်လက် လျှောက်လာနေသည်။ ကျောင်းတော်၏ တပည့်အနီးမှ သဘာဝ စွမ်းအင်များက လှုပ်ခတ်သွားသည်။ မဆုံးနိုင်သော ရွှေရောင် သဘာဝ စွမ်းအင်များကို သူက စုစည်းလိုက်သည်။ သို့သော်လည်း သူက မှော်တိုက်ကွက် မထုတ်လွှတ်ရမီမှာပင် တစ်ဖက်လူ ရောက်ရှိလာသည်။ ကျောင်းတော်မှ တပည့်၏အမူအရာ ပြောင်းလဲ သွားသည်။ သဘာဝ စွမ်းအင်များက ရွှေရောင်လှံတံအဖြစ် ပြောင်းလဲသွားကာ တစ်ဖက်လူထံသို့ တိုးဝင်သွားသည်။
အက်ကွဲသံတစ်သံ ကြားရသည်။ ခြေထောက်တစ်ဖက် ကျဆင်းလာကာ လှံတံက အလယ်မှ ကျိုးသွားသည်။ ကျောင်းတော်၏တပည့်က နောက်ဆုတ်ရန် ကြိုးစားသော်လည်း အချိန်မရတော့ပေ။ ခြေထောက်က သူ၏ရင်ဘတ်ပေါ်ကို ဆက်လက် ကျဆင်းလာကာ သူ့အား အဝေးကို လွင့်စဉ် သွားစေသည်။
“အရှေ့မြေရိုင်းဒေသရဲ့ တန်ခိုးကျင့်တဲ့ ကောင်းကင်ဘုံတဲ့လား…” လူငယ်က အထင်သေးစွာ ပြောသည်။ သူ၏ခန္ဓာကိုယ်မှ ငွေရောင် အလင်းများက တကယ့်နတ်ဘုရားများ ဝတ်ဆင်သော သိဒ္ဓိဝင် ချပ်ဝတ်အင်္ကျီနှင့် ဆင်တူလှသည်။ သူက မှော်တိုက်ကွက်အား ခြေထောက်ကန်ချက် တစ်ခုတည်းဖြင့် ဖျက်ဆီးနိုင်သည်။ သူကား အလွန် အားကောင်း ပေသည်။
ဘုန်း… စာအုပ်တောင်မှ လူငယ်များ တစ်ယောက်ပြီး တစ်ယောက် လေထက်ကို တက်လာကြသည်။ သူတို့က လေဓာတ်များကို သုံးထားကြရာ လွန်စွာ မြန်ဆန်ကြသည်။
လူငယ်က သူတို့အား ကြည့်သည်။ ထို့နောက် သူက လျှပ်တစ်ပြက် ကျောင်းတော်သား တစ်ယောက်ထံကို တိုးဝင်သွားသည်။ ထို့နောက်တွင် ကျောင်းတော်မှ လူငယ်များက တစ်ယောက်ပြီး တစ်ယောက် မြေပြင်ပေါ်ကို ပြန်ကျသည်။ အဆင့်နိမ့် အနာကာ အတွင်းတွင် မည်သူမှ သူ့ကို မယှဉ်နိုင်ပေ။
“သူ့ရဲ့ နည်းစနစ်တွေက ထူးဆန်းပြီးတော့ သူ့မှာ အံ့အားသင့်ဖွယ် ကောင်းတဲ့ သက်စောင့်ဝိညာဉ် ရှိတယ်…. အဲဒါက နတ်ဘုရား ချပ်ဝတ်တန်ဆာလိုပဲ…” ကျောင်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က ပြောသည်။ လူငယ်က နန်ထျန်းအိမ်တော်၏ တိုက်ရိုက် မျိုးဆက်မှ ဖြစ်ရပေမည်။ သူက လွန်စွာ အားကောင်းသည်မှာ မထူးဆန်းပေ။
ထိုအခိုက်တွင် နောက်တစ်ယောက် လေထဲကို တက်သွားသည်။ သူက ရှောင်ဝူကျိ ဖြစ်သည်။ ကျောင်းတော်၏ တပည့်များထဲမှ အဆင့်နိမ့် အကာနာထဲတွင် သူက အားအကောင်းဆုံး ဖြစ်သည်။
ဓာတ်စွမ်းအင်မျိုးစုံ နိုဘယ်အသိက ရှောင်ဝူကျိအား စီးဆင်းနေသည်။ သူတို့နှစ်ယောက်က လေထဲတွင် တစ်ယောက်နှင့် တစ်ယောက် ရင်ဆိုင် တွေ့ကြ၏။
ထိုတိုက်ပွဲက အလွန် ပြင်းထန်သည်။ စွမ်းအားမြင့် တန်ခိုးရှင်များက စိတ်ရှည်စွာ စောင့်နေကြသည်။ ဤနေရာက အရှေ့မြေရိုင်းဒေသ၏ အင်အားကောင်းဆုံး နေရာဖြစ်သည်။ ရှောင်ဝူကျိအားမြင်လျှင် ဤနေရာတွင်လည်း ပါရမီရှင်တချို့ ရှိသည်ကို သိလိုက်ကြသည်။ ကျောင်းတော်မှ ဤလူငယ်ကား အတော် ထက်မြက်သည်။
နန်ထျန်းအိမ်တော်မှ လူငယ်ကား သူတို့မိသားစု၏ လူငယ်မျိုးဆက်ထဲတွင် အတော်ဆုံး ဆယ်ယောက် စာရင်းဝင်ဖြစ်သည်။ အဓိက မျိုးဆက်၏ တပည့်တစ်ယောက် အနေဖြင့် သူသုံးသော နည်းစနစ်နှင့် သက်စောင့်ဝိညာဉ်များက အလွန် အသာစီးရပေသည်။ အရှေ့မြေရိုင်း ဒေသမှ တစ်ယောက်က သူ့အား ဤမှလောက်အထိ တိုက်ခိုက် ပေးနိုင်သည်မှာ အံ့အားသင့်ဖွယ်ရာပင်။
နန်ယွီက တဖြည်းဖြည်း ပိုမို အားကောင်းလာသည်။ မဆုံးနိုင်သော ငွေရောင် အလင်းများ သူ့ကို စီးဆင်းနေသည်။ သူ၏လက်ထဲတွင် ငွေရောင်လှံရှည် တစ်လက် ပေါ်လာသည်။ သူ၏ လှံနည်းစနစ်များက တိကျကာ ကျယ်ပြန့်သည်။ သူ၏ လှုပ်ရှားမှုတိုင်းတွင် လေဓာတ် သဘာဝများ ပါဝင်သည်။ ရှောင်ဝူကျိက လေဓာတ်ဖြင့် ရှောင်ရန် ကြိုးစားသည့်တိုင် နောက်ဆုံးတွင် လှံချက် တစ်ချက်ကြောင့် ရှောင်ဝူကျိက နောက်ဆုတ်ရ၏။
“ဘယ်လောက် တိကျတဲ့ လှံနည်းစနစ်လဲ…” ကျောင်းတော်မှ လူများ၏ မျက်လုံးများက ထက်ရှသွားသည်။ သူတို့တွင် ထိုမျှ ကောင်းမွန်သော လှံနည်းစနစ် မရှိပေ။ လေနှင့်တိမ်က လှံနှင့်အတူ လိုက်ပါ စီးဆင်းကြကာ လေထုကို ထိန်းချုပ်သော အားလှိုင်းကို ဖြစ်ပေါ်စေသည်။ တိုက်ခိုက်မှုက အဟန့်အတား မရှိဘဲ ချောမွေ့လွန်းလှသည်။
“နောက်ဆုံး ပါရမီပါတဲ့ တစ်ယောက်တော့ ပေါ်လာသေးတာပဲ….” နန်ယွီက ရှောင်ဝူကျိအား အေးစက်စွာ ပြောသည်။
ဘုန်း …
ဘုန်း … သူက ထိုသို့ ပြောလျှင် မြေပြင်က တုန်ခါသွားသည်။ နောက်တစ်ယောက်က လေထဲကို ရုန့်ရင်းစွာ တက်ရောက်သွား၏။
“ကော့တေး…”
ကျောင်းတော်မှ တပည့်များက မော့ကြည့်ကြသည်။ ပေါ်လာသူကား ကော့တေးမှ ယူချင်းဖြစ်သည်။ သူက မျက်လုံးများ အေးစက်လျက် နန်ယွီထံကို တိုက်ရိုက် လှမ်းသွားသည်။ နန်ယွီက သူ့ကို စိတ်ဝင်စားစွာ ကြည့်သည်။ ဤလူငယ်၏ ကိုယ်ရောင် ကိုယ်ဝါက လွန်စွာ ကြမ်းတမ်း ခက်ရော်သည်။
“ယူချင်း…ပြန်လာခဲ့…” ရီဖူရှင်းက ခေါ်သည်။ ယူချင်းက ရုတ်တရက် ရပ်လိုက်ကာ ရီဖူရှင်းကို မလိုလားစွာ ကြည့်သည်။ သူ၏ မျက်လုံးများက ရီဖူရှင်းအား သူ့ကို အဘယ်ကြောင့် ရပ်ခိုင်းရသနည်း မေးနေသည်။
ထိုလူများက လွန်စွာ ရိုင်းစိုင်းကာ ရီဖူရှင်းကို ခေါ်သွားလိုကြသည်။
ရီဖူရှင်းက သူ့အား ကြည့်သည်။ ယူချင်း၏ မဆင်မခြင် တိုက်ခိုက်မှုကြောင့် ဘာမဆို ဖြစ်သွား နိုင်ပေသည်။ ထိုလူငယ်က နောက်ခံအားကောင်း လှသည်။ သူသာလျှင် ဒဏ်ရာ ပြင်းထန်စွာ ရလျှင် ထိုအရာက ပြဿနာ ဖြစ်သွား နိုင်ပေသည်။ သူက ယူချင်းအတွက် တွေးရန် လိုပေသည်။
“နန်ထျန်းအိမ်တော်ရဲ့ တန်ခိုးအဆင့်ကို အရှေ့မြေရိုင်းဒေသက လူတွေနဲ့ နှိုင်းယှဉ်လို့ မရဘူး… ခင်ဗျားက ခုနက တိုက်ပွဲကို မြင်တာပဲ… ကျုပ်တို့ဆီကို ဝင်ရောက်ဖို့ စိတ်မဝင်စား ဘူးလား….” နဂါးပေါ်မှ နန်ဖန်းက ပြောသည်။ သူက လူငယ်မျိုးဆက်မှ အတော်ဆုံး သုံးယောက်ထဲ တစ်ယောက် ဖြစ်သည်။ နိုဘယ်များက ကောင်းကင် တောင်ကို မတက်နိုင်ရာ သူတို့က လူငယ်မျိုးဆက်ထဲမှ အတော်ဆုံး လူများကိုသာ စေလွှတ်ခဲ့ကြသည်။
ကျောင်းတော်မှ လူများက မသက်မသာ ခံစားကြရသည်။ ဂူတုံးလျိုက ပြန်ဖိသော်လည်း သူတို့က အရှက်ခွဲခံနေရဆဲ ဖြစ်သည်။
“စိတ်မဝင်စားဘူး…” ဂူတုံးလျိုက အေးစက်စွာ ပြောသည်။
“ကောင်းပြီ…” နန်ဖန်းက ခေါင်းညိတ်ကာ ရီဖူရှင်းအား ကြည့်သည်…” ကျုပ်က သူ့ကို ခေါ်သွားဦးမှာပဲ… ကျုပ်တို့က သူ့ကို တောင်ပေါ်ကိုကိုပဲ ခေါ်သွားမှာ… သူ့ကို ဒဏ်ရာရအောင် မလုပ်ဘူး…”
ရီဖူရှင်းနှင့် ချင်ယွီတို့၏ စကားများက ကိုက်ညီပေသည်။ သူတို့က မလိမ်ညာကြပေ။ အူကီယိုက ကောင်းကင် တောင်တွင် အမှန်တကယ် ရှိကာ ရီဖူရှင်းက သင်ယူနိုင်ခြင်းမရှိဟု သူယုံကြည်သည်။
“အချိန်မရှိဘူး…” ဂူတုံးလျိုက ပြောသည်။ နန်ဖန်းက မျက်မှောင်ကုတ် လိုက်ကြသည်။ ဤလူကား သူတို့၏ သဘောထား ကောင်းမွန်မှုကို အလေးမထားပေ။
ကောင်းကင်မှ စွမ်းအားမြင့် တန်ခိုးရှင်များထံမှ အေးစိမ့်မှုများ ထွက်ပေါ် လာကြသည်။ အတန်းအစားနိမ့် ကလန်က ခေါင်းမာကာ လေးစားမှု မရှိပေ။
“အစ်ကိုသုံး…” ရီဖူရှင်းက လျှောက်လာကာ ပြောသည်… “ကျွန်တော် သူတို့နဲ့ လိုက်သွားမယ်…”
ဂူတုံးလျိုက သူ့အား ကြည့်သည်… “ညီငယ်လေး… ဘယ်သူမှ မင်းကို တစ်စုံတစ်ခု လုပ်ဖို့ အတင်း စေခိုင်းလို့မရဘူး… ငါတို့ တာဝန်ထား….”
“ကျွန်တော် သိတယ်… ဒါပေမဲ့ ကျွန်တော်က ကောင်းကင်တောင်ကို ပြန်သွားချင်တယ်…” ရီဖူရှင်းက ပြောသည်။ ကော့တေးအား ရန်သူများ ပတ်လည်ဝိုင်းနေပြီး ချင်ပြည်ထောင်က အခြေအနေကို စောင့်ကြည့်နေသည်။ အကယ်၍ သူတို့က မြေရိုင်းဒေသမှ လူများနှင့် ရန်ဖြစ်ပါက ကော့တေးနှင့် ကျောင်းတော်အတွက် အခြေအနေ မကောင်းပေ။
“သူ သွားပါစေ…” ကော့တေးထံမှ အသံတစ်သံ ထွက်ပေါ်လာသည်။
ဂူတုံးလျို၏ မျက်လုံးက အရောင်လက်သွားပြီး ခေါင်းညိတ်သည်… “ဟုတ်ကဲ့ ဆရာ…”
ဆရာဒူက ထိုအသံ၏ ပိုင်ရှင်ဖြစ်သည်။ သူတို့၏ဆရာက ပြောမှတော့ ဂူတုံးလျိုက မငြင်းတော့ပေ။
ကောင်းကင်ထက်မှ စွမ်းအားမြင့် တန်ခိုးရှင်များက သူတို့၏ ကိုယ်ရောင်ကိုယ်ဝါ များအား ပြန်ရုပ်သိမ်းလိုက် ကြသည်။ ကြည့်ရသည်မှာ တစ်စုံတစ်ယောက်က နားလည် သဘောပေါက် ပေသည်။ ရှီတန်ခိုးရှင်များက အရှေ့မြေရိုင်း ဒေသကို မဝင်ရောက် နိုင်သော်လည်း သူတို့က မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့အစည်းများကို ယှဉ်ရန် မလွယ်ကူပေ။
***