တိတ်ဆိတ်မှုထဲတွင် နတ်မိမယ်ဝမ့်ယွီ၏ အသံကိုသာ ကြားရသည်။ ချင်ယွီ၏ မျက်လုံးထဲတွင် လူသတ်လိုသော အငွေ့အသက်များကို မြင်ရသည်။ လစန္ဒာကလန်မှ လူများအားလုံး မှင်တက် သွားကြသည်။ သူတို့၏ သိမ်မွေ့ကာ လွန်စွာ လှပသော နတ်မိမယ်က ဤသို့ ငေါက်ငမ်း လိမ့်မည်ဟု သူတို့ မထင်ထားကြပေ။ ချင်ပြည်ထောင်က အမှန်ပင် ရိုင်းစိုင်းကာ ကျိုးကြောင်း ဆီလျော်မှု ကင်းမဲ့ပေသည်။
ချင်ပြည်ထောင်နှင့် ကော့တေး၏ ပြိုင်ဆိုင်မှုကို အရှေ့မြေရိုင်း တစ်ခုလုံး သိကြသည်။ သို့သော်လည်း ချင်ပြည်ထောင်က ကော့တေးအား ရဲရဲ ရင်မဆိုင်ရဲပေ။ သူတို့က သူတို့၏ အင်အားကို ပြသရန် လျိုနိုင်ငံကိုသာ ဖျက်ဆီးခဲ့သည်။ ယခု သူတို့က လစန္ဒာကလန်အား ထိုအရှုပ်အထွေးထဲကို ဝင်ပါစေလိုနေသည်။
လေထုက ပိုမို တင်းမာလာသည်။ ချင်ယွီနှင့် နတ်မိမယ်ဝမ့်ယွီတို့က တစ်ယောက်ကို တစ်ယောက် အေးစက်စွာ ကြည့်နေကြသည်။ လစန္ဒာမျှော်စင်မှ လူတချို့ ဆင်းသက်လာကြကာ နတ်မိမယ်၏ဘေးကို ရောက်လာကြသည်။ နတ်မိမယ်ဝမ့်ယွီက ကလန်၏ ခေါင်းဆောင် ဖြစ်သော်လည်း ကလန်တွင် သူမထက် စီနီယာကျသူများစွာ ရှိပေသည်။
“နတ်မိမယ်ဝမ့်ယွီက အရမ်း ပြတ်သားနေတာ အံ့အားသင့်စရာပဲ…” ချင်ယွီက ရုတ်တရက် ရယ်မောကာ ပြောသည်… “ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ… နောက်တစ်ခါ ထပ်မေးမယ်… ဘယ်သူက ချင်ပြည်ထောင် နောက်ကို လိုက်ချင်ကြသေးသလဲ…”
ချင်ယွီက လူအုပ်ကို ကြည့်သည်။
ယန်ဖေးဟွန်က ရှေ့ကို တက်လာကာ ပြောသည်… “ကျွန်မက ချင်ပြည်ထောင် နောက်ကို လိုက်ချင်ပါတယ်… ဘယ်သူ ပါချင်သေးလဲ…” သူမ၏ စကားကို ကြားလျှင် အနည်းငယ်သော ပါရမီမြင့်သော တပည့်များ အပါအဝင် လူအများအပြားက လေထဲကို ခုန်တက်သွားကာ ယန်ဖေးဟွန်၏ အနီးကို ရောက်သွားကြသည်။
“ဆရာမယန်…” ချူယောင်ယောင်က ယန်ဖေးဟွန်အား စိတ်ပျက်စွာ ကြည့်သည်။
“ယန်ဖေးဟွန်… ကလန်က နင့်ကို ကောင်းကောင်း မဆက်ဆံဘူးလား…” မိန်းမကြီး တစ်ယောက်က အေးစက်စွာ ပြောသည်။
“စီနီယာ… ဒီနည်းလမ်းပဲ ရှိတော့လို့ပါ… ရေစီးကြောင်းကို ဆန့်ကျင်ပြီး သွားတာက လစန္ဒာကလန် အတွက် မကောင်းဘူး… စီနီယာက သူတို့ကို နားချလို့ မရဘူးလား… သူတို့သေမှာကို ကျွန်မ မမြင်ချင်ဘူး…” ယန်ဖေးဟွန်က ပြန်ပြောသည်။
“ကောင်းတယ်… အနည်းဆုံး ရှင်က ဘယ်လို လူမျိုးလည်းဆိုတာ ကျွန်မ သိရတာပေါ့… ကလန်က အန္တရာယ်နဲ့ ကြုံတဲ့အခါ ရှင်တို့က ကြောက်ရွံ့ရုံမက သစ္စာပါ ဖောက်သေးတယ်… ဒီလိုလူတွေကို ကလန်မှာ ရှိနေလည်း အပိုပဲ…” နတ်မိမယ်ဝမ့်ယွီက သစ္စာဖောက်မှုကို စိတ်ထဲထားပုံ မရပေ။ သူမက သူမ၏လူများကို ကြည့်ကာ သက်ပြင်းချသည်… “လစန္ဒာကလန်ရဲ့ ခေါင်းဆောင်တစ်ယောက် အနေနဲ့ ကျွန်မက အရှေ့မြေရိုင်း ဒေသရဲ့ အရှုပ်အထွေးတွေနဲ့ ဝေးဝေးနေခဲ့တယ်… ဒါပေမဲ့ အမြဲတမ်း ကျွန်မကို ပြဿနာ လာရှာတဲ့လူတွေ ရှိနေတယ်…”
“ဒါက ရှောင်ဖယ် မရဘူးလို့ ခင်ဗျားသိရင် ဘာလို့ ဒီလမ်းကို ရွေးခဲ့ရတာလဲ…” လေထဲက ချင်ယွီက သူ၏လှံကို ဝှေ့ယမ်းကာ မေးသည်။
“ချင်ယွီ… ရှင်က အရှေ့မြေရိုင်းဒေသမှာ ရှင်တစ်ယောက်ပဲ ဉာဏ် အကောင်းဆုံးလို့ ထင်တာလား… ရှင်က ကျွန်မတို့ကို စစ်ထဲကို ဆွဲသွင်းချင်တယ်… ကောင်းပြီ… ဒီလိုဆိုရင်လည်း ကျွန်မက ရှင့်ရဲ့ ဆန္ဒကို လိုက်လျော ပေးရမှာပေါ့…”
ချင်ယွီက ဘာမှ ထပ်မပြောတော့ပေ။ ချင်ပြည်ထောင်၊ ဒွန်ဟွာကလန်၊ ဖူယွန် ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်တို့က မဟာမိတ်ဖွဲ့ထားပြီး ဖြစ်သည်။ ကော့တေး တစ်ခုသာ သူတို့ စိတ်ပူစရာ ရှိသည်။ လစန္ဒာကလန်က တော်လှန်လိုသော သဘာဝရှိသည်။ ဤသို့ဆိုလျှင် သူက လစန္ဒာကန်အား ဖယ်ရှားရမည်။
လှံတံရှည်က သူ၏လက်ထဲတွင် ရွှေရောင် ဝင်းလက် တောက်ပနေသည်။ များစွာသော အရှိန်အဝါ ပြင်းထန်သော နဂါးများက သူ့အား လှည့်ပတ်နေကြသည်။ ရုတ်တရက် သူ့ဘေး၌ ထက်ရှသော ဓားအသိ တချို့လည်း ပေါ်လာသည်။ သိသာစွာပင် ရောက်လာသူများက ချင်ပြည်ထောင် တစ်ခုတည်း မဟုတ်ပေ။
“ကြည့်ရတာ ဖူယွန်ဓားကလန်နဲ့ တော်ဝင် ချန်ကျောင်းတော်တို့ ကလည်း သစ္စာခံခွေး ဖြစ်နေကြတာပဲ… ဘယ်လောက် သနားစရာ ကောင်းလိုက်လဲ…” နတ်မိမယ်ဝမ့်ယွီက ငေါက်ငမ်း လိုက်သည်။ သူမက ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်မှ ခေါင်းဆောင်များကို သက်ညှာခြင်း မရှိဘဲ သရော်လိုက်သည်။ သူတို့နှင့်ဆိုလျှင် ချင်ယွီက လျိုနိုင်ငံကို သွားရောက် တိုက်ခိုက်စဉ်ကထက် များစွာ အင်အား ကောင်းပေသည်။
ချင်ပြည်ထောင်က လျိုနိုင်ငံနှင့် တိုက်ခိုက်ရာမှ သင်ခန်းစာတချို့ ရခဲ့သည်မှာ သိသာလှသည်။ ထိုအချိန်က ဧကရာဇ်လျိုသာ တခြားနေရာကို ရောက်မနေခဲ့လျှင် ချင်ယွီတို့အုပ်စုက လျိုနိုင်ငံကို အလွယ်တကူ အနိုင်ရနိုင်မည် မဟုတ်ပေ။
လစန္ဒာကလန်မှ လူတိုင်းက ရလဒ်ကို ခန့်မှန်းမိပြီး ဖြစ်သည်။ ထိုအချိန်တွင် နတ်မိမယ်ဝမ့်ယွီက လေထဲကို ထိုးတက်သွားသည်။ သူမ၏နောက်တွင် လွန်စွာ ကြီးမားသော ဧရာမ ခွန်ပန်တစ်ကောင် ပေါ်လာသည်။ လေထဲမှ ရေငွေ့များ အားလုံးက မိုးများအလား ခွန်ပန်အပေါ်ကို ဖြန်းပက် ထားကြသည်။ မိုးသက်မုန်တိုင်းတစ်ခု ချက်ချင်းပင် ကောင်းကင်ကို ဖုံးလွှမ်းလာသည်။
ခွန်ပန်ကား နတ်မိမယ်ဝမ့်ယွီ၏ သက်စောင့်ဝိညာဉ် ဖြစ်သည်။ သူမ၏အဆင့်ဖြင့် သူမ၏ သက်စောင့်ဝိညာဉ်က လွန်စွာ အရှိန်အဝါ ကောင်းသော ဧရာမခွန်ပန် ဖြစ်လာသည်။ ခွန်ပန်က ငါးမှ ဆင့်ကဲကြီးထွား လာခြင်းဖြစ်ရာ သူ့တွင် လွန်စွာ အားကောင်းသော လေဓာတ်နှင့် ရေဓာတ်ကို ပိုင်ဆိုင်သည်။ နတ်မိမယ်ဝမ့်ယွီကား ရှီအဆင့်ကို ရောက်လုနီးပါး ဖြစ်သော အဆင့်မြင့် နိုဘယ်တစ်ယောက် ဖြစ်ရာ လေနှင့်မိုးအား စေခိုင်းခြင်းက သူမအတွက် လွန်စွာ လွယ်ကူလွန်းသည်။
ထိုအချိန်တွင်ပင် သူမ၏နောက်မှ ကျယ်ပြန့်သော နေရာတစ်ခုလုံးကို ရောင်ပြန်ဟပ်စေသော လခြမ်းသဏ္ဌာန် မှန်တစ်ချပ် ဖြစ်ပေါ်လာသည်။ ထိုအရာက သူမ၏ဒုတိယ သက်စောင့်ဝိညာဉ် ဖြစ်သည်။
“အဲဒါ လစန္ဒာကြေးမုံပဲ…” ချင်ယွီက လစန္ဒာကလန်၏ ရှေးဟောင်း အမွေအနှစ် ဖြစ်သော ကြေးမုံအပါအဝင် ထိုဓမ္မအား ကြည့်သည်။ လစန္ဒာကြေးမုံကား လစန္ဒကလန်၏ မူလဇာစ်မြစ် ဖြစ်သည်။ လစန္ဒာကြေးမုံကလည်း ရှီအဆင့် သိဒ္ဓိဝင်ပစ္စည်း ဖြစ်သည်။
ထိပ်သီး အင်အားစုတိုင်းတွင် ဖြစ်ပေါ်လာသော သမိုင်းကြောင်း ရှိသည်။ လျိုနိုင်ငံ ဖြစ်တည်လာခြင်းက လိပ်မင်းကြောင့် ဖြစ်သည်။ လစန္ဒာကလန် ဖြစ်တည်လာခြင်းက ဤသိဒ္ဓိဝင် ပစ္စည်းကြောင့်ပင်။
“သတိထား… သူမကို ကျုပ်တိုက်ခိုက်မယ်…” ချင်ယွီက လေးနက်စွာ ပြောသည်။ နတ်မိမယ်ဝမ့်ယွီက သူ့အတွက် အန္တရာယ် ပေးနိုင်ပေသည်။ မတိုက်ခိုက်တော့သည်မှာ လွန်စွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း နတ်မိမယ်က အများနှင့်တစ်ယောက် တိုက်ခိုက်ရာတွင် လွန်စွာ နာမည်ကျော်ကြား ပေသည်။
လက်ရှိတွင် နတ်မိမယ်ဝမ့်ယွီက လွန်စွာ လှပချောမောကာ နတ်မိမယ် တစ်ပါးလို ထူးဆန်းအံ့ဖွယ် ကောင်းလှသည်။ သူမ၏ လှပသော အေးစက်သော မျက်လုံးများက ကောင်းကင်ကို လှမ်းကြည့်လျှင် သူမ၏နောက်မှ လစန္ဒာ ရောင်ခြည်များက ထွက်ပေါ် လာကြသည်။ အနီးရှိ လေထုထဲမှ မိုးရေစက်များ အားလုံး အေးခဲသွားကြသည်။ ချက်ချင်းပင် လွန်မင်းစွာ အေးစက်သော လေထုက ထိုနေရာအား ဖုံးလွှမ်းသွားသည်။ လောကတစ်ခုလုံး အဖြူရောင် ဖြစ်သွား၏။
ချင်ယွီ၏အနီးမှ နဂါးများက အော်ဟစ်ကြသည်။ သူတို့၏ ဧရာမခန္ဓာများက အေးခဲ လာကြသည်။ နဂါးများပေါ်မှ စွမ်းအားမြင့် တန်ခိုးရှင်များ ကလည်း သူတို့၏ စိတ်အသိများ အေးခဲလာသည်ဟု ခံစားကြရသည်။ မကြာမီ သူတို့၏ ခန္ဓာကိုယ်များ အားလုံး ရေခဲရုပ်တုများ ဖြစ်သွားကြသည်။
ချင်ယွီ၏ခန္ဓာကိုယ်မှ လွန်စွာ ထက်ရှသော ရွှေရောင်များ ထွက်ပေါ် လာနေသည်။ သူက နဂါးအား စီးနင်းကာ နတ်မိမယ်ဝမ့်ယွီထံသို့ လျှပ်စီးအလျင်ဖြင့် ဆင်းသက်လာသည်။
ရောက်ရှိလာသူများထဲတွင် သူတစ်ယောက်သာလျှင် နတ်မိမယ်ဝမ့်ယွီအား ယှဉ်နိုင်သည်။ ဖူယွန်ဓားကလန်နှင့် တော်ဝင် ချန်ကျောင်းတော်မှ ခေါင်းဆောင်များက ပိုမို၍ အားနည်းပေသည်။ ရှီအဆင့် လက်နက်မပါဘဲ သူတို့က နတ်မိမယ်ဝမ့်ယွီအား ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။ သူတို့က အရေအတွက်အားဖြင့် အသာစီးရသော်လည်း နတ်မိမယ်ဝမ့်ယွီက ရှီအဆင့်လက်နက်ဖြင့် အနိုင်ရနိုင်သည်။
ချင်ယွီက သိုင်းပညာတွင် အားကောင်းကာ နတ်မိမယ်ဝမ့်ယွီက မှော်ပညာ တစ်ခုကိုသာ လေ့ကျင့်သည်။ သူမအား အနီးကပ် တိုက်ခိုက်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။
ခွန်ပန်က နဂါးထံသို့ တိုးဝင်လာသည်။ နတ်မိမယ်ဝမ့်ယွီက ချင်ယွီအား ကြည့်သည်။ သူမ၏ နောက်မှ လစန္ဒာက သိဒ္ဓိဝင် လက်နက်နှင့် ပေါင်းစပ်သွားကာ လောင်ကျွမ်းသော အလင်းများက ချင်ယွီထံ ရောက်လာသည်။ တုန်ယင်စွာဖြင့် ချင်ယွီက သူ၏စိတ်ကို ပိုမို အာရုံစူးစိုက်လျှင် သူ၏ခန္ဓာတွင် ချပ်ဝတ်တစ်ခု ဖြစ်ပေါ်လာသည်။ အအေးဓာတ်က သူ့ကို ထပ်မံ၍ မရပ်တန့် နိုင်တော့ပေ။ သူက နတ်မိမယ်ထံသို့ ဆင်းသက် လာသည်။
ထိုအချိန်တွင် နတ်မိမယ်၏ ကျောတွင် ခွန်ပန်၏ အတောင်ပံများ ထွက်ပေါ်လာသည်။ သူမက လေဓာတ်ကို စုစည်းလျှင် အားကောင်းသော လေပွေတစ်ခုက ချင်ယွီထံ တိုးဝင်သွားသည်။ သူမက ကောင်းကင်သော အံ့အားသင့်ဖွယ် အမြန်နှုန်းဖြင့် တက်သွားသည်။
ချင်ယွီက လေပွေအား ပျက်စီးလိုက်သည်။ ထို့နောက် သူက လေထဲကို တက်ရောက် သွားသော နတ်မိမယ်အား ကြည့်ကာ နှာခေါင်းရှုံ့သည်။ မှန်သည်… သူမက လေဓာတ်တွင် အားကောင်းရာ သူမက ထွက်ပြေးလိုပါက သူက လိုက်မီမည် မဟုတ်သော်လည်း သူမက တခြားလူများကို ကာကွယ်နိုင်မည် မဟုတ်ပေ။ သူတို့အားလုံး အသတ်ခံရမည်။
လွန်စွာ အားကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။ ရွှေရောင် အလင်းများက လစန္ဒာကလန် တစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထိုအခိုက်တွင် ကလန်မှ လူများအားလုံးက ထိတ် လန့်သွားကြသည်။ နတ်မိမယ်ဝမ့်ယွီ တစ်ယောက်သာ ချင်ယွီကို ရင်ဆိုင်နိုင်သည်။
တခြား တိုက်ပွဲနေရာ တစ်ခုတွင် တော်ဝင် ချန်ကျောင်းတော်မှ စွမ်းအားမြင့် တန်ခိုးရှင် တစ်ယောက်က ဟွာဂျီယူထံ တိုးဝင်သွားသည်။ ဟွာဂျီယူ၏ မျက်နှာက အနည်းငယ် ပြောင်းလဲသွားသည်။ လေဓာတ်ကို သုံးလျက် သူမက ထွက်ပြေးသော်လည်း သူမအား လိုက်ဖမ်းသူက အဆင့်မြင့် နိုဘယ်တစ်ယောက် ဖြစ်သည်။ မကြာခင် သူမ အဖမ်းခံရ၏။
ရုတ်တရက် အဝေးမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထိုအရာက လျှပ်စီးအလား မြန်ဆန်၏။ ဟွာဂျီယူအား ဖမ်းထားသော နိုဘယ်နှစ်ပိုင်း ဖြစ်သွားသည်။ အလင်းတန်းက ဟွာဂျီယူ၏ ခေါင်းထက်တွင်ပင် ရပ်တန့်နေသည်။ ထိုအရာက ဓားနှစ်လက်အသိ ဖြစ်သည်။
ဟွာဂျီယူထံသို့ နောက်တစ်ယောက် တိုးဝင်လာသည်ကို မြင်လျှင် ဓားနှစ်လက် အသိက အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ ရောက်လာသူအား နှစ်ခြင်း ဖြစ်သွားစေပြန်သည်။ လေထဲတွင် သွေးညှီနံ့များ ဖုံးလွှမ်းနေသည်။ သူမထံ တိုးဝင်လာသော တန်ခိုးရှင်များ တစ်ယောက်ပြီး တစ်ယောက် အသတ်ခံရသည်။ နောက်ဆုံးတွင် ဓားနှစ်လက်အသိက ချင်ယွီထံ တိုးဝင်သွားသည်။ ချင်ယွီက လှံတံအား ဝှေ့ယမ်းကာ ဓားနှစ်လက် အသိအား ခုခံချေဖျက်သည်။ အလင်းက ပျောက်ကွယ် သွားသော်လည်း ချင်ယွီ၏ မျက်နှာက ပြာနှမ်းသွားသည်။ အရှေ့မြေရိုင်း ဒေသတွင် ဤမျှ ကြမ်းတမ်းသော ဓားနှစ်လက် အသိအား လူတစ်ယောက်ကသာ ထုတ်လွှတ်နိုင်သည်။
သူက နောက်လှည့်ကာ အဝေးကို လှမ်းကြည့်သည်။ အနက်ရောင်ဝတ်စုံဝတ် လူတစ်ယောက် ထွက်ပေါ်လာသည်။ သူက နှေးကွေးစွာ ရွေ့လျားသော်လည်း အနည်းငယ်သော ခြေလှမ်းမျှဖြင့် သူက တိုက်ပွဲနေရာကို ရောက်လာသည်။ ထိုလူက ဟွာဂျီယူအား ကြည့်သော်လည်း ဟွာဂျီယူက ထိုလူအား မသိပေ။ ထိုလူက သူမအား ခုနက ကယ်ဆယ်ခဲ့သော်လည်း ထိုလူအား သူမက မသိပေ။ သူကား လွန်စွာ အားကောင်းလှသည်။ သူ ထွက်ပေါ်လာသည်နှင့် တိုက်ပွဲက ရပ်တန့်သွားရ၏။
“ခယ်မလေး … မင်း အဆင်ပြေလား…” အနက်ရောင် ဝတ်စုံဝတ်လူက ဟွာဂျီယူအား ပြုံးလျက် ကြည့်သည်။ ဟွာဂျီယူ ချက်ချင်း သိလိုက်သည်။ သူမအား ခယ်မလေးဟု ခေါ်ရာ သူက ကော့တေးမှ ဖြစ်ရပေမည်။ ကော့တေးတွင် ဓားနှစ်လက်အား ကျွမ်းကျင်သောသူ တစ်ယောက်သာ ရှိသည်။ ထိုသို့တွေးကာ ဟွာဂျီယူက ပြုံးလိုက်သည်။ ဖူရှင်း၏ စီနီယာ အစ်ကိုက ဤသို့သော အချိန်တွင် ရောက်လာမည်ဟု သူမက မထင်မှတ်ထားပေ။
“စီနီယာ ဓားသခင်ကို နှုတ်ဆက်ပါတယ်…” ဟွာဂျီယူက အနည်းငယ် ဦးညွှတ်ကာ ပြောသည်။
“စီနီယာဓားသခင်…” ဓားသခင်က ပြုံးကာ ခေါင်းယမ်းသည်… “ငါက ရီဖူရှင်းရဲ့ အစ်ကိုကြီးပဲ… မင်းလည်း ဒီလိုပဲ ခေါ်လို့ရတယ်…”
ဟွာဂျီယူက ခေါင်းညိတ်ကာ ခေါ်လိုက်သည်… “အစ်ကိုကြီး…”
“ကောင်းတယ်…” ဓားသခင်က အနည်းငယ် ခေါင်းညိတ်ကာ နတ်မိမယ်ဝမ့်ယွီအား ကြည့်သည်။
နတ်မိမယ်ဝမ့်ယွီက လေထဲတွင် ရပ်နေသည်။ သူမက ဓားသခင်အား ပြောသည်… “ရှင်ပြောတာ မှန်တယ်…”
“ကျုပ်တို့ ဆရာက အမြဲ အလုပ်များနေတယ် ဆိုပေမဲ့ သူက ကျုပ်တို့ကို အမြဲတမ်း စိတ်ပူပေးတယ်…” ဓားသခင်က ပြောသည်။ ကောင်းကင်တောင်မှ ခေါင်းလောင်းသံကြောင့် အင်အားစုများ အားလုံးက နောက်ဆုတ်သွားရသော အချိန်တွင် ဆရာက သူ့အား လစန္ဒာကလန်သို့ သွားရန် စေခိုင်းခဲ့သည်။ အမှန်တကယ်အားဖြင့် သူက လစန္ဒာကလန် တောင်ပေါ်တွင် နေထိုင်ခဲ့သည်မှာ ရက်အနည်းငယ်ရှိပြီ ဖြစ်သည်။ နတ်မိမယ် ဝမ့်ယွီနှင့်လည်း သူနှင့် တွေ့ဆုံပြီး ဖြစ်သည်။ လစန္ဒာကလန်က ဝင်ရောက် မပတ်သက်လိုရာ သူက သူမ၏ဆုံးဖြတ်ချက်ကို လေးစားသည့် အနေဖြင့် လက်ခံခဲ့ကာ တောင်ပေါ်တွင်သာ ရက်အနည်းငယ် ဆက်နေခဲ့သည်။
***