အပိုင်း (၃၆၀)

မှော်ခေါင်းလောင်းနှင့် မိစ္ဆာနတ်ငှက်

ဂီတထဲတွင် ရီဖူရှင်းက သူ၏ဝိညာဉ်အား ကောင်းကင်တောင် တစ်ခုလုံးမှ နှင်းပွင့်များ အထဲသို့ ပျော်ဝင် ပေါင်းစပ်နေသည်။ သူ၏စိတ်ဝိညာဉ်က နေရာတိုင်းတွင် ရှိသည်။ သူက လွန်စွာ ထူးခြား ကောင်းမွန်သော ခံစားချက်ကို ရနေသည်။ သူ၏အာရုံက နေရာတိုင်းတွင် ရှိသည်။ သူက ကု့ချင်း တီးနေခြင်းကို ရပ်တန့်လိုက်၏။

မျက်လုံးအား မှိတ်လျက် ရီဖူရှင်းက အနုပညာရသသိထဲသို့ နစ်မျောသွားသည်။ သူ၏စိတ်စွမ်းအင်က သဘာဝထဲသို့ ပျော်ဝင်သွားသည်ကို သူခံစားရသည်။ သူသာ ဆန္ဒရှိပါက သူ၏စိတ်စွမ်းအင်က မဆုံးနိုင်သော သဘာဝစွမ်းအင်များ အားလုံးကို စေခိုင်းနိုင်စွမ်း ရှိလာသည်။

“ဒါက အကာနာအဆင့်ပဲ….” ရီဖူရှင်းက ပြုံးလိုက်သည်။ သူက ဂီတအား တီးခတ်နေရင်းက သူ၏စိတ်ဝိညာဉ် စွမ်းအားက အကာနာအဆင့်သို့ တက်လှမ်းသွားသည်။ အရာအားလုံးက သဘာဝအတိုင်း ဖြစ်သွားခဲ့သည်။ သူက တန်ခိုးအဆင့်အား တမင် တက်လှမ်းခဲ့ခြင်း မဟုတ်ပေ။ ထိုအရာက အမှန်တကယ် မတော်တဆ ဖြစ်သည်။

အကာနာအဆင့်က လူနှင့် သဘာဝ ပေါင်းစပ်မှုဟု တန်ခိုးရှင်များက သတ်မှတ် ပြောဆိုကြသည်။ အကာနာအဆင့်မှ လူများက သဘာဝအလျှောက် သူတို့၏ အာရုံများအား ဖြန့်ကြက်နိုင်သည်။ အကယ်၍ သူက သိုင်းပညာနှင့် မှော်ပညာ နှစ်ခုလုံးကို လေ့ကျင့်ပါက စိတ်ဝိညာဉ် အဆင့်တက်ခြင်းက သူ၏သိုင်းပညာကိုလည်း အဆင့်တက်စေသည်။

ထိုသို့တွေးကာ ရီဖူရှင်းက သီချင်းအား တီးခတ်နေခြင်းကို ယာယီရပ်နား လိုက်သည်။ ဤအဆင့်ကို ရောက်လာမှတော့ သူက တခြား နယ်ပယ်တွင်လည်း စွမ်းအားများကို မြှင့်တင်လိုပြီး အကာနာအဆင့်ကို လုံးဝ ဝင်ရောက်လိုသည်။ ထို့ကြောင့် သူက တော်ဝင်လက်ဝါး နည်းစနစ်ကို စတင် လေ့ကျင့်သည်။ သူ၏ လှုပ်ရှားမှုတိုင်းက ပတ်ဝန်းကျင်ကို လှုပ်ခတ်စေနိုင်သော အရှိန်အဝါကို ပေးသည်။ သူ့အနီးမှ နှင်းပွင့်များက ကြေမွပျက်စီးရသည်။ မကြာမီ မမြင်ရသော အားလှိုင်းက သူ့အား ရစ်ပတ်လာသည်။

မဆုံးနိုင်သော နှင်းပွင့်များ အောက်တွင် နဂါးအော်သံနှင့် လူဝံကြီး၏ ဟိန်းဟောက်သံတို့အား သူ၏ လက်ဝါး ရိုက်ချက်များမှ ကြားရသည်။ သူ၏လက်ဝါးများက နဂါးများ အလားဖြစ်ကာ သူ၏ အင်အားက လူဝံကြီး၏ အားများဖြစ်သည်။ သူ၏အမြန်နှုန်းက နတ်ငှက်၏အမြန်နှုန်းဖြစ်သည်။ သူက ဧကရာဇ်ငယ် တစ်ပါးလို ပြုမူသည်။ သူက လက်ဝါးနည်း စနစ်ကို လေ့ကျင့်တိုင်း သူက တော်ဝင်နည်း စနစ်ကို အသက်သွင်းလေ့ ရှိသည်။

တဖြည်းဖြည်းနှင့် သူ၏ လက်ဝါးရိုက်ချင်တိုင်းက ပိုမိုအားကောင်း လာသည်။ မမြင်ရသော အားလှိုင်းက လောကနှင့် ပေါင်းစပ်သွားကာ အလင်းမှိန်မှိန်တစ်ခု ထွန်းလင်းလာသည်။

နောက်ဆုံးတွင် နဂါးအော်သံနှင့်အတူ ရီဖူရှင်းက လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်သည်။ လေထုက တုန်ခါသွားပြီး ကြောက်မက်ဖွယ် လူဝံကြီးပုံရိပ်နှင့် နတ်ငှက်ပုံရိပ်တို့က တစ်ပြိုင်နက်တည်း ပေါ်လာသည်။ လက်ဝါးရိုက်ချက် တစ်ချက် ထုတ်လိုက်တိုင်း အဝေးသို့အထိ လေထုက တုန်ခါသွားသည်။

ရီဖူရှင်းက လေ့ကျင့်နေသည်ကို ရပ်လိုက်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ခန္ဓာကိုယ်တွင် လွန်စွာ များပြားသော စွမ်းအင်များ စုဆောင်းမိနေပြီး ဖြစ်သည်။ သူ့အနီးတွင် သဘာဝစွမ်းအင်များက အလင်းအရံအတား တစ်ခုလို ဖြစ်တည်နေကာ တဖြည်းဖြည်း ပြယ်လွင့်သွားသည်။

ဟင်း…

ရီဖူရှင်းက သက်ပြင်းချ လိုက်သည်။ သူ၏ သိုင်းပညာနှင့် မှော်ပညာ နှစ်ခုလုံးက အကာနာအဆင့် တက်သွားပြီ ဖြစ်သည်။

သူက မည်သည့် အချိန်တွင်မှ နိုးထမည် မသိသော ယူချင်းအား ငုံ့ကြည့်သည်။ ကောင်းကင်တောင်ပေါ်မှ အနုပညာရသသိက စိတ်ဝိညာဉ် လေ့ကျင့်မှုအတွက် အကောင်းဆုံး နေရာဖြစ်သည်။ အထူးသဖြင့် သူက ဂီတသံစဉ်ကို တီးခတ်လျှင် မဆုံးနိုင်သော သဘာဝ စွမ်းအင်များက ဖုံးအုပ် သွားလေ့ရှိသည်။

ယူချင်းဘေးတွင် ထိုင်ရင်းက ရီဖူရှင်းက ကု့ချင်းကို တီးခတ်ပြန်သည်။ ထူးခြားသော ခံစားချက်က သူ့အား လာရောက် ရိုက်ခတ်ပြန်၏။ တန်ခိုးအဆင့် တက်ရောက်သွားခြင်းက သူ၏အာရုံကို ပိုမိုကြည်လင် လာစေသည်။ သူ၏စိတ်က ဂီသံစဉ်နှင့်အတူ မဆုံးနိုင်သော သဘာဝ စွမ်းအားများနှင့် ပေါင်းစပ်ပျော်ဝင် သွားသည်ဟု ခံစားရသည်။ သူ၏ စိတ်က နှင်းပွင့်များ နှင့်အတူ နေရာတိုင်းတွင် ရှိသည်။

တောင်ကုန်း တစ်နေရာတွင် အဟံကား ခက်ခဲပင်ပန်းစွာ တက်ရောက်နေဆဲ ဖြစ်သည်။ သူ၏ မျက်လုံးများက တစ်ဝက်မိစ္ဆာ အသိစိတ် ဖြစ်နေကာ တစ်ဝက်က ဗုဒ္ဓအလင်းရောင်များ ယှက်သန်းနေသည်။ သူက ဂီတသံစဉ်ကို မကြားရပေ။ ခြေလှမ်းတိုင်းက သူ့အား အားပြတ်စေသော်လည်း သူက လက်မလျှော့ပေ။

ရုတ်တရက် အဟံက မျက်မှောင်ကြုတ် သွားကာ သူ၏ မျက်လုံးများကလည်း ဗုဒ္ဓအလင်းတစ်ချက် လင်းလက်သွားပြီး အာရုံကို စူးစိုက်လိုက်သည်။ လေထဲတွင် မဆုံးနိုင်သော သဘာဝ စွမ်းအင်များ စီးဆင်းနေသည်ကို သူမြင်သည်။ အပေါ်မှ ကျဆင်းလာသော နှင်းဖွဲများမှာ သဘာဝ စွမ်းအင်များမှ ဖြစ်တည်လာခြင်းပင်။ သူက မမြင်ရသော စိတ်စွမ်းအား တစ်ခုကိုပင် ခံစားမိသည်။

“ဘယ်သူလဲ….” အဟံက အော်ဟစ်သည်။ လေထုထဲတွင် တိတ်ဆိတ်မှုသာ ရှိသည်။ အဟံက တွန့်ဆုတ်နေပြီးမှ ထိုအရာက မောပန်းလွန်းသောကြောင့် ဖြစ်လာသော အထင်မှားခြင်းဟု တွေးထင်လိုက်သည်။

ထိုအချိန်တွင် သူ၏ခေါင်းထက်မှ သဘာဝ စွမ်းအင်များက အေးခဲလာသည်။ ချက်ချင်းပင် နှင်းဖွဲများက ဧရာမရေခဲတုံးကြီး တစ်ခုဖြစ်တည်လာ၏။ အဟံ၏ အမူအရာ ပြောင်းလဲသွားသည်။ ထိုအခိုက်တွင် ဝုန်းခနဲမြည်သံ နှင့်အတူ ရေခဲတုံးကြီးက ကြီးမားသော ဖိအားနှင့်အတူ သူ့ခေါင်းပေါ်သို့ ဆင်းသက်လာသည်။

အဟံကား တောင်ကုန်း၏ ဖိအားများကြောင့် အားပြတ်နေပြီဖြစ်သည်။ ယခု နောက်ထပ် ဖိအားတစ်ခုက ဆင်းသက်လာလျှင် သူက လွန်စွာ အန္တရာယ်ရှိသော အခြေအနေသို့ ရောက်သွားသည်။ သူက အော်ဟစ်ကာ ထူးဆန်းသော အသံများအား ရွတ်ဆိုသည်။ ဗုဒ္ဓသင်္ကေတများ ဖြစ်ပေါ်လာပြီး အလင်းရောင်များ ထွက်ပေါ်လာသည်။ သူက ပြန်လည် တိုက်ခိုက်တော့မည် ပြုသည်။ သို့သော် ရုတ်တရက် မမြင်ရသော အနုပညာရသသိတစ်ခု ဆင်းသက်လာကာ သဘာဝစွမ်းအင်များက အေးခဲသွားပြီး လွန်စွာ နှေးကွေးပြီး ရွေ့လျားသည်။ သူ၏တိုက်ကွက်က ဖြစ်မလာပေ။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ….” အဟံ၏ မျက်နှာအမူအရာ ပြောင်းလဲ သွားသည်။ မမြင်ရသော စိတ်ဝိညာဉ် အားလှိုင်းက သူ့အနီးမှ သဘာဝ စွမ်းအားများကို ထိန်းချုပ်နေသည်ဟု သူခံစားရသည်။ သူ၏စိတ်ဝိညာဉ် စွမ်းအားက အလုပ်မလုပ်ရာ သူက မာန်သွင်းလျက် လက်ဝါးဖြင့် ရေခဲတုံးကို ရိုက်ချသည်။

ဘုန်း….

အဟံ၏ ခန္ဓာကိုယ်က တောင်အောက်ကို လွင့်စဉ်သွားကာ ညည်းသံတစ်ချက် နှင့်အတူ သွေးများ အန်သည်။

သူ့အား ဘယ်သူ တိုက်ခိုက်သနည်း။ သူ့ရှေ့ကို လူသုံးယောက်ကသာ ကျော်ဖြတ်ခဲ့သည်။ သူတို့က ရီဖူရှင်း၊ ယူချင်းနှင့် ဟွာချင်းချင်းတို့ ဖြစ်ကြသည်။ သူတို့က သူ့အား တိုက်ခိုက်လျှင် ထိုလူများက အဘယ်ကြောင့် ကောင်းကင်တောင်၏ သဘာဝ စွမ်းအင်များကို သုံးနိုင်ရသနည်း။

သူက ထိုသို့ တွေးနေစဉ်မှာပင် အေးစက်သော လေလှိုင်းများက မုန်တိုင်းအလား သူ့ထံ တိုးဝင်လာသည်။ သူ တုန်ယင်စွာ ထရပ်ကာ တောင်အောက်ကို ဆင်းပြေးသည်။ သူက ရန်သူကိုလည်း ရှာမတွေ့ရာ ပြေးရန်သာ တတ်နိုင်သည်။

သူက ပြေးနေစဉ် သူ့အနီးမှ နှင်းပွင့်များက ရေခဲချွန်များ ဖြစ်လာကာ လေကို ခွင်းလျက် သူ့ထံ ပြေးလာကြသည်။ သူကား အသတ်ခံရတော့မည်။ အဟံက လေထဲကို ခုန်လိုက်သည်။ အပေါ်ကို ခုန်တက်ခြင်း မဟုတ်ပေ။ သူက အောက်ကို ဒိုင်ပင်ထိုး ဆင်းခြင်း ဖြစ်သည်။

ကောင်းကင်တောင်၏ ဖိအားက အပေါ်မှ အောက်ကို ဖိဆင်းခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အောက်ကိုဆင်းခြင်းက မှန်ကန်သော ဆုံးဖြတ်ချက် ဖြစ်သည်။

သူက တောင်အောက် တစ်နေရာသို့ ကျသည်။ သူက တောင်ပေါ်ကို မော့ကြည့်က မျက်လုံးများက အေးစက်သွာသည်။ သူ့ကို တိုက်ခိုက်တာ ဘယ်သူဖြစ်မလဲ…။ ရုတ်တရက် သူ့အနီးမှ သဘာဝစွမ်းအင်များက စတင် စီးဆင်းလာဟန် ရပြန်သည်။ တွန့်ဆုတ်ခြင်း မရှိဘဲ သူက ရွှေရောင် အလင်းတန်းအဖြစ် ပြောင်းလဲသွားကာ တောင်အောက်ကို ပြေးဆင်းသည်။

ကောင်းကင် တောင်ပေါ်တွင် ရီဖူရှင်း၏ မျက်နှာက အေးစက်သွားသည်။ ရီဖူရှင်းက ကု့ချင်း တီးခတ်နေခြင်း ဖြစ်သည်။ မှန်သည်…အဟံအား တိုက်ခိုက်သည်မှာ သူဖြစ်သည်။ သူက ကောင်းကင်တောင်မှ သဘာဝ စွမ်းအင်မျာအား ဂီတသံစဉ်ဖြင့် အသုံးအပြုခဲ့ခြင်းသာ ဖြစ်သည်။ သို့သော်လည်း သူ၏အာရုံက ကောင်းကင်တောင် တစ်ခုလုံးကို ဖြန့်ကြက်နိုင်ခြင်း မရှိသေးပေ။ သူ အချိန်လိုသေးသည်။ သို့သော် ဂီတသံစဉ်ဖြင့် သူက ဧကရာဇ်နှစ်ပါး၏ကျန်ရှိနေသော စိတ်အသိတို့ဖြင့် ဆက်သွယ်နိုင်ကာ ကောင်းကင်တောင်အား ထိန်းချုပ်နိုင်သည်ကို တွေ့ရှိရသည်။

အချိန်များ ကုန်ဆုံးသွားလျှင် တောင်ခြေတွင် လူများ ပိုမိုစုစည်း လာနေသည်။ ရီဖူရှင်း၏ အာရုံကလည်း ပိုမိုကျယ်ပြန့် လာသည်။ တဖြည်းဖြည်းဖြင့် သူက မှော်ခေါင်းလောင်းအား ရှင်းလင်းစွာ မြင်လာရသည်။ ကိုယ်ပျောက်နေသော ခေါင်းလောင်းကြီးက တောင်၏ အစိတ်အပိုင်းအလား အပေါ်မှ အုပ်မိုးထားသည်။ သို့သော်လည်း ရီဖူရှင်းက မကောင်းဆိုးဝါး အသိကိုလည်း ခံစားရသည်။ သူက မိစ္ဆာငှက်အား မြင်သည်။

ကြီးမားသော မိစ္ဆာနတ်ငှက်ကြီး၏ အရိပ်က ကောင်းကင်တောင်အား အပေါ်မှ အောက်ခြေအထိ တွယ်ကပ်နေသည်။ ထိုအရာက မိစ္ဆာငှက်က ကောင်းကင်တောင်တွင် မြှုပ်နှံခံရကာ မှော်ခေါင်းလောင်းဖြင့် ဖိထားသလို ဖြစ်နေသည်။

ထိုအရာက မိစ္ဆာနတ်ငှက် အစစ်မဟုတ်ဘဲ မိစ္ဆာငှက် သေဆုံးပြီးနောက် သူ၏အသိက ကောင်းကင်တောင်နှင့် ပေါင်းစပ်သွားခဲ့ခြင်း ဖြစ်ကြောင်း ရီဖူရှင်းက သိလိုက်သည်။ ပိုမို၍ အံ့အားသင့်ဖွယ် ကောင်းသည်ကား မိစ္ဆာငှက်၏ဦးခေါင်းက သူ၏ ခြေရင်းနားတွင် ဖြစ်သည်။

“သိမ်းငှက်ကလေး….” ရီဖူရှင်းက ကောင်းကင်တောင်၏ လျှို့ဝှက်ချက်ကို နောက်ဆုံးတွင် တွေ့ရှိလိုက်သည်။ သူ၏ သိမ်းငှက်ကလေးက မိစ္ဆာငှက်၏ ဦးခေါင်းခွံထဲတွင် ရှိနေသည်ကို သူတွေ့ရသည်။ သိမ်းငှက်နက်၏ မျက်လုံးများက နက်မှောင် နီရဲနေကာ မကြာမီ မိစ္ဆာငှက်အဖြစ် ပြောင်းလဲ သွားတော့မည်ကို သူမြင်ရသည်။

သူက တောင်ထိပ်ပေါ်မှ အထဲကို သွားသော လမ်းကြားကလေးကို မြင်ရသည်။ သိမ်းငှက်နက်က ထိုနေရာမှ ဝင်ရောက်သွားခြင်း ဖြစ်ပေမည်။ ထိုအခိုက်တွင် ထိုလမ်းကြားအား နှင်းများက ဖုံးအုပ်ထားသည်။

ရီဖူရှင်း၏ စိတ်အာရုံက ထိုနေရာမှ တစ်ဆင့် အထဲကို ဝင်ရောက်သွားလျှင် သူက လွန်စွာ အားကောင်းသော မိစ္ဆာအသိကို ခံစားရသည်။ သူက အထဲကို ဝင်လေလေ ထိုအသိက အားကောင်း လေလေဖြစ်သည်။ နောက်ဆုံးတွင် ရီဖူရှင်း၏ အာရုံက မိစ္ဆာငှက်၏ရှေ့ကို ရောက်လာသည်။ မိစ္ဆာငှက် အသိက သူ၏စိတ်အား ဝါးမျိုတော့မည့် အလား သူက ခံစားရသည်။

“သိမ်းငှက်ကလေး….” ရီဖူရှင်းက ခေါ်သည်။ မဆုံးနိုင်သော မိစ္ဆာအသိက သိမ်းငှက်နက်အား ဝါးမျိုနေသည်။ သိမ်းငှက်နက်၏ အတောင်ပံများက မိစ္ဆာငှက် အတောင်ပံအဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ မကြာမီ သူက မိစ္ဆာငှက်အဖြစ် ပြောင်းလဲ သွားတော့မည်။

ဟူး….

ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင်အား လှိုင်းတစ်ခု ရိုက်ခတ်လာကာ ရီဖူရှင်း၏ အာရုံအား ချက်ချင်း ဝါးမျိုသည်။

တောင်ထိပ်ပေါ်တွင် သံစဉ်က ရုတ်တရက် ရပ်သွားသည်။ ရီဖူရှင်း၏ မျက်နှာက ပြာနှမ်းသွား၏။ သူက ထရပ်ကာ တောင်ထိပ်၏ ထောင့်တစ်နေရာသို့ လျှောက်သွားသည်။ သူက မြေပြင်ကို ဆောင့်နင်းလျှင် အထဲကို ဝင်သော လိုဏ်ခေါင်းငယ်အား တွေ့ရသည်။ ရီဖူရှင်းက လိုဏ်ခေါင်းအား ကြည့်ကာ ကု့ချင်းအား ပြန်လည် တီးခတ်သည်။ သူ၏ သံစဉ်က လောကနှင့် ပေါင်းစပ်သွားသည်။ မဆုံးနိုင်သော သဘာဝ စွမ်းအင်များက ထိုဂူပေါက်ငယ်ထဲကို ကျဆင်းသည်။ ထို့နောက် ရီဖူရှင်းက အထဲကို ခုန်ဆင်းလိုက်သည်။ သံစဉ်ကို ကြားနေရဆဲဖြစ်သည်။ ရီဖူရှင်းက ကု့ချင်းအား ကိုင်ကာ သိမ်းငှက်နက် ရှိနေရာသို့ တိုက်ရိုက် လျှောက်သွားသည်။ မကြာမီ သူရောက်လာ၏။

လွန်ကဲစွာ အားကောင်းသော မိစ္ဆာအသိက သူ့ထံ ချက်ချင်း လာရောက် ရစ်ပတ်သည်။ သူ့ရှေ့တွင်ကား ဧရာမ ကြီးမားသော မိစ္ဆာနတ်ငှက် ပုံရိပ်ယောင် တစ်ခု ရှိသည်။

***

အတွဲ(၂၄)ပြီးပါပြီ

ဆက်ပါဦးမည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset