Switch Mode

အပိုင်း (၃၅၈)

ထိပ်သီးအဆင့်တိုက်ပွဲ

ချင်ပြည်ထောင်နှင့်  ကျောင်းတော်က စစ်ကြေညာထားပြီး ဖြစ်ကာ ရှေးဟောင်း မြေရိုင်းဒေသတွင် စစ်စတင် ဖြစ်နေပြီး ဖြစ်သည်။ သို့သော် ခေါင်းဆောင်ပိုင်းများက ရင်ဆိုင်တိုက်ခိုက်ခြင်း မရှိကြသေးပေ။ ယခု ချင်ယွီက ကျူးကော့ဟွေ၏ ရှေ့တွင် ရပ်နေသည်။ သူတို့၏ စကားများမှ တိုက်ပွဲက စတင်တော့မည်ကို လူအများက သိလိုက်ကြသည်။

ကျူးကော့ဟွေ၏ စကားကို ကြားလျှင် ချင်ယွီ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို ကြောက်မက်ဖွယ် ကောင်းလာသည်။ ထိုနေရာတစ်ခုလုံးအား ဖိအားများ လွှမ်းခြုံလာ၏။

ဝှီး…

ချင်ယွီ၏ သူ၏ နဂါးလှံတံအား ဝှေ့ယမ်းလိုက်သည်။ လှံတံထံမှ နဂါးအော်သံ သဲ့သဲကို ကြားရ၏။

ထိုလှံတံက လျိုနိုင်ငံတိုက်ပွဲတွင် ချင်ယွီ အသုံးပြုခဲ့သော ရှီအဆင့်လှံတံလား…။ ထိုနဂါးလှံတံကို ကြည့်ကာ လူတိုင်း၏ ရင်ဘတ်က တုန်ခါရသည်။

သူက ကော့တေး၏ ရှင်းပြချက်ကို လိုလားသော်လည်း ကော့တေးက သူ့အား ထွက်သွားရန် ပြောနေသည်။ သူ့သားချင်လီ၊ သူ၏ ညီမ ချင်မုံရိုတို့ အားလုံးက သေဆုံးသွားပြီ ဖြစ်သည်။ ကျူးကော့ဟွေ၏ စကားများက တိုက်ပွဲဖြစ်ရန် သေချာစေသည်။

ဂူတုံးလျိုက ရှေ့ကို တက်လာသည်။ သို့သော် ဒွန်ဟွာကလန်မှ လုနန်ထျန်းကလည်း ရှေ့ကို တက်လာသည်။ အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါက ဂူတုံးလျိုထံ ဆင်းသက်လာသည်။ သူက ဒွန်ချန်ကျောင်းတော်တွင် ရှုံးနိမ့်ခဲ့သော်လည်း ထိုအရာက သူက အားနည်းသည်ဟု မဆိုလိုပေ။

ချင်မုံရိုက ချိန်ရှင်းမူအား လက်ထပ်ရာ သူမက ဒွန်ဟွာကလန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ယခု သူမက အသတ်ခံရ၏။

ဂူတုံးလျိုက နောက်လှည့်ကာ လုနန်ထျန်းကို ကြည့်သည်။ သူ၏ မျက်လုံးများက လွန်စွာ ထက်ရှသည်။

ဒွန်ဟွာကလန်မှ သခင်မယွီရှောင်၊ ဖူယွန်ဓားကလန် ခေါင်းဆောင်နှင့် တခြား အင်အားစုများမှ စွမ်းအားမြင့် တန်ခိုးရှင်များက ရှေ့ကို တက်လာကြသည်။ စွမ်းအားများက လေထုကို ပြည့်နှက် သွားသည်။

ကျောင်းတော်နှင့် ဓားသခင်တောင်မှ စွမ်းအားမြင့် တန်ခိုးရှင်များကလည်း ကျူးကော့ဟွေနှင့် သိပ်မဝေးပေ။ သူတို့အားလုံးက အားကောင်းသော ကိုယ်ရောင်ကိုယ်ဝါများကို ထုတ်လွှတ်ကြသည်။

“အဆင့်မြင့်နိုဘယ် တန်ခိုးအဆင့် အောက်က လူတွေအကုန်လုံး ထွက်သွား….” ကျူးကော့ဟွေက တစ်ဖက်လူများအား ပြောသည်။ ထိုအဆင့်အောက်မှ လူများက ဤသို့သော တိုက်ပွဲကို ဝင်ပါရန် အဆင့်မမီပေ။ ဤတိုက်ပွဲက နိုဘယ် အဆင့်အမြင့်ဆုံး လူများနှင့် ပိုမိုမြင့်မားသော တန်ခိုးရှင်များ အတွက် ဖြစ်သည်။

“မင်းက ပြောတိုင်း လိုက်လုပ်ရမှာလား….” ဖူယွန်ဓားကလန် ခေါင်းဆောင်က အေးစက်စွာ ပြောသည်။ မဆုံးနိုင်သော ဓားအသိများက သူ့အား ရစ်ပတ်ထားသည်။

ကျူးကော့ဟွေက ပြုံးလိုက်သည်။ သူမ၏ လက်အား ပခုံးပေါ်ကို တင်လိုက်သည်။ လူတိုင်းက သူမအား ကြည့်နေရာ သူမ၏ လှုပ်ရှားမှု ဟူသမျှကို အားလုံးက မြင်ကြရသည်။ သူမ၏ ပခုံးတွင် အဆင်တန်ဆာ တစ်ခုရှိသည်။ သူမက အဖြူရောင် ဝတ်စုံရှည်အား ဝတ်ဆင်ထားကာ နှင်းတောထဲမှ နတ်မိမယ်အလား ထင်မှတ်ရသည်။ ထိုအရာက သာမန် အဆင်တန်ဆာ တစ်ခုဟု လူအများက ထင်မှတ်ကြသော်လည်း ထိုအရာတွင် အခေါင်းပေါက် တစ်ခုရှိသည်ကို တွေ့ရသည်။ ကျူးကော့ဟွေက ထိုနေရာမှ သေးငယ်သော ကျာပွတ်တစ်ချောင်းအား ဆွဲထုတ်လိုက်သည်။ ထိုကျာပွတ်က ပန်းရောင်အလင်းများ လင်းလက်နေကာ လွန်စွာ လှပသည်။

ကျူးကော့ဟွေ၏ လက်က လှုပ်ယမ်းသွားသည်။ သေးသွယ်သော ကျာပွတ်က ကွေးကောက်လျက် ကောင်းကင်သို့ တက်သွားသည်။

ဘုန်း…

သိပ်သည်းသော နှင်းထုထဲတွင် ရုတ်တရက် အက်ကွဲသံ တစ်ခုကို ကြားရသည်။ ထိုအခိုက်တွင် ကောင်းကင်က အရောင် ပြောင်းလဲသွား၏။ မဆုံးနိုင်သော လျှပ်စီးနှင့် မိုးကြိုးများက နဂါးများအလား ကောင်းကင်တွင် ဖြစ်ပေါ်လာသည်။

ဝုန်း…

လျှပ်စီးက လောကအား ဖျက်ဆီးတော့မည့် အလား ထင်မှတ်ရသည်။ လေထဲတွင် ကျာပွတ်က ပန်းရောင် သဘာဝစွမ်းအင် နဂါးအလား လင်းလက် တောက်ပနေသည်။ ကျာပွတ်မှ ထွက်ပေါ်လာသော လျှပ်စီးတစ်ခုစီက လူတိုင်း၏ ဝိညာဉ်အား နုတ်ရန် လုံလောက်ပေသည်။

“ရှင်က ဖူယွန်ဓားကလန်ကို ပျောက်ကွယ် သွားစေချင်တယ် ဆိုရင်တော့ ကျွန်မက မတားတော့ဘူး….” ကျူးကော့ဟွေက ဖူယွန်ဓားကလန် ခေါင်းဆောင်ကို ပြောသည်။ သူက ကျာပွတ်မှ လျှပ်စီးများအား ကြည့်ကာ မသက်မသာ ခံစားရသည်။ ကျူးကော့ဟွေက ထိုလျှပ်စီးများအား ထုတ်လွှတ်လိုက်ပါက ဖူယွန်ဓားကလန်မှ လူများထဲတွင် သူမှအပ ကျန်လူများ အားလုံး အသက်ရှင်နိုင်မည် မဟုတ်ပေ။

“ရှီအဆင့်လက်နက်…” ချင်ယွီက ကျာပွတ်ရှည်ကို ကြည့်သည်။ မဆုံးနိုင်သော လျှပ်စီးစွမ်းအင်များက ကျာပွတ်တွင် စုစည်းနေကာ ကောင်းကင်အား ဖုံးအုပ်ထားသည်။ ကော့တေးမှ ဒုတိယတပည့်တွင် အမှန်တကယ်ပင် ရှီအဆင့် လက်နက်ရှိသည်။

“နောက်ဆုတ်….” ချင်ယွီက ပြောသည်။ သူကလည်း ကျူးကော့ဟွေ၏ စကားကို သဘောတူသည်။ အဆင့်နိမ့်သော သူများအား သူက နောက်ဆုတ် ခိုင်း၏။ သူတို့က စတင်တိုက်ခိုက်သည်နှင့် ထိုကျာပွတ်မှ လျှပ်စီးတစ်ချက်က အဆင့်မြင့်နိုဘယ် တန်ခိုးအဆင့်ထက် နိမ့်သော လူများ အားလုံးကို သေစေနိုင်သည်။

နှစ်ဖက်လုံးမှ လူများက စတင်၍ နောက်ဆုတ် ကြသည်။ တခြားလူများက ပိုမိုဝေးကွာသော နေရာများမှ စောင့်ကြည့်ကြ၏။ မည်သူမှ သူတို့အနီးကို မကပ်ရဲကြပေ။ ရွှီယီနှင့် လျိုဖန်းတို့ပင် နောက်ဆုတ်ကြသည်။

“ညီမလေး…ဘာဖြစ်တာလဲ….” အဝေးမှ အသံတစ်သံ ထွက်ပေါ်လာသည်။ လူအုပ်က လေတိုးသံတစ်ခုကို ကြားရ၏။ ထို့နောက် သူတို့က လွန်စွာ ထက်ရှသော ကိုယ်ရောင်ကိုယ်ဝါကို ခံစားရသည်။ သာမန် ရုပ်ရည်နှင့် လူတစ်ယောက်က လေထဲတွင် ရပ်နေသည်။ သူကား ဓားသခင်ဖြစ်၏။

“အစ်ကိုကြီး…. တချို့လူတွေက တော်တော် ရိုင်းစိုင်းတယ်… ညီမက သူတို့ကို သင်ခန်းစာပေးမလို့….” ကျူးကော့ဟွေက ဓားသခင်အား ပြုံးလျက် ပြောသည်။ သူမ၏ လေသံက ချင်ယွီအား အမှုထားဟန် ရှိသလို အေးဆေးလှသည်။

“ကောင်းပြီ..ငါမင်းကို ကူညီမယ်…” ဓားသခင်က ခေါင်းညိတ်သည်။ ဓားနှစ်လက် အသိက လေထုကို ဖုံးလွှမ်းသွားသည်။ စွမ်းအားမြင့် တန်ခိုးရှင်များက သူတို့၏ အရှိန်အဝါများအား ထုတ်လွှတ် လိုက်ကြသည်။ ကျယ်ပြန့်သော နေရာတွင် နှင်းများပင် သူတို့အနီးကို မရောက်နိုင်ပေ။

ချင်ယွီ၏ အမူအရာက အနည်းငယ် ပျက်ယွင်း သွားသည်။ ကျူးကော့ဟွေ၏ စကားများက ယုံကြည်မှု ရှိလွန်းလှသည်။ အမှန်တကယ်လည်း သူက သူမ၏ လက်နက်ကို မြင်ပြီးကတည်းက ယုံကြည်ချက် သိပ်မရှိတော့ပေ။ သူက ဂူတုံးလျိုနှင့် လုနန်ထျန်းတို့နှင့် အဆင့်တူကာ ကျူးကော့ဟွေက ဂူတုံးလျိုထက် စီနီယာကျပေသည်။

မူလက ဒုတိယ တပည့်က သိပ်ကျော်ကြားခြင်း မရှိခဲ့ပေ။ သို့သော် သူမက ဂူတုံးလျိုထက် စီနီယာကျသည် ဖြစ်သည့်အတွက် သူ့ထက်တော့ အားနည်းမည် မဟုတ်ပေ။

ယခု နှစ်ယောက်လုံးတွင် ရှီအဆင့် လက်နက်ကို ပိုင်ဆိုင်ထားကြရာ ချင်ယွီအတွက် အခွင့်အရေး သိပ်မရှိနိုင်ပေ။

ကျူးကော့ဟွေက ချင်ယွီအား ပြုံးလျက် ကြည့်သည်။ မဆုံးနိုင်သော လျှပ်စီးများက ကျာပွတ်ထိပ်တွင် စုစည်းနေကြသည်။ သူမက ကျာပွတ်အား ဝှေ့ယမ်းလျှင် ကျာပွတ်က ကွေးကောက်လျက် ချင်ယွီထံသို့ တိုးဝင်သွားသည်။ လျှပ်စီးမုန်တိုင်း ရောက်ရှိလာသလို လောကကြီးက ချက်ချင်း နက်မှောင်သွား၏။

ချင်ယွီက လှမ်းကြည့်သည်။ နဂါးတစ်ကောင် အော်ဟစ်ကာ သူ၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။ သူက နဂါးလှံအား ကိုင်စွဲကာ နဂါးပေါ်သို့ တက်လျက် သူ၏ လှံရှည်အား ရှေ့ကို ညွှန်ပြသည်။ မရေမတွက်နိုင်သော နဂါးများ သူ၏ နောက်မှ လိုက်ပါလာကြသည်။ သူတို့က ကျူးကော့ဝှေထံသို့ ချီတက်ကြ၏။ နဂါးများက အရာအားလုံးကို ဖျက်ဆီးနိုင်သည်။ ထိုလှုပ်ရှားမှု တစ်ခုမျှက လူတိုင်း၏ သွေးများကို ဆူပွက်စေသည်။ သူတို့ကား လွန်စွာ အားကောင်းလှသည်။

သူတို့က အရှေ့မြေရိုင်း ဒေသ၏ ထိပ်ဆုံးကို ရောက်ရှိနေကြသူများ ဖြစ်ကြသည်။ သူတို့က ကောင်းကင်အား ပြောင်းလဲနိုင်၏။

ကျာပွတ်က ရှေ့ကို တိုးဝင်လာကာ နဂါးတစ်ကောင်အား ရိုက်နှက်သည်။ ထိုအရာက အမှန်တကယ်ပင် နဂါးတစ်ကောင်အား ထွင်းဖောက်သွား၏။ သူ့တွင် ကြောက်မက်ဖွယ် ကောင်းသော လျှပ်စီး မှော်စွမ်းအားများ ပါဝင်ဟန်ရသည်။ ကျာပွတ်က နဂါး၏ ခန္ဓာကိုယ်ကို ထွင်းဖောက်သွားလျှင် နဂါးက အပိုင်းပိုင်း အစစဖြစ်သွားသည်။

ပန်းရောင် အရိပ်တစ်ခုက ကျူးကော့ဟွေ၏ ကျာပွတ်မှ ထွက်ပေါ်လာသည်။ ထိုနေရာမှ အဖြူရောင် အလင်းမှိန်မှိန် တစ်ခုကိုလည်း မြင်ရသည်။ ထိုအရာက ကောင်းကင်တွင် လှပသော အရံအတားကို ဖြစ်စေသည်။ များစွာသော နဂါးများက လျှပ်စီးပေါက်ကွဲမှုများ အောက်တွင် ပျက်စီးသွားသည်ကို လူတိုင်းက မြင်ကြရသည်။ ကျူးကော့ဟွေက သူမ၏လက်ကို လှုပ်ရှားလိုက်ပြန်သည်။ ကျာပွတ်က ကခုန်ကာ လေထုကို ခွင်းလျက် အရပ်မျက်နှာ တစ်ခုသို့ ဆန့်တန်းသွားသည်။ မဆုံးနိုင်သော လျှပ်စီးများက ချင်ယွီထံသို့ စီးဆင်းသွားသည်။

ချင်ယွီက ထိုနေရာတွင်ပင် ရပ်ကာ မာန်သွင်း လိုက်သည်။ သူ၏အသံကပင် နဂါးအော်သံနှင့် တူသည်။ နဂါးစွမ်းအင် အလင်းများက သူ့အား ရစ်ပတ်လာကာ သူ့ရှေ့၌ နဂါးတစ်ကောင် ပေါ်လာသည်။ ကြောက်မက်ဖွယ် လျှပ်စီးများက သူ့ထံဆင်းသက် လာသော်လည်း သူ၏ ခံစစ်အား မကျော်နိုင်ပေ။

ဟူး…

နတ်သမီးအလား သူမက လေထဲ လမ်းလျှောက်လာသည်။ သူမ၏ တစ်ကိုယ်လုံးအား လျှပ်စီးများ စီးဆင်းနေ၏။ သူမ၏ကျာပွတ်အား ထူးဆန်းသော စွမ်းအားများ စီးဆင်းနေသည်။ ထိုအရာက လေထုထဲကို ကွေးကောက်လျက် တိုးဝင်လာပြန်သည်။

ဝှစ်…

အသံက ညင်သာသော်လည်း အမှန်တကယ်တမ်း အားဖြင့် သူ၏စွမ်းအားက လောကမှ အထက်ရှဆုံးသော အရာအလား ထင်မှတ်ရသည်။

ချင်ယွီ၏ ခန္ဓာကိုယ်က လျှပ်တစ်ပြက် ရှေ့ကို တိုးဝင်လာသည်။ ချင်ပြည်ထောင်က သိုင်းပညာအား ဦးစားပေး လေ့ကျင့်သည်။ ထို့ကြောင့် ကျူးကော့ဟွေ၏ အနီးကို ကပ်နိုင်လျှင် သူက အသာစီး ရနိုင်ပေသည်။

ကျူးကော့ဟွေက မဲ့ပြုံးပြုံး လိုက်သည်။ သူမ၏ ကျာပွတ်က ရှည်လျားလာကာ ထိုနေရာ တစ်ခုလုံးကို ဖုံးလွှမ်းလာသည်။ ကျာပွတ်က ကောင်းကင်မှနေ၍ ရစ်ခွေလျက် သူ့ထံ ဆင်းသက်လာသည်ကို မြင်လျှင် သူ၏ အမူအရာက ပြောင်းလဲသွားသည်။ သူက နဂါးတစ်ကောင်အလား ပြောင်းလဲသွားကာ နဂါးလှံတံနှင့် တစ်သားတည်း ဖြစ်သွားသည်။ သူက အရာအားလုံးကို ထွင်းဖောက် သွားနိုင်လောက်အောင် ထက်ရှသည်။ သူက ကောင်းကင်သို့ ထိုးတက်သွား၏။

“အရူး…” ကျူးကော့ဟွေက ကြိမ်းမောင်းလိုက်သည်။ လေဆင်နှာမောင်းအလား ကျာပွတ်က ရစ်ခွေလျက် ဆင်းသက်သည်။ နောက်က လိုက်ပါလာသည်ကား လျှပ်စီးနှင့် မိုးကြိုးမုန်တိုင်း ဖြစ်သည်။ ထို့နောက် ချင်ယွီက လေဆင်နှမောင်းထဲကို ကျဆင်းသွားသည်။

ချင်ယွီက လှံရှည်အား အဆက်မပြတ် ဝှေ့ယမ်းလျှင် နဂါးများစွာ ထွက်ပေါ်လာကာ လျှပ်စီးမုန်တိုင်းအား ဖြတ်ကျော်ရန် ကြိုးစားသည်။ သို့သော် နဂါးများ အားလုံးက လျှပ်စီးများ၏ ဖျက်ဆီးခြင်းကို ခံရ၏။

လေဆင်နှာမောင်း ပျက်ပြယ် သွားသောအခါ ချင်ယွီ မြေပေါ်သို့ ကျသည်။ သူ၏ ခန္ဓာကိုယ်တွင် ထက်ရှသော အလင်းများ မရှိတော့ပေ။ သူ၏ အဝတ်အစားများက အပိုင်းပိုင်းအစစ ဖြစ်နေကာ တောက်ပ လင်းလက်သော ကိုယ်ကျပ်အင်္ကျီကို ပေါ်လွင်စေသည်။ ထိုအရာက သိဒ္ဓိဝင် ကိုယ်ကျပ်အင်္ကျီ ဖြစ်သည်။

လူတိုင်းက ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ရသည်။ ချင်ပြည်ထောင်က သူတို့၏ ဘိုးဘေးအုတ်ဂူကို ဖော်ရာတွင် ဘာတွေ ရရှိခဲ့ကြသနည်း။

သူတို့က ထိုသို့ တွေးနေကြစဉ် ကောင်းကင်မှ လှပသာ မိန်းကလေးက ရပ်တန့်ခြင်း မရှိပေ။ သူမ၏ ကျာပွတ်က ပျံသန်းလျက် ချင်ယွီထံ တိုးဝင်သွားသည်။ ထိုအရာက မြွေတစ်ကောင်လို ဖမ်းရန် ခက်ခဲလှသည်။

ဝှစ်…ဝုန်း….

ချင်ယွီက ဤတစ်ကြိမ်တွင် ထိပ်တိုက် ရင်ဆိုင်ခြင်း မရှိပေ။ သူက ရှောင်ရန် ကြိုးစားသည်။ သို့သော် သူက လျင်မြန်သော်လည်း ကျာပွတ်က သူ့ထက် မြန်ပုံရသည်။ ကျာပွတ်က သူ့အား လိုက်မီလာကာ သူ၏ ကျောက်ကုန်းပေါ် ကျဆင်းသည်။ များစွာသော လျှပ်စီးများက ချင်ယွီ၏ ခန္ဓာကိုယ်တွင် ပေါက်ကွဲကြသည်။ သူက ထုံကျင် သွားသလို ခံစားရကာ နောက်ကို လွင့်စဉ်သွားပြီး သူ၏ မျက်နှာက ပြာနှမ်းသွားသည်။

ချင်ပြည်ထောင်က သူတို့၏ ဘိုးဘေးအုတ်ဂူကို ပြန်ဖော်ပြီး ကတည်းက သူတို့က အတိတ်မှ ခမ်းနားမှုကို ပြန်လည် ရယူလိုခဲ့ကြသည်။ ယခု ချင်ယွီက အရှေ့မြေရိုင်း ဒေသ၏ ထိပ်ဆုံး တစ်နေရာတွင် ရပ်နေနိုင်ပြီးဖြစ်သည်။ သူက တိုက်ပွဲတစ်ပွဲမျှဖြင့် လျိုနိုင်ငံအား ဖျက်ဆီးကာ သူ၏ စွမ်းရည်များအား ပြသခဲ့သည်။ သူက လွန်စွာ မောက်မာကာ အရှေ့မြေရိုင်း ဒေသအား အုပ်ချုပ်ရန် ယုံကြည်မှု ရှိခဲ့သည်။ သို့သော် ယနေ့တွင် သူက ကော့တေး၏ ဒုတိယတပည့်နှင့် ရင်ဆိုင် တိုက်ခိုက်သောအခါ သူက မိမိကိုယ်ကိုပင်လျှင် ခုခံကာကွယ်နိုင်ခြင်း မရှိပေ။ ထိုအဖြစ်က လွန်စွာ အရှက်ရဖွယ် ကောင်းပေသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset