Switch Mode

အပိုင်း (၃၅၂)

မကောင်းဆိုးဝါးပူးကပ်ခြင်း

ရီဖူရှင်းနှင့် ရီဝူချင်းတို့ နှစ်ယောက်လုံးက တိုက်ခိုက်ရန် အင်အား မရှိကြတော့ပေ။

တစ်ယောက်က လုံးဝ အားပြတ်သွားကာ နောက်တစ်ယောက်က ဒဏ်ရာပြင်းထန်စွာ ရထားသည်။ အေးစက်မှုများက အမှန်တကယ်ပင် ရီဝူချင်း၏ခန္ဓာကိုယ်မှ ဒဏ်ရာများကို အေးခဲသွားစေသည်။ သူ၏အားကောင်းသော စိတ်အင်အားနှင့်ပင် သူက အေးစက်မှုကို ခံစားရသည်။

“ချီဟောင်….” ဖူယွန်ဓားကလန်၏ နောက်ထပ် တန်ခိုးရှင် သုံးယောက်က သူတို့တောင်ကုန်း ကိုယ်စီ၏ ဓားဝိဇ္ဇာများ ဖြစ်ကြသည်။ ယခု ချီဟောင်က ရီဝူချင်း၏သတ်ဖြတ်မှုကို ခံရသည်ကို မြင်လျှင် သူတို့၏ မျက်နှာများ နက်မှောင်သွားကြသည်။ သို့သော်လည်း သူတို့နှစ်ယောက်အား ဓားသခင်တောင်၏ တန်ခိုးရှင်နှစ်ယောက်က တားဆီးထားကာ နောက်တစ်ယောက်အား ယူချင်းက တိုက်ခိုက်နေသည်။

“ဒါကို မြန်မြန် အဆုံးသတ်ပြီး သူတို့နှစ်ယောက်ကို မြန်မြန်သတ်ရအောင်….” ယူချင်းနှင့် တိုက်ခိုက်နေသော နှစ်ယောက်က ဓားသခင်တောင်မှ တန်ခိုးရှင်များနှင့် တိုက်ခိုက်နေသော နှစ်ယောက်အား အော်သည်။ တိုက်ပွဲထဲတွင် ယူချင်း၏ တန်ခိုးအဆင့်က အနိမ့်ဆုံးဖြစ်သည်။ သူက မိစ္ဆာတိုင်၏ စွမ်းအားကို မှီခိုခြင်း မရှိခဲ့လျှင် တိုက်ပွဲက အဆုံးသတ်သွားပြီး ဖြစ်ပေမည်။ ထို့ကြောင့် ဓားဝိဇ္ဇာတစ်ယောက် အတွက် ယူချင်း၏ တားဆီးခံရခြင်းက သည်းခံနိုင်စွမ်း မရှိပေ။

“ကောင်းပြီ…” သူတို့က ပြန်ပြောသည်။

မူလက သူတို့က အားအင် အနည်းငယ်အား ချန်ထားလိုခဲ့ကြသည်။ သူတို့က တိုက်ပွဲတွင် ပါဝင်နေကြသော်လည်း ရီဖူရှင်းအား သတ်ရန်မှာ အမှန်တကယ်အားဖြင့် စိုးရိမ်စိတ် အနည်းငယ် ရှိကြပေသည်။ သူတို့က ကော့တေးအား ကြောက်ရွံ့ပေသည်။ သို့သော်လည်း လက်ရှိတွင် ချီဟောင်က တိုက်ပွဲတွင် သေဆုံးခဲ့ရသည်။ သူတို့၏မျက်လုံးထဲမှ သွေးဆာသော အရောင်များက ပိုမိုပြင်းထန်လာကာ အသိစိတ်များပင် လွတ်သွားတော့မည့်အလား ခံစားနေကြရသည်။

ဖူယွန်ဓားကလန်မှ တန်ခိုးရှင်က ယူချင်းအား ပြင်းထန်စွာ တိုက်ခိုက်သည်။ သူ၏ဓားက ပိုမိုကြမ်းတမ်းလာကာ များစွာသော ဓားအလင်းတန်းများက ယူချင်းထံ တိုးဝင်သွားသည်။

“သွားစမ်း…” ယူချင်းက အော်ဟစ်သည်။ သူက တိုက်ခိုက်လာမှုများအားက မိစ္ဆာတိုင်အား ဝှေ့ယမ်းသည်။ မိစ္ဆာပုံရိပ်တစ်ခု ပေါ်လာကာ ဓားအလင်းများ အားလုံးကို ဖြတ်တောက် သွားသည်။ သို့သော်လည်း သူ၏ပြိုင်ဘက်ကလည်း ဓားအလင်းအား ရွေ့လျားကာ နေရာမျိုးစုံမှ တိုက်ခိုက်သည်။ ဓားအလင်း အနည်းငယ်က အမှန်တကယ်ပင် ယူချင်းအား ဖြတ်ကျော်သွားပြီး ရီဖူရှင်းနှင့် ရီဝူချင်းထံ တိုးဝင်သွားသည်။

သိမ်းငှက်နက်က ကျယ်လောင်စွာ အော်သည်။ သူ၏ မျက်လုံးများက နီရဲလာကာ ရီဖူရှင်းတို့ နှစ်ယောက်ရှေ့တွင် ရပ်လျက် သူအတောင်ပံကို ဖြန့်ကာ ဓားသွားအလား သားမွေးများကို ရိုက်ထုတ်သည်။ သို့သော်လည်း တိုးညင်းသော်အသံများ ထွက်ပေါ်လာကာ ဓားသွားများက သိမ်းငှက်နက်အား ဖြတ်ကျော်သွားကာ ဒဏ်ရာများမှ သွေးများ စီးကျလာသည်ကို တွေ့ရသည်။

ယူချင်းက နောက်လှည့်ကာ ကြည့်ပြီး သူ၏ မျက်လုံးများက လွန်စွာ ရုန့်ရင်း ကြမ်းတမ်းလာသည်။ ကြောက်မက်ဖွယ် ကောင်သော အနက်ရောင် အငွေ့အသက်များ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ မိစ္ဆာအရိပ်တစ်ခုက ဝေဝေဝါးဝါး မြင်ရသည်။ သူ့ခန္ဓာကိုယ်မှ ရွှေအိုရောင် အလင်းများ ထွက်ပေါ်လာကာ များစွာသော အရိုးအက်သံများကို ကြားရသည်။ ထို့နောက် ယူချင်း၏ခန္ဓာကိုယ်က ပိုမိုကြီးမားလာသည်။

“ယူချင်း…” ပြောင်းလဲမှုကို သတိထားမိလျှင် ရီဖူရှင်း၏ အမူအရာ ပြောင်းလဲသွားသည်။

ယူချင်း၏ရှေ့က ဓားဝိဇ္ဇာက ယူချင်းအား မှင်တက်စွာ ကြည့်သည်။ ထိုမျှ ကြီးမား သန်မာသော ခန္ဓာဖြင့် ယူချင်းက လူသားတစ်ယောက်နှင့် မတူဘဲ နတ်ဆိုးတစ်ကောင်နှင့် တူနေသည်။ သူ၏ မျက်လုံးများက ငရဲသားအလား နီရဲနေသည်။

ယူချင်း၏အနီးတွင် အနက်ရောင်မိစ္ဆာ အငွေ့အသက်များ အားကောင်စွာ ထွက်ပေါ်နေကာ အပြင်ဘက်မှ ရွှေအိုရောင် ကိုယ်ရောင်ကိုယ်ဝါများ ဖုံးလွှမ်းထားသည်။ ကောင်းကင်တွင် မိစ္ဆာအသိ ပြည့်နှက်လာကာ သူ၏အတောင်ပံများက မူလထက် ကြီးမားနေသည်။ သူ၏ခန္ဓာကိုယ်မှ နတ်ဆိုး ချပ်ဝတ်များကလည်း ကြောက်မက်ဖွယ် ကောင်းသော အချွန်အတက်များ ထွက်ပေါ်လာကာ နိုဘယ်အဆင့် သိဒ္ဓိဝင် လက်နက်များထက်ပင် ပိုမို ကြောက်မက်ဖွယ် ကောင်းနေသည်။ ပတ်ဝန်းကျင်မှ သဘာဝ စွမ်းအင်များက သူ၏အနီးတွင် ကြမ်းတမ်းစွာ စုစည်းလာနေကြသည်။ သူ၏အရှိန်အဝါက အားကောင်းလွန်းရကား နတ်ဆိုးတစ်ပါးအလား ထင်မှတ်ရသည်။

ဒါက ဘယ်လို သတ္တဝါကောင်မျိုးလဲ….။ ဖူယွန်ဓားကလန်မှ တခြား ဓားသမားနှစ်ယောက်က ထိုမြင်ကွင်းအား ကြည့်ကာ သူတို့၏ အမူအရာများ ပြောင်းလဲသွားကြသည်။ ယူချင်းက လူသားကော ဟုတ်ရဲ့လား။ သူက လုံးဝ နတ်ဆိုးတစ်ကောင်နှင့် တူနေသည်။

“အား……”

ယူချင်းက သူ၏ပါးစပ်အားဟကာ အော်ဟစ်သည်။ ကောင်းကင်နှင့်မြေကြီးက အမှန်တကယ် တုန်ခါကာ ကောင်းကင်တောင်ပင်လျှင် လှုပ်ယမ်းသည်။ လူတိုင်းက သူ့အား ထိတ်လန့်စွာ ကြည့်ကြသည်။ လူသားတို့လောကတွင် နတ်ဆိုးတစ်ကောင် ပေါ်လာသည်ကို သူတို့ ပထမဆုံး တွေ့ကြရသည်။ မိစ္ဆာတိုင်အား ကိုင်ကာ သူက ရှေ့ကို လျှောက်လာသည်။ မိစ္ဆာတိုင်မှ မိစ္ဆာအသိက ယူချင်း၏ခန္ဓာကိုယ်ထံသို့ အဆက်မပြတ် စီးဆင်းလာနေကာ သူ့အား ကြီးစွာသောစွမ်းအားများကို ထောက်ပံ့ပေးနေသည်။ သူက မိစ္ဆာတိုင်အား ဘယ်လက်တွင် ကိုင်ထားသော အချိန်တွင် ညာလက်၌ မိစ္ဆာစွမ်းအင်များ စုစည်းလာပြီး ကောင်းကင် ပုဆိန်ရှည်တစ်ခု ဖြစ်ပေါ်လာသည်။

ဒုန်း….

ယူချင်းက မြေပြင်အား ပြင်းထန်စွာ ဆောင့်နင်းလျှင် ထိုနေရာက အမှန်တကယ် အက်ကွဲသွားသည်။ ထို့နောက် သူက ဖူယွန်ဓားကလန်မှ ဓားဝိဇ္ဇာထံသို့ လျှောက်သွားသည်။ ဓားဝိဇ္ဇာကား အလယ်အလတ်အဆင့် အကာနာတန်ခိုးရှင် ဖြစ်သော်လည်း ယူချင်း၏ လက်ရှိပုံစံအား ရင်ဆိုင်ရသောအခါ အမှန်တကယ် ကြောက်ရွံ့မှုကို ခံစားရသည်။ သူ၏နှလုံးသားက လျင်မြန်စွာ တုန်ခါကာ သူ့ရှေ့မှ လူက ရင်ဆိုင်၍ မရနိုင်သောသူဟု ခံစားရသည်။

ကော့တေးတွင် မည်သို့သော သတ္တဝါကောင်မျိုးကို ပိုင်ဆိုင်ထားသနည်း။

ရီဖူရှင်းက ချင်လီနှင့် အဆင့်မြင့် အကာနာတန်ခိုးရှင် နှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။ ယခု ယူချင်းက ထိုသို့သော ကြောက်မက်ဖွယ် ကောင်းသော ပုံစံမျိုးသို့ ပြောင်းလဲသွားသည်။ သူတို့က မည်သို့သော သူများ ဖြစ်ကြသနည်း။

ဓားသမားက ကြောက်ရွံ့သော်လည်း သူ၏အားကောင်းသော စိတ်အသိဖြင့် တည်ငြိမ်အောင် ထိန်းချုပ်ကာ သူ၏ဓားအား စတင်ဝှေ့ယမ်းသည်။ ဓားအလင်းက လွန်စွာ တောက်ပ လင်းလက်သော အရံအတား တစ်ခု ဖြစ်ပေါ်လာသည်။ ထိုအရာက သူ၏ဓားတောင်ကုန်းမှ အားကောင်းသော ဓားနည်းစနစ် တစ်ခုဖြစ်သည်။

ထောင်ပေါင်း များစွာသော ဓားအလင်းများက မရေမတွက်နိုင်သော ဓားပုံရိပ်များအဖြစ် ပြောင်းလဲသွားသည်။ ပုံရိပ်တစ်ခုစီက လွန်စွာ အားကောင်းသော တိုက်ခိုက်မှု စွမ်းအား ပါရှိသည်။

ဘုန်း…. မြေပြင်က တုန်ခါသွားကာ လေထဲတွင် နှင်းများ ပြင်းထန်စွာ လှုပ်ယမ်း သွားကြသည်။ ယူချင်းက ဖူယွန်တန်ခိုးရှင်ထံ ခုန်ဝင်သွားပြီး သူ၏ပုဆိန်ရှည်အား ဝှေ့ယမ်းသည်။ မိစ္ဆာစွမ်းအင်များက အမှန်တကယ် ထွက်ပေါ်လာကာ အရာအားလုံးကို ပျက်စီးစေသည်။ ပုဆိန်ရှည်ကာ ဓားအရံအတားအား ဖြတ်ကျော်ကာ အလင်းရောင်များအား နက်မှောင်သော စွမ်းအားများ ဖုံးလွှမ်းသွားသည်။

အား….

ကောင်းကင်မိစ္ဆာ ပုဆိန်ရှည်က ဓားအရံအတားအား ဖြတ်ကျော်ကာ ဓားဝိဇ္ဇာ၏ခန္ဓာကိုယ်ထဲကို စိုက်ဝင်သွားသည်။ ဓားဝိဇ္ဇာက ပြင်းထန်စွာ တုန်ခါသွားကာ သူ၏မျက်နှာက လျင်မြန်စွာ ပြာနှမ်းသွားပြီး ပါးစပ်မှ သွေးများ အဆက်မပြတ် အန်သည်။ သူ၏ မျက်လုံးထဲတွင် မဆုံးနိုင်သော နောင်တများ ဖြစ်ပေါ်လာသည်။ သူက အဘယ်ကြောင့် ကောင်းကင်တောင်ကို လာရောက်ခဲ့ရ သနည်း။ သူက ယူချင်းအား ပြိုင်ဘက်အဖြစ် အဘယ်ကြောင့် ရွေးချယ်ခဲ့ရသနည်း။

ဟူး…

ယူချင်းက ပုဆိန်ရှည်အား ဝှေ့ယမ်းကာ အသက်မဲ့နေသော ဓားဝိဇ္ဇာ၏ ခန္ဓာကိုယ်အား လွှင့်ပစ်လိုက်သည်။ ဖူယွန်ဓားကလန်၏ ဓားဝိဇ္ဇာက ဆိုးရွားစွာ သေဆုံးသွားကာ ပြန်လည် တိုက်ခိုက်နိုင်ခြင်း မရှိပေ။

ဖူယွန်ဓားကလန်မှ ဓားဝိဇ္ဇာနှစ်ယောက်၏ သေဆုံးခြင်းက လူတိုင်း၏ စိတ်နှလုံးအား ပြင်းထန်စွာ တုန်ခါစေသည်။ ဖူယွန်ဓားကလန်၏ ပါရမီရှင် လေးယောက်က ဤနေရာကို ရောက်ရှိလာခဲ့ကာ ယခု နှစ်ယောက်မှာ သေဆုံးသွားပြီ ဖြစ်သည်။

“သူက မိစ္ဆာပူးကပ်နေပြီ….” တစ်ယောက်က ယူချင်း၏ မျက်လုံးများကို ကြည့်ကာ မှတ်ချက်ချသည်။ သူ၏ မျက်လုံးများက နီရဲနေကာ သူ့ထံတွင် လူသတ်လိုသော အငွေ့အသက်များသာ ရှိနေ၏။

ဤနေရာတွင် မူလကတည်းက မကောင်းဆိုးဝါး အငွေ့အသက်များ ပြင်းထန်စွာ တည်ရှိနေသည်။ ယူချင်း ထုတ်လွှတ်လိုက်သော မိစ္ဆာအသိက ဤနေရာမှ မကောင်းဆိုးဝါး အငွေ့အသက်များနှင့် အမှန်တကယ် လိုက်လျောညီထွေ ရှိနေသည်။

ဒုန်း…

ယူချင်းက သူ၏ခြေကို မြှောက်ပြီး တိုက်ပွဲထံသို့ တစ်လှမ်းချင်း လှမ်းလာသည်။ သူ၏ခန္ဓာကိုယ်က လွန်စွာ ကြီးမားပြီး နတ်ဆိုး တစ်ကောင်အလား ပြောင်းလဲနေပြီ ဖြစ်သည်။

နတ်ဆိုးစွမ်းအင် အားလှိုင်းတစ်ခုက ကြိုးတစ်ပင်အလား ကွေးကောက်လျက် ဓားသခင်တောင်မှ တန်ခိုးရှင်နှင့် တိုက်ခိုက်နေသော ဓားဝိဇ္ဇာထံကို တိုးဝင်သွားသည်။ ထိုဓားဝိဇ္ဇာက အန္တရာယ်ကို ခံစားမိကာ နောက်ဆုတ်ရန် ကြိုးစားသော်လည်း ဓားသခင်တောင်မှ လူငယ်၏ တားဆီးခြင်းကို ခံရသည်။ နတ်ဆိုးစွမ်းအင်က ရောက်ရှိလာကာ သူ၏ပတ်ဝန်းကျင်မှ ပြေးလမ်းများ အားလုံးကို လှည့်ပတ် ပိတ်ဆို့လျက် သူ့ထံ ဆင်းသက်လာသည်။ ဓားဝိဇ္ဇာက သူ၏ဓားကို အဆက်မပြတ် ဝှေ့ယမ်းလျှင် ချက်ချင်းပင် သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံထားသော ဓားအလင်းတန်းများ ထွက်ပေါ်လာသည်။ ဓားအလင်းနှင့် နတ်ဆိုးစွမ်းအင်တို့ ရင်ဆိုင်မိလျှင် ဓားအရံအတားက ပျက်စီးသွားသလို နတ်ဆိုး အားလှိုင်းကလည်း ဖြတ်တောက်ခြင်း ခံရသည်။ ယူချင်းက အားကောင်းသော နတ်ဆိုးပုံစံအဖြစ် ပြောင်းလဲ သွားသော်လည်း မည်သို့ဆိုစေ သူ၏တန်ခိုးအဆင့်က ရီဖူရှင်းနှင့် အတူတူသာ ဖြစ်ကာ လွန်စွာ နိမ့်နေသေးသည်။ ထို့ကြောင့် သူ့တိုက်ခိုက်မှုအား အလယ်အလတ် အကာနာအဆင့်က ခုခံတိုက်ခိုက် နိုင်သေးသည်။

မည်သို့ဆိုစေ လက်ရှိတွင် ယူချင်း၏ပုံစံက လွန်စွာ ကြောက်မက်ဖွယ် ကောင်းနေသည်။ သူ၏စွမ်းအားက လူများ ထင်မှတ်ထားသလို အားကောင်းခြင်း မရှိသည့်တိုင် သူ့ထံမှ ထွက်ပေါ်လာသော ဖိအားများက လွန်စွာ ပြင်းထန်သည်။ နိုဘယ်တစ်ယောက်က ဤနေရာတွင် ရှိနေလျှင်ပင် သူက ယူချင်းလောက် ကြောက်မက်ဖွယ် ကောင်းမည် မဟုတ်ပေ။

ဖူယွန်ဓားကလန်မှ ဓားဝိဇ္ဇာက ဓားကို ချလိုက်သော အချိန်တွင်ပင် ယူချင်းက သူ၏ပုဆိန်ရှည်ဖြင့် လှမ်းပစ်လိုက်သည်။ ဓားဝိဇ္ဇာက ရှောင်ရန် အချိန်မရတော့ပေ။ အဆုံးစွန်သော အားအင်၏ အောက်တွင် ပုဆိန်ရှည်ကာ သူ၏ခန္ဓာကိုယ်အား ထွင်းဖောက် သွား၏။

“ဟာ….” လူတိုင်း၏ ထိတ်လန့်မှုက ပြောဖွယ်ရာပင် မရှိတော့ပေ။

“ချင်းချင်း..” ချိန်ရှင်းမူက ဟွာချင်းချင်းအား ကြည့်သည်။ ယူချင်းအား မကောင်းဆိုးဝါးက ပူးကပ်နေကာ လူသတ်စက်အဖြစ် ပြောင်းလဲနေပြီ ဖြစ်သည်။ သူက ဆက်လက် တိုက်ခိုက်ပါက ဤနေရာမှ လူတိုင်းက သတ်ဖြတ်ခံရမည်မှာ သေချာသလောက် ရှိနေသည်။ မှန်သည်.. သူက တစ်ယောက်တည်း မလုပ်နိုင်သော်လည်း ကျောင်းတော်နှင့် ဓားသခင်တောင်မှ လူများ၏ အကူအညီဖြင့် သူတို့ဘက်က ဆိုးရွားစွာ ရှုံးနိမ့်ရတော့မည်မှာ သေချာနေသည်။

သို့သော် သူက ဟွာချင်းချင်း၏ စွမ်းရည်များကို သိသည်။ သူမ၏ ဂီတသံကသာလျှင် လက်ရှိယူချင်း၏ မကောင်းဆိုးဝါးစိတ်ကို ထိန်းချုပ်နိုင်သည်။

ဟွာချင်းချင်းက ယူချင်းအား ကြည့်သည်။ သူမက ရှေ့ကို တက်လျှင် ကိုယ်ရောင်ကိုယ်ဝါများ တောက်ပ လင်းလက်လာသည်။ သူက လေပေါ်တွင်ပင် ထိုင်ကာ သူမ၏ ဓမ္မဖြစ်သော သရဖူအား ထုတ်လွှတ်လိုက်သည်။ သရဖူကို ဆောင်းထားသော သူမက အမှန်တကယ်ပင် မြင့်မြတ်သော နတ်သမီးတစ်ပါးနှင့် တူသည်။

မြင့်မြတ်သော အရောင်အဝါများက ယူချင်းထံ ဖြန်းပက်လာသည်။ ထို့နောက် သူမက ကု့ချင်းအား စတင်တီးခတ်သည်။ ချက်ချင်းပင် ယူချင်း၏ခန္ဓာကိုယ်မှ မကောင်းဆိုးဝါး အငွေ့အသက်များက ယုတ်လျော့လာသည်ကို တွေ့ရသည်။

“မြင့်မြတ်သံစဉ်…” ရီဖူရှင်းက ခေါင်းမော့ကာ ဟွာချင်းချင်းအား ကြည့်သည်။ ထိုအခိုက်တွင် သူမက သန့်စင်သော နတ်သမီးတစ်ပါးနှင့် တူသည်။ သူမထံမှ သံစဉ် ထွက်ပေါ်လာလျှင်ပင် ဟွာချင်းချင်းက မြင့်မြတ်သံစဉ်အား တီးခတ်ရန် အမှန်တကယ် သင့်တော်သောသူ ဖြစ်သည်ကို ရီဖူရှင်း သိလိုက်သည်။ သူမက ထိုသံစဉ်ကို တီးခတ်လျက် သံစဉ်ထဲတွင် အမှန်တကယ် စစ်မှန်သော မြင့်မြတ်မှုကို ခံစားရသည်။ ဂီတနှင့် အနုပညာရသက ပြီးပြည့်စုံစွာ ကိုက်ညီနေသည်။

ကောင်းကင်တွင် ဂီတသံစဉ်များ ဖုံးလွှမ်းသွားသည်။ လူအများအပြားက ဟွာချင်းချင်းအား ကြည့်ကြသည်။ သူမက ကု့ချင်းအား တီးခတ်လျှင် နတ်သမီးတစ်ပါးနှင့် တူကာ မည်သူကမှ သူမအား မကောင်းသော စိတ်အတွေးအကြံများ မထားလိုကြပေ။ လုနန်ထျန်းက သူမအား လွန်စွာ ချစ်မြတ်နိုးသည်မှာ မထူးဆန်းတော့ပေ။

ထိုအခိုက်တွင် ဟွာချင်းချင်းက တိုက်ပွဲတွင် တစ်ခါမှ ဝင်ပါခြင်း မရှိသေးသည်ကို လူတိုင်းက သိလိုက်သည်။ သူမ၏ စိတ်က ဖြူစင်ကာ တိုက်ပွဲတွင် ဝင်ပါလိုခြင်း မရှိခဲ့ပေ။ သို့သော် အခြေအနေက တွန်းပို့လာသောအခါ သူမက တိုက်ခိုက်ရတော့သည်။

တစ်ခါတလေ လူတစ်ယောက်အား ကောင်းသည် ဆိုးသည် ဝေဖန်ရန် ခက်ခဲပေသည်။ သူတို့၏ ရပ်တည်မှုက မွေးကတည်းက ဆုံးဖြတ်ပြီးသား ဖြစ်သည်။ ရီဖူရှင်းက ချူယောင်ယောင်အား မသတ်ခဲ့ခြင်းမှာ သူမက သူ့အား သဘောကျသည်ဟု ဝန်ခံခဲ့ခြင်းကြောင့် မဟုတ်ပေ။ သူက သူမအားသတ်ရန် အကြောင်းပြချက် မရှိသောကြောင့် ဖြစ်သည်။ သူ၏ လျှို့ဝှက်ချက်ကို သိသွားသည်မှအပ သူမက သူ့အား သတ်ရန် တစ်ခါမှ မကြိုးစားခဲ့ဖူးပေ။ သူမက ချင်လီနှင့်မတူပေ။ ချင်လီက သူ့အား သတ်ရန်သာ ကြိုးစားသည် မဟုတ်ဘဲ အမှန်တကယ် အားဖြင့်လည်း မကောင်းသည့်လူ ဖြစ်သည်။

ယူချင်းက ဟွာချင်းချင်းအား ကြည့်ကာ ဒေါသတကြီး အော်ဟစ်ကာ သူမထံကို လျှောက်သွားသည်။ သို့သော်လည်း ဟွာချင်းချင်း၏ ဂီတသံစဉ်က လွန်စွာ လင်းလက်သော ရောင်ခြည်များအဖြစ် ပြောင်းလဲသွားကာ ယူချင်း၏ခန္ဓာကိုယ်မှ မိစ္ဆာ အငွေ့အသက်များအား ဖိနှိပ်သည်။ ယူချင်း၏နားထဲကို ဝင်လာသော သံစဉ်က သူ့အား လွန်စွာ မသက်မသာ ခံစားရစေသည်။ မည်သို့ဆိုစေ ယူချင်း၏အဆင့်ကား ဟွာချင်းချင်းထက် လွန်စွာ နိမ့်ကျပေသည်။ ဟွာချင်းချင်းက အလယ်အလတ်အဆင့် အကာနာ တန်ခိုးရှင်ဖြစ်ပြီး သူမ၏ဂီတကလည်း မကောင်းဆိုးဝါးများကို ဖိနှိပ်နိုင်စွမ်း ရှိသည်။

ချင်မုံရိုက ရီဖူရှင်းနှင့် ရီဝူချင်းအား ကြည့်ကာ ပြောသည်…“သူတို့နှစ်ယောက်ကို အရင်သတ်…”

ယူချင်းက နောက်လှည့်ကာ ချင်မုံရိုအား အေးစက်စွာ ကြည့်သည်။ ချက်ချင်းပင် သူက မြေပြင်အား ဆောင့်နင်းလျက် ချင်မုံရိုထံသို့ တစ်ဟုန်ထိုး ပြေးသွားသည်။ သူ၏မျက်လုံးများမှ မိစ္ဆာအငွေ့အသက်များက မူလကလို ပြင်းထန်စွာ ထွက်ပေါ်လာပြန်၏။

***

Comment

Leave a Reply

Options

not work with dark mode
Reset